အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အခန်း (၄၃၉) တိမ်ကိုခွင်းသောမြားတစ်စင်း
ဟွားယွဲ့ရှင်းသည် ထိုထိတ်လန့်ဖွယ်အစွမ်းထက်ပြီး မြန်ဆန်သောမြားကြောင့် သူမ အသက်ဆုံးရှုံးမည်မှန်း သေချာသိနေ၏။ သူမ အသက်ရှင်နေစဉ်အတောအတွင်း သူမစိတ်ထဲ၌ အတွေးများစွာ ဖျတ်ခနဲပေါ်လာသည်။ သူမ မဖြေရှင်းရသေးသည့်နောင်တတရားများစွာနှင့် မပြီးမြောက်သေးသော ကိစ္စရပ်များစွာ ရှိ၏။ ထိုအခိုက်အတန့်တွင် မျှော်နန်းသခင် ပေါ်လာလိမ့်မည်ဟုမထင်ထားပေ။ လုကျိုး၏ပေါ်ပေါက်လာမှုက သူမကို ဘေးကင်းလုံခြုံမှုကို ခံစားရစေ၏။ သူမနားခိုရာ အားကိုးရာ ကျောထောက်နောက်ခံ ရှာတွေ့သည့်ပမာဖြစ်နေသည်။ သူမက ချက်ချင်းဒူးထောက်လိုက်၏။
“မျှော်နန်းသခင် အသက်ကယ်ပေးတဲ့အတွက် ဟွားယွဲ့ရှင်းက ကျေးဇူးတင်ပါတယ်”
လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။ သူမကို စွမ်းအင်လှိုင်းတို့က ထူပြီးပြောလိုက်၏၊
“ဒီလိုလုပ်ဖို့အချိန်မဟုတ်ဘူး”
“နားလည်ပါပြီ” ဟွားယွဲ့ရှင်းက ချက်ချင်းပဲသူမအနေအထားကိုချိန်ညှိလိုက်၏။ လော့ယွဲ့လေးကိုင်းကို ကိုင်ကာ ပြောလိုက်တော့သည်။
“အနောက်တောင်အရပ်မှာ အနည်းဆုံး ပွင့်ချပ်ငါးလွှာ အဆင့်ရှိတဲ့ နတ်လေးသျှင်တစ်ယောက် ရှိရမယ်”
“သူကပွင့်ချပ်ငါးလွှာအဆင့်ပဲမဟုတ်ဘူး” လုကျိုးက မုတ်ဆိပ်သပ်လျက်ပြောလိုက်၏။
“ဟမ်...” လုကျိုးကရှေ့တစ်လှမ်းတိုးလိုက်သည်။ မဟာခန်းမအပြင်၌ သူက စစ်မြေပြင်ကို ငုံ့ကြည့်လိုက်၏။
ဟွားဝူတောက်သည်လည်း ထိတ်လန့်ဖွယ်မြားကို မြင်တွေ့လိုက်၏။ ဟွားယွဲ့ရှင်းသည် လရောင်အတောက်ပဆုံးနေရာတွင်ရှိနေရာ သူ့ကိုမမြင်နိုင်တော့ပေ။ သူ၏ပြူးကျယ်နေသော မျက်လုံးများက နီရဲသွားလေ၏။ သူ၏အိုမင်းရင့်ရော်ပြီး မောပန်းနွမ်းနယ်နေသော နှလုံးသားက နာကျင်နေသည်။ သူ့လက်ကိုဝေ့ယမ်းလျက် လန်လော့၏ဆုပ်ကိုင်မှုကနေ လွတ်အောင် ရုန်းထွက်လိုက်သည်။ “ဟွားယွဲ့ရှင်း”
“အကြီးအကဲဟွား ဘာလုပ်နေတာလဲ” လန်လော့က မျက်မှောင်ကျုံ့မိသွားသည်။ သူနှင့်ယှဉ်လျှင် လန်လော့က ပိုတည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိ၏။
ဟွားဝူတောက်က ရုန်းထွက်ပြီးနောက် နောက်ဆုတ်မည့်အစားရှေ့တိုးလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းတပည့်များသည် ထိတ်လန့်နေသောအမူအရာဖြင့် တောင်ပေါ်တွင် ပျံဝဲနေလေ၏။
“အကြီးအကဲဟွား စိတ်လွတ်သွားပြီးလား”
ထိုသို့တိုင် ဟွားဝူတောက်က သူတို့ပြောတာကြားပုံမရ။ သူ၏မျက်လုံးများ မီးဝင်းဝင်းတောက်လျက် လျို့ဟယ်တာအိုစည်းတံဆိပ် သင်္ကေတကိုးခုကိုထုတ်ဖော်လိုက်သည်။ ကနဦးချီတို့က သူ၏ ခန္ဓာကိုယ်ထဲကနေဝေ့တက်လာသည်။ သူကအော်ပြောလိုက်၏။ “မင်းရဲ့အသက်နဲ့ပေးဆပ်ရမယ်”
အဇဋာအကျော်အမော်များဂိုဏ်း၏ တာအိုသခင်ကျွယ်ယွမ်က ထိုအခြေအနေကြောင့် ထိတ်လန့်အံ့ဩသင့်သွားပြီး ရှေ့တိုးလာ၏။
ဟွားဝူတောက်၏ တိုက်ခိုက်မှုပုံစံသည် သူ့တစ်ဘဝလုံး၏ခုခံမှုကိုသာသုံးဟန်တူပြီး လွန်ခဲ့သည့် အနှစ်နှစ်ဆယ်၌ သူသည်ကျင့်ကြံရာ၌ ရိုးရှင်းသည့်ကဏ္ဍတစ်ခုတည်းကိုသာ အဆုံးစွန်ထိ လိုက်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြရင်း သူ၏အကြောက်တရားကို ရင်ဆိုင်ကာ ရုန်းကန်ခဲ့ရသည်။ ယင်းက သူ ဆုံးဖြတ်ချက်ပြတ်သားပြီး မည်မျှဇွဲသတ္တိရှိပြီး မည်မျှဇွဲလုံ့လရှိကြောင်း ပြသနေတာပဲဖြစ်၏။ သူသည် အကြောက်တရားတစ်ခုကို ကျော်ဖြတ်ရန်အတွက် အနှစ်နှစ်ဆယ်ကျော် သုံးလိုစိတ် ရှိသည်။ နောင်တတရားကို ဖြည့်ဆည်းရန်အတွက် နှစ်ပေါင်းတစ်ရာသုံးလိမ့်မည်။ သူ့ဘဝနှင့်ရင်းပြီးလက်စားချေမှာပဲဖြစ်သည်။
လျို့ဟယ်တာအိုစည်းတံဆိပ်၏ သင်္ကေတကိုးခုသည် မှန်းဆမရသောအရှိန်ဖြင့် လည်ပတ်နေတာပဲဖြစ်၏။
ဟွားဝူတောက်သည် သူ၏တာအိုစည်းတံဆိပ်များကြား ရပ်နေလျက် လက်အုပ်ချီလိုက်သည်။ သူ၏ အမြင်အာရုံထဲ၌ အဇဋာအကျော်အမော်များဂိုဏ်း၏ ဂိုဏ်းချုပ်ကျွယ်ယွမ် တစ်ယောက်သာ ကျန်ရှိသည်။
လျို့ဟယ်တာအိုစည်းတံဆိပ်က ယွင်ဂိုဏ်း၏အကြီးအကဲကိုးယောက်၏ ခေါင်းကို ဖြတ်ကျော်သွား၏။ စွမ်းအင်များ တကွဲတပြားစီ ဖြစ်သွားကာ သူတို့ကိုးယောက်က နောက်ကျွမ်းပြစ်သွားသည်။ ပတ်ဝန်းကျင်၌ သွေးမိုးများရွာကျလာ၏။ သူတို့ခွန်အားကြား ကွာခြားချက်က သိသိသာသာ ရှင်းရှင်းလင်းလင်းပြသလိုက်ပြီဖြစ်သည်။
တဖက်တွင်မူ ကျွယ်ယွမ်က စိတ်လှုပ်ရှားနေ၏။ သူကလေထဲသို့ခုန်တက်လိုက်သည်။ ပုံရိပ်ယောင်များစွာက ပျံသန်းလာပြီးလောင်မြိုက်သွား၏။ သူတို့က ပေါင်းစည်းသွားကာ ပါ့ကွားတစ်ခုနှင့်ဆင်တူသည်။ စွမ်းအင်စည်းတံဆိပ်အရံအတားတစ်ခုကို ဖွဲ့တည်လိုက်၏။ ထိုဒိုင်းက သူ့ရှေ့တွင်ပေါ်လာသည်။
ယင်းက အနည်းငယ်ရယ်စရာကောင်းသော မြင်ကွင်းဖြစ်သည်။ ခုခံရာ၌ ကျွမ်းကျင်သည့် ဟွားဝူတောက်က တိုက်ခိုက်နေသည်။ တိုက်ခိုက်ရာ၌ကျွမ်းကျင်သူ ကျွယ်ယွမ်က ခုခံနေသည်။ သူတို့ထဲမှတစ်ယောက်က အသက်စွန့်နေစဉ် တစ်ယောက်ကမူ သူ့အသက်ကို ကာကွယ်ရန် ကြိုးစားနေ၏။
လျို့ဟယ်တာအိုစည်းတံဆိပ်သည် ကျွယ်ယွမ်ရှေ့သို့ ရောက်သွားချိန်၌ ဟွားဝူတောက်၏ နီရဲသော မျက်လုံးများက အေးစက်မှုတို့ဖြင့်တောက်လာ၏။ သူက အော်ပြောလိုက်သည်။ “သေပေတော့” သူက လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ကာ ရှေ့သို့တွန်းလိုက်၏။ လျို့ဟယ်တာအိုစည်းတံဆိပ်၏ သင်္ကေတကိုးခုသည် လက်ဖဝါးနှစ်ခုကြားထဲကူးပြောင်းလာပြီးနောက် စွမ်းအင်ဓားတစ်လက် ဖွဲ့တည်လိုက်၏။ ရှေ့သို့တဟုန်တိုး တက်သွားသည်။
စွမ်းအင်ဓားသည် ကျွယ်ယွမ်၏ရင်ဘတ်ကိုထိုးဖောက်သွား၏။
“ဂိုဏ်းချုပ်” တပည့်များနှင့် အဇဋာအကျော်အမော်များဂိုဏ်း၏ အကြီးအကဲများကလည်း ထိုမြင်ကွင်းကြောင့်ထိတ်လန့်သွားသည်။
အချိန်နှင့် လေဟာနယ်တို့ ခဲသွားသည့်ပမာပင်ထင်မှတ်ရသည်။
ဟွားဝူတောက်သည် အမှန်တကယ်ပင် ခုခံရာ၌ ကျွမ်းကျင်လှ၏။ သို့သော်ငြား သူ မည်သို့ တိုက်ခိုက်ရမည်မှန်းမသိဟု မဆိုလိုပေ။ တိုက်ခိုက်ရာ၌ မကျွမ်းကျင်ရုံသာရှိသည်။ သူသည် တာအိုဂိုဏ်းကနေလာပြီး ဤမျှအသက်အရွယ်အထိ နေထိုင်ခဲ့သောကြောင့် သူ့အဖို့ ဓားလမ်းစဉ်နှင့် မရင်းနှီးဖို့က မဖြစ်နိုင်ပေ။ သို့သော်ငြား အများယူဆထားသည်က သူက မည်သို့တိုက်ခိုက်ရမည်မှန်း မသိဟုဖြစ်သည်။
ယခုအချိန်တွင် လျို့ဟယ်တာအိုစည်းတံဆိပ်သည် တိုက်ကွက်တစ်ကွက်အဖြစ်သို့ ပြောင်းလဲသွား၏။ ယင်းက ဟွားဝူတောက်၏ နောက်ဆုံးဝှက်ဖဲ နောက်ဆုံးရုန်းကန်မှု ဖြစ်လောက်သည်။
အသုံးပြုခံလိုက်ရသည့် ဓားက ထက်မြေ့နေပြီး အဖိုးအိုက မြဲမြံစွာကျန်ရှိနေသည်။
လူတစ်ယောက်၏ရင်ဘတ်ကို ဓားဖြင့်ထိုးစိုက်ခံရသည်က ခံစားချက်မကောင်းပေ။ သူ၏စိတ်ထဲမှု နာကျင်မှု ဝင်ရောက်လာမှသာ ကျွယ်ယွမ်သည် သူဓားထိုးခံရပြီမှန်းသဘောပေါက်သွား၏။ သွေးများက စိမ့်ထွက်လာပြီး မြေကြီးပေါ်တတောက်တောက်ကျသွား၏။ သူ လူသတ်ချင်နေသည်။ သူ၏အဆောင်များအားလုံးကို ကနဦးချီများပေါင်းစည်းလျက်သုံးလိုက်သည်။ အဆောင်များသည် မီတာတရာအတွင်းရှိကနဦးချီများကိုသုံးလျက် စွမ်းအင်ဓားများဖွဲ့တည်လိုက်၏။ အဆောင်များက ဆက်လက်လောင်ကျွမ်းနေကာ သူတို့နား၌ ကနဦးချီမျာစုဝေးနေတော့သည်။
ဟွားဝူတောက်က ရယ်မောလိုက်၏။
“ဟွားယွဲ့ရှင်းသေရင် ငါ အသက်ဆက်ရှင်စရာ အကြောင်းမရှိဘူး”
ထိုစဉ် ကျွယ်ယွမ်သည် သူမသေဆုံးခင် အဆောင်ဓားအစီအရင်ကိုထုတ်ဖော်တာပြီးခါနီးပြီဖြစ်၏။
“အရူးပဲ” လန်လော့က ခေါင်းခါလိုက်၏။ နှစ်ယောက်လုံးက အသက်ရင်း၍ တိုက်ခိုက်နေကြတာဖြစ်သည်။
မိစ္ဆာဝေဟင်မျှော်နန်းတွင် လုကျိုးက ထိုမြင်ကွင်းကိုတွေ့လိုက်၏။ သူက ခေါင်းခါလိုက်သည်။
“ဟွားဝူတောက်က မင်း သေပြီလို့ထင်နေတယ်”
ဟွားယွဲ့ရှင်းသည် ထိုစကားကိုကြားသောအခါ စိုးရိမ်ပူပန်သွား၏။ ဟွားဝူတောက်က သူမကို တမူထူးခြားစွာ ဆက်ဆံမှန်း သူမသိသည်။ အချိန်အတိုင်းတာတစ်ခုအထိ သူမသည် သူမ၏ခံစားချက်များ အတွေးများကိုထုတ်ဖော်ပြောရန် ခက်ခဲနေခဲ့၏။ နောက်ဆုံးတွင် သူမပြောလိုက်တော့၏။
“မျှော်နန်းသခင် ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါဦး”
လုကျိုးက သူတို့၏ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။
မဟာဂိုဏ်းခုနစ်ဂိုဏ်းက ပုန်းနေသေးဆဲဖြစ်သည်။ သူက သူတို့ကိုတစ်ချက်တည်းဖြင့် မထုတ်နိုင်လျှင် အရှက်ကွဲပေလိမ့်မည်။ သို့သော်ငြား သူ ဟွားဝူတောက်ကို မကယ်လျှင် ဟွားဝူတောက်ကသေချာပေါက်သေလိမ့်မည်။
ထိုစဉ် လန်လော့ဆွဲတာခံထားရသည့်ပုံရိပ်နှစ်ရိပ်က ဟွားဝူတောက်ဆီသွားရန်ပြင်နေသည်။
လုကျိုးက အာရုံစိုက်ကြည့်လိုက်၏။ ဒါက တွမ့်မူရှန်းနဲ့ရှောင်ယွမ်အာမလား။
လန်လော့က နက်ရှိုင်းသောလေသံဖြင့်ပြောလိုက်၏။ “ကောင်မလေး မင်းရဲ့နိဗ္ဗာနခါးစည်း”
“ဪ ...” ရှောင်ယွမ်အာသည် ယခုအချိန်တွင် သူမလက်နက်ကို အချိန်အတော်ကြာ ထိန်းချုပ်ပြီးခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး၌ လေ့ကျင့်မှုကိုထုတ်သုံးရန်အခွင့်အရေးရလေပြီ။ လေထဲ၌ နိဗ္ဗာနခါးစည်းက လူးလွန့်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ဟွားဝူတောက်ဆီ ပျံသန်းသွား၏။
တွမ့်မူရှန်းသည် လန်လော့ကို နောက်ကနေတွန်းလိုက်၏။ သူသည် လန်လော့ကို သူ၏ ကနဦးချီများဖြင့် ပံ့ပိုးပေးနေသည်။
လန်လော့က လက်စည်းတံဆိပ်များကို ဆက်တိုက်သုံးပြီး ဟွားဝူတောက်ဆီသို့ နိဗ္ဗာနခါးစည်းကို လွှတ်လိုက်သည့် ရှောင်ယွမ်အာနှင့်အတူ ပူးပေါင်းလိုက်၏။
ကျန်ရှိသည့် မိစ္ဆာဝေဟင်မျှော်နန်းတပည့်များသည် ပါးစပ်အဟောင်းသားဖြင့်ကြည့်နေ၏။
ကျူးဟုန်ကုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အဲ့လိုလုပ်နိုင်တယ်လား ... အံ့ဩဖို့ကောင်းလိုက်တာ။ ရှောင်ရှစ်မေ့ တကယ်အံ့ဩဖို့ကောင်းတာပဲ”
လေထဲတွင် ဓားအခင်းအကျင်းက ဟွားဝူတောက်ဆီ ရောက်လာ၏။
မဟာဂိုဏ်းခုနစ်ဂိုဏ်းသည် တောအုပ်အတွင်း သူတို့ဖာသာသူတို့ ဆက်သွယ်နေ၏။ “အသင့်ပြင်ကြ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တွေလှုပ်ရှားနေပြီ အသင့်ပြင်ထားတော့” တောင်အနက်ဖက်ကနေ မိစ္ဆာကြီးကျိကို ခြုံခိုတိုက်ခိုက်ဖို့ သူတို့နှစ်ယောက်ကိုပြောလိုက်။ ယခုအခေါက်တွင် ဂိုဏ်းခုနစ်ဂိုဏ်းကနေ ကျင့်ကြံသူတစ်ထောင်ထပ်လာ၏။
မြေပြင်ပေါ်၌ ရထားလုံးကြီးများ၊ လေထဲတွင် ရထားလုံးပျံကြီးများနှင့် အဆင့်မျိုးစုံ စီးတော်သားရဲများရှိနေ၏။
လန်လော့က သူတို့ကို ဖျတ်ခနဲကြည့်လိုက်ပြီးပြောလိုက်သည်။ “ကောင်မလေး မင်းရဲ့နိဗ္ဗာနခါးစည်းကို ပြန်သိမ်း … အာရုံစိုက်”
“ဟုတ်”
ရှောင်ယွမ်အာက အသက်အောင့်ထားလျက် အာရုံစူးစိုက်လိုက်သည်။ သူမ၏နိဗ္ဗာနခါးစည်းက သူမကို တုံ့ပြန်နေ၏။ ယင်းသည် ဟွားဝူတောက်နားတဝိုက် ရစ်ပတ်နေပြီး သူ့ကို လျင်မြန်စွာ ဆွဲလိုက်၏။ သူမက ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ထုတ်ဖော်ပြောလိုက်၏။
“ဒါ တကယ်အဆင်ပြေတာပဲ” သူမ စိတ်လှုပ်ရှားနေစဉ် နိဗ္ဗာနခါးစည်းက တစ်စက္ကန့်ခန့်နှေးသွား၏။ လန်လော့က သူ့လက်ဖဝါးဖြင့်ရိုက်လိုက်သည်။ သူ၏ဖြတ်လတ်သော ကနဦးချီတို့က နိဗ္ဗာနခါးစည်းနှင့်အတူ ဆင်းသွားပြီး အရှိန်ကို မြှင့်လိုက်၏။
ပိုက်ကွန်တစ်ခုသဖွယ် ၎င်းက ဟွားဝူတောက်ကို ဖမ်းလျက် သူ့ကို စွမ်းအင်ဓားသွားများ၏ အတိုင်းအတာအတွင်းကနေ ဆွဲထုတ်လိုက်သည်။
အဆောင်များ၏စွမ်းအင်ဓားများက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် သူတို့၏အားနည်းချက်က သိသာ၏။ သူတို့ပေါက်ကွဲထွက်လာချိန်တွင် ကျွမ်ယွမ်ထံမှ ခပ်ဝေးဝေး မသွားနိုင်တာပဲဖြစ်သည်။
ကျွယ်ယွမ်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီး ကြာရှည်ခံတော့မှာ မဟုတ်ပေ။ ယခုအချိန်တွင် ဓားအစီအရင်ဖြင့် ရှေ့ဆက်နိုင်မှာမဟုတ်။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားများက နိဗ္ဗာနခါးစည်းနှင့် တိုက်မိသွားသည်။
ဟွားဝူတောက်သည် သူ သေလူတစ်ယောက်ဖြစ်ပြီဟု တွေးထင်မိသည်။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များနှင့် လန်လော့က သူ့ကို ကယ်တင်ရန် အပတ်တကုတ် ကြိုးစားနေတာကို မြင်သောအခါ သူက ဒေါသတကြီး အော်ဟစ်လျက် သူ၏စွမ်းအင်ဗဟိုချက် ချီပင်လယ်မှ ကနဦးချီများကို ထုတ်ဖော်လိုက်သည်။ သူနှင့်အတူ နိဗ္ဗာနခါးစည်းကို သယ်ဆောင်လာလျက် ဓားအခင်းအကျင်း အပြင်ဖက်ဆီသို့ ပျံသန်းသွား၏။
ယခုအချိန်တွင် မဟာဂိုဏ်းခုနစ်ဂိုဏ်းမှ သန်မာသည့်ကျင့်ကြံသူတစ်ထောင်သည် လရောင်အောက်တွင် နောက်ဆုံးတော့ ပေါ်လာပြီဖြစ်သည်။
ကျွယ်ယွမ်သည် သူ၏ရင်ဘတ်ပေါ်ရှိ ဒဏ်ရာပေါ် လက်တင်ထားလိုက်၏။ သူ၏မျက်လုံးက အေးစက်နေသည်။
“သေစမ်း”
ကျွယ်ယွမ် ပြောပြီးသည်နှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမကျယ်ကနေ ယခင်ကထက်ပို ပါးလျပုံပေါ်ပြီး အပြာရောင်အလင်းဖြင့် တောက်ပနေသော စွမ်းအင်မြားတစ်စင်းသည် သူ့ဆီသို့ တိုးဝင်လာ၏။။
“ဟွားယွဲ့ရှင်း အသက်ရှင်လျက်ရှိနေသေးတာလား”
ကျန်သည့်သူများကလည်း လရောင်အောက်ရှိ မိစ္ဆာဝေဟင်မျှော်နန်းမှ စွမ်းအင်မြားကို မော့ကြည့်လိုက်ကြ၏။ သူ၏ပစ်မှတ်က အဇဋာအကျော်အမော်များဂိုဏ်း၏ ဂိုဏ်းချုပ်ကျွယ်ယွမ်ပဲ ဖြစ်သည်။
“ပိတ်ဆို့လိုက်” ကျင့်ကြံသူငါးယောက်သည် သူတို့၏လက်နက်များကိုမြှောက်တင်ကာ စွမ်းအင်အကာအရံတစ်ခု ဖွဲ့တည်လိုက်သည်။
ထူးဆန်းသည်မှာ စွမ်းအင်မြားက ဒိုင်းသည် တို့ဖူးဖြင့်ပြုလုပ်ထားသည့်ပမာ ဒိုင်းကို ထိုးဖောက်သွားတာပဲ ဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူငါးဦး၏နှလုံးကို ထိုးဖောက်ပြီးနောက် ကျွယ်ယွမ်ဆီ ရောက်သွား၏။
တိမ်တိုက်များကို ခွင်းသွားသော စွမ်းအင်မြားသည် ထိုနေရာတွင် ရှိနေသော လူအားလုံးကို ကြက်သေသေသွားစေသည်။ အထူးသဖြင့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှလူများဖြစ်သည်။ ဘယ်အချိန်ကစပြီး ဟွားယွဲ့ရှင်းက အစွမ်းထက်လာတာလဲ။
...
အခန်း (၄၄၀) မမျှော်လင့်ထားသည့်မိစ္ဆာအိုကြီးကျိ
ထိုမြားပစ်ချက်က အပြာဖျော့ဖျော့ အလင်းတန်းသာ ပါသည့်အတွက် ထူးခြားနေဟန် မပေါ်ပေ။ တောအုပ်အတွင်း ပုန်းအောင်းနေသော နတ်လေးသျှင် ပစ်ခတ်သည့် မြားနှင့် ယှဉ်ပါက ပို၍ ပါးလျ၏။
အဇဋာအကျော်အမော်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် တာအိုသခင်ကျွယ်ယွမ်က ဟွားဝူတောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားလေသည်။ သူက သေလုမျောပါး ဖြစ်နေလေ၏။ သူ မသေဆုံးခင် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့တွင်ရှိသမျှ အဆောင်အားလုံးကို အသက်သွင်းကာ လောင်မြိုက်လိုက်ခြင်းသာ ဖြစ်၏။
မြားချက်က ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ ကျင့်ကြံသူများအား သူတို့၏နေရာအသီးသီး၌ ပုန်းအောင်းမှုကို ကျရှုံးစေသည်။ သူတို့က ထိုမြားပစ်ချက်၏ လေဟုန်ခွင်းသံမှ အင်မတန် အားကောင်းကြောင်း ခံစားမိလေ၏။ သာမန်လူများ နားလည်နိုင်သည့်အရာထက် ကျော်လွန်နေလေသည်။
ကျင့်ကြံသူများသည် သူတို့၏ ကမ္ဘာဦးချီကို စွမ်းအင်အဖြစ် ဖွဲ့စည်းပြီးသည့်နောက်တွင် ဓားမော့၊ ဓား သို့မဟုတ် စွမ်းအင်စည်းတံဆိပ် ဖြစ်စေကာမူ အကွာအဝေးများလေလေ လေထု၏ တိုက်စားမှုကို ခံရလေလေ ဖြစ်၏။ ထို့ကြောင့် လေးသမားက အဝေးမှ ပစ်မှတ်ကို ထိမှန်လိုသည့်အခါ စွမ်းအင်မြားကြီးကြီးကို သုံးရသည်။ ယခု အပြာဖျော့ဖျော့ စွမ်းအင်မြားက ကွဲပြားနေလေသည်။ ပို၍ ပါးလျကာ သေးငယ်လေသည်။
ထိုလေဟုန်ခွင်းသံက သာမန်မြားများထက် စာလျှင် ပို၍ အသံမြင့်မား၏။
ထိုအရာက စွမ်းအင်အကာအကွယ်များကို ထိုးဖောက်ပြီး သူတို့၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေသည်။
ဟွားယွဲ့ရှင်းက ပုန်းအောင်းနေတာကနေ ဘယ်လိုလုပ် ဒီလို လုပ်နိုင်တာလဲ။ သူမက ပွင့်ချပ်သုံးလွှာတည်း ရှိတာ မဟုတ်ဘူးလား။ သူမအနေနဲ့ မြားကို ဒီလိုမျိုး ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ….
ခဏကြာ တောင့်တင်းနေမိသည့်နောက်တွင် ဂိုဏ်းခုနှစ်ဂိုဏ်းမှ ကျင့်ကြံသူများက အသိပြန်ဝင်လာကြသည်။ ကျွယ်ယွမ်နှင့် ကျင့်ကြံသူ ငါးယောက်တို့၏ အသက်မဲ့ခန္ဓာကိုယ်များက ဆက်လက် မတိုက်ခိုက်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
“တင်း ပစ်မှတ်ကို သတ်လိုက်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ချီးမြှင့်ပါတယ်”
“တင် ပစ်မှတ်ကို သတ်လိုက်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀ ချီးမြှင့်ပါတယ်”
လုကျိုးက သတိပေးချက်ကို ကြားသည့်အခါ ခေါင်းအသာယမ်းလိုက်သည်။ လူသားဒိုင်းအဖြစ် အသုံးခံရသည့် ထိုကျင့်ကြံသူငါးဦး၏ တန်ဖိုးက အလွန်နည်းပါးလှသည်။ သူက လော့ယွဲ့လေးကို ဟွားယွဲ့ရှင်းဆီ ပြန်ပေးလိုက်သည်။ ဟွားယွဲ့ရှင်းက ပါးစပ်အဟောင်းသား ကြည့်နေသည်ကို မြင်သည့်အခါ သတိပေးလိုက်၏။
“ယူထားလိုက်”
“ဟုတ်.. ဟုတ်ကဲ့ပါ”
ဟွားယွဲ့ရှင်းက လေးကို မြန်မြန် ယူလိုက်ပြီးနောက် အသိပြန်ကပ်လာသည်။
“မင်းရဲ့စွမ်းအားတစ်ခုတည်းကို အားစိုက်ထားမဲ့အစား မြားကို မြန်မြန်ဆန်ဆန် ပစ်ခတ်တာက ပိုပြီးတော့ သင့်တော်တယ်”
လုကျိုးက ပြောလိုက်သည်။
“သင်ပြပေးတဲ့အတွက် မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်”
သူမက ထိုမြားပစ်ချက်မှ အကျိုးရှိလိုက်သည်။ ယခင် သူမ၏ မြားပစ်ချက်က အရှိန်နှင့်စွမ်းအား ပါဝင်ရုံမျှသာ ဖြစ်၏။
သူမ၏ ပစ်မှတ်က ဝေးကွာလွန်းသည့်နေရာတွင် ရှိသည့် အခိုက်အတန့်မျိုးတွင် သူမက ဧရာမမြားကြီးကို ဖွဲ့စည်းရသည်။ ဤသည်က ဖြုန်းတီးလွန်းရာကျပေသည်။
“မျှော်နန်းသခင် ဆက်မလုပ်တော့ဘူးလား”
မြားပစ်ချက်မှ သင်ယူပြီးသည့်နောက်တွင် ဟွားယွဲ့ရှင်းမှ ထပ်မံ မြင်တွေ့လိုသေးသည်။
လုကျိုးက လက်ဝေ့လိုက်သည့်အခါ အမည်မဲ့က သူ့လက်အတွင်း ကျရောက်လာသည်။
ဟွားယွဲ့ရှင်းက သေချာမကြည့်နိုင်ခင် အမည်မဲ့က လေးအသေးစားလေးအဖြစ် ပြောင်းလဲသွားပေသည်။
“ဒါက…”
“အမည်မဲ့လေး..”
လုကျိုးက တိုက်ပွဲကွင်းပြင်ကို ငုံ့ကြည့်လိုက်သည်။ ဟွားယွဲ့ရှင်းက စိတ်လှုပ်ရှားနေမိ၏။ သူမ၏ လော့ယွဲ့လေးထက် သေးငယ်သည့် အမည်မဲ့လေးကို ကြည့်ကာ လုကျိုး၏လေးကိုင်းသည် သူမထက် ပို၍ အဆင့်မြင့်ကြောင်း ပြောနိုင်ပေသည်။ ကောင်းကင်အဆင့်လက်နက်များတွင်ပင် အဆင့်ကွဲပြားမှု ရှိသေးသည် မဟုတ်ပါလော။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ အခွင့်အရေးကို စောင့်ဆိုင်းလိုက်၏။
ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားက ကောင်းကင်အဆင့် လက်နက်နှင့် ပေါင်းစပ်သွားသည့်အခါ ဂိုဏ်းခုနှစ်ဂိုဏ်း၏ လက်ရွေးစင်များကို အသာလေး လွမ်းမိုးနိုင်သွားသည်။
သူက ရောက်ရှိလာသည့် ဂိုဏ်းခုနှစ်ဂိုဏ်းမှ လက်ရွေးစင်များကို ကြည့်ကာ ရေရွတ်လိုက်သည်။
“သူတို့က ရှေ့ပြေးပဲ ရှိသေးတယ်။ သူတို့က ပုန်းရတာ ကြိုက်မှတော့ ငါလည်း အတူတူ ကစားပေးရမှာပေါ့”
အမှောင်ထဲကနေ မြားတွေ ပစ်ဖို့လား…
ဟွားယွဲ့ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူမက လေးသမားတစ်ယောက်အတွက် အကွာအဝေးကို ထိန်းကာ ရန်သူတွေကို သတိမပြုမိစေဘဲ ပစ်ခတ်နိုင်ဖို့က သဘာဝကျကြောင်း သဘောပေါက်သွားလေသည်။ စောစောလေးက သူမ ပစ်ခတ်နေသည့်နေရာက သိပ်ကို မြင်မြင်သာသာ ဖြစ်နေလွန်းသည်။ ထို့ကြောင့် သူမက ရန်သူ၏ နတ်လေးသျှင်ကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
…
ထိုစဉ်
အဇဋာအကျော်အမော်ဂိုဏ်း၏ ကျွယ်ယွမ် သေဆုံးသွားပြီးသည့်နောက်တွင် ဟွားဝူတောက်က ကျူးဟုန်ကုန်းနှင့် ကျောင်းယွဲ့တို့အနား ဘေးကင်းကင်းနှင့် ပြန်ရောက်လာသည်။ သို့သော်လည်း သူက စွမ်းအားများများ ထုတ်သုံးထားရ၍ ဖြူဖျော့နေလေသည်။ သူ မြေပြင်ပေါ် ကျရောက်လာသည့်အခါ ခြေမခိုင်၍ အနည်းငယ်ပင် ယိမ်းယိုင်သွားလေ၏။
ကျူးဟုန်ကုန်းက ဟွားဝူတောက်အား ဘေးမှ ကူပေးလိုက်ကာ “တကယ်ကို အံ့ဩစရာပဲ လိပ်ခွံနည်းစနစ်က ကျုပ်အမြင်ကို တကယ်ပွင့်သွားစေတာပဲ”
ဟွားဝူတောက်က ကျူးဟုန်ကုန်း၏ ချီးကျူးမှုကို ပြန်လည်ပြောနေဖို့ အခြေအနေ မရှိပေ။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်အား လှမ်းကြည့်လိုက်၏။ ဂိုဏ်းကြီးခုနှစ်ဂိုဏ်း၏ တပ်ဖွဲ့များက ဖြည်းဖြည်းချင်း ရှေ့တက်လာကြသည်။
ယွင်ဂိုဏ်း၏ အကြီးအကဲကိုးဦးကလည်း တခြားသူများနှင့် ရောနှောကာ စိတ်သက်သာရာ ရသွားကြသည်။
လန်လော့က အပေါ်ကို မော့ကြည့်လိုက်ရင်း ပြောလိုက်သည်။
“တွမ့်မူရှန်းနဲ့ မိန်းကလေး … သွားရအောင်”
“ကျွန်မ မသွားဘူး”
ရှောင်ယွမ်အာက တစ်ဖက်လူများကို ကြည့်ရင်း ပြောလိုက်သည်။
“အကြီးအကဲလန်က စွမ်းအားအများအပြား သုံးထားတာ ဆိုတော့ ပြန်သွားသင့်ပြီ။ ရှောင်ရှစ်မေ့နဲ့ ကျွန်တော်က ဒါကို ကိုင်တွယ်လိုက်မယ်”
တွမ့်မူရှန်းက လေထဲ ပျံသန်းရင်း နယ်ရှင်လှံကို ဝေ့မြောက်ကာ ပြောလိုက်သည်။
ရှောင်ယွမ်အာကလည်း သူ့ဘေးသို့ ပျံသွားလေ၏။ ရထားလုံးပျံများ ရပ်တန့်သွားလေသည်။
“မိစ္ဆာအိုကြီးကျိက ဘယ်မှာလဲ”
တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ မေးလိုက်သည်။
“ဘယ်သူက မေးနေတာလဲ”
“ငါက ကျန့်ချိုက်အဖွဲ့ခွဲက ဖုန်းချင်းဟယ်ပဲ”
အနီးအနားတွင် တခြားရထားလုံးပျံမှ အသံတစ်သံလည်း ထပ်မံ ထွက်ပေါ်လာသည်။
“ငါက ဟုန်ချူးအဖွဲ့ရဲ့ ဂိုဏ်းချုပ် နဉ်လျန့်ပဲ”
“ငါက ကံကြမ္မာကောင်း ဘုရားကျောင်းရဲ့ လက်ရှိကျောင်းထိုင် မြောင်ယင်ပဲ”
“ငါက ခုနှစ်စင်ကြယ်စံအိမ်ရဲ့ ကျားယွမ်ပဲ”
“ငါက ပင်မနှလုံးသားဂိုဏ်းချုပ် လျူရုရှစ်ပဲ”
“ငါက သွမ့်လင်းအဖွဲ့ရဲ့ ပထမတပည့် ရှောက်ကျင်းဟန်ပဲ”
ဤသည်က ဂိုဏ်းခုနှစ်ဂိုဏ်း၏ ပင်မအုပ်စု ဖြစ်ပေသည်။ သေဆုံးသွားသော အဇဋာအကျော်အမော်များဂိုဏ်း၏ ဂိုဏ်းချုပ် ကျွယ်ယွမ်မှ လွဲ၍ သူတို့အားလုံး ရောက်ရှိနေကြပြီ ဖြစ်၏။ ဂိုဏ်းများ၏ တပည့်များအထက်တွင် ရထားလုံးပျံ ခြောက်လုံးက မျောလွင့်နေလေသည်။
ရွှေနန်းဥယျာဉ်တောင်ကို သောင်းကျန်းသည့် ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ယခင်အင်အားစုက ထိုအရာနှင့် မယှဉ်နိုင်ပေ။
တွမ့်မူရှန်းက သရော်ကာ ပြောလိုက်သည်။
“မင်းတို့က မိစ္ဆာဝေဟင်မျှော်နန်းကို လာလာပြီးတော့ ရန်စနေတာ တော်တော် သတ္တိကောင်းနေတာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက ဘာမှပြန်မလုပ်ဘူးလို့များ ထင်နေတာလား”
ဖုန်းချင်းဟယ်က အားပါးတရ ရယ်မောလိုက်သည်။
“ငါတို့ အားလုံးမှာ မိစ္ဆာဝေဟင်မျှော်နန်းဆီမှာ အသက်ပျောက်သွားရတဲ့ တပည့်တွေ ရှိကြတယ်။ မင်းတို့တွေက သတ်ဖြတ်နေရုံတင်မကဘူး။ ဂိုဏ်းကြီးဆယ်ဂိုဏ်းကိုပါ ပစ်မှတ်ထားနေကြတာ။ ဒါပေမဲ့ မင်းတို့က ယွင်ဂိုဏ်းကိုတောင် ချမ်းသာမပေးခဲ့ဘူး။ ငါ ထပ်ပြီးတော့ ပြောဖို့ လိုသေးလား”
“ခင်ဗျားရဲ့တုံးအအ စကားတွေကို တခြားနေရာသာ သွားပြောလိုက်”
တွမ့်မူရှန်းက မနေနိုင်မထိုင်နိုင် ကျိန်ဆဲလိုက်သည်။ သူက နယ်ရှင်လှံကို ဝေ့ယမ်းလိုက်သည့်အခါ လှံဖျားထိပ်မှ စွမ်းအင်စည်းတံဆိပ်များ ထွက်ပေါ်လာလေသည်။
ဘန်း ဘန်း ဘန်း..
ဖုန်းချင်းဟယ်က ရထားလုံးအတွင်း ရပ်ကာ လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ သူ၏ကောင်းကင်စွမ်းအားက မြစ်တစ်စင်းအသွင် စီးဆင်းသွားကာ နယ်ရှင်လှံ၏စွမ်းအင်ဓားကို တားဆီးလိုက်သည်။
ထိုစဉ် ဘာမှဆက်ပြောဖို့ မလိုတော့ပေ။ ဖြောင့်မတ်ခြင်းလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့က အခြေအနေ တစ်ခုသို့ ရောက်ရှိနေကြပြီဖြစ်ပြီး ညတွင်းချင်း ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ အဆုံးသတ်တွင် တိုက်ပွဲတွင်သာ ဖြေရှင်းကြမည် ဖြစ်၏။
“မိစ္ဆာအိုကြီးကျိကို ကိုယ်တိုင်ထွက်လာဖို့ ပြောလိုက်”
တပည့်များက မြေပြင်ပေါ် သူတို့လက်နက်များဖြင့် ထိုးစိုက်လိုက်ကြသည်။
ဒုန်း ဒုန်း ဒုန်း..
အသံများက ရွှေနန်းဥယျာဉ်တောင်တစ်ဝိုက် ပျံ့နှံ့သွားလေသည်။
လန်လော့က လမင်းကို မော့ကြည့်လိုက်သည်။ ဤညကား အနှောင့်အယှက်များမည့် ည ဖြစ်ဟန်ပေါ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းက သည်အခက်အခဲကနေ မည်သို့ ရှင်ကျန်မည်နည်း။ သူက ရန်သူ အင်အားစုကို ကြည့်လိုက်သည့်အခါ ယုံကြည်ချက် ပျောက်ဆုံးသွားလေသည်။ အကယ်၍ သူ တစ်ယောက်တည်း ဖြစ်ပါက သူ့အင်အား ကျင့်ကြံဆင့်ဖြင့် ထွက်ပြေးနိုင်လေသည်။ သို့သော် ယခုက တစ်ယောက်တည်း မဟုတ်ပေ။
ထိုစဉ် ကျင့်ကြံသူများစွာက တွမ့်မူရှန်းဆီ ပျံသန်းလာလေ၏။ သူတို့က တိုက်ပွဲအတွင်း ဝင်ရောက်လာကာ စွမ်းအားအချင်းချင်း ထိပ်တိုက်တွေ့သွားကြသည်။
ရထားလုံးပျံအတွင်းရှိ ဂိုဏ်းကြီးခုနှစ်ဂိုဏ်း၏ တစ်ကိုယ်တော်များကလည်း လွယ်လွယ် ထွက်ပေါ်မလာကြပေ။ သူတို့က တွမ့်မူရှန်းဆီကိုသာ စွမ်းအင်စည်းတံဆိပ်များဖြင့် ရံဖန်ရံခါ ပစ်ခတ်နေသည်။
ဘန်း ဘန်း ဘန်း..
တွမ့်မူရှန်းက သူ့လက်နက်ကို ဝှေ့ယမ်းရင်း စွမ်းအားစည်းတံဆိပ်များကို ကာကွယ်လိုက်သည်။ ရန်သူက သူ့အပေါ်ကိုသာ အာရုံစိုက်ထားဟန် ပေါ်သည်။
“ဟွားဝူတောက်က ဆက်မတိုက်နိုင်တော့ဘူး။ လန်လော့ကလည်း ဟန်ပြနေရုံပဲ။ မိစ္ဆာဝေဟင်မျှော်နန်းတပည့်တွေကိုပဲ ငါတို့ အာရုံစိုက်ဖို့ လိုတယ်”
“သူတို့က ပွင့်ချပ်ငါးလွှာနဲ့ အထက် မဟုတ်ဘူးဆိုရင် ဘာမှကြောက်စရာ မလိုဘူး”
“မိစ္ဆာအိုကြီးကျိက ဘယ်လောက် ပုန်းအောင်းနိုင်မလဲ ကြည့်ကြသေးတာပေါ့”
လျူရုရှစ်က ရထားလုံးပျံမှ ထွက်လာပြီး ပြောလိုက်သည်။ သူ့မျက်နှာပြသသည်နှင့် အပြာဖျော့ဖျော့ တောက်ပနေသည့် စွမ်းအင်မြား အသေးစားလေးက မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်မှ ထွက်ပေါ်လာလေသည်။
ဝှစ်..
အသံက နားကွဲလုမတတ် ကျယ်လောင်လွန်းလှသည်။ လျူရုရှစ်က ထိုအရာကို မြင်သည့်အခါ အသံဩဩဖြင့် ပြောလိုက်သည်။
“ငါက ကျွယ်ယွမ်လို မတုံးဘူး”
ကျွယ်ယွမ်က ဒဏ်ရာအပြင်းအထန် ရထားခဲ့သော်လည်း လျူရုရှစ်က ထိပ်တန်းအခြေအနေတွင် ရှိနေလေသည်။ ထို့ကြောင့် သူ့အနေနှင့် ထိုစွမ်းအင်မြားလေးကို မတားဆီးနိုင်စရာအကြောင်း မရှိပေ။ သူက ခန္ဓာကိုယ်အနေအထား အနည်းငယ် ညှိလိုက်ပြီးနောက် ထိုစွမ်းအင်မြားသည်လည်း လမ်းကြောင်း ပြောင်းသွားကြောင်း တွေ့လိုက်ရသည်။ ထိုစွမ်းအင်မြားက သူ့ကို ဦးတည်နေဟန် ပေါ်၏။
ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ တပည့်များကလည်း လျူရုရှစ်ကို မော့ကြည့်လိုက်ကြသည်။
လျူရုရှစ်က လက်မြောက်ကာ သူ့ရှေ့တွင် စွမ်းအားဒိုင်းကို ထုတ်ဖော်လိုက်သည်။ သူက ရွှေရောင်ဖြင့် တောက်ပနေဟန်ပေါ်၏။
စွမ်းအင်မြားက ထိုဒိုင်းကာကို အလွယ်တကူ ထိုးဖောက်သွားပြီး လျူရုရှစ် ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ သူ့နောက်ရှိ ရထားလုံးပျံအား ထိမှန်သွားလေသည်။ ထို့နောက်တွင် ရထားလုံးပျံကို ပဲ့ထိန်းထားသည့် ကျင့်ကြံသူအထိပါ မှန်သွားလေသည်။
လျူရုရှစ်က မျက်လုံးအပြူးသားဖြင့် မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်ကာ။
“ဒါက..”
လေထုက တစ်ဖန်အေးခဲသွားဟန် ပေါ်သည်။
“ဂိုဏ်းချုပ်လျူ..”
“ဂိုဏ်းချုပ်လျူ ဘာဖြစ်သွားတာလဲ”
ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ လျူရုရှစ်က စွမ်းအင်မြားကို ဘာမှမလုပ်နိုင်ဘဲ သူ့ရင်ဘတ်ကို ထိုးစိုက်သွားလေပြီ။
“မိစ္ဆာဝေဟင်မျှော်နန်းက နတ်လေးသျှင် ဟွားယွဲ့ရှင်းလား”
“မဖြစ်နိုင်ဘူး။ သူမက ဒီလောက် အားမကောင်းနိုင်ဘူး”
“ကျစ်.. မိစ္ဆာဝေဟင်မျှော်နန်းက အမှောင်ကနေ မြားတွေ ပစ်နေတာပဲ”
အမှောင်ထဲကနေ မြားတွေ ပစ်တော့ရော ဘာမှားလို့လဲ … မိစ္ဆာလမ်းစဉ်က ဒီနည်းလမ်းသုံးတာ ပုံမှန်ပဲ မဟုတ်ဘူးလား။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက သူတို့ဘာသာသူတို့ တွေးမိလိုက်ကြသည်။
မှိန်ဖျဖျ လရောင်က အလင်းမပေးနိုင်သော်လည်း အားလုံးက လျူရုရှစ်သည် သူရထားလုံးပျံပေါ်မှ လိမ့်ကျသွားကြောင်း မြင်လိုက်ရသည်။
“မိန်းကလေးဟွားက တကယ်ကို အံ့ဖွယ်ပဲ” ဖန်ကျုံးက ခေါင်းမော့ကြည့်ရင်း ချီးကျူးလိုက်သည်။
“သွားစမ်းပါ။ မင်း ပြောစရာ မရှိရင် ပါးစပ်ပိတ်ထားလိုက်တာ အကောင်းဆုံးပဲ”
ဝုန်း..
လျူရုရှစ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ဂိုဏ်းကြီးရှစ်ဂိုဏ်း သို့မဟုတ် ဂိုဏ်းကြီးခုနှစ်ဂိုဏ်း၏ အဖွဲ့ဝင်များနှင့် အသေးစားဂိုဏ်းများက ပြုတ်ကျလာသည့် လျူရုရှစ်ကို မမှိတ်မသုန် ကြည့်နေကြသည်။
...
အခန်း (၄၄၁) အသက်ရှည်ရှည်နေပြီး မိစ္ဆာသန်းချီကို ငါသတ်ဖြတ်ရမယ်
ဖုန်း ဖုန်း ဖုန်း
မိစ္ဆာသုတ်သင်ရေးမဟာမိတ် တပည့်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် တွမ့်မူရှန်း နောက်ဆုတ်လိုက်၏။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းဖက်ကို ကြည့်နေစဉ် သူ၏လက်များ ထုံကျဉ်လာတာကို သတိပြုမိသွား၏။ သူ တစ်ကိုယ်တည်း မဟုတ်ပေ။
မဟာဂိုဏ်းခုနစ်ဂိုဏ်း၏ တပည့်များကလည်း မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်နေသည်။ တစ်စုံတစ်ယောက်က အရိပ်ထဲကနေ မြားများ ပစ်နေ၏။ ကျွယ်ယွမ်ကို သတ်ခဲ့သည့်မြားလောက် မရိုးရှင်းပေ။ လျူရုရှစ်ကို သတ်ခဲ့သည့်မြားက ပိုသေး၏။ လျူရုရှစ်သည် သူ့အစွမ်းကို ထုတ်ပြရန် အခွင့်အရေးတောင် မရခဲ့ပေ။ တပည့်များက မည်ကဲ့သို့ မကြောက်ဘဲနေမည်နည်း။
မဟာဂိုဏ်းခုနစ်ဂိုဏ်းသို့ အကြောက်တရားတိမ်တိုက်တို့ ဆင်းသက်လာပုံပေါ်၏။ သူတို့သည် ထိုအလှည့်အပြောင်းကြောင့် မှင်တက်နေစဉ် သစ်ပင်ပင်စည်တမျှ သိပ်သည်းလှသည့် စွမ်းအင်မြားကြီးက ရွှေရောင်အလင်းတို့ ဖြာထွက်လျက် ပေါ်လာ၏။ ယင်းက တောက်ပလွန်းသောကြောင့် သတိမပြုမိရန် ခက်ခဲလှသည်။
ဝှစ်
မြား၏အရှိန်သည် မြန်ဆန်လွန်းသောကြောင့် ၎င်း၏ဆူညံသံက အတိုင်းထက်အလွန် ကျယ်လောင်လှပေ၏။
“ငါတို့ အလှည့်ပဲ”
အစွမ်းထက်သည့် လေးသည်တော်သည် သူပုန်းနေသည့်နေရာကို ကောင်းကောင်းအသုံးချကာ ရန်သူ၏လေးသည်တော်များ ရှိသည့်နေရာကို ရှာဖွေဖော်ထုတ်နေ၏။ လေးသမားတစ်ယောက်အဖို့ သူ၏နေရာကို ထုတ်ဖော်ပြဖို့ကလွယ်ကူသည်။
သစ်ပင်ပင်စည်တမျှသိပ်သည်းလှသော စွမ်းအင်မြားသည် မဟာဂိုဏ်းခုနစ်ဂိုဏ်း၏ မျှော်လင့်ချက်များကို သယ်ဆောင်ထား၏။ တောအုပ်၏ အနောက်ဖက်အကျဆုံးအပိုင်းကနေ ၎င်းသည် အရှေ့ဖက်ရှိ မိစ္ဆာဝေဟင်မျှော်နန်းသို့ စိုက်ရောက်လာသည်။
လူတိုင်း၏အကြည့်က ထိုစွမ်းအင်မြားတွင်သာရှိသည်။
မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ မှောင်မဲနေသောဧရိယာသည် ထိုကြီးမားလှသည့်စွမ်းအင်မြားကြောင့် ချက်ချင်းလင်းထိန်သွား၏။ ထိုအခိုက်အတန့်တွင် သူတို့က မျှော်နန်းရှေ့၌ အဘိုးအိုတစ်ဦး ရပ်နေတာကိုသာ မြင်လိုက်ရသည်။
အဘိုးအိုသည် သူ၏ အိုမင်းရင့်ရော်နေသော လက်ကို မြှောက်လိုက်ရာ အပြာရောင်အလင်း တောက်လာ၏။ သူသည် အပြာရောင်လက်အိတ် ဝတ်ဆင်ထားသည့်ပမာဖြစ်နေတော့သည်။
“ဖမ်းဆီးခြင်းလက်စည်းတံဆိပ်”
ဖုန်း
တစ်စုံတစ်ယောက်သည် မီးရှူးမီးပန်းဖောက်လိုက်သည့်ပမာ မီးစများ လွင့်လာသည်။ စွမ်းအင်မြားသည် အဘိုးအို ဖမ်းဆီးတာ ခံလိုက်ရပြီး မကြာမီ၌ပျောက်ကွယ်သွား၏။
“မိစ္ဆာကြီးကျိလား”
“ဒါမိစ္ဆာကြီးပဲ”
“မြားပစ်လိုက်တာသူပဲ”
“နောက်ဆုတ်”
ရထားလုံးပျံခုနစ်စင်းက နောက်ဆုတ်သွား၏။ သူတို့၏တပည့်များကလည်း နောက်ဆုတ်သွားသည်။ သူတို့ကြား အကွာအဝေး ပိုထားနိုင်လျှင် စွမ်းအင်မြားများ၏သက်ရောက်မှုကလည်း လျော့နည်းသွားလိမ့်မည်။ သို့သော် ထိုအကွက်သည် သူတို့ဖက်ခြမ်းရှိ စိတ်ဓာတ်ခွန်အားကို လှုပ်ခါသွားစေ၏။ မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ တပည့်များစွာက ကြောက်လန့်ပြီး သူတို့၏ခြေထောက်များ ချိနဲ့လာမှုကြောင့် မြေကြီးပေါ်ပြုတ်ကျသွား၏။
အမှန်တကယ်တွင် ဤတိုက်ပွဲထဲ ဝင်ပါနေသူအများစုက သွေးပူနေကြရုံသာ ဖြစ်သည်။ ယခု စစ်မြေပြင်ရောက်တော့မှ မိစ္ဆာဝေဟင်မျှော်နန်း မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားသည်။ မိစ္ဆာအိုကြီးကျိကို မဆိုထားနှင့်၊ တပည့်အနည်းငယ်ကပင် မဟာဂိုဏ်းခုနစ်ဂိုဏ်းကို ခြိမ်းခြောက်ရန် လုံလောက်ပြီဖြစ်သည်။
“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
လုကျိုးကို ကြိုဆိုနေသော မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များအသံက မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည်။
လုကျိုးက ခေါင်းညိတ်လျက်မုတ်ဆိတ်သပ်လိုက်သည်။ သူ၏အကြည့်သည် မဟာဂိုဏ်းခုနစ်ဂိုဏ်းနောက်ရှိ တောအုပ်ဆီ ရောက်သွားတော့သည်။ သူက သူ့အသံကို မြှင့်လျက် ပြောလိုက်သည်။
“ကျိယွမ်ချန် မင်း ဘာကြောင့်ပုန်းနေတာလဲ။ ဘယ်အချိန်ကစပြီး မင်း ဒီလောက်သရဲဘောကြောင်တဲ့လူဖြစ်သွားတာလဲ” ထိုမေးခွန်းက မဟာဂိုဏ်းခုနစ်ဂိုဏ်းကို မရည်ရွယ်တာသိသာနေသည်။
ကျိယွမ်ချန်သည် မဟာအကန့်အသတ်နှစ်အနီးဆုံး နတ်လေးသျှင်အိုကြီးတစ်ယောက်ဖြစ်သည်။ သူသည် အချိန်အတော်ကြာသည့်အထိ မည်သည့်ဂိုဏ်းနှင့်မှ ပေါင်းစည်းခြင်းမရှိဘဲ အတိတ်တုန်းက ထူးချွန်ထက်မြက်သည့် တပည့်များစွာကို မွေးထုတ်ခဲ့သည်။ အံ့ဖွယ်မြို့၏ ခေါင်းဆောင် နတ်လေးသျှင် ချန်းကျူသည် သူ့တပည့်၏တပည့်တစ်ယောက်သာဖြစ်သည်။
နတ်လေးသျှင်တစ်ဦးအနေဖြင့် ဟွားယွဲ့ရှင်းသည် ကျိယွမ်ချန်၏အမည်ကို မသိဖို့ကမဖြစ်နိုင်ပေ။ သူမသည် မှောင်မည်းနေသောတောအုပ်ကို ထိတ်လန့်နေသောအမူအရာဖြင့်ကြည့်လိုက်၏။
ဖုန်းချင်းဟယ်သည် ကျိယွမ်ချန်ကိုယ်စားအကြောင်းပြန်လိုက်သည်။
"လောင်ချန်းပေ့ကျိက နတ်လေးသျှင်တစ်ယောက်ပဲ။ သူကိုယ်တိုင် ထွက်မလာဘူးပေါ့။ မိစ္ဆာကြီးကျိ ခင်ဗျားကလည်း ပုန်းနေတာမဟုတ်ဘူးလား”
“ဒါဆိုရင် ငါ ရှေ့ထွက်လာသင့်တာပေါ့” လုကျိုးက မုတ်ဆိတ်သပ်ပြီးနောက် လေထဲရှေ့ ဆက်တိုးလိုက်၏။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းရှေ့ရှိ အမှောင်ထုထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ရောင်ခြည်စက်ဝိုင်းတို့ ပေါ်လာ၏။ သူက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာ၏။ သူ၏ဆံနွယ်ဖြူများကြားထဲ၌ လရောင်အောက်တွင် အနက်ရောင်ဆံနွယ် တစွန်းတစ ရှိနေ၏။ ထိုအခြေအနေအောက်တွင် လုကျိုး၏သွင်ပြင်က သူဤနေရာသို့စတင်ကူးပြောင်းလာကာစ ကျိထျန်းတောက်နှင့် တထပ်တည်း တူနေပုံပေါ်၏။
မဟာဂိုဏ်းခုနစ်ဂိုဏ်း၏ တပည့်များက အသက်ပြင်းပြင်းရှူလိုက်သည်။ ကောင်းကင်ထဲရှိ လုကျိုးကို စိုက်ကြည့်နေစဉ် သူတို့မျက်လုံးများ ပြူးကျယ်နေလေ၏။ သူ၏မျက်လုံးများကို သူတို့ မမြင်နိုင်သော်ငြား ဝတ်ရုံရှည်၊ ဆံပင်ဖြူဖြူနှင့် မိစ္ဆာဝေဟင်မျှော်နန်းဂိုဏ်းသားများ၏ သဘောအရ ထိုအဘိုးအိုက မိစ္ဆာဝေဟင်မျှော်နန်းခေါင်းဆောင် တစ်မိုးအောက်ကို အုပ်စိုးခဲ့သည့် မဟာမိစ္ဆာကြီးဆိုတာ သေချာသည်။
လုကျိုးသည် သူ၏ကျန်ရှိသောထူးကဲစွမ်းအားများကိုထုတ်သုံးလိုက်၏။ ထူးကဲစွမ်းအားများကို တိုင်းတာကြည့်လိုက်သည်။ ပထမဆုံးကျွယ်ယွမ်ကိုသတ်ခဲ့သည့်မြားသည် သူ့စွမ်းအား၏ငါးပုံတစ်ပုံ သုံးထားသည်။ ကျွယ်ယွမ်သည် အစတည်းက သေခါနီးလူဖြစ်၏။ ထိုမြားသည် ကျွယ်ယွမ်၏ သေခြင်းတရားကို နှိုးလိုက်ရုံသာရှိသည်။ အမြုတေနှလုံးသားဂိုဏ်း၏ ဂိုဏ်းချုပ် လျူရုရှစ်ကို သတ်ခဲ့သောမြားသည် ကောင်းကင်ကျမ်းစာ၏ထူးကဲစွမ်းအား သုံးပုံတစ်ပုံ အသုံးပြုခဲ့ရသည်။ လျူရုရှစ်က ဖြုံလောက်သည့် ပြိုင်ဖက်တစ်ယောက်ဖြစ်၏။ ထို့နောက် ကျိယွမ်ချန်၏ မြားကို ဖမ်းရန်အတွက် သူသည် ထူးကဲစွမ်းအားသုံးပုံတစ်ပုံသုံးခဲ့ရ၏။ တနေ့တွင် သူ၏ထူးကဲစွမ်းအား သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ထိုအကြောင်းအရင်းကြောင့် သူသည် ကိုယ်တိုင် ထွက်ပေါ်လာရန် ဆုံးဖြတ်လိုက်တာပဲ ဖြစ်သည်။ ဤနည်းဖြင့် သူသည် ရန်သူများအားလုံးကို ထွက်လာဖို့ မျှားနိုင်လောက်သည်။
လုကျိုးထင်သည့်အတိုင်းပင် လုကျိုး၏စကားကို ကြားချိန်၌ ကျိယွမ်ချန်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ သူက တောအုပ်ထက် ပျံဝဲနေလျက် ပြောလိုက်တော့သည်။
“မင်းက ငါ့တပည့်ရဲ့တပည့်ကို သတ်ခဲ့တယ်။ ဒီနေ့ညမင်းကိုအဆုံးသတ်မယ်” ရာစုနှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သည့် အစွမ်းထက်သည့်ပုဂ္ဂိုလ်ကျိယွမ်ချန်က လေးနှင့်မြားကို မြှောက်လိုက်၏။
“ချန်းကျူက တခြားမျိုးနွယ် စန်းရဲ့ကပဲ... မင်းက တခြားမျိုးနွယ်အတွက်တိုက်ခိုက်နေတာလား”
“အဓိပ္ပာယ်မရှိတာ ... သူက တခြားမျိုးနွယ်သားဟုတ်မဟုတ် ငါ သေချာပြောနိုင်တယ်။" ကျိယွမ်ချန်က ပြောလိုက်၏။
လုကျိုးက ခေါင်းခါလိုက်၏။ သူသည် သူ့ရှေ့ရှိ မဟာဂိုဏ်းခုနစ်ဂိုဏ်းကို အပြည့်အဝ လျစ်လျူရှုထားသည်။ သူက စိတ်မပါလက်မပါပြောလိုက်သည်။ “မင်းက နတ်လေးသျှင်ခေါင်းဆောင်ဆိုမှတော့ မင်းကို တွေးတတ်တဲ့သူတစ်ယောက်လို့ထင်ခဲ့တာ အလိုလေးလေး ....”
လုကျိုးက ညာလက်ကို ဖြန့်လိုက်၏။ လေပွေလေးက လက်ဖဝါးပေါ်၌ ပေါ်လာသည်။
ယင်းက မဟာဂိုဏ်းခုနစ်ဂိုဏ်း ရှင်းရှင်းလင်းလင်း ခံစားမိသော ကနဦးချီဖြစ်သည်။ သူတို့က တပြိုင်နက်တည်း နောက်ဆုတ်လိုက်လေ၏။
“နောက်ဆုတ် ... အခုနောက်ဆုတ်ကြ”
ဂိုဏ်းခုနစ်ဂိုဏ်း၏ တပည့်များသည် ထိုအကြောင်းအရင်းကြောင့် ကြောက်လန့်ပြီး ထွက်ပြေးကြ၏။
“မင်းတို့ နေရာကိုစောင့်ကြပ်ကြ။ ဒီတိုက်ပွဲမှာ ငါတို့အောင်မြင်ရင်အောင်မြင် မဟုတ်ရင်သေရမယ်။ အညံ့ခံတဲ့သူတွေက အသတ်ခံရမယ်”
ထိုစကားတစ်ခွန်းဖြင့် ဂိုဏ်းခုနစ်ဂိုဏ်း၏တပည့်များက ရပ်တန့်သွားသည်။ သူတို့ကတွေဝေစွာ နေလေ၏။ အခု ငါတို့နောက်ဆုတ်ရမှာလား ... နောက်ဆုတ်လို့မရဘူးလေ။
“သူ့ရဲ့မဟာအကန့်အသတ်ကုန်တော့မယ်။ နောက်ဆုံးအခွင့်အရေးပဲ။ နောက်ဆုတ်တဲ့သူတိုင်း အသတ်ခံရမယ်” ဖုန်းချင်းဟယ်၏အသံသည် သူ၏ တန်ဖိုးကြီး ကောင်းကင်စွမ်းအင်ဖြင့် ပေါ်ထွက်လာ၏။ သူ၏တပည့်များ၏ စိတ်အခြေအနေကို တည်ငြိမ်သွားစေ၏။
ဟုတ်ပေသည်။ ယင်းက မိစ္ဆာကြီး၏မဟာအကန့်အသတ် နီးလာပြီဖြစ်သောကြောင့် ယခုသည် သူတို့၏နောက်ဆုံးအခွင့်အရေး ဖြစ်သည်။ သူတို့ ဤနေရာမှ သူတို့ဤနေရာသို့ရောက်နေလေရာ ယခု သူတို့နောက်ပြန်ဆုတ်နိုင်မည်လော။
လုကျိုးက လက်လှုပ်ရှားလျက် လေပွေက ပေါ်လာသည်။ ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်
မြင်နေရသည့်နေရာအတွင်း မည်သည့်အရာကမှ ကြောက်ရွံ့ခြင်းမရှိပေ။
တောက်ပသော ရွှေရောင်တံဆိပ်တော်သည် မြန်ဆန်သောအရှိန်ဖြင့် ကျိယွမ်ချန်ဆီသို့တိုးဝင်လာ၏။
ကျိယွမ်ချန်က အော်ဟစ်လိုက်ပြီးနောက် စွမ်းအင်မြားကိုပစ်ခတ်လိုက်သည်။ ထိုမြင်ကွင်းသည် ထျန်းကျန့်မြစ်ကို ခုခံရန်အကောင်းဆုံးကြိုးစားခဲ့သော ချန်းကျူကို အောက်မေ့သွားစေ၏။ တပည့်၏တပည့်နှင့် ဆရာက ဆင်တူလှပေသည်။ သူက ပိုသန်မာလာသလို ရန်သူကလည်း သန်မာသည်။ သူသည် နတ်ဘုရားတစ်ပါးနှင့်ရင်ဆိုင်ရလျှင် နတ်ဘုရားတစ်ပါးကိုသတ်မည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်မြားပေါင်းများစွာသည် လက်စည်းတံဆိပ်ကိုထိမိသွားပြီးနောက် အပေါ်ယံတွင် လှိုင်းဂယက်တစ်ခုသာဖြစ်စေခဲ့၏။ ၎င်း၏ရှေ့ဆက်တက်မှုကိုမနှေးစေပေ။
လက်စည်းတံဆိပ်သည် ရထားလုံးပျံနှစ်ခုကြားပျံသန်းသွားစေ၏။
ဝှစ်
ရထားလုံးပျံခုနစ်စင်း၏ သုံးပုံတစ်ပုံသည် ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်ကြောင့် ပျက်စီးသွားတော့သည်။ မည်သို့ ပျံ သန်းရမည်မှန်း မသိသည့် တပည့်တစုက အောက်သို့ပြု တ်ကျလာ၏။ လေထဲတွင် အော်သံများပေါ်ထွက်လာသည်။
ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်သည် ရထားလုံးပျံကို ဖြတ်သန်းသွားပြီးနောက် ကျိယွမ်ချန်ဆီသို့ ဆက်လက်တိုးဝင်သွား၏။
ထိုအခိုက်အတန့်တွင် ကျိယွမ်ချန်သည် နောက်ဆုံးတော့ တစုံတခုလွဲချော်နေတာကို သတိပြုမိသွား၏။ သူ့အသက်က ယင်းပေါ်မူတည်နေသည့်အလား ချက်ချင်းပျံသန်းသွားသည်။ ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်သည် မျက်လုံးရှိနေပုံပေါ်၏။
ကျိယွမ်ချန်၏ခန္ဓာကိုယ်ကို လျှပ်ပြက်သည့်အရှိန်ဖြင့်ထိသွားတော့သည်။
ဘန်း
ကျိယွမ်ချန်သည် ပြာဖြစ်သွားပြီးနောက် ပြာများသည် လေထဲ တကွဲတပြားဆီဖြစ်သွားသည်။ သူတို့က ယခုဆို သင်္ချိုင်းတမျှ တိတ်ဆိတ်သွားတော့သည်။
မဟာဂိုဏ်းခုနစ်ဂိုဏ်း၏တပည့်များသည် တွေးနိုင်စွမ်းနှင့် အသက်ရှင်နိုင်စွမ်းအားလုံး ကင်းမဲ့ကုန်ပြီ ဖြစ်သည်။
ဖုန်းချင်းဟယ်က ခဲရာခဲဆစ်ဖြင့် မြှင့်တင်ပေးထားသော သူတို့၏ ယုံကြည်ချက်နှင့် စိတ်ဓာတ်ခွန်အားတို့သည် ထပ်မံ ယိမ်းယိုင်သွားပြန်၏။ ထိုအခြေအနေအောက်တွင် လူတစ်ယောက်က သူတို့၏သတိတရားကို ထိန်းနိုင်ရန် ဖြစ်နိုင်မည်လော။
ယင်းက အသေရိုက်ချက်ကတ်တစ်ကတ်ပဲ ဖြစ်သည်။ လုကျိုးက ကုန်ကျစရိတ်ကိုတောင် မတွက်ထားပေ။ သူသည် အရိပ်ထဲကနေ မြားပစ်နေသည့် ထိုလက်ရွေးစင်ကို ဖြေရှင်းနိုင်ရန် မည်မျှကုန်ကျစေကာမူ ဖြေရှင်းရမည်။
လုကျိုးက ရှေ့ဆက်တိုးလာ၏။
ဖုန်းချင်းဟယ်၏အကြည့်တို့က အေးစက်ပြီးစူးရှနေသည်။ သို့သော် သူ့နှလုံးခုန်နှုန်းမြန်လာသည်။ အရေပြားများ အေးစက်လာပြီး ထုံကျဉ်လာ၏။ ဤအခြေအနေတွင် သူက ရွေးချယ်စရာမရှိတော့ဘဲ ဟန်ဆောင်ရန် သူ့ကိုယ်သူ ဖိအားပေးရတော့မည်။ သူက အမိန့်ပေးလိုက်၏။ “ကောင်းဖို့အတွက် တပည့်တွေက အသက်စတေးလိုစိတ်ရှိတယ်။ တိုက်ခိုက်ကြ”
ရထားလုံးပျံခုနစ်စင်းနားရှိ ကျင့်ကြံသူတို့သည် လုကျိုးဆီသို့ယင်ကောင်များပမာ တိုးဝင်သွားတော့သည်။
“ရှစ်စွင်း ...”
“မျှော်နန်းသခင် ...”
မိစ္ဆာဝေဟင်မျှော်နန်းဖက်ခြမ်းတွင် တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာသာလျှင် သူတို့ခွန်အားကို ထိန်းသိမ်းထားနိုင်တာပဲ ဖြစ်သည်။ လန်လော့က ထွက်ပြေးရန်စွမ်းအင်သာ ကျန်တော့၏။ သူတို့က ယင်းကို မြင်သောအခါ တိုက်ခိုက်သူများကို ခုခံချင်၏။ သို့သော် ယခုအချိန်တွင် သူတို့က လုကျိုးကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာတတ်နိုင်၏။
လုကျိုးလှမ်းလိုက်သည့်ခြေလှမ်းတိုင်း၌ လှိုင်းဂယက်က ပြန့်ကားလာ၏။ အပြာရောင်ကြာပွင့်က သူ့ခြေထောက်အောက်တွင်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် အပြာရောင်အလင်းဖျော့ဖျော့ဖြင့် တောက်ပလာ၏။
‘အသက်ရှည်ရှည်နေပြီး မိစ္ဆာသန်းချီကို သတ်ဖြတ်ရမှာပဲ၊ သူတို့တွေက မဟာဂိုဏ်းခုနစ်ဂိုဏ်းဆိုရင်တောင် ဒီဟာအတွက် ကြီးလေးတဲ့တန်ကြေးပေးဆပ်ရမယ်’