အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း (၄၈၇) အမြီးကုပ်ပြီးပြေး
ရှန့်လွမ်ရှိုးက ကြက်သေသေသွားလေ၏။ သူ့သွင်ပြင်က ဘယ်လိုလုပ်ပြောင်းလဲသွားတာလဲ။ ဒါ ဘာလဲ။ ဘာဖြစ်သွားတာလဲ။
စီးဝူယာ့သည် လုကျိုးကိုကြည့်မိစဉ် တုန်ယင်နေလေ၏။ ကျန်သည့်သူများက လုကျိုးကို မမှတ်မိလျှင်အံ့ဩစရာမဟုတ်။ သို့သော်သူ့အဖို့ သူ၏ဆရာကိုမမှတ်မိဖို့က မဖြစ်နိုင်ပေ။ သူ့ရှေ့၌ သူ့ဆရာက မည်ကဲ့သို့ရပ်နေသနည်း။ သူက မယုံနိုင်စရာကောင်းသည့် အမူအရာဖြင့် အက်ကွဲသံဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
“ရှစ် ... ရှစ်စွင်းလား”
မျက်စိရှေ့မှောက်၌ အရာအားလုံးက ရှင်းလင်းနေသည်။ ဆိုရလျှင် ပွင့်ချပ်ကိုးလွှာအကျော်အမော်များစွာက ရုတ်တရက်ကြီး မည်ကဲ့သို့ ပေါ်လာနိုင်မည်နည်း။ အဇဋာအကျော်အမော်များဂိုဏ်း၏ အဆောင်ကိုမည်သူကများ လွယ်လင့် တကူ အသုံးပြုနိုင်မည်နည်း။ သူသည် ယင်းကို အစောတည်းက သဘောပေါက်ထားသင့်၏။ သူ၏တုံးအမှုအတွက် မပူဆွေးပဲမနေနိုင်တော့ပေ။ တကယ်တော့ လုချန်းပေ့သည် သူ၏ရှစ်စွင်းဖြစ်နိုင်ကြောင်းအတွေးတို့က သူ၏စိတ်တွင်ပေါ်လာခဲ့၏။ သို့သော် အဖိုးအိုက သူ၏ရှစ်စွင်းနှင့်ဆင်တူခြင်းမရှိသောကြောင့် ထိုအတွေးကိုလျင်မြန်စွာဖယ်ရှားလိုက်သည်။
ထိတ်လန့်နေသော ဟွမ်းရှစ်ကျဲက အမြန်အရိုအသေပေးလိုက်သည်။
“အစ်ကိုကျိ ... ခင်ဗျားပဲ။ တွေ့ရတာကောင်းတယ် ... ကောင်းတယ်”
“ပြောင်းလဲသွားတာပဲ”
ခရုလေးက ပြုံးလိုက်သည်။ ဟွားချုံးယန်၏တုံ့ပြန်မှုက ရှန်လွမ့်ရှိုးနှင့်တူသည်။ သူက နောက်သို့ယိုင်သွားကာ ဖင်ထိုင်ရက်ပြုတ်ကျသွား၏။ ဝံပုလွေကို သိုးများနေထိုင်ရာဆီသို့ ခေါ်လာမိသည့်အတွက် သူ့ကိုယ်သူ စိတ်ထဲရိုက်နှက်နေမိသည်။ ပိုတောင်ဆိုးသွားသည်က မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းချုပ်မှန်း ယခုမှ သိလိုက်ရတာပဲဖြစ်သည်။
ဘာတွေဖြစ်နေတာလဲ ... လူတိုင်းက မှင်တက်နေသည်။ သူတို့အားလုံး စိတ်ပိုင်းဆိုင်ရာ ပြိုလဲသည့်ပမာ ခံစားလိုက်ရ၏။
လုကျိုးက သူ၏စစ်မှန်သောသွင်ပြင် ပေါ်သွားပြီမှန်း ပြောနိုင်၏။ သူ၏မုတ်ဆိတ်တို့က ပိုရှည်လာသည်။ လူတိုင်း၏ထိတ်လန့်နေသောအမူအရာကိုအာရုံမစိုက်ခဲ့ပေ။ သူက ထူးမခြားနား ပြောလိုက်၏။
“ဒါက မပြောပလောက်တဲ့စွမ်းရည်လေးပါပဲ”
ရှိနေသည့်သူများအားလုံးအနက် လုကျိုး၏နောက်တွင်ရပ်နေသော ယွီကျန့်ဟိုင်က အထိတ်လန့်ဆုံးပဲ ဖြစ်သည်။ ထိတ်လန့်မှုကြောင့် မျက်လုံးများပြူးကျယ်နေပြီး သူ့ကိုယ်သူ ကြိမ်ဖန်များစွာ ရိုက်နေသည်ပမာခံစားရ၏။ သူ၏ မျက်ခွံတို့က ထိန်းချုပ်၍မရအောင် တွန့်နေလေသည်။ သူက လေးစားသောလေသံဖြင့်မေးလိုက်၏။
“ရှစ်စွင်း ... ရှစ်စွင်းလား”
တွန့်တွန့်ဆုတ်ဆုတ်ဖြင့် မယုံနိုင်သည့် သံသယစိတ်ရိပ်တို့ကို သူ၏အသံတွင်ကြားနေရသည်။ လုကျိုး ပြန်မပြောရသေးခင် သူက တစ်ခွန်းမှမပြောဘဲ သူက အမြီးကုပ်ကာ လှည့်ပြေးတော့၏။ ငါ ပြေးသင့်ပြီ ...
ဝှစ်
ယွီကျန့်ဟိုင်က တောအုပ်ဆီသို့အရှိန်ဖြင့်နှင်သွားလေ၏။ ကနဦးချီမပါဘဲ ပြေးရခြင်းက ပင်ပန်းလှသည်။ သူ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေသော်ငြား ထိုထက်ပိုသည်က စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေ၏။ ဒီအဘိုးကြီးက သူ့ရဲ့ရုပ်သွင်ပြောင်းလဲဖို့တောင် သိတာပဲ။ ငါ ဘာကြောင့် မတွေးခဲ့မိတာလဲ။ မျက်စိတစ်မှိတ်အတွင်း သူကတောအုပ်ထဲပျောက်ကွယ်သွားလေ၏။
ကျန်သည့်သူများကလည်း အံ့ဩဆွံ့အနေတော့သည်။ ဟွားချုံးယန်နှင့် သူ၏လက်အောက်ငယ်သားများကလည်း မှင်တက်နေ၏။ ဒါက သူတို့ရဲ့ကြီးကျယ်ခမ်းနားပြီး အထင်ကြီးဖို့ကောင်းတဲ့ဂိုဏ်းချုပ်လား။
အရာအားလုံးဖြစ်ပျက်သွားတာမြန်လွန်းသည်။ ကျန်သည့်သူများက အလှည့်အပြောင်းကို လိုက်မမှီနိုင်။
လုကျိုးသည် ယွီကျန့်ဟိုင်ကိုမလိုက်။ ထိုအစား ခရုလေးကိုပြောလိုက်၏။
"ခရု ... တေးသွား”
“အင်း” ခရုမိန်းကလေးသည် အသုံးဝင်သည်ဟူသောခံစားချက်ကိုနှစ်ခြိုက်နေပုံရ၏။ သူမက ပုလွေကိုနှုတ်ခမ်းထက်၌ တင်လိုက်သည်။ ငြိမ့်ညောင်းသောတေးသွားက လေထဲပျံ့လွင့်လာ၏။ အသံသည် လူတစ်ယောက်ပြေးနေသည့်ထက်တောင် ပိုမြန်သည်။
ကျင့်ကြံဆင့်မရှိဘဲ ယွီကျန့်ဟိုင်က သူ၏ရုပ်ခန္ဓာသည် သာမန်လူများထက် သာလွန်သည့်တိုင် အသံကနေ လွတ်အောင်မပြေးနိုင်။
မှောင်မည်းနေသောတောအုပ်အတွင်း၌ တောက်ပနေသည့်အစိမ်းရောင်မျက်ဝန်းအစုံများစွာက ပေါ်လာ၏။
ယွီကျန့်ဟိုင်က ပြေးနေရာကချက်ချင်းရပ်လိုက်သည်။ သူ၏ကျင့်ကြံဆင့်မရှိဘဲ ထိုရက်စက်ကြမ်းကြုတ်သော သားရဲများကို သူ ထည့်မတွေးနိုင်ပေ။ သူက နက်ရှိုင်းသည့်အသံဖြင့်အော်လိုက်သည်။ “ထွက်သွားကြ”
အားနည်းသည့်သားရဲတစ်ချိုက သူ့နားမချဉ်းကပ်ရဲပေ။ ဆန့်ကျင်ဖက်အနေဖြင့် အသန်မာဆုံးသားရဲများက သူ့ဆီဆက်တိုက် ချီတက်လာနေသည်။
တိရစ္ဆာန်များက တိရစ္ဆာန်များသာဖြစ်သည်။ သူတို့အမြင်တွင် လူသားများက ကမ္ဘာကြီးရှိ အရသာအရှိဆုံး စားစရာများထဲမှတစ်ခုဖြစ်သည်။
တောရိုင်သတ္တဝါများက ယွီကျန့်ဟိုင်ကို ခုန်အုပ်တော့၏။
ဖုန်း ဖုန်း ဖုန်း
ယွီကျန့်ဟိုင်သည် သားရဲတောရိုင်းတိရစ္ဆာန်များကိုတိုက်ခိုက်နေစဉ် လက်သီးကိုလွှဲယမ်းနေ၏။
လုကျိုးနှင့်ကျန်သည့်သူများသည် တောအုပ်ထဲကနေတိုက်ခိုက်နေသည့်အသံကိုကြားနေရသည်။ သို့သော်ငြား သူက စိတ်အနှောင့်အယှက်ဖြစ်ပုံမရ။ လူတိုင်းကိုကြည့်ပြီးပြောလိုက်သည်။ “သူ ခံသင့်တယ်”
ရှန်လွမ့်ရှိုးက မျက်ရည်ကျလုနီးပြီဖြစ်သည်။ သူက မြေပြင်ပေါ်တွင် ဝပ်တွားကာပြောလိုက်တော့၏။
“လောင်ချန်းပေ့ကျိ ဘာ ... ဘာကြောင့် ဒါလုပ်ရတာလဲ”
ဒါက ရယ်စရာ မဟုတ်ဘူးလေ။ ရှန်လွမ့်ရှိုးက ငိုချင်သော်ငြားမျက်ရည်ကျမလာပေ။ သူက နာကျင်နေလေ၏။ လောင်ချန်းပေ့ကျိသာ ရုပ်ရည်သွင်ပြင်ပြောင်းလဲနိုင်ခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်းရှိ ဂိုဏ်းသားများ၏ ရုပ်ရည်သွင်ပြင်ကို မှတ်မိရန် သူ အဘယ်ကြောင့်များ ကြိုးစားအားထုတ်ခဲ့ရသနည်း။ အဓိပ္ပာယ်မဲ့သွားလေပြီ။
“မင်း လှုပ်ရှားနိုင်တယ်လား” လုကျိုးက ရှန်လွမ့်ရှိုးကိုကြည့်လိုက်၏။ ရှန်လွမ့်ရှိုးက မည်ကဲ့သို့ မလှုပ်ရှားဘဲနေမည်နည်း။ သူ စိတ်လှုပ်ရှားလွန်းသောကြောင့် ငိုခါနီးပြီဖြစ်သည်။
ဖြန်း ဖြန်း
ရှန်လွမ့်ရှိုးသည် သူ့ကိုယ်သူ စရိုက်တော့သည်။ ကျန်သည့်သူများသည် ထိုမြင်ကွင်းကြောင့် စိတ်ထဲ သက်ပြင်းချလိုက်တော့၏။ နောင်ကျ တစ်စုံတစ်ယောက်ကို ရုပ်ရည်သွင်ပြင်ဖြင့် အကဲမဖြတ်သင့်ကြောင်း သူတို့ကို သတိပေးနေတာပဲဖြစ်သည်။
ပုလွေမှ ငြိမ့်ညောင်းသောတေးသွားသည် မရပ်တန့်သွားပေ။ လရောင်က ပိုမိုတောက်ပလာ၏။
စီးဝူယာ့က မှောင်မည်း ထူထပ်သိပ်သည်းနေသော တောအုပ်ကိုတစ်ချက်ကြည့်လိုက်သည်။ သူ့ရင်ထဲရှိထိတ်လန့်မှုကို ဖိနှိပ်လျက်ပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော်တို့ သူ့ကို မကြာခင်မှာ တာ့ရှစ်ရှိုးရဲ့အသက်အန္တရာယ်ရှိနိုင်ပါတယ်”
“ကိစ္စမရှိဘူး” လုကျိုးက ခေါင်းခါလိုက်သည်။
“မင်း သူ့ကို လျှော့တွက်တာပဲ” စိတ်ထဲတွင်မူ သူ့ဘာသာသူ တွေးလိုက်၏။ အစောတုန်းက ငါ့ကို တိုက်ခိုက်တဲ့အချိန်သူက ကျွဲရိုင်းတစ်ကောင်ထက်တောင်ပိုသန်မာတယ်။
ယွီကျန့်ဟိုင်သည် ထိုတောရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် မရှိခဲ့လျှင် ယင်းက အရယ်ရဆုံးပြက်လုံး ဖြစ်သွားပေလိမ့်မည်။
စီးဝူယာ့က တံတွေးမျိုချပြီးနောက် ပြောလိုက်၏။
“ရှစ်စွင်း ... ရှစ်စွင်းက သူနဲ့ ကိစ္စရှိလို့ ရောက်လာခါစလေ။ ဘာ ... ဘာကြောင့်လဲ”
လုကျိုးသည် ထိုမေးခွန်းဖြေရန်က အချိန်ဖြုန်းရာ ရောက်သည်ဟုခံစားမိသည်။ အဖြေက သိသာလွန်း၏။ သူသာ ရုပ်ရည်သွင်ပြင်ကို မပြောင်းလဲထားလျှင် ယွီကျန့်ဟိုင်က သူတောင် တံခါးမခေါက်ရသေးခင် ထွက်ပြေးသွားလိမ့်မည်။ သူ ယွီကျန့်ဟိုင်ကို မတွေ့နိုင်လျှင် သူ့ကို မည်သို့ဖမ်းရမည်နည်း။
စီးဝူယာ့က သူ့မေးခွန်းသည်အဓိပ္ပာယ်မရှိဟု ခံစားမိ၏။ ထို့ကြောင့် ဆက်မမေးတော့ပေ။ လုကျိုးက လက်မြှောက်လျက်ပြောလိုက်၏။
“ခရု”
“ဟုတ်” ခရုလေးက တေးသွားမှုတ်တာရပ်တန့်လိုက်သည်။
လုကျိုးက ခရုလေးကိုအသိအမှတ်ပြုသည့်အကြည့် ကြည့်လိုက်၏။ ထိုမိန်းကလေးက သူမ၏ ကိုယ်ပိုင်အရည်အချင်းများကိုမထိန်းချုပ်နိုင်တာ နှမြောစရာကောင်းလှသည်။ သို့သော် အလျင်လိုရန် မလို။ သူမသာ နောင်ကျကျင့်ကြံရန်ဆုံးဖြတ်ထားပါက သူ ဖြည်းဖြည်းချင်း ပျိုးထောင်နိုင်၏။
သူမက ထိုက်ရွှီကျောင်းတော်နဲ့ ဟုန်ချူးအခွဲက တစ်ယောက်ယောက် တပည့်အနေနဲ့ လိုချင်နေတယ်ဆိုရင် ငါ သူ့ကို တပည့်အနေနဲ့ လက်ခံသင့်လား။ ယင်းကိုတွေးမိပြီး လုကျိုးသည် တပည့်များထပ်လက်ခံရန် တစ်ခါမှမစဉ်းစားဖူးပေ။ သို့သော် တွေးမိသည့်အချိန်၌ ဆိုးရွားသည့်အကြံဖြစ်ပုံမရဟု ခံစားမိသည်။
ထိုစဉ် ဟွမ်းရှစ်ကျဲက လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။
“ဒီမိန်းကလေးက ပါရမီထူးလိမ့်မယ်လို့ မထင်ထားဘူး။ နောင်ကျ ကောင်းကောင်းမွန်မွန်သင်ကြားပေးရင် တကယ်ကြီးမြတ်တဲ့သူတစ်ယောက်ဖြစ်လာမှာပဲ”
ဟွမ်းရှစ်ကျဲသည် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ကိုးယောက်အကြောင်း စဉ်းစားမိ၏။ သူတို့သည်လည်း အတိုင်းထက်အလွန် ပါရမီထူးသူဖြစ်သည်။ ယခုနောက်ထပ် ပါရမီရှင်တစ်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ဖို့များသည်။ သူကကောင်းကင်ဘုံကနေ မတရားမှုကို ပူဆွေးနေပြီး ဖန်းလိုင်ဂိုဏ်းက အရည်အချင်းရှိသည့်တပည့်များ မည်သည့်အချိန်မှ ရမလဲဆိုတာသိချင်နေသည်။ မည်သို့ပင်ဆိုစေကာမူ စိတ်ထဲကြုံးဝါးရုံသာ တတ်နိုင်၏။ သူ၏အတွေးများကို မည်ကဲ့သို့ ထုတ်ပြောရဲမည်နည်း။
လုကျိုးသည် ခရုလေးကို စိတ်ကျေနပ်သည့်အမူအရာဖြင့်ကြည့်လိုက်သည်။ မည်သည့်နည်းနှင့်မဆို ဤကိစ္စက ယခုအရေးမကြီးပေ။ သူက လက်ရှိကိစ္စကို ဦးစွာဖြေရှင်းရမည်။
ဖုန်း ဖုန်း ဖုန်း
တောအုပ်ထဲကနေတိုက်ခိုက်သံများက ပေါ်ထွက်လာပြီးနောက် ရပ်တန့်သွား၏။
လုကျိုးက စီးဝူယာ့ကို ကြည့်ပြီးနောက် သူ့လက်ဝါးကိုတွန်းထုတ်ကာ လက်ဝါးစည်းတံဆိပ်တစ်ခုကို စီးဝူယာ့ဆီတွန်းထုတ်လိုက်သည်။
ချက်ချင်းပင် စီးဝူယာ့က သူ့ကိုယ်ပေါ်ရှိမန္တန်တို့ပြေလျော့သွားတာ ခံစားမိလိုက်သည်။ သူ အပျော်လွန်ကာ ပြောလိုက်၏။
“ကျေးဇူးပါရှစ်စွင်း” သူက ချက်ချင်းထရပ်ကာ ယွီကျန့်ဟိုင်ကိုကူရန်ပြင်ဆင်နေသည်။
“နေဦး”
“ရှစ်စွင်း”
“ငါပြောခဲ့တာမှတ်မိလား” လုကျိုးက မေးလိုက်၏။
“မှတ်မိပါတယ်”
“ဒီလိုဆိုရင် နောင်တမရနဲ့”
“နောင်တမရပါဘူး” စီးဝူယာ့က အရိုအသေပေးလိုက်၏။
လုကျိုးက သူ့အင်္ကျီလက်ကိုဝေ့ယမ်းလိုက်သည်။ စီးဝူယာ့က လုကျိုးဆိုလိုတာကို သဘောပေါက်၏။ သူက လှည့်ထွက်သွားပြီး တောအုပ်ထဲပျံသန်းသွားတော့သည်။
အမှန်တကယ်တွင် လုကျိုးက စီးဝူယာ့ချမှတ်မည့်ဆုံးဖြတ်ချက်ကို အစောတည်းက သိပြီးသားဖြစ်သည်။ အဆုံးကျ သူတို့၏ဆရာအနေဖြင့် သူတို့ကို လောကကြီးထဲသွားခွင့်ပေးကာ သူတို့ဖာသာ သင်ယူခွင့်ပြုရမည်။ ကလေးများ အရွယ်ရောက်လာသည်နှင့် လွတ်လွတ်လပ်လပ် စူးစမ်းမှုကို လိုအပ်သည်။ နောက်ဆက်တွဲက မည်သို့ဖြစ်မည်နည်း။ မည်သူမှ မသိ။ သူတို့ အောင်မြင်မလား ... ကျရှုံးမလား အားလုံးက ဘဝ၏တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
မကြာမီ၌ စီးဝူယာ့သည် ယွီကျန့်ဟိုင်ကို ထမ်းပြီးပြန်လာသည်။
ယွီကျန့်ဟိုင်က ဒဏ်ရာဒဏ်ချက်များ ပြည့်နေပြီး သတိလစ်နေလေပြီ။
…
အခန်း (၄၈၈) လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ညွှန်ပြမှုတွေက အသေစေနိုင်ဆုံးပဲ
ထိုစဉ် လုကျိုးက ယွီကျန့်ဟိုင်အား ကြည့်လိုက်သည်။
နာမည်။ ။ ယွီကျန့်ဟိုင်
မျိုးနွယ်။ ။ ဝူချီအန်း (လူသား)
ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
အကယ်၍ အသွင်ပြောင်းကတ်ကြောင့်သာ မဟုတ်လျှင် စောစောလေးက ထွက်ပြေးပုံအရ သူ့အနေနှင့် ယွီကျန့်ဟိုင်အား တွေ့ဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
အားလုံးက သက်ပြင်းချလိုက်ကြသည်။
ဘယ်နေရာကမှန်းမသိ ရုတ်ခြည်း ထွက်ပေါ်လာသည့် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူနှင့် ယှဉ်လိုက်လျှင် ဖန်းလိုင်ဂိုဏ်းနှင့် ငရဲဂိုဏ်းမှ ဂိုဏ်းသားများက ကျိထျန်းတောက်နှင့် ရင်ဆိုင်ရသည်ကို ပိုသဘောကျလေသည်။ သူက ငရဲဂိုဏ်းချုပ်၏ ရှစ်စွင်း မဟုတ်ပါလော။ ဆိုလိုသည်မှာ သူကလည်း အတူတူသာ ဖြစ်၏။
လုကျိုးက ခရုလေးအား ခန်းမကျယ်ထဲ ပြန်ခေါ်လာလိုက်သည်။
တခြားလူများလည်း လိုက်ပါလာကြ၏။
ဟွားချုံးယန်က ရှန်လွမ့်ရှိုး ပခုံးကို အသာပုတ်ကာ မေးလိုက်သည်။
“လိုက်လာမှာလား”
ရှန်လွမ့်ရှိုးက မော့ကြည့်လာပြီးနောက် “အရင်သွားနှင့်လိုက်ပါ … ကျုပ် မှတ်ဉာဏ်ထဲ သံမှိုဆွဲနေအောင် ကိုယ့်ဘာသာ နည်းနည်းပါးပါး ပိတ်ရိုက်လိုက်ဦးမယ်”
“ သဘောပါ” ဟွားချုံးယန်လည်း နောင်တရကာ ကူကယ်ရာမဲ့နေမိသည်။ အကယ်၍ သူ့ကြောင့်သာ မဟုတ်လျှင် လောင်ချန်းပေ့ ဒီရောက်လာမည် မဟုတ်ပေ။
သို့သော်လည်း ယခုတွင် ရင်ဆိုင်ရုံမှအပ တခြားနည်းလမ်း မရှိတော့ချေ။
ဟွားချုံးယန်လည်း ခန်းမကျယ်ထဲ လိုက်ဝင်လာ၏။
စီးဝူယာ့က ယွီကျန့်ဟိုင်ကို သယ်ထားဆဲ ဖြစ်ကာ ပြောလိုက်သည်။
“ရှစ်စွင်း … တာ့ရှစ်ရှိုးက ဒဏ်ရာရနေတာဆိုတော့ ကျွန်တော် ပြန်ခေါ်သွားလိုက်မယ်”
လုကျိုးက လက်ဝါးတစ်ချက် ဆန့်ထုတ်လာသည်။
အစပိုင်းတွင် စီးဝူယာ့က သူ့ရှစ်စွင်းသည် သူ့အား ရိုက်ဖို့ ရည်ရွယ်လိုက်သည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း ခဏအကြာတွင် သူ့ရှစ်စွင်းက ယွီကျန့်ဟိုင်၏ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသည့် မန္တန်ကို ဖြေပေးလိုက်ကြောင်း သိလိုက်ရသည်။
“ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်” စီးဝူယာ့က ယွီကျန့်ဟိုင်ကို ကျောပိုးရင်း ခန်းမကျယ်ထဲမှ ထွက်ကာ အနားယူရာ အခန်းဘက် ဦးတည်လိုက်သည်။
………………
အခန်းအတွင်း
စီးဝူယာ့က ယွီကျန့်ဟိုင်အား ခုတင်ပေါ် ချပေးလိုက်ကာ သက်ပြင်းချလိုက်ပြီး “ရှစ်စွင်းက မရိုးရှင်းပါဘူးလို့ ကျွန်တော် ပြောသားပဲ။ ဒါပေမဲ့ တာ့ရှစ်ရှိုးက နားမထောင်ဘူး”
သူက ပြောနေရင်း ယွီကျန့်ဟိုင်၏ ခန္ဓာကိုယ်အတွင်း ကနဦးချီတချို့ ထည့်ပေးလိုက်သည်။
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ ဒီနေ့ ရှစ်စွင်း ဖြစ်နေတာ ကျေးဇူးတင်သင့်တယ်။ တခြားပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူသာ ဖြစ်နေရင် ဒီလိုကျင်းစီရင်စုလောက်နဲ့ ကျေနပ်မယ် ထင်နေလား”
သူ့ကနဦးချီများကို ယွီကျန့်ဟိုင်၏ ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်ပြီးနောက် စီးဝူယာ့က ရေရွတ်လိုက်သည်။
“အတွင်းဒဏ်ရာတော့ မရှိဘူးပဲ။ ထားလိုက်ပါတော့ … အဲတုန်းက တာ့ရှစ်ရှိုးက သူရဲဘောမကြောင်ခဲ့ပါဘူး။ မိန်းကလေးရဲ့ သံစဉ်ကတောင် တာ့ရှစ်ရှိုးကို လွှမ်းမိုးသွားတော့မလို့”
ထို့နောက် သူက သက်ပြင်းချကာ “ ဒါက ငရဲဂိုဏ်းရဲ့ အကြီးမြတ်ဆုံး ဂိုဏ်းချုပ်ပဲလေ ”
ယွီကျန့်ဟိုင်၏ အခြေအနေ တည်ငြိမ်လာသည်ကို အာရုံခံမိပြီးသည့်နောက် စီးဝူယာ့က ထကာ အခန်းမှ ထွက်သွားလေသည်။ သူ့နောက်မှ တံခါးကို ပိတ်ပေးခဲ့၏။
ယွီကျန့်ဟိုင်၏ မျက်လုံးက ရုတ်ခြည်းဆိုသလို ပွင့်လာသည်။ သူက ထထိုင်လိုက်၏။ သူ့နှလုံးသားက ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မည့်အလား ခုန်နေသည်။
သူက ထရပ်ကာ တံခါးဆီ သွားလိုက်သည်။ ထို့နောက် သူက မြေပေါ် လှဲကာ အပေါက်ကြားလေးမှ အသာချောင်းကြည့်လိုက်ပြီးနောက် ရင်ဘတ်ကို ပုတ်လိုက်သည်။
သိပ်မကြာခင် သူက ခုတင်ဆီ ပြန်သွားလိုက်ပြီး သက်ပြင်းချကာ ဖြည်းဖြည်းချင်း ထိုင်လိုက်၏။
“ငါလည်း ဒီလိုမလုပ်ချင်ပါဘူး ”
သူက စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အထဲမှ ကနဦးချီများကို လှည့်ပတ်ကြည့်ဖို့ ကြိုးစားလိုက်သည်။ သူ့ကျင့်ကြံဆင့်သည် ဖိနှိပ်မခံရတော့ကြောင်း တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားလေသည်။ သို့သော်လည်း သူက သတိကြီးကြီးထားကာ ကနဦးချီကို မဆင်မခြင် မလှည့်ပတ်သေးပေ။
ပွင့်ချပ်ကိုးလွှာက ဟာသ မဟုတ်ပေ။
ယွီကျန့်ဟိုင်က အိပ်ပျော်နေသည့်အလား ဟန်ဆောင်ကာ လဲလျောင်းနေလိုက်သည်။
…………….
ခန်းမကျယ်အတွင်း
လုကျိုးက အားလုံးကို ကြည့်လိုက်၏။
အချိန်ကြာသည့်အထိ မည်သူကမှ ဘာမှပြောကြပေ။
ထိုစဉ် စီးဝူယာ့က ခန်းမကျယ်ထဲ ဝင်လာသည်။
“ ရှစ်စွင်းကို ဂါရဝပြုပါတယ်” စီးဝူယာ့က ဦးညွှတ်လိုက်သည်။
“ တာ့ရှစ်ရှိုးရဲ့ အခြေအနေက ငြိမ်သွားပါပြီ ”
လုကျိုးက ခေါင်းညိတ်ကာ စီးဝူယာ့အား ကြည့်လိုက်သည်။ စီးဝူယာ့က စိတ်ဆုံးဖြတ်ပြီးသွားမှန်း သိကာ ထပ်မေးလိုက်သည်။
“မင်း ကျင်းစီရင်စုကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီလား”
စီးဝူယာ့က ချက်ချင်း ဒူးထောက်လိုက်ကာ “ ရှစ်စွင်း … လက်ရှိ ကျင်းစီရင်စုက မထိုးဖောက်နိုင်တဲ့ ခံတပ်တစ်ခုလို ဖြစ်နေတာပါ။ တာ့ရှစ်ရှိုးလည်း မတတ်နိုင်တော့ဘူး။ အဲဒါကြောင့် သားရဲတွေနဲ့ မြို့ကို ဝိုင်းတိုက်ဖို့ ကျွန်တော် အကြံပြုခဲ့တာပါ”
ထိုစဉ် အားလုံးက ဘေးတွင် ထိုင်နေသည့် မိန်းကလေးခရုအား ကြည့်လာကြသည်။
“အစီအစဉ်ကောင်းပဲ။ ဒါပေမဲ့ သားရဲတွေကို ထိန်းချုပ်ဖို့ ကျင့်ကြံဆင့် ဘယ်လောက်မြင့်မားပြီးတော့ ကနဦးချီ ဘယ်လောက် လိုအပ်မယ်ထင်လဲ။ ခရုလေးက ကျင့်ကြံသူ မဟုတ်ဘူး”
ခရုလေးတဲ့လား …
စီးဝူယာ့က ထိုမိန်းကလေးသည် သားရဲဘာသာကို နားလည်ထားသည့်သူ ဖြစ်မှန်း သိထားသော်လည်း သူမက ကျင့်ကြံသူ မဟုတ်သည့်အချက်ကိုတော့ သတိမပြုမိခဲ့ပေ။ သူမအနေနှင့် သားရဲဘာသာစကား သိရုံဖြင့် မလုံလောက်သေးပေ။ သားရဲများ တိုက်ခိုက်လာသည့်အခါ အားကောင်းသည့် ကျင့်ကြံသူများကြောင့် အလွယ်တကူ လန့်ဖျပ်နိုင်သွားကြသည်။
သူက ခရုလေးအား အနည်းငယ် တုန်လှုပ်နေသည့် အမူအရာဖြင့် ကြည့်လိုက်ကာ “ သူမက ကျင့်ကြံသူ မဟုတ်ဘူးတဲ့လား”
ထို့နောက် သူက ခေါင်းခါကာ သက်ပြင်းချလျက် ပြောလိုက်သည်။
“အဲဆိုရင်တော့ ကျွန်တော်တို့ နောက်ထပ်နည်းလမ်းကို စဉ်းစားရမှာ ”
“ဝမ်ရှုကို အလွယ်လေး သွားရှုပ်လို့ မရဘူး” လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က ဝမ်ရှုသည် သူတို့အလွယ်တကူ အနိုင်ပိုင်းနိုင်သည့် ရိုးရှင်းသောသူ မဟုတ်ကြောင်း သိထားကြလေသည်။
ထိုစဉ် ဟွမ်းရှစ်ကျဲက လက်နှစ်ဖက်ယှက်ကာ “ ကျုပ် ဂိုဏ်းချုပ်ယွီကို နားလည်ပါတယ်။ ဖန်းလိုင်ဂိုဏ်းက ငရဲဂိုဏ်းကို ကူညီချင်ပါတယ်”
လုကျိုးက ဟွမ်းရှစ်ကျဲအား ကြည့်လိုက်သည်။ “ဟင်း ”
ဟွမ်းရှစ်ကျဲက တုန်လှုပ်သွားကာ “ကျုပ်က အပြန်အလှန်အနေနဲ့ ဘာမှပြန်မတောင်းဆိုးပါဘူး။ မိတ်ဆွေကို ကူညီပေးရုံပါ”
မည်သူကမှ သူ့ကို မယုံပေ။
သို့သော်လည်း လုကျိုးက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
ဟွမ်းရှစ်ကျဲ “ … ”
လုကျိုးက ထရပ်လိုက်ပြီး ညရှုခင်းအား ကြည့်လိုက်ကာ “စီးဝူယာ့”
“ဟုတ် ရှစ်စွင်း”
လုကျိုးက သူ့အသံထဲ ကနဦးချီတချို့ ထည့်သွင်းကာ ခပ်ကျယ်ကျယ် ပြောလိုက်သည်။
“ ငါ သူ့ကို အချိန်ခြောက်လ ပေးမယ်။ ခြောက်လကြာပြီးရင် သူ အောင်မြင်တာဖြစ်ဖြစ်၊ ကျရှုံးတာဖြစ်ဖြစ် ငါ့ဆီ ခေါ်လာရမယ်”
“ဟုတ်ကဲ့”
“တင်း …. ယွီကျန့်ဟိုင်ကို ဆုံးမနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”
ထိုအရာပေါ်မူတည်၍ ယွီကျန့်ဟိုင်သည် သတိမေ့ချင်ယောင်ဆောင်လိုက်မှန်း သိသာနေသည်။
တကယ်တော့ လုကျိုးက ယခုတစ်ခေါက် ယွီကျန့်ဟိုင်အား တောင်ပေါ် ပြန်ဆွဲခေါ်သွားဖို့ စိတ်ကူးမရှိပေ။ ငရဲဂိုဏ်းက သူတို့အစီအစဉ်ကို ဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်၏။ ယွီကျန့်ဟိုင်က အံ့ဖွယ်မြို့တော်ကို အုပ်စိုးနိုင်ဖို့ အလှမ်းဝေးနေသေးသည်။ ထို့အပြင် စီးဝူယာ့ကလည်း ရွေးချယ်မှု ပြုလုပ်ထားပြီးပြီ ဖြစ်၏။ သူတို့၏ ဆရာအနေနှင့် အကျိုးအကြောင်းသင့်ရမည်။ ဆရာတပည့်များကြား ကိစ္စများအတွက် ခဏလျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားလိုက်သည်။
ငမိုက်သား ငါ အသာလေး ထိုးလိုက်တာကို ဘာလို့ သေချင်ယောင်ဆောင်နေရတာလဲ။
လုကျိုးက လက်မြောက်ကာ ပြောလိုက်သည်။ “ခရုလေး”
“ဟင်”
ခရုလေးက ထိုင်ခုံပေါ်မှ ဆင်းလာကာ လုကျိုးဘေးနား လျှောက်လာသည်။
“ ငါ မင်းကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ခေါ်သွားချင်တယ်။ မင်း လိုက်မှာလား ”
ထိုအရာကို ကြားပြီး စီးဝူယာ့က အံ့အားသင့်သွားလေသည်။
သူက မေးလိုက်၏။ “ ရှစ်စွင်းက နောက်ထပ် တပည့်လက်ခံတော့မှာလား”
ကျိထျန်းတောက်သည် တပည့်များ လက်မခံခဲ့သည်မှာ ငါးနှစ်ကျော်ရှိပြီ ဖြစ်၏။ သူ့အနေနှင့် သူ့ရှစ်စွင်းက ယခု တပည့်တစ်ယောက် လက်ခံလိမ့်မည်ဟု မထင်ထားမိပေ။ အကယ်၍ မိစ္ဆာဝေဟင်မျှော်နန်းသာ တံခါးဖွင့်လိုက်လျှင် လူအုပ်လိုက်ကြီး ရောက်ရှိလာကြလိမ့်မည်။
“ ဟုတ်ချင်ဟုတ်မှာပေါ့ ” လုကျိုးက မရေမရာ ပြောလိုက်သည်။
ဟွမ်းရှစ်ကျဲနှင့် တခြားလူများက လုကျိုး ထွက်သွားတော့မည်ကို မြင်လိုက်ရသည့်အခါ မတ်တတ်ရပ်လိုက်ကြသည်။
“ရှစ်စွင်း နောက်ကျနေပြီဆိုတော့ ဒီညတော့ ဒီမှာပဲ နေပြီး မနက်ဖြန်မှ ထွက်ပါ့လား” စီးဝူယာ့က မေးလိုက်သည်။
“တင်း …. ယွီကျန့်ဟိုင်ကို ဆုံးမနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”
ငမိုက်သားကတော့ တကယ့်ငမိုက်သားပဲ … သူက ငါ့ကို ဒီမှာမနေစေချင်ဘူးပဲ
ထိုစဉ် ခရုလေးက လုကျိုး လက်မောင်းအား ဆွဲလာကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းဆီ လိုက်မယ်”
လုကျိုးက ခရုလေးအား လှည့်ကြည့်လာပြီးနောက် “ငါတို့တွေ ဒီမှာတစ်လလောက် ထပ်နေရင်ရော”
“တင်း …. ယွီကျန့်ဟိုင်ကို ဆုံးမနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”
ဤတစ်ကြိမ် ခရုလေးက ခေါင်းမညိတ်သလို ခေါင်းလည်း မခါပေ။
လုကျိုးက သူမ ဒီမှာမနေလိုသည်မှာ သိသာလှသည်။
“ ထားလိုက်ပါတော့” လုကျိုးက ခရုလေး လက်အား ဆွဲပြီး ထွက်သွားတော့မည့်ဆဲဆဲတွင် တစ်ခုခုကို အမှတ်ရလာသည်။
“မဟူရာကွန်ရက်ရဲ့ သတင်းကွန်ရက်က မိုးကောင်းကင်အောက် လွှမ်းခြုံထားတယ်ဆိုတော့ တခြားမျိုးနွယ်စုတွေ နေတဲ့ အနောက်ပိုင်းနယ်မြေရော ပါလား”
စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။
“ ကျွန်တော် ကြွားလုံး မထုတ်ရဲပေမဲ့ အမှန်ပါ ”
“ဒီလိုဆိုရင် မင်းရဲ့ လူတွေကို သုံးပြီး လော့မျိုးနွယ် အမျိုးသမီးတစ်ယောက်ရဲ့ နေရာကို ရှာထား”
လုကျိုးက ဆက်ပြောလိုက်သည် “လွန်ခဲ့တဲ့ နှစ် ၃၀၀ လောက်က ယွင်ထျန်းလော့က ဂိုဏ်းသုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာတာ သူမကြောင့်ပဲ”
“ဟုတ်ကဲ့ပါ ရှစ်စွင်း” စီးဝူယာ့က ဦးညွှတ်လိုက်သည်။
ဟွမ်းရှစ်ကျဲက ထိုနာမည်ကို ကြားလိုက်သည့်အခါ တအံ့တဩ ရေရွတ်လိုက်သည်။
“ လော့မျိုးရိုး အမျိုးသမီးလား … လွန်ခဲ့တဲ့ နှစ် ၃၀၀ ကလား ”
လုကျိုးက ဟွမ်းရှစ်ကျဲအား ကြည့်လိုက်ကာ “ သူ့အကြောင်း ကြားဖူးလို့လား”
ဟွမ်းရှစ်ကျဲက ခေါင်းညိတ်လာပြီး “ ကျုပ် ကြားဖူးတာ ဖြစ်နေတယ် ”
…
အခန်း (၄၈၉) လော့ရှစ်ယင်၏ဒဏ္ဍာရီ
“မင်း သိထားတာပြော” လုကျိုးသည် လော့အမျိုးသမီးအကြောင်း သတင်းပိုရမည်ဆိုလျှင် သူမကို ရှာရာ၌ ပိုလွယ်ကူသွားလိမ့်မည်။
ဟွမ်းရှစ်ကျဲကပြောသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ကျုပ်ကံကောင်းထောက်မပြီး ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရယူနိုင်ခဲ့တယ်။ အဲ့ဒီတုန်းက ပွင့်ချပ်ရှစ်လွှာအဆင့်အကြောင်းဘာမှ မသိခဲ့ဘူး။ ဖန်းလိုင်ကလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေတာ ပြီးတော့ ကျုပ် တာဝန်ယူရတယ်။ ဒါကြောင့် ဂိုဏ်းသုံးဂိုဏ်းဆီ လာလည်ပြီး ယွင်ထျန်းလော့ဆီ အကြံဉာဏ်တောင်းခံခဲ့တယ်”
ဟွမ်းရှစ်ကျဲက ယွင်ထျန်းလော့နှင့် သိကျွမ်းနေမှန်း လုကျိုးမသိခဲ့ပေ။ ထိုစဉ်က ဂိုဏ်းသုံးဂိုဏ်းက ရေပန်းစားခဲ့သည်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးနောက် ယွင်ထျန်းလော့သည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး ဂိုဏ်းသုံးဂိုဏ်းက ယွင်ထျန်းလော့၏နာမည်ကို သုံးရာ တပည့်များကို စုဆောင်းရန် သူတို့တံခါးကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး လျင်မြန်စွာ ပိုသန်မာလာခဲ့သည်။
ကျန်သည့်ဂိုဏ်းများအဖို့ ဂိုဏ်းသုံးဂိုဏ်းတွင် ယွင်ထျန်းလော့နှင့် ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးတာက ပုံမှန်ပဲဖြစ်သည်။ လူတိုင်းက ထိုအခွင့်အရေးရရန် ကံကောင်းတာတော့မဟုတ်ပေ။
“အဲ့ဒီတုန်းက ယွင်ထျန်းလော့က လော့မျိုးရိုးနဲ့အမျိုးသမီးအကြောင်း ပြောခဲ့တယ်။ သူမရဲ့ကျင့်စဉ်ကို ရရှိခဲ့ပြီး အဆပေါင်းများစွာ တိုးတက်သွားတာလို့ သူပြောခဲ့တယ်။ ကျုပ်ကလည်း အပြည့်အဝ မယုံကြည်ခဲ့ဘူးလေ။ ဂိုဏ်းသုံးဂိုဏ်းက ထွက်လာပြီးနောက် တကယ်ပဲ အဲ့လိုလူတစ်ယောက် ရှိတယ်ဆိုတာ ကြားလိုက်ရတယ်။ သူ့မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်” ဟွမ်းရှစ်ကျဲက ပြောသည်။
“ဘာလဲ” စီးဝူယာ့ကပြော၏။
သူတို့က အချက်အလက်ပိုရလေလေ ရှာဖွေရာ၌ ပိုလွယ်ကူလေဖြစ်သည်။
“သူက တေးသံမှာပါရမီထူးတယ်”
ဟွမ်းရှစ်ကျဲက တည်ကြည်စွာ ပြောလိုက်သည်။
"ယွင်ထျန်းလော့နဲ့ ပြောခဲ့တဲ့အကြောင်းအရာတွေက အံ့ဩဖို့ကောင်းတယ်၊ အဲ့ဒီအချိန်ကစပြီး ကျုပ်စိတ်ထဲမှာ သူပြောခဲ့တဲ့အမျိုးသမီးအကြောင်း ထုတ်မရခဲဘူးလေ။ ဒါကြောင့် သူ့ကို ရှာဖို့ ဖန်းလိုင်ဂိုဏ်းက တပည့်တွေကို အမိန့်ပေးလိုက်တယ်။ နောက်တော့သူက သံစဉ်မှာ ပါရမီထူးတယ်ဆိုတဲ့အကြောင်း ကောလာဟလကြားမိတာပဲ။ ကမ်းစပ်မှာ မကြာခဏထိုင်ပြီး ဇီသာ တီးခတ်လေ့ရှိတယ်။ တစ်ယောက်ယောက်က သူမရဲ့ဂီတာကို ငါးတွေနဲ့ပင်လယ်ထဲက သားရဲသတ္တဝါတွေ တုံ့ပြန်တာ မြင်ခဲ့ဖူးပြီး သူတို့က ပျော်ရွှင်မြူးတူးနေကြတယ်လို့ပြောတာပဲ”
ကျန်သည့်သူများက အံ့ဩသွား၏။
လုကျိုးက ခရုမိန်းကလေးကို ကြည့်လိုက်သည်။ ထိုသူက ခရုမိန်းကလေးနှင့် ဆင်တူနေသည် မဟုတ်ပါလော။ သူက “ခရုမှာ တူညီတဲ့ပါရမီရှိတယ်။ ဒါပေမဲ့ အံ့ဩစရာမဟုတ်ဘူး။ အနောက်တိုင်းမှာ သားရဲဘာသာစကားကို သိတဲ့ သီးခြားမျိုးနွယ်တွေ အများကြီးရှိတယ်”
ဟွမ်းရှစ်ကျဲက ခရုလေးကို လှည့်ကြည့်ပြီးပြောလိုက်တော့၏။
“နောက်တော့ ဒီရေလှိုင်းက ကမ်းခြေကို လွှမ်းသွားတာနဲ့အတူ လော့အမျိုးသမီးက ပျောက်သွားတာပဲ။ သေပြီလို့ထင်ရတာပဲ”
သို့သော် အစွမ်းထက်သည့်ကျင့်ကြံသူတစ်ယောက်အဖို့ လေထဲတွင် လမ်းလျှောက်ရန် သို့မဟုတ် ရေထဲတွင် လမ်းလျှောက်ရန်က လွယ်ကူလှပေ၏။ သူမ မည်ကဲ့သို့ ရေနစ်မည်နည်း။
စီးဝူယာ့က မေးလိုက်သည်။
“ရှိသေးလား”
“လော့အမျိုးသမီးက ဒဏ္ဍာရီလာပဲ။ ဒါပေမဲ့ သူက သိုသိုသိပ်သိပ်နေတယ်။ ဒီဟာအပြင် သူမအကြောင်း ဘာမှမသိရပါဘူး” ဟွမ်းရှစ်ကျဲက ပြောသည်။
“သူ့နာမည်ကော”
“မသိပါဘူး”
ကျန်သည့်သူများက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။
ဟွားချုံးယန်က ပြောလိုက်၏။ “တကယ်ပါပဲ ... သူက ခရုမိန်းကလေးနဲ့ဆင်တူတာပဲ”
ခရုလေးသည် ပြောဆိုနေသည့်တစ်ဝက်ကိုသာနားလည်ပုံရသော်ငြား ခေါင်းညိတ်ပြီးပြောလိုက်၏။
“ဟုတ်တယ်”
တစ်ယောက်သည် လွန်ခဲ့သည့်နှစ်ပေါင်းသုံးရာတုန်းက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်ကမူ အသက်ဆယ့်ခြောက်နှစ်အရွယ်မိန်းမပျိုလေးဖြစ်သည်။ ပထမလူက ယခုအချိန်တွင် မရှိလောက်တော့သည့်ဖြစ်နိုင်ချေက များပြားလွန်းနေ၏။
ဟွမ်းရှစ်ကျဲက ပြောသည်။ “ဒီမိန်းကလေးက ပါရမီထူးတယ်။ စကျင့်ကြံလိုက်မယ်ဆိုရင် သူ့ရှေ့ရေးမှာ တောက်ပတဲ့အနာဂတ်ရှိမယ်ဆိုတာသေချာတယ်”
လုကျိုးသည်လည်း ထိုမိန်းကလေး၌ အလားလာကောင်းရှိသည်ဟုခံစားမိသည်။
စီးဝူယာ့က လုကျိုးကို အရိုအသေပေးပြီးပြောလိုက်၏။ “ရှစ်စွင်း ကျွန်တော် အဲ့ဒီလော့အမျိုးသမီးကို ရှာပေးပါ့မယ်။ သေသေရှင်ရှင်ဖြေရှင်းချက်တစ်ခုပေးပါမယ်”
“ဟုတ်ပြီ” လုကျိုးက မုတ်ဆိတ်သပ်လျက်စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
နောက်ကျနေပြီဖြစ်၏။ သူ ထွက်သွားရန်အချိန်ရောက်နေပြီ။ သူ လှည့်ထွက်သွားတော့မည့်အချိန်တွင် ဟွမ်းရှစ်ကျဲက စကားပြောရန် တွေဝေနေပုံရ၏။ အဆုံးတွင် သူကရှေ့တိုးပြီးပြောလိုက်၏။
“အစ်ကိုကျိ နေပါဦး”
“ဘာလဲ”
“အချိန်ရရင် ဖန်းလိုင်ကို ဧည့်သည်အနေနဲ့လာပေးနိုင်မလား” ဟွမ်းရှစ်ကျဲက မေးလိုက်သည်။
သူ ဖန်းလိုင်ကျွန်းကို မလာခဲ့တာအတော်ကြာပြီဖြစ်သည်။ ဖန်းလိုင်ကျွန်းသည် ကျွန်းကောင်းတစ်ကျွန်း အနေဖြင့် အမြဲတမ်းသတ်မှတ်ပြောဆိုခံရ၏။ နှစ်စဉ်နှစ်တိုင်း၌ ပါရမီရှင်များစွာကို မွေးထုတ်ခဲ့သည့်နေရာပဲဖြစ်သည်။
ကံဆိုးသည်မှာ လုကျိုး၌ တက်ရောက်စရာကိစ္စများစွာရှိခဲ့ပြီး အချိန်ပိုနှင့်ခွန်အားပိုမရှိခဲ့ပေ။ ထို့ကြောင့် သူက ပြောလိုက်၏။
“ဖန်းလိုင်ဂိုဏ်းက လောကီရေးရာတွေကို ဝင်စွက်ဖက်ပူပန်တာရှားပါးလွန်းတယ်။ မင်းတို့ကျွန်းသခင်ကလည်း ကျင်းစီရင်စုဆီကို တကယ်ရောက်လာတာ .... ဖန်းလိုင်ရဲ့ကျွန်းလေးက မင်းကို မကျေနပ်စေတော့ဘူးလို့ပြောဖို့ကြိုးစားနေတာလား”
ဟွမ်းရှစ်ကျဲက ထိတ်လန့်အံ့ဩသင့်သွားပြီးနောက် ပြောလိုက်သည်။
“ကျုပ်တို့မှာ ရွေးချယ်စရာမရှိဘူး။ တကယ်တော့ ကျုပ်တို့တွေ...”
ဤကမ္ဘာကြီးထဲ၌ မည်သည့်အရာမှ အခမဲ့မရပေ။
လုကျိုးက လက်ဝေ့ယမ်းလျက်ပြောလိုက်သည်။
“မင်းရဲ့ကဏ္ဍကို ကောင်းကောင်းလုပ် မင်းအပိုင် မဟုတ်တာတွေကို လုယူဖို့မလုပ်နဲ့”
ဟွမ်းရှစ်ကျဲက ပြန်မပြောရဲတော့ချေ။ သူက တစ်ခါတည်းပြောလိုက်တော့၏။
“သင်ပြပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုကျိ”
ကျန်သည့်ဖန်းလိုင်ဂိုဏ်းသားများကလည်း အရိုအသေပေးလိုက်၏။
“သင်ပြပေးတာ ကျေးဇူးတင်ပါတယ် လောင်ချန်းပေ့ကျိ”
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို မည်သူကများ ဆန့်ကျင်ပြောဆိုရဲမည်နည်း။
စီးဝူယာ့သည် စိတ်အေးသွားတော့သည်။ ဟွမ်းရှစ်ကျဲ ပေါ်လာချိန်မှစပြီး သူ အစိုးရိမ်အပူပန်ဆုံးက လူအများ လောဘကြီးလာပြီး လုယက်မည့်အကြောင်းပဲ ဖြစ်သည်။ သူ၏တာ့ရှစ်ရှိုးက သူတို့၏ လိုအပ်ချက်ကို မတင်းတိမ်စေခဲ့လျှင်မည်သို့ဖြစ်မည်နည်း။ သို့သော် သူ့ရှစ်စွင်း၏စကားက ယင်းက အဟန့်အတားအဖြစ်ဖြင့် ဆောင်ရွက်ပေးသွားသည်။ သူတို့မည်မျှ ရည်မှန်းချက်ကြီးစေကာမူ အဟန့်အတားကို ကြည့်ရမည်။
ခန်းဆောင်ထဲကနေ ထွက်လာပြီးနောက် လုကျိုးသည် သူပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
စီးဝူယာ့သည် သူ့နောက်က လိုက်လာပြီးပြောလိုက်တော့၏။
“ဒါက အဖွဲ့တစ်ခုပဲရှိပါသေးတယ်။ ပတ်ဝန်းကျင်က နေချင်စရာပိုရှိပါတယ်”
“ဟုတ်ပြီ ... အခြေအနေက ခွင့်ပြုရင် ငါ ထပ်လာခဲ့မယ်” လုကျိုးက ပြော၏။
“တင်း ... ယွီကျန့်ဟိုင်ကို သွန်သင်ဆုံးမပြီးပါပြီ ... ဆုလာဘ်ကုသိုလ်မှတ်နှစ်ရာ"
“အမြဲတမ်းကြိုဆိုနေပါတယ် ရှစ်စွင်း” စီးဝူယာ့က ပြန်ပြောလိုက်၏။
“တင်း ... ယွီကျန့်ဟိုင်ကို သွန်သင်ဆုံးမပြီးပါပြီ ... ဆုလာဘ်ကုသိုလ်မှတ်နှစ်ရာ"
သူတို့ စကားအနည်းငယ်ပြောပြီးနောက် လုကျိုးက နေရန်ဆုံးဖြတ်လိုက်သည်။ သူက ပိအန်းကို ဆင့်ခေါ်လိုက်၏။
ခရုလေးနှင့်လုကျိုးက နတ်ခြင်္သေ့ပေါ်ခုန်တက်ပြီး ပျံထွက်သွား၏။
ငရဲဂိုဏ်းသားများနှင့် ဖန်းလိုင်ဂိုဏ်းသားများက သက်ပြင်းချလိုက်သည်။
စီးဝူယာ့က မျက်နှာပေါ်ရှိချွေးများကိုသုတ်လိုက်တော့၏။
ဟွားချုံးယန်က ဒူးထောက်လိုုက်သည်။
“သတ္တမသခင်လေး ကျုပ်အရည်အချင်း မပြည့်ဝမှုအတွက် ပြင်းပြင်းထန်ထန်အပြစ်ပေးပါ။ အပြစ်ဒဏ်က မပြင်းရင် စိတ်အေးတော့မှာမဟုတ်တော့ဘူး”
စီးဝူယာ့က သက်ပြင်းချလျက် ခေါင်းခါကာ ပြောလိုက်တော့သည်။
“အပြစ်ပေးရမှာပေါ့ ဒါပေမဲ့ အခုတော့မဟုတ်ဘူး။ ကျင်းစီရင်စုရဲ့တိုက်ပွဲက စတော့မယ်။ အကျိုးသယ်ပိုးပြီး အပြစ်ကိုချေ”
ဟွားချုံးယန်က ပြော၏။ “အကောင်းဆုံးကြိုးစားပါ့မယ်”
စီးဝူယာ့က ဟွမ်းရှစ်ကျဲကိုကြည့်လိုုက်တော့သည်။
“ချန်းပေ့ဟွမ်း ပင်ပန်းနေမှာပဲ ဒီမှာတစ်ညလောက်အနားယူပါလား”
“ဘာမှမဟုတ်ဘူး” ဟွမ်းရှစ်ကျဲက သူ၏တပည့်များကိုခေါ်ပြီးထွက်သွားတော့၏။
လူတိုင်းထွက်သွားချိန်၌ စီးဝူယာ့သည် ယွီကျန့်ဟိုင်၏အခန်းဆီသို့ထွက်သွားလိုက်၏။
အတော်ကြာပြီးနောက် အခန်းအပြင်ဖက်တွင်ရပ်နေကာပြောလိုက်သည်။ “တာ့ရှစ်ရှိုး ... ရှစ်စွင်းထွက်သွားပါပြီ”
တိတ်ဆိတ်နေလေ၏။ အခန်းထဲကနေ အကြောင်းပြန်မှုမရှိပေ။
“တာ့ရှစ်ရှိုး”
အကြောင်းပြန်မှုမရှိပေ။
“ရှစ်စွင်း တကယ်ထွက်သွားပါပြီ တကယ်ပြောတာပါ”
စီးဝူယာ့က ထူးဆန်းသွားတော့သည်။ တာ့ရှစ်ရှိုး၏ခန္ဓာကိုယ်ကို အစောတုန်းက ကနဦးချီဖြင့် စစ်ဆေးစဉ် ဘာပြဿနာမှမရှိပေ။ သူ၏ရှစ်စွင်းက သူ၏ကျင့်ကြံဆင့်ကိုလည်း ပြန်ဖွင့်ပေးခဲ့ပြီးနောက် သူ၏ကုသခြင်းစွမ်းရည်ဖြင့် ယခုလောက်ဆိုနိုးထသင့်ပြီဖြစ်သည်။
သူ ဇဝေဇဝါဖြစ်နေစဉ်၌ အသံတစ်သံပေါ်ထွက်လာ၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့နာမည်ကို သုံးတဲ့ သူ့လုပ်ရပ်တွေကို ငါ အမြဲမှတ်ထားမယ်လို့ ယွီကျန့်ဟိုင်ကို ပြောလိုက်”
“တင်း ... ယွီကျန့်ဟိုင်ကို သွန်သင်ဆုံးမပြီးပါပြီ ... ဆုလာဘ်ကုသိုလ်မှတ်ငါးရာ"
စီးဝူယာ့က တုန်ယင်သွား၏။ သူ တစ်ချက်လှည့်ကြည့်လိုက်သည်။ မော့ကြည့်လိုက်ရာ ဝေဟင်ထက်၌ ပျံဝဲနေသော နတ်ခြင်္သေ့ကိုတွေ့လိုက်ရသည်။ “ဟုတ်ကဲ့ရှစ်စွင်း”
ခရုလေးက နတ်ခြင်္သေ့၏နောက်ကျောပေါ်၌ လုကျိုးရှေ့တွင်ထိုင်နေ၏။
သူ့ရှစ်စွင်း၏ လှုပ်ရှားမှုများကို အမှန်တကယ်မမှန်းဆနိုင်ပေ။ သူ့အတွေးများကို မည်သူက ထုတ်ဖော်ရဲမည်နည်း။
စီးဝူယာ့ထပ်မော့ကြည့်သည့်အချိန်၌ နတ်ခြင်္သေ့သည် မိုးကုပ်စက်ဝိုင်းထဲ၌ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပြီးနောက် သူသည် သုသာန်တစပြင်သို့တိတ်ဆိတ်နေသော တာ့ရှစ်ရှိုး၏အခန်းသို့ ကြည့်လိုက်၏။ သူက အတွေးတချို့ရကာ ပြောလိုက်သည်။
“ကြည့်ရတာ တာ့ရှစ်ရှိုးက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ပုံပဲ” ထိုသို့ပြောပြီးနောက် သူ ထွက်သွား၏။
အခန်းက မှောင်မည်းတိတ်ဆိတ်နေလေသည်။
ယွီကျန့်ဟိုင်သည် စီးဝူယာ့ထွက်သွားပြီးနောက် မျက်လုံးဖွင့်လိုက်၏။ သူက မျက်နှာကြက်ကို ကြည့်ပြီးနောက် ဆက်အိပ်လိုက်တော့သည်။
နောက်နေ့နံနက်တွင် စီးဝူယာ့သည် အခန်းအပြင်ဖက်၌ ထပ်ရပ်နေပြန်သည်။ သူက အရိုအသေပေးလျက်ပြောလိုက်သည်။
"တာ့ရှစ်ရှိုး"
လှုပ်ရှားမှု မရှိသေးပေ။ ဟုတ်ပြီ ... ဒါကတော့လွန်လွန်းသွားပြီ။ စီးဝူယာ့က ပြောလိုက်၏။
“တာ့ရှစ်ရှိုး ခုနစ်ရက်အတွင်း ကျင်းစီရင်စုကို ဖြေရှင်းဖို့ အစီအစဉ်ကောင်းတစ်ခုရထားပါတယ်”
ဘန်း
တံခါးသည် ကနဦးချီဖြင့် တွန်းဖွင့်ခံလိုက်ရသည်။
ယွီကျန့်ဟိုင်သည် လက်နောက်ပစ်လျက်လျှောက်လာ၏။
“တာ့ရှစ်ရှိုး မနေ့က ကောင်းကောင်းအနားယူခဲ့ပါရဲ့လား”
“ငါ အိပ်မက်ရှည်ကြီးမက်ခဲ့တာ မသက်သာသလိုခံစားရတယ်” ယွီကျန့်ဟိုင်က အကြောဆန့်လိုက်လေ၏။