အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အခန်း (၄၆၀) ခွဲခွာခြင်းနှင့် ပွင့်ချပ်ကိုးလွှာကို နောင်တရခြင်း
ယွင်ဝူကျိ၏ အကျိုးအကြောင်း ဆင်ခြင်တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားသည်က သူ သေဆုံးဖို့ ဆုံးဖြတ်ပြီးနောက် နောက်ဆုံးသော ရုန်းကန်မှုတစ်ခုမျှသာ ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် ဂိုဏ်းကြီးခုနှစ်ဂိုဏ်းနှင့် အကြီးအကဲဆယ်ဦး ပူးပေါင်းကာ တိုက်ခိုက်မှု ကျရှုံးသွားသည့် အကျိုးဆက်အနေဖြင့် သူ့ကံကြမ္မာသည် သတ်မှတ်ပြီးသွားကြောင်း သိလေသည်။
တော်ဝင်နယ်မြေ ဆယ်ခုမှာ တပည့်ထောင်ချီနှင့် ပင်မလက်ရွေးစင်များက ယွင်ဂိုဏ်းကို ဝန်းရံထားကြသည်။ ထျန်းနှင့် လော့ဂိုဏ်းမှ လူများက အရူးများ မဟုတ်ကြပေ။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကို ရန်စထားသော အဓိကတရားခံအား လွယ်လွယ်ကူကူ လွတ်ပေးမည် မဟုတ်ပေ။
နန်ကုန်းဝေ့နှင် ဖုန်းယီကျစ်က ယွင်ဂိုဏ်းအား ပြဿနာများစွာ ပေးထားလေသည်။ သူတို့ ဂိုဏ်းသုံးဂိုဏ်းကြားရှိ ပဋိပက္ခက ဆိုးဆိုးဝါးဝါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။
ယွင်ဝူကျိက ယခုအခါ ဂိုဏ်းသုံးဂိုဏ်းလုံး၏ အပြစ်သား ဖြစ်နေလေပြီ။ သူက ဆိုးဆိုးဝါးဝါး အဆုံးသတ်ကို ခံစားရရုံသာမက နောင်နှစ်တစ်ထောင် ကြာသည်အထိ ကျိန်ဆဲခံနေရလိမ့်မည်။ သူက ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုးကို လက်ခံနိုင်မည်နည်း။
သူက သူ့အား ရန်စနေမှန်း သိသာသည့် မင်ရှစ်ရင်အား ကြည့်ကာ တုံ့ဆိုင်းနေမိသည်။ သူ၏ ပေကိုးဆယ်အမြင့် စိတ်ဝိညာဉ်သဏ္ဌာန်က အနည်းငယ် လှုပ်ခတ်သွားလေသည်။ ဒုက္ခမိုင်တစ်ရာရှုခင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို အချိန်အကြာကြီး ထိန်းထားနိုင်ရန်မှာ အံ့မခန်း ဖြစ်၏။ သူ့တွင် ရွေးချယ်စရာ မရှိကြောင်း သိလေသည်။ မဟုတ်ပါက ယွင်ဂိုဏ်းသည် ပေးဆပ်ရလိမ့်မည်။ အဆုံးသတ်၌ သူက မင်ရှစ်ရင်ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ”
“ဒါဆို ဒီမှာပဲ သေလိုက်တော့”
မင်ရှစ်ရင်က စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောလိုက်သည်။
“…”
ဂိုဏ်းသုံးဂိုဏ်းလုံး၏ တပည့်များက ဝင်မစွက်ဖက်ရဲကြပေ။ မည်သူကမျှ ယွင်ဝူကျိ၏ ကိုယ်စား မပြောပေးရဲကြပေ။
ယွင်ဝူကျိ၏ မျက်နှာထက်တွင် မှားယွင်းစွပ်စွဲခံရသည့်အလား အမူအရာမျိုး ပေါ်ထွက်လာလေသည်။ သူက အားလုံး၏ မျက်နှာအထက်မှ သနားစဖွယ် အမူအရာမျိုးကို တွေ့လိုက်သည့်အခါ သူက အမှားအကြီးကြီး လုပ်မိသည်ဟု ရုတ်ခြည်း တွေးမိသွားသည်။ သူက ပို၍တွေးလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်၏။
ဘာလို့လဲ … ငါ အောင်မြင်ရင် အားလုံးနဲ့ အကျိုးအမြတ် ဝေမျှခံစားရပြီးတော့ ငါ ကျရှုံးတော့ ငါ့ဘာသာပဲ ဘာလို့ အပြစ်ခံယူရမှာလဲ။
အမျိုးသားများ၏ အတွေးက တစ်ခါတရံ ပြောင်းလဲလွယ်လေသည်။ သတိပြုမိသည့် အခိုက်အတန့်တွင် ချက်ချင်း ပြောင်းလဲသွားနိုင်သည်။ ယွင်ဝူကျိက နောက်သို့ ရုတ်ခြည်း ဆုတ်သွားလေသည်။
ဒီလူတွေအတွက် ငါ့ကိုယ်ငါ သတ်သေရမှာလား။ မဖြစ်ဘူး။ လုံးဝ မထိုက်တန်ဘူး။
ထျန်းသဲပေါ်ရှိ တပည့်များက ယွင်ဝူကျိအား ကြည့်နေစဉ် ယွင်ဂိုဏ်းမှ တပည့်များကလည်း သူ့အပေါ် အာရုံအပြည့်အဝ စိုက်ထားကြသည်။
ယွင်ဝူကျိက အကာအရံများကြား ရောက်သွားသည်အထိ နောက်ဆုတ်လိုက်လေသည်။
ဝှစ်..
ယွင်ဝူကျိ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ကျုံ့သွားလေသည်။ အကာအရံများက အသံများ ထွက်ပေါ်လာကာ လှိုင်းတွန့်များ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ယွင်ဝူကျိက အကာအရံကြားမှ ဖြတ်သန်းသွားလေသည်။
“ဟမ်..”
မင်ရှစ်ရင်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် ပြောလိုက်လေသည်။
“ဟေ့ ဟေ့ ဟေ့ သူ ထွက်ပြေးသွားတာလား”
ဂိုဏ်းသုံးဂိုဏ်းလုံး၏ တပည့်များကလည်း ကြောင်အသွားကြသည်။ သူတို့က ထွက်ပြေးသွားသည့် ယွင်ဝူကျိအား ကြည့်ကာ သစ်သားကြက်ရုပ်လေးများကဲ့သို့ အေးခဲသွားကြသည်။ သူတို့က သူတို့မြင်ရသည့်အရာကို ယုံကြည်ဖို့ အခက်တွေ့နေကြ၏။ စောစောလေးကပင် ယွင်ဝူကျိက သမာသမတ်ကျသည့် အပြုအမူများအကြောင်း မေးခွန်းထုတ်နေဆဲ ဖြစ်ရာ ယခုအခါ ထွက်ပြေးသွားသည်လား။
“ဟမ်”
အကာအရံများက အသံများ ထွက်ပေါ်လာသည်။ ယွင်ဝူကျိက ဝေးသထက်ဝေးကာ ပျံသန်းသွားလေသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းထားရသည်မှာ ကြာမြင့်လှပြီဖြစ်၏။ သူ့ မဟာနည်းစနစ်ဖြင့် အကာအရံသုံးခုကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားလေသည်။
“ရှစ်စွင်း.. ကျွန်တော် သူ့ကို လိုက်ဖမ်းလိုက်မယ်…”
မင်ရှစ်ရင်က သူ့ကို မတားခင်အထိ ပြောလိုက်သည်။ သူက လုကျိုးသည် စွမ်းအင်မြားတစ်ခု ဆွဲလိုက်သည်ကို မြင်လိုက်ရ၏။
ဘန်း..
မြားကို ပစ်လွှတ်လိုက်လေပြီ။ အားလုံးက ယွင်ဝူကျိအပေါ်သာ အာရုံစိုက်ထားသည့်အတွက် ထိုအရာကို ဘယ်သူကမှ သတိမထားမိလိုက်ကြပေ။ ခဏအကြာတွင် သူတို့က ကမ္ဘာရှိ အကြီးမြတ်ဆုံး အဆင့်မြင့်ဆုံး လူတစ်ယောက်ကို မေ့လျော့သွားဟန် ပေါ်သည်။
ကျော့ယွီရှု၏ အာရုံက မြားပစ်သံကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူမက လှည့်ကြည့်လိုက်သည့်အခါ လေဟုန်ခွင်းသွားသည့် မြားချက်ကို မြင်လိုက်ရ၏။
မြားချက်က သေသပ်ကာ ရိုးရှင်းလှသည်။ အားလုံးက မျက်လုံးပြူး မျက်ဆံပြူးဖြင့် စွမ်းအင်မြားသည် အကာအရံများအား ထိုးခွင်းသွားသည်ကိုသာ ကြည့်နေလိုက်သည်။ ထိုအရာ၏ အမြန်နှုန်းက သူတို့ထင်ထားသည်ထက် ကျော်လွန်နေလေသည်။ ယွင်ဝူကျိက သူတို့မြင်ကွင်း၌ လက်သီးဆုပ်လောက်သာ ကျန်ရှိသည့်အချိန် စွမ်းအင်မြားက ထိမှန်သွားလေသည်။ ဘာအသံမှ မကြားလိုက်ရပေ။ ခေတ္တမျှ တုံ့ဆိုင်းပြီးနောက်တွင် အသံကျယ်ကြီး ထွက်ပေါ်လာလေ၏။
အသံလှိုင်းက မိုးကုပ်စက်ဝိုင်းအတွင်း ပျံ့နှံ့သွားလေသည်။ သူတို့မြင်လိုက်ရသည်က ယွင်ဝူကျိသည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခြင်း ဖြစ်သည်။ စွမ်းအင်မြားက သူ့ကျောဘက်ကို ထိုးစိုက်နေလေ၏။ ယွင်ဝူကျိက မျက်လုံးပြူး မျက်ဆံပြူးဖြင့် ခေါင်းကို ငုံ့ကာ ကျောဘက်မှ ရင်ဘတ်အထိ ထိုးဖောက်နေသည့် မြားကို ကြည့်လိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ပွင့်ချပ်ကိုးလွှာ.. နတ်လေးသည်တော်လား..”
ယွင်ဝူကျိက ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူ ဖြစ်၏။ သူ ထိမှန်သွားသည့်အခါ လေထဲ အနေအထားကို ဆက်လက်၍ ထိန်းထားနိုင်သေးသည်။ ထို့သော်လည်း ထိုအရာက ခေတ္တမျှသာ ကြာမြင့်လိုက်သည်။ ခဏအကြာတွင် သူ့စွမ်းအင်ဗဟိုချက်မှ သူ့ကနဦးချီများသည် ပတ်ဝန်းကျင်သို့ စိမ့်ထွက်သွားလေသည်။ သို့သော် စွမ်းအင်မြားက ပျောက်ကွယ်မသွားဘဲ သူ့ခန္ဓာကိုယ်တွင်သာ ထိုးဖောက်နေဆဲ ဖြစ်၏။ သူက ဆက်လက် ထိန်းမထားနိုင်တော့ဘဲ အောက်ရှိ တောအုပ်ထဲသို့ ပြုတ်ကျသွားလေသည်။ ထိုအခါ အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေ၏။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
ထျန်းသဲတွင် တိတ်ဆိတ်မှုသာ ကြီးစိုးသွားလေသည်။ ယွင်ဝူကျိ ကျဆုံးသွားလျှင် အခြားသူများက တအံ့တဩ ဖြစ်နေကြသည်။ သူတို့၏ အကြည့်များက အံ့ဩမှုအပြည့် ဖြစ်နေကြသည်။ ထိုသူများထဲတွင် ကျော့ယွီရှုလည်း အပါအဝင် ဖြစ်၏။ သူမ သိထားသည့် ကျိထျန်းတောက်က လေးပစ်ရာတွင် ကျွမ်းကျင်မှုမျိုး မရှိပေ။
သူက ဒီလိုအကွာအဝေးကနေ ပွင့်ချပ်ခုနှစ်လွှာအဆင့်ကို ဘယ်လိုလုပ် အလွယ်လေး ပစ်ခတ်နိုင်တာလဲ။ ဒါက ပွင့်ချပ်ကိုးလွှာအဆင့်မှာ မဟုတ်ရင် ဘယ်သူကများ လုပ်နိုင်မှာလဲ။
မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက စိတ်အေးသွားကြသည်။ ဤအရာက လုကျိုးသည် ပွင့်ချပ်ခုနှစ်လွှာအဆင့်အား မျက်စိတစ်မှိတ်အတွင်း ပစ်ခတ်လိုက်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း မဟုတ်ပေ။ ပထမဦးစွာ သူတို့က သူ့စွမ်းအားကြောင့် အံ့ဩမိလေသည်။ သို့သော် သူတို့က ဘာမှထူးဆန်းသည့်အရာ မဟုတ်ကြောင်း ခံစားမိလိုက်သည်။ ပြောရလျှင် ပွင့်ချပ်ကိုးလွှာအဆင့်က ပွင့်ချပ်ခုနှစ်လွှာကို အလွယ်တကူ သတ်နိုင်သည်မှာ ဘာထူးဆန်းစရာ ကောင်းနေမည်နည်း။
လုကျိုးကလည်း များများစားစား မစဉ်းစားမိပေ။ သူက အမည်မဲ့ကို ပြန်လည်ခေါ်လိုက်ပြီး ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။ သူက စွမ်းအားတစ်ဝက်သာ ကျန်ရှိတော့သည်ကို သိလိုက်ရသည်။ သူက လိုလိုမယ်မယ် စွမ်းအားတစ်ဝက်ကျော်ကို အသုံးပြုလိုက်ရသည်။ အကယ်၍ အကွာအဝေး နီးပါက အမည်မဲ့ဖြင့် ယွင်ဝူကျိကို သတ်ဖြတ်ဖို့အတွက် စွမ်းအားသုံးပုံတစ်ပုံမျှသာ လိုအပ်လိမ့်မည်။ သူက ယွင်ဝူကျိကို သူ့မျက်စိရှေ့မှ လွတ်မြောက်ခွင့် မပြုနိုင်ပေ။
မင်ရှစ်ရင်က အရင်ဆုံး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်လေသည်။
“သူ့ကိုယ်သူ သတ်သေလိုက်ရင် ပိုတောင်ကောင်းအုံးမယ်။ အနည်းဆုံးတော့ သူ့ဂုဏ်သတင်းကို ထိန်းထားနိုင်တာပေါ့”
ရှောင်ယွမ်အာကလည်း ဝင်ပြောလိုက်သည်။
“ဟုတ်တာပေါ့ အခုတော့ ဒီလိုမျိုး ထွက်ပြေးသွားတယ်။ သူက စစ်ရှစ်ရှိုးထက်တောင် ပိုပြီး အရှက်မဲ့သေးတယ်”
“…”
လုကျိုးက မင်ရှစ်ရင်အား ကြည့်လိုက်သည်။ သူ့အမူအရာများက မပြောင်းမလဲ ကျန်ရှိနေပြီး ပြောလိုက်သည်။
“သူက သေချင်မှတော့ ငါ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
တော်ဝင်နယ်မြေတစ်ခုကလည်း ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
လုကျိုးက အားလုံးကို ကြည့်ကာ တည်ငြိမ်အေးဆေးသည့် လေသံဖြင့် မေးလိုက်သည်။
“တခြားဘယ်သူက ပြောစရာရှိသေးလဲ”
သို့သော်လည်း သူ့စကားများက အရမ်းကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။
ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ် နန်ကုန်းဝေက ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျုပ်တို့ ဘာမှပြောစရာ မရှိပါဘူး။ သူက သေဖို့ထိုက်တန်ပါတယ်”
“ဟုတ်တယ် သူက သေဖို့ထိုက်တန်တယ်”
ဖုန်းယီကျစ်ကလည်း ဝင်ပြောလိုက်သည်။ သူတို့နှစ်ဦးလုံးက ဦးညွှတ်လိုက်ပြီး တံတွေးမျိုချလိုက်ကြသည်။ သူတို့နဖူးမှ ချွေးစေးများ စီးကျလာလေ၏။
မည်သူကမျှ ယွင်ဝူကျိကို မသနားကြပေ။ သူက သနားမှုနှင့် မထိုက်တန်ပေ။
ထိုစဉ် ထျန်းသဲရှိ သီးသန့်ကျင့်ကြံရေးနေရာမှ ကျောက်တံခါးကြီးက ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ ယွင်ထျန်းလော့က ဘီးလုံးတပ် ကုလားထိုင်ဖြင့် ထွက်ပေါ်လာလေ၏။ သူ့ကို ကြည့်ရသည်မှာ စိတ်ဓာတ်ကျနေဟန်ပေါ်သည်။ သူ့အကြည့်များက အသက်မဲ့ကာ သူ့အရှိန်အဝါများကလည်း အလွန်အားနည်းနေသည်။
“ဂိုဏ်းချုပ်ကြီး..”
“ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်”
ဂိုဏ်းသုံးဂိုဏ်းလုံး၏ တပည့်များက ဦးညွှတ်လိုက်ကြသည်။ နန်ကုန်းဝေနှင့် ဖုန်းယီကျစ်ကလည်း သွားကြည့်လိုက်ကြသည်။ လူများက လမ်းဖယ်ပေးလိုက်ကြ၏။
ယွင်ထျန်းလော့က နောက်ဆုံးအသက်ငွေ့ကို ရှုရှိုက်နေရသည့်အလား ပေါ်နေသည်။ သူက မော့ကြည့်ဖို့ နည်းနည်း ရုန်းကန်လိုက်ရ၏။ သူက လုကျိုးကိုသာ ကြည့်နေလိုက်သည်။ သူက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်၏။
“အစ်ကိုကျိ လာမယ်ဆိုတာ ကျုပ်သိနေတယ်”
လုကျိုးက လက်နောက်ပစ်လျက် ရှေ့တိုးလာလိုက်သည်။ တခြားလူများက တော်ဝင်နယ်မြေ၏ အလယ်မှ လမ်းဖယ်ပေးလိုက်ကြ၏။
လုကျိုးက ယွင်ထျန်းလော့ရှေ့တွင် ရပ်လိုက်သည်။ သူက အခြေအနေကို အကြည့်တစ်ချက်တည်းဖြင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားကာ မေးလိုက်သည်။
“ခင်ဗျားရဲ့ ကန့်သတ်ချက်က ရောက်နေပြီ။ အဲဒါကို အခုထိ ဖက်တွယ်ထားတုန်းလား”
သူက ယွင်ထျန်းလော့သည် သူ့နောက်ဆုံး အငွေ့အသက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။
သူက ထိုသို့ ပြောလိုက်သည့်အခါ နန်ကုန်းဝေ၊ ဖုန်းယီကျစ်နှင့် ဂိုဏ်းသုံးဂိုဏ်းလုံးရှိ တပည့်များက ရုန်းရင်းဆန်ခတ် ဖြစ်သွားကြ၏။ သို့သော်လည်း ယွင်ထျန်းလော့က စိတ်ထဲထားဟန် မပေါ်ဘဲ ပြောလိုက်သည်။
“အစ်ကိုကျိက ပြောနိုင်တယ်လား”
သူက ပြင်းထန်စွာ ချောင်းဆိုးပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။
“ကျုပ်ဆီမှာ နောင်တနည်းနည်းရှိတယ်။ အဲဒါကြောင့် အခုထိ ထွက်မသွားချင်သေးတာပဲ”
လုကျိုးက ခေါင်းအသာခါကာ ပြောလိုက်သည်။
“ခေါင်းမာလိုက်တာ”
“ဟုတ်တယ် ကျုပ်က ခေါင်းမာတယ်” ယွင်ထျန်းလော့က ခေါင်းညိတ်လိုက်သည်။
“မင်းက တကယ်တမ်းဆို ဆယ်နှစ်လောက် နေရအုံးမဲ့ဟာကို ဘယ်သူက မင်းကို ထိခိုက်စေတာလဲ”
လုကျိုးက မေးလိုက်သည်။
ကျောက်စရစ်ခဲတစ်လုံးက လှိုင်းထောင်ပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်သည်ဟု ပြောကြသည် မဟုတ်ပါလော။ ဤသည်က လုကျိုး၏ စကားအပေါ် သက်ရောက်မှု ဖြစ်လေသည်။
နန်ကုန်းဝေနှင့် ဖုန်းယီကျစ်တို့က အံ့ဩသွားဟန်ဖြင့် ဒူးထောက်ကာ တစ်ပြိုင်တည်း မေးလိုက်ကြသည်။
“ဂိုဏ်းချုပ်ကြီး ဘယ်ကောင်စုတ်က ဂိုဏ်းချုပ်ကြီးကို တိုက်ခိုက်လောက်အောင် သတ္တိကောင်းနေတာလဲ။ ကျွန်တော်တို့ကို ဘာလို့ ပြောမပြရတာလဲ”
“သူက ကျုပ်တို့ ဂိုဏ်းချုပ်ကြီးကို ဘယ်လိုတောင် ထိခိုက်ရဲတာလဲ။ သူ့ကို အပိုင်းပိုင်း အစစ လုပ်ပစ်အုံးမယ်”
ယွင်ထျန်းလော့က လက်ဝေ့ကာ ပြောလိုက်သည်။
“မလိုပါဘူး”
နှစ်ယောက်လုံးက ကြောင်အမ်းသွားကြသည်။
ယွင်ထျန်းလော့က ပြောလိုက်၏။
“ယွင်ဝူကျိက သူနဲ့ ထိုက်တန်တာ ရသွားပြီပဲ မဟုတ်ဘူးလား”
“အဲဒါဆို ယွင်ဝူကျိကိုး..”
“အဲဒီငမိုက်သားက သူ့ဆရာကိုလည်း လိမ်လည်ပြီးတော့ သူ့ဘိုးဘေးကိုတောင် အပြစ်ပြုသေးတယ်။ သူက ဘယ်လောက်ထိတောင် အောက်တန်းကျသွားရတာလဲ ဂိုဏ်းသားတို့..”
အကြီးအကဲများက အနီးအနားတွင် ရောက်ရှိလာကြသည်။
“ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ယွင်ဝူကျိရဲ့ အလောင်းကို ရှာပြီးတော့ တစစီ မဖြစ်ခင်အထိ သုံးရက်လုံးလုံး နေပူထဲမှာ ပစ်ထားလိုက်” နန်ကုန်းဝေက ပြောလိုက်သည်။
“ဟုတ် နားလည်ပါပြီ”
အကြီးအကဲများက လေထဲတွင် ပျံသန်းရင်း တောအုပ်တွင်း ပျံသန်းသွားကြသည်။
ထိုအရာကို ကြားရသည့် တပည့်များက တုန်ယင်သွားကြသည်။ ထျန်းဂိုဏ်း၏ဂိုဏ်းချုပ်က နှလုံးသား ခိုင်မာသွားသည်နှင့် ရက်စက်တတ်လေသည်။
ယွင်ဂိုဏ်း၏ တပည့်များကလည်း မှုန်မှိုင်းမှိုင်းအမူအရာမျိုး ဖြစ်နေကြသည်။ သူတို့က စိတ်မသက်မသာ ခံစားနေရဆဲ ဖြစ်၏။ သူတို့ဂိုဏ်းချုပ်၏ သေခြင်းတရားဖြင့် ဂိုဏ်းသုံးဂိုဏ်းလုံး၏ ပဋိပက္ခများက အရှိန်မြင့်တက်လာလေသည်။ ပြောရလျှင် နောက်ပိုင်း ဖြစ်လာမည်က ရန်ငြိုးစက်ဝန်းအတွင်းသို့ ရောက်ရှိသွားလိမ့်မည်သာ ဖြစ်၏။
ထိုစဉ် ယွင်ထျန်းလော့က လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“မသက်ဆိုင်တဲ့လူတွေ ထွက်သွားကြတော့..”
“ထွက်သွားကြစမ်း” နန်ကုန်းဝေက တစ်ခါတည်း ပြောလိုက်သည်။
ဂိုဏ်းသုံးဂိုဏ်းလုံး၏ တပည့်များက ချက်ချင်းဆိုသလို ထွက်သွားကြသည်။
ဂိုဏ်းသုံးဂိုဏ်းလုံး၏ ပင်မအဖွဲ့ဝင်များသာ ကျန်ရှိနေလေ၏။ အကြီးအကဲများနှင့် အထက် ဖြစ်ကြသည့် ဂိုဏ်းသားရာချီက တော်ဝင်နယ်မြေအတွင်း ကျန်ရှိနေလေသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
“ငါ ဘာလို့ ဒီမှာ ရောက်လာတာလဲ သိလား”
“အိုး.. ကျုပ် သဘောထားကိုများ ပြန်လည်တုံ့ပြန်တာလားလို့လေ။ အစ်ကိုကျိက ရုတ်ခြည်း ကြင်နာတတ်သွားပြီး ကျုပ်နောင်တကို လာပြီး ဖြေရှင်းပေးတာလားလို့ပဲ”
“အဲလိုမျိုးက လုံးဝ မမှန်တာလည်း မဟုတ်ပါဘူး။ မင်းရဲ့နောင်တက ဘာလဲ”
လုကျိုးက မေးလိုက်သည်။ သူက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိသွားခြင်းသည် ယွင်ထျန်းလော့နှင့် ဘာမှမသက်ဆိုင်သော်လည်း အကြောင်းပြချက်ကို မစဉ်းစားနိုင်ပေ။ ထို့အပြင် သူက သူ့ကိုယ်သူလည်း ရှင်းမပြလိုပေ။
ယွင်ထျန်းလော့က သက်ပြင်းချကာ ပြောလိုက်သည်။
“ကျုပ်က ပွင့်ချပ်ကိုးလွှာအကြောင်းကို နှစ်များစွာ လေ့လာခဲ့ပြီးတော့ အဲဒီတံခါးကနေ ဖြတ်ဖို့အတွက် စိတ်ကူးယဉ်ခဲ့တာ။ ဒါပေမဲ့ ကျရှုံးပြီး ဒီလိုအခြေအနေ ဖြစ်လာရုံကလွဲပြီး ဘာမှမဟုတ်ခဲ့ဘူး။ ကျုပ်ဘာသာကျုပ် ဒီလို ဖြစ်လာသေးတာပဲ။ အရင်ရာစုနှစ်တစ်လျှောက်မှာ ကျုပ် လုပ်ခဲ့သမျှ အမှန်ဆုံးအရာ တစ်ခုပဲ ရှိတယ်”
သူက အသံနက်နက်ဖြင့် ထပ်ပြောလိုက်သည်။
“အဲဒါက စစ်တုရင်ထဲမှာ ပါတဲ့ အရာကို အစ်ကိုကျိဆီ အပ်နှံပေးခဲ့တာပဲ”
လုကျိုး၏ အမူအရာများက မပြောင်းမလဲ တည်ရှိနေသော်လည်း စိတ်ထဲတွင် သူက ညည်းတွားလိုက်သည်။
ငါ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားတာ မင်းရဲ့တုံးအအ စစ်တုရင်နဲ့ သက်ဆိုင်နေတယ်များ ထင်နေလား။
“ပြောရရင် ကျုပ်တစ်ဘဝလုံးမှာ ပွင့်ချပ်ကိုးလွှာ အဆင့်ကိုပဲ ချောင်းကြည့်ချင်ခဲ့တာ။ အဲဒါက ကျုပ်ရဲ့ အကြီးမားဆုံး နောင်တပဲ။ အစ်ကိုကျိ ကျုပ်ကို ဒီနောင်တ ဖြေရှင်းဖို့ ကူညီပေးပါ။ ကျုပ် သေသွားရင်တောင် အစ်ကိုကျိရဲ့ ကြင်နာမှုကို အမှတ်ရနေပါ့မယ်။ မဟုတ်ရင်တော့ ကျုပ် အေးအေးချမ်းချမ်း အနားယူနိုင်မယ် မထင်ဘူး”
“…”
စကားများက ဝန်ထုပ်ဝန်ပိုး ကြီးမားလှသည်။
ထိုစဉ် ကျော့ယွီရှုက ဝင်ပြောလိုက်၏။
“ယွင်ထျန်းလော့ ကျွန်မတို့ နောက်ဆုံးတွေ့ပြီးကတည်းက ရှင့်ရဲ့သဘောထားက ပြောင်းလဲသွားတာပဲ”
ယွင်ထျန်းလော့က ကြောင်အမ်းသွားကာ ကျော့ယွီရှုအား ကြည့်ပြီး မေးလိုက်သည်။
“မင်းက ဘယ်သူများလဲ”
“ကျွန်မက ကျော့ယွီရှု”
ထိုအရာကို ကြားပြီး ယွင်ထျန်းလော့က မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားလေသည်။ သူ့စိတ်ထဲ အသားအရေ ဖြူဖျော့ကာ ဆွဲဆောင်မှုရှိသည့် အချိုးအစားများဖြင့် လှုပ်ရှားစေနိုင်သည့် အပြုံးတို့ ပိုင်ဆိုင်ထားသည့် မိန်းမလှတစ်ဦးကို မြင်ယောင်လာမိသည်။ သူက သူ့စိတ်ထဲမှ ပုံရိပ်နှင့် သူ့ရှေ့ရှိ အမျိုးသမီးအိုကြီးအား ခက်ခက်ခဲခဲ ချိန်ကြည့်နေရသည်။
“မိန်းကလေးကျော့ … မင်းလား”
“အော့..”
ဘေးတွင် ရပ်နေသည့် မင်ရှစ်ရင်က အန်ချင်သည့် အမူအရာမျိုး လုပ်လိုက်သည်။ သို့သော်လည်း မည်သူကမျှ သူ့ကို အာရုံမစိုက်ကြပေ။ ကျော့ယွီရှုက မျက်မှောင်အသာကြုတ်ကာ။
“ရှင် အဲဒီအခေါ်အဝေါ်ကို ပြောင်းလိုက်တာ ကောင်းမယ်။ မဟုတ်ရင် ကျွန်မ ညဘက်ကောင်းကောင်း အိပ်နိုင်မှာတောင် မဟုတ်ဘူး”
“…”
ယွင်ထျန်းလော့က နေရခက်သွားဟန် ပေါ်သည်။ ကျော့ယွီရှုက တစ်ခါက လက်ထပ်ဖို့ရန်အတွက် နာမည်ကျော်ကြားခဲ့ဖူးသည်။ သို့သော်လည်း ထိုအခါက ကျော့ယွီရှုသည် အမျိုးသားတစ်ဦးကဲ့သို့ မပြောင်းမလဲ ရပ်တည်ချက်မျိုး ပိုင်ဆိုင်ထား၏။ သူမက ကွန်ဖြူးရှပ် လမ်းစဉ်ကိုသာ စိတ်ရောကိုယ်ပါ နှစ်ထားခဲ့ပြီး ချစ်ခြင်းမေတ္တာများအပေါ် စိတ်ဝင်စားမှု မရှိခဲ့ပေ။
နှစ်ငါးရာ ကုန်ဆုံးသွားပြီဖြစ်ကာ ပြောင်းလဲသွားကြလေပြီ။ သူမ၏ သွင်ပြင်ကလည်း အသက်အရွယ် ရလာပြီ ဖြစ်၏။ အချိန်က ပြောင်းလဲသွားသော်လည်း အတိတ်က မှတ်ဉာဏ်များက ပြောင်းလဲသွားခြင်း မရှိပေ။
“မင်းရဲ့နောင်တကို ဘယ်လို ဖြေရှင်းပေးစေချင်တာလဲ”
“ကျုပ်က များများစားစား မတောင်းဆိုပါဘူး.. ကျုပ် မြင်ချင်တာက ပွင့်ချပ်ကိုးလွှာအဆင့်က ဘယ်လိုလဲ ဆိုတာကိုပါ”
ယွင်ထျန်းလော့က ပြောလိုက်သည်။ ထိုအရာကို ကြားပြီး လူများစွာက စိတ်အားထက်သန်သည့် အမူအရာမျိုး ပေါ်ထွက်လာကြသည်။
ကျော့ယွီရှုလည်း အတူတူပဲ ဖြစ်၏။ ဤတခြားသူများထက်ပင် သူမက ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ချင်မိသည်။
မင်ရှစ်ရင်၊ လန်လော့၊ ဟွားဝူတောက်နှင့် ရှောင်ယွမ်အာတို့ကလည်း ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံ မြင်တွေ့လိုကြသည်။ သူတို့အတွက် တစ်ခါမြင်တွေ့ခြင်းက မလုံလောက်သေးပေ။
လုကျိုးက စိတ်အတွင်းမှ ကျိန်ဆဲလိုက်သည်။
ငါ့ဆီမှာ ရုပ်ဖျက်ကတ် ရှိနေတာ မင်းတို့ ကံကောင်းသွားတာပဲ။ မဟုတ်ရင်တော့ မင်း ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး။
အပြင်ပိုင်းတွင် သူက ပြောလိုက်သည်။
“ကောင်းပြီ”
လုကျိုးက လက်မြောက်လိုက်ပြီး စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို လှုံ့ဆော်လိုက်သည်။ ရုပ်ဖျက်ကတ်က သူ့လက်ထဲတွင် ပေါ်ထွက်လာပြီးနောက် ချေမွပစ်လိုက်၏။
ထိုစဉ် သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှ ထူးခြားသည့် စွမ်းအားများ စုစည်းလာကာ စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာလေသည်။
ဝှစ်..
ဤသည်က ထျန်းသဲဝန်းကျင်တွင် လှုပ်ခတ်သွားစေသည့် အားပြင်းပြင်း စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာစေသည်။
ဂိုဏ်းသုံးဂိုဏ်းလုံး၏ ပင်မတပည့်များက မျက်လုံးအပြူးသား ဖြစ်နေကြ၏။ သူတို့က ပေတစ်ရာ့ငါးဆယ်အမြင့်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်နေကြသည်။ သူတို့က နီးကပ်လွန်းသည့်အတွက် လည်ပင်းများကို ဆန့်ကာ ကြည့်နေရသည်။ ထိုသို့ဆိုလျှင်ပင် သူတို့က စိတ်ဝိညာဉ်သဏ္ဌာန်၏ ထိပ်ကို မမြင်နိုင်ပေ။ သိပ်မကြာခင် သူတို့က အကြည့်ကို အောက်လွဲလိုက်ပြီး အောက်ခြေရှိ အားပါးတရ တောက်ပနေသည့် ရွှေကြာကြီးကို ကြည့်လိုက်ကြသည်။ ထိုရွှေကြာကို ဝန်းရံ၍ ပွင့်ချပ်ကိုးလွှာက ဖြည်းဖြည်းချင်း လှည့်ပတ်နေလေ၏။
အားလုံးက အသက်အောင့်ထားလိုက်ကြသည်။
ဒါက ပွင့်ချပ်ကိုးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ပဲ တကယ့်ကို ပွင့်ချပ်ကိုးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ပဲ။
သူတို့၏ ခန္ဓာကိုယ်များက စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေကြသည်။ ဤသည်က လူများစွာ အိပ်မက်ထားသည့် ရည်မှန်းချက်တစ်ခု ဖြစ်၏။ ဤသည်က လူများစွာ ပိုင်ဆိုင်လိုသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ဖြစ်ပေသည်။
ထိုအရာ၏ အလင်းတန်းနှင့် ပွင့်ချပ်အလွှာတိုင်းက ထူးထူးခြားခြား တောက်ပနေလေသည်။
ဒါက ဘယ်လိုတောင် ကြီးမားနေတာလဲ …
ကျော့ယွီရှုကလည်း ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် တအံ့တဩဖြစ်ကာ နောက်ပင် ဆုတ်မိသွားသည်။
…
အခန်း (၄၆၁) သူမဘယ်ကနေ ရောက်လာတာလဲ
ထိုမတိုင်မီက ကျော့ယွီရှု၌ သံသယနှင့် မေးခွန်းများရှိနေခဲ့လျှင် သူတို့သည် ပွင့်ချပ်ကိုးလွှာကြောင့် အပြည့်အဝ ဖယ်ရှားခံလိုက်ရပြီးဖြစ်သည်။ အမှန်တကယ်တွင် သူမက ရထားလုံးပျံပေါ် ရောက်သည့်အချိန်မှစပြီး လုကျိုးကို လက်ခံယုံကြည်နေပြီဖြစ်၏။ ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များ၏ သဘောထားသည် ဂိုဏ်းခုနစ်ဂိုဏ်းမှ ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ခဲ့သည်ဟူသော အချက်ကို အတည်ပြုပေးခဲ့သည်။ သို့သော် ပွင့်ချပ်ကိုးလွှာရွှေကြာကို သူမ မျက်လုံးဖြင့် မြင်လိုက်ချိန်၌ သူမအံ့ဩနေသေးဆဲဖြစ်၏။
ဂိုဏ်းသုံးဂိုဏ်း၏တပည့်များသည် ပွင့်ချပ်ကိုးလွှာရှိသည့်ရွှေကြာကို စိုက်ငေးကြည့်နေကြ၏။ ယခင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူများသည် တွေဝေနေပြီး သူတို့ရွှေကြာကို ဖြတ်တောက်ရန်ကြိုးစားသင့်သလားဟု တွေးခဲ့ကြ၏။ သူတို့က မြန်မြန်ဆန်ဆန်ဆောင်ရွက်ခဲ့လျှင် သူတို့၏ရွယ်တူများထက်သာနိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရပြီး အန္တရာယ်က ပိုကြီးမားလာနိုင်သည်။
“ရွှေကြာကို ဖြတ်တောက်ပြီးတဲ့နောက် ပွင့်ချပ်ကိုဖွဲ့တည်နိုင်တယ်။ ရွှေကြာကို ထပ်ဖွဲ့တည်နိုင်တယ်”
“ဒီတော့ ဒါက ပွင့်ချပ်ကိုးလွှာရွှေကြာရဲ့ပုံစံလား”
“မိစ္ဆာဝေဟင်မျှော်နန်းက ဒါကိုဘယ်လိုလုပ် ဒီလောက်မြန်မြန်ရသွားတာလဲ။ တခြားသူတွေက သူတို့ရွှေကြာကိုတောင် မဖြတ်ရသေးဘူးလေ”
သူတို့က တည်ငြိမ်စွာနေနိုင်ရန်ခက်ခဲနေလေ၏။ ယင်းက ကစားသမားတစ်ဦးသည် ဂိမ်းစမ်းသပ်ခြင်း အဆင့်သို့ မဝင်ရောက်ခင် အဆင့်များအားလုံးကို ရှင်းလင်းပြီးကြောင်း ရှာတွေ့သွားသည်နှင့်ညီမျှ၏။ လူတိုင်းက လက်ခံနိုင်ရန် ခက်ခဲနေကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း ဆယ်စက္ကန့်တာကုန်ဆုံးသွား၏။ ထူးကဲသော စိတ်ဝိညာဉ်သဏ္ဌာန်ကို လေးစားသဘောကျရန် ရှိနေသူအဖို့ အင်မတန်တိုတောင်းသောအချိန်ဖြစ်သည်။ သူတို့သည် ကမ္ဘာကြီးရှိ အကောင်းမွန်ဆုံးရုပ်တုကို ကြည့်နေရသည့်ပမာခံစားလိုက်ရသည်။ သူတို့ ဝအောင် မကြည့်ရသေးခင်ပျောက်ကွယ်သွားချေပြီ။
စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွားပြီးနောက် လုကျိုးသည် လက်နောက်ပစ်ထားလျက် ရပ်နေကာ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသော ယွင်ထျန်းလော့ကိုကြည့်လိုက်၏။
ယွင်ထျန်းလော့၏မောပန်းနွမ်းနယ်မှုများကပျောက်ကွယ်သွားပြီဖြစ်သည်။ ယခုအချိန်တွင် သူက ပေါ့ပါးနေပုံပေါ်ပြီး သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာလေ၏။ ရင့်ရော်သော မျက်နှာကတောင် ကျန်းမာသည့်အရောင်အသွေးများလွှမ်းလာတော့သည်။ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ရုံဖြင့် သူ ဆယ်နှစ် ပိုငယ်သွားသည်ဟု ထင်ရသည်။
အတော်ကြာတိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင်လုကျိုးကပြောလိုက်သည်။ “မင်း ဘယ်လိုထင်လဲ”
လုကျိုး၏စကားများသည် လူတိုင်းကို အသိစိတ်ပြန်ကပ်သွားစေ၏။
ယွင်ထျန်းလော့ကပြောသည်။ “ထိုက်တန်တယ်”
“တကယ်လား”
“ကျုပ်သာ တစ်ခေါက်ထပ်ကြည့်နိုင်မယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းသေနိုင်ပြီ” ယွင်ထျန်းလော့က ချီးကျူးလိုက်သည်။
ဒီအဘိုးကြီးကတော့ တစ်လက်မပေးရင် တစ်ပေလောက်လိုချင်တယ်။ မင်းကို တစ်ခါပြတာတင် ကောင်းကောင်းဝန်ဆောင်ပေးပြီးပြီ။ မင်းက ကောင်းကင်ကနေ ကုသိုလ်မှတ်တွေကျလာတယ်များ ထင်နေလား ...
လုကျိုး၏စိတ်တွင်းရှိအတွေးများက ထိုသို့ဖြစ်နေသော်ငြား သူက မုတ်ဆိတ်သပ်လျက် မှန်ကန်ဖြောင့်မတ်သောအမူအရာဖြင့်ပြောလိုက်သည်။ “လောဘမကြီးနဲ့”
ယွင်ထျန်းလော့က သက်ပြင်းချလိုက်၏။ သူက လက်အနည်းငယ်မြှောက်ကာပြောလိုက်တော့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ... အစ်ကိုကျိ”
“မပြောနဲ့”
“တစ်ခုခုမေးလို့ရမလား အဲ့တာက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်အောင်ဖို့ကြိုးပမ်းဖို့နည်းလမ်း”
ယွင်ထျန်းလော့သည် မည်သည့်နည်းနှင့်မဆိုဖုန်မှုန့်အဖြစ်ကြွေလွင့်တော့မည်ဖြစ်သည်။ အခေါင်းထဲ ခြေတစ်ဖက်လှမ်းနေပြီဖြစ်ရာ သူ၏တပည့်များအတွက် ထိုအချက်အလက်သာလိုချင်သည်။ ထို့ကြောင့် ဤမေးခွန်းကိုမေးရန် သတ္တိမွေးလိုက်တာပဲဖြစ်သည်။ ဆိုရလျှင် သူ မမေးပါက မည်သူမှ ထိုမေးခွန်းကို မေးရဲကြမှာမဟုတ်ပေ။
ယွင်ထျန်းလော့၏မေးခွန်းကို ကြားသောအခါ နန်ကုန်းဝေနှင့်ဖုန်းယီကျစ်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်သောအမူအရာက ပေါ်လာ၏။
ထိုနည်းတူ ဂိုဏ်းသုံးဂိုဏ်း၏ပင်မတပည့်များက လုကျိုးကို မျှော်လင့်တကြီးကြည့်နေလေကြ၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။
“ရွှေကြာကိုဖြတ်တောက်တဲ့နည်းလမ်းက လိမ်နေတာ မဟုတ်ဘူး”
ထိုစကားကို ကြားပြီးနောက် ကျန်သည့်သူများက စိတ်လှုပ်ရှားမှုတိုးလာသည်။ ထင်တဲ့အတိုင်းပဲ ... နည်းလမ်းက တကယ်ပဲ။ သို့သော် ရွှေကြာကိုဖြတ်တောက်ချိန်တွင် သေနိုင်ခြေက အလွန်မြင့်မားသည်။ ထိုအကြောင်းအရင်းကြောင့် လူများစွာက သတ္တိမရှိ၊ မကြိုးစားရဲကြချေ။ သို့သော် စမ်းသပ်သည့်သူများပိုမိုများပြားလာပြီး အသက်ရှင်နိုင်သည့်နှုန်းကလည်းတိုးလာ၏။ ထိုအရာအပြင် ရွှေကြာမရှိဘဲ ပွင့်ချပ်ပေါက်ဖို့က ပြဿနာတစ်ရပ် ဖြစ်လာနိုင်၏။ ထို့အပြင် သူတို့သည် နောက်ထပ်ရွှေကြာကို ဖွဲ့တည်နိုင်ပါ့မလားဆိုတာကို သူတို့မသိပေ။ သို့သော် လုကျိုး၏ အတည်ပြုချက်ဖြင့် သူတို့က သတ္တိရသွားတော့သည်။
ထိုအရာအပြင် လုကျိုးသည် ကျင့်ကြံခြင်းလောကထဲ၌ စံသတ်မှတ်ချက် အသစ်တစ်ခုကို ချမှတ်လိုက်ပုံရ၏။ ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်ရှိသည့် သူတို့နည်းလမ်းနှင့်အဆင့်ကို မည်သူကများ မျှဝေလိုမည်နည်း။ သာမန်လူများသာဆိုလျှင် ထိုသို့မျှဝေရသည်အထိ သဘောထား ကြီးမည်မဟုတ်ပေ။
“နန်ကုန်းဝေ၊ ဖုန်းယီကျစ်” ယွင်ထျန်းလော့က နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်လေ၏။
“ဟုတ်ကဲ့” နှစ်ယောက်လုံးက တညီတညွတ်တည်းပြန်ဖြေသည်။
“မင်းတို့တွေ အကြီးကို ဘာကြောင့် ကျေးဇူးမတင်သေးတာလဲ”
ယွင်ထျန်းလော့၏စကားကို ကြားသောအခါ နန်ကုန်းဝေနှင့် ဖုန်းယီကျစ်တို့သည် သူတို့စိတ်လှုပ်ရှားမှုထဲ နစ်မြှုပ်နေသည့် သူတို့အဖြစ်ကို သဘောပေါက်မိသွား၏။
နန်ကုန်းဝေသည် တစ်ခါမှ ဦးမညွတ်ခဲ့ပေ။ ထိုအစားသူက အနောက်သို့အနည်းငယ် ဆုတ်လိုက်ပြီးနောက် သူ၏ကနဦးချီကို လှည့်ပတ်ကာ သူ၏အသံကို မြှင့်တင်လိုက်၏။ ပြီးနောက် တော်ဝင်မြေဆယ်ခုကို ပဲ့တင်သံ ထပ်သွားစေသည်။ “ကျေးဇူးပါ လောင်ချန်းပေ့ကျိ”
ဖုန်းယီကျစ်ကလည်း ထိုအတိုင်းလုပ်သည်။
ထျန်းသဲကနေထွက်သွားသည့် ဂိုဏ်းသုံးဂိုဏ်းတပည့်များက ဝေးဝေးသို့မရောက်သေးပေ။ သူတို့ဂိုဏ်းချုပ်များ၏ စကားကို ကြားသောအခါ ဘာကိုဆိုလိုမှန်း သိလိုက်သည်။ သူတို့သည် တောင်ထွတ်နှစ်ဆယ်နား၌ ပျံဝဲနေကာ အဖွဲ့လေးများစုဖွဲ့ပြီး သူတို့ဂိုဏ်းချုပ်၏ မူအတိုင်းလိုက်ကာ ကျေးဇူးတင်စကား ပြောကြသည်။
“ကျေးဇူးပါ လောင်ချန်းပေ့ကျိ”
အသံလှိုင်းတို့က ထွက်သွားလျက် လူတိုင်းသည် လုကျိုးကို သူတို့၏ကျေးဇူးတင်ရှိမှု ဖော်ပြကြသည်။
ထိုအရာကို မြင်ပြီး မင်ရှစ်ရင်က ရင်ထဲဂုဏ်ယူဝင့်ကြွားမှုတို့ခံစားလိုက်ရသည်။
“တင်း ... လူပေါင်းသုံးထောင့်ငါးရာ၏ ကိုးကွယ်မှုနှင့် လူပေါင်းထောင့်ငါးရာ၏ ကိုင်းရှိုင်းမှုကို ရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၁၈၅၀၀”
မှတ်ချက်။ ။ တမင်တကာနှင့်ဖန်တီးထားသည့် ကိုးကွယ်မှုများက ဆုချီးမြှင့်ခံရမှာမဟုတ်။
ဟမ် ... လုကျိုးသည် ထိုအသိပေးသံကို ကြားသောအခါ အစက အံ့ဩသွားသည်။ ပြီးနောက် သူ့ရင်ထဲ လျင်မြန်စွာ တွက်ချက်လိုက်သည်။ ဂိုဏ်းသုံးဂိုဏ်းထဲ၌ လူပေါင်းများစွာရှိသည်။ သို့သော် တော်ဝင်မြေပေါ်သို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်သည့်လူများသည် ငါးထောင်ဝန်းကျင်သာ ရှိသည်။ သူ့ကို ယုံကြည်ကိုးကွယ်သည့် အချိုးအစားက ပိုတောင်နိမ့်နေ၏။ ယင်းက ကုသိုလ်မှတ်ရရှိရန် ပိုမြန်ဆန်သည့်နည်းလမ်း ဖြစ်သော်ငြား သူကိစ္စရပ်များအကြောင်း သူ ဂရုမစိုက်ခဲ့လျှင် သူ့ကုသိုလ်မှတ်များ အနှုတ်ခံရနိုင်သည့် အန္တရာယ်ရှိသေးသည်။ ထိုသို့ဖြစ်လာလျှင် သူ ပြဿနာတက်လိမ့်မည်။ သူဤနေရာသို့ ကူးပြောင်းလာခါစက အနုတ်ခံရသည့် ကုသိုလ်မှတ်တစ်သိန်းက သူ့စိတ်ထဲရှိနေသေးဆဲဖြစ်သည်။
ထိုစဉ် ယွင်ထျန်းလော့က ပြောလိုက်၏။
"ပွင့်ချပ်ကိုးလွှာအဆင့်ကို ရပြီဆိုတော့ ဘာလုပ်ဖို့ စီစဉ်ထားလဲ အစ်ကိုကျိ”
“ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရွေ့မှာပေါ့” လုကျိုးက သာမန်ကာလျှံကာဖြေလိုက်၏။
“…”
ယွင်ထျန်းလော့သည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်သည်။ သူကပြောလိုက်၏။ “အစ်ကိုကျိ တကယ်လာတာက ...”
“ဟုတ်တယ် ... မင်းကိုတွေ့ဖို့လာရတဲ့အကြောင်းရင်းနှစ်ရပ်ရှိတယ်။ တကယ်တော့ မင်း မကွယ်လွန်ခင် နောက်ဆုံးလာလည်ပတ်ချင်တာကြောင့်ပဲ။ ဒီကမ္ဘာကြီးထဲမှာ ဘယ်သူကမှ ဒီအဟန့်အတားကနေ မလွတ်မြောက်နိုင်ဘူး။ မင်း ကွယ်လွန်သွားတာက နောက်ထပ် အသိကျွမ်းတစ်ယောက် ဆုံးရှုံးသွားတာလို့ဆိုလိုတာပဲ”
ကျန်သည့်သူများသည် ထိုစကားများကိုကြားသောအခါ စိတ်ပျက်အားငယ်မှုကြောင့် သက်ပြင်းချလိုက်၏။ သူတို့၏အမူအရာက သင့်လျော်မှန်ကန်နေသော်ငြား စိတ်ရင်းကတော့ မစစ်မှန်ကြပေ။
ယွင်ထျန်းလော့သည် ဂိုဏ်းသုံးဂိုဏ်း၏တပည့်များနှင့်မတူ သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။
"ခင်ဗျားရဲ့စကားကိုကြားရတာ ဒီကမ္ဘာမှာ ကျုပ်ရဲ့အချိန်တွေက ထိုက်တန်တယ်လို့ ခံစားမိသွားပြီ”
မင်ရှစ်ရင်သည် ပျို့အန်သည့်ပုံစံ ထပ်လုပ်ချင်၏။ သို့သော် ယွင်ထျန်းလော့၏ပြောင်းလဲမှုကို မြင်တွေ့ချိန်၌ ထိုသို့ပြုလုပ်ချင်စိတ်ကို ထိန်းထားလိုက်၏။ ယွင်ထျန်းလော့၏ ဝင်သက်ထွက်သက်သည် တဖြည်းဖြည်းချင်း ဖျော့တော့လာပြီး အသက်ဓာတ်တို့ဆုံးရှုံးနေလေ၏။
“ဒုတိယအကြောင်းပြချက်ကိုပြောဖို့မလိုဘူး အစ်ကိုကျိ။ ကျွန်တော် ... ကျွန်တော် သိတယ်။ ဟမ် ... အစ်ကိုနောက်ဆုံးတော့ ကျွန်တော့်ကို ယုံကြည်ပြီပဲ အစ်ကိုကျိ” ယွင်ထျန်းလော့သည် အတိတ်တုန်းက တစ်စုံတစ်ခုကိုမှတ်မိသွား၏။
“ဟုတ်တယ်”
“အနှစ်သုံးရာရှိသွားပြီ ... ဒီကျင့်ကြံခြင်းလောကကို ချန်ထားပြီး သူမ မထွက်သွားဘူးဆိုရင် ဂိုဏ်းသုံးဂိုဏ်းကို ကျွန်တော် သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ကမ္ဘာလောကကြီးက ကျုပ်ကို ပါရမီရှင်တစ်ယောက်လို့ တွေးနေဦးမှာ ဒါပေမဲ့ ကျုပ်က သာမန်လူတစ်ယောက်ပဲ” ယွင်ထျန်းလော့က ပြောပြီးနောက် ခေါင်းခါကာ သူ့ကိုယ်သူပြက်ရယ်ပြုလျက် ရယ်မောလိုက်သည်။
ကျန်သည့်သူများသည် ယွင်ထျန်းလော့၏စကားကိုကြားချိန်၌ ထိတ်လန့်သွားပြီး ဝေခွဲမရဖြစ်သွား၏။ ယွင်ထျန်းလော့ပြောတဲ့သူမဆိုတာ ဘယ်သူလဲ။ သူတို့ဂိုဏ်းချုပ်ကြီးက ဘာကိုဖုံးကွယ်နေတာလဲ။ တစ်ယောက်ယောက်က ဂိုဏ်းသုံးဂိုဏ်း ဒီနေ့ ဒီအတိုင်းအတာအထိ ရောက်လာအောင် ပံ့ပိုးပေးခဲ့တာလား။
ယင်းက လုကျိုးသည် ထျန်းသဲသို့ ယနေ့ရောက်လာရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။
ထိုစဉ်က ယွင်ထျန်းလော့၏ကျင့်ကြံခြင်းပါရမီသည် သာမန်နှင့်မခြားပေ။ သို့သော် သူသည် ရုတ်တရက် အဆပေါင်းများစွာ တိုးတက်လာ၏။ ကျိထျန်းတောက်နှင့် သူသည် မိတ်ဆွေဟောင်းကြီးများ ဖြစ်၏။ သူတို့လျှောက်သည့်လမ်းစဉ်က မတူသော်ငြား စိတ်ဝင်စားမှု ကွဲပြားခြင်း မရှိပေ။ ကမ္ဘာလောကကြီးက ယွင်ထျန်းလော့၏ ကျင့်ကြံခြင်းအခြေခံ ရုတ်ခြည်းတိုးတက်လာသည့် အကြောင်းရင်းကို သိချင်၏။ ယွင်ထျန်းလော့သည် ပွင့်ချပ်ရှစ်လွှာအဆင့်က အဆုံးသတ် မဟုတ်ကြောင်း သူ့ကို ပြောပြခဲ့သော အကျော်အမော်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်းပြောပြခဲ့၏။ ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရယူနိုင်သည်။ သို့သော် ထိုစဉ်က သူပြောတာမည်သူမှမယုံခဲ့ပေ။ သူတို့က ဟာသပြက်လုံးတစ်ခုသာ မှတ်ယူခဲ့၏။
လုကျိုးက ခေါင်းညိတ်ပြီးနောက် မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။
“အဲ့ဒီတုန်းက မင်း လေလုံးထွားနေတယ်လို့ ငါထင်ခဲ့တာ”
“အချိန်က ပြောသွားမှာပါ။ ပွင့်ချပ်ကိုးလွှာအဆင့်က အကြီးမားဆုံးသက်သေပဲ” ယွင်ထျန်းလော့က ကျေနပ်အားရပျော်ရွှင်နေပုံ ပေါ်သည်။ သူပြုလုပ်မိသမျှအရာအားလုံးကိုပြန်တွေးမိချိန်၌ နောင်တကို မခံစားရပေ။ ကျင့်ကြံခြင်းလောကကြီး၏ ပြိုလဲပျက်စီးနေသော ခက်ခဲသည့်အမှန်တရားကို သူ့မျက်လုံးနှင့် မြင်တွေ့လိုက်ရချိန်တွင် သူက ကောင်းမွန်သည့်ဘဝကို နေထိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။
ယွင်ထျန်းလော့၏ အတွေးများသည် လွန်ခဲ့သည့်နှစ်ပေါင်းသုံးရာဆီသို့ နောက်ပြန်ဆွဲသွားသည်။ ကံဆိုးသည်မှာ ကိစ္စရပ်များက ပြောင်းလဲသွားပြီး လူတို့သည်လည်း မရှိတော့ပေ။
“သူမ မင်းအတွက် ကျင့်စဉ်ချန်ထားပေးခဲ့တယ်။ မင်းက အဲ့ဒါကိုကျင့်ကြံတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက တိုးတက်လာပြီး ဂိုဏ်းသုံးဂိုဏ်းရဲ့ခေါင်းဆောင် ဖြစ်လာတယ်။ အဲဒီတုန်းက ဒါဖြစ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး” လုကျိုးကပြောလိုက်၏။
“ဟုတ်တယ်” ယွင်ထျန်းလော့က ထောက်ခံကြောင်းခေါင်းညိတ်လိုက်သည်။
“သူ့ရဲ့နာမည်က ဘာလဲ” လုကျိုးက မေးလိုက်သည်။
ယွင်ထျန်းလော့က နောင်တတရားတို့ဖြင့်ကြည့်လိုက်၏။ သူက ခေါင်းခါကာ ပြောလိုက်တော့သည်။
“သူမလိုလူက ခြေရာခံဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ သူမရဲ့နာမည်ကို မသိဘူး။ သူမအစောတည်းက ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရယူပြီး သီးခြားနေတာ ဖြစ်လောက်ရောပေါ့”
“ပွင့်ချပ်ဆယ်လွှာအဆင့်လား ..."
ထိုစကားကို ကြားသည့်အချိန်၌ ကျန်သည့်သူများက ထိတ်လန့်ကြောက်ရွံ့သွား၏။
ပွင့်ချပ်ကိုးလွှာအဆင့်ကပင် လူတစ်ယောက်ကို အံ့ဩစေရန် လုံလောက်နေပြီးသား ဖြစ်၏။ ပွင့်ချပ်ဆယ်လွှာအဆင့်တွင် တစ်စုံတစ်ယောက် ရှိနေကြောင်းတွေးမိပြီး သူ မသေခင်၌ သူတို့၏ဂိုဏ်းချုပ်သည် အဓိပ္ပာယ်မရှိ ပြောနေခြင်းဖြစ်မည်လော။ သူတို့၏ဂိုဏ်းချုပ်ကြီးက မသေခင်၌ အဓိပ္ပာယ်မရှိ ပြောခဲ့သည်လော။
“ဒါက သူမရဲ့စကားတွေဆီကနေ ကျုပ်စုဆောင်းထားတာပဲ။ သူမ ပွင့်ချပ်ဆယ်လွှာအဆင့်မှာ ရှိမရှိ ကျုပ်မသိဘူး။ မရှိတာလည်း ဖြစ်နိုင် ...” ယွင်ထျန်းလော့က ပင်ပန်းနေပုံပေါ်၏။ ပြောပြီးတော့ ချောင်းဆိုးနေပုံ ပေါ်သည်။
“သူမက ဘယ်လိုပုံစံလဲ”
“သူမက ငယ်ရွယ်တယ်” ယွင်ထျန်းလော့က အားနည်းစွာဖြေလိုက်၏။
ထိုစဉ် လုကျိုးဘေးတွင်ရပ်နေသော ကျော့ယွီရှုက ခေါင်းခါပြီးပြောလိုက်သည်။ “သူမက အခုလောက်ဆို ငါ့လိုမျိုး အရိုးအိုတွေနဲ့ ဖြစ်နေမှာစိုးရိမ်ရတယ်”
ယွင်ထျန်းလော့သည် ကျော့ယွီရှုကို တစ်ချက်ကြည့်လိုက်၏။ သူက ရယ်လိုက်သော်ငြား ဘာမှမပြောခဲ့ပေ။
မင်ရှစ်ရင်က ပြောလိုက်သည်။
“သူ ဘယ်လောက်ပဲအသက်ကြီးကြီး သူက ယွင်ချန်းပေ့ကို ဖုန်မှုန့်ဘဝကနေ ထွန်းတောက်လာအောင် ကူညီပေးခဲ့တာ။ သူမ ထူးကဲမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး”
ယင်းက အမှန်တရားပဲဖြစ်သည်။ ကျော့ယွီရှုသည် ထိုစကားများကို မငြင်းနိုင်ပေ။ သူမက ပါရမီရှင်တစ်ယောက်ဖြစ်ခြင်းအတွက် သူမကိုယ်သူမ အမြဲတမ်းဂုဏ်ယူဝင့်ကြွားနေခဲ့သည်။ ကွန်ဖြူးရှပ်ဂိုဏ်းထဲ ခြေချချိန်မှစပြီး ကွန်ဖြူးရှပ်ဂိုဏ်းတပည့်က သူမကို နှစ်ရာစုနှစ်အနည်းငယ်တွင် တစ်ကြိမ်သာလျှင်ပေါ်ထွန်းလာနိုင်သော ရှားပါးသည့် ကျင့်ကြံခြင်းပါရမီရှင်ဟု ခေါ်ဆိုခဲ့သည်။ ကံဆိုးသည်မှာ သူမက အမျိုးသမီးတစ်ယောက်အဖြစ် မွေးဖွားလာ၏။ ထိုစဉ်က ကွန်ဖြူးရှပ်ဂိုဏ်းထဲတွင် သူမသည် အမြင့်ဆုံးနေရာထိ တက်လှမ်းနိုင်မည်ဆိုလျှင် ပွင့်ချပ်ကိုးလွှာအဆင့်၏ ကမ္ဘာကြီးဆီသို့ သူမ ချောင်းကြည့်မိလောက်သည်။ ဖြစ်နိုင်သည်က ယခုအချိန်တွင် သူမ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ဖြစ်လာနိုင်၏။ သို့တည်းမဟုတ် သူမကြိုးစားရင်း သေသွားနိုင်သည်။
မည်သည့်နည်းနှင့်မဆို နေထိုင်စရာအချက်မရှိပေ။ လူသားများသည် ဘဝ၌ မရေမတွက်နိုင်သည့် ရွေးချယ်မှုများနှင့် ကြုံတွေ့ရမည်။ မည်သည့်လမ်းကြောင်းကို သူတို့ ရွေးချယ်စေကာမူ သူတို့က မရွေးချယ်ခဲ့သည့်လမ်းကြောင်းကို အမြဲတမ်းတွေးမိနေမှာပဲဖြစ်၏။ နောင်တတရားသည် ရလဒ်ကို ဘယ်တော့မှ မပြောင်းလဲနိုင်။ သူတို့က သူတို့၏စိတ်ကူးယဉ်မှုများကို ဖျော်ဖြေရုံသာ ရှိမည်။
ယခုအချိန်တွင် လူတိုင်းက ယွင်ထျန်းလော့ကို သူ၏ကံကြမ္မာအား ဖီဆန်ရန် ကူညီပေးခဲ့သည့်သူ မည်သူဆိုတာ သိချင်နေကြ၏။ သူမ မည်သည့်နေရာက လာသနည်း။
ယွင်ထျန်းလော့က အသက်ကြီးနေပြီ။ သူ့စိတ်က ယခင်ကကဲ့သို့မဟုတ်တော့ပေ။ ကိစ္စများစွာကို ပြန်တွေးဖို့က ခက်ခဲနေလေ၏။ သူ့စိတ်ထဲ၌ ဖရိုဖရဲအပိုင်းအစများကပြည့်နေသည်။ သူ၏စိတ်သည် ကျယ်ပြောသော သမုဒ္ဒရာပမာထင်မှတ်ရပြီး မြင်ကွင်းများက ရေထဲ၌ကူးခတ်နေသော ငါးလေးများပမာ ဖြစ်နေ၏။ သူတို့က အစီအစဉ်တကျမဟုတ်ပေ။ သူအလိုအပ်ဆုံးငါးကို ဖမ်းချင်၏။ သို့သော်ငြား ဖမ်းရန် စွမ်းအား ကင်းမဲ့နေသည်။ သူ၏အသိစိတ်တို့က လွင့်ပါးနေ၏။
“ဂိုဏ်းချုပ်ကြီး”
နန်ကုန်းဝေနှင့် ဖုန်းယီကျစ်သည် ယွင်ထျန်းလော့ အသက်ကင်းမဲ့သွားပုံကို မြင်ချိန်၌ တပြိုင်နက်တည်း အော်လိုက်ပြီး စိုးရိမ်ပူပန်ပုံ ပေါ်၏။
နန်ကုန်းဝေက ထရပ်လိုက်သည်။ သူက ယွင်ထျန်းလော့ဆီ လက်ဝါးဖိကပ်လျက် သူ့ဆီ ကနဦးချီ သွင်းပေးလိုက်၏။ ပြင်းထန်သည့် ကနဦးချီလှိုင်းများက ယွင်ထျန်းလော့၏ကိုယ်ထဲ ရောက်နေသည်။
နန်ကုန်းဝေ၏အားစိုက်ထုတ်မှုက အလုပ်ဖြစ်လောက်သည်။ ယွင်ထျန်းလော့က မျက်လုံး ထပ်ဖွင့်လိုက်၏။ ပြီးနောက် သူ့စိတ်ထဲတွင် အတွေးတစ်ချက် ဖျတ်ခနဲပေါ်လာသည်။
“ဟမ် ... သူမရဲ့မျိုးရိုးနာမည်က လော့”
“လော့ လား”
“လော့ ဘာလဲ” ကျန်သည့်သူများက ဇဝေဇဝါဖြစ်သွား၏။
တာ့ယန်ရဲ့ဂိုဏ်းထဲမှာ ကျင့်ကြံခြင်းပါရမီရှင်တစ်ယောက် ဒါမှမဟုတ် မျိုးရိုးလော့နဲ့လူ ရှိလို့လား။
လုကျိုးက မုတ်ဆိတ်သပ်လျက် စဉ်းစားဆင်ခြင်နေလေ၏။
သူသည် စီးဝူယာ့ပြောခဲ့သည့်အရာကို ရုတ်တရက်အမှတ်ရသွား၏။ မိုးကောင်းကင်နှင့်မြေကြီးသည် လှောင်အိမ်တစ်ခု ဖွဲ့တည်ထားခဲ့ပြီး ရွှေကြာက လှောင်ချိုင့်ဆိုလျှင် ဖြစ်ရပ်နောက်ကွယ်၌ ကြိုးကိုင်နေသူက မည်သူနည်း။ ထိုအတွေး သူ့စိတ်ထဲပေါ်လာသောအခါ ထိတ်လန့်မိသွား၏။ ခေါင်းခါလိုက်ကာ အတွေးကိုဖယ်ရှားလိုက်တော့သည်။ ယင်းက မဖြစ်နိုင် ... လူသားများက လူသားများသာ ဖြစ်သည်။ ဘယ်သူကများ မိုးနှင့်မြေကို လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲနေမည်နည်း။ အဖြေက မည်သို့နည်း။
“သူ့ရဲ့နာမည်က ဘာလဲ" လုကျိုးက ထပ်မေးလိုက်လေ၏။
သူသည် ထိုလူကိုရှာတွေ့သည်နှင့်အဖြေတစ်ခုရလောက်သည်။
“ကျုပ် ... ကျုပ်မမှတ်မိဘူး”
ပင်မတပည့်များက ထျန်းသဲနား၌စုဝေးလာ၏။ အချို့က မျက်ရည်များကျလာသည်။ ရှိုက်သံများက ပိုမိုကျယ်လောင်လာ၏။ အချို့ကဆို ဒူးတောင်ထောက်လျက်သားဖြစ်နေသည်။
လန်လော့နှင့် ဟွားဝူတောက်က ခေါင်းခါလိုက်လေ၏။
ဟွားဝူတောက်က လက်သီးဆုပ်မိုးလျက် လုကျိုးကို အရိုအသေပေးလိုက်သည်။
လုကျိုးက သူဘာကိုဆိုလိုမှန်းသိသည်။ သူက အင်္ကျီလက်ကို အနည်းငယ်ဝေ့ယမ်းလိုက်သည်။
တော်ဝင်မြေပေါ်ရှိလူအချို့ကဲ့သို့ပင် ဟွားဝူတောက်ကလည်း ဒူးထောက်လိုက်၏။ ဆိုရလျှင်သူသည် ယခင်မှ ဤဂိုဏ်းမှဖြစ်သည်။
“အစ်ကိုကျိ ... ကျုပ်တို့တွေ သေပြီးရင်ထပ်တွေ့နိုင်မယ်လို့ထင်လား” ယွင်ထျန်းလော့သည် လက်မြှောက်လျက် တစ်စုံတစ်ခုကို မြင်ရသည့်ပမာ လက်လှမ်းလေသည်။ ရင့်ရော်သောလက်က လေကိုသာလှမ်းဆုတ်မိသည်။ လှုပ်ရှားမှုက တဖြည်းဖြည်း နှေးကွေးသွားသည့်တိုင် သူ၏လှုပ်ရှားမှုကို မရပ်တန့်လိုက်ဘဲ နောက်ဆုံးတွင် တောင့်တင်းသွားပြီးနောက် လှုပ်ရှားတာ ရပ်တန့်သွားသည်။ လက်က မြှောက်မြဲတိုင်းမြှောက်နေတော့သည်။ မျက်လုံးထဲရှိအလင်းက မှိန်ဖျော့သွားပြီး အသက်ကင်းမဲ့သွား၏။
“ဂိုဏ်းချုပ်ကြီး”
ဆိုနင့်ကြေကွဲမှုများဖြင့် အသံတစ်သံက ထျန်းသဲ၌ ပဲ့တင်သံပေါ်လာသည်။
တော်ဝင်မြေဆယ်ခု၏ အရံအတားများအားလုံးက ယခုအချိန်၌ လင်းထိန်လာ၏။
အရံအတားများနား ပျံသန်းချဉ်းကပ်နိုင်သော ဂိုဏ်းသုံးဂိုဏ်းတပည့်၏ပေါင်းထောင်ချီသည် သူတို့၏ ကနဦးချီများကို ထုတ်ဖော်လိုက်သည်။ ကနဦးချီ၏ ဒီရေလှိုင်းတို့က အရံအတား တစ်ဒါဇင်ခန့်ကို လင်းထိန်သွားစေ၏။
ထျန်းသဲ၌ ကျင့်ကြံခြင်းမျှော်စင်ထိပ်က မှိန်ဖျော့သွားသည်။
အချိန်၏ဒဏ္ဍာရီအသက်တို့သည်လည်း ဤအတိုင်း ကုန်လွန်သွားသည်။
လုကျိုးက လက်မြှောက်လိုက်သည်။ စွမ်းအင်တို့က ယွင်ထျန်းလော့ကို ပင့်ဆောင်လိုက်၏။ ဖုန်းယီကျစ်က နာကျင်နေသေးဆဲဖြစ်သည်။ ယင်းကိုမြင်သောအခါ သူထိတ်လန့်သွားသည်။ သူထရပ်တော့မည့်အချိန်တွင် နန်ကုန်းဝေက သူ့ပခုံးကိုဖိချထားသည်။
ကျန်သည့်တပည့်များက မော့ကြည့်လိုက်သည်။
လုကျိုးက လေထဲတက်လှမ်းကာ ယွင်ထျန်းလော့ကို ထျန်းသဲအထက် လေထဲသို့ ခေါ်သွား၏။ သူ၏လက်ဖြင့်တွန်းလိုက်သည်။
အဓိကမဟုတ်သည့် တည်ရှိခြင်းစွမ်းအားကို ရရှိရန် လှုပ်ရှားစရာသိပ်မလိုဘဲ နေရာများစွာကို သွားရောက်လည်ပတ်ပြီး အကျိုးအမြတ်များစွာကိုရိတ်သိမ်းနိုင်၏။
သူ၏လက်ဖဝါးကနေ ဖျော့တော့သော အပြာရောင်ကြာပွင့်ပေါ်လာ၏။
အစွမ်းထက်သော အသက်စွမ်းအင်တို့သည် ဒီရေလှိုင်းပမာ ယွင်ထျန်းလော့နားရစ်ပတ်သွားသည်။
အပြာရောင်ကြာပွင့် ဖူးပွင့်လာ၏။
လူတိုင်းက အသက်အောင့်ထားမိသည်။
“အစွမ်းထက်လိုက်တဲ့ အသက်ဓာတ်ပဲ”
“ကုသနေတာလား”
“ဒါက ကုသခြင်းနည်းတစ်ခုလား”
နန်ကုန်းဝေနှင့် ဖုန်းယီကျစ်တို့သည် ထိုမြင်ကွင်းကြောင့် မှင်တက်နေလေ၏။ လုကျိုးက သူတို့၏ဂိုဏ်းချုပ်ကြီးကို ကယ်တင်ရန် ကြိုးပမ်းနေမှန်း သူတို့သဘောပေါက်သွားသည်။ တပည့်ထောင်ချီက ဖူးပွင့်နေသော အပြာရောင်ကြာပွင့်ကို စိုက်ငေးကြည့်နေ၏။ ယင်းက ထျန်းသဲ၏အလယ်ကနေ ပေါ်ထွက်လာတာ ဖြစ်သည်။ တော်ဝင်မြေပေါ်ရှိ ညှိုးရော်နွမ်းနယ်နေသော အပင်တို့သည် တဖန်ဖူးပွင့်လာပြန်၏။ ထိုအပြာရောင်ကြာပွင့်က စွမ်းအားကို သူတို့ခံစားမိသည်။ ယင်းက ယွင်ထျန်းလော့၏ ခန္ဓာကိုယ်နားတဝိုက်တွင် ပွင့်ချပ်ကိုးလွှာအဆင့်၏ စွမ်းအား ရစ်ပတ်နေသည်ဟု သူတို့တွေးမိကြသည်။
အပြာရောင်ကြာပွင့်က အခု ငွားငွားစွင့်စွင့် ဖူးပွင့်နေသည်။
ဖုန်း
ဖူးပွင့်သွားပြီးနောက် အရာအားလုံးကတဖန် တိတ်ဆိတ်သွားပြန်၏။
တလှပ်လှပ်တောက်ပနေသော အပြာရောင်ရောင်ခြည် မှိန်ဖျော့သွားပြီးနောက် ယွင်ထျန်းလော့သည် ကောင်းကင်ထဲ၌ မတွေ့ရတော့ပေ။ တလက်လက်တောက်ပနေသော ကြယ်အလင်းတို့က တော်ဝင်မြေပေါ် ဆင်းသက်လာသည်။
လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ သူက တော်ဝင်မြေအထက်ပျံဝဲလျက်ခေါင်းခါကာ သက်ပြင်းချပြီး ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ကို သေရာကနေပြန်ခေါ်ဖို့ဆိုတာမလွယ်ဘူး”
တနည်းအားဖြင့် သူ ကျရှုံးခဲ့သည်။
စတုတ္ထမြောက်ကောင်းကင်ကျမ်းစာ စာလိပ်၏ ထူးကဲစွမ်းအားတဝက်ဖြင့်တောင် လူတစ်ယောက်၏အသက်ကို ပြန်မယူနိုင်။ အသက်ကိုတောင် ပြန်မသွင်းနိုင်။ ယင်းက ဘဝဖြစ်သင့်သည့် ပုံစံအတိုင်းပဲ ဖြစ်သည်။
လုကျိုးသည် အစက ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်မရှိ။ သူ အလိုလိုပြုမူခဲ့မိတာဖြစ်သည်။ သူက ယွင်ထျန်းလော့ကို ကယ်တင်ရာ၌ အောင်မြင်ခဲ့ပင်လျှင် နှစ်အနည်းငယ်သာ အသက်ရှင်နိုင်မည် ဖြစ်သည်။ သူက ကောင်းကင်ကို မဖီဆန်နိုင်ပေ။
ထျန်းသဲ၏အရံအတားက ကျယ်လောင်စွာပေါ်ထွက်လာ၏။ တပည့်များကလည်း မြေပြင်ပေါ်တွင် ဝပ်တွားလိုက်သည်။ သေသူကို လေးစားမှုပြရမည်။
ပျော်ပျော်ရွှင်ရွှင်နေနေကျ မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတောင် တည်ကြည်နေကြသည်။
လုကျိုးက ဆင်းသက်တော့မည့်အချိန်တွင် နန်းကုန်းဝေက ဝမ်းနည်းမှုကို ချုပ်တီးလျက် ခေါ်လိုက်တော့သည်။
“ကျေးဇူးပြုပြီး ဂိုဏ်းသုံးဂိုဏ်းကိုလမ်းညွှန်ပေးပါ ... လောင်ချန်းပေ့ကျိ”
“ကျေးဇူးပြုပြီး ဂိုဏ်းသုံးဂိုဏ်းကိုလမ်းညွှန်ပေးပါ ... လောင်ချန်းပေ့ကျိ”
…
အခန်း (၄၆၂) ရွှေကြာဖြတ်တောက်ခြင်းခေတ်
ထိုမတိုင်ခင်ကတည်းက ဂိုဏ်းသုံးဂိုဏ်းကြားရှိ ပဋိပက္ခက အရှိန်မြင့်နေပြီဖြစ်၏။ သူတို့ဂိုဏ်းချုပ်ကြီး သီးသန့် ကျင့်ကြံရေး ဝင်သွားသည့် နှစ်တစ်ရာအတွင်း သူတို့ ဂိုဏ်းသုံးဂိုဏ်း၏ ရန်ငြိုးက ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာခဲ့သည်။ ယွင်ဂိုဏ်းက ဤအခြေအနေအတွက် သူတို့ဘာသာ သူတို့သာ အပြစ်တင်နိုင်လေသည်။
ဂိုဏ်းသုံးဂိုဏ်းလုံးက အားကောင်းသည့် အုတ်မြစ် ရှိထားသော်လည်း မသေချာမှုများ ပြည့်နှက်နေသည့်ကမ္ဘာအတွင်း ရှင်သန်ဖို့အတွက် မည်သူကမျှ အာမမခံနိုင်ပေ။ အထူးသဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရရှိနိုင်သည့် နည်းလမ်းကို သက်သေပြပြီးသည့်နောက်တွင် ဖြစ်သည်။
ပွင့်ချပ်ကိုးလွှာအဆင့်အောက်ရှိ လူအားလုံးက ပိုးမွှားများသာ ဖြစ်ကြသည်။ ယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ယွင်ဝူကျိက သေဆုံးသွားပြီဖြစ်၏။ ယွင်ဂိုဏ်း၏ ကျန်ရှိနေသည့် အဖွဲ့ဝင်များကလည်း ယခုအခါ ခေါင်းဆောင် မရှိဘဲ ဖြစ်နေလေပြီ။ ထို့ကြောင့် အရှုပ်အထွေးများ ဖြစ်လာလျှင် သေချာသည်။
အကယ်၍ ဂိုဏ်းချုပ်ကြီး ယွင်ထျန်းလော့သာ ရှိနေသေးပါက အရာအားလုံးက ထိန်းချုပ်မှုအောက် ကျရောက်သွားပြီ ဖြစ်သော်လည်း ဂိုဏ်းချုပ်ကြီးကလည်း နောက်ဘဝ ကူးသွားပြီဖြစ်ရာ သူတို့ကို မည်သူကများ ထိန်းချုပ်နိုင်မည်နည်း။
နန်ကုန်းဝေနှင့် ဖုန်းယီကျစ်တို့ကလည်း အဆင့်တူဖြစ်ကြသည်။ မည်သူကမှ သူတို့ကို ဘက်မလိုက်ကြောင်း မပြောနိုင်ပေ။ ထို့ကြောင့် အကောင်းဆုံး အပြုအမူက မိစ္ဆာဝေဟင်မျှော်နန်းသည် သူတို့ကိစ္စကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ခေါင်းဆောင်က ပထမဆုံး ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ မဟုတ်ပါလော။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ၏ ထောက်ပံ့မှုဖြင့် ဂိုဏ်းသုံးဂိုဏ်းလုံးက ဘာမှစိုးရိမ်စရာ ရှိမည် မဟုတ်ပေ။
နန်ကုန်းဝေက ထိုအခြေအနေကို တခြားသူများထက် ပိုသိလေသည်။ လုကျိုးက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိနိုင်ကြောင်း သက်သေပြ ထားသော်လည်း ထိုအခြေအနေကို ရောက်ရှိဖို့ မည်မျှ ခက်ခဲမှန်း မည်သူမျှ မသိကြပေ။ အကယ်၍ သူတို့တွင် လမ်းညွှန်ပေးမည့် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိထားပါက ပွင့်ချပ်ကိုးလွှာ အဆင့် တက်လှမ်းနိုင်မည့် သူတို့၏လမ်းစဉ်က ပို၍ ချောမွေ့လာလိမ့်မည်။
ဂိုဏ်းချုပ် နှစ်ယောက်လုံးနှင့် ဂိုဏ်းသုံးဂိုဏ်းလုံး၏ တပည့်များက လုကျိုးအား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
လုကျိုးက အကာအရံများ၊ ဝေဟင်ထဲမှ တပည့်များနှင့် ထျန်းသဲရှိ မျှော်စင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းအသာခါကာ
“ကံကြမ္မာဆိုတာ ကောင်းကင်ဘုံက သတ်မှတ်ပေးပြီးသား… မိစ္ဆာဝေဟင်မျှော်နန်းက ပရဟိတအဖွဲ့အစည်း မဟုတ်ဘူး”
“…”
နန်ကုန်းဝေက စိတ်ပျက်သွားဟန် ပေါ်သည်။
“ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးက..”
“မင်းက ယွင်ထျန်းလော့ကို ထည့်ပြောရဲသေးတယ်လား”
လုကျိုးက သူတို့အား ကြည့်လိုက်သည်။ သူ့စကား ဆုံးအောင် ပြောဖို့ပင် မလိုလိုက်ပေ။ အကြောင်းမှာ သူကိုယ်တိုင် ဂိုဏ်းချုပ်ဖြစ်၍ ယွင်ထျန်းလော့အား စာနာနိုင်လေသည်။
ယွင်ဂိုဏ်း၏ ယွင်ဝူကျိက သူ့ဆရာကို လှည့်စားကာ သူ့ဘိုးဘေးကို ပစ်ပယ်ခဲ့လေသည်။ အကယ်၍ နန်ကုန်းဝေနှင့် ဖုန်းယီကျစ်သာ ပိုမိုဂရုစိုက်ပေးခဲ့လျှင် ဤသို့ ဖြစ်လာခြင်းမှ တားဆီးနိုင်လိမ့်မည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ရွှေနန်းဥယျာဉ်တောင်ကို ဝိုင်းတိုက်ခိုက်ခဲ့စဉ်ကလို ဖြစ်၏။ အကယ်၍ ယွီကျန့်ဟိုင် သို့မဟုတ် ယွီရှန်းရုန်သာ ရှိနေခဲ့လျှင် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲက မည်သူကမျှ မိစ္ဆာဝေဟင်မျှော်နန်းအား စိန်ခေါ်ရဲမည် မဟုတ်ပေ။ သို့သော်လည်း ထိုကိစ္စများကို ပြန်လည်ပြော၍ အဓိပ္ပာယ်မရှိတော့ပေ။
လုကျိုးက လှည့်ထွက်လိုက်ပြီး.. တိမ်ခွင်းရထားလုံးဆီ ဦးတည်လိုက်သည်။
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင် လန်လော့တို့ကလည်း နောက်မှ လိုက်ပါသွားလေသည်။
ဟွားဝူတောက်က ထိုအရာကို မြင်သည့်အခါ အမူအရာ ကင်းမဲ့စွာဖြင့် ထျန်းသဲရှိရာဆီ သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။
“အကြီးအကဲဟွား … ကျုပ်တို့အတွက် ကျိချန်းပေ့ ရှေ့မှာ ကျုပ်တို့ကောင်းကြောင်း ပြောပေးလို့ ရမလား”
နန်ကုန်းဝေက တောင်းဆိုလိုက်သည်။ ဟွားဝူတောက်၏ အမူအရာက မပြောင်းမလဲ တည်ရှိနေလေ၏။ သူက ယွင်ထျန်းလော့၏ သေဆုံးမှုကြောင့် ဝမ်းနည်းနေဆဲ ဖြစ်ရာ ထိုတောင်းဆိုမှုအား ပြန်ဖြေဖို့ စိတ်အခြေအနေ မရှိပေ။ သူက ခေါင်းအသာခါကာ “ခင်ဗျားတို့ရဲ့ အပြုအမူတွေကို ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ခံစားသင့်တယ်”
ထို့နောက် သူက နေရာမှ အလျင်အမြန် ထွက်သွားလေသည်။ သူက ဂိုဏ်းသုံးဂိုဏ်းလုံးပေါ်တွင် ဘာခံစားချက်မှ မရှိတော့ပေ။
ကျော့ယွီရှုကလည်း ခေါင်းအသာခါလိုက်သည်။ ထို့နောက် သူမကလည်း လှည့်ထွက်သွားလေ၏။
ထိုအရာကို မြင်ကာ လော့ဂိုဏ်း၏ တတိယအကြီးအကဲ လုဖင်းက အမြန်ပြေးလာကာ “လောင်ချန်းပေ့ လောင်ချန်းပေ့ ကျွန်တော် ပဲ့ထိန်းပေးပါမယ်”
ရှန့်ယွင်ကျန်းက လုဖင်း၏ အပြုအမူကို မြင်သည့်အခါ ဒေါသထွက်ပြီး ရှက်သွားလေသည်။ သူမက သူ့အား သတိပေးတော့မည့် ဆဲဆဲတွင် ဖုန်းယီကျစ်က အသံနက်နက်ဖြင့် ပြောလာသည်။
“ပါးစပ်ပိတ်ထားလိုက်”
ဖုန်းယီကျစ်၏ အကြည့်များက နက်ရှိုင်းလွန်းလှသည်။ ရှန့်ယွင်ကျန်းက ကြောက်သွားကာ ဘာမှမပြောရဲတော့ပေ။ သူက လော့ဂိုဏ်း၏ ဂိုဏ်းချုပ် မဟုတ်ပါလော။ လော့ဂိုဏ်းရှိ အကြီးအကဲအားလုံးက သူ့အား ကြောက်ရသည်မှာ ပုံမှန်သာ ဖြစ်၏။
တခြားလူများကလည်း မိစ္ဆာဝေဟင်မျှော်နန်း၏ ရထားလုံးများ လေထဲသို့ ဖြည်းဖြည်းချင်း တက်သွားသည်ကို ကြည့်နေလိုက်ကြသည်။ ထို့နောက် အကာအရံကို ဖောက်ခွင်းကာ တိမ်တိုက်ကြား ပျောက်ကွယ်သွားလေသည်။
ထို့နောက် ဖုန်းယီကျစ်က ရှန့်ယွင်ကျန်းအား ကြည့်လိုက်ကာ မေးလိုက်သည်။
“ရှန့်ယွင်ကျန်း … မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”
“ဟမ်..”
“တကယ်လို့ လုဖင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဖားယားချင်တယ် ဆိုရင်လည်း လွှတ်ထားလိုက်.. မင်းက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကို အနှောင့်အယှက်ပေးလို့ ရလာမဲ့ အကျိုးဆက်ကို ခံစားနိုင်လို့လား”
“ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက ကျွန်မတို့ကို အထင်သေးနေတာလေ”
ရှန့်ယွင်ကျန်းက သမာသမတ်ကျစွာ အော်ပြောလိုက်သည်။
“သူတို့စိတ်ကြိုက်လုပ်ဖို့က သူတို့အခွင့်အရေးပဲ”
ဖုန်းယီကျစ်က ပြန်လည်ပြောလိုက်၏။ နန်ကုန်းဝေကလည်း ခေါင်းညိတ်ကာ
“အတိအကျ ပြောရရင် မိစ္ဆာဝေဟင်မျှော်နန်းက အခု တခြားလူတွေကို ဘာမှတွေးထားမှာ မဟုတ်ဘူး။ ငါတို့ဘာသာ ငါတို့ သိပ်ပြီး အထင်မကြီးကြနဲ့။ ပြီးတော့ ဒါက အရေးမကြီးသေးဘူး။ ငါ့အမိန့်ကို ဖြန့်လိုက်”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
“ဂိုဏ်းသုံးဂိုဏ်းလုံးက လူတွေကို ဒီဇာတ်ကြောင်းကို ပြောဖို့ သတိပေးထားလိုက်.. မိစ္ဆာဝေဟင်မျှော်နန်းက ထျန်းသဲကို ကိုယ်တိုင် လာသွားပြီးတော့ ဂိုဏ်းသုံးဂိုဏ်းလုံးရဲ့ ကျင့်ကြံရေးတွေကို လမ်းညွှန်ပေးသွားတယ်”
တပည့်များက အံ့ဩသွားကာ တစ်ယောက်က ထုတ်မေးလိုက်၏။
“ဒါပဲလား”
“ဒါဆိုရင် လုံလောက်ပြီ”
ဖုန်းယီကျစ်က ခေါင်းညိတ်လိုက်သည်။ နန်ကုန်းဝေနှင့် ဖုန်းယီကျစ်တို့က အချင်းချင်း အကြည့်ဖလှယ်ကာ ပြုံးလိုက်ကြသည်။
သူတို့နောက်မှ အဓိက အကြီးအကဲများကလည်း သူတို့၏ ဆိုလိုရင်းကို ချက်ချင်းဆိုသလို သဘောပေါက်သွားကြသည်။
သူတို့လိုအပ်သည်က အပြင်လောကထံ သတင်းစကားတစ်ခု ဖြန့်ဝေလိုက်ခြင်းသာ ဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဂိုဏ်းသုံးဂိုဏ်းကြားရှိ ဆက်ဆံရေးက ထူးခြားပေသည်။ သူတို့က ပြင်ပလောကကို ဆက်တွေးကြည့်ခိုင်းထားလိုက်သည်။ စကားပုံ ရှိသည် မဟုတ်ပါလော။
နည်းနည်း ပြောလေ ပိုပြီးတော့ ဆန်းကြယ်လေလေ…
မည်သူကများ ဂိုဏ်းသုံးဂိုဏ်းကို အထင်သေးရဲတော့မည်နည်း။
……………
တိမ်ခွင်းရထားလုံးပျံပေါ်တွင်..
လုဖင်းက ပဲ့ထိန်းရင်း နောက်ဆုံးအကာအရံကို ဖြတ်သန်းလာလိုက်သည်။ သူက သက်သောင့်သက်သာ မောင်းနှင်လာသောကြောင့် ပျံသန်းမှုက ချောမွေ့ကာ တည်ငြိမ်လှသည်။
မင်ရှစ်ရင်က သူ့အား ချီးကျူးလိုက်၏။
“မဆိုးဘူးပဲ … မင်း မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ဖို့ စိတ်ဝင်စားလား”
လုဖင်းက ထိုစကားကို ကြားသည့်အခါ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“တ.. တကယ်လား.. ကျ ကျွန်တော် ဝင်နိုင်တယ်လား”
လက်ရှိ မိစ္ဆာဝေဟင်မျှော်နန်းကို မဝင်ချင်သူ မည်သူ ရှိမည်နည်း။
“မဟုတ်ဘူး”
မင်ရှစ်ရင်က သနားညှာတာခြင်းမရှိ ပြောလိုက်သည်။
“…”
အကယ်၍ အတိတ်လိုသာ ဖြစ်ပါက မင်ရှစ်ရင်သည် လုဖင်းအား လက်ခံဖို့ လုကျိုးထံ ဖျောင်းဖျပေးဖို့ ကြိုးစားမိလောက်သည်။ သို့သော်လည်း လက်ရှိမိစ္ဆာဝေဟင်မျှော်နန်းက ကွဲပြားလေသည်။ သူတို့က အမှန်တကယ် အားကောင်းသူကိုသာ ရွေးချယ်လိမ့်မည်။
ကျော့ယွီရှုက ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူကိုတောင် စိတ်ကူးထဲ မရှိဘူးတဲ့လား။
သူမက လုကျိုးအား ကြည့်ကာ အတွေးနက်နေသည်ကို မြင်လိုက်ရသည်။
လုကျိုးက တိမ်ပင်လယ်နှင့် တောင်တန်းများကို ကြည့်ကာ စိတ်က တခြားအကြောင်း ရောက်နေဟန် ပေါ်သည်။
“လော့…”
သူမရဲ့ နာမည်အပြည့်အစုံက ဘာပါလိမ့်။ သူမက ဘယ်သူလဲ။ သူမက ဘာလို့ လျှို့ဝှက်ချက်တွေ ထိန်းသိမ်းထားတာလဲ။ သူမက သာမန် ယွင်ထျန်းလော့လို လူမျိုးကိုတောင် အချိန်တိုအတွင်းမှာ ဒီလို အမြင်မျိုးအထိ ရအောင် ပို့နိုင်တယ် ဆိုတော့ သူမက လွန်ခဲ့တဲ့ နှစ်သုံးရာလောက်ကတည်းက ကျော်ကြားခဲ့သင့်တယ် …
ဒါပေမဲ့ သူမကို ဘာလို့ ဘယ်သူကမှ မကြားဖူးရတာလဲ။ ယွင်ထျန်းလော့လည်း မသိဘူး။ လန်လော့လည်း မသိဘူး။ ဟွားဝူတောက်လည်း မသိဘူး။
ကျော့ယွီရှုက လော့ဆိုသော နာမည်ကို ကြားလိုက်သည့်အခါ မေးလိုက်သည်။
“အစ်ကိုကျိ … လျှို့ဝှက်ဆန်းကြယ်လူကို တွေးနေတာလား”
“သူမက ပွင့်ချပ်ကိုးလွှာအဆင့် မဟုတ်သေးဘူး.. ပွင့်ချပ်ဆယ်လွှာအဆင့် လျှို့ဝှက်ချက်ကိုတောင် ကိုင်ထားနိုင်တဲ့သူ ဖြစ်လောက်တယ်.. မင်းရော စိတ်မဝင်စားဘူးလား..”
“ဒါပေမဲ့ ကျွန်မ သူ့ကို တစ်ခါမှ မကြားဖူးဘူး”
ကျော့ယွီရှုက ပြန်ဖြေလိုက်သည်။ ထိုအရာကို ကြားပြီး မင်ရှစ်ရင်က မေးလိုက်သည်။
“အဲလိုမျိုး အဆင့်မြင့်ကျင့်ကြံသူတွေက ကမ္ဘာကနေ ပုန်းအောင်းနေတာက ပုံမှန်ပဲ မဟုတ်ဘူးလား”
“ယွင်ထျန်းလော့ ပြောတာသာ အမှန်ဖြစ်မယ် ဆိုရင် ဒီလူက အလွန်နက်နဲတဲ့ ကျင့်ကြံဆင့်မျိုး ရှိရမယ်” လန်လော့က ထပ်ပြောလိုက်သည်။
“ဟုတ်တယ် သူမဆီက သာမန်ကျင့်ကြံခြင်း နည်းစနစ်ကတောင် သူ့ကို ဂိုဏ်းသုံးဂိုဏ်းလုံးရဲ့ ဂိုဏ်းချုပ်ကြီးအဖြစ် ပြောင်းလဲပေးနိုင်တယ်.. ကျွန်တော့် ရှစ်စွင်းနဲ့ ယှဉ်လိုက်ရင် သူမက…”
မင်ရှစ်ရင်က စကားလုံးများကို တစ်ဝက်တစ်ပြက် ရပ်တန့်လိုက်သည်။ သူက ထိုလူသည် သူ့ရှစ်စွင်းထက် ပို၍ အားကောင်းသည်ဟု ပြောလုနီးပါး ဖြစ်သွားလေသည်။ သို့သော်လည်း သူက သူ့ရှစ်စွင်းတွင် တပည့်ကိုးယောက်ကို ညွှန်ကြားပြသစဉ် ထိုလျှို့ဝှက်ဆန်းကြယ် အမျိုးသမီးက တစ်ယောက်တည်းကိုသာ သင်ကြားပေးသည့်အတွက် နှိုင်းယှဉ်၍ မဖြစ်ကြောင်း ခံစားမိလိုက်သည်။
ကျော့ယွီရှုက ရုတ်ခြည်း လှည့်လာကာ သူ့တုတ်ကောက်ကို ကြမ်းပြင်ပေါ် ချလိုက်သည်။ သူမက ဒူးတစ်ဖက်ထောက်ကာ ခေါင်းအသာညွှတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီမတိုင်မီက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စဖို့ စိတ်ကူးမရှိပါဘူး။ အစ်ကိုကျိကို ကျွန်မ တောင်းပန်ချင်ပါတယ်။ ကျွန်မ ဘယ်လိုပဲ ပြစ်ဒဏ်ခံယူရ ခံယူရ ဘာမှမပြောပါဘူး”
သူမက လုကျိုးကို အစ်ကိုဟု ခေါ်ဆိုလိုက်သည့်အရ သူမ၏လေသံက နေရခက်နေသော်လည်း သူမက ဆင်ခြင်ဉာဏ် ရှိကြောင်း ပြသနေလေသည်။
လုကျိုးက သူမကို ကြည့်ကာ ပြောလိုက်သည်။
“ပြီးခဲ့တာတွေက ပြီးပါစေတော့”
ကျော့ယွီရှုက ထိုအရာကို ကြားပြီး ပျော်သွားလေသည်။ သူမက လုကျိုးအား ကျေးဇူးတင်တော့မည့် ဆဲဆဲတွင် လုကျိုးက ထုတ်ပြောလိုက်၏။
“ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက် တစ်ခု ရှိတယ်”
“ဘာပဲဖြစ်ဖြစ် ပြောသာ ပြောလိုက်ပါ။ ကျွန်မ တောင်းဆိုချက် တစ်ခုမကဘူး ဆယ်ခုတောင် သဘောတူနိုင်ပါတယ်”
ကျော့ယွီရှုက ပြောလိုက်သည်။
“အဲဒါဆို နားထောင်”
လုကျိုး၏အမူအရာက အင်မတန် နူးညံ့နေသည်။ သူက စောစောကလောက် ကြောက်စရာကောင်းသည့်ဟန် မပေါ်ပေ။ ထိုစဉ် သူက လေးစားခံ လူအိုကြီးတစ်ယောက်လို ခံစားရစေသည်။
“ငါ့ တောင်းဆိုချက်က ရိုးရှင်းတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ပြီးတော့ ငါ့ကို ခစား… ဒီဟာကို အလျင်စလို သဘောမတူနဲ့ သေချာစဉ်းစား။ မင်း ဆုံးဖြတ်ပြီးရင် ငါ့ကို အဖြေလာပြောလှည့်”
ကျော့ယွီရှုက ကြောင်အမ်းသွားလေသည်။ တခြားလူများကလည်း ကျော့ယွီရှုကို ကြည့်လိုက်ကြ၏။
ရှောင်ယွမ်အာက ကြည့်လာပြီး ထိုနည်းလမ်းသည် ရင်းနှီးနေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမက ဝင်ပြောလိုက်၏။
“ရှစ်စွင်း … တပည့် တစ်ဆယ်ကနေ နောက်ပြန် ရေလိုက်ရမလား စပြီနော်”
“…”
လုကျိုးက တိတ်ဆိတ်နေသော်လည်း သူ့အကြည့်များက ကျော့ယွီရှုပေါ်သာ ကြည့်နေလေသည်။ သူက အဖြေစောင့်စားနေမှန်း သိသာလှ၏။ သူက ထိုသို့ ပြောထားသော်လည်း သူမတွင် လက်ခံရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။
ကျော့ယွီရှုက ဘာများစဉ်းစားနေရအုံးမည်နည်း။ သူမတွင် ရွေးချယ်စရာ မရှိသည်မှာ သေချာနေလေပြီ။
ထိုစဉ် လုဖင်းက ဘေးတွင် ကြည့်ကာ အားကျကာ ငိုလုမတတ် ဖြစ်နေလေသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းသည် သူ့ကို လက်မခံသည့်အတွက် အပြစ်မတင်နိုင်ပေ။ သူက ကျော့ယွီရှုနှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ သူက ကျော့ယွီရှုနှင့် ယှဉ်လိုက်လျှင် နှမ်းစေ့ပမာဏသာ ဖြစ်ပေသည်။
ကျော့ယွီရှုက စဉ်းစားပြီးနောက် ဖြေလိုက်သည်။
“ကောင်းပါပြီ”
“တင်း လက်အောက်ခံ တစ်ယောက် ရရှိတဲ့အတွက် ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”
လုကျိုးက ထိုသတိပေးချက်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။ သူက လက်အောက်ခံများသည် ကုသိုလ်ရမှတ် ရစေသည့်အတွက် သူက ရွှေနန်းဥယျာဉ်တောင်တွင် နောက်ထပ်လူများ ထပ်ခေါ်ရမည်လားဟု စဉ်းစားမိလာသည်။
ရွှေနန်းဥယျာဉ်တောင်က ကြီးမားကာ နေထိုင်သူက နည်းပါးလွန်းလှသည်။ လရောင်စွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူများအတွက် စီမံနိုင်ရုံမျှသာ ဖြစ်၏။ သို့သော်လည်း ဆုလာဘ်ကို ကျွေးမွေးရသည်နှင့် ယှဉ်လိုက်လျှင် နည်းလွန်းနေမည်ကို စိုးရိမ်မိလေသည်။ သူက ကုသိုလ်ရမှတ် လိုချင်သည့်အတွက် မိစ္ဆာဝေဟင်မျှော်နန်းအား ပရဟိတအဖွဲ့အစည်းအဖြစ် မပြောင်းလိုက်နိုင်ပေ။
ထိုစဉ် လုကျိုးက ပြောလိုက်သည်။
“မတ်တတ်ရပ်ပြီး ပြောပါ”
ကျော့ယွီရှုက မတ်တတ်ရပ်လိုက်သည်။
လန်လော့က လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်၏။
ဟွားဝူတောက်ကလည်း ပြောလိုက်သည်။
“အကြီးအကဲကျော့ မင်္ဂလာပါ”
လုကျိုးက ပြောလိုက်သည်။
“မင်းက ဒီနှစ်တွေမှာ ကမ္ဘာကြီးရဲ့ အခြေအနေတွေကို မသိဘဲနဲ့ တောင်ကြားထဲမှာပဲ နေလာတာ.. ပွင့်ချပ်ရှစ်လွှာအဆင့်တော့ ရောက်နေပြီ။ ဘာလို့ တောင်ကြားထဲမှာပဲ နေဖို့ ရွေးချယ်ခဲ့တာလဲ”
ကျော့ယွီရှုက သူမ၏ အချိန်ကာလတုန်းက ဒဏ္ဍာရီလာသဖွယ် ဖြစ်ခဲ့သည်။ ကျော့ယွီရှုက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“အတိတ်ကို ပြန်ပြီး ပြောနေဖို့ မလိုပါဘူး”
“အခု မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီဆိုတော့ ငါ ပြောစရာရှိတာတော့ ပြောရအုံးမယ်”
လုကျိုးက ပြောလိုက်သည်။
“အစ်ကိုကျိ စိတ်ကြိုက်သာ ပြောပါ”
“ငါက တာ့ယန်ရဲ့ တော်ဝင်မိသားစုနဲ့ ပြဿနာဖြစ်ဖို့ စိတ်ကူးမရှိဘူး.. ဒါပေမဲ့ တော်ဝင်မိသားစုက မိစ္ဆာဝေဟင်မျှော်နန်းကို ဆက်တိုက်ဆိုသလို စိန်ခေါ်နေခဲ့တာ။ ပြီးတော့ အံ့ဖွယ်မြို့တော်မှာ ကွန်ဖြူးရှပ်ဂိုဏ်း ပညာရှင်တွေလည်း အများကြီး ရှိတယ်။ သူတို့အများစုက အာဏာရှိကြတဲ့သူတွေချည်းပဲ တကယ်လို့ အချိန်ကျလာတဲ့အခါမှာ မင်း မယိမ်းမယိုင်ဘဲ ကျန်ရှိနေဖို့ မျှော်လင့်တယ်”
လုကျိုးက လေသံအနိမ့်အမြင့် မရှိ ပြောလိုက်သည်။
ကျော့ယွီရှုက ထိုအရာကို ကြားပြီး အံ့အားသင့်သွားလေသည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ ပညာရှင်များသည် အရာရှိများ ဖြစ်သည်မှာ ပုံမှန်သာ ဖြစ်၏။ တော်ဝင်မိသားစုသည် တိုင်းပြည်အတွင်း အားအကောင်းဆုံး အင်အားစု ဖြစ်ခဲ့လေသည်။ မိစ္ဆာဝေဟင်မျှော်နန်းကို အံ့ဖွယ်မြို့တော်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ သူမက ရုတ်ခြည်းဆိုသလို မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ရောက်ဖို့ အလိမ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သို့သော်လည်း ထိုခံစားချက်က သိပ်မကြာလိုက်ပေ။ အကြောင်းမှာ သူမက သူတို့ဘက်တွင် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိနေကြောင်း သတိရသွားလေသည်။
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း…
ယွီရှန်းရုန်က ပြန်လည်သုံးသပ်ရေးဂူရှေ့တွင် ရပ်နေလေသည်။ ထိုနားတွင် အမျိုးသမီး ကျင့်ကြံသူများစွာလည်း ရှိနေလေ၏။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း ရှိနေကြသည်။ သူတို့က ယွီရှန်းရုန်အား တလေးတစား ကြည့်လိုက်ကြသည်။ ဓားနတ်ဆိုး၏ ပြန်လည်ရောက်လာမှုက သူတို့ကို စိတ်လှုပ်ရှားမှုအပြည့် ပေးစေသည်။ ကြားရသူတိုင်းကို တုန်လှုပ်သွားစေသည့် နာမည်ဖြစ်သော ဓားနတ်ဆိုးက အသက်ရှင်နေဆဲ ဖြစ်၏။
“ကျင့်ကြံရေးလောကမှာ အာ့ရှစ်ရှိုးက ဒဏ်ရာအပြင်းအထန်ရပြီးတော့ သေသွားပြီ ဆိုပြီးတော့ ကောလာဟလတွေ ထွက်နေတယ်”
စီးဝူယာ့က ဂူထဲမှ ပြောလိုက်သည်။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးကာ “ဒါတွေက ကောလာဟလတွေပါ။ အာရုံစိုက်ဖို့ မလိုပါဘူး”
“ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေတာကို အာ့ရှစ်ရှိုး သိထားတယ် မဟုတ်လား”
“ငါ သိပြီးသားပါ”
သူ ပြန်ဖြေမှုက ပေါ့ပါးကာ တည်ငြိမ်လှသည်။
“အာ့ရှစ်ရှိုး မစိုးရိမ်မိဘူးလား”
“စိုးရိမ်ရမှာလား”
ယွီရှန်းရုန်က စီးဝူယာ့အား မျက်လုံးထောင့်မှ ကြည့်လိုက်သည် “စိုးရိမ်ရမဲ့သူက ငါတို့ရဲ့ရန်သူတွေပဲ”
စီးဝူယာ့က ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားလေသည်။ ခဏအကြာတွင် သူက ပြောလိုက်၏။
“ကျွန်တော် တာ့ရှစ်ရှိုးကို စိတ်ပူမိတယ်”
ယွီရှန်းရုန်က မျက်မှောင်အသာကြုတ်ကာ ပြောလိုက်သည်။
“အဲဒါက သူ့ဘာသာသူ ဖြစ်လာစေတာပဲ”
“တာ့ရှစ်ရှိုးက…”
“ချီရှစ်တိ ငါ မင်းကို အမြဲတမ်း ခင်မြင့်မြင့် တွေးထားတာ။ တကယ်လို့ မင်းကိုသာ ထည့်မစဉ်းစားခဲ့ဘူးဆိုရင် အလင်းတိမ်တောအုပ်မှာ ငါ အားကုန်သုံးပြီးတော့ တိုက်ခိုက်ပြီးလောက်ပြီ” ယွီရှန်းရုန်က ပြောလိုက်သည်။
စီးဝူယာ့က ကူကယ်ရာမဲ့စွာ ခေါင်းအသာခါလိုက်သည်။ သူက သူ့တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးတို့က ရန်သူလိုမျိုး ပြုမူနေသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။ သူ သိထားသလောက် သူတို့ကြားတွင် နက်နဲသည့် အမုန်းတရားမျိုးလည်း မရှိကြပေ။ သူတို့ကြားတွင် အသေးစား ပဋိပက္ခများသာ အများဆုံး ရှိခဲ့ဖူး၏။ သူတို့က ဆရာတူတပည့်များ ဖြစ်တာကြောင့် အတူတကွ ထိုင်ကာ အတိတ်ကို ခဝါချပစ်သည်က အကောင်းဆုံး မဟုတ်ပါလော။
သူက ထိုသို့တွေးသော်လည်း ပြောလိုက်လေသည်။
“အာ့ရှစ်ရှိုး ပြောတာ မှန်ပါတယ်”
“မင်း နားလည်တယ် ဆိုရင် ပြီးတာပါပဲ”
ယွီရှန်းရုန်က ပြောလိုက်သည်။
“မင်း ကိုယ်မင်း သေချာသုံးသပ်နေ.. ငါ တာ့ရှစ်ရှိုးနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ် ဆိုတာကို သိတယ်”
“…”
စီးဝူယာ့က ယွီရှန်းရုန် ထွက်သွားတော့မည် ဖြစ်ကြောင်း ခံစားမိသည့်အခါ အလျင်အမြန် လှမ်းခေါ်လိုက်သည်။
“အာ့ရှစ်ရှိုး..”
ယွီရှန်းရုန်က ရပ်တန့်လိုက်၏။ စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ရှစ်စွင်းက ကျွန်တော့်ဆီက စာတစ်စောင် ရထားတယ်။ တကယ်လို့ အခွင့်အရေးရှိတယ် ဆိုရင် အာ့ရှစ်ရှိုးလည်း ဖတ်ကြည့်လိုက်ပါ”
“ကောင်းပြီ”
ယွီရှန်းရုန်၏ ပြန်ဖြေမှုက တည့်တိုးဆန်ကာ ရိုးရှင်းလှသည်။ သူက လှည့်ထွက်သွားပြီး တောင်ဘက်မျှော်နန်းဆောင်ဆီ ဦးတည်လိုက်သည်။
ကျောင်းယွဲ့က အနီးအနားတွင် ပေါ်ထွက်လာ၏။ သူမက အတော်လေး စိတ်သောကရောက်နေဟန် ပေါ်သည်။ သူမက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ယွီရှန်းရုန်ကို မြင်သည့်အခါ အလျင်အမြန် ပြေးလာလေ၏။
“အာ့ရှစ်ရှိုး..”
“မင်းက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ”
ယွီရှန်းရုန်က နားမလည်နိုင်စွာ မေးလိုက်သည်။
“အခုက အရေးပေါ်ပဲ … တကယ်ကို အရေးကြီးတယ်”
ကျောင်းယွဲ့က လက်ထဲမှ စာကို ပြကာ ပြောလိုက်သည်။
“အဲလောက်ကြီး ထိတ်လန့်နေဖို့ မလိုဘူး။ ရှစ်စွင်း မရှိပေမဲ့ အခု ငါ ရှိတယ်”
ယွီရှန်းရုန်က သူမဆီမှ စာကို ယူကာ ဖတ်လိုက်သည်။
“လောင်ချန်ပေ့ လောင်ချန်ပေ့အတွက် သတင်းကောင်း တချို့ရှိတယ်။ ကျင့်ကြံရေးလောကက အခု ရွှေကြာဖြတ်တောက်ခြင်းခေတ်ကို ရောက်ရှိနေပြီ။ ခုနှစ်စင်ကြယ်ကျောင်းတော်နဲ့ အမြုတေယန်ဂိုဏ်းတို့က ပူးပေါင်းပြီးတော့ ရွှေကြာဖြတ်တောက်ရေး အသက်ရှင်ဆေးလုံးနဲ့ ပွင့်ချပ်ထွက် ဆေးလုံးကို ဖော်စပ်ထားကြတယ်။
ရွှေကြာဖြတ်တောက်ရေး အသက်ရှင် ဆေးလုံးက ကျင့်ကြံသူတွေကို ရွှေကြာဖြတ်တောက်တဲ့ ကျင့်ကြံသူတွေ ဒဏ်ရာရတာကို ကာကွယ်ပေးတယ်။ နောက်တစ်ခု ပွင့်ချပ်ထွက်ဆေးလုံးက ပွင့်ချပ်ပြန်လည် ထွက်လာစေဖို့ အာမခံပေးနိုင်တယ်။ ကျွန်တော့် ဒီသမိုင်းကြောင်းကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရပြီ”