အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း (၃၄၃) - မှော်တိုက်ပွဲ၊ လူပြက် (၁)
~နတ်မိမယ် ဖုန်းလင် သည် သူမ၏ ဖီးနစ်မျက်ဝန်းများဖြင့် စုယွီကို တစ်ချက် စူးစိုက်ကြည့်လိုက်သည်။ သူမအနေဖြင့် စုယွီ၏ စကားကို လုံးဝ မယုံကြည်နိုင်ပေ။
‘သူက တကယ်ပဲ သူမလောက် မတော်တာလား။
ဒီလူ ပြောနေတာတွေက လှည့်စားနေတာ သက်သက်ပဲ။
အကယ်၍ သူသာ သူပြောသလို ညံ့ဖျင်းနေခဲ့မယ် ဆိုရင်... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ရွှေအမြုတေ အဆင့် (၂) ကို ရောက်နေမှာ မဟုတ်ဘူး။
သူက သူမထက် အဆင့်သေး တစ်ဆင့်လောက်ပဲ နိမ့်တာလေ။’
ဒီအဆင့် ရောက်နေပြီ ဆိုကတည်းက စုယွီရဲ့ ပါရမီ စွမ်းရည်က လူအများစုထက် သာလွန်နေပြီ ဆိုတာ သူမ သတိပြုမိသည်။
'သူက ပါးစပ်ကသာ သူ မတော်ပါဘူး ပြောနေတာ... သူ့ဆီက ထွက်နေတဲ့ အရှိန်အဝါက အရမ်းကို နက်ရှိုင်းပြီး ကြွယ်ဝလွန်းတယ်... ပြီးတော့ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် ကိုပါ ပူးတွဲ ကျင့်ကြံနေတာ'
နတ်မိမယ် ဖုန်းလင် တိတ်တဆိတ် တွေးတောနေမိ၏။
'ကောင်းမွန်တဲ့ တာအို အခြေခံအုတ်မြစ် ဆိုတာ သူ့လိုမျိုး ဖြစ်နေမလား'
ဒီ တာအို အခြေခံအုတ်မြစ် ကိစ္စက သူမကို နေရခက်စေသည်။
ဘာကြောင့်လဲ ဆိုတော့ သူမ အနေဖြင့် ကောင်းကင်ဘုံကို အာခံနိုင်လောက်သည့် အခွင့်အလမ်းကြီး ရရှိခဲ့လို့သာ လက်ရှိ တာအို အခြေခံအုတ်မြစ် ကို ပိုင်ဆိုင်ထားနိုင်တာ ဖြစ်၏။
ဒါဆို စုယွီ ကရော...
သူမ ကြားဖူးသလောက်တော့ စုယွီက အဲ့ဒီလို ကြီးမားသော အခွင့်အရေးမျိုး ရရှိခဲ့တယ် ဆိုတာ တစ်ခါမှ မကြားဖူးပါ။
သူက ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး နေရာကိုလည်း မသွားခဲ့သလို... ကောင်းကင်လေပြင်း နန်းတော် အပျက်အစီး နေရာကိုလည်း မသွားခဲ့ပေ။
ဒါဆို သူက ဘယ်လိုလုပ်ပြီး ဓာတ်ကြီးငါးပါး ကို ပူးတွဲ ကျင့်ကြံနိုင်ခဲ့သည်လဲ။
ဒီနေ့ သူ ပိုင်ဆိုင်ထားသည့် တာအို အခြေခံအုတ်မြစ် ကို ဘယ်လိုလုပ် ရရှိခဲ့သလဲ။
သူက တော်တော်လေး လျှို့ဝှက်တတ်တာပဲ။
ယခု တာ့ယွဲ့ လျှို့ဝှက် ရေကန် ထဲတွင် နတ်မိမယ် ဖုန်းလင် အကဲခတ် မရဆုံး လူမှာ စုယွီ တစ်ယောက်သာ ရှိပေသည်။
နေ့ဝက်ခန့် ကြာပြီးနောက်...
မာရှစ်ချင်း သည် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ခင်းကျင်းထားသော အခင်းအကျင်းကို ဖျက်သိမ်းလိုက်၏။ သူ ခင်းကျင်းထားသော အခင်းအကျင်းသည် သာမန် အခင်းအကျင်းများနှင့် မတူပေ။ သူကိုယ်တိုင် အခင်းအကျင်း၏ ဗဟိုချက်မ ဖြစ်အောင် လုပ်ဆောင်ထားပြီး လူနှင့် အခင်းအကျင်း တစ်သားတည်း ဖြစ်စေကာ၊ အခင်းအကျင်းနှင့် ကောင်းကင်ဘုံကို ပေါင်းစပ်ထားသကဲ့သို့ ရှိသည်။
ထို နေ့ဝက် အတွင်းမှာပင် စုယွီ၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် ယွီခယ်အာ တို့သည် မာရှစ်ချင်း ခင်းကျင်းထားသော အခင်းအကျင်းကို လေ့လာနေခဲ့ကြ၏။
သို့သော် မာရှစ်ချင်း ဘယ်လို အခင်းအကျင်းမျိုး သုံးသွားလဲ ဆိုတာကိုတော့ သူတို့ထဲက ဘယ်သူမှ နားမလည်နိုင်ခဲ့ကြပေ။
တကယ်တမ်း သေချာတာ တစ်ခုကတော့... မာရှစ်ချင်း သည် အဆင့် (၃) မြေဆရာ စစ်စစ် ဖြစ်သည် ဆိုသော အချက်ပင်။
မြေဆရာသခင် များသည် အလွန် စွမ်းအားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်ကာ ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
မာရှစ်ချင်း ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်ကလည်း ရွှေအမြုတေ အဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်ရာ... စုယွီနှင့် အခြားသူများသည် ဆံပင်ဖြူ အရေးအကြောင်းများဖြင့် မာမိသားစုဝင် ပါရမီရှင်ကို လျှော့မတွက်ရဲကြပေ။
မာရှစ်ချင်း ကျင့်ကြံခြင်းမှ နိုးထလာသောအခါ စုယွီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အပြုံးဖြင့် ရှေ့သို့ တိုးသွားကာ မေးမြန်းလိုက်၏။
“တာအိုဆရာ မာ... ခင်ဗျား အဆင်ပြေမယ် ဆိုရင် ကျွန်တော့် မိသားစု ဂူစံအိမ် အတွက် အဆင့် (၃) တောင်ကာကွယ်ရေး အခင်းအကျင်း တစ်ခုလောက် လာရောက် တည်ဆောက်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ် ဗျာ”
မာရှစ်ချင်း သည် ခေါင်းမော့လိုက်ပြီး သူ့ရှေ့တွင် ရပ်နေသော တခါမှ မသိကျွမ်းဖူးသည့် အပြာရောင် ဝတ်စုံနှင့် ပါရမီရှင် လူငယ်လေးကို ကြည့်လိုက်သည်။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေ၏။
“အဆင့် (၃) တောင်ကာကွယ်ရေး အခင်းအကျင်း တစ်ခု တည်ဆောက်ဖို့ ကုန်ကျစရိတ်က မနည်းဘူး ဗျ... လောလောဆယ် ကျွန်တော့် အနေနဲ့ အဆင့် (၃) အဆင့်နိမ့် အခင်းအကျင်း တစ်ခုတော့ တည်ဆောက်ပေးနိုင်ပါတယ်... ဒါပေမဲ့ လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ တာအိုဆရာ စုယွီ ဘက်ကပဲ ပြင်ဆင်ပေးရလိမ့်မယ်”
“ဒါ့အပြင် အဆင့် (၃) အဆင့်နိမ့် တောင်ကာကွယ်ရေး အခင်းအကျင်း အတွက် လက်ခ အနေနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ကျသင့်ပါမယ်”
ထိုစကားကို ကြားသောအခါ စုယွီ ဝမ်းသာသွားပြီး ချက်ချင်းပင် သဘောတူလိုက်၏။
“ကိစ္စ မရှိပါဘူး ဗျာ... ကျေးဇူးတင်ပါတယ် တာအိုဆရာ မာ”
သူသည် မာရှစ်ချင်း နှင့် သိပ်မရင်းနှီးသလို၊ ဆက်ဆံရေးလည်း ကြီးကြီးမားမား မရှိလှပေ။ သူက စမ်းပြီး မေးကြည့်လိုက်ခြင်းသာ ဖြစ်သော်လည်း မာရှစ်ချင်း က သူ့အတွက် အဆင့် (၃) တောင်ကာကွယ်ရေး အခင်းအကျင်း တည်ဆောက်ပေးရန် သဘောတူလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဤ တောင်ကာကွယ်ရေး အခင်းအကျင်း ဆိုသည်မှာ ပေါ့ပေါ့တန်တန် တည်ဆောက်၍ ရသော အရာ မဟုတ်ပေ။ ပစ္စည်းအမြောက်အမြား၊ စွမ်းအင်နှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်၏။
ပုံမှန် အခင်းအကျင်း တစ်ခုသည် နယ်ပယ် သိပ်မကျယ်ဝန်းသဖြင့် အလံတိုင် အနည်းငယ် ပြုလုပ်ရုံဖြင့် ပြီးစီးနိုင်သည်။
သို့သော် တောင်ကာကွယ်ရေး အခင်းအကျင်း သည် အနည်းဆုံး (၁၀) မိုင်၊ သို့မဟုတ် မိုင်ပေါင်း ဒါဇင်နှင့်ချီ၍ လွှမ်းခြုံထားရသည်။ ဤမျှ ကြီးမားသော နယ်ပယ်ကို လွှမ်းခြုံနိုင်သည့် အခင်းအကျင်း တစ်ခုကို တည်ဆောက်ရန် သာမန် အခင်းအကျင်း ဆရာတစ်ယောက် အနေဖြင့် နှစ်အနည်းငယ် ကြာမြင့်နိုင်၏။
ကျွမ်းကျင်သော အခင်းအကျင်း ဆရာတစ်ယောက် ဖြစ်လျှင်ပင် တစ်နှစ်ခွဲခန့် ကြာမြင့်နိုင်သည်။
မာရှစ်ချင်း က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ အပြင်ရောက်ရင် လိုအပ်တဲ့ ပစ္စည်းစာရင်းကို ရေးပေးလိုက်ပါ့မယ်... တာအိုဆရာ စုယွီ ဘက်က ပစ္စည်းတွေ အဆင်သင့် ဖြစ်တဲ့အခါ ကျွန်တော့်ကို အကြောင်းကြားလိုက်ပါ... ကျွန်တော် အချိန်ရတာနဲ့ ချက်ချင်း လာပြီး တည်ဆောက်ပေးပါ့မယ်”
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ဆိုသော ဈေးနှုန်းသည် မများလှပေ။ ဒါက မိတ်ဆွေ ဈေးနှုန်းဟုပင် ဆိုရပေမည်။
အကယ်၍ အခြား မိသားစု တစ်ခုခုကသာ ဒီဈေးနှုန်း ပေးပြီး တောင်ကာကွယ်ရေး အခင်းအကျင်း တည်ဆောက်ခိုင်းမည် ဆိုပါက သူ လုံးဝ ဂရုစိုက်မည် မဟုတ်ချေ။
သို့သော်၊ စုယွီ ကတော့ မတူပါချေ။
တာ့ယွဲ့ နန်းတော် က ရှာဖွေတွေ့ရှိပြီး ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို ယှဉ်ပြိုင် တိုက်ခိုက်မည့် ပါရမီရှင် (၅) ဦး စာရင်းတွင် ထည့်သွင်း ရွေးချယ်ခံရခြင်း ကပင် စုယွီ၏ ပါရမီနှင့် စွမ်းရည်ကို သက်သေပြနေပြီ ဖြစ်၏။
စောစောက ကျင့်ကြံနေစဉ် အတွင်း စုယွီ၏ လှုပ်ရှားမှုများနှင့် အရှိန်အဝါများကို ပြန်တွေးမိသောအခါ မာရှစ်ချင်း သည်လည်း စုယွီနှင့် မိတ်ဖွဲ့ထားလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ကိုယ်ပိုင် ပါရမီက ကောင်းမွန်သည် ဆိုသော်လည်း... မြေဆရာသခင် လမ်းစဉ်သည် အလွန် အန္တရာယ် များလှသည်။
ထို့ကြောင့် သူတို့ မာမိသားစု သည် သွေးမျိုးဆက် ပါးလျားလာမှုကြောင့် ဆက်လက် မတိုးတက်နိုင် ဖြစ်နေရ၏။
ပြီးတော့ သူ ကိုယ်တိုင်လည်း ဘယ်လောက်ကြာကြာ ဆက်ပြီး အသက်ရှင်နိုင်မလဲ၊ ဘယ်လောက် ခရီးဆက်နိုင်မလဲ ဆိုတာ မသေချာပေ။
စုယွီနှင့် မိတ်ဆွေဖွဲ့ထားခြင်းက မာမိသားစု အတွက် အကျိုးရှိလာနိုင်စရာ ရှိ၏။
အနည်းဆုံးတော့ အနာဂတ်မှာ မာမိသားစု အတွက် နောက်ထပ် ရန်သူတစ်ယောက် မတိုးလာစေတော့ပေ။
မာရှစ်ချင်း ကျင့်ကြံခြင်း ပြီးဆုံးသွားသည့် အချိန်တွင် လူ (၅) ဦးစလုံး နိုးထလာကြပြီ ဖြစ်ပြီး... တာ့ယွဲ့ လျှို့ဝှက် ရေကန် ထဲရှိ စွမ်းအင်များသည်လည်း ကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ။ ထို့ကြောင့် သူတို့သည် တာအိုဆရာ ရှုဟိုင် ကို ခေါ်ယူပြီး လျှို့ဝှက်နယ်မြေ တံခါးဖွင့်ပေးရန်နှင့် ပြန်လည် ခေါ်ထုတ်ပေးရန် အကြောင်းကြားလိုက်ကြ၏။
တာအိုဆရာ ရှုဟိုင် ဝင်လာပြီး ကုန်ခမ်းခါနီး ဖြစ်နေသော တာ့ယွဲ့ လျှို့ဝှက် ရေကန် ကို မြင်လိုက်ရသောအခါ လျှသစပ်လိုက်မိသည်။ သူသည် စုယွီ၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် အခြားသူများကို ကြည့်လိုက်ရာ ဘီလူးသရဲစီးနေသော လူများကို ကြည့်သကဲ့သို့ ဖြစ်နေ၏။
“ကျုပ် ခင်ဗျားတို့ကို လျှော့တွက်မိတာပဲ ဗျာ... တကယ်လို့ သာမန် ရွှေအမြုတေ အဆင့် အစောပိုင်း ကျင့်ကြံသူ (၅) ယောက်သာ ဆိုရင် ဒီရေကန်ထဲမှာ (၂) လ၊ (၃) လ လောက်အထိ ကျင့်ကြံလို့ ရနိုင်ပါတယ်”
“ခင်ဗျားတို့ (၅) ယောက်ကတော့ လဝက် အတွင်းမှာတင် တာ့ယွဲ့ လျှို့ဝှက် ရေကန် ရဲ့ စွမ်းအင်တွေကို ကုန်စင်အောင် စုပ်ယူပစ်လိုက်ကြပါလား”
ထိုအခါ၊ နတ်မိမယ် ဖုန်းလင် က ပါးလွှာသော အပြုံးလေး ပြုံးလိုက်ပြီး စုယွီကို ကြည့်ကာ ပြောလိုက်၏။
“ကျွန်မတို့က (၅) ယောက်တည်း မဟုတ်ဘူး ရှင့်... တာအိုဆရာ စုယွီ က ဓာတ်ကြီးငါးပါး ပူးတွဲ ကျင့်ကြံနေတယ် ဆိုတာကို ရှင်သာ သိရင်... ဒီနှုန်းထားအရ ဆိုရင် ကျွန်မတို့က လူ (၉) ယောက် ကျင့်ကြံနေသလို ဖြစ်နေပြီ ဆိုတာ တွက်ချက်မိမှာပါ”
ဒီမိန်းမ... ဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထား ပြောနေရတာလဲ။
စုယွီ မျက်ခုံး အနည်းငယ် ကျုံ့လိုက်မိသည်။
တာအိုဆရာ ရှုဟိုင် သည် ခေတ္တမျှ ကြောင်အ သွားပြီးနောက် ခေါင်းခါယမ်းလိုက်၏။
“နှမြောစရာပါပဲ ဗျာ... တာ့ယွဲ့ လျှို့ဝှက် ရေကန် က ဒီလောက်ပဲ ကြီးတာကိုး... အခု စွမ်းအင်တွေ ကုန်သွားပြီ ဆိုတော့လည်း ကျုပ် ခင်ဗျားတို့ကို ပြန်ခေါ်ထုတ်သွားပေးရုံပဲ ရှိတော့တာပေါ့”
တာ့ယွဲ့ လျှို့ဝှက် ရေကန် တည်ရှိရာ လျှို့ဝှက်နယ်မြေ မှ ထွက်ခွာလာပြီးနောက် သူတို့ (၅) ဦးသည် တာ့ယွဲ့ နန်းတော် မှ စီစဉ်ပေးထားသော တောင်ခါးပန်းရှိ ခြံဝင်းဆီသို့ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့တွင်...
တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာ ရှုယွီ၊ တာအိုဆရာမ ချင်းချွမ်၊ စုယွီ၊ လော့ချန်ယွီ၊ ယွီခယ်အာ နှင့် လော့ချန်ကုန်း တို့သည် တစ်ဖန် ပြန်လည် ဆုံတွေ့ကြပြန်၏။ သူတို့၏ အိမ်ရှင် ဖြစ်သော တာ့ယွဲ့ နန်းတော် မှ တာအိုဆရာ ရှုဟိုင် သည် ဧည့်ခံသူ အဖြစ် တာဝန်ယူပြီး အားလုံးအတွက် လက်ဖက်ရည် ဖျော်စပ်ပေးလေသည်။
အခန်း (၃၄၄) - မှော်တိုက်ပွဲ၊ လူပြက် (၂)
~တာအိုဆရာ ရှုဟိုင် သည် ဝိညာဉ်လက်ဖက်ရည် ကို ခေတ္တမျှ နှပ်ထားပြီးနောက်... လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ သူ၏ ချီစွမ်းအားများကို အသုံးပြု၍ လက်ဖက်ရည်ရည်များကို လူတိုင်း၏ ခွက်များထဲသို့ အလိုအလျောက် စီးဝင်သွားစေလိုက်သည်။
ထို့နောက် တာအိုဆရာ ရှုဟိုင် က လက်ကာပြလိုက်ပြီး ဖိတ်ခေါ်လိုက်သည်။
“သုံးဆောင်ကြပါဦး... မိတ်ဆွေတို့... ဒါက ကျွန်တော့်ဆရာ ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုကနေ ရှာတွေ့ခဲ့တဲ့ ထိပ်တန်း ဝိညာဉ်လက်ဖက်ခြောက် ပါ... စိတ်ကို ကြည်လင်စေပြီး ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်... ဒုတိယအကြိမ် ရေနွေးထည့်ထားတဲ့ အရည်က အကောင်းဆုံး ဖြစ်ပြီး... ခဏလေး နှပ်ထားတဲ့ အချိန်က အရသာ အရှိဆုံးပါပဲ”
“အဟဲ၊ အားမနာတမ်း သုံးဆောင်ကြပါ”
တာအိုဆရာ ရှုဟိုင် သည် ရယ်လိုက်ပြီး သူ၏ လက်ဖက်ရည်ခွက်ကို မယူလိုက်သည်။ အငွေ့တထောင်းထောင်း ထနေသော ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံမျှ သောက်လိုက်၏။
လက်ဖက်ရည်ကို မြည်းစမ်းကြည့်လိုက်ပြီးနောက်... ဝိညာဉ်လက်ဖက်ရည် အများစုသည် ဆင်တူကြသော်လည်း စိုက်ပျိုးသည့် အခြေအနေ၊ အရည်အသွေးနှင့် ပြုစုစောင့်ရှောက်မှုအပေါ် မူတည်ပြီး အရသာနှင့် အာနိသင် ကွာခြားကြောင်း စုယွီ သတိပြုမိလိုက်သည်။
သေချာသည်မှာ တာအိုဆရာ ရှုဟိုင် သည် ဧည့်သည်များကို ဧည့်ခံရန်အတွက် သူ့ဆရာ၏ ဝိညာဉ်လက်ဖက်ခြောက်ကို ပြင်ဆင်ရာတွင် အတော်လေး အားစိုက်ထုတ်ထားပုံ ရသည်။
အနည်းဆုံးတော့ ဒီလို အဆင့်မြင့် ဝိညာဉ်လက်ဖက်ခြောက်မျိုးကို တန်ယန် မြို့တော် မှာ ရှာဖွေဝယ်ယူ၍ မရနိုင်သလို၊ စုယွီ ဆီမှာလည်း မရှိသေးပေ။
'လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ ရှေးဟောင်း လျှို့ဝှက်နယ်မြေ ထဲမှာများ ရှိနေမလား'
စုယွီ စဉ်းစားလိုက်မိသည်။ ယခင်က သူသည် ဝိညာဉ်လက်ဖက်ပင် ကို ရှာဖွေရန် အားစိုက်ထုတ်ခြင်း မရှိခဲ့ပေ။
အကယ်၍ သူသာ ဝိညာဉ်လက်ဖက်ပင် ကောင်းကောင်း တစ်ပင်၊ နှစ်ပင်လောက် ရှာတွေ့ခဲ့မည် ဆိုပါက... နေ့စဉ် စကားစမြည် ပြောဆိုခြင်းနှင့် မိတ်ဆွေများနှင့် လက်ဖက်ရည်ဝိုင်း ဖွဲ့ရာတွင် သုံးစွဲရန် အလွန် ကောင်းမွန်ပေလိမ့်မည်။
ထို့အပြင် သူကိုယ်တိုင် ပြုစုစောင့်ရှောက်နေစရာလည်း မလိုပေ။ ဝိညာဉ်သစ်ပင် စိုက်ပျိုးသူ ဂျိယန် ရှိနေသည် မဟုတ်ပါလား။
ခဏကြာသောအခါ...
စုယွီသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တာအိုဆရာ ရှုယွီ ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
“တာအိုဆရာ ရှုယွီ... တကယ်လို့ ကျွန်တော်တို့က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ပါရမီရှင်တွေနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်... ဘာတွေကို သတိထားသင့်သလဲ ဗျ”
ထိုအခါ၊ လော့ချန်ယွီ နှင့် တာအိုဆရာ ရှုဟိုင် အပါအဝင် လူတိုင်း၏ အာရုံသည် တာအိုဆရာ ရှုယွီ ထံသို့ စုပြုံ ရောက်ရှိသွားကြသည်။ တာအိုဆရာမ ချင်းချွမ်၊ ယွီခယ်အာ နှင့် လော့ချန်ကုန်း တို့သည်လည်း သိချင်စိတ် ပြင်းပြနေကြသည်။
ဇီကွမ်း နယ်မြေ သည် တာ့ယွဲ့ နယ်မြေ ၏ မြောက်ဘက်တွင် တည်ရှိပြီး... အနာဂတ်တွင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ လူများနှင့် ထိပ်တိုက် တွေ့ဆုံနိုင်ခြေ များပြားလှသည်။
ရန်သူ့အကြောင်း ပိုမို သိရှိထားခြင်းက အမြဲတမ်း အကျိုးရှိစေသည် မဟုတ်ပါလား။
တာအိုဆရာ ရှုယွီ သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ရှင်းပြလာ၏။
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က နည်းလမ်း (၂) မျိုးမှာ ကျွမ်းကျင်ကြတယ်... တစ်ခုက ဝိညာဉ် ထိန်းချုပ်မှု ဖြစ်ပြီး၊ နောက်တစ်ခုက ကိုယ်ဖော့ပညာ သို့မဟုတ် ထွက်ပြေးလွတ်မြောက်ခြင်း စွမ်းရည်တွေပဲ... ဒီနည်းလမ်း (၂) ခု ပေါင်းစပ်လိုက်တဲ့အခါ သူတို့က တိုက်ခိုက်တာရော ခံစစ်ရော ကောင်းမွန်သွားကြတယ်”
“သူတို့နဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ အဓိက သတိထားရမှာက ဝိညာဉ် ကာကွယ်ရေး ပဲ... ကိုယ်က ပေါ့ဆမနေသရွေ့... ကျင့်ကြံခြင်း အဆင့်တူ သို့မဟုတ် နီးစပ်တဲ့ အနေအထားမှာ ဆိုရင်... ဝိညာဉ် နန်းတော် ကို အချိန်တိုအတွင်း လှုပ်ခါသွားအောင် လုပ်ဖို့ ခက်ခဲပါတယ်”
“အဲ့ဒီအချိန်အတွင်းမှာ သူတို့ကို ပိတ်လှောင်ထားဖို့ ဒါမှမဟုတ် အနိုင်ယူဖို့က အဓိက သော့ချက်ပဲ”
စုယွီ စဉ်းစားလိုက်ပြီး မေးလိုက်သည်။
“ဒါဆိုရင်... ကျွန်တော်တို့ ပုံရိပ်ယောင် လမင်း အဆောင် တွေကို သုံးလို့ ရမလား”
တာအိုဆရာ ရှုယွီ က တာအိုဆရာ ရှုဟိုင် ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သေချာ မသိပေ။
တာအိုဆရာ ရှုဟိုင် က ခေတ္တမျှ စဉ်းစားလိုက်ပြီး ၊
“ကြည့်ရတာတော့ သူတို့က မသုံးရဘူးလို့ မပြောထားပါဘူး... တစ်ချက်ပဲ ရှိတယ်... ကိုယ့်ရဲ့ ကျင့်ကြံခြင်း အဆင့်ထက် ကျော်လွန်တဲ့ ပစ္စည်းတွေကို သုံးခွင့်မရှိတာပါပဲ... ဥပမာအားဖြင့် ခင်ဗျားက ရွှေအမြုတေ အဆင့် အစောပိုင်း ကျင့်ကြံသူ ဆိုရင်... အဆင့် (၃) အဆင့်နိမ့် လက်နက်ကိရိယာတွေ၊ အဆောင်တွေ၊ သားရဲတွေ၊ အခင်းအကျင်းတွေ အကုန် သုံးလို့ ရပါတယ်... ဒါပေမဲ့ အဆင့် (၃) အလယ်အလတ်အဆင့် ပစ္စည်းတွေကိုတော့ သုံးခွင့်မရှိပါဘူး”
“တခြားနည်းနဲ့ ပြောရရင်... ခင်ဗျားက အဆင့် (၃) အလယ်အလတ်အဆင့် အဆောင်ပညာရှင် ဖြစ်နေမယ် ဆိုရင်တော့... ပြိုင်ပွဲမှာ အဆင့် (၃) အလယ်အလတ်အဆင့် အဆောင်တွေကို သုံးခွင့်ရှိတာပေါ့... သားရဲထိန်းချုပ်သူတွေ၊ အခင်းအကျင်း ဆရာတွေလည်း ဒီစည်းမျဉ်းအတိုင်းပါပဲ... ကိုယ့်အဆင့်ထက် မကျော်လွန်ဖို့ပဲ လိုတာပါ”
စုယွီ မျက်ခုံးပင့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
“ဒါက ဖြစ်သင့်တာ မဟုတ်ဘူးလေ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ပုံရိပ်ယောင် လမင်း အဆောင် တွေရဲ့ စွမ်းအားကို ကောင်းကောင်း သိထားမှာပဲ... သူတို့က ဒီပြိုင်ပွဲကို အဆိုပြုလာပြီးမှ ဘာလို့ ပုံရိပ်ယောင် လမင်း အဆောင် တွေကို သုံးခွင့်ပေးထားရတာလဲ”
“တကယ်လို့သာ သုံးခွင့်ရှိတယ် ဆိုရင်... ကျွန်တော်တို့က ပုံရိပ်ယောင် လမင်း အဆောင် တွေကိုပဲ ထုတ်သုံးလိုက်ရုံနဲ့... သူတို့ရဲ့ ပါရမီရှင်တွေ လှုပ်နိုင်ပါ့ဦးမလား”
တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာ ရှုယွီ နှင့် လော့ချန်ယွီ အပါအဝင် လူတိုင်း တိတ်ဆိတ်သွားကြပြီး ဤကိစ္စကို စဉ်းစားလိုက်ကြသည်။
အမှန်ပင်... ဒီရှုထောင့်ကနေ ကြည့်လိုက်ရင် တစ်ခုခု လွဲနေသလိုပင်။
“သူတို့ဆီမှာ ပုံရိပ်ယောင် လမင်း အဆောင် တွေကို ဖျက်ဆီးနိုင်တဲ့ နည်းလမ်းများ ရှိနေမလား”
တာအိုဆရာ ရှုဟိုင် က ခန့်မှန်းလိုက်၏။
စုယွီ ခေါင်းခါယမ်းလိုက်သည်။
“ပုံရိပ်ယောင် လမင်း အဆောင် တွေမှာ ဟင်းလင်းပြင် နဲ့ ပုံရိပ်ယောင် စွမ်းအား နှစ်မျိုးစလုံး ပါဝင်နေတယ်... ကြမ်းတမ်းတဲ့ အင်အားနဲ့ ဖြေရှင်းတာကလွဲရင်... နောက်ထပ် တစ်နည်းက အဆောင်ရဲ့ စွမ်းအား သက်ရောက်မှု နယ်ပယ်ကနေ ရှောင်တိမ်းတာပဲ ရှိတယ်... ဒါပေမဲ့ သူတို့က ရှောင်တိမ်းဖို့ ပြင်ဆင်ထားရင်တောင်မှ အရမ်း ခက်ခဲပါလိမ့်မယ်”
“ဘာကြောင့်လဲ ဆိုတော့ သူတို့က အဆောင် တစ်ခုကို ရှောင်နိုင်မယ်... ဒါမှမဟုတ် အင်အားသုံးပြီး ဖျက်ဆီးနိုင်မယ် ထားဦး... အဆောင် (၅) ခု၊ (၁၀) ခုလောက် ဆိုရင်ရော .. ဘယ်လို လုပ်ကြမလဲ”
ရုတ်တရက်...
စုယွီသည် တာအိုဆရာ ရှုဟိုင် ဘက်သို့ လှည့်ကြည့်လိုက်ပြီး မေးမြန်းလိုက်၏။
“တာအိုဆရာ ရှုဟိုင်... ခင်ဗျား ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က အစွမ်းထက် ကျင့်ကြံသူရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံရတုန်းက... အဆောင်တွေ ခင်ဗျားလက်ထဲမှာ ရှိနေသေးလား”
တာအိုဆရာ ရှုဟိုင် က ပြန်ဖြေသည်။
“ရှိပါတယ်... ကျွန်တော်က ဝှက်ထားလိုက်တော့ သူတို့ ရှာမတွေ့ခဲ့ကြဘူး... သူတို့လက်ထဲမှာ ပုံရိပ်ယောင် လမင်း အဆောင် တွေ မရှိပါဘူး”
စုယွီ ထပ်မံ မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။
“ဒါဆိုရင်တော့ ထူးဆန်းနေပြီ...”
အချိန်အတော်ကြာ စဉ်းစားသော်လည်း ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဘာကြံစည်နေလဲ ဆိုတာကို စုယွီ နားမလည်နိုင် ဖြစ်နေသည်။
ခေတ္တမျှ ကြာပြီးနောက် စုယွီက အကြံပြုလိုက်၏။
“ဒါဆိုရင်တော့... မိတ်ဆွေ အနေနဲ့ ဂိုဏ်းက အကြီးအကဲတွေကို တင်ပြပြီး အဆင့် (၃) အဆင့်နိမ့် ပုံရိပ်ယောင် လမင်း အဆောင် တချို့ တောင်းထားလိုက်ပါ... တကယ်လို့ ပြိုင်ပွဲကျမှ သုံးခွင့်ပြုတယ် ဆိုရင်လည်း ပုံရိပ်ယောင် လမင်း အဆောင် တွေကို တိုက်ရိုက် ထုတ်သုံးလိုက်ကြတာပေါ့”
ဒီတစ်ကြိမ် ပြိုင်ပွဲတွင် အသက်အရွယ် ကန့်သတ်ချက်နှင့် လက်နက်ကိရိယာ အဆင့် ကန့်သတ်ချက်ကလွဲရင် အခြား နည်းလမ်းများကို မကန့်သတ်ထားပေ။
နောက်ပိုင်းတွင် လူတိုင်း အခြားကိစ္စများကို ဆွေးနွေးလိုက်ကြ၏။
စုယွီက တာအိုဆရာ ရှုဟိုင် ကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ရှန်ယွမ် မက်မွန်ပင် အပြင်... တာအိုဆရာ ရှုဟိုင် အနေနဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှာ တခြား ရတနာတွေများ တွေ့ခဲ့သေးလား ဗျ”
ထိုအကြောင်း ပြောလိုက်သည်နှင့် တာအိုဆရာ ရှုဟိုင် သည် နှမြောတသစွာဖြင့် လက်ဝါးကို ရိုက်လိုက်မိသည်။
“တွေ့တာပေါ့ဗျာ... ကံဆိုးတာက ကျုပ်.. ရှန်ယွမ် မက်မွန်ပင် ကို တူးနေတုန်း ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီးကို သတိပေးမိသလို ဖြစ်သွားတာပဲ... ကျုပ်သာ မြန်မြန် ထွက်မပြေးခဲ့ရင် အဲ့ဒီမှာတင် ကိစ္စတုံးသွားနိုင်တယ်”
စုယွီက သူ့ကို ဘာသုံးပြီး ထွက်ပြေးခဲ့လဲ ဆိုတာ မမေးတော့ဘဲ ဆက်လက် မေးမြန်းလိုက်သည်။
“ဘာရတနာတွေ တွေ့ခဲ့တာလဲ”
တာအိုဆရာ ရှုဟိုင် က ပြောပြ၏။
“အဲ့ဒါက ဆေးဖက်ဝင် စိုက်ခင်း လျှို့ဝှက်နယ်မြေ အသေးစားလေး ပါ... အဲ့ဒီ လျှို့ဝှက်နယ်မြေ ထဲမှာ ရွှေအမြုတေ သစ်သီးပင်တွေလည်း ပုံအောနေတာပဲ၊ ... ပြီးတော့ မူလဝိညာဉ် ဖွဲ့စည်းရာမှာ အထောက်အကူပြုတဲ့ ဝိညာဉ်ဆေးပင် တစ်မျိုးကိုတောင် သီးခြား အခင်းအကျင်း တစ်ခုထဲမှာ တွေ့ခဲ့ရသေးတယ်... ဒါပေမဲ့ အခြေအနေက အရမ်း အရေးကြီးနေတော့... ရှန်ယွမ် မက်မွန်ပင် ကလည်း ထိပ်တန်း ရတနာ၊ ပြီးတော့.. ကျွန်တော့်အတွက်လည်း အသုံးဝင်နေတာမို့လို့... အဲ့ဒီအပင်ကိုပဲ တူးပြီး တန်းပြေးခဲ့ရတာပါပဲ”
အခန်း (၃၄၅) - မှော်တိုက်ပွဲ၊ လူပြက် (၃)
~ဝိညာဉ်ဆေးပင်များ စိုက်ပျိုးထားသော လျှို့ဝှက်ဥယျာဉ် တစ်ခုလား။
ရွှေအမြုတေ သစ်သီးပင် အနည်းငယ်နှင့် ရင့်ကျက်နေသော ဝိညာဉ်ဆေးပင် အများအပြား ရှိနေသည်ဟု ဆိုသည်။
ထိုအချက်က စုယွီ၏ စိတ်ဝင်စားမှုကို အမှန်တကယ် နိုးကြားစေခဲ့၏။
သူ့အနေဖြင့် အမြုတေဖွဲ့စည်းခြင်း ဆေးလုံး များကို မလိုအပ်သော်လည်း... ဤအရာများသည် မိမိ မိသားစု၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် တည်ဆောက်နိုင်သော သို့မဟုတ် မိမိ လိုအပ်သည့် ရတနာများနှင့် လဲလှယ်နိုင်သော အဖိုးတန် ပစ္စည်းများ ဖြစ်ကြသည်။ ၎င်းတို့၏ တန်ဖိုးမှာ သာမန်ကာလျှံကာ မဟုတ်ပေ။
အကယ်၍ သူသာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ပိုင်ဆိုင်သော ဝိညာဉ်ဥယျာဉ်ကို ပြောင်သလင်းခါအောင် သိမ်းယူနိုင်ခဲ့လျှင်... သူ ကြီးပွားချမ်းသာသွားမည်မှာ အသေအချာပင်။
တာအိုဆရာ ရှုယွီ က ဖြည့်စွက် ပြောပြ၏။
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ပင်မစခန်းကလွဲရင်... ကျန်တဲ့ အဖွဲ့ခွဲ (၁၈) ခုမှာလည်း သူတို့ ကိုယ်ပိုင် လျှို့ဝှက်နယ်မြေတွေ၊ ဂူစံအိမ်တွေ ရှိကြတယ်... နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ သူတို့ရဲ့ အရင်းအမြစ် ပမာဏက အရမ်း များပြားလွန်းလို့ ကျုပ်တို့ ကောင်းကင် အပျက်အစီး ခန်းမဆောင် တောင် အတိအကျ မသိနိုင်ပါဘူး”
သူတို့နှစ်ဦး ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ အရင်းအမြစ်များ အကြောင်း ဆွေးနွေးနေသည်ကို စုယွီက စိတ်ထဲတွင် သေချာ မှတ်သားထားလိုက်သည်။
လောလောဆယ်တော့ သူသည် ဤ အရင်းအမြစ်များ အတွက်နှင့် အရာအားလုံးကို စွန့်စားရဲခြင်း မရှိသေးပေ။
သို့သော် အနာဂတ်တွင်မူ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ဘဏ္ဍာတိုက်များနှင့် ဥယျာဉ်များကို ပြောင်သလင်းခါအောင် လုပ်နိုင်မည့် အခွင့်အရေးများ ရှိလာနိုင်ပေသည်။
ခဏကြာသောအခါ...
စုယွီ၊ လော့ချန်ယွီ၊ ယွီခယ်အာ နှင့် လော့ချန်ကုန်း တို့သည် ပြန်လည် ထွက်ခွာသွားကြပြီး၊ တာအိုဆရာ ရှုယွီ သည်လည်း နှုတ်ဆက်ကာ ပြန်သွား၏။
တာအိုဆရာမ ချင်းချွမ် သည် စာကြည့်တိုက် ဝင်းမှ ထွက်ခွာလာပြီး သူမ၏ ဆရာ ကျင့်ကြံရာ ဂူစံအိမ်သို့ ပြန်လာခဲ့သည်။ သူမသည် ခမ်းနားထည်ဝါသော နန်းတော်ကြီး တစ်ခုအတွင်းသို့ ဝင်ရောက်သွား၏။
နန်းတော်၏ ရှေ့တွင်... တောက်ပသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီး တစ်ဦးသည် ပလ္လင်ပေါ်တွင် မှီထိုင်နေ၏။ သူမ၏ လက်ထဲတွင် ဝိုင်ဘူးသီးခြောက် တစ်လုံးကို ကိုင်ထားပြီး၊ မျက်ဝန်းများမှာ မြူဆိုင်းနေသကဲ့သို့ ရီဝေနေ၏။ သူမ၏ မျက်နှာသည် ဝိုင်အရှိန်ကြောင့် ပန်းရောင်သန်းနေပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။
ချင်းချွမ် ပြန်ရောက်လာသည်ကို မြင်သောအခါ... ထို လှပသော အမျိုးသမီးကြီးသည် မျက်လုံးများကို ပျင်းရိစွာ ဖွင့်ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“ကောင်မလေး ပြန်ရောက်လာပြီလား”
“ဘယ်လိုလဲ... ဟို ပါရမီရှင်တွေရဲ့ အရှိန်အဝါကြောင့် မင်း လန့်သွားသလား”
တာအိုဆရာမ ချင်းချွမ် သည် ရှေ့သို့ လျှောက်လာပြီး သူမ၏ လက်ထဲမှ ဝိုင်ဘူးသီးခြောက်ကို ဆွဲယူလိုက်ကာ ညည်းညူလိုက်သည်။
“ဆရာမ ကလည်း ဒီလောက် အများကြီး သောက်ပြန်ပြီလား”
ထိုသို့ ပြောလိုက်သော်လည်း သူမကိုယ်တိုင် တစ်ငုံ မော့သောက်လိုက်ပြီး လျှာသပ်လိုက်လေသည်။
“ဆရာမ ကို ပြောပြမယ်... တကယ်လို့ ဆရာမ သာ ဝိုင်သောက်ဖို့ စိတ်အားထက်သန်သလောက် ကျင့်ကြံခြင်း မှာ အားစိုက်ခဲ့မယ် ဆိုရင်... အခုလောက်ဆို ရွှေအမြုတေ အဆင့် (၉) ကို ရောက်နေလောက်ပြီ”
“ပြီးတော့ သမီးကို ကောင်မလေး လို့ မခေါ်ပါနဲ့... သမီး မငယ်တော့ပါဘူး”
ထိုသို့ ပြောရင်း ချင်းချွမ် သည် ခါးကို မတ်မတ်ရပ်ပြလိုက်သည်။
အနီရောင် ဝတ်စုံနှင့် အမျိုးသမီးကြီးသည် ပလ္လင်ပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး ချင်းချွမ် ၏ ရင်ဘတ်ကို တစ်ချက် မျက်လုံးကစားကာ ဟားတိုက် ရယ်လိုက်၏။
“မင်း ငြင်းချင်သလောက် ငြင်းစမ်းပါ... မင်း မျက်နှာက တော်တော် ထူတာပဲ... ဟဲ ဟဲ... ကောင်မလေး”
တာအိုဆရာမ ချင်းချွမ် သည် သူမကို မျက်စောင်းထိုးလိုက်ပြီး ဝိုင်ဘူးသီးခြောက်ကို ပြန်ပစ်ပေးလိုက်သည်။
“တစ်နေ့ကျရင် ဆရာမ ကို ဝယ်မယ့်သူ ရှာပြီး ရောင်းစားပစ်လိုက်မယ်”
“ဂရုမစိုက်ပါဘူး”
အရက်ကြမ်း တာအိုဆရာမလေး က ပျင်းရိစွာ ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ မင်း ငါ့ကို ရောင်းစားလိုက်ရင်... မင်းလည်း ဒီလို ဝိုင်ကောင်းကောင်းတွေ သောက်ရတော့မှာ မဟုတ်ဘူးနော်”
ထိုသို့ ပြောရင်း သူမသည် ဝိုင်ဘူးသီးခြောက်ကို ပြန်သိမ်းလိုက်ပြီး ချင်းချွမ် ကို မေးလိုက်၏။
“မင်းရဲ့ စီနီယာ အစ်မတော် က ဟို ပါရမီရှင်တွေကို သွားစစ်ဆေးခိုင်းတာ ဘယ်လိုလဲ... ဘာတွေ တွေ့ခဲ့လဲ”
ထိုအခါ၊ တာအိုဆရာမ ချင်းချွမ် သည် မျက်မှောင်ကြုတ်လိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်သည်။
“စုယွီ က အလားအလာ အရှိဆုံးလို့ ထင်ရတယ်... သူ့ရဲ့ စိတ်အာရုံ စွမ်းအားက အားလုံးထဲမှာ အားအကောင်းဆုံးပဲ... ဒါပေမဲ့ သူက ကျင့်ကြံစ ကတည်းက ဆေးပညာ၊ အဆောင်ပညာ နဲ့ ရုပ်သေးပညာ တွေကို လိုက်စားခဲ့တာ ဆိုတော့... အခု အဲ့ဒီ ပညာရပ် (၃) ခုစလုံးမှာ အဆင့် (၃) အဆင့်နိမ့် အဆင့်ကို ရောက်နေပြီလေ”
“ဒါကြောင့် သူ့ရဲ့ စိတ်အာရုံ စွမ်းအား ကောင်းနေတာက ပုံမှန်ပါပဲ... သူ ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ရထားတယ်လို့ တပ်အပ်ပြောလို့ မရဘူး”
အရက်ကြမ်း တာအိုဆရာမလေး က စဉ်းစားလိုက်ပြီး အကြံပြုလိုက်သည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ... ငါ မင်းကို သူ့ဆီ လက်ထပ်ပေးလိုက်မယ်... ပြီးရင် မင်းက သူ့ကို နန်းတော်ထဲ ဆွဲခေါ်လာပြီး ငါတို့ နန်းတော်ရဲ့ တပည့် ဖြစ်လာအောင် လုပ်လိုက်လေ”
တာအိုဆရာမ ချင်းချွမ် သည် သူမကို စူးစိုက်ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။
“လုပ်ရဲ လုပ်ကြည့်လေ... နန်းတော်သခင်မ ကို တိုင်လိုက်မှာ”
အရက်ကြမ်း တာအိုဆရာမလေး က ပေါ့ပေါ့ပါးပါးပင်။
“ဒါက နန်းတော် အတွက် ကောင်းအောင် လုပ်ပေးတာပဲလေ... ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ... အခုက ခေတ်ကောင်း အချိန်အခါ လည်း ဖြစ်နေသလို၊ မင်းလည်း အရွယ်ရောက်နေပြီပဲ... အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ... တစ်ယောက်ယောက်ကို ရှာပြီး လက်ထပ်လိုက်ရင် မင်းဘဝလေး သာယာသွားမှာပါ”
တာအိုဆရာမ ချင်းချွမ် က နှာခေါင်းရှုံ့လိုက်ပြီး ဆွဲဆောင်မှု ရှိလွန်းသော အရက်ကြမ်း တာအိုဆရာမလေး ကို ကြည့်ကာ ပြန်ပြောလိုက်သည်။
“ဆရာမ ကရော ဘာလို့ အိမ်ထောင်မပြုတာလဲ... သမီး အမြင် ပြောရရင် ဆရာမ သာ အိမ်ထောင်ပြုသင့်တာ... အဲ့ဒါမှ နန်းတော် အတွက် နောက်ဆုံး အကျိုးပြု လုပ်ငန်း တစ်ခု လုပ်ပေးရာ ရောက်မှာ”
“ငါက လိုချင်ရင်တောင်မှ... ဘယ်သူက ငါ့ကို လက်ထပ်ရဲမှာလဲ... ငါ့ဒဏ်ကို သူတို့ ခံနိုင်ပါ့မလား”
အရက်ကြမ်း တာအိုဆရာမလေး က ရှက်ရွံ့ခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သူမ၏ ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် မည်သူမျှ သူမကို အလွယ်တကူ ထိတွေ့နိုင်ခြင်း မရှိပေ။
“ဆရာမ က အရှုံးပေးလွယ်လွန်းတယ်”
တာအိုဆရာမ ချင်းချွမ် သည် သူမ၏ ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ သူမ၏ အရှိန်အဝါသည် ရုတ်ချည်း ပြောင်းလဲသွားပြီး အရက်ကြမ်း တာအိုဆရာမလေး ပင်လျှင် လေးစားရလောက်သော အာဏာစက် တစ်ခု ထွက်ပေါ်လာသည်။
“ဒီတစ်ခေါက် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က စီစဉ်တဲ့ ပါရမီရှင် ပြိုင်ပွဲက နည်းနည်းတော့ ထူးဆန်းနေတယ်”
“သမီး ထင်တာကတော့... သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ရှန်ယွမ် မက်မွန်ပင် မဟုတ်လောက်ဘူး... ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ဖြစ်ဖို့ များတယ်”
“ပါရမီရှင် ပြိုင်ပွဲ တစ်ခုတည်းနဲ့တင်...သမီးတို့ နန်းတော်ရဲ့ ပါရမီရှင်တွေ အကုန်လုံး စုရုံးရောက်ရှိလာကြပြီ... ဒီအချက်က ဘယ်သူ့ဆီမှာ ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ရှိနေလဲ ဆိုတာကို သူတို့ ရှာဖွေဖို့ အခွင့်အရေး ရသွားစေတယ်”
ထိုအခါ၊ အရက်ကြမ်း တာအိုဆရာမလေး က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သုံးသပ်ပြ၏။
“မင်းပြောတာ ဖြစ်နိုင်ချေ ရှိတယ်... ဒါပေမဲ့ ငါတို့ နန်းတော်မှာ တကယ်ပဲ အဲ့ဒီပညာရပ် မရှိပါဘူး... ပြီးတော့ ငါတို့က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကိုလည်း မကြောက်ပါဘူး”
“ဒါကြောင့်မို့လို့... ဘယ်သူ့ဆီမှာ အဲ့ဒီပညာရပ် ရှိနေလဲ ဆိုတာကို သမီး သိချင်နေတာ”
တာအိုဆရာမ ချင်းချွမ် က ပြောလိုက်သည်။
ထိုအချိန်တွင် အရက်ကြမ်း တာအိုဆရာမလေး က ရုတ်တရက် မေးမြန်းလိုက်၏။
“ကိုးဝိညာဉ် မိစ္ဆာ နန်းတော် နဲ့ သွေးဖီးနစ် ကောင်းကင်ဂိတ်တံခါး က ဖုန်းလော့ စံအိမ်တော် တို့က အခု ငါတို့နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို စောင့်ကြည့်နေကြတယ်လို့ မင်း ထင်လား”
“သေချာပေါက် စောင့်ကြည့်နေမှာပေါ့”
တာအိုဆရာမ ချင်းချွမ် က ဆက်ပြောလာသည်။
“ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး... အချိန်တန်လို့ ကျွန်မတို့ မနိုင်ရင် ရှုဟိုင် ကိုပဲ ခေါင်းခံခိုင်းလိုက်မယ်... ဘာပဲဖြစ်ဖြစ် ပြဿနာ အများစုကို သူပဲ ရှာခဲ့တာလေ... တာဝန်အားလုံးရဲ့ (၉၉.၉) ရာခိုင်နှုန်းကို သူပဲ ယူရမှာ... ကျန်တဲ့ (၀.၁) ရာခိုင်နှုန်း လောက်ကိုပဲ ရှုဟိုင် အတွက် ချန်ထားပေးလိုက်မယ်”
သူမစကားကို ကြားသောအခါ၊ အရက်ကြမ်း တာအိုဆရာမလေး သည် ကလေးဆန်သော မျက်နှာလေးနှင့် ချင်းချွမ် ကို မျက်တောင်ခတ်လျက် ကြည့်လိုက်ပြီး သတိပေးလိုက်၏။
“သူက အခု မင်းရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်နေပြီနော်”
တာအိုဆရာမ ချင်းချွမ် က သက်ပြင်းတစ်ချက် ဖွဖွလေး ချလိုက်သည်။
“အချိန် နည်းနည်းလောက် ပေးပါဦး... ဒီကောင်မလေး ဘာလုပ်ပြနိုင်လဲ ဆိုတာကို သမီးရဲ့ ‘ဆရာသခင်’ မြင်စေရပါမယ်”
သူမတို့ စကားပြောနေစဉ် အရက်ကြမ်း တာအိုဆရာမလေး သည် ချင်းချွမ် ကို လေးလေးနက်နက် ကြည့်လိုက်ပြီး မေးမြန်းလိုက်၏။
“ဒီတစ်သက်မှာ... မင်း တာ့ချန် အင်မော်တယ် ကမ္ဘာကြီးဆီ သွားဖို့ အစီအစဉ် ရှိလားဟယ်”
“စောင့်ကြည့်ကြသေးတာပေါ့... အလျင်လိုစရာ မရှိပါဘူး”
တာအိုဆရာမ ချင်းချွမ် က ပြန်ပြောလိုက်သည်။