အခန်း (၄၆၉-၄၇၀)
Vol. 47 Ch. 469-470
အခန်း (၄၆၉) လုံရွှယ်ရင်း
"ကြည့်ရတာ သူတို့ အားကိုးဖို့ နောက်ထပ်လူတစ်ယောက် ရှာတွေ့သွားပုံပဲ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူတို့ ယုမျိုးနွယ်စုထဲကို ဝင်သွားကြတာ ဖြစ်နိုင်တယ်"
"ဘာပဲဖြစ်ဖြစ် သူတို့အတွက် အဆင်ပြေရင် ပြီးတာပါပဲ။ သူတို့က လုံမျိုးနွယ်စုရဲ့ အစိတ်အပိုင်း မဟုတ်တော့ဘူး" လုံချန်းက ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။
"နေဦး... လုံမျိုးနွယ်စုမှာ နောက်ထပ်လူတစ်ယောက် ရှိနေသေးတာပဲ။ ငါ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ"
လုံချန်းသည် သူလုံးဝ မေ့လျော့နေခဲ့သော နောက်ထပ်လူတစ်ယောက်ကို ရုတ်တရက် သတိရလိုက်သည်။
"အကြီးအကဲ မူရဲ့ သမီးပဲ" သူက အော်ဟစ်လိုက်သည်။ သူ ထိုနေရာကို ရောက်စဉ်က မဟာအကြီးအကဲ မူ၏ အလောင်းကို တွေ့ခဲ့ရသည်ကို ပြန်လည်သတိရသွားခြင်း ဖြစ်သည်။ "သူ့သမီးက ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းမှာ ရှိနေတုန်းပဲ၊ သူ့အဖေ သေဆုံးသွားတာကို သူ သိမှာမဟုတ်ဘူး"
လုံချန်းသည် မဟာအကြီးအကဲ မူနှင့် အတန်ငယ် ရင်းနှီးခဲ့သည်။ မဟာအကြီးအကဲ မူသည် သူ့ကို မကြာခဏ ကူညီခဲ့သူဖြစ်ပြီး လုံချန်း ခရီးသွားရန်အတွက် အစောပိုင်း ငွေကြေးများကို ထောက်ပံ့ပေးခဲ့သူလည်း ဖြစ်သည်။
သူသည် မူ၏ သမီးဖြစ်သူ လုံရွှယ်ရင်း နှင့်လည်း အတန်ငယ် ရင်းနှီးသည်။ အနည်းဆုံးတော့ သူမအား သူမဖခင် သေဆုံးသွားသည့်အကြောင်းကို ပြောပြလိုသည်။
လုံချန်းသည် ယုလင်းတို့၏ အဖွဲ့ကို လျစ်လျူရှုကာ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းဆီသို့ ဦးတည်လိုက်သည်။
"ဘာဖြစ်လို့လဲ" မင်ယုက လုံချန်းကို မေးသည်။ သူသည် အရင်ကကဲ့သို့ အေးအေးဆေးဆေး မရှိတော့သည်ကို သူမ သတိထားမိသည်။
"ငါ နောက်ထပ်လူတစ်ယောက်ကို မေ့နေခဲ့လို့။ အဲဒီလူ ငါနဲ့ လိုက်မလားဆိုတာ ငါ မေးရမယ်။ သူတို့ကိုလည်း အဖိုးနဲ့ အမေရှိတဲ့ နေရာကိုပဲ ငါ ပို့ပေးမယ်" လုံချန်းက သူမကို ပြန်ဖြေသည်။
အချိန်အနည်းငယ် ယူခဲ့ရသော်လည်း လုံချန်းသည် ယုထျန်းဟောင်နှင့် အခြားသူများ ထိုနိုင်ငံသို့ မရောက်မီ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းသို့ အရင်ရောက်ရှိသွားခဲ့သည်။
သူသည် မျက်နှာဖုံးကို တပ်ထားဆဲပင် ဖြစ်သည်။ နေဝါးမျိုလင်းယုန်သည် လူသူကင်းမဲ့သော နေရာတစ်နေရာတွင် မြေပြင်သို့ ဆင်းသက်လိုက်သည်။
"နင်တို့ အပြင်မှာ စောင့်နေကြ၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်" လုံချန်းက အခြားသူများကို ပြောပြီး ဂိုဏ်းဝင်ပေါက်ဆီသို့ လျှောက်သွားသည်။
ဂိုဏ်းဝင်ပေါက်တွင် အစောင့်များ စောင့်နေကြသည်။ လုံချန်းသည် အဓိက တံခါးမှ ဝင်မည့်အစား တံတိုင်းကို ကျော်ဝင်ခဲ့သည်။ သူသည် ဂိုဏ်းအတွင်းသို့ အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့သည်။
သူသည် လုံရွှယ်ရင်းအား ရှာဖွေရန် ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သည်။
အတန်ကြာ လမ်းလျှောက်ပြီးနောက် ဂိုဏ်း၏ အလယ်ဗဟိုသို့ ရောက်သောအခါ ဝိညာဉ်အာရုံမှတစ်ဆင့် လုံရွှယ်ရင်းကို လှမ်းမြင်လိုက်ရသည်။
လုံရွှယ်ရင်းသည် သူမ၏ ဝင်းခြံအတွင်း၌ ကျင့်ကြံနေခြင်း ဖြစ်သည်။
သူမ ရှိသည့်နေရာကို သိသွားပြီဖြစ်သဖြင့် လုံချန်းသည် ဝိညာဉ်အာရုံကို ရုပ်သိမ်းလိုက်သည်။ သူသည် သူမ၏ ဝင်းခြံဆီသို့ အမြန်ဆုံး လျှောက်သွားသည်။ သူသည် လမ်းတွင်တွေ့ခဲ့သော ဂိုဏ်းသားတစ်ဦး၏ ပုံစံမျိုးဖြစ်အောင် လှည့်စားခြင်း မျက်နှာဖုံးကို အသုံးပြုလိုက်သည်။
မကြာမီ သူမ၏ ဝင်းခြံသို့ ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။ သူသည် မျက်နှာဖုံး၏ အစွမ်းကို ဖျက်သိမ်းလိုက်သည်။
သူသည် တံခါးဆီသို့ လျှောက်သွားသည်။ တံခါးကို ခေါက်ရန် ပြင်လိုက်သော်လည်း တံခါးမှာ ဂျက်ချမထားသည်ကို သတိပြုမိသဖြင့် ရပ်လိုက်သည်။
သူသည် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။
'ဘယ်လို ရိုးသားတဲ့ မိန်းကလေးလဲ။ ဒီဂိုဏ်းက တကယ်ပဲ လူတွေ တံခါးတောင် ဂျက်မချရလောက်အောင် လုံခြုံနေတာလား' သူ တွေးတောမိသည်။
လုံချန်းသည် သူ အစောပိုင်းက ဝိညာဉ်အာရုံဖြင့် တွေ့ခဲ့သော ကျင့်ကြံနေသည့် အခန်းဆီသို့ လျှောက်သွားသည်။ သို့သော် သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် လုံရွှယ်ရင်းအား အတွင်းခံဝတ်စုံနှင့်သာ တွေ့လိုက်ရသဖြင့် အံ့အားသင့်ကာ မျက်လုံးပြူးသွားသည်။ သူမ၏ အဝတ်အစားများမှာ ကုတင်ပေါ်တွင် ရှိနေသည်။
သူမသည် ကျင့်ကြံခြင်းကို ခဏမျှ ရပ်နားထားပုံရသည်။ သူ ရောက်လာချိန်တွင် သူမသည် ရေချိုးရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။
လုံရွှယ်ရင်းသည် လုံချန်းကို မြင်လိုက်သည်။ သူမသည် အော်ဟစ်ခြင်း မပြုဘဲ ကျင့်ကြံသူတစ်ဦးပီပီ ကျူးကျော်သူကို နှိမ်နင်းရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အခန်းထဲသို့ ဝင်လာသူကို တိုက်ခိုက်လိုက်သည်။
ကံမကောင်းစွာဖြင့် လုံချန်းမှာ သူမ ထင်ထားသည်ထက် ပို၍ မြန်ဆန်နေသည်။ လုံချန်းသည် သူမ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူမ၏ လက်ကို အလွယ်တကူ ဖမ်းလိုက်သည်။ သူမ နာကျင်ခြင်း မရှိစေမည့် နည်းလမ်းဖြင့် သူမ၏ လက်ကို လိမ်ထားလိုက်သည်။ လုံချန်းသည် သူမ အော်ဟစ်ခြင်း မပြုနိုင်စေရန် အခြားလက်တစ်ဖက်ဖြင့် သူမ၏ ပါးစပ်ကို ပိတ်လိုက်သည်။
လုံရွှယ်ရင်းသည် လုံချန်းနှင့် အလွန်နီးကပ်နေသဖြင့် သူမ၏ တင်ပါးမှာ လုံချန်း၏ ဆီးစပ်နှင့် ကပ်နေသည်။ သူမသည် ရုန်းကန်နေစဉ်တွင် သူမ၏ တင်ပါးမှာ သူ၏ ဓားနှင့် ပွတ်တိုက်မိသွားရာ လှုံ့ဆော်မှုကြောင့် အနည်းငယ် လှုပ်ရှားသွားသည်။
"ငြိမ်ငြိမ်နေပါ။ ငါ မင်းကို ဒုက္ခပေးဖို့ လာတာမဟုတ်ဘူး။ ငါ လုံချန်းပါ" လုံချန်းက သူမ၏ နားအနားတွင် ပြောလိုက်သည်။
"အွန်း..." လုံရွှယ်ရင်းက တစ်ခုခု ပြောရန် ကြိုးစားသော်လည်း သူမ၏ ပါးစပ်ကို လုံချန်းက လက်ဖြင့် ပိတ်ထားသဖြင့် သူ မကြားရပေ။
"ငါ မင်းကို လွှတ်ပေးမယ်။ အဲဒီနောက်မှာ ငါပြောတာကို သေချာနားထောင်ပါ" လုံချန်းက ပြောပြီး သူ၏ ကောင်လေးအစွမ်းမပြမီ သူမကို လွှတ်ပေးလိုက်သည်။
လုံချန်းသည် မျက်နှာဖုံးကို ချွတ်လိုက်ပြီး လုံရွှယ်ရင်းကို သူ၏ မျက်နှာ ပြလိုက်သည်။
"လုံချန်းလား၊ နင် ဒီဂိုဏ်းထဲကို ဘယ်လို ဝင်လာတာလဲ" လုံရွှယ်ရင်းက အံ့သြတကြီး မေးလိုက်သည်။
"ငါ ခိုးဝင်လာတာပါ။ မင်း သိထားရမယ့် အရာတစ်ခု ရှိတယ်။ ငါလို အတွေ့အကြုံရှိတဲ့သူအတွက် ဒါက သိပ်ပြီး မခက်ခဲပါဘူး။ ဘာပဲဖြစ်ဖြစ် သတင်းဆိုးတစ်ခု ရှိတယ်" လုံချန်းက အလွန် တည်ကြည်စွာ ပြောလိုက်သည်။
သတင်းဆိုးအကြောင်း ပြောသောအခါ လုံချန်း၏ တည်ကြည်မှုကို မြင်ပြီး လုံရွှယ်ရင်းမှာ မှင်တက်သွားသည်။ သူမသည် အခုအချိန်တွင် အတွင်းခံဝတ်စုံနှင့်သာ ရှိနေသည်ကိုပင် မေ့သွားခဲ့သည်။
"ဘာသတင်းဆိုးလဲ" သူမက မေးသည်။
လုံချန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"မင်းရဲ့ အဖေ မရှိတော့ဘူး။ သူက ရန်သူတွေလက်ကနေ မျိုးနွယ်စုကို ကာကွယ်ရင်း သေဆုံးသွားခဲ့ပြီ။ မျိုးနွယ်စုလည်း ပျက်စီးသွားပြီ။ မျိုးနွယ်စုဝင် အချို့ လွတ်မြောက်သွားပေမဲ့ မင်းအဖေကတော့ အဲဒီအထဲမှာ မပါခဲ့ဘူး။ သူက အခြားသူတွေအတွက် သူ့အသက်ကို ပေးဆပ်သွားခဲ့တာ"
အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို လုံချန်း အတိအကျ မသိသော်လည်း သူမ၏ ဖခင်သည် မျိုးနွယ်စုအတွက် သတ္တိရှိရှိ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့သည်ဟု လက်တွေ့နှင့် နီးစပ်အောင် ဖန်တီး၍ ရှင်းပြလိုက်သည်။
"ဒါ မဖြစ်နိုင်ဘူး။ နင် ငါ့ကို တကယ် နောက်နေတာပဲ။ ငါတို့ ပထမဆုံး တွေ့တုန်းက ငါ နင့်အပေါ် လုပ်ခဲ့တာတွေကို နင် ကလဲ့စားချေနေတာမလား။ ဒါက နောက်စရာ ကိစ္စမဟုတ်ဘူး" လုံရွှယ်ရင်းက သူ့ကို မယုံကြည်ပေ။ အမှန်စင်စစ် လုံချန်းကို ယုံကြည်လိုက်ခြင်းသည် သူမ၏ ဖခင် သေဆုံးသွားခြင်းအား လက်ခံလိုက်ခြင်း ဖြစ်သဖြင့် သူမ မယုံကြည်လိုခြင်း ဖြစ်သည်။
သူမ၏ ဖခင် သေဆုံးနိုင်စရာ အကြောင်းမရှိဟု သူမ တွေးနေသော်လည်း လုံချန်းနှင့် ဝေးရာသို့ နောက်ဆုတ်သွားခြင်းက တစ်စုံတစ်ခုကို ပိုကောင်းလာစေမည်ကဲ့သို့ပင် သူမသည် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်နေမိသည်။
"ငါ မလိမ်ပါဘူး။ သူ သေသွားပြီ၊ ငါတို့ မျိုးနွယ်စုက တခြားလူတွေလည်း အများကြီး သေကုန်ပြီ။ သူ့ရဲ့ ရုပ်အလောင်း ပျက်စီးသွားတာကိုတောင် ငါ မကယ်နိုင်ခဲ့ဘူး။ ငါ ဒီကို လာတာက မင်းကို အဲဒီအကြောင်း အသိပေးဖို့နဲ့ ငါတို့ ထွက်ခွာတော့မယ်ဆိုတာ ပြောဖို့ပဲ။ လုံမျိုးနွယ်စု ဆိုတာ မရှိတော့ဘူး၊ ငါတို့ရဲ့ ရန်သူတွေကလည်း အနီးအနားမှာ ရှိနေတုန်းပဲ။ သူတို့က နောက်ပိုင်းမှာ လုံမျိုးနွယ်စုဝင်တွေကို ရှာကြလိမ့်မယ်၊ ပြီးရင် မင်းဆီကိုလည်း ရောက်လာလိမ့်မယ်။ ငါနဲ့အတူ လိုက်ခဲ့ပါ။ ငါ့အဖိုးနဲ့ အမေလည်း ငါတို့နဲ့အတူ ရှိနေတယ်" လုံချန်းက သူမကို အသိပေးလိုက်သည်။
"မဖြစ်နိုင်ဘူး။ သူ မသေနိုင်ဘူး။ သူ မသေနိုင်ဘူး" လုံရွှယ်ရင်းသည် ဒူးထောက်ကျသွားပြီး မျက်ရည်များ စီးကျလာလေတော့သည်။
လုံချန်းသည် သူမအနားသို့ တိုးသွားပြီး သူမကို နှစ်သိမ့်ရန်အတွက် သူမ၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။
"ငါ့ကို ယုံပါ၊ ငါလည်း ဒါတွေအားလုံးက အလိမ်အညာတွေပဲ ဖြစ်စေချင်ပါတယ်၊ ဒါပေမဲ့ မဟုတ်ဘူး။ အရာအားလုံး ဆုံးရှုံးသွားပြီ၊ ငါတို့မှာ ထွက်သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး။ ကျေးဇူးပြုပြီး ငါတို့နဲ့အတူ လိုက်ခဲ့ပါ" သူက သူမကို ပြောလိုက်သည်။
"မလိုက်ဘူး။ ငါ ဒီမှာပဲ နေမယ်။ သူတို့ လာပါစေ။ ငါ့ဆရာရဲ့ အကူအညီနဲ့ သူတို့ကို အကုန် သတ်ပစ်မယ်" လုံရွှယ်ရင်းက ဒေါသတကြီး ပြောလိုက်သည်။
"မင်း နားမလည်ဘူး။ ငါပြောနေတဲ့သူက မင်း ထင်ထားတာထက် အများကြီး ပိုပြီး သန်မာတယ်။ သူတို့က အဆင့် ၂ နိုင်ငံက ဂိုဏ်းငယ်လေးတစ်ဂိုဏ်း မပြောနဲ့၊ သူတို့ အလိုရှိရင် အင်ပါယာတွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။ မဟာအကြီးအကဲ မူရဲ့ မျိုးဆက်က မင်းဆီမှာတင် လမ်းဆုံးသွားတာမျိုး ငါ မဖြစ်စေချင်ဘူး။ ငါနဲ့အတူ လိုက်ခဲ့ပါ။ မင်း နေထိုင်ပြီး ကျင့်ကြံဖို့ နေရာတစ်ခု အဆင်သင့် ရှိပြီးသားပါ။ ဒီဂိုဏ်းက ပေးနိုင်တာထက် အများကြီး ပိုကောင်းတဲ့ ကျင့်စဉ်တွေနဲ့ အရင်းအမြစ်တွေကိုလည်း ငါ ပေးပါ့မယ်" လုံချန်းက ခေါင်းယမ်းရင်း ပြောလိုက်သည်။
"ငါ မသွားဘူး" လုံရွှယ်ရင်းက သူမ၏ စကားကို ထပ်ပြောသည်။
"မင်း ခေါင်းမာနေတာပဲ၊ အဲဒီအတွက်နဲ့ မင်း သေသွားလိမ့်မယ်။ မဟာအကြီးအကဲ မူရဲ့ အမွေအနှစ်ကို သူ့သမီးက ခေါင်းမာလွန်းလို့ ဒီလိုမျိုး အဆုံးသတ်စေချင်တာလား" လုံချန်းက စိတ်ပျက်သော မျက်နှာထားဖြင့် ပြောလိုက်လေတော့သည်။
အခန်း (၄၇၀) အခု ၂၀ မြောက် တံဆိပ်ပိုင်ရှင်နှင့် ဆုံတွေ့ခြင်း
"နင် ငါ့ကို ခေါင်းမာတယ်လို့ ပြောချင် ပြော၊ ဒါပေမဲ့ ငါ ဂရုမစိုက်ဘူး။ ငါ ထွက်မသွားဘူး" လုံရွှယ်ရင်းက ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း သေနေခဲ့တော့" လုံချန်းက ပြောပြီး သူ၏မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"နေဦး"
လုံချန်း အခန်းထဲမှ အပြင်သို့ လှမ်းထွက်တော့မည့်အချိန်တွင် လုံရွှယ်ရင်းက သူ့ကို တားလိုက်သည်။
လုံချန်းသည် ခြေလှမ်းရပ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။
"မင်း စိတ်ပြောင်းသွားတာ ကောင်းပါတယ်။ ငါနဲ့ လိုက်ခဲ့တော့" လုံချန်းက ဆိုသည်။
"အဲဒါ မဟုတ်ဘူး။ ငါ နင်နဲ့ လိုက်မှာ မဟုတ်ဘူး။ အဲဒီအစား ငါ နိုင်ငံကိုပဲ ပြန်သွားမယ်" လုံရွှယ်ရင်းက ပြောသည်။
မိန်းကလေး၏ နားလည်မှု လွဲမှားနေပုံကို ကြည့်ပြီး လုံချန်းသည် စိတ်ပျက်လာသည်။
"ဒါက ကစားစရာ မဟုတ်ဘူးဆိုတာ မင်း သေချာပေါက် နားမလည်သေးဘူးပဲ။ ကြီးမားတဲ့ အတိုင်းအတာနဲ့ ယှဉ်လိုက်ရင် မင်းနဲ့ မင်းရဲ့ဂိုဏ်းက ဘာမှမဟုတ်ဘူး။ ရန်သူတွေထဲက တစ်ယောက်တည်းကတောင် မင်းရဲ့ဂိုဏ်းကို တစ်ညတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်၊ အဲဒီအခါကျရင် မင်းက ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရုံပဲ ရှိလိမ့်မယ်။ ငါနဲ့ လိုက်ခဲ့ပါ၊ ဒါက နောက်ဆုံး အခွင့်အရေးပဲ" လုံချန်းက သူမကို ထပ်ပြောသည်။
"ငါ့အိမ်ကို ဖျက်ဆီးခဲ့တဲ့သူတွေရဲ့ နာမည်ကိုပဲ ငါ သိချင်တာ။ အဲဒါပြောပြီးရင် နင် သွားနိုင်ပြီ။ ငါ နင်နဲ့ မလိုက်ဘူး" လုံရွှယ်ရင်းက ခေါင်းမာစွာ ပြောလိုက်သည်။
"မင်းသာ မဟာအကြီးအကဲမူရဲ့ နောက်ဆုံး သွေးမျိုးဆက် မဟုတ်ရင် ငါ မင်းကို တကယ်ပဲ သေဖို့ ထားခဲ့မှာပါ၊ ဒါပေမဲ့ သူ ငါ့အတွက် လုပ်ပေးခဲ့တာတွေအတွက် သူက ငါ့ဆီက တစ်ခုခု ရသင့်တယ်လို့ ထင်တယ်။ ငါ မင်းကို ကယ်ပါ့မယ်" လုံချန်းက တိုးတိုးလေး ရေရွတ်ရင်း သူမ၏ အနောက်သို့ နေရာရွှေ့ပြောင်းကာ သူမ သတိလစ်သွားစေရန် လည်ပင်းနောက်ကို ရိုက်လိုက်သည်။
သူမ သတိလစ်သွားသည်နှင့် လုံချန်းက သူမကို လဲမကျသွားအောင် ဖမ်းလိုက်သည်။
"မင်း မလိုက်ချင်ဘူးဆိုရင်လည်း ငါ မင်းကို အတင်းအကျပ် ခေါ်သွားရမှာပဲ"
သူသည် သူမအား ကမ္ဘာတုထဲသို့ ပို့ရန် ပြင်လိုက်စဉ် သူမသည် အတွင်းခံဝတ်စုံနှင့်သာ ရှိနေသေးသည်ကို သတိပြုမိသွားသည်။ သူမကို ထိုအခြေအနေနှင့် ပို့လိုက်လျှင် ကိစ္စများ အဆင်မပြေနိုင်ပေ။
သူသည် ခပ်ပြုံးပြုံး မျက်နှာထားဖြင့် သူမကို ကုတင်ပေါ်တွင် လှဲစေကာ အဝတ်အစားများ ဝတ်ပေးလိုက်သည်။
သူမကို သေသေချာချာ အဝတ်အစား ဝတ်ပေးပြီးနောက် သူမ၏ လက်များကို ဆုပ်ကိုင်လိုက်သည်။
"ငါ အခုလုပ်မယ့်အရာကို မင်း သဘောကျမှာ မဟုတ်ပေမဲ့ ဒါက ရေရှည်မှာ မင်းအတွက် ကောင်းပါတယ်။ ပြီးတော့ ငါ အသက်ရှင်နေသေးတယ်ဆိုတာရယ်၊ အားလုံး ထွက်သွားပြီးနောက် အိမ်မှာ ဘာဖြစ်ခဲ့လဲဆိုတာရယ်ကို ဘယ်သူမှ မသိနိုင်တော့တဲ့အတွက် ငါ့အတွက်လည်း ကောင်းပါတယ်" လုံချန်းက ရေရွတ်ရင်း ကမ္ဘာတုလက်စွပ်ကို အသုံးပြုကာ သူမအား ကမ္ဘာတုထဲသို့ ပို့ဆောင်လိုက်သည်။
လုံရွှယ်ရင်းသည် ကမ္ဘာတုထဲသို့ ရောက်သွားသည့်တိုင် သတိလစ်နေဆဲ ဖြစ်သည်။
လုံချန်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူမကို စီမာကျီယီ၏ ဘေးနားတွင် ပေါ်လာစေခဲ့သည်။
သူမကို စီစဉ်ပြီးနောက် လုံချန်းသည် အခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် မျက်နှာဖုံးကို ထပ်မံ အသက်သွင်းလိုက်သော်လည်း ယခုတစ်ကြိမ်တွင် အခြားလူတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်သည်။ ဂိုဏ်းမှ ထွက်ခွာခြင်းမှာ ဂိုဏ်းဝင်ခြင်းထက် ပို၍ လွယ်ကူသည်။ အကြောင်းမှာ ဂိုဏ်းမှ ထွက်ခွာသူများကို စစ်ဆေးခြင်း မရှိသောကြောင့် ဖြစ်သည်။
လုံချန်းသည် ဂိုဏ်းထွက်ပေါက်ဆီသို့ လျှောက်သွားစဉ် သူနှင့် အရင်က ပတ်သက်ဖူးသော ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကို သတိပြုမိလိုက်သည်။ သူသည် သူ၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသော ဂိုဏ်းချုပ်ကို လျစ်လျူရှုလိုက်သော်လည်း သူတော်စင်ဘုရင် ရှန်းဝူ၏ အမွေအနှစ် ရှိနေသော လျှို့ဝှက်လှိုဏ်ဂူမှာ ဤဂိုဏ်းအတွင်း၌ ဖုံးကွယ်ထားဆဲ ဖြစ်သည်ကိုတော့ သူ မှတ်မိနေသည်။ ကံမကောင်းစွာဖြင့် သူသည် သူတော်စင်ဘုရင်၏ တံဆိပ်ပြားကို ရှာမတွေ့သေးပေ။
ထိုနေရာရှိ ကျောက်ရုပ်က သူ့ကို ထိုနေရာသို့ ဝင်ရောက်နိုင်ရန် အရာနှစ်ခု လိုအပ်သည်ဟု ပြောခဲ့ဖူးသည်။ တစ်ခုမှာ ဘုရင်ဓားဟု ခေါ်သော သူတော်စင်ဘုရင် ရှန်းဝူ၏ ဓားဖြစ်ပြီး ၎င်းမှာ လုံချန်းဆီတွင် ရှိနှင့်ပြီးသား ဖြစ်သည်။ ထိုဓားမှာ သူ၏ အင်အားအကောင်းဆုံး လက်နက်လည်း ဖြစ်သည်။ သို့သော် ဒုတိယအရာဖြစ်သော သူတော်စင်ဘုရင်၏ တံဆိပ်ပြားမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
'ငါ အဲဒီတံဆိပ်ပြားကို ဘယ်တော့မှ တွေ့မှာပါလိမ့်' လုံချန်းက ထွက်ပေါက်ဆီသို့ ဆက်လျှောက်ရင်း တွေးနေမိသည်။
သူသည် မည်သည့်အခက်အခဲမျှမရှိဘဲ ဂိုဏ်းအတွင်းမှ ထွက်လာခဲ့သည်။
သူသည် အခြားသူများကို ထားခဲ့သော နေရာသို့ လျှောက်သွားနေသည်။ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်နေပြီး လူအများအပြားမှာ သူနှင့် ဆန့်ကျင်ဘက်အရပ်သို့ လျှောက်သွားနေကြသည်။
လမ်းပေါ်ရှိ လူများထဲမှ တစ်ယောက်သည် အစိမ်းရင့်ရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ထားသည်။ သူ၏ မျက်နှာမှာ ခေါင်းစွပ်ကြောင့် တစ်ဝက်ခန့် ဖုံးနေသည်။ သူသည် လုံချန်း၏ ဘေးမှ ဖြတ်လျှောက်သွားစဉ် သူတို့၏ ပုခုံးများ တိုက်မိသွားကြသော်လည်း ရိုက်ခတ်မှုမှာ သေးငယ်သည်။
"တောင်းပန်ပါတယ်" ထိုသူက လုံချန်းကို ပြောပြီး ဆက်လက် ထွက်ခွာသွားသည်။ အသံမှာ ဆယ်ကျော်သက်တစ်ဦး၏ အသံနှင့် တူသည်။ လုံချန်းက ထိုသူကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုကာ ဆက်လက် ထွက်ခွာခဲ့သည်။
သူ မသိလိုက်သည့်အချက်မှာ ထိုခေါင်းစွပ်ဝတ်ထားသူသည် သူ၏ အဝတ်အစားများအောက်တွင် နတ်ကောင်းကင်ဘုံဂိုဏ်း၏ အခု ၂၀မြောက် ကျေးဇူးတင် တံဆိပ်ကို ဆွဲထားခြင်း ဖြစ်သည်။ ၎င်းမှာ အပြင်လူများ မမြင်နိုင်အောင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။
လုံချန်းသည် ဝိညာဉ်နက်ဂိုဏ်းတွင် ကျေးဇူးတင် တံဆိပ်ကို ရရှိခဲ့စဉ်က ဤတိုကင်များသည် အထူးအဆန်းဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အခု ၂၀ သာ ရှိကြောင်း သိရှိခဲ့ရသည်။ ၎င်းတို့သည် နတ်ကောင်းကင်ဘုံဂိုဏ်းသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော အရာများ ဖြစ်သည်။ ဂိုဏ်းသို့ ဝင်ရောက်ပြီး ၁၄ ရက် မပြည့်မီတွင် ထိုတံဆိပ်များ ပျောက်ကွယ်သွားပြီး တိုက်ကြီး၏ မသိနိုင်သော ထောင့် အသီးသီးတွင် ပြန်လည် ပေါ်လာတတ်ကြောင်းလည်း သိခဲ့ရသည်။
နတ်ကောင်းကင်ဘုံဂိုဏ်းကို စူးစမ်းရှာဖွေမှုတစ်ခုစီ ပြီးတိုင်း အခြားဂိုဏ်းများသည် ထိုတံဆိပ်များအား ရှာဖွေရန် အပြင်းအထန် ကြိုးစားကြရသည်။
ထိုခေါင်းစွပ်ဝတ်ထားသူမှာ တိုကင် ရှိနေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ၎င်းကို အသုံးပြု၍ နတ်ကောင်းကင်ဘုံဂိုဏ်းသို့ မဝင်ရောက်ရသေးခြင်း ဖြစ်သည်။
လုံချန်း ထွက်ခွာသွားစဉ် ခေါင်းစွပ်ဝတ်ထားသူသည်လည်း လုံချန်း၏ ကျောပြင်ကို လှည့်ကြည့်လိုက်သည်။
သူ၏ မျက်နှာတွင် နားလည်သဘောပေါက်သည့် အပြုံးတစ်ခု ရှိနေသည်။ ၎င်းမှာ နူးညံ့ပြီး ရန်လိုမှုမရှိသော်လည်း တစ်ခုခု လျှို့ဝှက်ချက် ရှိနေပုံရသည်။
ထိုခေါင်းစွပ်ဝတ်ထားသူသည် ဆက်လက် ထွက်ခွာသွားပြီး မကြာမီ လူအုပ်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
လုံချန်း လက်ရှိရှိနေသော တိုက်ကြီးနှင့် အလွန်ဝေးကွာသော နေရာတွင် အခြားတိုက်ကြီးတစ်တိုက် ရှိသည်။ ၎င်းမှာ မင်ယု မွေးဖွားရာ တိုက်ကြီး ဖြစ်သည်။
ထိုတိုက်ကြီးတွင် အင်ပါယာများနှင့် နိုင်ငံ များစွာ ရှိသည်။ ထိုတိုက်ကြီး၏ အင်အားမှာလည်း လုံချန်းတို့ တိုက်ကြီးထက် အများကြီး ပို၍ မြင့်မားသည်။
မင်ယု၏ တိုက်ကြီးကို အသိပညာနှင့် အင်အားရှိသူများအကြား ကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံဟုလည်း ခေါ်ကြသည်။
ထို ရာနှင့်ချီသော အင်ပါယာများထဲတွင် ကြယ်တာရာနှင့် ချန်တီးဟူသော အင်ပါယာ နှစ်ခု ရှိသည်။ ၎င်းတို့သည် သုံလောက အင်ပါယာ၏ လုပ်ကြံမှုကြောင့် ပဋိပက္ခများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ သုံးလောက အင်ပါယာသည် မင်ယု၏ အစ်ကိုကို သတ်ဖြတ်ခဲ့ပြီး၊ သူသည် ချန်တီး အင်ပါယာ၏ မင်းသမီးနှင့် လက်မထပ်မီ သာမန်မိန်းကလေးတစ်ဦးနှင့် ထွက်ပြေးသွားသကဲ့သို့ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စကြောင့် ကြယ်တာရာနှင့် ချန်တီး အင်ပါယာတို့အကြား တင်းမာနေသော ဆက်ဆံရေးမှာ လုံးဝ ပြတ်တောက်သွားခဲ့သည်။
အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာသည်။ ချန်တီး နှင့် ကြယ်တာရာတို့မှာ တစ်ဖက်နှင့်တစ်ဖက် ရန်စောင်နေကြသည်။ ချန်တီး ဧကရာဇ်က ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် သူ့ကိုရော၊ သူ့သမီးကိုပါ စော်ကားခြင်း ဖြစ်သည်ဟု ကြယ်တာရာအား အပြစ်တင်နေသော်လည်း... ကြယ်တာရာ ဧကရာဇ်ကမူ သူ၏သားကို ပြန်ပေးဆွဲသွားသည်ဟု ချန်တီးအား အပြစ်တင်နေသည်။ ကြယ်တာရာ ဧကရာဇ်သည် သူ၏သား ထွက်ပြေးသွားသည်ဟူသော အချက်ကို မယုံကြည်ပေ။
ချန်တီးသည် ငြိမ်းချမ်းရေးအား မလိုလားသောကြောင့် သူ၏သားကို ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်ဟု သူက စွပ်စွဲသည်။
အခြေအနေမှာ အလွန်ဆိုးရွားသွားသဖြင့် အင်ပါယာ နှစ်ပြည်လုံးသည် စစ်ပွဲ စတင်ခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ သုံးလောက အင်ပါယာသည် သူ၏ အိမ်နီးချင်း နှစ်နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖျက်ဆီးနေကြသည်ကို စိတ်ဝင်တစား ကြည့်ရှုနေသည်။ သူတို့၏ အစီအစဉ်မှာ အပြည့်အဝ အောင်မြင်ခဲ့သည်။
သူတို့၏ အစီအစဉ်တွင် တစ်ခုတည်းသော ပြဿနာမှာ ပျောက်ဆုံးနေသော ကြယ်တာရာ မင်းသမီး မင်ယု ဖြစ်သည်။ သူမသည် သူမ၏ အစ်ကိုကို သတ်ခဲ့သူမှာ သုံးလောက ဖြစ်ကြောင်း သိရှိထားသူ ဖြစ်သည်။ သူမကို ယခုထိ ဖမ်းမမိသေးဘဲ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ အကယ်၍ သူမသာ တစ်နေ့တွင် နန်းတော်သို့ ပြန်ရောက်လာပါက သူတို့၏ အစီအစဉ် တစ်ခုလုံးမှာ ပြောင်းပြန် ဖြစ်သွားလိမ့်မည်ကို သုံးလောက ဧကရာဇ် သိရှိထားသည်။
ကြယ်တာရာ နှင့် ချန်တီး အင်ပါယာတို့၏ နယ်စပ်များတွင် စစ်ပွဲများ ဖြစ်ပွားနေသော်လည်း ၎င်းမှာ အနိုင်အရှုံး မပေါ်မီ နှစ်ပေါင်းများစွာ ကြာရှည်မည့် စစ်ပွဲဖြစ်မည်ကို လူတိုင်း သိရှိကြသည်။
ထိုအချိန်တွင် သုံးလောက အင်ပါယာမှာမူ အတော်အတန် ငြိမ်သက်နေသည်။
သုံးလောက အင်ပါယာရှိ အရက်ဆိုင် တစ်ဆိုင်အတွင်း လူနှစ်ယောက်သည် စားပွဲတစ်ခုံတွင် ထိုင်နေကြသည်။
ထိုသူများထဲမှ တစ်ယောက်သည် အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦးဖြစ်ပြီး မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိပေ။ သူသည် သူ၏မျက်နှာကို ဖုံးကွယ်ရန် မျက်နှာဖုံးအပြည့် တပ်ထားလေတော့သည်။