← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇) ရှင့်ကိုဘယ်တော့မှမယုံဘူး ... ကောက်ကျစ်တဲ့အဘိုးကြီး

လုကျိုးသည် လက်နောက်ပစ်ထားလျက်လျှောက်လာလေ၏။ သူလှေကားကနေ ဆင်းပြီး ထုံးကျောက်ရင်ပြင်ပေါ် နင်းဖြတ်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်ရှိအက်ကွဲကြောင်းများကို ဖြတ်ကျော်လာ၏။

ကျန်သည့်သူများက သူ့အတွက် အလိုလိုလမ်းဖယ်ပေးလိုက်ကြသည်။

ကျော့ယွီရှုက သူမ၏ ဆုပ်ကိုင်ထားမှုကို ဖြေလျော့လျက် လမ်းလျှောက်တုတ်က သူမဆီကနေ ပြုတ်ကျသွားသည်။ ရလဒ်အနေဖြင့် သင်္ကေတစည်းတံဆိပ်များက ချက်ချင်းလွင့်ပြယ်သွား၏။ သူမက ဒူးတဖက် ညွှတ်လိုက်ပြီးနောက်ပြောလိုက်သည်။

“နောက်ဆုံးတော့ ကျွန်မတို့တွေ ထပ်တွေ့ကြပြီ”

လုကျိုး၏အမူအရာက ပုံမှန်အတိုင်း ထူးမခြားနားဖြစ်နေသည်။ သူသည် ကျော့ယွီရှု၏ ညွတ်ကိုင်း နေသောသွင်ပြင်ကိုမြင်ပြီး စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။ အချို့သော ကိစ္စရပ်များက တူညီနေပုံပေါ်၏။ သို့သော်ငြား လူတွေက ပြောင်းလဲတတ်သည်။ အချိန်က သူမကို မကြင်နာပေ။ ထို့ကြောင့် နှစ်ပေါင်းများစွာက မျက်စိတမှိတ်အတွင်း ကုန်လွန်ကုန်၏။ တစ်ခေတ်တစ်ခါတုန်းက ကျင့်ကြံခြင်းလောကထဲတွင် ကြီးမြတ်ပြီး ရှားပါးသော ရေခဲကျောက်မြေခွေးဖြစ်ခဲ့ဖူးသည့် ကွန်ဖြူးရှပ်ဂိုဏ်းအကျော်အမော်က ယခုဆို ဆံပင်ဖြူများဖြင့် အဘွားအိုတစ်ယောက်ဖြစ်နေချေပြီ။

“ဒီလောက်နှစ်တွေကြာပြီးတာတောင် မင်းရဲ့စိတ်နေသဘောထားက မပြောင်းလဲသေးဘူးပဲ”

“ရှင့်ကို စိတ်ပျက်စေမိတာ စိတ်မကောင်းပါဘူး”

လုကျိုးသည် သူတပည့်များကို သိမ်းကျုံးကြည့်လျက် ပြောလိုက်သည်။

“ဟုတ်ပြီ ... ကျော့ချန်းပေ့ကို နှုတ်ဆက်လိုက်ကြ”

ကျန်သည့်သူများက ဦးညွှတ်လျက် ကျော့ယွီရှုကို အရိုအသေပေးလိုက်သည်။

ကျော့ယွီရှုက လက်ဝေ့ယမ်းလျက် ပြောလိုက်သည်။ "မလိုဘူး”

သူမက လုကျိုးကိုကြည့်ပြီးပြောလိုက်၏။

"ကျွန်မက စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက ဆိုပေမဲ့ အဲ့ဒါတွေကို ဘယ်တုန်းကမှ သိပ်ဂရုမစိုက်ခဲ့ဘူး”

လုကျိုးက ခေါင်းညိတ်လိုက်၏။

“အကြောင်းအရင်းမရှိဘဲ ဘုရားကျောင်းကို လာမှာ မဟုတ်ဘူး။ ငါ့နေရာထိ ရောက်လာတာ ဘာအတွက်ကြောင့်လဲ”

“ဖုန်းချင်းဟယ်နဲ့ သက်ဆိုင်တဲ့ဖြေရှင်းချက်ကို တောင်းဖို့ ကျွန်မဒီရောက်လာတာ”

“ဖြေရှင်းချက်တစ်ခုလား”

“ကျွန်မ တောင်ကြားထဲမှာနေလာတာနှစ်ပေါင်းများစွာကြာပြီ။ ကျန့်ချိုက်ဂိုဏ်းခွဲက ကျွန်မကို ဂရုစိုက်ပေးခဲ့တယ်။ အခု ဖုန်းချင်းဟယ်တစ်ခုခုဖြစ်လာတော့ ကျွန်မ ဘာမှမလုပ်ဘဲ ဘေးထွက်ရပ်ပြီး နေဖို့က ခက်ခဲလှတယ်” ကျော့ယွီရှုကပြောလိုက်၏။

လုကျိုးသည် ချက်ချင်းအကြောင်းမပြန်ပေ။ ထိုအစား အနားရှိ ပိုမြင့်သော မြေပြင်ဆီသို့ လျှောက်သွား၏။

ကျော့ယွီရှုက လုကျိုးဆိုလိုတာကို နားလည်သည်။ သူမက သူ့နောက်သွားကာ သူ့ဘေးတွင် ရပ်လိုက်၏။ သူတို့က ရွှေနန်းဥယျာဉ်တောင်ခြေသို့ငုံ့ကြည့်လိုက်သည်။

လုကျိုးသည် တောင်ခြေကိုညွှန်ပြပြီးပြောလိုက်သည်။

“အဲ့ဒီမှာ မဟာဂိုဏ်းခုနစ်ဂိုဏ်းက လူတွေရဲ့ အလောင်းတွေရှိတယ်”

“…” ကျော့ယွီရှုက ထိတ်လန့်သွားသည်။ စောတုန်းက သူမဖြတ်သန်းလာစဉ်တုန်းက မြေမညီဟုသာ ခံစားမိခဲ့သည်။ တိုက်ပွဲလက္ခဏာရပ်များစွာရှိတာကို သတိပြုမိ၏။ မြက်တစ်ပင်မှ မမြင်ရပေ။

“ဖုန်းချင်းဟယ်က သူတို့ကြားထဲမှာ ရှိနေခဲ့သင့်တာ” လုကျိုးက အေးစက်စက်ပြောလိုက်သည်။

ကျော့ယွီရှုက မယုံနိုင်စွာ မေးလိုက်၏။ “ဒီတော့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်တာအမှန်ပဲပေါ့”

လုကျိုးက သက်ပြင်းချပြီးပြောလိုက်သည်။

“မင်းက တောင်ကြားမှာ နေလာတာအတော်ကြာတော့ အပြင်လောက ကိစ္စတွေကို မသိတာ သဘာဝပဲ။ မင်း ဒီကိုလာတဲ့အတောအတွင်း တခြားသူတွေ ဒီအကြောင်း မပြောကြတာများလား”

“ဒါက ... “သူမသည် ကျန်သည့်သူများနှင့် အမှန်တကယ်စကားမပြောခဲ့ပေ။ မဟုတ်လျှင် သူမက ဤနေရာသို့ ငြီးငွေ့စွာ ရောက်လာမှုမဟုတ်၊ သူမ၏ ရှုပ်ထွေးသောစိတ်ခံစားချက်ကြောင့် လူတိုင်းကို စော်ကားပြောဆိုမိလောက်သည်။ သူမသည် ကွန်ဖြူးရှပ်ဂိုဏ်းမှ လာသူဖြစ်ပြီး အကြောင်းအရင်းကို အမြင့်ဆုံးတွင် ထားသူဖြစ်သည်။ အကြောင်းပြချက်ကသာ သူမဘက်တွင် ရှိနေလျှင် ​အကြောက်တရားမရှိဘဲ ကမ္ဘာကြီးထဲ ခရီးနှင်နိုင်၏။ မဟုတ်လျှင် သူမက ရှေ့တစ်လှမ်းတိုးရန် ခက်ခဲနေမှာပဲ ဖြစ်သည်။

လုကျိုးက မျက်စိတမှိတ်အတွင်း ကျော့ယွီရှု ဆွံအသွားတာကို ကြည့်နေ၏။ မင်ရှစ်ရင် ပြောသည့်အတိုင်းပင် ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ခဲ့သည့်သူက ဖုန်းချင်းဟယ် ဖြစ်သည်။ ထိုသို့ဆိုလျှင် ရှင်းပြချက်တောင်းခံသင့်သည့်သူက သူမ မဟုတ်ဘဲ မိစ္ဆာဝေဟင်မျှော်နန်းသာဖြစ်၏။

လုကျိုး၏တပည့်များက ခေါင်းညိတ်လိုက်ပြီး သူတို့၏ဆရာကိုအထင်ကြီးသွားကြသည်။ တူညီသောစကားလုံးများသည် မတူညီသည့် လူတစ်ယောက်ဆီမှထွက်လာချိန်တွင် ကွဲပြားသောအာနိသင်ကို ပေးစွမ်း၏။

မင်ရှစ်ရင်က မရဲတရဲဖြင့် ပြောလိုက်လေ၏။ “ရှစ်စွင်းရှေ့မှာ ကျော့ချန်းပေ့ နှိမ့်ချနေပုံရတာကို သတိပြုမိကြလား”

“အင်း ... ပြုမိတယ်” ရှောင်ယွမ်အာကပြောလိုက်၏။

“ဒါက ငါတို့ရှစ်စွင်း ဘယ်လောက်အထင်ကြီးဖို့ကောင်းလဲဆိုတာပြနေတာပဲ” ကျူးဟုန်ကုန်းက ပြောလိုက်၏။

“…”

မျက်နှာချိုသွေးတာက ဒီငတုံးငအရဲ့ ဒုတိယသဘာဝပဲ။

ကျော့ယွီရှုသည် သူတို့ ဆွေးနွေးနေတာကို စိတ်အနှောင့်အယှက်မဖြစ်ပေ။ ထိုအစား သူမက မေးလိုက်၏။

“ရှင့်ရဲ့ မဟာအကန့်အသတ်က နီးကပ်နေပြီဆိုတာ ကျွန်မ မှတ်မိတယ်။ အရင်ကလိုမျိုး ရှင်က အသက်ကြီးပေမဲ့ ပေါ့ပေါ့ပါးပါး ခမ်းခမ်းနားနား ဖြစ်နေဦးလိမ့်မယ်လို့မထင်ထားဘူး။ ရှင့်ရဲ့ရန်သူတွေကို ဘယ်လိုများ အနိုင်ယူခဲ့တာလည်း အစ်ကိုကျိ”

သာမန်အခြေအနေအောက်တွင် မဟာဂိုဏ်းခုနစ်ဂိုဏ်းကို ရင်ဆိုင်ရာ၌ အနိုင်ယူဖို့ မဖြစ်နိုင်ပေ။ သူမပြောခဲ့သည့်အကြောင်းကို ကျော့ယွီရှုက သံသယဝင်နေသေးတာ သိသာ၏။

လုကျိုးသည် သူမကို သတင်းအချက်အလက်မထိန်ချန်ထားဘဲ တည်ငြိမ်စွာပြောလိုက်သည်။

“မင်းကို အမှန်အတိုင်းပြောရရင် ငါက အခု ပွင့်ချပ်ကိုးလွှာအဆင့်မှာပဲ”

ကျော့ယွီရှု၏ အိုမင်းသော မျက်ဝန်းသောများက ပြူးကျယ်သွားတော့သည်။ မျက်နှာပေါ်ရှိ အရေးကြောင်းများကလည်း တွန့်ရှုံ့သွား၏။ သူမ၏မျက်နှာအမူအရာက ရုတ်ခြည်းပြောင်းလဲသွားပြီး မယုံနိုင်သည့်ပုံဖြစ်နေသည်။ ယင်းက ဖျော်ဖြေနေသော မြင်ကွင်းတစ်ခု ဖြစ်နေ၏။ ကျွန်မ ရှင့်ကိုဘယ်တော့မှမယုံဘူး ... ကောက်ကျစ်တဲ့အဘိုးကြီး

သူမက လုကျိုးက ပြောလိုက်သည်။ "အစ်ကိုကျိ ကျွန်မက လိမ်ရလွယ်တယ်လို့ထင်နေတာလား”

လုကျိုးသည် သူမ ယုံမယုံဂရုမစိုက်ပေ။ သူက သူမကို ဖျတ်ခနဲကြည့်ပြီးပြောလိုက်သည်။

“အရင်အချိန်ကိုသာ ထောက်ထားမနေရင် ထုံးကျောက်ကြမ်းပြင်ကို မင်းပျက်စီးစေတာတစ်ခုနဲ့တင် မင်းကို သေမိန့်ပေးဖို့လုံလောက်နေပြီ”

“…”

လုကျိုး၏လေသံက ထူးခြားနေသည် မဟုတ်သော်ငြား လူတိုင်းကို ကျောစိမ့်သွားစေ၏။ ပတ်ဝန်းကျင်၏အပူချိန်က ရုတ်ခြည်းကျလာသည်ဟု သူတို့ခံစားမိသည်။

ကျော့ယွီရှု၏အိုမင်းသော ခန္ဓာကိုယ်ကလည်းတုန်ယင်နေသည်။ သူမကဲ့သို့သော ကောင်းကင်ဘုံ၏ ဂုဏ်ယူဝင့်ကြွားရသော သမီးပျိုကတောင် ကျိထျန်းတောက်ရှေ့၌ သူမဂုဏ်သိက္ခာကို ခဝါချထားရသည်။ သူမအရိုအသေပေးပြီးနောက် မေးလိုက်၏။

“ဖုန်းချင်းဟယ်က ဒါဆို အချည်းနှီးသေသွားတာလား”

ထိုစဉ် ပုံရိပ်တစ်ရိပ်က အနား၌ပေါ်လာသည်။ အေးစက်သောလေသံဖြင့် သူကပြောလိုက်သည်။

"သူ သေသင့်တယ်”

ကျန်သည့်သူများက ရောက်လာသည့်လူကိုကြည့်လိုက်သည်။

ယင်းက ခါတိုင်းလိုပင် ငွေရောင်မျက်နှာဖုံးဝတ်ထားသော လန်လော့ဖြစ်၏။ သူက ခါးကိုင်းနေသော ကျော့ယွီရှုကိုကြည့်လိုက်သည်။

"ရှင်လား”

ကျော့ယွီရှုက အထိတ်တလန့်ပြောလိုက်မိသည်။

လန်လော့သည် ကျင့်ဝတ်ထုံးစံများကို ဂရုစိုက်သူမဟုတ် သူကပြောလိုက်၏။

"ကျော့ယွီရှု ... မင်းက ငယ်ရွယ်စဉ်ကပဲ အောင်မြင်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်မှာ ဂုဏ်သတင်းကျော်စောခဲ့တာ။ မိစ္ဆာဝေဟင်မျှော်နန်းကို မင်းစိတ်တိုင်းကျ ပြုမူပြောဆိုပိုင်ခွင့် မရှိဘူး”

ထိုစာကြောင်းက သိသာသည်။ ကျော့ယွီရှုသည် ငယ်ရွယ်စဉ်ချိန်ကသာ နာမည်ကြီးခဲ့တာဖြစ်သည်။ အသက်အရွယ်အရ သူမသည် လန်လော့ထက်ငယ်ပေ၏။ ကျိထျန်းတောက်ဆိုလျှင် ပိုဆိုးပေ၏။ လန်လော့က သူမကို ဝေဖန်ပြောဆိုပိုင်ခွင့်ရှိသည်။

ကျော့ယွီရှုက ပြောလိုက်သည်။ "လန်လော့ ... ရှင့်ကို ကျွန်မ မကြောက်ဘူး”

“ငါကရော”

ကျန်သည့်ပုံရိပ်နှစ်ခုကလည်းထိုအခိုက်အတန့်တွင် ထွက်ပေါ်လာ၏။

ဟွားဝူတောက်သည် သစ်သားဘီးတပ်ကုလားထိုင်ကိုတွန်းဖယ်ပြီး ကျန်သည့်သူများဆီ ဖြည်းဖြည်းချင်း လျှောက်လာ၏။ ကျော့ယွီရှုက လှည့်ကြည့်လိုက်၏။ သူမ၏ရင့်ရော်သော လက်များက တုန်နေတာသိသာသည်။ “ဖန်လီထန်းလား”

ဖန်လီထန်းက ရယ်မောလျက် ပြောလိုက်သည်။ “ငါ့ကို တခြားသူတွေ မှတ်မိလိမ့်မယ်လို့ မထင်ထားဘူး”

“ရှင်က ကျင့်မင်တာအိုဂိုဏ်းရဲ့အကြီးမြတ်ဆုံးအကျော်အမော်ပဲ ... ရှင့်ကို မှတ်မိတာပေါ့”

“မင်း သတိပြုမိပြီဆိုတော့ ဒီမှာ ရုတ်ရုတ်သဲသဲလုပ်ဖို့ မင်းကိုဘယ်သူက သတ္တိတွေပေးလိုက်လဲ။ ဘယ်သူကများပြောလိုက်သလဲ” ဖန်လီထန်းက ဘီးတပ်တွန်းလှည်းကုလားထိုင်ပေါ်တွင် ထိုင်နေသော်ငြား ယင်းက သူ့ကို သူ၏ပတ်ဝန်းကျင်ကိုကြည့်ခြင်းကို မဟန့်တားထားပေ။ ကြမ်းပြင်က အက်ကွဲနေ၏။

“ရာရာစစ ဒီမှာပြဿနာလာရှာရဲတယ်။ သူ သေချင်နေတာပဲဖြစ်ရမယ်”

“မျှော်နန်းသခင်ကို နှုတ်ခွန်းဆက်ပါတယ်” ဖန်လီထန်းက လုကျိုးဖက်လှည့်ပြီး အရိုအသေ ပေးလိုက်သည်။

ဟွားဝူတောက်က အရိုအသေပေးလိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”

ကျော့ယွီရှုသည် ဟွားဝူတောက်ကို မမှတ်မိသော်ငြား အကြည့်တချက်ဖြင့် သူက ရိုးရှင်းသည့်ကျင့်ကြံသူ မဟုတ်ကြောင်း သူမပြောနိုင်သည်။ မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ အကျော်အမော်များစွာ ရှိနေလိမ့်မည်ဟု သူမ မထင်ထားပေ။

ကျူးဟုန်ကုန်းက ရယ်မောလျက်ပြောလိုက်သည်။ "လောင်ချန်းပေ့တို့က ဖြုံလောက်တဲ့ပုံပေါ်တယ်”

“…”

မင်ရှစ်ရင်က ဆွံ့အသွားလေ၏။ ဒီငတုံးက မျက်နှာချိုသွေးတာ ကျွမ်းကျင်ပြီး ကပ်ဘေးကို ဖိတ်ခေါ်နေတာပဲ။ ငါ ခပ်ဝေးဝေးနေသင့်တယ်။ ဒါက အော့အန်ချင်စရာပဲ။ ဒါက ကူးစက်လောက်တယ်။

ကျူးဟုန်ကုန်းသည် သူ မှားပြောမိမှန်း သတိပြုမိသွား၏။ သူသည် သူ၏ရှစ်စွင်းကို သွယ်ဝိုက်ပြီး ပြောလိုက်ရာ ရောက်သည် မဟုတ်ပါလား။ သူ့ကိုယ်သူအမြန်ရိုက်ကာ ပြောလိုက်တော့သည်။

“ကျွန်တော်အမှားလုပ်မိပါတယ်”

ကျော့ယွီရှုက မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ သူမသည် ထိုတတိယတန်းစား လူငယ်လေးများက ကျိထျန်းတောက်၏တပည့်ဖြစ်လာပုံကို နားလည်သဘောပေါက်ရန် ပိုမိုခက်ခဲလာ၏။ သူတို့တွေက အရည်အချင်းမရှိဘူး။

အဝေးကနေတပည့်မလေးတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူမက လုကျိုးကို အရိုအသေပေးကာ ပြောလိုက်သည်။

“ရထားလုံးပျံအဆင့်သင့်ဖြစ်ပါပြီ မျှော်နန်းသခင်”

“ဘယ်သွားမလို့လဲ ရှစ်စွင်း” မင်ရှစ်ရင်က ဇဝေဇဝါမေးလိုက်၏။

“ကျော့ယွီရှု” လုကျိုးက သူမကိုကြည့်လိုက်သည်။

“ဘာများလဲ အစ်ကိုကျိ” ကျော့ယွီရှုကမေးလိုက်ကာ ဝေခွဲမရဖြစ်သွား၏။

“မင်း ဒီကိုရောက်နေတယ်ဆိုတော့ ငါတို့အတူသွားရအောင်လား” လုကျိုးက လှည့်ထွက်သွားတော့၏။

ကျော့ယွီရှုသည် ထူးဆန်းနေမှန်းရှာတွေ့သွားတော့၏။ သူမ သူ ဘယ်ကိုသွားနေမှန်း သူမ မသိပေ။ သို့သော်ငြား သူမက နှောင့်နှေးမနေဘဲ သူ့နောက်လိုက်သွား၏။

မင်ရှစ်ရင်ကပြောလိုက်သည်။ "လောင်ပါ့ ... လောင်ချီကို ပြန်လည်သုံးသပ်ရေးဂူဆီခေါ်သွား”

“ဟမ်”

“ဟမ် ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒီမှာ မင်းကိစ္စမရှိဘူး”

တောက်လျှောက်လိုက်နေဖို့ စဉ်းစားနေတာလား။ အခွင့်အရေးကောင်းပဲ။

စီးဝူယာ့သည် အစတည်းက စိတ်မဝင်စားပေ။ သူက လှည့်ထွက်သွားပြီး ပြန်လည်သုံးသပ်ရေးဂူဆီသို့ သွားလိုက်၏။

ဟွားဝူတောက်သည် ဖန်ကျုံး၏လက်ထဲသို့ သစ်သားဘီးတပ်ကုလားထိုင်ကို တွန်းပေးလိုက်သည်။ ပြီးနောက် လန်လော့နှင့်အတူ ရထားလုံးပျံဆီတက်သွား၏။ ဖန်လီထန်းက ပြန်လည်ကုစားရန်လို၏။ သူ လိုက်ရန် မလိုအပ်ပေ။

သူတို့ရထားလုံးပျံသို့ ရောက်သောအခါ မင်ရှစ်ရင်က ပြောလိုက်၏။ “ကျွန်တော် ပဲ့ကိုင်လိုက်မယ်”

“ဘယ်ကိုသွားမှာလဲ ရှစ်စွင်း” ‌ရှောင်ယွမ်အာကမေးလိုက်သည်။

“လော့ဂိုဏ်း”

ကျော့ယွီရှုက ဇဝေဇဝါဖြစ်သွားသည်။ သူမကပြောလိုက်သည်။

"လော့ဂိုဏ်းက ယွင်ထျန်းလော့ တည်ထောင်ခဲ့တဲ့ဂိုဏ်းတွေထဲက တစ်ခုပဲ။ အဲ့ဒီမှာ ဘာကိစ္စများရှိလို့လဲ အစ်ကိုကျိ”

“ငါ သိတဲ့တစ်ယောက်က ဆုံးပါးတော့မယ်။ ငါ သူ့ကို နှုတ်ဆက်စကားပြောမလို့” လုကျိုးက ပြောလျက်မုတ်ဆိတ်သပ်လိုက်သည်။

ကျော့ယွီရှုသည် သူ၏စကားကြောင့် မှင်တက်သွား၏။

ဟွားဝူတောက်က သက်ပြင်းချလိုက်တော့၏။

မင်ရှစ်ရင်သည် အစက သူ၏ရှစ်စွင်းသည် လော့ဂိုဏ်းကို ပြဿနာသွားရှာမည်ဟု ထင်ခဲ့တာဖြစ်သည်။ ဆိုရလျှင် လော့ဂိုဏ်း၏အကြီးအကဲဆယ်ယောက်က မဟာဂိုဏ်းခုနစ်ဂိုဏ်းတွင် ပါသည်။ ယွင်ထျန်းလော့ဆီ သွားရောက်လည်ပတ်လိမ့်မည်ဟု သူ မထင်ထားပေ။

ယွင်ထျန်းလော့နှင့် မိစ္ဆာဝေဟင်မျှော်နန်းကြားဆက်ဆံရေးကို လူတိုင်းမြင်နိုင်သည်။ ယွင်ထျန်းလော့သည် မိစ္ဆာဝေဟင်မျှော်နန်းဆီ စစ်တုရင်ခုံအတွင်း စည်းပိတ်ထားသော မှတ်ဉာဏ်များကိုတောင် ပေးအပ်လိုစိတ် ရှိသည်။ မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်ဖို့ ယွင်ဂိုဏ်း၏အကြီးအကဲဆယ်ယောက်ကို ဘယ်တော့မှအမိန့်မပေးခဲ့ပေ။ ဤနေရာတွင် အကြည့်ချင်း ဆုံရသည်ထက်တောင် ပိုများလိမ့်မည်။ သို့သော် ကျော့ယွီရှုက ပြောလိုက်၏။

“အဲ့ဒီလူငယ်လေး မင်ရှစ်ရင်က ယွင်ဂိုဏ်းရဲ့အကြီးအကဲဆယ်ယောက်က ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်တဲ့အထဲပါတယ်လို့ ပြောတယ်။ အခုသွားရင် သူတို့ထောင်ချောက်ထဲ တည့်တည့်တိုးတာ မဟုတ်ဘူးလား”

“သူတို့ထောင်ချောက်ထဲ သွားတာလား”

“ဂိုဏ်းသုံးဂိုဏ်းက တော်ဝင်မြေဆယ်ခုနဲ့ တောင်ထွတ်နှစ်ဆယ်ပိုင်ဆိုင်ပြီး တစ်ခုတစ်ခုနဲ့ ထပ်ထားတဲ့အစီအရင်တွေရှိနေတာ။ အကျော်အမော်တွေအများကြီးကိုလည်း ရန်စခဲ့တယ်။ မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာလမ်းစဉ်ကလေ။ အခုသွားရင်တစ်ခုခုဖြစ်မှာကို မစိုးရိမ်ဘူးလား”

…

အခန်း(၄၅၈) အောက်မေ့ရာဆီ သွားရောက်ခြင်း

ဝှစ်

ကနဦးချီက ပဲ့ထိန်းထဲ စီးဝင်သွားသည့်အခါ တိမ်ခွင်းရထားလုံးက အသက်ဝင်လာကာ လေထဲ မြင့်တက်လာသည်။

မည်သူကမှ ကျော့ယွီရှုအား ဧည့်ခံခြင်း မရှိကြပေ။

ကျော့ယွီရှုက နည်းနည်း နေရခက်နေမိ၏။ သူမ၏ အဆင့်အတန်းဖြင့် တခြားဂိုဏ်းများတွင် လေးစားခံရမည်သာ ဖြစ်ပေသည်။ သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းအတွင်း သူမက တကယ့်ဖြတ်သွားဖြတ်လာတစ်ယောက်ထက် ပို၍ ဖြတ်သွားဖြတ်လာတစ်ယောက်နှင့် ပိုတူနေသေးသည်။

ကျိထျန်းတောက်က သူမကို လျစ်လျူရှုထားတာ ထားပါဦး … ဒီအသေးစား တပည့်လေးတွေကပါ မျက်လုံးထောင့်ကနေ မကျေမနပ် ကြည့်ရဲနေကြတာလား …

သူမက ဒေါသထွက်လာသော်လည်း ကျိထျန်းတောက်၏ မိတ်ဆွေဟောင်း ဖြစ်သည့်အပြင် အသက်အရွယ်ရနေသည့် ချန်းပေ့တစ်ယောက်အနေနှင့် အငယ်များအပေါ် စိတ်မကွက်သင့်ပေ။

ရထားလုံးပျံက လေထုထဲ မြင့်တက်သွားကာ ရွှေနန်းဥယျာဉ်တောင် အကာအရံမှ ထွက်လာပြီး တာ့ယန်၏ တောင်ဘက်စွန်းစွန်းဆီ ပျံသန်းထွက်သွားသည်။

………………..

ရထားလုံးပျံ ထွက်သွားပြီး သိပ်မကြာခင်တွင် ဝတ်ရုံစိမ်း ဓားသမားတစ်ဦးက ရွှေနန်းဥယျာဉ်တောင်ရှေ့ ရောက်ရှိလာသည်။ သူ့အနေနှင့် တောင်ခြေရောက်ဖို့ သိပ်မကြာလိုက်ပေ။ သူက ထိုနေရာတွင် ရပ်နေရင်း ရွှေနန်းဥယျာဉ်တောင် အကာအရံကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက နေမင်းကြီးကို ကြည့်လိုက်ပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ်လိုက်သည်။ တကယ်တမ်း သူ့ကျင့်ကြံဆင့်ဖြင့် ချွေးထွက်မည် မဟုတ်ပေ။ သို့သော်လည်း သူက အသက်ပြန်ရှင်လာပြီးနောက် ဤသို့အသေးအဖွဲ့ ခံစားမှုလေးအထိ သဘောကျနေမိသည်။ ဤသည်က သူ အမှန်တကယ် အသက်ရှင်နေရကြောင်း ခံစားရသည့် တစ်ခုတည်းသော အချိန် ဖြစ်၏။

“အာ့ရှစ်ရှိုး …” ဘေးဘက်ရှိ တောအုပ်ထဲမှ ညင်ညင်သာသာ အသံလေး ထွက်ပေါ်လာသည်။

ယွီရှန်းရုန်က လှည့်ကြည့်လိုက်ပြီးနောက် သစ်ပင်ကြီးနောက်မှ ထွက်လာသည့် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ယဲ့ထျန်းရှင်းကို မြင်လိုက်ရသည်။

“လျိုရှစ်မေ့လား”

“အာ့ရှစ်ရှိုး အသက်ရှင်ရက် ပြန်ရောက်လာမယ်ဆိုတာ သိနေတယ်” ယဲ့ထျန်းရှင်းက ပြောလိုက်သည်။

“ ရှစ်မေ့ ဂရုစိုက်ပေးတာ ကျေးဇူးပါ … ငါက ကံကောင်းသွားရုံပါ ” ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ ရှစ်ရှိုး အချိန်မီ ရောက်လာပေမဲ့ ရှစ်စွင်းက မနက်ကတည်းက ထွက်သွားပြီ။ သူ ဘယ်သွားတယ်တော့ မသိရဘူး ”

လုကျိုးက ဂိုဏ်းကြီးခုနှစ်ဂိုဏ်းလုံးကို ရှင်းထုတ်ပစ်လိုက်ကတည်းက ယဲ့ထျန်းရှင်းသည် တောင်ပေါ်မှ ရှစ်စွင်းဆီ သွားတွေ့ဖို့ ပြင်ထားခဲ့သည်။ သို့သော်လည်း သူမသည် မိစ္ဆာဝေဟင်မျှော်နန်း တပည့်တစ်ယောက် မဟုတ်တော့ကြောင်း အမှတ်ရလိုက်သည့်အခါ တောင်ပေါ် တက်ဖို့ သတ္တိမရှိတော့ပေ။

“ ဘာလို့ အပေါ်မတက်တာလဲ” ယွီရှန်းရုန်က မေးလိုက်သည်။

“ကိစ္စမရှိပါဘူး။ အဆင်ပြေပါတယ် ”

ယွီရှန်းရုန်က ယဲ့ထျန်းရှင်း စိတ်ကို သိသည့်အလား ပြောလိုက်သည်။ “ရှစ်မေ့က ဒီမှာပဲ တစ်သက်လုံးနေဖို့ ပြင်နေတာလား”

ယဲ့ထျန်းရှင်းက ပြန်ဖြေလိုက်သည်။ “ ညီမ အနောက်ပိုင်း မသွားခင် လာနှုတ်ဆက်တာပါ ”

“ချန်းဟွမ်လား”

“အင်း ”

“ ရည်မှန်းချက်ရှိတာ ကောင်းတယ်။ ရှစ်မေ့ ခရီးစဉ် ချောမွေ့ပါစေ” ယွီရှန်းရုန်က လက်နှစ်ဖက်ယှက်ကာ ပြောပြီးနောက် လှည့်ထွက်ကာ ရွှေနန်းဥယျာဉ်တောင်ဆီ တက်သွားလေသည်။

သူမက ယွီရှန်းရုန်၏ ကျောပြင်ကို ကြည့်နေရင်း အနည်းငယ် ဆွံအသွားမိ၏။ သူမအနေနှင့် တစ်ခုခု ထူးဆန်းကြောင်း ခံစားမိလိုက်သော်လည်း ဘာမှန်းမပြောတတ်ပေ။ သူမက သက်ပြင်းချလိုက်ကာ တွေးလိုက်မိသည်။

အာ့ရှစ်ရှိုးက သွေးအေးလိုက်တာ … ညီမကို ဆက်နေဖို့ ဖျောင်းဖျဖို့တောင် မကြိုးစားဘူးပဲ။

…………..…

တိမ်ခွင်းရထားလုံးက တာ့ယန်၏ တောင်ဘက်စွန်းစွန်းဆီ အရှိန်မြင့် ပျံသန်းနေသည်။ ထိုအရာက ဥက္ကာပျံတစ်စင်း ဆင်းသက်လာသလို နောက်ယောင်ချန်ထားခဲ့၏။

လုကျိုးက မင်ရှစ်ရင်အနား ရပ်နေရင်း ကုန်းမြေနှင့် တောင်တန်းများကို ကြည့်နေသည်။

ကျော့ယွီရှုက သူ့ဘေးတွင် ရပ်နေပြီး “ ကျွန်မ မေးစရာရှိတယ် ”

“ မေး ”

“ကျွန်မ တွက်ချက်ထားပြီးပြီ။ ရှင့်ကန့်သတ်ချက်က … ”

ကျော့ယွီရှု စကားမဆုံးခင် မင်ရှစ်ရင်က ရုတ်ခြည်းဆိုသလို ချောင်းထဆိုးလာသည်။

ကျော့ယွီရှုက မင်ရှစ်ရင်အား နားမလည်စွာ ကြည့်လိုက်၏။

မင်ရှစ်ရင်က သူမအား အပြုံးဖြင့် လှည့်ကြည့်လာကာ “ကျော့ချန်းပေ့ … ကျွန်တော့်ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီဆိုတော့ သက်တမ်းပိုရှည်လာတာ ပုံမှန်ပါပဲ။ ရှစ်စွင်းက အရင်ကထက် ပိုငယ်ပုံပေါ်လာတာ မမြင်ဘူးလား ”

လန်လော့နှင့် ဟွားဝူတောက်တို့က လုကျိုးအား ကြည့်လိုက်ကြသည်။ ယခု သူတို့က လုကျိုး၏ သွင်ပြင်ကို သေချာကြည့်လိုက်မှ အံ့အားသင့်သွားကြ၏။ သူက ယခင်ထက် ပိုငယ်ပုံပေါ်နေသည်မှာ အမှန်ဖြစ်၏။

လန်လော့၏ ဆံပင်အများစုက အနက်ရောင် ဖြစ်နေသေးသည့်အတွက် အဆင်ပြေသေးသော်လည်း ဟွားဝူတောက်၏ ငွေမျှင်ရောင် ဆံပင်များက ထွက်ပေါ်နေပြီ ဖြစ်၏။

ကျော့ယွီရှုက အသာလေး နှိုင်းယှဉ်ကြည့်လိုက်သည်။ သူမက စိတ်ထဲ အံ့ဩသွားလေ၏။

သူက အခု ပွင့်ချပ်ကိုးလွှာအဆင့် တကယ်ရောက်သွားပြီလား … အဲဆို သံသယအားလုံး ပျောက်ကွယ်သွားအောင် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဘာလို့ ဆင့်မခေါ်ရတာလဲ

………………

လော့ဂိုဏ်း၏ တော်ဝင်နယ်မြေ ထျန်းသဲ …

တောင်နှစ်ဆယ်ကျော်က ထူးခြားသည့် စီစဉ်မှုအောက်တွင် ရှိနေပြီး တိမ်များက ပတ်လည်ဆိုင်းနေသည်။

ဤအကာအရံအလွှာများက ဤနေရာ၏ ခုခံမှု၏ အုတ်မြစ်ကို ဖြစ်လာစေသည်။

ထိုစဉ် လော့ဂိုဏ်း၏ အငယ်ဆုံး အကြီးအကဲတစ်ဖြစ်လည်း တတိယအကြီးအကဲ လုဖင်းက မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။ သူက တခြားအကြီးအကဲများအား ကြည့်လိုက်ပြီး “ ဒုတိယအကြီးအကဲ ကျုပ်တို့ ဘာလုပ်ကြမလဲ။ ခေါင်းဆောင်ရဲ့ သက်တမ်းက နီးကပ်လာပြီ။ ဒါပေမဲ့ ယွင်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို သွားရန်စလိုက်သေးတယ်။ ဂိုဏ်းသုံးဂိုဏ်းလုံးက လက်ရွေးစင်အားလုံး ပေါင်းလိုက်ရင်တောင် ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး ”

ထိုမတိုင်ခင် ထိုအကြီးအကဲများက လုဖင်းအား မိစ္ဆာဝေဟင်မျှော်နန်း၏ နောက်လိုက် လုပ်ခြင်းအပေါ် မျက်မှောင်ကြုတ်ဖူးကြသည်။ သို့သော် သူတို့က ယခုအခါ တိတ်ဆိတ်နေကြ၏။ ဘာစကားမှ ပြောစရာ မရှိပေ။ အထူးသဖြင့် ဒုတိယအကြီးအကဲ ရှန့်ယွင်ကျန်း ဖြစ်၏။

အဆုံးသတ်၌ ရှန့်ယွင်ကျန်းက ပြောလိုက်ရသည် “အခုက အဲဒါတွေအတွက် အချိန်မဟုတ်ဘူး။ ကျွန်မတို့ နည်းလမ်းမြန်မြန် စဉ်းစားရမယ်။ တကယ်လို့ မိစ္ဆာဝေဟင်မျှော်နန်းသာ ရောက်လာရင် ဂိုဏ်းသုံးဂိုဏ်းလုံး အကျိုးဆက် ရင်ဆိုင်ရလိမ့်မယ် ”

“ ငါသိပြီ … ထျန်းဂိုဏ်းနဲ့ ပေါင်းပြီးတော့ ယွင်ဂိုဏ်းကို ရှင်းထုတ်လိုက်ရင်ရော … အဲဒါက ငါတို့အသက်ကို ထိန်းထားနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းပဲ” အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

အကာအရံအလွန်တွင် ထူးဆန်းသည့် အသံတစ်သံ ပျံ့လွှင့်လာသည်။

ထျန်းသဲမှ ကြည့်လိုက်သည့်အခါ ဧရာမအကာအရံကြီးကို ဖြတ်၍ လှိုင်းတွန့်များ ဖြစ်လာသည်ကို မြင်လိုက်ရသည်။

အကြီးအကဲများက တုန်လှုပ်သွားကြ၏။

“ရန်သူတွေ လာနေပြီ ”

လုဖင်းက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက ဘာမြင်ရသည်ကို သိသည့်အခါ မျက်လုံးအပြူးသားဖြင့် အော်ပြောလိုက်သည် “အဲဒါ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံးပျံပဲ ”

တခြားလူများကလည်း သူ့စကားကြောင့် ကြောက်လန့်ကုန်ကြသည်။

တချို့လူများက နောက်သို့ ယိုင်တိုင်တိုင် ဖြစ်သွားပြီး တချို့ကား ဒူးခွေလျက် လဲကျသွားကြသည်။ တချို့က မြေပေါ် လဲကျကာ ပုံ့ပုံ့လေး ထိုင်နေလေ၏။

ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက လက်စားချေဖို့ ရောက်လာလေပြီ။

တစ်ယောက်ယောက် ကယ်ကြပါဦး ….

ရှောင်လွှဲလို့မရတာက နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီ

လုဖင်းက ယတိပြတ် မျက်နှာထားဖြင့် ပြောလိုက်သည်။ “စိတ်အေးအေးထားကြပါ။ ယွင်ဂိုဏ်းရဲ့ အမှားက လော့တို့၊ ထျန်းတို့နဲ့ မပတ်သက်ဘူး ”

တခြားလူများက ပို၍ တည်ငြိမ်သွားကြသည်။

လုဖင်းက လေထဲ ခုန်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ သူက အကာအရံကို လျှပ်စီးလိုအလျှင်ဖြင့် ဖြတ်သန်းသွားလိုက်ပြီးနောက် တိမ်ခွင်းရထားလုံးပျံရှေ့ ရောက်သွားလေသည်။

ခဏအကြာတွင် လုဖင်းက လေထုထဲ ရပ်နေရင်း အသံကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည်။

“လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်။ ဧည့်ဝတ်မကျေပွန်မိတာ တောင်းပန်ပါတယ် ”

ရထားလုံးပျံက ပျံသန်းရင်း ရပ်တန့်သွားသည်။

မင်ရှစ်ရင်က အကောင်းဆုံး မြင်ကွင်းကို ရထားသူ ဖြစ်၏။ သူက လုဖင်းကို မြင်လိုက်သည့်အခါ လှမ်းခေါ်လိုက်သည်။

“ဟေး ဒီကိုလာပြီး ပဲ့ထိန်ပေးစမ်းပါဦး ”

“ဝမ်းမြောက်လျက်ပါပဲ ” လုဖင်းက အတော်လေး ပျော်နေမိသည်။ အနည်းဆုံးတော့ မိစ္ဆာဝေဟင်မျှော်နန်းက လော့ဂိုဏ်းကို လက်စားချေဖို့ ရောက်လာခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက ရထားလုံးပျံဆီ ပျံသန်းသွားလိုက်သည်။

ထိုအရာကို မြင်ပြီး ကျော့ယွီရှုက ပြောလိုက်သည်။

“ ဂိုဏ်းကြီးသုံးဂိုဏ်းဆိုတဲ့အတိုင်း သူတို့ကို ကောင်းကောင်းသင်ကြားပြသထားပြီးတော့ အပြုအမူကောင်း ရှိကြတာပဲ”

သူမက မိစ္ဆာဝေဟင်မျှော်နန်းမှ ရရှိသော ဆက်ဆံမှုကို ပြန်စဉ်းစားကာ အနည်းငယ် မကျေမနပ်ဖြစ်မိသွားသည်။

လုဖင်းက ရထားလုံးပျံပေါ် တက်လာပြီးနောက် လုကျိုးအား ကြည့်လိုက်ကာ ဝုန်းခနဲ ဒူးထောက်လိုက်သည်။ သူက ကျယ်ကျယ်လောင်လောင် ဝပ်တွားလိုက်ပြီး ပြောလိုက်သည်။

“ လောင်ချန်းပေ့အတွက် ကိုယ်တိုင်ကိုယ်ကျ ပဲ့ထိန်းပေးရမှာ တကယ်ကို ဂုဏ်ယူစရာပါပဲ ”

ကျော့ယွီရှုက ကြောင်အမ်းသွားလေသည်။ သူမက မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို စပ်ဖျင်းဖျင်း ခံစားမိလိုက်သည်။

ဒါက ဂိုဏ်းသုံးဂိုဏ်းရဲ့ မာန်မာနလား ….

“တော်သင့်ပြီ … ဒီကိုလာခဲ့တော့ ” မင်ရှစ်ရင်က လုဖင်းအား တစ်ချက်ကန်လွှတ်လိုက်သည်။

“ဟုတ် ချက်ချင်း လာပါပြီ။ ကျွန်တော် ဒီကန်ချက်ကနေ အကျိုးမြတ်ရလိုက်တာပဲ။ ကျွန်တော် လောင်ချန်းပေ့ရဲ့ အချိန်တွေကို ထပ်မဖြုန်းသင့်တော့ဘူး ”

မင်ရှစ်ရင်က ဆွံအသွားလေသည်။

ဒီကောင်က လောင်ပါ့ရဲ့ ဆွေမျိုးများလား …

လုဖင်းက မင်ရှစ်ရင် နေရာဝင်ယူလိုက်ပြီး ပဲ့ထိန်းလိုက်သည်။ ရထားလုံးပျံက အကာအရံများကြားမှ ဖြတ်သန်းကာ ထျန်းသဲဆီ ရောက်ရှိသွားလေသည်။

ကျော့ယွီရှုက လော့ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များ တော်ဝင်နယ်မြေတွင် စုဝေးနေသည်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။

လော့ဂိုဏ်း၏ ဂိုဏ်းချုပ် ဖုန်းယီကျစ်က ထိုအကြောင်းကို ကြားသည့်အခါ ဆံပင်ကို သေချာမဖြီးနိုင်ဘဲ ရောက်ရှိလာသည်။ သူက အကြီးအကဲဆယ်ဦးကို ဦးဆောင်ကာ ရထားလုံးပျံဆီ ဦးညွှတ်လိုက်၏။

“လော့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖုန်းယီကျစ်က လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”

“ လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”

တပည့်များစွာကလည်း မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့ကို ကြိုဆိုရင်း တစ်ပြိုင်နက် ဂါရဝပြုလိုက်ကြသည်။

ထိုအရာကို မြင်ပြီး မင်ရှစ်ရင်က ဂုဏ်ယူမှုအပြည့် ဖြစ်နေသည်။ သူက ဒီခံစားချက်ကို အရမ်းသဘောကျ၏။ သူက မေးမော့ကာ ရင်ဘတ်ကော့ထားလိုက်သည်။

လန်လော့နှင့် ဟွားဝူတောက်တို့က သက်ရောက်ခံရဟန်မပေါ်ပေ။ သို့သော်လည်း သူတို့လည်း ဂုဏ်ယူမှုအပြည့် ဖြစ်နေကြသည်။ ကမ္ဘာကြီးထဲ၌ စည်းမျဉ်းများ သို့မဟုတ် အကြောင်းတရားဟူ၍ မရှိပေ။ အကြောင်းအရင်းက လက်သီးကြီးသူဘက်သာ ပါလေ့ရှိ၏။

ကျော့ယွီရှုက ရထားလုံးပျံတွင် ရှိနေရင်း ကြောင်အမ်းနေမိသည်။ သူမက များစွာတွေ့ကြုံဖူးသောကြောင့် ဗဟုသုတကြွယ်ဝလေသည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ သူတော်စင်များပင် ထိုသို့သော ဆက်ဆံမှုမျိုး ရခဲ၏။

“ ရှစ်စွင်း ကြည့်ပါဦး။ လူတွေအများကြီးပဲ ” ရှောင်ယွမ်အာက ထိုကြိုဆိုပွဲကြောင့် ဘာမှခံစားရဟန်မပေါ်ပေ။ သူမက အသက်ဝင်နေသည့် မြင်ကွင်းကို သဘောကျနေရုံသာ ဖြစ်၏။

ကျင့်ကြံသူများစွာကလည်း အုပ်စုလိုက်ဖြင့် တော်ဝင်နယ်မြေဆီ ပျံသန်းလာနေကြသည်။

စတုရန်းအစီအရင်များက ထျန်းသဲနား ချည်းကပ်လာနေသည့် ဧရာမ စွမ်းအားဇုံကို ဖွဲ့စည်းထားလေသည်။

…

အခန်း (၄၅၉) ယွင်ဂိုဏ်းအတွက်လား

တိမ်ခွင်းရထားလုံးက လှုပ်ရှားတာရပ်တန့်သွားလေ၏။

ဂိုဏ်းသုံးဂိုဏ်း၏အကျော်အမော်များသည် ယခုအချိန်တွင် အရံအတားအတွင်းရှိ မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်ခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာဖြစ်ပေလိမ့်မည်။

ဖြောင့်မတ်ခြင်းလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်သည် ဘယ်တော့မှ အစေးမကပ်ခဲ့ပေ။ ဂိုဏ်းသုံးဂိုဏ်းသည် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့်မတူညီသော်ငြား သူတို့သည် တာ့ယန်ရှိဖြောင့်မတ်ခြင်းလမ်းစဉ်ရှိ အင်အားစုများအနက် အင်အားအကြီးမားဆုံးများထဲမှ တစ်စုဖြစ်သည်။ သူတို့၌ တောင်ထွတ်နှစ်ဆယ်နှင့် တော်ဝင်မြေဆယ်ခုရှိသည်။ သူတို့တပည့်များက အရေအတွက်အားဖြင့် သောင်းချီရှိ၏။ အရံအတားအရာတွင် ဂိုဏ်းသုံးဂိုဏ်း၏ တော်ဝင်နယ်မြေဆယ်ခု၏အရံအတားက ကျင့်ကြံခြင်းလောကထဲတွင်အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့ကို တိုက်ခိုက်ရန်နှင့်ခုခံရန်အတွက် အသုံးပြုနိုင်၏။

ကျော့ယွီရှုသည် ထျန်းသင်္ဘောရှိလော့ဂိုဏ်းကျင့်ကြံသူများကို ကြည့်လိုက်၏။ သူမသည် ရှုပ်ထွေးသောခံစားချက်များခံစားမိသွားသည်။

ထျန်းသဲအထက်၌ ကျင့်ကြံသူများစွာကပျံဝဲနေလေ၏။ ဝှစ်

ထိုစဉ် ပေကိုးဆယ်ခန့်မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်သည် သူတို့ဆီသို့ပျံသန်းလာ၏။ ယင်းက ခမ်းနားသောကျင့်စဉ်ကို ဖော်ထုတ်လျက် မကြာမီ၌ တောင်ထွတ်များထဲမှ တစ်ခုရှိ၎င်း၏ မူလနေရာကနေ ထျန်းသဲထက်သို့ ရောက်လာသည်။ လူတိုင်းက ရောက်လာသည့်လူကို လှည့်ကြည့်လိုက်၏။

“ထျန်းဂိုဏ်းရဲ့ဂိုဏ်းချုပ်နန်ကုန်းဝေက လောင်ချန်းပေ့ကို နှုတ်ဆက်ပါတယ်”

ထျန်ဂိုဏ်းတပည့်ထောင်ချီက လေထဲတွင် အရိုအသေပေးလိုက်၏။ “ကြိုဆိုပါတယ် လောင်ချန်းပေ့”

ထိုမြင်ကွင်းက အင်မတန်ထူးကဲလှပေ၏။ မည်သူမဆိုစိတ်လှုပ်ရှားသွားလိမ့်မည်။ မိစ္ဆာဝေဟင်မျှော်နန်းက အရင်တစ်ခေါက်လည်ပတ်ချိန်တွင် ဂိုဏ်းချုပ်သုံးယောက်လုံး ပေါ်မလာခဲ့ပေ။ သို့သော် ယခုအခေါက်၌ သူတို့သည် ပေါ်မလာရဲသည်လော။

မင်ရှစ်ရင်သည် သူ့ကိုယ်သူ သေအောင်ရိုက်ချင်နေပြီဖြစ်သည်။ သူက စိတ်လှုပ်ရှားလွန်းနေ၏။

ကြင်နာမှုသည် အမြဲတမ်းဆယ်ဆပြန်လည်ရရှိ၏။

လုကျိုးသည် ရထားလုံးပျံထဲကနေထွက်လာပြီး ပျံထွက်လာ၏။ ကျန်သည့်သူများကလည်း သူ့နောက် လိုက်လာသည်။

ဂိုဏ်းသုံးဂိုဏ်း၏တပည့်များ တွေးထင်ထားသကဲ့သို့ ထင်ပေါ်ကျော်ကြားသည့် စွမ်းအားများ ပြသခြင်းမရှိပေ။ သို့သော် သူတို့အသက်အောင့်ထားမိ၏။ သူတို့ရှေ့ရှိ အဘိုးအိုကို ကြည့်နေစဉ် သူတို့ အသက်ပြင်းပြင်းမရှူရဲပေ။

“ထကြ” လုကျိုး၏အသံသည် ထျန်းသဲ၌ ပဲ့တင်သံထွက်လာ၏။

လူတိုင်းက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ သူတို့အားလုံးဆင်းသက်လိုက်လေ၏။

ထျန်းသဲက ကျယ်ဝန်းလှသော်ငြား တော်ဝင်မြေရှိနေရာသည် ယခုလက်ရှိ လူပေါင်းများစွာ နေရာယူထားသည်။

ထျန်းသဲဂိုဏ်း၏ဂိုဏ်းချုပ် နန်ကုန်းဝေက ဦးဆောင်ပြီးရပ်နေသည်။ ထိုစဉ် လော့ဂိုဏ်း၏ဂိုဏ်းချုပ် ဖုန်းယွီကျစ်ကလည်း ဆင်းသက်လာ၏။

နန်ကုန်းဝေနှင့် ဖုန်းယွီကျစ်က တညီတညွတ်တည်းအရိုအသေပေးလိုက်၏။

“ချန်းပေ့ ဒီနေရာကို ဘာအကြောင်းကိစ္စများ ရှိလို့ရောက်လာတာပါလဲ” နန်ကုန်းဝေက တလေးတစား မေးလိုက်သည်။

လုကျိုး၏အကြည့်တို့က နန်ကုန်းဝေဆီရောက်သွား၏။ “ယွင်ဂိုဏ်းရဲ့ ယွင်ဝူကျိဘယ်မှာလဲ”

ထင်သည့်အတိုင်းပင် နန်ကုန်းဝေနှင့်ဖုန်းယွီကျစ်က အကြပ်ရိုက်သွားလေ၏။ ကျန်သည့်သူများကလည်း အကြည့်ချင်းဖလှယ်ကာ လေသံတိုးတိုးဖြင့် သူတို့ဖာသာ ဆွေးနွေးကြတော့သည်။

နန်ကုန်းဝေ၏အမူအရာက အနည်းငယ် ချဉ်တူးသွားလျက်ပြောလိုက်၏။

“လောင်ချန်းပေ့ ... ထျန်းဂိုဏ်းက ယွင်ဂိုဏ်းရဲ့အစီအစဉ်ကို သတိမပြုမိခဲ့ပါဘူး။ ယွင်ဂိုဏ်းက ဝန်းရံတိုက်ခိုက်မှုထဲ ပါတဲ့အကြောင်း ကိစ္စဖြစ်ပြီးမှ ကျွန်တော်ရှာတွေ့ခဲ့တာပါ”

“လော့ဂိုဏ်းက အဲ့တာကိုအသိအမှတ်မပြုပါဘူး။ ယွင်ဂိုဏ်းက သိပ်ကို လွန်လွန်းအားကြီးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိစ္ဆာဝေဟင်မျှော်နန်းကို စိတ်ကျေနပ်စေတဲ့ဖြေရှင်းချက်တစ်ခု ကျွန်တော်တို့ပေးမှာပါ”

ဂိုဏ်းသုံးဂိုဏ်းကြားထဲ၌ သဘောမတွေ့မှုဖြစ်ခြင်းသည် အသစ်အဆန်းမဟုတ်။ လက်ရှိအခြေအနေကလည်း တွေးထင်ထားပြီးသည့်အတိုင်း ဖြစ်၏။ ယွင်ဂိုဏ်း ပြဿနာရှာပြီးချိန်မှစပြီး သဘောထားကွဲလွဲမှု လက္ခဏာရပ်များကပေါ်လာ၏။

“ပြီးတော့ အဲဒါကို မင်းတို့ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ” လုကျိုးက နန်ကုန်းဝေနှင့် ဖုန်းယွီကျစ်တို့ကို နက်ရှိုင်းသည့်လေသံဖြင့်မေးလိုက်သည်။

“…”

နန်ကုန်းဝေနှင့် ဖုန်းယွီကျစ်နှစ်ယောက်လုံးသည် ဂိုဏ်းချုပ်များဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ဂိုဏ်းသုံးဂိုဏ်းထဲ၌ မှတ်သားလောက်ဖွယ် အဆင့်အတန်းရှိသူများဖြစ်သည်။ သူတို့နှစ်ယောက်လုံး၏ စကားများက သိသာထင်ရှားသည်။

နောက်ဆုံးတွင် လော့ဂိုဏ်း၏ဂိုဏ်းချုပ် ဖုန်းယွီကျစ်က အရိုအသေပေးလျက်ပြောလိုက်သည်။

“ပြောလိုက်ပါ လောင်ချန်းပေ့ ... လောင်ချန်းပေ့ လိုချင်တဲ့ဖြေရှင်းချက်ကို ကျွန်တော်တို့ပေးပါ့မယ်”

ကျော့ယွီရှုသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွား၏။ ဂိုဏ်းသုံးဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို အလိုလိုက်ဖို့ပြင်နေသည်။

ထိုစဉ် တပည့်တစ်ယောက်က သူတို့ဆီ အမောတကော ပျံလာ၏။ သူက ကြောက်လန့်နေကာ မျက်နှာထက်တွင် ချွေးများစွဲနေ၏။ သူဆင်းသက်လာစဉ်၌ စိုးရိမ်ပူပန်မှုတို့ ပြည့်နေလျက် မြေပြင်ပေါ် ဝမ်းလျားမှောက်ကျတော့မလို ဖြစ်သွားသည်။ သူ့ကိုယ်သူပြန်ထိန်းကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “ဂိုဏ်း ... ဂိုဏ်းချုပ်တို့ ဆိုး ... ဆိုးနေပြီ။ မ ... မကောင်းတော့ဘူး”

နန်ကုန်းဝေ၏အမူအရာက သုန်မှုန်နေကာ သူကပြောလိုက်၏။

“ပျာယာခတ်နေတာက တပည့်တစ်ယောက်နဲ့ မကိုက်ညီဘူး။ ဘာဖြစ်တာလဲ”

တပည့်သည် ယွင်ဂိုဏ်းရှိသည့်တော်ဝင်မြေနေရာသို့လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။

“ယွင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က သူ ... သူ သတ်သေချင်ပါတယ်တဲ့”

လူအုပ်ကြီးထဲကနေ ပင့်သက်ရှိုက်သံများပေါ်လာသည်။ ထျန်းဂိုဏ်းနှင့်လော့ဂိုဏ်း၏ တပည့်များက ယွင်ဂိုဏ်းကို ကြည့်လိုက်၏။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသာ မလှုပ်မယှက်ဖြစ်နေသည်။

လုကျိုး၏အမူအရာက ခါတိုင်းကဲ့သို့ထူးမခြားနားဖြစ်နေပြီး ထိုအရေးကိစ္စက သူ့ကို မသက်ရောက်စေသည့်ပမာ ဖြစ်နေ၏။

တဖက်တွင်မူ ကျော့ယွီရှုကို ပိုတောင်ထိတ်လန့်သွားသည်။ သူမ၏ ရင့်ရော်နေသော မျက်နှာပေါ်ရှိ အမူအရာက ပြောင်းလဲသွား၏။ ဆိုရလျှင် ယင်းက ယွင်ဂိုဏ်းသည် မိစ္ဆာဝေဟင်မျှော်နန်းကို အမှန်တကယ်တိုက်ခိုက်ခဲ့သည်ဟု ဆိုလို၏။ ယွင်ဂိုဏ်း၏ဂိုဏ်းချုပ်သည် သူ့လုပ်ရပ်၏ နောက်ဆက်တွဲဖိအားကို ခံနိုင်ရည်မရှိဟု ဆိုလိုသည်လော။

ထိုစဉ် ယွင်ဂိုဏ်း၏တော်ဝင်မြေ၏တောင်ထွတ်နှစ်ခုကြားကနေ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်လာ၏။ ထိုစိတ်ဝိညာဉ်သဏ္ဌာန်သည် ပေကိုးဆယ်ခန့်မြင့်မား၏။ ယင်းက ရွှေရောင်ရောင်ခြည်များ ဖြာထွက်နေပြီး လက်ဖဝါးကိုပူးကပ်ထားလေ၏။ စိတ်ဝိညာဉ်သဏ္ဌာန်အတွင်း၌ အရိပ်တစ်ရိပ်ပျံဝဲနေသည်။ ထိုသူက ယွင်ဂိုဏ်း၏ဂိုဏ်းချုပ် ယွင်ဝူကျိပဲ ဖြစ်သည်။

ထျန်းသဲဆီသို့ အသံလှိုင်းက ပေါ်ထွက်လာသည်။

“ယွင်ဝူကျိက ဂိုဏ်းချုပ်ကြီးကို ဆန့်ကျင်ခဲ့မိပြီး အမှားလုပ်ခဲ့မိပါတယ်။ ယွင်ဝူကျိက သေသင့်တဲ့အပြစ်ကို ကျူးလွန်မိမှန်းသိတာကြောင့် သေခြင်းတရားနဲ့ပဲ အပြစ်ချေနိုင်တော့မှာပါ”

တိုက်ခိုက်မှုမရှိပေ။ ယွင်ဝူကျိ၏အသံသာလျှင် ရှိ၏။ သူ၏စကား၌ တွန့်ဆုတ်မှုများ ကူကယ်ရာမဲ့မှုများ ပြည့်နေသည်။

ဂိုဏ်းသုံးဂိုဏ်း၏တပည့်ပေါင်းထောင်ချီက စိတ်ဝိညာဉ်သဏ္ဌာန်ကိုကြည့်လိုက်သည်။ သူတို့၏ ပန်းတိုင်က ထိုကဲ့သို့ စိတ်ဝိညာဉ်သဏ္ဌာန်ရရန် ဖြစ်သည်။ ပေကိုးဆယ်ခန့်မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်မရှိဘဲ တစ်ဘဝလုံးကျင့်ကြံနေခဲ့ရသည့် ကျင့်ကြံသူများစွာရှိသည်။

ယွင်ဝူကျိသည် သူ၏ကြိုးစားအားထုတ်မှုကြောင့် ယနေ့ဤနေရာသို့ရောက်လာတာပဲဖြစ်သည်။

ယွင်ဝူကျိသည် မိုးကြိုးပစ်သည့်ပမာ လေတိုက်ခတ်သည့်ပမာ လှုပ်ရှားသွားလာနေသော လူတစ်ယောက်ဖြစ်မှန်း လူတိုင်း သိကြ၏။ သူသည် ကျင့်ကြံခြင်းလောကထဲ၌ ရှားပါးသည့် ပါရမီရှင် ဖြစ်သည်။ အောက်ခြေကနေ ယွင်ဂိုဏ်း၏အမြင့်ဆုံးနေရာထိ ရောက်အောင် တက်လာခဲ့သည့်သူ ဖြစ်၏။ သူသည် ကြိုးစားအားထုတ်မှုများစွာကို စိုက်ထည့်ကာ စမ်းသပ်မှုကို ကျော်လွှားခဲ့ရကြောင်း သူတစ်ယောက်သာ သိပေလိမ့်မည်။ ကံဆိုးသည်မှာ နောက်ဆုံးအဆင့်က မိုးနှင့်မြေကြား ကွာဟချက်ရှိနေခဲ့၏။

ထျန်းဂိုဏ်းနှင့်လော့ဂိုဏ်း၏ ဂိုဏ်းချုပ်များဖြစ်သည့် နန်ကုန်းဝေနှင့်ဖုန်းယွီကျစ်တို့ကမူ စိတ်ဝိညာဉ်သဏ္ဌာန်ကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။ သူတို့စိတ်နှလုံးကလည်း သူတို့၏အမူအရာနှင့် မခြားပေ။ မည်သူကမှ ယွင်ဝူကျိကို မတုံ့ပြန်ကြပေ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယွင်ဝူကျီယွင်ဝူကျိက ခိုကိုးရာမဲ့စွာရယ်မောလျက် ပြောလိုက်သည်။

"ကျုပ် တကယ်မှားသွားတာလား ... ကျုပ် မှားသွားတာလား” အသံလှိုင်းကထပ်မံပေါ်ထွက်လာ၏။ ပေကိုးဆယ်ခန့် မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်သည် လျင်မြန်စွာရွေ့လျားလာလျက် လူတိုင်းရှေ့ ဆယ်မီတာထက်တွင် ပျံဝဲနေတော့သည်။

စိတ်ဝိညာဉ်သဏ္ဌာန်သည် သူ၏စွမ်းအင်များစွာကို ကုန်ဆုံးစေသောသဖြင့် ယွင်ဝူကျိသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိုမျှ ကြာရှည်စွာ ထိန်းသိမ်းထားခြင်းကြောင့် ဖိအားခံစားရသည်။ သို့သော် ယင်းက အရေးမကြီးတော့ပေ။ ထိုအကွာအဝေး၌ သူသည် ထျန်းသဲပေါ်တွင် တာ့ယန်၏ ကျင့်ကြံခြင်းလောကထဲ၌ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိနေခဲ့သည့် တစ်ဦးတည်းသော ဒဏ္ဍာရီလာကျင့်ကြံသူ မိစ္ဆာဝေဟင်မျှော်နန်းသခင်ကိုတွေ့လိုက်ရသည်။ သူ့သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ဘဲ သူ့အပြစ်ကြွေးကို အသက်ဖြင့်ပေးရန်ပြင်ဆင်သော်ငြား မျှော်နန်းသခင်ကို မြင်ချိန်၌ နှလုံးခုန်နှုန်းမြန်လာဆဲဖြစ်သည်။

ယွင်ဝူကျိက တော်ဝင်မြေပေါ်၌ ရပ်နေသောလုကျိုးကိုကြည့်လိုက်၏။ သူ၏ဆံပင်များက မသေမသပ်ဖြစ်နေပြီး သူ၏အသံကပေါ်ထွက်လာကာပြောလိုက်သည်။ စိတ်ဓာတ်ကျနေတာ သိသာသည်။

“လောင်ချန်းပေ့ကျိ ... ကျွန်တော်မှား ... မှားသွားတာလား”

ယွင်ဝူကျိ ငိုတော့မလား ရယ်တော့မလားဆိုတာ ကျန်သည့်သူများကပြောရန်ခက်ခဲနေသည်။

လုကျိုးက မပြောနိုင်သေးခင် နန်ကုန်းဝေက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။

“မင်းက အဆင်ခြင်မဲ့ခဲ့တာပဲ”

“ငါ မဟုတ်ဘူး ... ငါ အဖြေလိုအပ်တယ်။ ယွင်ဂိုဏ်းရဲ့အကျိုးအတွက်ကြောင့် မဟုတ်ရင် ငါ ဒါကို ဘာလို့လုပ်ခဲ့ရမှာလဲ ... နန်ကုန်းဝေ ... ဖုန်းယွီကျိ မင်းတို့နှစ်ယောက်လုံးက ငါနဲ့အဆင့်အတူတူပဲ”

ယွင်ဝူကျိကပြောတော့၏။

ထိုစဉ် မင်ရှစ်ရင်က လှောင်ပြောင်ပြောဆိုလိုက်၏။ "ခင်ဗျား မှားရုံတင်မကဘူး ... သေသင့်တဲ့အပြစ်ကို ကျူးလွန်ခဲ့တာ”

“…” ဟမ် ... ယွင်ဝူကျိ၏ အကြည့်က လုကျိုးဆီကနေ မင်ရှစ်ရင်ဆီရောက်သွားသည်။

“ခင်ဗျားလို တစ်စုံတစ်ယောက်အတွက် ကျုပ်ရှစ်စွင်းကိုယ်တိုင် လှုပ်ရှားရလောက်တဲ့အထိ ခင်ဗျားက မတန်ဘူး။ ရာရာစစ သိပ်ကို မှန်ကန်ဖြောင့်မတ်တဲ့ပုံလုပ်ရဲတယ်ပေါ့။ မြန်မြန်သေလိုက်တော့”

“…”

မင်ရှစ်ရင်သည် ဖြောင့်မတ်ခြင်းလမ်းစဉ်ကနေ ယွင်ဝူကျိကဲ့သို့ သူတို့၏တရားမျှတမှုကို မျှဝေလိုသော ကျင့်ကြံသူများစွာကို တွေ့ခဲ့ဖူးသည်။ သူတို့ပြုလုပ်ခဲ့သမျှအားလုံးသည် ဂိုဏ်းအတွက်သာဟု ကြွားလုံးထုတ်နေတော့၏။ သို့သော် အမှန်တရားကမူ သူတို့သည် အမှောင်ထဲ၌ ရှက်ဖွယ်ကိစ္စများစွာကို လုပ်ခဲ့တာပဲဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူတို့ဖာသာ ချီးကျူးပြီး ဖြောင့်မတ်ချင်ယောင်ဆောင်နေကာ သူတို့ကိုယ်တိုင် ကောင်းမွန်သည့်ပုံရိပ်ကောင်း တည်ဆောက်ဖို့ ကြိုးစားနေခြင်းကို မဟန့်တားနိုင်။

ယွင်ဝူကျိက သူ့ရင်ထဲ တင်းကျပ်လာသည်။

မင်ရှစ်ရင်က ယွင်ဝူကျိ၏ကြက်သေသေနေသော အမူအရာကိုကြည့်ပြီးပြောလိုက်၏။

“ဘာတွေစောင့်နေတာလဲ ... ယွင်ဂိုဏ်းရဲ့တပည့်တွေက ခင်ဗျားကို ခင်ဗျားသတ်သေမှာကို စောင့်နေတယ်လေ။ မြန်မြန်သေလိုက်တော့”

မင်ရှစ်ရင်က အကျင့်စရိုက်ထဲကနေလွတ်ထွက်သွားပုံရ၏။ သူ့မူလပုံစံနှင့်ယှဉ်လျှင် စိတ်ခံစားချက် ပိုများနေတာသိသာ၏။ “ခင်ဗျား ယွင်ဂိုဏ်းအတွက် ဒါကို လုပ်ခဲ့တာမဟုတ်ဘူးလား။ ခင်ဗျားမသေရင် ယွင်ဂိုဏ်းတစ်ခုလုံးက ခင်ဗျားနဲ့အတူသေရလိမ့်မယ်”

All Chapters