← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅) အညှာတာမဲ့စွာချေမှုန်းခြင်း

သူသည် ကျန့်ချိုက်အဖွဲ့ခွဲ၏ တပည့်တစ်ယောက် မည်သို့ဖြစ်နိုင်မည်နည်း။ သူသည် ထိတ်လန့်နေချင်ယောင်ဆောင်ပြီးနောက် ပြုံးကာပြောလိုက်တော့၏။

“အမ်း ... ခင်ဗျားက ကျုပ်ရဲ့ခွဲခွာချိတ်ကောက်ရဲ့တိုက်ခိုက်မှုကနေ အသက်ရှင်တယ်လား”

“မင်း ဘယ်သူလဲ” ဖုန်းချင်းဟယ်က နောက်တစ်လှမ်းဆုတ်လျက် တောင်ကြားကို တစ်ချက် ကြည့်လိုက်သည်။

“ဒါ အရေးမကြီးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားသေရတော့မှာ” မင်ရှစ်ရင်က နှာခေါင်းရှုံ့လျက် လက်မြှောက်လိုက်သည်။ ခွဲခွာချိတ်ကောက်က သူ၏လက်ထဲ ပြန်ရောက်လာလေ၏။ အမှန်တကယ်တွင် ကျန့်ချိုက်တပည့်များကြားထဲတွင် သူအစောတည်းက ရှိနေခဲ့တာပဲဖြစ်သည်။ သူက ရန်သူများထဲ ဖောက်ဝင်ပြီး ရန်သူများကို ဖြေရှင်းရန် အခွင့်အရေးတစ်ခု ရှာချင်ခဲ့သည်။ သို့သော်ငြား မမေ့နိုင်ဖွယ်မြင်ကွင်းကို မျက်မြင်တွေ့ရလိမ့်မည်ဟုမထင်ထားပေ။ သူ့ရှစ်စွင်း၏ ထိတ်လန့်ဖွယ်ခမ်းနားသော စွမ်းအားကိုလေးစားမှုမပြရသေးခင် သူသည် ဖုန်းချင်းဟယ်နောက်သို့ လိုက်ခဲ့တာပဲဖြစ်၏။ ဖုန်းချင်းဟယ်က ရိုးရှင်းသူ မဟုတ်မှန်း သူသိသည်။

“မင်းကိုယ်မင်း မိစ္ဆာအိုကြီးကျိများထင်နေလား” ဖုန်းချင်းဟယ်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။

မင်ရှစ်ရင်က နှုတ်ခမ်းသပ်ကာပြောလိုက်တော့၏။

“ခင်ဗျားက ကျုပ်ရှစ်စွင်းရဲ့ စွမ်းအင်ဓားကိုခံနိုင်ရည်ရှိတာ အံ့ဩစရာမရှိဘူးပဲ။ ခင်ဗျား တစ်ခုခုဝတ်ထားတာလား”

ဖုန်းချင်းဟယ်သည် ထိုစကားကိုကြားသောအခါ ရင်ထဲထိတ်ကနဲဖြစ်သွားလေ၏။

“မိစ္ဆာဝေဟင်မျှော်နန်းတပည့်တစ်ယောက်လား”

မင်ရှစ်ရင်က ဆံပင်များသပ်တင်လျက်ပြောလိုက်သည်။ “ဟုတ်ပြီလေ ... ကျုပ် ဟန်ဆောင်တာ ရပ်လိုက်ပြီ”

ဖုန်းချင်းဟယ်က မင်ရှစ်ရင်နောက်ကိုကျော်ကြည့်လိုက်သည်။ သူသည် မိစ္ဆာအိုကြီးကျိပေါ်လာမှာကို စိုးရိမ်နေ၏။ ပြီးနောက် သူကပြောလိုက်သည်။

“ရောင်းရင်း ဒီအကြောင်းနောက်မှပြောကြရအောင် မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် နောင်ကျ မင်းရဲ့ကြင်နာမှုကိုပြန်ပေးဆပ်မယ်လေ ... ဟုတ်ပြီလား”

“အနာဂတ်အတွက် မလိုအပ်တော့ဘူး”

“ဘာ”

“ခင်ဗျား အဝတ်ဖယ်လိုက်လေ ... ပြီးရင် ကျုပ်ရဲ့ခွဲခွာချိတ်ကောက်ကို ခင်ဗျားရဲ့နှလုံးထဲ အညှာအတာမဲ့စွာ ဝင်ရောက်ခွင့်ပေးလိုက်” မင်ရှစ်ရင်က ပြုံးလျက်ပြောလိုက်သည်။

“မင်း ...” ဖုန်းချင်းဟယ်က ကြိမ်းမောင်းပြောဆိုတော့၏။ “ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ချီပင်လယ်က လောင်ကျွမ်းပြီးပြီ။ မင်း ငါ့ကို သေစေချင်တယ်ဆိုရင် မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့” သူ၏လက်ကိုမြှောက်လျက် သူ၏စွမ်းအင်ဗဟိုချက်ကို နှစ်ချက်ခန့်ရိုက်ကာ ချီသွေးကြောများကို ဖော်ထုတ်လိုက်သည်။ သူ၏လောင်ကျွမ်းနေသော ချီပင်လယ်တဝက်က ဆက်လက်လောင်ကျွမ်းသွား၏။

ယခုအချိန်တွင် စစ်မြေပြင်ပေါ်ရှိဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တပည့်များအားလုံးသည် ရွှေနန်းဥယျာဉ်တောင်နားတွင် တွမ့်မူရှန်းနှင့်ကျန်သည့်သူများရှင်းလင်းတာ ခံခဲ့ရပြီးဖြစ်၏။

လုကျိုးက အချိန်ကိုကြည့်လိုက်သည်။ သူ့၌ ဆယ်မိနစ်ကျော်ကျန်သေး၏။ အရာအားလုံးက သူထင်ထားသည့်အတိုင်း အနည်းနှင့်အများဖြစ်လာသည်။ သူ့နားတစ်ဝိုက်ကိုကြည့်ပြီးနောက် နောက်ဆုံးတွင် သူ့တပည့်များကိုကြည့်လျက် တည်ငြိမ်စွာပြောလိုက်သည်။ “ဒါတွေကိုရှင်းလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

“အမိန့်အတိုင်းပါ”

“ရှစ်စွင်းရဲ့အံ့ဩဖွယ်ကောင်းမှုကတော့ အကန့်အသတ်မရှိအောင်ပါပဲ ... ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို တကယ်ရယူနိုင်ခဲ့တယ်။ အိပ်မက်မက်နေသလားလို့ ထင်ခဲ့တာ။ အမ်း ... ရှစ်စွင်းဘယ်သွားနေတာလဲ” ကျူးဟုန်ကုန်းက ချီးကျူးပြောဆိုနေစဉ် သူ၏ရှစ်စွင်း ပျောက်ကွယ်သွားတာကိုမြင်လိုက်ရ၏။ ပြီးနောက် သူကအော်ပြောလိုက်သည်။ “စန်းရှစ်ရှိုး၊ ရှောင်ရှစ်မေ့၊ ဝူရှစ်ကျဲ ... ကျွန်တော့်ကို လျစ်လျူမရှုကြပါနဲ့”

လူတိုင်းက အလုပ်များနေပြီး ကျူးဟုန်ကုန်းကိုဖျော်ဖြေရန်အချိန်မရှိပေ။

လုကျိုးသည် ခမ်းနားသောကျင့်စဉ်ကိုထုတ်ဖော်ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ထိပ်သို့ ရောက်သွားသည်။ သူသည် အစီအရင်မျက်လုံးကိုရှာတွေ့ပြီးနောက် လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်ကာ လက်ဝါးတတစ်ချက်ဖြင့် သူ၏စွမ်းအင်ကိုသွင်းလိုက်တော့သည်။

လက ပျောက်ကွယ်လာပြီးဖြစ်သည်။

“စိတ်ဝိညာဉ်သဏ္ဌာန်”

လုကျိုးသည် စိတ်ဝိညာဉ်သဏ္ဌာန်ကိုထုတ်ဖော်လျက် မိစ္ဆာဝေဟင်မျှော်နန်းအထက်တွင် ရပ်နေလေ၏။

“ရှစ်စွင်း ဘာလုပ်နေတာလဲ” ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းကိုလက်ညှိုးထိုးလိုက်၏။

“သူက အကြီးမြတ်ဆုံး အကျော်အမော်ဆိုတာကို ကြေညာနေတာပေါ့ ... သူ့ထက်သာတဲ့သူ ဘယ်သူမှမရှိဘူး။ ရှစ်စွင်း ... ရှစ်စွင်းရဲ့ ပွင့်ချပ်ကိုးလွှာအဆင့်က သိပ်ကိုမိုက်လွန်းတယ်။ ဒီနေ့ကစပြီး ရှစ်စွင်းက ကျွန်တော့်ရဲ့ အိုး ... ရှောင်ရှစ်မေ့ ငါ့ကိုထပ်ဆိတ်ပြန်ပြီ” ကျူးဟုန်ကုန်းက ပြောပြီးသူ့ပါးကိုပွတ်လိုက်၏။

လုကျိုးသည် သူ၏ကနဦးချီကိုသွင်းလျက် သူ၏ဒုက္ခမိုင်တရာရှုကွင်းအောက်၌ သူ၏ရွှေကြာကို ကြည့်လိုက်သည်။ အချိန်အတော်ကြာလေ့လာပြီးနောက် ဇဝေဇဝါဖြစ်သွား၏။ လက်ရှိကျင့်ကြံခြင်းသီအိုရီအရ ကျင့်ကြံသူများအဖို့ မဟာအကန့်အသတ်က သတ်မှတ်ထားသည့် ကန့်သတ်ချက်ကနေလွတ်မြောက်နိုင်ဖို့ခက်ခဲ့သည်။

ယွင်ထျန်လော့ဖြစ်ပျက်ခဲ့ပုံကိုအကဲဖြတ်ပြီးရွှေကြာက လူတစ်ယောက်၏ကျင့်ကြံဆင့်နှင့် အသက်ကိုစုပ်ယူမည်ဖြစ်ကာ အနည်းဆုံးတော့ အနှစ်တစ်ထောင်ကိုကျော်သွားလိမ့်မည်။ ရွှေကြာကိုဖြတ်တောက်ခြင်းဖြင့်သာ၎င်းကိုကျော်လွှားနိုင်၏။

သို့သော် လုကျိုးသည် အထွတ်အထိပ်အသွင်ကတ်သုံးနေချိန်၌ သူသည် ပွင့်ချပ်ကိုးလွှာအဆင့်တွင် ရှိနေ၏။ သူ စတင်ကူးပြောင်းလာခါစ အချိန်ကိုပြန်တွေးမိသွားသည်။ သူသည် အထွတ်အထိပ်အသွင်ကတ်ကို ပထမဆုံးအကြိမ်အသုံးပြုစဉ်က ပွင့်ချပ်ရှစ်လွှာအဆင့်တွင်သာ ရှိသေးသည်။ သူက ယဲ့ထျန်းရှင်းကိုဖမ်းသည့်အခါ၌ ၎င်းကို ဒုတိယအကြိမ်သုံးခဲ့သည်။ ထိုစဉ်က ပွင့်ချပ်ကိုးလွှာရှိခဲ့၏။ သို့သော်ငြား ထိုအချိန်က ရွှေကြာကို များများစားစားနားမလည်နိုင်ခဲ့ပေ။ သိပ်ပြီးမစဉ်းစားခဲ့။ အထွတ်အထိပ်အသွင်ကတ်ကို သူ စတုတ္ထအကြိမ်မြောက်သုံးတာဖြစ်သည်။ အမှန်တကယ်ပင် ယင်းက ပွင့်ချပ်ကိုးလွှာရွှေကြာဖြစ်နေ၏။

အသုံးပစ္စည်းကတ် .... ကျိထျန်းတောက်၏အထွတ်အထိပ်အသွင်ကတ်

မှတ်ချက်။ ။ကျိထျန်းတောက်၏အထွတ်အထိပ်အခြေအနေသည် မိနစ်သုံးဆယ်သာခံမည်။

တနည်းဆိုရလျှင် ထိုစဉ်က ကျိထျန်းတောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်တွင်ရောက်နေပြီဖြစ်သည်။ သို့သော် မဟာအကန့်အသတ်ကြောင့် ပွင့်ချပ်ရှစ်လွှာအဆင့်သို့ပြန်ကျသွားတာဖြစ်သည်။ လုကျိုးသည် အကြောင်းပြန်လှန်ကတ်ကိုသုံးပြီးနောက် သူ၏ရုပ်ခန္ဓာသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ပံ့ပိုးပေးနိုင်သည့် အနေအထားသို့ တဖန်ပြန်လည်ရောက်ရှိသွား၏။ ကျိထျန်းတောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို အစောတည်းက ကြိုးပမ်းရပြီးပြီဆိုလျှင် သူသည် ဝန်းရံတိုက်ခိုက်ချိန်၌ ထိပ်သည်းဂိုဏ်းဆယ်ဂိုဏ်းမှ အကျော်အမော်များကြောင့် မည်ကဲ့သို့ဒဏ်ရာပြင်းပြင်းထန်ထန်ရ သနည်း။ ထိုအရာကနေ သူက ကျိထျန်းတောက်သည် ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့်တိုက်ခိုက်ပြီးမှ ပွင့်ချပ်ကိုးလွှာအဆင့်ကိုရရှိခဲ့ကာ ထိုအချိန်ပြီးမှ လုကျိုးကူးပြောင်းလာတာဟုခံစားမိသည်။

ခဏကြာပြီးနောက် လုကျိုး၏စိတ်ထဲမေးခွန်းတစ်ခုပေါ်လာ၏။ ကျိထျန်းတောက်ပွင့်ချပ်ကိုးလွှာရဖို့ လိုအပ်တဲ့ နှစ်တစ်ထောင်သက်တမ်းက ဘယ်ကနေရတာလဲ။

ဝှစ်

ဖုန်း

အစီအရင်က လှုပ်ခါသွား၏။ ထိုတုန်လှုပ်မှုသည် လုကျိုးကို အတွေးထဲကနေဆွဲထုတ်ပြီး လက်တွေ့သို့ပြန်ရောက်သွားစေ၏။ ရွှေနန်းဥယျာဉ်တောင်၏ အစီအရင်ကိုမော့ကြည့်လိုက်သည်။ အရံအတားကလင်းထိန်လာ၏။ သူသည် သူ၏ကနဦးချီကိုအပြည့်အဝဆက်လက် သွင်းနေလိုက်သည်။ ပွင့်ချပ်ကိုးလွှာအဆင့်ကြောင့် အစီအရင်သည် အလွန်မြန်ဆန်သည့် အရှိန်ဖြင့်ပြန်ပြင်နေ၏။

ပြန်လည်သုံးသပ်ရေးဂူအတွင်း၌ စီးဝူယာ့သည် ထိုကဲ့သို့ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့်နိုးလာသည်။ သူသည်ဂူဝသို့သွားလိုက်ရာ သူ၏လမ်းကြောင်းသည် တစ်စုံတစ်ခုပိတ်ဆို့တာခံလိုက်ရသည်။

သူသည် တိုက်ခိုက်နေသံများနှင့် အလင်းများပေါ်လာတာကိုမြင်လိုက်ရ၏။ ဆိုလိုသည်က မိစ္ဆာဝေဟင်မျှော်နန်းသည် ခြိမ်းခြောက်မှုအောက်ကျရောက်နေတာပဲဖြစ်သည်။

ဘန်း

သူသည် ပြန်လည်သုံးသပ်ရေးဂူ၏အရံအတားကို အကြိမ်ပေါင်းများစွာဝင်တိုက်နေ၏။ သူအပြင်ထွက်ပြီးလျှင် ဖန်ကျုံးရှိမည့်နေရာကိုရှာကာ သူ၏ကျင့်ကြံဆင့်ကို ပြန်ရအောင် လုပ်ရမည်။

“ရှစ်စွင်း ... ရှစ်စွင်း ခေါင်းမာလိုက်တာ ရှစ်စွင်း “

ဘန်း

စီးဝူယာ့က အရံအတားအပြင်ဖက်သို့ရောက်လာ၏။ သူ၏ခွန်အားဖြင့်အရံအတားကိုဖြိုခွဲခဲ့တာ မဟုတ်ပေ။ ရွှေနန်းဥယျာဉ်တောင်ကနေ ကြမ်းတမ်းသည့် တုန်နှုန်းကြောင့်ပဲဖြစ်၏။ အစွမ်းထက်သော အတက်အကျများသည် ပြန်လည်သုံးသပ်ရေးဂူ၏အစီအရင်ကို ထိခိုက်သွားစေ၏။ ယန္တရားအသစ်ပြန်လည်ပတ်သည့်ပမာဖြစ်နေသည်။ အသစ်ပြန်ဖွင့်လျှင်ဖွင့်ချင်း အရံအတားကပျောက်ကွယ်သွား၏။ ခဏအကြာတွင် အရံအတားပြန်ပေါ်လာသည်။

စီးဝူယာ့က လှည့်ကြည့်လာပြီး ဇဝေဇဝါဖြစ်နေလေ၏။ နောက်ကွယ်ရှိအကြောင်းအရင်းကို စဉ်းစားရန် အချိန်မရှိပေ။ သူက ကမန်းကတမ်းရှေ့ထွက်လျက်တောအုပ်ဆီသို့ ဦးတည်သွားလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းကိုကယ်နိုင်မှာ ငါတစ်ယောက်ပဲရှိတယ်”

စီးဝူယာ့သည် တောင်နောက်ကထွက်လာကာစ၌ မှောင်မည်းနေသောကောင်းကင်က ရုတ်တရက် လင်းထိန်လာ၏။ အာရုံတက်ချိန်ရောက်လာသည့်ပမာဖြစ်နေသည်။

ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံး၊ တောင်အနောက်ဖက်၊ ပြန်လည်သုံးသပ်ရေးဂူ၊ မိစ္ဆာဝေဟင်မျှော်နန်း၊ တောအုပ်နှင့်အနားရှိတောင်တန်းဒေသက လင်းထိန်သွား၏။

ရွှေနန်းဥယျာဉ်တောင်၏အရံအတားက ပြန်လည်ရောက်ရှိလာသည်။

စီးဝူယာ့ကနေရာမှာတွင်ရပ်နေမိသည်။ သူက အံ့ဩဆွံ့အနေလေ၏။

ဘာဖြစ်နေတာလဲ ... ဘာဖြစ်သွားတာလဲ။

သာမန်အခြေအနေအောက်တွင် အစီအရင်ကိုပြုပြင်ရန် နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ ငါးယောက်က ဆယ်စုနှစ်ပေါင်းများစွာလိုအပ်လိမ့်မည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် လက်ရွေးစင်များက နေ့စဉ်နေ့တိုင်းကြိုးစားပြီးမှ တည်ဆောက်နိုင်မှာ ဖြစ်သည်။ ပွင့်ချပ်ရှစ်လွှာလက်ရွေးစင်တောင် ခွန်အားအပြည့်ဖြင့် တည်ဆောက်လျှင် အချိန်ခြောက်လခန့် လိုအပ်သည်။ အရံအတားသည် အပြည့်အဝမွမ်းမံပြီးအနေအထားဖြင့်အဘယ်ကြောင့် ရုတ်တရက် ပေါ်လာသနည်း။

စီးဝူယာ့က တောအုပ်အပြင်ဖက်သို့ လှည့်ကြည့်လိုက်၏။ သူကမော့ကြည့်လိုက်ရာ မိစ္ဆာဝေဟင်မျှော်နန်းထက်တွင် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ယင်းက ရွှေရောင်အလင်းတို့ဖြင့်တောက်ပနေလေ၏။

စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် ‌ရွှေကြာက ဖြည်းဖြည်းချင်းလှည့်ပတ်နေသည်။ ပွင့်ချပ်ကိုးလွှာက ကြာပွင့်နှင့်အတူလည်နေ၏။ စီးဝူယာ့ကထိတ်လန့်အံ့ဩသင့်သွားသည်။ သူ့ရှေ့ရှိပွင့်ချပ်ကိုးလွှာကို လက်ညှိုးထိုးပြီး သူက ဖြတ်ရိုက်ခံလိုက်ရသလိုခံစားလိုက်ရ၏။ သူ့ကိုယ်သူ စိတ်ထဲပြက်ရယ်ပြု နေမိသည်။

ရူးမိုက်လိုက်လေခြင်း ... ငါ့ရဲ့မာန်မာနက ငါ့ကိုကန်းစေခဲ့တာပဲ။ ငါတစ်ယောက်ပဲ မိစ္ဆာဝေဟင်မျှော်နန်းကို ကယ်နိုင်မယ်လို့ထင်ခဲ့တာ ရှစ်စွင်းကို ခေါင်းမာတဲ့လူအိုကြီးလို့တောင် ငါပြောခဲ့တယ်။

စီးဝူယာ့သည် သူ၏အကဲဖြတ်မှုနှင့် သူ၏ဉာဏ်ရည်ကို ဂုဏ်ယူခဲ့၏။ သို့သော်ငြား ယခုအခိုက်အတန့်တွင် ပွင့်ချပ်ကိုးလွှာကြောင့် အညှာအတာမဲ့စွာချေမှုန်းခံရပြီး နင်းခြေခံလိုက်ရပုံပေါ်၏။

...

အခန်း(၄၄၆) ခင်ဗျားက တကယ်အားကောင်းလွန်းတယ်

စီးဝူယာ့တွင် ကျယ်ပြောသည့် သတင်းကွန်ယက် ရှိလေသည်။ သူ့က ဂိုဏ်းကြီးခုနှစ်ဂိုဏ်း၏ နောက်ခံနှင့် ဂိုဏ်းချုပ်များ၏ အားနည်းချက်အကြောင်း အတွင်းကျကျ သိထားလေပြီ။ သူ့အစီအစဉ်အရ မဟူရာကွန်ယက်မှ ပင်မအဖွဲ့ဝင် ယဲ့ကျစ်ရှင်းကို ဂိုဏ်းကြီးခုနှစ်ဂိုဏ်း၏ အားနည်းချက်များကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပို့ခိုင်းဖို့ စီစဉ်ထားလေသည်။ အကယ်၍ သူ့ရှစ်စွင်းသာ စိတ်ပြောင်းသွားခဲ့လျှင် ဂိုဏ်းကြီးခုနှစ်ဂိုဏ်းနှင့် ညှိနှိုင်းဖို့ သူ့အား စေလွှတ်လာနိုင်သည်။

သူ့လက်ထဲရှိသည့် အချက်အလက်များကို အသုံးချကာ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းကို စီးဝူယာ့၏ စကားတစ်ခုတည်းဖြင့် တွန်းလှန်နိုင်လိမ့်မည်။ ယွီကျန့်ဟိုင်နှင့် မဟူရာကွန်ယက်ကိုပါ ထည့်ပေါင်းလိုက်လျှင် စီးဝူယာ့က ထိုသို့လုပ်ဖို့ရာ ယုံကြည်ချက်အပြည့်အဝ ရှိထား၏။ အချိန်ကျလာသည့်အခါ သူ့ရှစ်စွင်းက သူ့အား အမြင်သစ်ဖြင့် မြင်လာလိမ့်မည်။

သို့သော်လည်း ယခုတွင် ထိုအရာက ဟာသ ဖြစ်နေ၏။ တစ်မိုးအောက် အကြီးမားဆုံး ပြက်လုံးတစ်ခု ဖြစ်ပေသည်။

စီးဝူယာ့က သူ့ရှစ်စွင်းသည် ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း သိပြီးသား ဖြစ်နေလိမ့်မည်ဟု ရံဖန်ရံခါ တွေးမိလေသည်။ သူက တာ့ရှစ်ရှိုးကို ထိုအကြောင်းပြောပြခဲ့ဖူးသော်လည်း ကံဆိုးစွာဖြင့် ယုံကြည်ဖို့ ခက်ခဲခဲ့ကြသည်။ အမှန်တရားက သူတို့စိတ်ထဲ စွဲကပ်နေပြီ ဖြစ်၏။ တကယ်လို့ နေက တောင်အရပ်မှ ထွက်လာခဲ့သည်ဟု ပြောလျှင် ကိုယ်တိုင် မကြုံတွေ့မချင်း ယုံကြည်ကြမည် မဟုတ်ပေ။

စီးဝူယာ့က ဧရာမစိတ်ဝိညာဉ်သဏ္ဌာန်ကြီးကို ကြည့်လိုက်သည်။ သူ့ပါးပြင်ပေါ် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရပြီး သူ့မျက်နှာကိုပင် ထုတ်ဖော်မပြရဲလောက်အောင် မျက်နှာပူလာမိသည်။

ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက အကူအညီ လိုပါ့မလား .. အကြွင်းမဲ့ အင်အားနဲ့ လှည့်ကွက်တွေ၊ လှည့်စားမှုတွေက ဟာသပဲ

အကာအရံက တောက်ပလာသည်။

ရွှေနန်းဥယျာဉ်တောင်၏ အကာအရံနှင့် စိတ်ဝိညာဉ်သဏ္ဌာန်က ညကောင်းကင်ယံအထက် တောက်ပနေသည်။

မိစ္ဆာဝေဟင်မျှော်နန်းက ယခင်ဂုဏ်ကျက်သရေ ပြန်လည်ရရှိသွားပုံပေါ်သည်။

……………..

ထိုစဉ် လုကျိုးက မရပ်တန့်သွားသေးပေ။ ထို့အစား သူက ကမ္ဘာဦးချီကို ဆက်လက်၍ ထုတ်ဖော်နေသည်။ သူက စီးဝူယာ့အား သင်ကြားပြသပေး၍ ဆုလာဘ်များရကြောင်း အသိပေးချက်များ ရနေသော်လည်း စဉ်းစားနေဖို့ အချိန်မရှိပေ။

လုကျိုးက မြေပေါ်မှ အဖြစ်အပျက်များကို အာရုံမစိုက်ထားပေ။ ထို့အစား သူက ကမ္ဘာဦးချီကို အစီအရင်အကာအကွယ်ထဲကိုသာ အာရုံအပြည့်အဝ စိုက်ထားလေ၏။ သူက စဉ်းစားလိုက်သည်။

ငမိုက်သားက ပြန်လည်သုံးသပ်ရေးဂူထဲမှာ မေးခွန်းတွေ ထပ်တွက်နေပြန်ပြီလား …

လုကျိုးက အကာအကွယ် လုံးဝ အခြေကျသွားဖို့ လိုအပ်လေသည်။ အပြည့်အဝ အသုံးမချပါက အထွတ်အထိပ်သဏ္ဌာန်ကတ်၏ စွမ်းအားက အလကား ဖြစ်သွားလိမ့်မည်။ အချိန်ကန့်သတ်ချက် ကျော်လွန်သွားသည့်အခါ သူ ပိုင်ဆိုင်ထားသည့် ကမ္ဘာဦးချီအားလုံးက ပျောက်ကွယ်သွားလိမ့်မည်။

………………

စီးဝူယာ့က ရုတ်ချည်း တစ်စုံတစ်ခုကို အမှတ်ရသွားလေသည်။

ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက လူတွေကရော ဘယ်မှာလဲ ….

သူက အသက်ပြင်းပြင်းရှုကာ တောင်အနောက်ဘက်သို့ ပြေးလာလိုက်၏။ သူက အမြင့်မှ ရပ်ကာ ငုံ့ကြည့်လိုက်သည်။ ရွှေနန်းဥယျာဉ််တောင်မှ အလင်းတန်းနှင့် စိတ်ဝိညာဉ်သဏ္ဌာန်သည် တောအုပ်အား အလင်းပေးထားသည်။ သူ မြင်နိုင်သလောက် တိုက်ပွဲအရိပ်အယောင်သာ ကျန်ရှိတော့သည်။

စွမ်းအင်ဓားများကြောင့် ချန်ထားခဲ့သည့် ခြစ်ရာများ၊ ရွှေကြာသဏ္ဌာန် မြေချိုင့်ကြီးနှင့် ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ တပည့်များ၏ အလောင်းများက ပြန့်ကျဲနေသည်။

စီးဝူယာ့က တအံ့တဩဖြင့် ရေရွတ်လိုက်လေ၏။ “ဒါက ပွင့်ချပ်ကိုးလွှာစွမ်းအားလား ”

………………

တောင်ကြားမှ တစ်မိုင်အကွာတွင် …

မင်ရှစ်ရင်က ဖုန်းချင်းဟယ်အား တအံ့တဩဖြင့် ပြောလိုက်သည်။ “ ခင်ဗျား သိလား။ ခင်ဗျားကို ပေးမလို့ပဲ။ ဒါပေမဲ့ ခင်ဗျားက လှည့်ကွက်တွေများလွန်းတယ်။ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းကတောင် ခင်ဗျားရဲ့ အမြောက်စာ ဖြစ်လာရတာပဲ”

ဖုန်းချင်းဟယ်က ချီပင်လယ် လောင်ကျွမ်းသွားပြီးသည့်နောက်တွင် အမူအရာမှုန်မှိုင်းသွားပြီး “ မင်းက ကောင်းကင်ဘုံကနေ ငရဲကို ခုန်ချချင်တာကိုး ”

မင်ရှစ်ရင်က လက်တစ်ချောင်းဖြင့် လက်ဟန်ပြလိုက်ပြီး ခပ်တည်တည်သာ ပြောလိုက်သည် “ ကျုပ်လည်း စိုးမိပါ့ ”

ထိုအရာက ဖုန်းချင်းဟယ်ကို ပို၍ ဒေါသထွက်လာစေသည်။ သူက မင်ရှစ်ရင်အား တစစီ စုတ်ဖြဲချင်မိသည်။ ချီပင်လယ် လောင်ကျွမ်းပြီးနောက်တွင် အချိန်ကန့်သတ်ချက် ရှိလေသည်။ သူက စကားများ မပြောတော့ဘဲ မင်ရှစ်ရင်ဆီ လျှပ်စီးလိုအလျှင်ဖြင့် ခုန်အုပ်လာ၏။

ဘန်း ဘန်း ဘန်း

လက်ဟန်များက လေထဲ ပေါ်ထွက်လာသည်။

မင်ရှစ်ရင်က တိုက်ကွက်ကို ရှောင်ရှားလိုက်၏။ သူက လှောင်ပြောင်လိုက်သေးသည် “မြန်မြန်လုပ်လေ … ခင်ဗျားက ဒဏ်ရာကြီးနဲ့ဆိုတော့ နှေးလာပြီပဲ ”

ဖုန်းချင်းဟယ်၏ သုံးသပ်နိင်စွမ်းက ဒေါသကြောင့် အမှောင်ဖုံးသွားလေပြီ။ သူ့တိုက်ကွက်များက ပို၍ ပြင်းထန်ကာ ကြီးမားလာသည်။

မင်ရှစ်ရင်က နောက်ဆုံးတွင် ဖိအားကို ခံစားလာရသည်။ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် လက်ရွေးစင် ကျင့်ကြံသူတစ်ယောက်ကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။ အကယ်၍ ဖုန်းချင်းဟယ်သာ သူ့ရှစ်စွင်းကြောင့် ဒဏ်ရာအပြင်းအထန် မရထားလျှင် သူက ဖုန်းချင်းဟယ်ကို စိန်ခေါ်ရဲလောက်အောင်အထိ သတ္တိကောင်းမည် မဟုတ်ပေ။

ဝုန်း ဝုန်း ဝုန်း

မင်ရှစ်ရင်က တောအုပ်ထဲ ဆက်တိုက် နောက်ဆုတ်လာသည်။

ဝှစ်

ဖုန်းချင်းဟယ်လည်း ရုတ်ချည်း နောက်ဆုတ်လိုက်၏။ သူက တောအုပ်ကို စစ်ဆေးကြည့်ကာ မေးလိုက်သည် “မင်းက ငါ့ကို မျှားခေါ်လာတာလား ”

“ခင်ဗျားက ဉာဏ်ကောင်းသားပဲ” မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။

“ ပြီးတော့ ခင်ဗျားက အတွေ့အကြုံနည်းလွန်းတယ် ”

ဝှစ်

ဖုန်းချင်ဟယ်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ သူ့ချီပင်လယ် လောင်ကျွမ်းထားမှုကြောင့် မင်ရှစ်ရင်ကို တတ်နိုင်သမျှ အချိန်တိုအတွင်း ဖြေရှင်းရမည် ဖြစ်သည်။ တိုက်ပွဲက အချိန်ဆွဲလေလေ သူ့အတွက် အရေးနိမ့်လေလေ ဖြစ်၏။ သူ့တွင် မူလက ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့် ရှိခဲ့သော်လည်း ချီပင်လယ် တစ်ဝက်လောက်ကို လောင်ကျွမ်းပစ်လိုက်ပြီးနောက် ကျင့်ကြံဆင့်က ယိုယွင်းသွားသည်။ ယခု သူ့တွင် ပွင့်ချပ်ခြောက်လွှာအဆင့်သာ ရှိတော့သည်။

အကယ်၍ သာမန်အခြေအနေဆိုပါက ပွင့်ချပ်ခြောက်လွှာအဆင့်ကို သတ်ဖို့ လွယ်ကူပေဦးမည်။ သို့သော်လည်း လက်ရှိအခြေအနေကား ထူးခြားလွန်းလှသည်။ သူက အားကုန်ထုတ်သုံးရမည်။ ထိုအခါမှ မင်ရှစ်ရင်ကို ရင်ဆိုင်ဖို့ လုံလောက်ပေမည်။

ဖုန်းချင်းဟယ်က လက်ကို ဖြန့်လိုက်သည့်အခါ အဆောင်သင်္ကေတများ ပေါ်ထွက်လာပြီး မင်ရှစ်ရင်ဆီ ပြေးဝင်သွားသည်။

“ အမိုက်စားပဲ … ကျုပ်တော့ ပြေးပြီ ” မင်ရှစ်ရင်က ငတုံး မဟုတ်ပေ။ သူက ဖုန်းချင်းဟယ်နှင့် ထိပ်တိုက် ရင်မဆိုင်နိုင်ပေ။ သူက မြေပေါ် အသာခြေဖျားထောက်လိုက်ပြီး တောအုပ်အတွင်း လျှပ်စီးလို အလျှင်ဖြင့် ခုန်ဝင်လိုက်သည်။

သစ်ပင်များက အသက်ဝင်လာသည့်အလား ဖုန်းချင်းဟယ်၏ လမ်းကို တားဆီးနေသည်။

ဝုန်း

တောအုပ်အစိတ်အပိုင်းတစ်ခုက ချက်ချင်းဆိုသလို စိတ်ဝိညာဉ်သဏ္ဌာန်နှင့် အဆောင်သင်္ကေတများကြောင့် ပျက်စီးသွားသည်။

ဖုန်းချင်းဟယ်က လေထဲတွင် ဝဲပျံရင်း ငုံ့ကြည့်လိုက်သည်။

မင်ရှစ်ရင်၏ အသံက အဝေးမှ ပျံ့လွင့်လာသည်။ “ ဟေး ဒီမှာ ”

ဖုန်းချင်းဟယ်၏ လက်ဝဲဘက်ရှိ သစ်ပင်ကြီးအောက်တွင် မင်ရှစ်ရင်က သူ့အား လက်ညှိုးဖြင့် ညွှန်ပြနေသည်။

ဖုန်းချင်းဟယ်က ဘာမှမပြောဘဲ လက်ဝါးမှ သင်္ကေတနှစ်ခုသာ ထုတ်လွှင့်လိုက်သည်။ ထို့နောက် သူက စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ လိုက်ပါလာ၏။

ဝုန်း ဝုန်း ဝုန်း

ဖုန်းချင်းဟယ်၏ တိုက်ကွက်က လွဲချော်သွားလေသည်။

မင်ရှစ်ရင်က အောင်အောင်မြင်မြင် တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ အကယ်၍ သူသာ ဖုန်းချင်းဟယ်ကို အနိုင်မယူနိုင်လျှင် ရှောင်ရှားနေသည်က အကောင်းဆုံး တုံ့ပြန်မှု ဖြစ်ပေသည်။

အချိန်တချို့ကြာမြင့်ပြီးနောက် ဖုန်းချင်းဟယ်က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလာသည်။ သူက ဒီလိုဆက်ဖြစ်နေခွင့် မပြုနိုင်ပေ။ သူက မင်ရှစ်ရင်လောက် ဉာဏ်များသည့်သူကို မကြုံဖူးခဲ့ပေ။

ဖုန်းချင်းဟယ်က ချီပင်လယ်ကို မှန်းဆလိုက်ပြီး အိတ်ကပ်ထဲမှ အဆောင်များကို ထုတ်ယူလိုက်သည်။ သူ့ချီစွမ်းအား ထွက်ပေါ်လာပြီး အဆောင်များအား လောင်ကျွမ်းသွားစေသည်။ ထို့နောက် သူတို့ကို ပစ်လွှတ်လိုက်၏။

တောအုပ်တစ်ခုလုံးက ချက်ချင်းဆိုသလို မီးစွဲသွားလေသည်။

သူက မီးသည် လုံလုံလောက်လောက် အားမပြင်းကြောင်း မြင်သည့်အခါ အဆောင်များကို ထပ်မံ ပစ်လွှတ်လိုက်သည်။ အဆောင်များက တောအုပ်အတွင်း နေရာအသီးသီးသို့ ကျရောက်သွားကြ၏။ ထို့နောက် သူက ကျေနပ်မိလာသည်။ သူက လောင်ကျွမ်းနေသည့် တောအုပ်ကြီးကို ကြည့်ကာ အနီးမှ ပုန်းအောင်းနေသည့် တခြားကျင့်ကြံသူများ ထွက်လာမည်ကို ရှာလိုက်၏။

“ကျုပ်ကို မိသွားပြီပဲ” မင်ရှစ်ရင်က မီးခိုးငွေ့များဖြင့် ချောင်းဆိုးရင်း ထွက်လာသည်။ သူက သူ့ကိုယ်သူ စွမ်းအားဖြင့် ရစ်ပတ်ကာ တောင်ကြားသို့ ပြေးလာလိုက်၏။ သစ်ပင်များ မရှိလျှင် မီးလည်း မရှိနိုင်ချေ။ သူက လေဟုန်အဖြစ် ပြောင်းသွားသလိုမျိုးအထိ လျင်မြန်လှသည်။

“ထွက်ပြေးတာလား။ သေလိုက်တော့” ဖုန်းချင်းဟယ်က လက်ဝါးပူးကပ်လိုက်ရင်း အဆောင်များစွာ ပစ်လွှတ်လိုက်သည်။ အဆောင်များကို လောင်မြိုက်စေလိုက်သည်နှင့် လေထုထဲ အစီအရင်သွေးကြောများ ပေါ်ထွက်လာသည်။ ထိုအရာက အဆောင်စည်းတံဆိပ်များအဖြစ် ပြောင်းမသွားခင်အထိ ရွှေရောင်တောက်ပနေလေ၏။ အဆောင်စည်းတံဆိပ်က မင်ရှစ်ရင်အား ဖမ်းဆီးလိုက်လေသည်။

ဖုန်းချင်းဟယ်သည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် တိုက်ကွက်အားလုံး ထုတ်သုံးရင်း မင်ရှစ်ရင်ဆီ ပြေးဝင်သွားလိုက်သည်။ ယခု သူက ပွင့်ချပ်ခြောက်လွှာအဆင့် ဖြစ်နေသော်လည်း ပေ ၇၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက သာမန်ကျင့်ကြံသူများ တိုက်ခိုက်နိုင်မည့်အရာ မဟုတ်ချေ။

သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက တဝီဝီ မြည်လာသည်။

အဆင့်ကွာဟမှုအောက်တွင် လှည့်ကွက်များနှင့် လှည့်စားမှုများက အသုံးမဝင်တော့ပေ။

ဝုန်း

ဖုန်းချင်းဟယ်နှင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ကျရောက်လာသည်။ ရွှေကြာအောက်တွင် မြေချိုင့်တစ်ခု ပေါ်ထွက်လာ၏။ တစ်ဖက်လူသည် ပြားသွားလောက်ပြီဖြစ်ကြောင်း ယုံသွားသည်။

သူက အားပါးတရ ရယ်မောရင်း “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တဲ့လား။ မင်းကံဆိုးတာသာ အပြစ်တင်လိုက်တော့”

သူ့ဆီတွင် ကြော့ရှင်းတင့်တယ်ဖွယ် ဂိုဏ်းချုပ်တစ်ယောက် ပုံစံမျိုး မရှိတော့ပေ။ သူ့စကားများက အဆီအမောက်မတည့်ပေ။ ပြောရလျှင် မိစ္ဆာဝေဟင်မျှော်နန်းရှိ တပည့်များကို ဖြောင့်မတ်ခြင်းလမ်းစဉ်မှ မသတ်နိုင်ခဲ့ပေ။ ကျင့်ကြံဆင့်နိမ့်သည့် ကျူးဟုန်ကုန်းပင် အမြဲတမ်းလိုလို ထွက်ပြေးလွတ်မြောက်တတ်လေသည်။

ယခုတစ်ခေါက် ရွှေနန်းဥယျာဉ်တောင်ကို ဂိုဏ်းကြီးခုနှစ်ဂိုဏ်း ပူးပေါင်းတိုက်ခိုက်ခြင်းက အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကံဆိုးစွာဖြင့် ပွင့်ချပ်ကိုးလွှာ မိစ္ဆာအိုကြီးဖြင့် တိုးခဲ့ရသည်။ မိစ္ဆာဝေဟင်မျှော်နန်း တပည့်ကို သတ်နိုင်လိုက်ခြင်းက သူ့အား စိတ်သက်သာရာ ရစေသလို လှုံ့ဆော်မှုတစ်ခု ဖြစ်လာစေသည်။ သူက ဆက်လက်၍ ရယ်မောနေလေ၏။ နောက်ဆုံးတွင် သူက လက်ကိုမြောက်ကာ ချီပင်လယ်ကို ထပ်မံ စည်းပိတ်လိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်သဏ္ဌာန်လည်း ပျောက်ကွယ်သွားလေသည်။

ဝုန်း

လေထဲ အသံကျယ်ကြီးတစ်ခု ထွက်လာပြီးနောက် မြေချိုင့်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ဖုန်းချင်းဟယ်က နောက်လှန်ကျလုမတတ် ဖြစ်သွားလေ၏။

မင်ရှစ်ရင်က လက်တစ်ဖက်ကို မြောက်ထားသည်။ သူ့လက်ထဲတွင် ခွဲခွာချိတ်ကောက် လွင့်မျောနေပြီး “ခင်ဗျားက တကယ်ကို အားကောင်းသား … ကျုပ်အင်အား သုံးပုံတစ်ပုံ ထုတ်သုံးနိုင်အောင် လုပ်နိုင်တဲ့အထိ အားကောင်းသား ”

ဖုန်းချင်းဟယ်က မှားယွင်း၍ ကောက်ချက်ချမိသွားသည်။ သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူက နာကျင်မှုကို အံ့တုရင်း “မြေလွတ်မြောက်ရေး နည်းစနစ်လား”

“ ကျုပ် ဒီအတိုင်း ကောက်သင်ထားတာလေးပေါ့ … မပြောပလောက်ပါဘူး” မင်ရှစ်ရင်က သူ့ဆီ ဖြည်းဖြည်းချင်း ချည်းကပ်လာသည်။

...

အခန်း (၄၄၇) တစ်မိုးအောက်ရှိပထမဆုံး ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ

ဖုန်းချင်းဟယ်သည် ပွင့်ချပ်ကိုးလွှာမိစ္ဆာအိုကြီးကျိ၏ တိုက်ခိုက်မှုကနေ အသက်ရှင်ခဲ့သည်။ ထိုသို့တိုင် မိစ္ဆာဝေဟင်မျှော်နန်းတပည့်တစ်ယောက် အကောက်ကြံတာ ခံရလေ၏။ ယင်းကို သူလုံးဝ လက်မခံနိုင်ချေ။ သူ၏စွမ်းအင်ဗဟိုချက်ကို ဖိလျက် မြေပြင်ပေါ်ကနေ ရုန်းထွက်ကာ မင်ရှစ်ရင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားလိုက်သည်။

“ဒါဆို အတူသေကြမယ်”

ဝှစ်..

မင်ရှစ်ရင်သည် သူ၏စိတ်ဝိညာဉ်သဏ္ဍာန်ကို ရုတ်တရက် ဆင့်ခေါ်လိုက်၏။

ဖုန်းချင်းဟယ်က မင်ရှစ်ရင်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖျတ်ခနဲ ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။

“ပွင့်ချပ်သုံးလွှာလား။ မင်းက မင်းအရည်အချင်းကို ပိုတွက်လွန်းနေတာပဲ”

ဘန်း ဘန်း ဘန်း..

ဖုန်းချင်းဟယ်သည် သူ၏လက်ဝါးကနေ လက်ဝါးစည်းတံဆိပ်များ ဆက်တိုက်ထုတ်သုံးလိုက်၏။

မင်ရှစ်ရင်က ရုတ်တရက် ဆင်းသက်လာသည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က မီတာဝက်ခန့် မြင့်တက်သွားပြီးနောက် ထပ်ပြုတ်ကျလာ၏။ သူ၏လက်ထဲရှိ ခွဲခွာချိပ်ကောက်သည် ဖုန်းချင်းဟယ်နှင့် ဝင်တိုက်မိသွားသည်။

ဖုန်း..

မင်ရှစ်ရင်သည် သူ၏လက်ထုံကျင်သွားတာကို ခံစားမိ၏။ သို့သော်ငြား သူက နောက်မရောက်သွားပေ။ ထိုအစား ဖုန်းချင်းဟယ်ကသာလျှင် နောက်ကျွမ်းပစ်သွားလေ၏။

ဖုန်းချင်းဟယ်က ရှေ့သို့ တိုးလျက် တစ်ဟုန်ထိုး ခုန်ဝင်လာ၏။ ပြန်ကန်ခံရမှုကနေ လွှတ်မြောက်လာ၏။ သူ၏မျက်လုံးက ပြူးကျယ်နေကာ သူ့ဆီသို့ လာနေသည့် မင်ရှစ်ရင်ကို မယုံနိုင်စွာ စိုက်ငေးကြည့်နေ၏။

“ပွင့်ချပ်လေးလွှာလား”

မင်ရှစ်ရင်၏ မျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်လာသည်။ သူ၏လက်ထဲရှိ ကောင်းကင်အဆင့်လက်နက်သည် အေးစက်စက်အလင်းဖြင့် တောက်ပလာလျက် သူက ပြောလိုက်သည်။

“မင်း မဆိုးဘူးပဲ။ ငါ့ခွန်အားရဲ့ သုံးပုံနှစ်ပုံသုံးအောင် ဖိအားပေးနိုင်ခဲ့တာပဲ”

သူ၏ဦးရေပြားများ စူးခနဲ ဖြစ်သွားတာကို ခံစားမိလိုက်သည်။ သူ့ရန်သူကို သူ အထင်သေးခဲ့မိ၏။ ချီပင်လယ်လောင်ကျွမ်းမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားချင်သောကြောင့် ပေါက်ကွဲထွက်ခွင့်မပြုခဲ့ပေ။ သူက ဆက်လက်ရုန်းကန်နေရ၏။

“မင်း ငါ့ကို သတ်လို့မရဘူး”

မင်ရှစ်ရင်က ပျောက်ကွယ်သွားတော့သည်။ ဖုန်းချင်းဟယ်၏ ရင်ဘတ်ထဲ တင်းကျပ်လာတော့၏။ သူနောက်လွှင့်သွားသည့် အခိုက်အတန့်တွင် သူ ကြောက်လန့်လာ၏။ ဒါက ပွင့်ချပ်လေးလွှာကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားအစစ်အမှန်လား။

ဝှစ်..

အလင်းတစ်ခုက ဖျတ်ခနဲ ပေါ်လာသည်။ ဖုန်းချင်းဟယ်က မြေပြင်ပေါ် ဆင်းသက်လျက် အေးစက်စက် အလင်းတန်းကို မြင်တွေ့သွား၏။ မင်ရှစ်ရင်၏ ပုံရိပ်ယောင်က သူ့ရှေ့၌ ပေါ်လာ၏။ ဤအတိုင်းပင် တိုက်ပွဲက ပြီးဆုံးသွားလေသည်။

အပြုံးဖျော့ဖျော့ဖြင့် မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို မြောက်လျက် ၎င်းကို လေ့လာလိုက်သည်။ သူက ခေါင်းခါလျက် သစ်ရွက်တစ်ရွက်ကို ကောက်ကာ ခွဲခွာချိတ်ကောက်၏အသွားကို သုတ်လိုက်သည်။

ဖုန်းချင်းဟယ်က ရယ်မောလျက် ပြောလိုက်သည်။

“မင်း ငါ့ကို သတ်လို့မရဘူးလို့ ပြောသားပဲ”

မင်ရှစ်ရင်က သူ့ကို လျစ်လျူရှုထားလိုက်၏။ တောင်ကြားဆီသို့ လျှောက်သွားလိုက်သည်။ သူသည် တောင်ကြားထဲ၌ ဖုန်းချင်းဟယ် ပြင်ဆင်ထားခဲ့သော ဝှက်ဖဲ ဘာဆိုတာ မြင်ချင်သည်။

ဖုန်းချင်းဟယ်က မျက်မှောင်ကြုတ်သွားတော့သည်။ သူက လှည့်ပြေးတော့မည့် အချိန်၌ သူ့၏လည်ပင်းပေါ် အေးစက်စက် အထိအတွေ့ကို ခံစားလိုက်မိ၏။ လေပြည်တစ်ချက်က သူ၏ကုပ်ပိုးကို ဖြတ်တိုက်သွား၏။ သူ၏လည်ပင်းကနေ အရည်တချို့ စီးကျလာတာကို ခံစားမိလိုက်ပုံရသည်။ သူက ၎င်းကို ထိရန် အလိုလို လက်လှမ်းလိုက်မိ၏။ သူ၏လက်ချောင်း၌ သွေးများ စွန်းထင်းနေသည်။ ယခုအချိန်၌ သူ၏လည်ကုတ်က ပြင်းပြသည့် နာကျင်မှုသည် တစ်ကိုယ်လုံး ပြန့်သွားတော့သည်။ သူနာကျင်စွာ အော်ချင်၏။ သို့သော် သူ ဆို့နစ်နေတော့သည်။ သူ အသက်ဆုံးရှုံးပြီဟု ခံစားလိုက်ရပြီး မြေကြီးပေါ် လဲကျသွားတော့၏။

ဖုန်းချင်းဟယ်၏အသက်ကို ကာကွယ်ပေးနိုင်သည့်ရတနာက ဖုန်းချင်းဟယ်၏ ကိုယ်ပေါ်တွင် ရှိနေမှန်း မင်ရှစ်ရင် သိသော်ငြား ၎င်းကို ဖယ်ရှားရန် အလျင်မလိုပေ။ သူက သတိထားနေ၏။ ဖုန်းချင်းဟယ်ကဲ့ကို ကျင့်ကြံသူတစ်ယောက်အဖို့ သူ့ထွက်သက်တွင် နောက်ဆုံးတိုက်ကွက် တိုက်နိုင်ခြေများသည်။ ဖုန်းချင်းဟယ်သည် သူ့ရှစ်စွင်း၏ တိုက်ခိုက်မှုကနေ လွှတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သောကြောင့် ဖုန်းချင်းဟယ်က မရိုးရှင်းကြောင်း ပြသနေတာပဲဖြစ်သည်။ သူ့သွင်ပြင်က သာမန်ဖြစ်နေနိုင်သော်ငြား သူ၏ဆောင်ရွက်ချက်များထဲ၌ အတွေးများစွာ အားစိုက်ထုတ်မှုများစွာ ထည့်ထားခဲ့တာပဲဖြစ်သည်။ အမှန်တကယ်ပင် ဖုန်းချင်းဟယ်က အကာအကွယ်ဝတ်စုံတစ်မျိုး ဝတ်ဆင်ထား၏။ သို့သော် သူ၏လည်ပင်းက ပေါ်နေသည်။

ခဏအကြာတွင် မင်ရှစ်ရင်က တောင်ကြားထဲတွင် နေနေလိုက်၏။ တောင်ကြားလမ်းက မက်မွန်ပွင့်အစီအရင်တစ်ခုနှင့် ဆင်တူသည်။ သစ်ပင်များဖြင့် သိပ်သည်းနေလေ၏။ မျိုးစုံသော သွေးကြောများသည် ထိုသစ်ကိုင်းများပေါ်၌ ထွင်းထုထားသည်။ ညအမှောင်ယံနှင့် ဆန့်ကျင်ဘက် ဖြစ်လျက် သွေးကြောများက ထူးထူးဆန်းဆန်း တောက်ပနေ၏။

သစ်ငုတ်တိုများနောက်တွင် ရိုးရှင်းသည့်တစ်ခုတည်းသော သစ်သားတဲလေးတစ်လုံးရှိသည်။ မင်ရှစ်ရင်က ၎င်းကို မရှာခဲ့လျှင် သို့မဟုတ် သူ့၌ လမ်းပြမရှိခဲ့လျှင် ထိုကဲ့သို့သော နေရာမျိုး ရှိနေလိမ့်မည်ဟု သူ ထင်ခဲ့မိမှာ မဟုတ်ပေ။ သူက ၎င်းကို စစ်ဆေးရန် ရှေ့သို့ အလျင်စလို မတက်သွားပေ။ ဆိုရလျှင် ဖုန်းချင်းဟယ်က ဤနေရာ၌ ဝှက်ဖဲတစ်ခုရှိကြောင်း ပြောခဲ့သည်။ ယင်းက ထောက်ချောက်ဖြစ်နိုင်ချေများ၏။

ဂျွတ်..

သစ်သားတဲအိမ်လေး၏တံခါးက ပွင့်သွားတော့သည်။ ရှေးဆန်ပြီး နက်ရှိုင်းသည့်အသံတစ်သံက လေထဲပေါ်လာ၏။

“မင်း ဒီလောက်ခရီးအဝေးကြီး နှင်လာခဲ့ပေမဲ့ ငါ့ရဲ့ရိုင်းပျမှုအတွက် စိတ်မရှိပါနဲ့”

မင်ရှစ်ရင်သည် အသံနောက်ရှိ စွမ်းအားကို အာရုံခံမိ၏။ သူက နောက်နှစ်လှမ်းဆုတ်ကာ ပြောလိုက်တော့သည်။

“ကျူးကျော်ဖို့ မရည်ရွယ်ပါဘူး ချန်ပေ့”

“အမ်..”

ထပ် ထပ် ထပ်..

သစ်သားတဲအိမ်လေးထဲကနေ ခါးကိုင်းနေသော အဘွားအိုတစ်ဦးက ထွက်လာလေ၏။ သူမသည် လမ်းလျှောက်တုတ်ကောက်ကို မှီထားလျက် ဖြည်းဖြည်းချင်း လျှောက်လာသည်။ တဲထဲက ထွက်လာချိန်၌ သူမက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ လရောင်က မှိန်ဖျဖျ ဖြစ်နေသော်ငြား သူမ၏အမြင်အာရုံက သက်ရောက်ခံရဟန် မတူပေ။ သူ့ကို အချိန်အတော်ကြာ ကြည့်ပြီးနောက် ခေါင်းခါကာ ပြောလိုက်တော့သည်။

“မောင်ရင်.. မင်း ဖုန်းချင်းဟယ်ကို သတ်လိုက်တာလား”

မင်ရှစ်ရင်က စိတ်လေးသွားတော့သည်။ ထိုမျှအကွာအဝေးကနေ သူမသည် ထိုကဲ့သို့ အကဲဖြတ်မှုမျိုးကို ပြုလုပ်နိုင်၏။

အဘွားအိုသည် မင်ရှစ်ရင်၏ စိုးရိမ်ကြောင့်ကြမှုနှင့် ဝေခွဲမရဖြစ်မှုတို့ကို ဖောက်ထွင်းမြင်နိုင်ပုံရသည်။ သူမက နက်ရှိုင်းသောအသံဖြင့် ရယ်မောလျက် ပြောလိုက်သည်။

“ငါ ဒီတောင်ကြားမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒီနေရာကို ဘယ်သူမှ မလာရဲဘူး။ ဖုန်းချင်းဟယ်တစ်ယောက်တည်းပဲ”

“ခင်ဗျားက ကျန့်ချိုက်အခွဲကလား”

မင်ရှစ်ရင်သည် ထွက်ပြေးရန် ပြင်ဆင်ထားပြီးသားဖြစ်၏။ သို့သော် ထိုအဘွားအိုထံကနေ သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စမှ အာရုံခံမိပုံမရသောကြောင့် သူသည် သူမကို စကားပြောရန် ကြိုးစားလိုက်သည်။

“အင်း.. ဒီလိုပြောနိုင်ပါတယ်”

အဘွားအိုက ပြန်ပြောလိုက်၏။

“ဒီလိုဆိုရင် ကျုပ်သွားပါတော့မယ်”

“နေအုံး”

အဘွားအိုက ပြော၏။

“ဖုန်းချင်းဟယ်ကို ငါ ကိစ္စတစ်ခု ကတိပေးထားတယ်”

“ပြီးတော့ ဘာလဲ..”

“ဒီတောင်ကြားထဲ လာတဲ့သူတွေအားလုံးကို သတ်ဖို့ ငါတတ်စွမ်းသမျှ ကြိုးစားမယ်”

အဘွားအိုက ပြောလိုက်၏။

မင်ရှစ်ရင်က ဆွံ့အသွားတော့သည်။ စပ်စုချင်စိတ်က ကြောင်ကို တကယ်သတ်နိုင်၏။ သူသာ သိခဲ့လျှင် ဤနေရာအထိ လာမှာမဟုတ်ပေ။

“နေပါအုံး နေပါအုံး နေပါအုံး လောင်ချန်ပေ့ ဖုန်းချင်းဟယ်က ကျုပ်ကို သတ်ဖို့ ကြိုးစားနေတာလေ။ ကျုပ်ကိုယ်ကျုပ် ကာကွယ်ဖို့ ဖိအားပေးခံရရုံပဲ”

အဘွားအိုသည် တောင်ကြားဝင်ပေါက်ရှိ လရောင်ကို မော့ကြည့်လိုက်၏။

“မင်းက ဖုန်းချင်းဟယ်ကို သတ်နိုင်တယ်ဆိုရင် မင်းမှာ နက်နဲတဲ့ကျင့်ကြံဆင့်ရှိမှာပဲ။ မင်းငယ်ရွယ်လို့တော့ မင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ မျှမျှတတ တိုက်ခိုက်ကြရအောင်”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး.. ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ။ လောင်ချန်ပေ့”

မင်ရှစ်ရင်သည် သူ့ကိုယ်သူ နှိမ့်နှိမ့်ချချနေရန် တွေဝေမနေဘဲ ပြောလိုက်၏။

“ဒါက အတုအယောင်ပါပဲ။ ကျုပ် ကံကောင်းသွားတာ”

သူ ပြောပြီးနောက် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်၏။ သူသည် ဖုန်းချင်းဟယ်ကို သတ်ခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့သည် မဟုတ်ပါလော။

“..”

အဘွားအိုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ သူမသည် သစ်သားတဲအိမ်လေးထဲကနေ ဆီးပန်းပွင့်များဆီသို့ လျှောက်လာကာ ပြောလိုက်တော့သည်။

“မင်းက ရဲရင့်တာပဲ”

“မဟုတ်ပါဘူး”

မင်ရှစ်ရင်က နောက်ဆုတ်သွား၏။

“မင်းရဲ့သေခြင်းတရားမှာ ငါ့ကို ရင်ဆိုင်ဖို့ ဒါကို ဆုပ်ကိုင်မထားဖို့ မျှော်လင့်တယ်။ ငါ ကတိပေးထားတဲ့အတိုင်း လုပ်ရမှာပဲ”

အဘွားအိုက သက်ပြင်းချလိုက်၏။

“မင်း နည်းနည်းလေး အားနည်းတာဆိုရင် အဆင်ပြေတယ်။ ကိစ္စတွေက ပိုချောမွေ့သွားတာပေါ့”

သူမသည် လမ်းလျှောက်တုတ်အကူအညီဖြင့် ရှေ့ဆက်လျှောက်လာလေ၏။

ဆီးပန်းပွင့်ငုတ်တိုများကို နင်းဖြတ်လိုက်ချိန်တွင် သူမရှေ့ရှိ ငုတ်တိုနှစ်ခုက တောက်ပသွား၏။ အဆောင်စည်းတံဆိပ်က ဆီးပန်းပွင့်များအထက်၌ ပျံဝဲနေ၏။

“ဖုန်းချင်းဟယ်က သူ့ခွန်အားကို မသိဘဲ ကျုပ်ရှစ်စွင်းကို စိန်ခေါ်ခဲ့တာ သူ သေတာအတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ”

မင်ရှစ်ရင်က ပြောလိုက်၏။

“ကျုပ်ရှစ်စွင်းကလည်း ပေါ့သေးသေးမှ မဟုတ်တာ”

ထိုအသံသည် ကို့ရို့ကားယားနိုင်သော်ငြား ယခုသူက ချောင်ပိတ်မိနေပြီဖြစ်သောကြောင့် သူ့စိတ်ထဲ ထွက်လာသမျှ အကုန်ပြောနေ၏။

“မင်းရဲ့ရှစ်စွင်းလား”

“ကျုပ်ရဲ့ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့သခင် ကျိထျန်းတောက်ပဲ”

ကျွီ..

အဘွားအိုက လမ်းလျှောက်တာ ရပ်တန့်သွား၏။ သူမက အာရုံလွဲသွားပုံပေါ်သည်။

မင်ရှစ်ရင်က စိတ်အေးသွားတော့၏။ ထင်တဲ့အတိုင်းပဲ ရှစ်စွင်းရဲ့နာမည်က တကယ်အစွမ်းထက်တာပဲ။ သူအခု ကြောက်နေလောက်ပြီ။

“လတ်တလော မင်းရဲ့ဆရာ ဘယ်လိုနေလဲ”

အဘွားအိုက မေးလိုက်သည်။

မင်ရှစ်ရင်သည် စဉ်းစားပြီးနောက် လှောင်ပြုံးပြုံးကာ ပြောလိုက်တော့သည်။

“ကျုပ်ရဲ့ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်မှာလေ။ သူက တစ်မိုးအောက်မှာ ပထမဆုံး ပွင့်ချပ်ကိုးလွှာအကျော်အမော်တစ်ယောက်ပဲ”

ဝှစ်..

သစ်သားတုတ်က မြေပြင်ပေါ်ကနေ လွှင့်လာ၏။ တောင်ဝှေးနောက်တွင် တန်ဖိုးကြီးကောင်းကင်စွမ်းအင် ပါနေလျက် မင်ရှစ်ရင်ဆီသို့ တိုးဝင်လာသည်။

ဖုန်း ဖုန်း ဖုန်း..

မင်ရှစ်ရင်က လက်မြောက်လျက် သူ့လက်ဖဝါးနှင့် ရိုက်မိသွားတော့သည်။

ဖုန်း ဖုန်း ဖုန်း…

ဘန်း ဘန်း ဘန်း..

သူတို့ထိမိချိန်တွင် ကောင်းကင်စွမ်းအင်တို့ ပေါက်ကွဲထွက်လာ၏။

တစ်ချိန်တည်းတွင် နောက်သို့ဆက်တိုက် ဆုတ်နေရကာ သစ်ငုတ်တိုနှင့် တိုက်မိသွားသည်။ သူက သတိအနေအထား ဖြစ်သွား၏။ အဘွားအိုသည် သူ ထင်ထားသည်ထက် ပိုအစွမ်းထက်သည်။

အဘွားအိုက ပြောလိုက်သည်။

“ကောင်စုတ်လေး၊ မရင့်ကျက်သေးတဲ့ကောင် မင်းက ငါ့ကို လိမ်ရလွယ်တယ်များ ထင်နေလား”

All Chapters