← Chapters

အခန်း (၄၅၃-၄၅၄)

Vol. 46 Ch. 453-454

အခန်း (၄၅၃-၄၅၄)

Vol. 46 Ch. 453-454

အခန်း (၄၅၃) ကစားခံနေရခြင်း

​လုံချန်းသည် ရွှေနိုင်ငံဆီသို့ ပျံသန်းနေဆဲဖြစ်သည်။ သူသည် မြွေဘုရင်၏ ကျောပေါ်တွင် ထိုင်နေရင်း ဂဏာမငြိမ်ဖြစ်နေသည်။

​မြွေဘုရင်၏ အရှိန်မှာ လုံချန်း တစ်ခါမျှ မမြင်ဖူးလောက်အောင် မြန်သော်လည်း သူသည် ကောင်းကင် အဆင့် မိုးပျံ သားရဲများကို တစ်ခါမျှ မစီးဖူးသဖြင့် အခြားသားရဲများနှင့် ယှဉ်လျှင် မည်မျှမြန်သည်ကိုမူ သူ မဝေခွဲတတ်ပေ။

​"သခင့်ရဲ့ မိသားစုက အန္တရာယ်ရှိနေတာလား" အတန်ကြာမှ ရှားက မေးလိုက်သည်။ သူမသည် လုံချန်းနှင့် မြွေဘုရင်တို့ ပြောဆိုနေသည်ကို ကြားကတည်းက သိချင်နေခြင်းဖြစ်သည်။

​"ဟုတ်တယ်... လူယုတ်မာတချို့က ငါ့မိသားစုကို ပစ်မှတ်ထားနေကြတာ။ သူတို့က သေချင်နေကြပုံပဲ" လုံချန်းက လက်သီးကို တင်းတင်းဆုပ်ရင်း ပြောလိုက်သည်။ "ငါ့မိသားစုကို သူတို့ လက်ဖျားနဲ့တောင် မထိနိုင်ခင်မှာပဲ သူတို့ရဲ့ ဆန္ဒအတိုင်း သေခြင်းတရားကို ငါ လက်ဆောင်ပေးလိုက်မယ်"

​"ရှားက သခင့်ကို ကူညီပါ့မယ်။ သခင့်ရဲ့ မိသားစုက ရှားရဲ့ မိသားစုပါပဲ။ မိသားစုကို ရန်မူချင်တဲ့သူမှန်သမျှကို သတ်ဖို့ ရှား ကူညီပါ့မယ်" ရှားက ပြတ်ပြတ်သားသား ဆိုသည်။

​"နင် အခွင့်အရေး ရမှာပါ။ ငါ့မိသားစုကို ထိပါးဖို့ ကြံစည်ရုံနဲ့တင် ဒီမြေပြင်တစ်ပြင်လုံး သူတို့ရဲ့ သွေးတွေနဲ့ ဖုံးလွှမ်းသွားရမယ်။ တစ်ယောက်မှ အလောင်းတောင် ကောင်းကောင်းကျန်မှာ မဟုတ်ဘူး။ မြေမြုပ်ပေးမယ့်သူတောင် မရှိဘဲ ပုပ်သိုးသွားစေရမယ်" လုံချန်းက ကြုံးဝါးလိုက်သည်။

​ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသော ရွှင်းကတော့ လုံချန်း၏ စိုးရိမ်မှုကို နားလည်သော်လည်း သူသည် ဒေါသကြောင့် လုံးဝ စိတ်မလွတ်သေးသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာ ရနေသည်။ 'သူက တကယ့် လူစွမ်းကောင်းတစ်ယောက် ဖြစ်လာချင်ရင်တော့ ဒီလို သာမန် စိတ်ခံစားမှုတွေကို ကျော်လွှားနိုင်ဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ အခုကတော့ သူ့မိသားစုကို ကယ်တင်နိုင်ဖို့က ပိုအရေးကြီးတယ်' ရွှင်းက တွေးနေသည်။

​မြွေဘုရင်သည် အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးနေသဖြင့် သူတို့နှင့် ရန်သူများကြား အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာသည်။

​"ဒီအရှိန်နဲ့ဆိုရင် ရွှေနိုင်ငံကို ရောက်ဖို့ နောက်ထပ် နှစ်ရက်လောက် လိုဦးမယ်" လုံချန်းက အောက်ဘက် မြေပြင်ကို ကြည့်ရင်း ရေရွတ်သည်။ သူသည် တစ်နေ့တစ်ကြိမ် သုံးနိုင်သော ဟင်းလင်းပြင် ဖြတ်သန်းခြင်း ပညာရပ်ကို သုံးနိုင်သော်လည်း ၎င်းမှာ သူရောက်ဖူးသော နေရာကိုသာ သွား၍ရခြင်းဖြစ်သည်။ ထိုလမ်းကြောင်းမှာ သူသွားမည့် အမြန်ဆုံးလမ်းကြောင်းပေါ်တွင် မရှိသဖြင့် မြွေဘုရင်နှင့် သွားခြင်းက ပို၍ ထိရောက်မည်ဟု သူ ဆုံးဖြတ်ထားသည်။

​နောက်ထပ် တစ်ရက် ကုန်လွန်သွားသည်။ လုံချန်းမှာ မျက်စိမမှိတ်ဘဲ ရှေ့ကိုသာ စောင့်ကြည့်နေသည်။ ထိုစဉ်မှာပင် သူသည် ရှေ့၌ မိုးပျံ သားရဲ ၃ ကောင်ကို မြင်လိုက်ရသည်။

​"မင်ယု၊ ကျိချင်း နဲ့ ကျိရှန်းလား"

​သူသည် မိန်းကလေးများကို မှီသွားပြီဖြစ်သော်လည်း ဂိုဏ်းပေါင်းစုံမှ အကြီးအကဲများမှာမူ သူတို့ထက် အနည်းဆုံး ၆ နာရီမှ ၁၂ နာရီခန့် ရှေ့သို့ ရောက်နှင့်နေပြီဖြစ်သည်။

​"မင်ယု၊ ကျိချင်း" လုံချန်းက လှမ်းအော်လိုက်သည်။

​မြွေဘုရင်၏ အရှိန်ကြောင့် သူတို့အနားသို့ ချက်ချင်း ရောက်သွားသည်။ မင်ယုတို့အဖွဲ့မှာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လုံချန်းကို မြင်ရသဖြင့် အံ့သြဝမ်းသာသွားကြသည်။

​"ဒီဘက်ကို ခုန်တက်ခဲ့ကြ" လုံချန်းက ပြောလိုက်သည်။

​ကျိရှန်း၊ မင်ယု နှင့် ကျိချင်း တို့သည် မြွေဘုရင်ပေါ်သို့ ခုန်တက်လိုက်ကြပြီး၊ ကျိရှန်းက သူတို့စီးလာသော သားရဲ ၃ ကောင်ကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ မြွေဘုရင်မှာတော့ သူစိမ်းများကို တင်ဆောင်ပေးရသဖြင့် ပွစိပွစိ လုပ်နေသော်လည်း လုံချန်း၏ အမိန့်ကို မလွန်ဆန်ရဲပေ။

​မင်ယုနှင့် ကျိချင်းတို့သည် လုံချန်းကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖက်ထားချင်သော်လည်း အခြေအနေက အလွန်စိုးရိမ်နေရသဖြင့် မလှုပ်ရှားရဲကြပေ။

​"နင့်မိသားစု အန္တရာယ်ရှိနေပြီ... ဂိုဏ်းတွေက..." မင်ယုက ရှင်းပြရန် ပြင်လိုက်သော်လည်း လုံချန်းက တားလိုက်သည်။

​"ငါ အကုန်သိပြီးသားပါ။ သူတို့ ငါ့အိမ်ကို ရှာတွေ့သွားပြီး ဖျက်ဆီးဖို့ သွားနေကြပြီ။ ငါ့မိသားစုက ဘယ်သူ့ကိုမှ အထိခိုက်မခံနိုင်ဘူး"

​"မင်း ပြန်ရောက်လာတာ တော်သေးတာပေါ့။ အခုတော့ မင်းပဲ ဦးဆောင်တော့" ကျိရှန်းက ဆိုသည်။ သူသည် လုံချန်းမှာ ဤမျှ သေးငယ်သော တိုင်းပြည်လေးမှ ဖြစ်သည်ကို သိလိုက်ရသဖြင့် အံ့သြနေမိသည်။

​"မင်းရဲ့ ဇာတိမြေက လူတစ်ယောက်နဲ့ ရန်သူတွေ ဆုံမိသွားတာက တကယ့်ကို ကံဆိုးတာပဲ။ အဲဒီလို ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ မင်းအကြောင်းကို ဖွင့်ပြောလိုက်တဲ့ အဲဒီကောင်ကတော့ မင်းမိသားစု တစ်စုလုံးကို အန္တရာယ်ထဲ တွန်းပို့လိုက်တာပဲ" ကျိရှန်းက ဒေါသတကြီး ပြောသည်။

​"ဖြစ်ခဲ့တာတွေ အားလုံးက မဖြစ်နိုင်တာတွေချည်းပဲ။ ဗုဒ္ဓကျောင်းတော် အကြီးအကဲမှာ အဲဒီလို ရှားပါးရတနာ ရှိနေတာရယ်၊ ငါ့ကိုသိတဲ့လူနဲ့ ဆုံတာရယ်၊ ငါ့ကို မရှာဘဲ ငါ့မိသားစုကို သွားတိုက်တာရယ်... ဒါတွေအားလုံးက တစ်စုံတစ်ယောက်က ငါ့ကို အရုပ်တစ်ရုပ်လို ကစားနေသလိုပဲ" လုံချန်းက အလေးအနက် ဆိုလိုက်သည်။

​"မင်းမှာ သူတို့ကို ရင်ဆိုင်ဖို့ အစီအစဉ် ရှိလား။ ငါတို့ကတော့ ဘာအစီအစဉ်မှ မပါဘဲ ထွက်လာခဲ့တာ။ အဲဒီ အင်အားကြီးတဲ့ အကြီးအကဲတွေကို ဘယ်လိုတားမလဲဆိုတာ ငါ မစဉ်းစားတတ်သေးဘူး။ သူတို့ထက် အရင်ရောက်အောင်သွားပြီး မိသားစုကို အရင်ခေါ်ထုတ်ပြေးဖို့ပဲ ရှိတော့တယ်။ မင်းမှာ ကောင်းမွန်တဲ့ ပို့ဆောင်ရေး သားရဲ ရှိနေတော့ ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်" ကျိရှန်းက အကြံပေးသည်။

​"မင်းအဖေကမှ ပို့ဆောင်ရေး သားရဲကွ။ ဒီဘုရင်ကြီးကို နောက်တစ်ခါ အဲဒီလို ထပ်ပြောရင် မင်းကို ငါ စားပစ်မယ်" မြွေဘုရင်က ဒေါသတကြီး ကြားဖြတ်အော်လိုက်လေတော့သည်။

အခန်း (၄၅၄) မဟုတ်မမှန် စွပ်စွဲချက်များ

​"ဟင်... သူက စကားပြောတတ်တာလား" မြွေဘုရင် စကားပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် ကျိရှန်း တစ်ယောက် ဘဝတွင် အကြီးမားဆုံး အံ့သြမှုကို ရရှိသွားတော့သည်။

​"ဘာကို သူ လဲ။ ဒီဘုရင်ကြီးက စကြဝဠာရဲ့ အရှင်သခင်ကွ" မြွေဘုရင်က ငေါက်လိုက်သည်။

​မြွေဘုရင်၏ အငေါက်ကို ခံလိုက်ရသဖြင့် ကျိရှန်းမှာ ပါးစပ်ပိတ်သွားပြီး လုံချန်းကိုသာ နားမလည်နိုင်သလို ကြည့်နေတော့သည်။

​"သူက ဒီနေ့ ငါ့ကို သယ်ပေးပြီး ကူညီနေတာပါ။ ပုံမှန်ဆိုရင် သူ ဒီလို မလုပ်ပေးဘူး" လုံချန်းက ကျိရှန်းကို ရှင်းပြလိုက်သည်။

​"ဪ... အဲလိုလား... နားလည်ပါပြီ"

​မြွေဘုရင်သည် မောပန်းခြင်းမရှိဘဲ ရှေ့သို့ ဆက်လက် ပျံသန်းနေသည်။ သူ၏ စွမ်းအင်သိုလှောင်မှုမှာ ကမ္ဘာမြေ အဆင့် ရှိသော နေဝါးမျိုလင်းယုန်နှင့် ယှဉ်လျှင် အဆမတန် များပြားလှသည်။

​"ဒီအရှိန်နဲ့ဆိုရင် ငါတို့ သူတို့ကို မှီနိုင်ပါတယ်။ သူတို့ထွက်သွားပြီး ၁၂ နာရီအကြာမှာ ငါတို့ သတင်းရတာဆိုတော့ သူတို့ရဲ့ သားရဲတွေက ကောင်းကင်အဆင့်မဟုတ်ရင် ရွှေနိုင်ငံကို မရောက်ခင် ငါတို့ သူတို့ကို ကြားဖြတ်မှီနိုင်တယ်" ကျိရှန်းက မြေပုံကို ကြည့်ရင်း ဆိုသည်။

​လုံချန်းကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူတို့ အိမ်မရောက်ခင် ကြားဖြတ်မှီဖို့ သူ အပြင်းအထန် မျှော်လင့်နေမိသည်။

​ရွှေနိုင်ငံသို့ ပြန်ကြည့်လျှင် လုံမျိုးနွယ်စုမှာ အရင်လို တိတ်ဆိတ်မနေတော့ပေ။ ဧည့်သည်များ ရောက်လာသဖြင့် မျိုးနွယ်စုတစ်စုလုံး ဆူညံနေသည်။

​လုံချန်း၏ စေ့စပ်ကြောင်းလမ်းမှု ပျက်ပြားသွားခြင်းကို မျိုးနွယ်စုဝင် အကြီးအကဲ အများစုက သိထားကြသည်။ မျိုးနွယ်စု၏ သိက္ခာကျသည်ဟု အနည်းငယ် ခံစားရသည်မှလွဲ၍ ပြင်ပလူများ မသိသဖြင့် ထိုကိစ္စကို ဘယ်သူမှ သိပ်အရေးမလုပ်ကြပေ။

​သို့သော် ယနေ့တွင် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သည့် မိန်းကလေးသည် သူမ၏ ဖခင်နှင့်အတူ လုံမျိုးနွယ်စုသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ လူတိုင်းက သူတို့ ဘာအတွက် လာကြသနည်းဟု ဝေခွဲမရ ဖြစ်နေကြသည်။

​လုံချန်း၏ မိခင် စီမာကျီယီသည်လည်း အစေခံမလေးများဖြစ်သော ရွှယ်နှင့် မေတို့ကို ခေါ်ကာ ထွက်လာခဲ့သည်။

​လင်း၏ ဖခင်မှာ ယုထျန်းဟောင် ဖြစ်ပြီး သူသည် လုံချန်းဖခင်၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည်။ တစ်ချိန်က သူတို့နှစ်ဦးသည် သားသမီးများကို စေ့စပ်ပေးရန် ဆုံးဖြတ်ခဲ့ကြသော်လည်း သူ၏ သမီးဖြစ်သူက သူ့ကို မတိုင်ပင်ဘဲ လုံမျိုးနွယ်စုသို့ သွားရောက်ကာ စေ့စပ်ပွဲအား ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

​သမီးဖြစ်သူက ဖျက်သိမ်းပြီးမှသာ ပြောပြသဖြင့် ယုထျန်းဟောင်မှာ ဘာမှ မတတ်နိုင်ဘဲ လက်ခံလိုက်ရသည်။ သို့သော် လုံချန်းသည် တစ်ခါက သူ၏ဖခင်အသွင် ဖန်တီးကာ ပုံရိပ်ယောင်ကို သုံး၍ ယုထျန်းဟောင်ဆီမှ သတင်းအချို့ ယူခဲ့ဖူးသည်။

​ထိုအရာကို ယုထျန်းဟောင်က အိပ်မက်ဟုသာ ထင်နေခဲ့သော်လည်း သူငယ်ချင်းဟောင်း လုံကျွန်းနှင့် အတူရှိခဲ့သည့် အချိန်များကို သတိရကာ သေဆုံးသွားသော သူငယ်ချင်းအပေါ် ကတိမတည်ခဲ့မိသည့်အတွက် တစ်နေ့ထက်တစ်နေ့ နောင်တများ ပိုလာခဲ့သည်။ နောက်ဆုံးတွင် မခံစားနိုင်တော့သဖြင့် မြောက်ပိုင်း လအင်ပါယာရှိ သမီးဖြစ်သူကို ပြန်ခေါ်ကာ လုံမျိုးနွယ်စုသို့ လာရောက် တောင်းပန်ခြင်း ဖြစ်သည်။

​"ရှင်တို့လား" စီမာကျီယီသည် ယုထျန်းဟောင်နှင့် ယုလင်းတို့ကို မြင်လိုက်ရသောအခါ အံ့သြစွာ မေးလိုက်သည်။

​"ခယ်မ..." ယုထျန်းဟောင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ "အကြောင်းမကြားဘဲ ရုတ်တရက် ရောက်လာတာကို ခွင့်လွှတ်ပါ။ အရေးကြီးတဲ့ ကိစ္စလေး ဆွေးနွေးချင်လို့ပါ။ ဦးလေးရန်ရော ဘယ်မှာလဲ"

​"ယောက္ခမကြီးက တံခါးပိတ် ကျင့်ကြံနေပါတယ်" စီမာကျီယီက ဖြေသည်။

​"ဪ... သူနဲ့ စကားမပြောရတာ ဝမ်းနည်းပေမဲ့ ခယ်မနဲ့ ပြောလို့ရပါတယ်။ သီးသန့်နေရာလေး တစ်နေရာကို သွားလို့ရမလား"

​"အစည်းအဝေးခန်းမ ဖွင့်ထားပါတယ်" အကြီးအကဲ လုံမူက ဆိုသည်။ မျိုးနွယ်စု ခေါင်းဆောင်နှင့် အမြင့်ဆုံး အကြီးအကဲတို့ ကျင့်ကြံနေသဖြင့် သူကသာ အရေးကိစ္စများကို ကိုင်တွယ်နေခြင်း ဖြစ်သည်။

​အစည်းအဝေးခန်းမထဲတွင် ယုထျန်းဟောင်၊ ယုလင်း၊ အကြီးအကဲ မူ၊ စီမာကျီယီ၊ ရွှယ် နှင့် မေ တို့ ၆ ဦးသာ ရှိတော့သည်။

​"အဟမ်း... သူတို့ရော ဒီမှာ ရှိနေဖို့ လိုလို့လား" ယုထျန်းဟောင်က ရွှယ်နှင့် မေကို ကြည့်ကာ မေးလိုက်သည်။

​"သူတို့က ကျွန်မရဲ့ သမီးတွေလိုပါပဲ။ သူတို့ကို စိတ်မပူပါနဲ့။ ပြောစရာရှိတာ ပြောပါ၊ ဒီစကားတွေ ဒီအခန်းထဲကနေ အပြင်မထွက်စေရဘူး" စီမာကျီယီက ဆိုသည်။

​ယုထျန်းဟောင်က သက်ပြင်းတစ်ချက်ချကာ စကားစလိုက်သည်။ "ကျွန်တော်... ကျွန်တော် ဒီကို လာတာက တောင်းပန်ဖို့ပါ။ ကျွန်တော့်သမီးက ဒီကိုလာပြီး စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တဲ့အတွက် ခယ်မတို့ကို အခက်တွေ့စေခဲ့တာ တကယ်ကို မှားယွင်းခဲ့ပါတယ်။ လုံကျွင်းနဲ့ ကျွန်တော်က သူငယ်ချင်းတွေပါ၊ သူနဲ့ထားခဲ့တဲ့ ကတိကို ကျွန်တော် ဖောက်ဖျက်မိသလို ခံစားနေရတယ်"

​ထို့နောက် သူက သမီးဖြစ်သူဘက် လှည့်လိုက်သည်။ "လင်း... နင် ပြောစရာရှိတာ မရှိဘူးလား"

​ယုလင်းက ထရပ်လိုက်သည်။ "ပြီးခဲ့တဲ့အကြိမ်က ကျွန်မရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ ကျွန်မ စေ့စပ်ပွဲကို ဖျက်သိမ်းချင်တာ မှန်ပေမဲ့ အဲဒီထက် ပိုကောင်းတဲ့နည်းလမ်းတွေ ရှိခဲ့သင့်ပါတယ်။ ကျွန်မ ပိုပြီးတော့ ဆင်ခြင်တုံတရား ရှိခဲ့သင့်ပါတယ်" သူမက ဦးညွှတ်ကာ တောင်းပန်သည်။

​စီမာကျီယီက ပြုံးကာ "စိတ်မကောင်းမဖြစ်ပါနဲ့ကွယ်။ အိမ်ထောင်ရေးဆိုတာ တစ်ယောက်ကို တစ်ယောက် မနှစ်သက်ရင် မဖြစ်သင့်တဲ့ အရာပါ။ ထျန်းအာ ကိုယ်တိုင်တောင် လူကြီးချင်း စီစဉ်တဲ့ အိမ်ထောင်ရေးက မှားယွင်းတယ်လို့ ပြောခဲ့ဖူးတယ်။ အားလုံးက ကောင်းဖို့ ဖြစ်လာတာပါပဲ"

​"အော်... ထျန်းရော ဘယ်မှာလဲ။ ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ဖူးလို့ တွေ့ချင်မိတယ်" ယုထျန်းဟောင်က မေးသည်။

​"သူက အတွေ့အကြုံယူဖို့နဲ့ ကျင့်ကြံဖို့ အပြင်ထွက်သွားပါတယ်"

​"ဟုတ်လား၊ သူက သူ့အဖေလို စိတ်ဓာတ်ရှိပုံရတယ်" ယုထျန်းဟောင်က ရယ်မောကာ ဆိုသည်။

​"သူက မိန်းကလေးတွေနဲ့ သွားကစားနေတာနေမှာပါ။ ဒီမြို့ထဲက မိန်းကလေး တော်တော်များများနဲ့ သူက ရှုပ်ခဲ့တာပဲလေ" ယုလင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​အသံတိုးသော်လည်း အားလုံးက ကြားလိုက်ရသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ သခင်လေးက အဲဒီလိုလူ မဟုတ်ဘူး" ရွှယ် နှင့် မေက တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။

​စီမာကျီယီက သူတို့ကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး ယုထျန်းဟောင်ကလည်း သမီးဖြစ်သူကို ဆူပူလိုက်တော့သည်။

All Chapters