← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀) သဘာဝဆန်ဆန် အနှောင်အဖွဲ့ကင်းသော

အိပ်မက်လား…

စီးဝူယာ့က နားလည်သွားကာ “ အခုတလော တာ့ရှစ်ရှိုး ကြိုးစားလွန်းနေတယ်။ ဂိုဏ်းကို ကျွန်တော်ဆီ အပ်ခဲ့ပြီးတော့ ရက်ပိုင်းလောက် အနားယူလိုက်ပါ့လား”

“အကြံကောင်းပဲ။ ရှစ်တိလေး ကျေးဇူးပါ” ယွီကျန့်ဟိုင်က လက်မြောက်လိုက်သည့်အခါ လေထုထဲ စည်းတံဆိပ်တစ်ခု ထွက်လာသည်။

အနီးအနားမှ ကွေ့နျူက သူ့ဆီ ရောက်လာသည်။

ယွီကျန့်ဟိုင်က ကျောပေါ်တက်လိုက်ကာ ပြောလိုက်သည်။ “နောက်နှစ်ရက်နေရင် ပြန်တွေ့မယ်”

“တာ့ရှစ်ရှိုး ကောင်းကောင်းသွားပါ ”

မူး

ကွေ့နျူက အသံရှည်အော်ကာ လေထဲမှ ထွက်သွားလေသည်။

ထိုစဉ် ဟွားချုံးယန်က အလျင်စလို ပြေးလာသည်။ သူက နဖူးပေါ် လက်တင်လိုက်ကာ အချိန်တချို့ စောင့်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ ဂိုဏ်းချုပ်က ဘာလို့အလျင်လိုနေပါ့လိမ့်”

စီးဝူယာ့က သူ့အား လျစ်လျူရှုကာ အစည်းအဝေးခန်းဆီ ဦးတည်လိုက်သည်။

…………………..

မိစ္ဆာဝေဟင်မျှော်နန်း

တွမ့်မူရှန်း၊ ကျောင်းယွဲ့၊ ကျူးဟုန်ကုန်းနှင့် ရှောင်ယွမ်အာတို့က မိန်းကလေးခရုနား ဝိုင်းနေကြသည်။ ကြည့်ရသည်မှာ သူတို့က သူမ ထွက်ပြေးသွားမည်ကို စိုးရိမ်နေဟန်ပေါ်သည်။

“ ရှစ်စွင်းက သူမကို အနိုင်မကျင့်ဖို့နဲ့ မခြောက်ဖို့ ပြောထားတယ်” ကျူးဟုန်ကုန်းက ခရုလေးကို ပြုံးပြလိုက်သည်။

တစ်ယောက်က သက်ပြင်းချလိုက်ပြီး “သူ့အသက်အရွယ်နဲ့ ရှစ်စွင်းက ဘာလို့ ကလေးတစ်ယောက်ကို ပြန်ခေါ်လာပါ့လိမ့်”

“ သူ အိမ်ထောင်မကျဘဲ မွေးလာတဲ့ သမီးများလား” ကျူးဟုန်ကုန်းက ရေရွတ်လိုက်သည်။

ဘုန်း

“အား ”

“စန်းရှစ်ရှိုး ဘာလို့ရိုက်တာလဲ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“ မင်းက ရှစ်စွင်းနောက်မှာ အတင်းတုပ်နေတယ်ဆိုတော့ သေချင်နေတာလား” တွမ့်မူရှန်းက အလေးအနက် ပြောလိုက်သည်။

“အာ ဟုတ်သားပဲ ”

ကျောင်းယွဲ့က ခရုလေးရှေ့ ရောက်လာကာ လက်ဝေ့ပြလိုက်သည်။

ထို့နောက် သူမက အသာပြုံးကာ “နာမည် ဘယ်လိုခေါ်လဲ”

“ခ … ခရုလေးပါ” သူမက လက်တစ်ဖက်တွင် ပုလွေကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ခရုခွံလေးကို ကိုင်ထားသည်။

“ နာမည်အရင်းက ခရုလေးလား” ကျူးဟုန်ကုန်းက အပြုံးလေးဖြင့် မေးလာသည်။

ရှောင်ယွမ်အာက ခရုလေးဘေးနား ရောက်လာကာ အရပ်တိုင်းကြည့်လိုက်သည်။ သူတို့က အရပ်အတူတူ ဖြစ်နေကြောင်း သိလိုက်ရပြီးနောက် ခရုလေးအနား ကွေ့ပတ်ကာ မေးလိုက်သည်။

“ အိမ်က ဘယ်မှာလဲ ”

“ဟိုးအဝေးကြီးမှာ” ခရုလေးက အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

ရှောင်ယွမ်အာက နောက်ပြန်ဆုတ်လာပြီး ကျောင်းယွဲ့ အင်္ကျီအား ဆွဲကာ ပြောလိုက်သည်။ “ရှစ်ကျဲ သူမက ဉာဏ်ကောင်းတယ်တော့ မထင်ဘူး ”

ခရုလေးက မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြင့် မေးလာသည်။ “ ဉာဏ်မကောင်းတာက ဘာလဲ”

“နင်က တုံးတယ်လို့ ပြောတာ”

“တုံးတာလား ”

တခြားလူများက ယခုသဘောပေါက်သွားကြသည်။ ခရုလေးက အမှန်ပင် ဉာဏ်မကောင်းလှပေ။

ရှောင်ယွမ်အာက ပြုံးလိုက်ပြီး “ ကိစ္စမရှိပါဘူး။ အခုကစပြီး ငါ နင့်ကို ကာကွယ်ပေးမယ်။ နင့်ကို အနိုင်ကျင့်တဲ့သူတိုင်းရဲ့ ခေါင်းကို ခြေမွှပစ်ပေးမယ်”

“ကျေးဇူးပါ” ခရုလေးက ပြောလိုက်သည်။

“သွားကြစို့ … ငါတို့တွေ ပျော်စရာတွေရှိတယ်”

“အင်း ”

မိန်းကလေးနှစ်ယောက်သား လက်ချင်းတွဲလျက် တောင်ဆီ ပြေးသွားကြသည်။

တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ကျူးဟုန်ကုန်းတို့က ထိုမိန်းကလေးများ၏ ထွက်ခွာသွားသည့် ကျောပြင်အား ကြည့်ကာ ဆွံအနေမိသည်။

သူတို့က ခရုလေးကို မေးခွန်းတွေ ဝိုင်းမေးဖို့ မဟုတ်ဘူးလား … နောက်ဆုံးအချိန်လေးမှာ ရှောင်ယွမ်အာက ဘာလို့ဖောက်သွားရတာလဲ

……………..…

အရှေ့ဘက်မျှော်နန်းဆောင်၌

လုကျိုးက ကျောမတ်မတ်ထိုင်ကာ စနစ်မှ အမှတ်များအား ကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၅၄၆၈၀

ကျင်းစီရင်စုဆီ သွားလိုက်သည့် ခရီးမှ သူ ထင်ထားသည့်ထက် အမှတ်များ ပိုရလာခဲ့သည်။

သူက ထိုက်ရှုကျောင်းတော်မှ ကျန်းရန်ယီ၊ ဟုန်ချူးအဖွဲ့မှ ကျန့်ခန်နှင့် ကျင်းစီရင်စု၏ ဒုစစ်သူကြီး နဉ်ဟန်တို့ကို သတ်လိုက်ခြင်းမှ ကုသိုလ်ရမှတ်ထောင်ချီမျှသာ ရလိုက်လေသည်။ ကျန်ရှိနေသည့် အမှတ်များက ယွီကျန့်ဟိုင်ဆီမှ ဖြစ်၏။

ဒီငမိုက်သားက ငါရှိနေရင်ကို အဆင်မပြေတွေ ဖြစ်နေတာပဲ … ငါ ကုသိုလ်ရမှတ် လိုတိုင်း သူ့ဆီ သွားတွေ့သင့်တယ်

လုကျိုးက စနစ်ပေါ်မှ သင်ပြဆုံးမပေးရမည့် တာဝန်များကို ကြည့်လိုက်သည်။

သူ့တပည့်ရှစ်ယောက်ကို သင်ကြားဆုံးမသည့် တာဝန်က စနစ်ပေါ်တွင် ပေါ်နေပြီ ဖြစ်ပြီး ပြီးမြောက်လုနီးပါး ဖြစ်နေလေပြီ။

သူက အောက်ခြေတွင် တာဝန်တစ်ခု ထပ်ရှိနေသည်ကို သတိပြုမိလိုက်၏။

အမျိုးသမီးလော့ကို ရှာပါ … တိုးတက်နှုန်း - ဆောင်ရွက်နေဆဲ

“ အဲဒီအမျိုးသမီးလော့ဆီမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနေမှာလဲ။ သူမက ဘယ်မှာလဲ”

စနစ်ပေါ်တွင် တစ်ခုခု ပေါ်ထွက်လာသည်ဖြစ်၍ ထိုလူသည် အသက်ရှင်လျက် ရှိနေသေးကြောင်း ဆိုလိုနေသည်။ ယခုကား သူမကို ဖြည်းဖြည်းချင်း ရှာဖို့သာ ကျန်ရှိတော့သည်။

လုကျိုးက ကုသိုလ်ရမှတ်များကို ထပ်ကြည့်လိုက်သည်။ သူက ရွှေကြာပွင့်ချပ်လွှာကို ဝယ်ရမလားဟု စဉ်းစားနေသည်။ သူ့အနေနှင့် ကုသိုလ်ရမှတ်ကို စုဆောင်းပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူလိုက်ခြင်းက အနည်းငယ် လက်တွေ့မဆန်ပေ။ သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ဘေးတွင် မှတ်ချက်ကို သတိထားမိလိုက်၏။ သူ့အနေနှင့် ထိုအရာကို ဝယ်ယူဖို့ ပွင့်ချပ်ရှစ်လွှာအဆင့် အထက် ရောက်ဖို့ လိုအပ်လေသည်။ တခြားနည်းဖြင့်ဆိုရလျှင် ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်ရမည်။ ဘုံတစ်ထောင်လေပွေက အလှမ်းကွာနေသေး၏။

သို့သော်လည်း ရွှေကြာပွင့်ချပ်ကို ဝယ်ခြင်းက ဖြုန်းတီးလွန်းရာ ဖြစ်နေပေသည်။ သူက ကျင့်ကြံရေးမှ ပွင့်ချပ်တစ်လွှာမှ ငါးလွာအဆင့်အထိ ရောက်နိုင်သည်။ သူက ရွှေကြာပွင့်ချပ်ဘေးတွင်လည်း မှတ်ချက်ကို မြင်လိုက်ရ၏။ သူက တကယ်လိုအပ်သည့် နေရာ၌သာ သုံးဖို့ ကုသိုလ်ရမှတ်များကို စုထားလိုက်သည်။

လုကျိုးက ထိုအကြောင်း တွေးလိုက်မိသည့်အခါ ရေရွတ်လိုက်သည် “ကံစမ်းမဲ”

“တင်း … ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ငါးကတ် ရရှိပါတယ် ”

အစကောင်းလေးပဲ …

သို့သော်လည်း လုကျိုးက နောက်ထပ် ကံစမ်းလိုက်သည့်အခါ ကျေးဇူးတင်ကြောင်း စာဆယ်ကြောင်းသာ ရရှိခဲ့သည်။ ထို့နောက် သူက လက်လျှော့လိုက်၏။

သူက စနစ်ကို ပိတ်လိုက်သည်။

သူက စွမ်းအင်ဗဟိုချက်မှ ချီပင်လယ်အပေါ် လက်တင်လိုက်သည်။ ကနဦးချီက သူ့ချီသွေးကြောရှစ်ခုအတွင်း စီးဆင်းနေသည်။ သူ့ချီပင်လယ်က အရင်းအမြစ်တစ်ခုလို ဖြစ်နေသည်။ ချီများက ထွက်ပေါ်လာကာ သူ့ချီပင်လယ်အား ဖြည့်သွားလေ၏။ သူ့ကျင့်ကြံနှုန်းက ပထမဆုံး ဒီကမ္ဘာ ရောက်လာခါစထက် တိုးတက်လာသည်။

လုကျိုးက စိတ်ရှင်းရှင်းထားကာ စတင်ကျင့်ကြံလိုက်သည်။

…………………..

ထိုစဉ်

ခရုလေးနှင့် ရှောင်ယွမ်အာတို့က လျှောက်သွားနေကြသည်။

“ဒါက ရှစ်စွင်း နေတဲ့ အရှေ့ဘက်မျှော်နန်းဆောင် … အရေးကြီးတာ မဟုတ်ရင် သွားမရှုပ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် အရိုက်ခံရလိမ့်မယ်။

ဒါက တောင်ဘက်မျှော်နန်းဆောင် … ရှစ်ရှိုးတွေ၊ ရှစ်ကျဲတွေက ဒီမှာနေကြတာ။ ပြီးတော့ အဘိုးကြီးသုံးယောက်နဲ့ အဘွားတစ်ယောက်လည်း ရှိသေးတယ်။ ဒါက တခြားတပည့်တွေ နေတဲ့ အနောက်ဘက် မျှော်နန်းဆောင်။ စာအုပ်တွေ၊ လက်နက်တွေနဲ့ ကျင့်စဉ်တွေကိုလည်း အနောက်ဘက် မျှော်နန်းဆောင်မှာ သိမ်းထားတယ်။ ဒါက မြောက်ဘက် မျှော်နန်းဆောင် .. သိုလှောင်ခန်းနဲ့ သိုလှောင်ခန်းအတွက် အသုံးပြုထားတာ” ရှောင်ယွမ်အာက ရှင်းပြလိုက်သည်။

“ မြောက်ဘက်မျှော်နန်းဆောင် အနောက်ဘက်က တောင်အနောက်ပဲ” ရှောင်ယွမ်အာက ခရုလေးအား တောင်အနောက်ဘက်သို့ ခေါ်လာသည်။

ထိုစဉ် သူတို့က သစ်ပင်ပေါ်တွင် အသက်ရှည်ဓားကိုင်ကာ ရပ်နေသည့် ယွီရှန်းရုန်ကို မြင်လိုက်ရသည်။ သူ့အကြည့်များက အဝေးရောက်နေကာ စိတ်လွင့်နေမှန်း သိသာလှသည်။ သူ့လက်ထဲတွင် စာတစ်စောင် ကိုင်ထားသေး၏။

“သူက ဘယ်သူကြီးလဲ။ သူ့ကြည့်ရတာ ထူးဆန်းတယ်” ခရုလေးက သိချင်စွာ မေးလိုက်သည်။

ရှောင်ယွမ်အာက ရယ်လိုက်ပြီး “သူ့ကို စိတ်ထဲထားမနေနဲ့။ သူက သစ်ပင်ထိပ်ဖျားရောက်နေတာ ကြာလှနေပြီ”

သူမအသံက ယွီရှန်းရုန် စာကို သိမ်းလိုက်သည်ကို မြင်သည့်အခါ တိုးဝင်သွားသည်။ သူက လေထဲကျွမ်းထိုးကာ သူတို့ရှေ့ ဆင်းလာသည်။

ရှောင်ယွမ်အာက လျှာလေးထုတ်ကာ ခေါင်းငုံ့လိုက်ပြီး “ အာ့ရှစ်ရှိုး ”

ယွီရှန်းရုန်က ပြုံးလိုက်ပြီး သူမခေါင်းကို အသာဖွကာ မေးလိုက်သည် “ဧည့်သည်လား”

“မင်္ဂလာပါ … ကျွန်မက ခရုလေးပါ” ခရုလေးက လက်တစ်ဖက် ထုတ်ကာ ချိုသာစွာ ပြုံးလာသည်။

“မင်္ဂလာပါ ”

“ခရုလေးတဲ့လား … နာမည်ကောင်းပဲ” ယွီရှန်းရုန်က ချီးကျူးလိုက်သည်။

ရှောင်ယွမ်အာက ခရုလေးအား တောင်အနောက်သို့ ဆွဲခေါ်ကာ ပြေးသွားလေသည်။ သူမက လှမ်းပြောလိုက်သေး၏။

“အာ့ရှစ်ရှိုး … ရှစ်စွင်းက သူမကို ဒီခေါ်လာတာ။ ညီမက သူမကို လိုက်ပြဖို့ တာဝန်ယူထားတာ”

“ရှစ်စွင်းကလား”

ယွီရှန်းရုန်က မိန်းကလေးခရုအား မသင်္ကာဖွယ်ကြည့်လိုက်သည်။ တုံးအကာ ဖြူစင်နေသည်မှအပ သူမအနေနှင့် ထူးခြားသည့်အရာ မရှိပေ။ သူ့ရှစ်စွင်းက တောင်ပေါ်ကို လူခေါ်လာခဲ၏။

ဘာလို့ အခုခေါ်လာရတာလဲ …

သူက မေးခွန်း ဆက်မမေးနိုင်ခင် ရှောင်ယွမ်အာနှင့် ခရုလေးတို့က တောင်အနောက်သို့ ထွက်သွားကြလေပြီ။

ယွီရှန်းရုန်က ထိုအရာကို စိတ်ထဲ မထားတော့ပေ။ သူက မြေပြင်မှ တောင်ပေါ်သို့ ပေါ့ပါးသွက်လက်စွာ ပျံသန်းသွားလိုက်သည်။

……………

ထိုစဉ် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို မြင်ကာ အချင်းချင်း ကြည့်လိုက်ကြသည်။

“အသစ်ရောက်လာတာလား”

“သူမကို လက်ညှိုးမထိုးနဲ့”

“တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ရမယ်လေ။ ဒီတစ်ခါ ဘာပဲဖြစ်ဖြစ် အလျင်စလို မပြုမူနဲ့ဦး”

“သိပြီ … ဒီတစ်ခါ ညီအစ်ကိုကျိုး စကားကို နားထောင်မယ်။ ငါတို့တွေ သူမကို တတ်နိုင်သမျှ ရှောင်ကြတာပေါ့”

နှစ်ယောက်သားက တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်သွားလိုက်တော့သည်။

………….

ညအခါ ကျရောက်လာသည်။

လုကျိုးက သူ့ချီပင်လယ်ထဲတွင် ကနဦးချီများဖြင့် ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည်။ ယခင်က သူသည် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ကျင့်ကြံဆင့်နှင့် နယ်ပယ်ကို အဆင့်တက်လှမ်းခဲ့သည်။ သူ့တွင် စုဆောင်းထားသည့် ကနဦးချီများကို မသုံးဖူးပေ။ ထို့ကြောင့် တိုးသာ တိုးလာလေ၏။ ယခုအခါ အများအပြား ဖြစ်လာလေပြီ။

“ငါ အဆင့်တက်နိုင်ပြီလား” လုကျိုးက စဉ်းစားလိုက်သည်။ သူ့အနေနှင့် အတွေ့အကြုံနှင့် အရည်အချင်းအရ ဤပမာဏဖြင့် ပွင့်ချပ်အသစ် ထွက်လာနိုင်ခြေရှိပုံပေါ်သည်။

…

အခန်း (၄၉၁) နောက်ထပ်ပွင့်ချပ်တစ်လွှာဖူးပွင့်ခြင်း

သူ ဤနေရာသို့ ပထမဆုံးကူးပြောင်းလာစဉ်က လုကျိုးသည် သူ၏ခန္ဓာကိုယ်ကြောင့် ကျင့်ကြံရာ၌ ခက်ခဲခဲ့လေသည်။ သူ အသုံးပစ္စည်းကတ်များကို အားကိုးပြီး ဤနေရာထိ ရောက်လာခဲ့တာဖြစ်သည်။ ယခုသူ၏ခန္ဓာကိုယ်က ခွန်အားမြင့်လာခဲ့ပြီး ကျင့်ကြံသည့်အရှိန်ကလည်း ယခင်ကထက် ပိုကောင်းလာ၏။

ဆိုရလျှင် အသုံးပစ္စည်းကတ်များက အသုံးပစ္စည်းကတ်များမျှသာ ဖြစ်သည်။ အတုအယောင် ပွင့်ချပ်ကိုးလွှာအကျော်အမော်သည် ခဏတာသာအရူးလုပ်နိုင်မည်ဖြစ်သော်ငြား တစ်သက်လုံး အရူးလုပ်နိုင်မှာ မဟုတ်ပေ။

ရွှေကြာဖြတ်တောက်ခြင်းခေတ်ကာလ ကျရောက်လာသည်နှင့် လူအများက ကြိုးစားပမ်းစား စတင်ကျင့်ကြံလာသည်။ လူသားထရီလီယံချီမှအပြင် ကျန်သည့်မျိုးနွယ်များလည်း ကြိုးစားနေကြသည်။ ပွင့်ချပ်ကိုးလွှာအဆင့်ကို နောက်ဆုံး ရယူကြိုးပမ်းနိုင်မည့် ပါရမီရှင်များ ရှိလာလိမ့်မည်။ သူ့၌ ခွန်အားအစစ်အမှန်မရှိခဲ့လျှင် ကြီးကျယ်ခမ်းနားသည့်စံနှုန်းဖြင့် ပွင့်လာမည့်အနာဂတ်ကို သူ မည်သို့ ရင်ဆိုင်ရမည်နည်း။

လုကျိုးက လက်ဖဝါးကို မြှောက်လိုက်၏။ ပဲ့တင်သံထွက်ပေါ်လာချိန်၌ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ ၎င်းက ပွင့်ချပ်တစ်လွှာရွှေကြာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ စိတ်ဝိညာဉ်သဏ္ဌာန်ပဲဖြစ်သည်။

ပွင့်ချပ်တစ်လွှာတည်းဖြင့် အထီးကျန်နေပုံရသည်။ သူသည်လည်း ဟန်လုပ်တာ များပြားသောကြောင့် ဖြစ်ဟန်တူ၏။ ဤတစ်ခုတည်းသော ပွင့်ချပ်တစ်လွှာကို နောက်ဆုံး၌ မြင်လိုက်ရသောအခါ အင်မတန်အားနည်းမှုကို ခံစားလိုက်ရသည်။

လုကျိုးက ခေါင်းခါလိုက်တော့၏။ သူ၏အားနည်းချက်ကိုပူဆွေးရမည့်အချိန်မဟုတ်ပေ။ သူက ‌ရွှေကြာကို အာရုံစိုက်ပြီး သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်းရှိ ကနဦးချီကို လှည့်ပတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ထဲ၌ပြောင်းလဲသွားသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်၌ ရောင်ခြည်များ၏ ရွှေရောင်ကွင်းများ ပေါ်လာပြီး အောက်သို့ ဆင်းသက်သွားသည်။

ပွင့်ချပ်တစ်လွှာဖူးပွင့်ခြင်းသည် သစ်ပင်တစ်ပင်ကို ပျိုးထောင်ခြင်းနှင့် တူ၏။ အာဟာရနှင့် လိုအပ်ချက်တို့ ပြည့်မီချိန်၌ အပင်က အညှောင့်ပေါက်ပြီးကြီးထွားလာသည်။ ၎င်း၌ ပွင့်ချပ်ပိုရှိလေ အပင်ကြီးထွားနှုန်း ပိုရှိလေဖြစ်၏။

တစ်ခါတစ်ရံတွင် လုကျိုးက ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာအမည်များအကြောင်းတွေးဆမိ၏။ အကြောင်းမှာ စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသောကြောင့် ဖြစ်သည်။ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ပြီးနောက် နောက်ထပ်နယ်ပယ်အကြောင်း မှတ်တမ်းများလည်းရှိ၏။ ဆန်းကြယ်ကောင်းကင်နယ်ပယ် ... ထိုသို့ဆိုလျှင် ပွင့်ချပ်ရှစ်လွှာအဆင့်၌ ပိတ်မိနေသည့် ကျင့်ကြံသူများစွာ အဘယ်ကြောင့် များပြားနေရသနည်း။ ပွင့်ချပ်ကိုးလွှာအဆင့်ကို အဘယ်ကြောင့် မတတ်နိုင်ရသနည်း။ ပွင့်ချပ်ကိုးလွှာအဆင့်၏ ကမ္ဘာကြီးထဲ၌ မည်သည့်လျှို့ဝှက်ချက်များ ပါဝင်နေသနည်း။ မရေမတွက်နိုင်သော ယခင်လူများက ထိုနယ်ပယ်ကို ယခင်က ရှာဖွေကြည့်ခဲ့ရမည်။ သို့သော် သူတို့အားလုံးက သမိုင်းကြောင်းဒီရေအောက်၌ မြှုပ်နှံခံလိုက်ရ၏။

အမြဲစိမ်းနန်းတော်ရှိ သီးခြားအဆောင်ထဲ၌ ဧကရာဇ်လျှိုကုကလည်း ပွင့်ချပ်ဖူးပွင့်အောင် ကြိုးစားနေသည်။

အံ့ဖွယ်မြို့တော်နှင့်တော်ဝင်အစောင့်များကို အမိန့်ပေးနိုင်သောလျှိုကုသည် ရွှေကြာကို ဖြတ်တောက်ပြီးနောက် တတ်နိုင်သမျှမြန်မြန်ကျင့်ကြံနေလေ၏။

အစောင့်က လက်ထဲ၌ လင်ပန်းတစ်ချပ်ကို ကိုင်လျက် အမြဲစိမ်းနန်းဆောင်ထဲသို့ ကသုတ်ကရိုက် ဝင်လာသည်။ ခုခံမှုအလွှာလွှာကို ဖြတ်ကျော်ပြီးနောက် စာကြည့်ဆောင်ထဲရောက်လာ၏။ သူက ဒူးထောက်လျက် တလေးတစား လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး ခုနစ်စင်ကြယ်ကျောင်းတော်က နောက်ထပ်ပွင့်ချပ်ဖူးပွင့်ဆေးလုံးသန့်စင်လိုက်ပါပြီ”

ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေချိတ်ထိုင်နေသော လျှိုကုကမျက်လုံးဖွင့်လျက် လင်ပန်းပေါ်ကို ကြည့်လိုက်သည်။ “ဆေးလုံးတစ်လုံးလား”

“ပွင့်ချပ်ဖူးပွင့်ဆေးလုံးတစ်လုံး သန့်စင်ဖို့အချိန်အတော်ကြာယူရပါတယ်။ လူအင်အား၊ အရင်းအမြစ် ပမာဏအများကြီးလိုအပ်တာပါ။ ကျောင်းအုပ်ကျိုးက အကောင်းဆုံးကြိုးစားထားတာလို့ ပြောပါတယ်” သူလျှောက်တင်နေစဉ် အစောင့်၏အသံကတုန်ယင်နေ၏။ တိတ်ဆိတ်မှုက ခဏတာ ပေါ်လာသည်။

ပြီးနောက် လျှိုကုက ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို သူ့ဆီယူလိုက်သည်။

“ငါ့အမိန့်ကို ပြောလိုက် ... ခုနစ်စင်ကြယ်ကျောင်းတော်က ပွင့်ချပ်ဖူးပွင့်ဆေးလုံးသန့်စင်ဖို့ အရင်းအမြစ်အားလုံးကို သုံးရမယ်။ တော်ဝင်မိသားစုက လိုအပ်တဲ့ကုန်ကြမ်းအားလုံး ထောက်ပံ့ပေးမယ်။ တော်ဝင်အစောင့်က လွဲရင် အရင်းအမြစ်အားလုံးရနိုင်တယ်”

“နားလည်ပါပြီ” အစောင့်သည် စာကြည့်ဆောင်ထဲကနေတလေးတစားဆုတ်ခွာသွား၏။

အခန်းက တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

လျှိုကုက လက်မြှောက်လိုက်သည်။ သူ၏ကနဦးချီကို သုံးလိုက်ချိန်၌ စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာ၏။

တောက်ပနေသော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် တစ်ခန်းလုံးလင်းထိန်သွားစေသည်။ မျောလွင့်နေသော စိတ်ဝိညာဉ်သဏ္ဌာန်အောက်၌ ရွှေကြာမရှိပေ။ တောက်ပသည့် ရွှေရောင်ပွင့်ချပ်လေးလွှာက စိတ်ဝိညာဉ်သဏ္ဌာန်နား၌ လည်ပတ်နေ၏။

လျှိုကုက စိတ်ကျေနပ်စွာ ခေါင်းညိတ်တော့သည်။ သူက လက်မြှောက်လျက် သူ့ပါးစပ်ထဲသို့ သန့်စင်ထားကာစ ပွင့်ချပ်ဖူးပွင့်ဆေးလုံးကိုပစ်ထည့်လိုက်သည်။

သူ လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။

ဖုန်း

စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွားသည်။ ဆေးလုံး၏အာနိသင်ကလည်း မကြာမီ၌ ပေါ်လာလိမ့်မည်။

သူက စတင်ကျင့်ကြံတော့မည့်အချိန်တွင် သူ မျက်လုံးဖွင့်လိုက်၏။ သူက အော်ပြောလိုက်သည်။

"ဟေ့ လူတွေ တစ်ယောက်ယောက်” အစောင့်က အမြန်ပြေးလာ၏။ သူအခန်းထဲ ပြေးလာစဉ် စာကြည့်ဆောင်ထဲရှိနံရံနှင့် စားပွဲတို့ကို တိုက်မိသွား၏။ သူက မော့ကြည့်လိုက်ရာ ဒေါသထွက်နေသော လျှိုကုကို တွေ့လိုက်ရသည်။

“အရှင် ... အရှင်မင်းကြီး”

“ပွင့်ချပ်ဖူးပွင့်ဆေးလုံးရဲ့အာနိသင်က မလုံလောက်ဘူး။ ဒါ ဘာကြောင့်လဲ” လျှိုကုက မေးလိုက်၏။

“အရှင်မင်းကြီး ကျောင်းအုပ်ကျိုးကိုယ်တိုင် ထုပ်ပိုးပြီးမှ ဒီနားကိုပို့လိုက်တာပါ။ ဒါက ပွင့်ချပ်ဖူးပွင့်ဆေးလုံးတွေထဲမှာအကောင်းဆုံးဆေးလုံးပါပဲ” အစောင့်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

လျှိုကုက မျက်မှောင်ကျုံ့ကာ ဇဝေဇဝါဖြစ်သွားသည်။ “ငါ့ရဲ့နယ်ပယ်တိုးတက်လာတာ ကြောင့်များ လား”

နယ်ပယ်မြင့်လေ တိုးတက်ရန် ပိုခက်ခဲလာလေဖြစ်သည်။ ရှေးယခင်တည်းက ဘယ်တော့မှ မပြောင်းသည့် စည်းမျဉ်းတစ်ခုပဲ ဖြစ်၏။

သို့သော် ဆေးလုံး၏အာနိသင်က အလွန်အားလျော့လှပေသည်။

၎င်းကို စဉ်းစားပြီးနောက် လျှိုကုကပြောလိုက်သည်။ "မောင်မင်း အခုထွက်သွားနိုင်ပြီ”

“နားလည်ပါပြီ” အစောင့်ကလည်း သံသယဖြစ်သွားသည်။ သို့သော် သူက ဧကရာဇ်ကို အမေးမထုတ်ရဲချေ။ အခန်းထဲကနေ တလေးတစား အမြန်ဆုတ်ခွာသွားသည်။

ခုနစ်စင်ကြယ်ကျောင်းတော်အပြင်ဖက်တွင် ဖြစ်၏။

ကျောင်းသားတစ်ယောက်သည် ဆီးအိုးကို သယ်လာလျက် အပြင်ဖက်သို့ လျှောက်လာသည်။

“ဘေးကို ... ဘေးကို” ကျောင်းသားက လမ်းဆက်လျှောက်နေ၏။

တပည့်များစွာက နှာခေါင်းပိတ်လျက် လမ်းဖယ်ပေးလိုက်သည်။

“အဲဒီကောင် မင်း ဘာဖြစ်နေလဲ ... အနားမှာ ဘယ်သူမှမရှိတဲ့အချိန်ကျမှ မလုပ်နိုင်ဘူးလား”

ထိုကျောင်းသားက မော့ကြည့်ပြီးနောက် ရယ်မောကာပြောလိုက်သည်။

"ငါ ... ငါ တောင်းပန်ပါတယ်”

“မင်းကို ငါ အရင်က ဘာကြောင့် မမြင်ဖူးတာပါလိမ့်” ချဉ်စုတ်စုတ်မျက်နှာဖြင့် တပည့်က ရောက်လာသည်။

“ငါက အသစ်လေ ... မဟုတ်ရင် ဒါလုပ်နေရမှာ မဟုတ်ဘူး”

“ဒီလိုလား ... မင်းရဲ့တံဆိပ်ကို ပြကြည့်”

အတိတ်တုန်းကသာဆိုလျှင် သူသည် ထိုကဲ့သို့ နိမ့်ပါးသည့်သူကို စိတ်ထဲထားမှာမဟုတ်။ သို့သော် ယခုက ခုနစ်စင်ကြယ်ကျောင်းတော်အတွက် တမူထူးခြားသည့်အချိန်ဖြစ်နေသည်။ တင်းတင်းကြပ်ကြပ် စစ်ဆေးရမည်။ သူတို့သည် မည်သည့်အမှားမှခွင့်မပြုနိုင်ပေ။ ကျောင်းတော်ထဲသို့ ဝင်ထွက်သွားလာသည့် လူတိုင်းကိုစစ်ဆေးရမည်။ “ရတာပေါ့” ဆီးအိုးဖြင့် ကျောင်းသားက တံဆိပ်ကိုထုတ်လျက်ပေးလိုက်သည်။

“လူကြီးမင်းရီလား။ ဒီတံဆိပ်က ဘာကြောင့် အသစ်ဖြစ်နေရတာလဲ”

“အသစ်ပေါ့ လတ်တလောကမှထွင်းထုထားတာလေ”

“ဟမ်”

ဝှစ်

လေထဲ၌ အေးစက်စက်အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် ခွဲခွာချိတ်ကောက်သည် သူ၏ လည်ပင်းကို ဖြတ်သွားလေ၏။ မင်ရှစ်ရင်က သူ့ပါးစပ်ကိုပိတ်လိုက်သည်။ လက်တစ်ဖက်တွင် ဆီးအိုး လက်တစ်ဖက်တွင် အလောင်းသယ်ထားလျက်သူက တောင်ကြားထဲ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် ခုနစ်စင်ကြယ်ကျောင်းတော်နှင့် ဆယ်မိုင်ကျော် ကွာဝေးသည့် တောအုပ်ထဲတွင်ဖြစ်သည်။

မင်ရှစ်ရင်က ဆေးလုံးကိုယူပြီးအနံ့ခံလိုက်၏။ ဒါ တကယ်သောက်ရမ်းနံစော်နေတာပဲ။ အိုး ... ဟုတ်သား ဆီးအိုးရဲ့အနံပဲ။ သူက ပွင့်ချပ်ဖူးပွင့်ဆေးလုံးလား။ ငါ ရွှေကြာရှိနေသေးတဲ့အချိန် ဒါကို စားလို့ရမလား သိချင်မိတယ်။ ခုနစ်စင်ကြယ်ကျောင်းတော်က ကျယ်ပေမဲ့ သူတို့တွေက ကပ်စေးကုပ်လွန်းတယ်။ ဒီနေရာကို အကြိမ်ကြိမ်ဝင်ထွက်သွားလာပြီးမှ ဆေးလုံးတစ်လုံးပဲ ရှာတွေ့တာ”

သူသည် ပွင့်ချပ်ဖူးပွင့်ဆေးလုံးကိုမစားခဲ့ပေ။ ထိုအစား ၎င်းကို ထုပ်ပိုးလျက် တောအုပ်ထဲကနေထွက်သွားတော့သည်။

ထိုစဉ် ခုနစ်စင်ကြယ်ကျောင်းတော်ထဲရှိဆေးလုံးသန့်စင်သည့်အခန်းဆယ်ခန်းက ပရမ်းပတာ ဖြစ်နေသည်။

ကျောင်းသားတပည့်ပေါင်းရာချီသည် ကျောင်းတော်ထဲ၌ ရှာဖွေပြီး ဝေဟင်တွင်ပျံသန်းနေကြ၏။ နာရီအနည်းငယ်ကြာပြီးနောက် တပည့်များက ပင်မဆေးခန်း အပြင်ဖက်၌ စုစည်းနေသည်။

“ကျောင်းအုပ် ကျွန်တော်တို့ ရှာမတွေ့ပါဘူး”

“ကျွန်တော်တို့ အရှေ့အနောက်တောင်မြောက် နေရာအနှံ့ရှာခဲ့ပါတယ်။ ဘယ်မှမတွေ့ဘူး”

“နောက်ဆုံးဆေးလုံးကိုတစ်ယောက်ယောက်က အယောင်ဆောင်ပြီးခိုးသွားတာပဲဖြစ်ရမယ်”

ကျိုးယို့ချိုက်က မျက်မှောင်ကျုံ့လိုက်သည်။ ဒေါသကြောင့် မျက်ခုံးတွန့်လိုက်၏။ သူကလေးနက်သောလေသံဖြင့်ပြောလိုက်သည်။ "အရှက်မဲ့တဲ့ကျူးကျော်သူ လွန်လွန်းသွားပြီ”

“စိတ်အေးအေးထားပါ ကျောင်းအုပ်” ကျန်သည့်သူများကလည်းပြောလိုက်သည်။

ကျိုးယို့ချိုက်က သူ့ရင်ထဲရှိ အမျက်ဒေါသမီးလျှံကို ဖုံးကွယ်ထားလျက်ပြောလိုက်သည်။ “ဒါကို ဖုံးကွယ်ထား။ ဘာမှမဖြစ်ခဲ့သလိုနေရမယ်”

“ဟမ်”

“ငါ့အမိန့်ကို နာခံကြ”

“နားလည်ပါပြီ” တပည့်များက အရိုအသေပေးလိုက်၏။

မိစ္ဆာဝေဟင်မျှော်နန်း၏အရှေ့ဖက်မျှော်နန်းတွင်ဖြစ်သည်။ လုကျိုးသည် ဆင်းသက်လာသော ရောင်ခြည်စက်ဝိုင်းကိုကြည့်လိုက်သည်။

သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ပိုသန်မာလာတာကို ခံစားမိသည်။

နောက်ဆုံးတွင် ....

ဝှစ်

သူ၏ချော့မြူမှုအောက်တွင် စိတ်ဝိညာဉ်သဏ္ဌာန်၏ ရွှေကြာထောင့်က ပွင့်ချပ်အသစ် ပေါ်ပေါက်လာ၏။ ပွင့်ချပ်အသစ်သည် တလက်လက်တောက်ပမှုဖြင့် ထွန်းလင်းနေတော့သည်။

“ပြီးသွားပြီ”

ရောင်ခြည်များ လွင့်ပြယ်သွား၏။ ပွင့်ချပ်နှစ်လွှာက ယခုဆိုရွှေကြာဘေး၌ တဖြည်းဖြည်းချင်း လည်ပတ်နေသည်။

ယင်းက သူ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ပွင့်ချပ်ပေါက်အောင်ပြုလုပ်သည့်ပထမဆုံး အတွေ့ အကြုံပဲဖြစ်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူစဉ်ကနှင့် ယှဉ်လျှင် ပိုစိတ်လှုပ်ရှားစရာ ကောင်းသည်။

ဤအရာကို ရယူနိုင်ရန် သူ နေ့ဝက်ခန့်အချိန်ယူလိုက်ရသည်။

ယခုဆို လုကျိုး၏ကျင့်ကြံဆင့်က ပွင့်ချပ်နှစ်လွှာနတ်ဝိညာဉ်နယ်ပယ်ထဲ တရားဝင် ရောက်သွားပြီ ဖြစ်သည်။

လုကျိုးက စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။ သူက အသုံးပစ္စည်းကတ်များ၏တန်ကြေးကို ကြည့်လိုက်သည်။

သူ ထင်သည့်အတိုင်း ကုသိုလ်မှတ်များ၏ဈေးက ကုသိုလ်မှတ်တစ်ထောင်တိုးသွားသည်။ အသုံးပစ္စည်းကတ်များ၏ လက်ရှိဈေးနှုန်းသည် သူတို့ကို စုဆောင်းထားခြင်းက လက်တွေ့မကျတော့ဟု ဆိုလိုတာပဲဖြစ်သည်။ လုကျိုး၌ ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအား ရှိသည်။ သူသာ ကောင်းကင်ကျမ်းစာ စာလိပ်များကို ဆက်လက်လေ့လာနေသရွေ့ အသေရိုက်ချက်ကတ်နေရာ၌ အစားထိုးသုံးနိုင်သည်။ သူ့၌ ရွေးချယ်စရာမရှိပါက သူ့အသက်ကိုကယ်တင်ရန် အသေရိုက်ချက်ကတ်ကို ဝယ်နိုင်သေးသည်။

သူက ရွှေရောင်ကြာပွင့်ကိုတစ်ချက်ကြည့်လိုက်၏။ “ငါးသောင်း”

...

အခန်း (၄၉၂) ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ်

ငါ ဝယ်လိုက်ရမလား …

သူ့ကျင့်ကြံဆင့်ကို တိုးမြင့်ခြင်းက အရာအားလုံးထက် ပိုအရေးကြီးလေသည်။ ပြဿနာကား သူသာ ကုသိုလ်ရမှတ်များ သုံးလိုက်လျှင် အနာဂတ်တွင် ပွင့်ချပ်ထွက်လာနှုန်းက နှေးကွေးသွားလိမ့်မည်။ သူက ယခု ကျင့်ကြံခြင်းဖြင့် ပွင့်ချပ်ထွက်ထားသည့်အတွက် ထိုသို့သော အံ့လောက်ဖွယ် အခွင့်အရေးမျိုးကို လက်မလွှတ်သင့်ပေ။

တောင့်ခံထားစမ်း …

အဆုံးသတ်၌ သူက ရွှေကြာပွင့်ချပ်လွှာကို မဝယ်လိုက်ပေ။

လုကျိုးက မတ်တတ်ရပ်ကာ အဝေးလျှောက်သွားလိုက်သည်။ သူက စားပွဲပေါ်မှ ပုံကြမ်းများကို ကြည့်လိုက်ကာ “ဟင်း”

သူက မြောက်ဘက်ပိုင်းရှိ ပင်လယ်နေရာထဲ ကျွန်းအသစ်တချို့ကို သတိထားမိလိုက်သည်။ သူ့စိတ်ထဲ အနည်းငယ် လှုပ်ရှားမိသွားသည်။ ဆိုလိုသည်မှာ မြေပုံက သူ့အား သဲလွန်စအသစ် ပေးလာသည် မဟုတ်ပါလော။

“ဖန်းလိုင်ကျွန်းလား … အဲဒါက အမျိုးသမီးလော့ ရှိနေတဲ့ နေရာလား ”

လုကျိုးက ဖန်းလိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟွမ်းရှစ်ကျဲသည် အမျိုးသမီးလော့အကြောင်း ပြောဖူးသည်ကို အမှတ်ရသွားသည်။

သူက သတင်းအချက်အလက် အရင်းအမြစ်လိုမျိုး အချက်အလက်တချို့ကို ကိုင်ထားတာလား …

ဟွမ်းရှစ်ကျဲက လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်လာတာ တိုက်ဆိုင်မှုပဲလား … သူလည်း အမျိုးသမီးလော့ဆီကနေ အကူအညီ ရလိုက်တာလား

သူက တွေးကြည့်လေလေ ဖြစ်နိုင်ခြေ များလေလေ ဖြစ်သည်။

လုကျိုးက စနစ်ကို ဖွင့်ကြည့်လိုက်သည်။ ကောင်းကင်ကျမ်းအောက်တွင် တာဝန်အသစ် တစ်ခု ထပ်ရှိနေသည်။

ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ်ကို ရှာပါ

“ ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ်တဲ့လား ”

ယခုမှစ၍ လုကျိုးက ကောင်းကင်ကျမ်း စွမ်းအားလေးမျိုးကို တတ်မြောက်သွားလေပြီ။ သူတို့က အပြောစွမ်းရည်၊ နှုတ်ဆိတ်နေခြင်း စွမ်းရည်၊ အတိတ်ဘဝများ၏ စွမ်းအားဖြစ်သည့် တုပနည်းစနစ်နှင့် ဒြပ်ကိုယ်ထည်မရှိသည့် တည်ရှိမှုစွမ်းအားဖြစ်သော ကုသရေး နည်းစနစ်တို့ ဖြစ်ကြသည်။ သူက ငါးခုမြောက် စွမ်းရည်ကို မျှော်လင့်ထားခဲ့သော်လည်း ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ် ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။

သူက အတွေးနစ်မျှောနေစဉ် အပြင်ဘက်မှ အသံထွက်လာသည် “ ရှစ်စွင်း မင်္ဂလာပါ ”

လုကျိုးက အသိပြန်ကပ်လာကာ အရှေ့ဘက်မျှော်နန်းဆောင်မှ လက်နောက်ပစ်လျက် ထွက်လာသည်။ သူက မင်ရှစ်ရင် ဒူးတစ်ဖက်ထောက်နေသည်ကို မြင်လိုက်သည့်အခါ “ မင်း ပြန်လာပြီလား”

စိတ်ထဲ၌ သူက တွေးလိုက်မိသည်။

သူက ကလေးဆိုးနဲ့ တူတယ်

မင်ရှစ်ရင်က ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူ့ရှစ်စွင်းက သူ့ကို အပြစ်မပေးသည်ကို သေချာတော့မှ ပြောလိုက်၏။ “ကျွန်တော် ခုနှစ်စင်ကြယ်ကျောင်းတော်ဆီ သွားခဲ့ပါတယ်”

“ခုနှစ်စင်ကြယ်ကျောင်းတော်လား” လုကျိုးက နားရှုပ်သွားသည်။

မင်ရှစ်ရင်က ပွင့်ချပ်ဖူးပွင့်ဆေးလုံးအား လက်နှစ်ဖက်ဖြင့် ပေးလာသည်။

“ ကျွန်တော် ဒါကို တွေ့လာပါတယ်။ ပွင့်ချပ်ဖူးပွင့်ဆေးလုံး … ရတနာပါ။ ကျွန်တော် ရှစ်စွင်းအတွက် ယူလာတာပါ”

လုကျိုးက ပွင့်ချပ်ထွက်ဆေးလုံးကို ယူကာ အနံ့ရှုကြည့်လိုက်သည်။ ဆေးနံ့က ပြင်းလွန်းလှသည်။ ထို့နောက် သူက ဆေးလုံးအား မင်ရှစ်ရင်ဆီ ပြန်ပေးလိုက်ပြီး “ မင်း သိမ်းထားလိုက် ”

“ ရှစ်စွင်း ကျွန်တော် ခုနှစ်စင်ကြယ်ကျောင်းတော်တစ်ခုလုံး ရှာခဲ့ပြီးပြီ။ သူတို့ရဲ့ ဆီးအိုးထားခန်းဆီပါ သွားခဲ့သေး …”

“ဟမ်”

“ မဟုတ်ပါဘူး … ကျွန်တော် မှားပြောမိသွားတာပါ” မင်ရှစ်ရင်က ပွင့်ချပ်ဖူးပွင့်ဆေးလုံးအား မြန်မြန် ဘေးဖယ်လိုက်သည်။

“ဒါက ရွှေကြာဖြတ်တောက်ပြီးတဲ့နောက် အသုံးပြုတဲ့ဟာပါ ”

“ ငါ သိပြီ”

လုကျိုးက မင်ရှစ်ရင်၏ သစ္စာရှိနှုန်းသည် ၈၀ ရာခိုင်နှုန်းအထက် ခိုင်မြဲနေသည်ကို သတိထားမိလိုက်သည်။ ဤသည်က မင်ရှစ်ရင်အား သူ့ဘာသာ ခုနှစ်စင်ကြယ်ကျောင်းတော်ဆီ သွား၍ အပြစ်မပေးခဲ့သည့်အတွက် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မင်ရှစ်ရင်အနေနှင့် ထိုသို့လုပ်ဖို့ မလိုအပ်ပေ။

ထိုစဉ် ယွီရှန်းရုန်က အရှေ့ဘက်မျှော်နန်းဆောင်ထဲ ရောက်လာကာ “ရှစ်စွင်းကို ဂါရဝပြုပါတယ်”

“ဘာကိစ္စလဲ”

“ကျင်းစီရင်စုက ဖရိုဖရဲတွေ ဖြစ်နေတယ်။ ကျွန်တော် တစ်ချက်လောက် သွားကြည့်ချင်လို့ပါ”

ယွီရှန်းရုန်က ပြောလိုက်သည်။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။ သူက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့သည် မတည့်ကြောင်း သိထားလေသည်။ သူတို့က အမြဲလိုလို ရန်သတ်နေလေ့ရှိသည်။

ယွီကျန့်ဟိုင်က ကျင်းစီရင်စုကို တိုက်ခိုက်လိုလေရာ လုကျိုးက သူ့အား အချိန်ခြောက်လ ပေးထားခဲ့၏။

ယွီရှန်းရုန်က သူ့ပွင့်ချပ်သုံးလွှာ ကျင့်ကြံဆင့်နဲ့ ဘာသွားလုပ်ချင်တာလဲ …

“လောင်အာ့” လုကျိုးက စိတ်မပါစွာ ခေါ်လိုက်သည်။

“ဟုတ် ရှစ်စွင်း ”

“ ငါ မင်းကို ယွီကျန့်ဟိုင်နဲ့ ဒီခြောက်လအတွင်း တိုက်ဖို့ တားမြစ်တယ်။ မင်း လိုက်နာနိုင်လား”

လုကျိုးက မေးလိုက်သည်။

မင်ရှစ်ရင်က ထိုအကြောင်းကြားသည့်အခါ လန့်ဖျပ်သွားလေသည်။

သူ့ရှစ်စွင်းက ဘယ်အချိန်က ခွင့်လွှတ်တတ်သွားတာလဲ။ သူ့ရှစ်စွင်းက တာ့ရှစ်ရှိုးပေါ် သက်ညှာနေသလိုပဲ …

ယွီရှန်းရုန်က အံ့အားသင့်သွားလေသည်။ သူက ရှစ်စွင်းအကြည့်ကို မြင်သည့်အခါ “ ရှစ်စွင်း ကျွန်တော်ကို အထင်မှားနေပါပြီ။ ဓားမော့နဲ့ ဓားရှည်က ထိပ်တိုက်တွေ့နေတဲ့အချိန် ရှိပေမဲ့ သူတို့ စည်းချက်ညီတဲ့အချိန်လည်း ရှိတတ်ပါတယ်”

မင်ရှစ်ရင် “ … ”

လုကျိုးက ယွီရှန်းရုန်၏ မျက်နှာထားအား အကဲခတ်လိုက်သည်။ ယွီရှန်းရုန်သည် ထိုစာအုပ်ကို ဖက်တွယ်ထားသေးကြောင်း သတိပြုမိလိုက်၏။ သူက အဖြစ်အပျက်ကို အကြမ်းဖျင်း နားလည်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“ မင်းရဲ့ ပွင့်ချပ်သုံးလွှာ ကျင့်ကြံဆင့်ကရော ”

ယွီရှန်းရုန်က ကျောကို မတ်မတ်ရပ်လိုက်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလာသည်။

“ကျွန်တော့်ဓား လက်ထဲမှာ ရှိနေသရွေ့ ဘာကိုမှ မကြောက်ပါဘူး”

လုကျိုးက ဆွံ့အသွားလေသည်။ သူ့အနေနှင့် ယွီရှန်းရုန်၏ သဘောထားကို ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ အဆုံးသတ်၌ သူက ပြောလိုက်ရသည်။

“ဒီလိုဆိုရင်တော့ မင်း သွားလိုက်ပါ ”

“ ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်”

“ တကယ်လို့ တစ်ခုခု ခြိမ်းခြောက်မှု ဖြစ်လာခဲ့ရင် မင်းအနေနဲ့ အသက်ကို ဦးစားပေးရမယ်”

လုကျိုးက ပြောလိုက်သည်။

“ ကျွန်တော် တစ်ဘဝလုံး အန္တရာယ်အမျိုးမျိုး ကြုံဖူးပါတယ်။ ရန်သူတွေကသာ သူတို့အသက်ကို လာစတေးကြတဲ့သူတွေပါ”

“ …” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

ယွီရှန်းရုန်က လေထုသည် တစ်ခုခုလွဲမှားနေကြောင်း ခံစားမိလိုက်သောကြောင့် ဦးညွှတ်ကာ လိုက်လျောဟန်ဖြင့် ပြောလိုက်သည်။

“ ရှစ်စွင်းစကားကို မှတ်ထားပါ့မယ် ”

“ တင်း … ယွီရှန်းရုန်ကို ဆုံးမနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”

သူ့ကို ပုံမှန်အတိုင်း ပြောနေရင် စကားနားမထောင်ဘူးပဲ … ငါ့အနေနဲ့ တစ်ချိန်လုံး ခက်ထန်တဲ့ အမူအရာမျိုး ဖမ်းနေရတယ်။

“အဲဆိုလည်း သွားတော့ ”

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ သူက အရှေ့ဘက်မျှော်နန်းဆောင်မှ လှည့်ထွက်သွားတော့သည်။

“ အာ့ရှစ်ရှိုး … အာ့ရှစ်ရှိုး ” မင်ရှစ်ရင်က ယွီရှန်းရုန်နောက် ပြေးလိုက်လာသည်။

“ဘာကိစ္စလဲ” ယွီရှန်းရုန်က ရပ်ကာ မင်ရှစ်ရင်အား နားမလည်စွာ ကြည့်လိုက်သည်။

“ပွင့်ချပ်ဖူးပွင့်ဆေးလုံး” မင်ရှစ်ရင်က ဆေးလုံးကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။

ယွီရှန်းရုန်က ဆေးလုံးကို အသာကြည့်လိုက်ပြီးနောက် “ ဒီလိုအဖိုးတန်ပစ္စည်းကို မင်းအတွက် မင်းပဲ သိမ်းထားလိုက်ပါ”

ထိုသို့ပြောလိုက်ပြီးနောက် သူက တောင်အောက်သို့ ပေါ့ပါးသွက်လက်စွာ ပျံသန်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။

မင်ရှစ်ရင်က ဆေးလုံးကို လက်ထဲမှာ ကိုင်ထားရင်း ရေရွတ်လိုက်သည်။

“ဒါက အဖိုးမတန်ဘူးလား … ငါ ဘာမှမဟုတ်ဘဲ ဒီလိုဒုက္ခတွေ ဖြတ်ကျော်ခဲ့ရတာလား”

“ စတုတ္ထသခင်လေး ” ကျိုးကျစ်ဖုန်းက လျှောက်လှမ်းလာသည်။

“ပြော ”

“ဘယ်သူမှ ဆေးလုံးကို မလိုချင်ဘူးလား” ကျိုးကျစ်ဖုန်းက သရေကျနေလေသည်။

“မင်း လိုချင်လား”

“ စတုတ္ထသခင်လေးကို ကျေးဇူးတင်ပါတယ်” ကျိုးကျစ်ဖုန်းက အလျင်စလို ဦးညွှတ်လိုက်သည်။

“ မင်းက စိတ်လွတ်နေပြီပဲ။ ငါ မင်းကို ပေးမယ်လို့ ပြောလို့လား”

မင်ရှစ်ရင်က ဆေးလုံးအား သိမ်းဆည်းလိုက်သည်။

ကျိုးကျစ်ဖုန်း “ … ”

မင်ရှစ်ရင်က အရှေ့ဘက်မျှော်နန်းဆောင်ဆီ မပြန်ပေ။ သူက တောင်ဘက်မျှော်နန်းဆောင်ဆီ သွားကာ အနားယူဖို့ ဆုံးဖြတ်လိုက်သည်။ ထိုစဉ် ရှောင်ယွမ်အာနှင့် ခရုလေးက သူ့ဆီ လျှောက်လှမ်းလာလေ၏။

မိန်းကလေးနှစ်ဦးက တတွတ်တွတ် စကားပြောလာကြသည်။

“ဟမ် အသစ်လေးလား” မင်ရှစ်ရင်က သူတို့ဆီ သွားလိုက်သည်။ သူက ရှောင်ယွမ်အာအား နှုတ်ဆက်လိုက်သည် “ရှောင်ရှစ်မေ့”

ရှောင်ယွမ်အာက သူ ကိုင်ထာသည့်အရာကို မြင်လိုက်သည့်အခါ ပြောလိုက်သည်။

“စစ်ရှစ်ရှိုးပါ့လား .. ညီမအတွက် အရသာရှိတဲ့ သရေစာတွေ ယူခဲ့သေးလား”

ခရုလေးက သူ့ကို ပြုံးရုံမျှ ပြုံးပြလာသည်။

“ဒါက”

“ခရုလေး” ရှောင်ယွမ်အာက ပြန်ဖြေလိုက်သည်။

“ခရုလေးလား” မင်ရှစ်ရင်က အံ့ဩသွားလေသည်။ သူက ခရုလေးအား ပတ်ပတ်လည် ကြည့်လိုက်သည်။ သူ့စိတ်ထဲ ဘာတွေးနေသည်ကိုတော့ မည်သူမှ မသိပေ။

“ စစ်ရှစ်ရှိုး အဲဒါဘာလဲ ”

“ပွင့်ချပ်ဖူးပွင့်ဆေးလုံး” မင်ရှစ်ရင်က စိတ်မပါလက်မပါ ပြောလိုက်သည်။

“ ကြည့်ကြည့်ရအောင်”

မင်ရှစ်ရင်က ရှောင်ယွမ်အာဆီ ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို ပေးလိုက်သည်။ သူက ဘေးတွင်ရပ်ကာ ခရုလေးအား လေ့လာနေ၏။

ရှောင်ယွမ်အာက အိတ်လေးကို ဖွင့်ကာ ကြည့်ကြည့်လိုက်သည်။ ကြည်လင်တောက်ပနေသည့် ပွင့်ချပ်ထွက်ဆေးလုံးက အနံ့မွှေးလှသည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့အနေဖြင့် ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သူတို့က သိချင်နေသည်မှာ ပုံမှန်သာ ဖြစ်လေသည်။

ခရုလေးက ပုလဲလုံးနှင့်တူသည့် ဆေးလုံးအပေါ် အာရုံရောက်နေသည်။

“ ဒီမှာ ” ရှောင်ယွမ်အာက ဆေးလုံးအား ခရုလေး လက်ပေါ် တင်ပေးလိုက်သည်။

ခရုလေးက သေချာလက်ခံလိုက်ပြီး နေရောင်အောက် ကိုင်ထားလိုက်သည်။

မိန်းကလေးနှစ်ဦးက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

“ဒါ စားလို့ရလား”

“ ချိုချဉ်လိုမျိုး စားလို့ရတယ်” ရှောင်ယွမ်အာက ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို အံ့ဩနေမိသည်။

“အိုး ” ခရုလေးက ချိုချဉ်နှင့် တူသည့် ဆေးလုံးအား ကြည့်ကာ စိတ်ထဲ အလိုဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ အချိုကို တောင့်ခံနိုင်သည့် ကလေးဟူ၍ မရှိပေ။ သူမက လက်မြောက်ကာ ပွင့်ချပ်ဖူးပွင့်ဆေးလုံးအား ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။ ထိုအရာက ချက်ချင်းဆိုသလို အရည်ပျော်ကျသွား၏။

ထိုအခိုက်အတန့် မင်ရှစ်ရင်က ရှေ့ပြန်လျှောက်လာကာ ဗလာကျင်းနေသည်ကို မြင်လိုက်သည့်အခါ နားမလည်ဘဲ မေးလိုက်သည်။

“ငါ့ပွင့်ချပ်ဖူးပွင့်ဆေးလုံးရော”

“ စားပစ်လိုက်ပြီ” ခရုလေးက အရိုးခံလေးဖြင့် ပြန်ဖြေရှာသည်။

“ဟမ်”

“ ချိုချိုငံငံလေး … ပြီးတော့ ပူတယ်” ထိုသို့ပြောပြီးနောက် ခရုလေးက မျက်လုံးမှိတ်ကာ လဲကျသွားသည်။

မင်ရှစ်ရင် “ …. ”

All Chapters