← Chapters

စီနီယာ... ထိုက်ရွှီဂိုဏ်းက မရှိတော့ဘူး

Vol. 14 Ch. 140

စီနီယာ... ထိုက်ရွှီဂိုဏ်းက မရှိတော့ဘူး

Vol. 14 Ch. 140

“ အရသာရှိတဲ့ အနံ့ ဟုတ်လား “

နန်ကုန်းယွီက ဝမ်ပေါင်လဲ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူမ လေကို ရှူရှိုက်ကြည့်လိုက်သော်လည်း မည်သည့်အနံ့မျှ မရပေ။

သူမ၏ ချစ်စရာကောင်းသော အမူအရာကို မြင်သောအခါ ဝမ်ပေါင်လဲ့ပြုံးပြီး ပြောလိုက်သည်။ “ ကျွန်တော့်နောက်သာ လိုက်ခဲ့ပါ။ ခင်ဗျား စိတ်မပျက်စေရဘူးလို့ ကတိပေးတယ် “

“ ကောင်းပြီလေ “

နန်ကုန်းယွီ ခေါင်းအသာညိတ်လိုက်သည်။

သူတို့နှစ်ဦး အတူတကွ ဧရာမ ချောက်ကမ်းပါး အက်ကွဲကြောင်းကြီးထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။

အစပိုင်းတွင် လမ်းက ကျဉ်းမြောင်းသည်။ ဆယ့်ငါးမိနစ်ခန့် ပျံသန်းပြီးနောက် တောင်ကြီး၏ အတွင်း၌ အသစ်ဖြစ်တည်နေသော ကမ္ဘာငယ်လေးတစ်ခုကို မြင်လိုက်ရသည်။ အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်မှာ အပြင်ဘက်ထက်ပင် ပိုမို သိပ်သည်းနေကြောင်း တွေ့လိုက်သည်။

‘ ခုနက သခင်လေးဝမ်ရဲ့ ဓားက ရတနာတစ်ရာ တောင်တန်းရဲ့ စိတ်ဝိညာဉ်သွေးကြောကို ထိသွားတာများလား ‘ သူမ တွေးမိလိုက်သည်။

ထိုစဉ် သူမရှေ့တွင် အလင်းစက်များကို မြင်လိုက်ရသည်။

သူတို့က အလင်းရောင်များဆီသို့ ပျံသန်းသွားရာ ကျောက်နံရံများပေါ်တွင် ကြယ်ရောင်များ တောက်ပနေသည့် မှိုများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

သို့သော် ဤမှိုများထဲမှ တစ်ခုမျှ စားလို့မရပေ။ သို့ဖြစ်၍ သူတို့မှိုများကို မခူးတော့ဘဲ ဆက်လက် စူးစမ်းရန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

အရသာရှိသည့်အနံ့ကို သိလိုသဖြင့် နန်ကုန်းယွီသည် ဝမ်ပေါင်လဲ့၏ အနီးတွင် ကပ်နေသည်။

အမှောင်ထုထဲတွင် ဘယ်လောက်ကြာကြာ လျှောက်လာခဲ့မိမှန်း မသိနိုင်တော့ချိန်မှာ ရုတ်တရက် ရေစီးသံကို ကြားလိုက်ရသည်။

၎င်းက မြေအောက်မြစ် တစ်စင်း ဖြစ်သည်။ နန်ကုန်းယွီငုံ့ကာ ရေအချို့ကို ခပ်ယူလိုက်ချိန် ၎င်းတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေကြောင်း တွေ့လိုက်သည်။

“ ဒါက စိတ်ဝိညာဉ်မြစ် တစ်စင်းပဲ။ တောင်ရဲ့ အတွင်းထဲမှာ စိတ်ဝိညာဉ် စမ်းချောင်းတစ်ခု ရှိပုံရတယ် “

ဝမ်ပေါင်လဲ့၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ အကယ်၍ ထို စိတ်ဝိညာဉ် စမ်းရေကို သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ယူသွားနိုင်ပါက သူ နေ့တိုင်း စိတ်ဝိညာဉ်ရေကို သောက်ရလိမ့်ပေမည်။

ထိုအတွေးနှင့်အတူ သူက လက်ခုပ်ဖြင့် ခပ်ကာ တစ်ငုံ သောက်လိုက်သည်။ “ အာ... လန်းဆန်းသွားတာပဲ။ ဒီစမ်းရေထဲမှာ ငါးတွေများ ရှိလား မသိဘူး “

နန်ကုန်းယွီက ပြောလိုက်သည်။ “ စစ်ဆေးဖို့ နတ်ဘုရား အာရုံတွေကို သုံးလို့ ရတယ်လေ “

သူတို့နှစ်ဦးသည် မြစ်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ မကြာမီမှာပင် လက်ဖဝါး အရွယ်အစားရှိပြီး နဂါးပုံစံအမြီးများရှိသည့် ထွင်းဖောက်မြင်နေရသော ငါးများ မြစ်ထဲတွင် ကူးခတ်နေသည်ကို တွေ့လိုက်ကြသည်။

“ အရင်ဆုံး ငါး နည်းနည်းလောက် ဖမ်းစားကြတာပေါ့ “

ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားစွာဖြင့် သူ၏အင်္ကျီလက်ကို ခေါက်တင်ပြီး ငါးဖမ်းလိုက်သည်။

ငါးများသည် ဤ မှောင်မိုက်သည့် မြစ်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသည့်အတွက် အန္တရာယ်ကို အာရုံခံနိုင်စွမ်း လုံးဝ မရှိပေ။

သူ့ဓားမဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် ဝမ်ပေါင်လဲ့က ငါးတစ်ကောင်ကို ထိုးဖောက်မိသွားသည်။ အခြားငါးများမှာ အဖက်ပင်မလုပ်ချေ။

ဤအရာက သူ့ကို အလွန် ဝမ်းသာသွားစေသည်။ သူ၏ ဓားပေါ်မှ ငါးကို ဖယ်ရှားပြီးနောက် နဂါးအမြီး ငါးများ ထိတ်လန့်တကြား ထွက်မပြေးမီ နောက်ထပ် နှစ်ကောင်ကို ထပ်ဖမ်းလိုက်သည်။

သို့သော် ဝမ်ပေါင်လဲ့က စိတ်မပျက်သွားပေ။ သူက ချက်ချင်းပင် စတင် ချက်ပြုတ်တော့သည်။

မကြာမီ လိုဏ်ဂူထဲတွင် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော မွှေးပျံ့သည့် အနံ့တစ်ခု ပြည့်နှက်သွားသည်။

နန်ကုန်းယွီသည် ယခင်က အရသာရှိသော အစားအစာများစွာကို မြည်းစမ်းခဲ့ဖူးသော်လည်း ဤရနံ့က သူမကို သတိမထားမိဘဲ တံတွေးမျိုချမိသွားစေည်။

ဂလု

အသံက မကျယ်လောင်သော်လည်း တိတ်ဆိတ်နေသော လိုဏ်ဂူထဲတွင်တော့ ကျယ်လောင်လှသည်။

နန်ကုန်းယွီ၏ ပါးပြင်များ ချက်ချင်း နီရဲသွားသည်။ သူမက အလုပ်ရှုပ်နေသော ဝမ်ပေါင်လဲ့ကို ခိုးကြည့်လိုက်ပြီး သူ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ လျှို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။

“ စားရမဲ့ အချိန်ရောက်ပြီ “

ဝမ်ပေါင်လဲ့သည် ငါးသုံးကောင်လုံးကို ချက်လိုက်သည်။ တစ်ကောင်ကို ဟင်းချိုချက်၊ တစ်ကောင်ကို ကင်၊ နောက်တစ်ကောင်ကို ပေါင်းလိုက်သည်။ နည်းလမ်း မျိုးစုံကို အသုံးပြုထားပါ၏။

“ အင်း... ကျေးဇူးတင်ပါတယ် သခင်လေးဝမ် “ နန်ကုန်းယွီက တူများကို ကိုင်လိုက်၏။ သူမ၏ ပါးပြင်များက စိတ်လှုပ်ရှားမှုကြောင့်လား၊ ရှက်ရွံ့မှုကြောင့်လား မသေချာဘဲ နီမြန်းနေသည်။

နာရီဝက် ကြာပြီးနောက် သူတို့နှစ်ဦး ငါးသုံးကောင်လုံးကို စားသောက်ပြီးစီးသွားကာ တင်းတိမ်သွားကြသည်။

ထောင်ထျဲခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့ပင် နှစ်ကောင်ကိုသာ ကုန်အောင် စားနိုင်သည်။

“ ဒီငါးတွေထဲက စိတ်ဝိညာဉ်စွမ်းအင်က မယုံနိုင်စရာပဲ။ ခဏလောက် ကျင့်ကြံလိုက်ကြရအောင်။အေ့ “

ဝမ်ပေါင်လဲ့က စကားပြောနေရင်း ကျေနပ်စွာဖြင့် လေတက်လိုက်မိသည်။

“ ဟီးဟီး... “

နန်ကုန်းယွီက ရယ်မောလိုက်ပြီး တစ်ဝက်အရောက်တွင် သူမလည်း လေတက်လိုက်မိသည်။ “ ဟစ် “

“ ဟားဟားဟား... “

ဝမ်ပေါင်လဲ့ နောက်ဆုံးတွင် အသံထွက် ရယ်မောလိုက်ပြီး ကျင့်ကြံရန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူ ကျင့်ကြံပြီးနောက် အဆင့်ငယ် တစ်ဆင့် တိုးတက်သွားကြောင်း တွေ့လိုက်သည်။ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ နန်ကုန်းယွီသည်လည်း အဆင့်တက်သွားသည်။

သူမ အသက်ရှူနှုန်းကို တည်ငြိမ်အောင် လုပ်ပြီး ပြောလိုက်သည်။ “ ဒီ စိတ်ဝိညာဉ်မြစ်ထဲက ငါးတွေက အံ့ဩစရာပဲနော်။ ကျွန်မတို့ အကြီးအကဲတွေကို ဂါရဝပြုဖို့ အကောင်နည်းနည်းလောက် ပြန်ယူသွားရင်ရော “

ဝမ်ပေါင်လဲ့ ခေါင်းညိတ်လိုက်သည်။ “ ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာ “

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦး ငါးဖမ်းကြသည်။ တစ်နာရီ ကြာပြီးနောက် သူတို့ တစ်ယောက်ကို ငါးတစ်ဒါဇင်ကျော် ဖမ်းမိသွားကြပြီး အတွင်းပိုင်းသို့ ဆက်ဝင်ရောက်သွားကြသည်။

သူတို့ အထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်တွင် တောက်ပနေသော မှိုများ ပိုများလာသည်။ မူလက ကျောက်နံရံများပေါ်တွင် ပြန့်ကျဲနေသော ကြယ်ရောင် အစက်အပြောက်များမှာ ယခုအခါ ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ကြီးနှင့် တူနေပြီ ဖြစ်သည်။

မှောင်မိုက်နေသော လိုဏ်ဂူသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်။

ရုတ်တရက် ဝမ်ပေါင်လဲ့သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့သို့ တည့်တည့် စူးစိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။

သူ၏ဘေးတွင် နန်ကုန်းယွီသည်လည်း နေရာမှာပင် အေးခဲသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။

သူတို့၏ အရှေ့ရှိ လိုဏ်ဂူထဲမှ ကျောက်တုံးပုံကြီး ကြားတွင် တွယ်ကပ်နေသော မီတာများစွာ မြင့်သည့် အသားမှိုကြီး တစ်ခု ရှိနေသည်။ ၎င်းတွင် ခေါင်းရော အမြီးရော ပါရှိပြီး ၎င်းမှာ အနီရောင်တောက်တောက်ကြီး ဖြစ်သည်။

၎င်း၏ဘေးတွင် မီတာအနည်းငယ် မြင့်ပြီး အဖြူ၊ အနက်၊ အစိမ်းနှင့် အဝါရောင်ရှိသည့် အကောင် အနည်းငယ်လည်း ရှိနေသည်။

“ အဲဒါက... အဲဒါက မဟာ ထိုက်ဆွေ့ ကြီးပဲ “ နန်ကုန်းယွီက အလိုလို အော်ဟစ်လိုက်မိသည်။

ဝမ်ပေါင်လဲ့ မေးရန် ပြင်လိုက်စဉ်မှာပင် အနီရောင် ထိုက်ဆွေ့က ရုတ်တရက် စကားပြောလာသည်။ “ မင်းတို့ နှစ်ယောက်က ဒီတစ်ကြိမ် စမ်းသပ်မှုမှာ ပါဝင်မဲ့သူတွေလား “

၎င်း ပါးစပ်ဟလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းအရှိန်အဝါတစ်ခု ဖြာထွက်လာပြီး ဝမ်ပေါင်လဲ့နှင့် နန်ကုန်းယွီတို့ကို တောင့်တင်းသွားစေသည်။

ဝမ်ပေါင်လဲ့က သူ၏ သတ္တိများကို စုစည်းကာ ပြောလိုက်သည်။ “ ဟုတ်ပါတယ်၊ ကျွန်တော်တို့က ဒီအကြိမ် စမ်းသပ်မှုမှာ ပါဝင်မဲ့သူတွေပါ “

“ မင်းတို့ ထိုက်ရွှီဂိုဏ်းက လူတွေက တကယ့်ကို တစ်ခုခုပဲ။ စမ်းသပ်မှု ခံယူဖို့ နှစ်တစ်သောင်းကို တစ်ယောက် လွှတ်ပေးမယ်လို့ ကတိပေးထားပြီးသား။ အခု ဘယ်လောက်တောင် ကြာသွားပြီလဲ။ တကယ်လို့ မင်းတို့ မြန်မြန် မလာရင် ငါ့ရဲ့ တပည့်တွေနဲ့ မျိုးဆက်တွေက ငါ့ရဲ့ အသိုက်တစ်ခုလုံးကို နေရာယူတော့မှာ “ အနီရောင် ထိုက်ဆွေ့ က ညည်းညူလိုက်သည်။

‘ စီနီယာ... ထိုက်ရွှီဂိုဏ်းက မရှိတော့တာ ကြာပြီ ‘ ဝမ်ပေါင်လဲ့က ထုတ်ပြောချင်သွားသည်။

သို့သော် အရသာရှိပုံရသော ထိုက်ဆွေ့ အတွက် သူက ထိုအတွေးကို မြိုသိပ်ထားလိုက်သည်။

“ ဒါဆိုလည်း စမ်းသပ်မှုကို စလိုက်ကြတာပေါ့ “ အနီရောင် ထိုက်ဆွေ့က အနည်းငယ် စိတ်မရှည်စွာ ပြောလိုက်သည်။

ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်သွားသည်။ “ စီနီယာ... စမ်းသပ်မှုရဲ့ အဆင့်တွေက ဘာတွေများလဲ “

အနီရောင်ထိုက်ဆွေ့က နှာမှုတ်လိုက်သည်။ “ ဟမ့်.. ထိုက်ရွှီဂိုဏ်းက တခြားသူတွေကို အနိုင်ကျင့်လွန်းတယ်။ သူတို့က ဒီ ထိုက်ဆွေ့အိုကြီးကို အလေးအနက် မထားတော့တာ ထင်ရှားနေတာပဲ “

နန်ကုန်းယွီက အလျင်အမြန် ဝင်ပြောလိုက်သည်။ “ ကျွန်မရဲ့ ဂျူနီယာအတွက် ခွင့်လွှတ်ပေးပါ စီနီယာ။ သေချာ မရှင်းပြခဲ့တာက ကျွန်မတို့ အမှားပါ။ ကျွန်မတို့ ဆရာက ထိုက်ရွှီဂိုဏ်းအနေနဲ့ ဒီလောက် နှစ်တွေ အများကြီး မလာခဲ့တဲ့အတွက် အရမ်းကို နောင်တရမိတယ်လို့ ပြောပြီး သူ့ရဲ့ တောင်းပန်စကားကို တစ်ဆင့် ပြောပြခိုင်းလိုက်ပါတယ်။ အဲဒါကြောင့် ဒီစမ်းသပ်မှုကို စီနီယာ့ရဲ့ သဘောအတိုင်း အပြည့်အဝ ဆုံးဖြတ်ခိုင်းလိုက်ပါတယ် “

အနီရောင်ထိုက်ဆွေ့က ထပ်မံ နှာမှုတ်လိုက်သော်လည်း ကျေနပ်သွားပုံရသည်။ “ ဟွန့်... အနည်းဆုံးတော့ မင်းတို့ရဲ့ ထိုက်ရွှီဂိုဏ်းမှာ အသိဉာဏ် တချို့ ရှိနေသေးတာပဲ။ မင်းတို့က ထိုက်ဆွေ့ အသားကို စားဖို့ အရမ်း ဝါသနာပါမှတော့ ဒီတစ်ကြိမ် စမ်းသပ်မှုက အဲဒါကို စားရမှာပဲ။ မင်းတို့ ထိုက်ဆွေ့အသား ဘယ်လောက် စားနိုင်လဲ ဆိုတဲ့အပေါ် မူတည်ပြီး အဲဒီ အရွယ်အစားရှိတဲ့ ထိုက်ဆွေ့ ကို မင်းတို့နဲ့အတူ ယူသွားခွင့် ပြုမယ် “

“ ကျေးဇူးတင်ပါတယ် စီနီယာ “

“ တကယ်ကို ကောင်းတဲ့ အပေးအယူပဲ “

နန်ကုန်းယွီနှင့် ဝမ်ပေါင်လဲ့တို့ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ သူတို့၏ စကားလုံးများက ကွဲပြားသော်လည်း လေသံမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အနီရောင်ထိုက်ဆွေ့က အေးစက်စွာ ပြောလိုက်သည်။ “ အရမ်းစောပြီး အောင်ပွဲ မခံကြနဲ့ဦး။ ဒီတစ်ကြိမ် မင်းတို့မှာ အချိန် တစ်ရက်ရမယ် “

သူတို့နှစ်ဦး ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်ကြသည်။ “ ကျွန်တော်တို့ စမ်းသပ်မှုကို ခံယူဖို့ ဆန္ဒရှိပါတယ် “

“ စလိုက်တော့ “

အနီရောင်ထိုက်ဆွေ့၏ လွှမ်းမိုးနိုင်သော အရှိန်အဝါ အားပျော့သွားသည့်အခါ နန်ကုန်းယွီက ဝမ်ပေါင်လဲ့ထံသို့ စောင်းငဲ့ကာ တီးတိုး ပြောလိုက်သည်။

“ ကျွန်မတို့ အကောင်သေးတွေကို အရင်ပစ်မှတ်ထားရ‌ အောင်။ သူတို့က သက်တမ်းနုတော့ စိတ်ဝိညာဉ်စွမ်းအင် ပိုနည်းတယ်လေ၊ ဒါကြောင့် ကျွန်မတို့ ပိုစားနိုင်လောက်တယ် “

ဝမ်ပေါင်လဲ့ ခေါင်းအသာညိတ်လိုက်သည်။ “ အကြံကောင်းပဲ။ စလိုက်ကြရအောင် “

“ ဟုတ်ပြီ “

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦး လိုဏ်ဂူထဲတွင် ပစ်မှတ်ကို စတင် ရှာဖွေကြတော့သည်။

All Chapters