← Chapters

တုဖက်မယှဥ်သာအောင်ဖြစ်ရပါသော

Vol. 9 Ch. 869

တုဖက်မယှဥ်သာအောင်ဖြစ်ရပါသော

Vol. 9 Ch. 869

ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးနှင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးတို့ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝင်းလက်သွား၏။ သူက နတ်အဆင့်ကျင့်ကြံသူများအား တိုက်ခိုက်သည့် အတွေ့အကြုံများသည်ဟု မပြောနိုင်ပါသော်လည်း မြေရိုင်းဒေသတွင် ရှိခဲ့စဥ် အတောအတွင်း အကြိမ်ရေအတော်များများ သူရင်ဆိုင်ခဲ့ဖူးသည်။

သရဲကြီးမြို့တော်က ခေါင်းဆောင်ကြီး သုံးဦးဖြစ်စေ၊ ဗဟိုဧကရာဇ်မြို့တော်ရှိ ကောင်းကင်နယ်စားများကိုဖြစ်စေ၊ သူတစ်ကြိမ်ထက်ပို၍ တိုက်ခိုက်ခဲ့ဖူးသော သခင်မလေးဟုန်ချိန်ဖြစ်စေ၊ သို့မဟုတ် ရင်သပ်ရှူမောဖွယ် တိုက်ပွဲကြီးကို ကြည့်ရှုခဲ့ရခြင်းကြောင့်ဖြစ်စေ ထိုအခြင်းအရာအားလုံးက သူ့အပေါ်ကြီးစွာေသာ သက်ရောက်မှုဖြစ်စေခဲ့သည်။

ထိုအတွေ့အကြုံများအားလုံးကြောင့် သူသည် နတ်အဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် အလွန်အကျူး စိုးရိမ်နေခြင်းမရှိပေ။ ထိုနှစ်ယောက်ကို တိုက်ခိုက်နိုင်သည့်တိုင် အန္တရာယ်များမည်ကို သူ ချက်ချင်း အာရုံရလိုက်သည်။ ထိုမျှသာမက သူတို့က ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းသားများအား တိုက်ခိုက်သတ်ဖြတ်ခြင်းဖြင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လျှင် သူရင်ဆိုင်ရမည့်အကျိုးဆက်များကား ကြောက်မက်ဖွယ်ကောင်းလာနိုင်သည်။

အမှန်တွင် အစကတည်းက သူတို့သုံးယောက်သား ပူးပေါင်းလုပ်ဆောင်ခဲ့လျှင် အကြောင်းကိစ္စများက ကွဲပြားခြားနားစွာ ဖြစ်ပျက်သွားနိုင်သည်။ ပိုင်ရှောင်ချန်းက ယခုထက်ပို၍ ယုံကြည်ချက်ရှိလျှင်တောင်မှ ရင်ဆိုင်ရခက်သော အခြေအနေတစ်ရပ်ဖြစ်သွားပေမည်။ ဤသည်မှာ အဏ္ဏဝါခေါ်သံဂိုဏ်းဖြစ်သည်မဟုတ်ပါလော။ ပိုင်ရှောင်ချန်းက စစ်မြေပြင်မှ အလွယ်တကူ ထွက်မပြေးနိုင်သည့်တိုင် သူ၏ရန်သူများက ထွက်ပြေးနိုင်ပေသည်။

ထိုအခြင်းအရာကို ထည့်တွက်မိခြင်းကြောင့် ပထမဦးစွာ သူက သူ၏ရန်သူများထဲကတစ်ယောက်ကို လျှပ်စီးလက်သည့်အလား ဖျက်စီးပစ်လိုက်ရခြင်း ဖြစ်ပေသည်။

ယခုတွင် နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်သာ ကျန်တော့သည့်တိုင် သူ စိုးရိမ်နေရဆဲဖြစ်သည်။

ယခုအခါ အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ဂိုဏ်းလုံး စစ်တလင်းပြင် ဖြစ်နေပြီး နေရာတိုင်းတွင် တဝုန်းဝုန်း တဂျိန်းဂျိန်း ပေါက်ကွဲသံများ မြည်ဟည်းနေေတာ့သည်။ ၎င်းမှာ သူက ပထမဆုံး လက်တုံ့ပြန်ရာတွင် လက်ဖျားခါလောက်အောင် ပြတ်ပြတ်သားသား အောင်နိုင်ခဲ့၍ အဏ္ဏဝါခေါ်သံဂိုဏ်းသားများကို စိတ်ဓာတ်တက်ကြွစေခဲ့ပြီး ဂိုဏ်းသုံးဂိုဏ်းလုံးရှိဂိုဏ်းသားများ၏ နှလုံးသားများစွာကို လှုပ်ယမ်းပစ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ထိုအရာအားလုံးက သူ့အတွေးများကို စိုးမိုးထား၏။ သို့သော် သူက တိုက်ပွဲအား မည်သည့်ကိုင်တွယ်ရမည်ကို သူမတူအောင် သဘောပေါက်နားလည်လာခဲ့သည့်အတွက် နတ်အဆင့်ကျင့်ကြံသူနှစ်ယောက် သူ့ထံချဥ်းကပ်လာစဥ် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ထာဝရပြုစားခြင်းသိုင်းအား အသုံးပြုလိုက်၏။ သူက တည်နေရာရွှေ့ပြောင်းခြင်းကို ကျော်လွန်သော အမြန်နှုန်းဖြင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံသွားနေရာမှ ရုတ်ချည်း ဦးတည်ချက်ပြောင်းကာ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံ လှစ်ခနဲ လှုပ်ရှားလိုက်သည်။

တချိန်တည်းမှာပင် သူက သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်ကာ သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်ပြီး ကောင်းကင်တံတားဓမ္မမျက်လုံးအား ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအပေါ် အာရုံစိုက်လိုက်သည်။

ခေါင်းဆောင်ကြီးမှာ သံပြုတ်တူဖြင့် ညှပ်ခံလိုက်သည့်အလား သရဲလက်ကြီးများသဖွယ် သူ့ကို ဖမ်းဆွဲကာ ချုပ်နှောင်လိုက်သော ဆွဲငင်အားကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်သွားလေသည်။

မှော်မျက်လုံး၏ အံမခန်းသက်ရောက်မှုများကြောင့် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး မျက်နှာပျက်သွားစဥ် ပိုင်ရှောင်ချန်းက ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံ လျှပ်စီးလက်သည့်အလား ချဥ်းကပ်သွား၏။

ထိုစဥ် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက နက္ခတ်တာရာအစုံ ခင်းကျင်းထားသည့် ကောင်းကင်ဝေဟင်ပြင်ကဲ့သို့ အနက်ရောင်မြူများကို ဖန်ဆင်းလိုက်သည်။ ယင်းက နေရာအကျယ်ကြီး သက်ရောက်နေပါသော်လည်း ပိုင်ရှောင်ချန်းအတွက် ကြီးကြီးမားမား တုန်လှုပ်စရာ မဟုတ်ပေ။ သို့သော် ခေါင်းဆောင်ကြီးသာ ၄င်းကို အဏ္ဏဝါခေါ်သံဂိုဏ်းသားများအပေါ် ပြောင်းလဲလိုက်ပါက အကျိုးဆက်များကို စိတ်ကူး၍ပင် ရမည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်း သိသည်။

ကျစ်မြစ်ဂိုဏ်းခွဲနတ်အဆင့်ကျင့်ကြံသူ ဆင့်ခေါ်ခဲ့သည် နတ်ဆိုးမှာမူ ကြောက်ခမန်းလိလိ အတိုက်အခိုက်စွမ်းရည်များ ရှိသည့်တိုင် ပိုင်ရှောင်ချန်းက တစ်ချက်လေးပင် မရပ်နားဘဲ တဟုန်ထိုးသွားလိုက်သည်။

အရာအားလုံးက မျက်စိတစ်မှိတ်လေးအတွင်း ဖြစ်ပျက်သွား၏။ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး ချုပ်နှောင်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ပိုင်ရှောင်ချန်းက လျင်မြန်စွာ အရှိန်တင်လိုက်ရာ ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးရှေ့တည့်တည့် ရောက်သွား၏။ ထိုနေရာသို့ရောက်သော် သူက လက်သီးဆုပ်လိုက်ပြီး လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သည်။

လက်သီးချက်က ကောင်းကင်နှင့်မြေပြင်ကို တုန်ဟီးသွားစေပြီး ကြောက်မက်ဖွယ် အပြင်အားများပါဝင်နေသော လေပွေကြီးတစ်ခုအသွင်ဖြင့် ခေါင်းဆောင်ကြီးအပေါ် ဦးတည်သွား၏။

ခေါင်းဆောင်ကြီး မျက်နှာပျက်သွားသည်။ သူက ဟိန်းဟောက်ရင်း မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ နတ်ဆိုးက ရှေ့တစ်လှမ်းတက်ပြီး သူနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် မိစ္ဆာချီများက အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာကာ အသေးစားဒိုင်းကာတစ်ခု ဖြစ်တည်လာသည်။

ပိုင်ရှောင်ချန်း၏လက်သီးက မိစ္ဆာချီဒိုင်းကို ထိလိုက်သည်နှင့် ဝုန်းခနဲ ပေါက်ကွဲသံတစ်ခု မြည်ဟည်းသွားတော့ငည်။ ဒိုင်းက တခဏကြာသည်အထိ အက်ကွဲသံများ ထုတ်လွှတ်ပြီးနောက်ဆုံး ပျက်စီးသွားတော့သည်။ သို့ရာတွင် ထိုသို့ဖြစ်သွားချိန် နောက်ထပ်ဒိုင်းငယ်တစ်ခု ပေါ်လာပြီးနောက် တတိယမြောက်တစ်ခု။

ပိုင်ရှောင်ချန်းတွင် စဥ်းစားရန်သော်လည်းကောင်း၊ အစီအစဥ်ချရန်သော်လည်းကောင်း အချိန်မရှိပေ။ သူက နောက်ဆုတ်မည့်အစား မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီး ရှေ့တက်လိုက်သည်။

" အသက်ဝင်တောင်ဂါထာ "

ဝုန်း

ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ လေပေါ်မြောက်တက်လာကြပြီး ပိုင်ရှောင်ချန်းပတ်ပတ်လည်တွင် သူ ဧရာမကျောက်လူကြီးဖြစ်သွားသည်အထိ ဖြစ်တည်လာတော့သည်။

ယခုတွင် သူသည် မီတာရာပေါင်းများစွာ မြင့်မားပြီး ကောင်းကင်ကိုတုန်လှုပ်၍ မြေပြင်တို့ အက်ကွဲသွားစေသော စွမ်းအင်များဖြင့် တဟုန်းဟုန်းတောက်လောင်နေ၏။ ထို့ပြင် အသက်ဝင်တောင်ဂါထာက သူ၏ အပြင်အားကိုတိုးပွားလာစေသည့်အတွက် သူသည် မြင်ကွင်းထဲရှိ အရာအားလုံးနှင့် အတိုင်းထက်အလွန် မတူမတန်သည့် ပုံပေါက်နေတော့သည်။ သူက လက်သီးဖြင့် ထိုးကာ ဒုတိယမြောက်ဒိုင်းကိုလည်းကောင်း၊ တတိယမြောက်ကိုလည်းကောင်း၊ စတုတ္ထမြောက်ကိုလည်းကောင်း ဖျက်စီးပစ်လိုက်သည်။

အရာအားလုံး အလျင်အမြန် ဖြစ်ပျက်နေခြင်းကြောင့် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏မျက်နှာတွင် အံသြတုန်လှုပ်ခြင်းများ လွှမ်းမိုးသွား၏။ သူ မည်သို့မျှ မလုပ်နိုင်ခင်မှာပင် အသက်ဝင်တောင်ဂါထာပုံစံအတွင်းရှိဆဲဖြစ်သည့် ပိုင်ရှောင်ချန်းက တောင်ဖြိုသိုင်းကို ထုတ်လွှတ်လိုက်သည်။

မကောင်းဆိုးဝါးအသွင် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက နောက်ဆုတ်လိုက်စဥ် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက သူ့ကို ချုပ်နှောင်ထားသည့် အနှောင်အဖွဲ့များအား အသည်းအသန် ရုန်းကန်လိုက်သည်။ နောက်ဆုံးတွင် ၎င်းတို့ ပျက်စီးသွားပြီး သူက ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရာတွင် ပူးပေါင်းရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် ခေါင်းလှည့်လာကာ သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးအကြည့်ကို ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအပေါ် အာရုံစိုက်လိုက်သည်။

ထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားပြီး ခေါင်းဆောင်ကြီးမှာ ရူးမတတ်စိတ်ပျက်သွားကာ အနှီယုတ်မာသောပြိုင်ဘက်၏ ချုပ်နှောင်ခြင်းအား နောက်တစ်ဖန် ခံလိုက်ရပြန်သည်။ သူရုန်းကန်နေစဥ် ပိုင်ရှောင်ချန်းက ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံ ဆက်သွားကာ အသက်ဝင်တောင်ဂါထာသုံးရင်း နောက်ထပ်တိုက်ကွက်ကို အားအပြည့်ထည့်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်ရှောင်ချန်းက လက်သီးချက်ပေါင်းဒါဇင်များစွာ တရစပ်ထုတ်လွှတ်လိုက်သည့်အတွက် တဘုန်းဘုန်း မြည်ဟည်းသွား၏။ ထိုလက်သီးချက်များအားလုံးက ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ နတ်ဆိုးအပေါ် ကျရောက်သွားသည်။ သူက နောက်သို့ ထပ်ကာထပ်ကာ နောက်ဆုတ်နေရလေရာ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးနှင့် တဖြေးဖြေး ဝေးကွာသွားတော့သည်။

ကြည့်ရှုနေကြသော ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်း၏ အံသြတုန်လှုပ်ဖွယ် စွမ်းအားကြီးကြောင့်သာမက သူက အလိုအလျောက် တရစပ် တိုက်ခိုက်နေသည်ကို ကြည့်ကာ ချာချာလည်အောင် မူးနောက်နေတော့သည်။

အတိုတောင်းဆုံးအခိုက်အတန့်လေးအတွင်း သူက မှော်စွမ်းအားအသုံးပြု၍ ရန်သူတစ်ယောက်ကို ချုပ်နှောင်ခဲ့ပြီး နောက်တစ်ယောက်ကို အပြင်အားဖြင့် တိုက်ခိုက်နေသည်။

ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ သွပ်သွပ်ခါ ရူးတော့မတတ်ပင်။ ပိုင်ရှောင်ချန်း၏ အဖျက်အဆီး လေပွေက သူ၏ချီနှင့်သွေးများအား ပရမ်းပတာဖြစ်သွားစေတော့သည်။ သူ့ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာသည့်တိုင် ဤမျှနှင့် မပြီးသေးချေ။ သူက တန်ပြန်တိုက်ခိုက်တော့မည့်အချိန်မှာပင် ပိုင်ရှောင်ချန်း၏မျက်လုံးများ စူးရှတောက်ပသွားပြီး ဟိန်းဟောက်လာသည်။

သူ ထိုသို့လုပ်လိုက်သည်နှင့် အသက်ဝင်တောင်ဂါထာ ပြိုကျသွားပြီး ကျောက်တုံးများအားလုံး သူ့ရှေ့ပြေးဝင်လာကြကာ ဧရာမလက်သီးကြီးတစ်လုံးဖြစ်သွားလေသည်။ ထိုလက်သီးကြီးက နတ်ဆိုးအသွင်သဏ္ဍာန်ရှိသော ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအပေါ် ကျဆင်းသွား၏။

နားကွဲလုမတတ် ပေါက်ကွဲသံတစ်သံ စစ်မြေပြင်တွင် ပြည့်နှက်သွားသည်။ နတ်ဆိုးခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ခေါင်းဆောင်ကြီး၏ ကိုယ်အစစ်မှာ ပါးစပ်မှ သွေးများပန်းထွက်သွားရင်း တုန်လှုပ်သွားသော အမူအရာဖြင့် ပေါ်လာ၏။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက နောက်တစ်ဖန်လှည့်လိုက်ပြန်ပြီး သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးစွမ်းအားကို ထုတ်လွှတ်ကာ လွတ်မြောက်တော့မည့်ဆဲဆဲ ဖြစ်နေသော ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအား ချုပ်နှောင်ထားသော အနှောင်အဖွဲ့များကို တင်းကြပ်စေလိုက်သည်။

ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ ဖော်ပြ၍ပင် မရသော စိုးရိမ်သောကများ၊ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေချေပြီ။ သူက မတတ်သာသည့်အဆုံး လွတ်မြောက်နိုင်ရန် အန္တရာယ်များသော တန်ပြန်သက်ရောက်မှုများပင် ဖြစ်လင့်ကစား လိုအပ်သည်မှန်သမျှ ချက်ချင်းလုပ်ဆောင်လိုက်သည်။ သူသည် ပိုင်ရှောင်ချန်း၏ ပြိုင်ဘက်တစ်ယောက်မဟုတ်ကြောင်း နားလည်လိုက်သည့်အတွက် သူ၏တစ်ခုတည်းသော အခွင့်အရေးမှာ သူ့ကို နှောင့်ယှက်ရန် မျှော်လင့်ချက်များဖြင့် ဘေးလူများကို စတင်တိုက်ခိုက်ရမည်ဖြစ်ကြောင်း သိလေသည်။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ စူးရှတောက်ပလာ၏။ သူက ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံ နောက်တစ်လှမ်းတိုးလိုက်ရင်း ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ပြီးနောက် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ကာ အေးစိမ့်နယ်မြေအား ထပ်မံဆင့်ခေါ်လိုက်သည်။

ကီလိုမီတာ ၅၀၀ အကျယ်အဝန်းတစ်ခုလုံး ရေခဲပြင်ဖြစ်သွားပြီး အရိပ်ကိုးခုပေါ်လာကာ ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံ ဓားချွန်ကိုးချောင်းအလား ခုတ်ပိုင်းချလိုက်သည်။

" ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၊ ခင်ဗျားက သောက်သုံးမကျတဲ့ ခွေးကောင်ကြီးပဲ "

ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက အော်ဟစ်လိုက်သည်။ ခေါင်းဆောင်ကြီးနှစ်ဦးသည် အတူတကွအလုပ်လုပ်ရန် သဘောတူခဲ့ကြသော်လည်း ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ အကြိမ်ဖန်များစွာ လှုပ်မရအောင် ချုပ်နှောင်ခံထားရသဖြင့် သူ့ကို လုံးဝမကူညီနိုင်ခဲ့ပေ။ ထို့ကြောင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအား ပိုင်ရှောင်ချန်းကို မုန်းသည်ထက်ပင်ပို၍ မုန်းတီးလာတော့သည်။

သူက ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးနှင့်မတူဘဲ သူ၏ ယင်ယန်နတ်ဝိညာဥ်ကို သေစေနိုင်သော တိုက်ကွက်မှ ကာကွယ်ပေးနိုင်သည့် အထူးနတ်ဘုရားစွမ်းရည်မရှိပေ။ သို့ဖြစ်ရာ သူသာ တိုက်ပွဲတွင် အသတ်ခံရမည်ဆိုလျှင် သေမည်မှာ မလွဲဧကန်ပင်။ ယင်းမှာ သေစေနိုင်သော အခိုက်အတန့်တစ်ခုဖြစ်၍ သူ့မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

ပိုင်ရှောင်ချန်း၏ အေးစိမ့်ကိုယ်ပွားကိုးကောင် သူ့အပေါ် နီးကပ်လာချိန် သူက မတတ်သာသည့်အဆုံး အပြင်အားခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ရန် ရွေးချယ်လိုက်ရတော့သည်။

ဘုန်းး

All Chapters