← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃) အထင်ကြီးဖွယ်စိတ်ဝိညာဉ်သဏ္ဌာန်များ

ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ရွှေကြာကို ဖြတ်တောက်ပြီးနောက် ပွင့်ချပ်ဖူးပွင့်ဆေးကို သုံးစွဲလိုက်ပြီးနောက် ဆေးလုံးသည် သူတို့၏စွမ်းအင်ဗဟိုချက်၏ချီပင်လယ်ကို ကနဦးချီပမာဏများစွာ ထုတ်လုပ်အောင် လှုံ့ဆောင်ပေးပြီး သူတို့၏ကျင့်ကြံဆင့်ကိုမြှင့်ကာ ပွင့်ချပ်အသစ်ကြီးထွားမှုကို လှုံ့ဆော်ပေး၏။

ပွင့်ချပ်ဖူးပွင့်ဆေးလုံးသည် သန့်စင်ရန်ခက်ခဲပြီး သူတို့ကို သန့်စင်ရန်လိုအပ်သည့်ကုန်ကြမ်းများက ရှားပါးလှသည်။ ဆေးလုံး၏တိုးတက်ဆဲ အစောပိုင်း အခြေနေအဆင့်တွင်သာ အစမ်းသပ်ခံ ကြွက်များကို အသုံးပြုပြီး ဆေးလုံး၏ဖွံ့ဖြိုးတိုးတက်ဆဲအစောပိုင်းအဆင့်၌ စမ်းသပ်ခံကြွက်များက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ဝင်နိုင်သည့် ကျင့်ကြံသူများသာ ဖြစ်သည်။

ယင်းသည် မင်ရှစ်ရင်က ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို ပထမဆုံးအကြိမ်မြင်တွေ့တာဖြစ်သော်ငြား သာမန်လူများထိုဆေးလုံးကို မစားသင့်ကြောင်း သူ၏အခြေခံအသိတရားကပြောပြနေလေ၏။ မဟုတ်လျှင် အာနိသင်က ဆိုးရွားလာလိမ့်မည်။ သူသည် ခရုလေးလဲကျသွားသည်ကို မြင်သည်နှင့် အမြန်လက်ဆန့်ကာ သူမကိုကာကွယ်ရန် စွမ်းအင်ပို့လွှတ်လိုက်၏။ ပြီးနောက် ကျန်လက်တစ်ဖက်ဖြင့် သူမ၏ချီသွေးကြောများကို အမြန်ပိတ်လိုက်တော့သည်။

“စစ်ရှစ်ရှိုး ... ခရုဘာဖြစ်သွားတာလဲ” ရှောင်ယွမ်အာသည် တစ်စုံတစ်ခုလွဲချော်နေမှန်း သတိပြုမိသွားသောအခါ အနည်းငယ်စိုးရိမ်ပူပန်သွားပုံပေါ်၏။

အစက မင်ရှစ်ရင်သည် ရှောင်ယွမ်အာကိုမာန်မဲချင်ခဲ့သည်။ သို့သော် သူမ၏အမူအရာကို မြင်တွေ့ချိန်၌ ထိုသို့မပြုနိုင်တော့ပေ။ “သူ့ကို အခန်းထဲခေါ်သွား”

မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာသည် ခရုလေးကိုတောင်ဖက်မျှော်နန်းရှိ ရှောင်ယွမ်အာ၏အခန်းထဲသို့ အမြန်ခေါ်သွားလိုက်သည်။

ရှောင်ယွမ်အာက ဘေးတွင်စိုးရိမ်ပူပန်စွာရပ်နေသည်။ သူမကမေးလိုက်တော့၏။

“သူ အဆင်ပြေသွားမှာမလား”

မင်ရှစ်ရင်သည် အာမ မခံနိုင်သောကြောင့် ပြုံးရုံသာပြုံးလိုက်၏။

"စိတ်အေးအေးထား” သူက ကနဦးချီကိုရှေ့သို့တွန်းတင်လိုက်သည်။ စွမ်းအင်စည်းတံဆိပ်က ခရုလေးကိုပံ့ပိုးပေးထား၏။ သူ၏ချီကို လက်ဖဝါးကနေသွင်းလျက် ခရုလေး၏ ထူးကဲချီသွေးကြောရှစ်ကြောဆီသို့ ပို့ဆောင်ကာ အတွင်းကလီစာများဆီ ရောက်စေ၏။ သူမ၏ခန္ဓာကိုယ်ထဲရှိ ဆေးအာနိသင်များ၏ ပြင်းထန်မှုကို သူ ခံစားမိသည်။ ၎င်းကပြင်းထန်လာကြောင်း ရှာတွေ့သွားချိန်၌ သူ ထိတ်လန့်သွားတော့၏။ ယင်းကို ခံနိုင်ရည် မရှိသောကြောင့် သူမ သတိလစ်သွားတာ အံ့ဩစရာမရှိပေ။

“သူက သေမျိုးတစ်ယောက်ပဲ” မင်ရှစ်ရင်သည် အထိတ်တလန့်ထုတ်ဖော်ပြောလိုက်သည်။

သူမ၌ ကျင့်ကြံဆင့်အနည်းငယ်အကျဉ်းမျှ ရှိနေလျှင် ဆေးလုံးမှ ကနဦးချီများကို သူမ၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲသို့ရောက်အောင် ကူညီပေးခြင်းအားဖြင့် သူမ အန္တရာယ်ကနေ လွတ်အောင် သူ ကူညီနိုင်သည်။ သို့သော် သူမက သေမျိုးတစ်ယောက် ဖြစ်နေသောကြောင့် ဆေး၏အာနိသင်သည် ထွက်စရာနေရာမရှိ။ သူမအတွင်းကလီစာများကိုသာ တိုက်ဖျက်နေသည်။ ဤအတိုင်း ဆက်သွား၍မရမှန်းသိနေသည်။

ဆေးသည် အစိတ်အပိုင်းသုံးရက်အဆိပ်ပဲဖြစ်သည်။ ထို့အပြင် ကျင့်ကြံသူများကတောင် ဤဆေးလုံးကို သုံးစွဲပြီးနောက် ထိခိုက်ကြသည်။ ကျင့်ကြံသူများသည် ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ကို ကြံ့ကြံ့ခံရကြောင်း သိထားရပေမည်။ သူတို့၏ ထူးကဲချီသွေးကြောရှစ်ကြောက ပုံသွင်းထားတာဖြစ်၏။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသည် သူတို့၏ ကနဦးချီမပါလျှင်တောင် ရုပ်ခွန်အားသက်သက်က ပိုအစွမ်းထက်ကြသည်။

တွေဝေမနေဘဲ မင်ရှစ်ရင်က သူ၏ကနဦးချီကို ဆက်ပို့ပေးနေသည်။

“ဟမ် ... “မင်ရှစ်ရင်က ဆေး၏အာနိသင်သည် သူမစွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ဆီသို့ ရွေ့လျား နေကြောင်း မင်ရှစ်ရင် အာရုံခံမိလိုက်သည်။ ဤအတိုင်း ဆက်သွားနေပါက အသက်အန္တရာယ် ရှိနေလိမ့်မည်။ သူ ယင်းကိုတားမြစ်ရမည်။

မင်ရှစ်ရင် သတိမလျှော့ချရဲပေ။ သူက သူမ၏ထူးကဲချီသွေးကြောရှစ်ကြောထဲရှိ ဆေး၏အာနိသင်ကိုတားရန် သူ၏ကနဦးချီကိုသုံးလိုက်၏။ သူမ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကို သူ ပိတ်ဆို့ခဲ့သည်။

ထိုစဉ် ခရုလေးက ညည်းတွားလာ၏။ သူမ၏ နှုတ်ခမ်းထောင့်ကနေ သွေးစီးကျလာတော့သည်။

ရှောင်ယွမ်အာက စတင်ထိတ်လန့်လာ၏။ သူမ ကမန်းကတန်းပြောလိုက်တော့သည်။

“စစ်ရှစ်ရှိုး ညီမ ရှစ်စွင်းကို သွားရှာမယ်။ ညီမ ရှစ်စွင်းကို သွားရှာ...”

မင်ရှစ်ရင်က သူမကို မတားခဲ့ပေ။ သူက ခရုလေးကိုကာကွယ်ဖို့အာရုံစိုက်နေ၏။

ရှောင်ယွမ်အာသည် အခန်းထဲမှပြေးထွက်သွားသည်။

မင်ရှစ်ရင်သည် သူအစွမ်းရှိသမျှအားကုန်ထုတ်သုံးနေ၏။ တစ်စုံတစ်ယောက်ကိုကယ်တင်ရခြင်းက တစ်စုံတစ်ယောက်ကို သတ်ရခြင်းထက်ပိုခက်ခဲသည်။ အထူးသဖြင့် သူ ယခုကဲ့သို့ မထင်မှတ်ထားသည့် အခြေအနေမျိုး ကြုံတွေ့လာချိန်တွင် ဖြစ်၏။ မကြာမီ သူ၏နဖူးပေါ်၌ ချွေးစေးများပြန်လာတော့သည်။

သိပ်မကြာခင်၌ လုကျိုးသည် တောင်ဖက်မျှော်နန်းအပြင်ဖက်သို့ရောက်လာ၏။ အမျိုးသမီးကျင့်ကြံသူများက သူ့ကို အရိုအသေပေးလိုက်သည်။

ဘန်း

လုကျိုးက လက်ဝေ့ယမ်းလိုက်၏။ စွမ်းအင်က တံခါးကိုတွန်းဖွင့်ကာ သူက အခန်းထဲဝင်လိုက်သည်။

“ရှစ်စွင်း” မင်ရှစ်ရင်က အပြစ်မကင်းပုံဖြင့် ကြည့်ကာပြောလိုက်သည်။

“ကျွန်တော် တမင်တကာ လုပ်တာ မဟုတ်ပါဘူး။ သူက မြန်လွန်းတယ်။ စိတ်မပူနဲ့ သူ မကြာခင် ကောင်းသွားမှာပါ”

လုကျိုးက ခရုလေးကိုကြည့်လိုက်၏။ သူမအခြေအနေက ကောင်းပုံမရပေ။ သူမ မျက်နှာထက်၌ နာကျင်နေသော အမူအရာကို မြင်နေရပြီး နှုတ်ခမ်းထောင့်၌လည်း သွေးများစွန်းထင်းနေ၏။ ပိုအရေးကြီးသည်က သူမခန္ဓာကိုယ်ကနေ မြင့်တက်လာသည့် အဖြူရောင် အခိုးအငွေ့များပဲ ဖြစ်သည်။ ထိုသင်္ကေတများက ခရုလေး၏ပုံပန်းသွင်ပြင် မကောင်းကြောင်း ပြသနေတာပဲ ဖြစ်သည်။

“ဘေးဖယ်”

“နားလည်ပါပြီ” မင်ရှစ်ရင်သည် ဘေးသို့တခါတည်းဖယ်လိုက်၏။ ချွေးသုတ်ပြီးနောက် သူက အရိုအသေပေးမြဲပေးနေသည်။ သူ မလှုပ်ရှားရဲပေ။ ခရုလေးကိုကြည့်နေစဉ် နှလုံးခုန်နှုန်းမြန်နေ၏။

မိန်းကလေး ... မင်းအသက်ရှင်တာပိုကောင်းမယ်။ မဟုတ်ရင် ဆရာက ငါ့ကို သေအောင်ရိုက်တော့မှာ ...

လုကျိုးသည် အိပ်ရာဆီ လျှောက်သွားလိုက်၏။ သူသည် သူမလက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်လျက် ကနဦးချီအချို့ပို့လိုက်သည်။ ခရုလေး၏ထူးကဲချီသွေးကြောရှစ်ကြောက ရှုပ်ထွေးနေသည်။ ဆေး၏အာနိသင်က အနားမရနိုင်ဖြစ်ကာ သူမ၏ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို သက်ရောက်စေသည်။ ယခင်က ခန္ဓာကိုယ်ပုံသွင်းခြင်းကို မတွေ့ကြုံခဲ့ဘဲ သေမျိုးများသည် ဆေးလုံးမှ ကနဦးချီကိုသိုလှောင်ရန်နေရာမရှိပေ။ သူတို့က ပေါက်ကွဲပြီး သေသည့်နည်းဖြင့်သာ အဆုံးသတ်ရုံရှိသည်။

သူက လက်ဝါးတစ်ဖက်မြှောက်လိုက်၏။ သူ၏လက်ချောင်းများကြားမှ အပြာရောင်အလင်းတစ်ခု ပေါ်ထွက်လာသည်။

နေရာများစွာကို သွားရောက်လည်ပတ်ရန် လှုပ်ရှားရန်မလိုအပ်ဘဲ အကျိုးအမြတ်များစွာကို ရိတ်သိမ်းမည်။ ယင်းက စတုတ္ထမြောက်ကောင်းကင်ကျမ်းစာစွမ်းအား ဒြပ်မဲ့တည်ရှိမှု၏စွမ်းအားပဲ ဖြစ်သည်။

စွမ်းအားက ခရုလေး၏ခန္ဓာကိုယ်ထဲဝင်ရောက်သွားချိန် ဆေး၏အာနိသင်သည် ချက်ချင်းပင် လုကျိုး၏ ပိုသန်မာသော စွမ်းအားကြောင့် ချေဖျက်ခံလိုက်ရသည်။

လုကျိုးသည် သူ၏ထူးကဲစွမ်းအားများစွာကို အသုံးမပြုခဲ့ပေ။ သူသည် ပမာဏ အနည်းအကျဉ်းမျှသာ အသုံးပြုခဲ့၏။ ကုသခြင်းက ညတွင်းချင်း မပြုလုပ်နိုင်။ သို့သော် သူက သူမကို ကုသပေးနေစဉ် သူမ၏ထူးကဲသည့် ဝိသေသလက္ခဏာများကို ပိုမိုရှာတွေ့လာတော့၏။ ဒါ မဟုတ်လောက်ဘူး။

မင်ရှစ်ရင်က သူ့ဘေးတွင် စိုးရိမ်ပူပန်စွာရှိနေသည်။ တစ်စုံတစ်ခု ဆိုးရွားတာ ဖြစ်ပျက်သွားမှာ မထင်မှတ်သွားတာ ဖြစ်လာမှာကို သူ စိုးရိမ်နေသည်။ သူက ရှောင်ယွမ်ကို ဘေးသို့အမြန်ဆွဲလျက် သိမ်မွေ့စွာပြောလိုက်သည်။

“ဒီမိန်းကလေး ဘယ်ကရောက်လာတာလဲ”

ရှောင်ယွမ်အာသည် သူမ သိသမျှ ရိုးရိုးသားသား ပြောပြလိုက်၏။

ရှောင်ယွမ်အာ၏ စကားကို ကြားလိုက်ရသောအခါ မင်ရှစ်ရင်သည် ခရုလေးက သေမျိုးတစ်ယောက်ဆိုတာ သေချာသွားပြီဖြစ်၏။ သူက ယခုအချိန်တွင် ပို စိတ်အေးသွားပြီ ဖြစ်သည်။ အဆင်ပြေပါတယ်။ တစ်ခုခုဖြစ်သွားခဲ့ရင်တောင် ရေးကြီးခွင်ကျယ် မဟုတ်ဘူး။

ထိုစဉ် အပြာရောင်အလင်းတန်းက အခန်းထဲ၌ ရုတ်တရက်မျက်စိကျိန်းလောက်အောင်တောက်ပပြီး ဖျတ်ခနဲလင်းသွားသည်။ အားကောင်းလှသည့် အပြာရောင်ကြာပွင့်သည် တောင်ဖက်မျှော်နန်းတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။

မင်ရှစ်ရင်က ထိတ်လန့်သွား၏။ သူသည် ကြမ်းပြင်ပေါ်ရှိအပြာရောင်ကြာပွင့်မှ အလင်းကို ကြည့်လိုက်၏။ ပြီးနောက် အခန်းအပြင်ဖက်ကိုကြည့်လိုက်သည်။

လုကျိုးက အပြာရောင်ကြာပွင့်အလယ်တွင်ရပ်နေသည်။ သူက လက်ဝါးနှစ်ဖက်ဖြင့်ဖိကပ်ထား၏။ အပြာရောင်ကြာပွင့်၏ပွင့်ချပ်များက သူ၏လက်ချောင်းများကြား အသက်ဝင်နေပုံပေါ်သည်။ နေရောင်အောက်၌ အပြာရောင်ကြာပွင့်၏ရောင်ခြည်က ခြွင်းချက်မရှိတောက်ပနေသည်။

အသက်စွမ်းအင်၏အစွမ်းထက်လှသော လှိုင်းတို့ကတောင်ဖက်မျှော်နန်းဆီကနေ ပတ်ဝန်းကျင်သို့ ဒီရေပမာ ပြန့်ကားသွားသည်။

ထိုထူးဆန်းသောဖြစ်စဉ်ကို ပထမဆုံးသတိပြုမိသည့်သူက မျှော်နန်းဆောင်အိုကြီး၏ အကြီးအကဲလေးဦးပဲ ဖြစ်သည်။

လန်လော့၊ ဖန်လီထန်း၊ ဟွားဝူတောက်နှင့် ကျော့ယွီရှုတို့က အခန်းထဲမှ ထွက်လာသည်။ လေးယောက်သားက တလက်လက်တောက်ပနေသော အပြာရောင်ကြာပွင့်ကိုကြည့်လိုက်၏။

“ဘာဖြစ်နေတာလဲ”

“မျှော်နန်းသခင်က ဒီလိုခမ်းနားတဲ့ ကုသခြင်းနည်းစနစ်မျိုးထုတ်ပြတာ တစ်ခါမှမတွေ့ဖူးဘူး”

“သူ ဒုက္ခတစ်ခုခု ကြုံတွေ့နေမှာစိုးတယ်”

လေးယောက်သားမျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။

နောက်ထပ် စကားတစ်ခွန်းမှထပ်မပြောဘဲ လန်လော့က သူ၏လက်ဖဝါးကိုမြှောက်လိုက်၏။

“ဒုက္ခမိုင်တစ်ရာရှုကွင်း”

လန်လော့၏စိတ်ဝိညာဉ်သဏ္ဌာန်၌ ရွှေကြာမရှိပေ။ ထိုသို့တိုင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ် သဏ္ဌာန်က ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်နေသေး၏။ ယင်းက ဆယ်ကမ္ဘာ အောက်က စိတ်ဝိညာဉ်သဏ္ဌာန်နှင့်ယှဉ်နိုင်သည့်အရာမဟုတ်ပေ။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို လေထဲ ပို့ဆောင်လိုက်သည်။

“အကြီးအကဲလန် ဘာလုပ်နေတာလဲ” ဖန်လီထန်းက ဇဝေဇဝါဖြစ်သွားသည်။

“အခုနားလည်သွားပြီ” ဟွားဝူတောက်သည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကိုထုတ်ဖော်လိုက်သည်။ ၎င်း၌ရွှေကြာမရှိပေ။ သူ၏ ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကလေထဲပျံသန်းသွားသည်။

ဖန်လီထန်းက ခေါင်းခါလိုက်၏။

“အရင်လိုပဲ ငါက ပထမဆုံးကူညီတဲ့သူဖြစ်သင့်တာ” သူက လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ကိုထုတ်လိုက်သည်။ ရှေ့သို့တွန်းထုတ်လျက် သူ၏ ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကပေါ်ထွက်လာ၏။

ရွှေကြာမရှိသည့် ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်သုံးခုဖြစ်၏။

ကျော့ယွီရှုက ထိတ်လန့်သွားသည်။

"ရှင်တို့တွေအားလုံး ရှင်တို့တွေရဲ့ရွှေကြာကို ဖြတ်တောက်ထားတာလား”

“အဲ့ဒါဘာြဖစ်လို့လဲ” သုံးယောက်လုံးက ကျော့ယွီရှုကိုကြည့်လိုက်သည်။

သူတို့က ကျော့ယွီရှုကိုကရုဏာသက်မိကြသည်။ ဆိုရလျှင် သူမသည် မျှော်နန်းဆောင်အိုကြီးကို ဝင်ကာစဖြစ်၏။ သူမက ရွှေကြာ ချက်ချင်း မဖြတ်တောက်သေးသည်က တွေးထင်ထားပြီးသား ဖြစ်သည်။

ကျော့ယွီရှု၏မျက်နှာထက်၌ သဘာဝမကျသော အပြုံးပေါ်လာကာ မောပန်းနေသော လေသံဖြင့် ပြောလိုက်သည်။

“ရှင်တို့တွေရဲ့ ရွှေကြာကို တကယ်ဖြတ်တောက်မယ်လို့မထင်ထားဘူး” ပြီးနောက် မြေပြင်ပေါ် သူမ၏ တောင်ဝှေးကိုဆောင့်ချလိုက်၏။

ဝှစ်

သူမ၏တောင်ဝှေးပေါ်၌ သင်္ကေတစည်းတံဆိပ်များကပေါ်ထွက်လာသည်။ သင်္ကေတ စည်းတံဆိပ်များသည် ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ပေါ်၌ တစ်ခုပေါ်တစ်ခုစီ ထပ်ထားသည့် အုတ်ခဲများနှင့် တူသည်။

အကြီးအကဲသုံးယောက်က ၎င်းကို တပြိုင်နက်တည်းကြည့်လိုက်၏။ သူတို့သုံးယောက်က စိတ်ထဲ အံ့ဩနေကြသည်။ ကွန်ဖြူးရှပ်အဖွဲ့အစည်းတွင် စိတ်ဝိညာဉ်သဏ္ဌာန်ဖွဲ့တည်ရန် နည်းလမ်းများစွာ ရှိသလို တာအိုအဖွဲ့အစည်းတွင်လည်းရှိ၏။ သို့သော် ယင်းက အထင်ကြီးဖွယ်ကောင်းသည့် နည်းလမ်းဖြစ်သည်။ ပုံမှန်အဆင်မပြေသည့်နည်းလမ်းကို သုံးရခြင်းအတွက် အားသာချက်များစွာ ရှိသည်။ ပြိုင်ဘက်ကို အငိုက်ဖမ်းနိုင်၏။ အားနည်းချက်က ရှိနိုင်၏။ အရှိန်သည် သမားရိုးကျနည်းလောက်တော့ မကောင်းပေ။ ကျော့ယွီရှု၏ စိတ်ဝိညာဉ်သဏ္ဌာန်၌ ရွှေကြာမရှိကြောင်း သူတို့သတိပြုမိလိုက်၏။

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုလုံး၌ ‌ရွှေကြာမရှိပေ။ အကြီးအကဲလေးယောက်က အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြ၏။

တစ်ချိန်တည်းတွင် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို နေရာချထားလိုက်သည်။ သို့မှသာ သူတို့က ရှောင်ယွမ်အာ၏အခန်းဆီ ပျံသန်းမသွားခင် တောင်ဖက်မျှော်နန်းဆီလွှမ်းနိုင်မှာဖြစ်သည်။

သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များ ကြီးလာသည်။ သူတို့၏ရွှေကြာများ ဖြတ်တောက်ထားသော်ငြား ယခုသေးသွားပြီဖြစ်၏။ ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်များသည် အထင်ကြီးစရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်နေသေးပြီး ၎င်းကို မြင်တွေ့သည့်လူတိုင်း၏ စိတ်နှလုံးကို ကြောက်ရွံ့စေသည်။

တောက်ပသည့်ရွှေရောင်ဧရာမ အမျိုးသားသုံးယောက် အမျိုးသမီးတစ်ယောက်က အပြာရောင်ကြာပွင့်နား၌ ဝိုင်းနေသည်။ လေးဖက်လေးတန်ကနေ စွမ်းအားများက ရေတံခွန်လေးစင်းပမာ ကျနေပုံပေါ်၏။ ရွှေရောင်ရောင်ခြည်ဖြာထွက်မှုနှင့် အပြာရောင်ကြာပွင့်တို့သည် ၎င်းတို့ဆင်းသက်လာသည်နှင့် တစ်သားတည်း ပေါင်းစည်းသွားတော့၏။

...

အခန်း(၄၉၄) စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်သို့ တက်လှမ်းခြင်း

မိစ္ဆာဝေဟင်မျှော်နန်း၏ မြောက်ဘက် မျှော်နန်းဆောင်နှင့် အနောက်ဘက် မျှော်နန်းဆောင်၌

လှေကားများကို တံမြက်စည်း လှည်းနေကြသည့် အမျိုးသမီး ကျင့်ကြံသူများကိုတောင်ပေါ် မော့ကြည့်လိုက်သည့်အခါ အပြာရောင်ကြာပွင့်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်လေးခုကို တွေ့လိုက်ရသည်။ သူတို့အားလုံးက လုပ်လက်စကို ရပ်ကာ အံ့ဩဖွယ်မြင်ကွင်းအား ဆက်ကြည့်လိုက်ကြ၏။

လူသဏ္ဌာန် စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက တောင်တစ်လုံးအရွယ် ရှိနေပြီး အပြာရောင်ကြာပွင့်၏ ပွင့်ချပ်လွှာများအား ထောက်ပံ့ပေးထားကြသည်။ စွမ်းအားက လေးဘက်ဘေးတန် ပျံ့နှံ့နေသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က စိတ်ဝိညာဉ်သဏ္ဌာန်လေးခုကို ကြည့်လိုက်ကြသည်။

ကောင်းကင်မှ စွမ်းအားလှိုင်း ကျဆင်းလာလေသည်။

“အဲဒါဘာလဲ”

“ ဒီလိုမျိုး ပြင်းထန်တဲ့ အသက်ဓာတ်နဲ့ ကနဦးချီ ”

နှစ်ယောက်သားက နတ်ဒေဝါဦးတည်နယ်ပယ်မှာ တစ်နေသည်မှာ ကြာမြင့်လှလေပြီ။ ထိုကနဦးချီနှင့် အသက်စွမ်းအားက သူတို့၏ စွမ်းအင်ဗဟိုချက်များအား လှုံ့ဆော်ပေးနေ၏။ သူတို့က အချင်းချင်းကြည့်လိုက်ကြပြီး မြေပေါ် ထိုင်လိုက်ကြသည်။ တစ်ဖက်တွင် ဘာဖြစ်နေသည်ကို ဂရုမစိုက်ကြတော့ပေ။ ပြောရလျှင် သူတို့က အကူအညီ ဖြစ်မည်လည်း မဟုတ်ပေ။ သူတို့က ထိုအခွင့်အရေးကို အရယူကာ အဆင့်တက်လှမ်းသည်က ပိုကောင်း၏။

“ ရွှေကြာမဖွဲ့စည်းဘူးမလား”

“အင်း”

နှစ်ယောက်သား သဘောတူလိုက်ကြသည်။

……………………

ထိုစဉ်

လုကျိုးက သူ့ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားအကုန် ထည့်သွင်းပေးနေရသည်။ ဤသည်က ဒြပ်ထည်မရှိသည့် တည်ရှိမှုစွမ်းအားကို ထုတ်လွှင့်ထားလေသည်။ ယခင်နှင့်မတူဘဲ သူက တစ်ယောက်ယောက်ကို ကယ်တင်ဖို့ အသုံးပြုနေရသည်။ ယခင်တွင် သတ်ဖြတ်ဖို့သာ အသုံးပြုလေ၏။

မလှုပ်ရှားဘဲ နေရာမားစွာကို သွားကာ အကျိုးမြတ်များကို ရယူခြင်း …

ကောင်းကင်ကျမ်း၏ ရွတ်ဆိုသံက အပြာရောင်ကြာပွင့်ထဲ ဝင်သွားသောကြောင့် အသံပိုကျယ်လာသည်။

မင်ရှစ်ရင်က ကြောင်အမ်းသွားလေ၏။

သူ့ရှစ်စွင်းက စိတ်လွတ်သွားပြီလား …

သိရုံသိထားတဲ့ ကောင်မလေးကို ရှစ်စွင်းက ကယ်တင်ဖို့ ဘာလို့ဒီလောက်တောင် လုပ်နေရတာလဲ။

ထိုစဉ် သူက အပြာရောင်ကြာပွင့် ဘေးပတ်လည်မှ စိတ်ဝိညာဉ်သဏ္ဌာန်လေးခုကို မြင်လိုက်ရသည်။

“ အကြီးအကဲလေးယောက်ရဲ့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ပဲ” ရှောင်ယွမ်အာက ပြေးကာ ကောင်းကင်မှ ရွှေရောင်တဖြတ်ဖြတ် တောက်ပနေသည့် စွမ်းအားများအား ကြည့်လိုက်သည်။

ကနဦးချီနှင့် ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားတို့က တစ်ခုနှင့် တစ်ခု အားဖြည့်ပေးနေသည်။ ရွှေရောင်နှင့် အပြာရောင်တို့က တောင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး သမုဒ္ဒရာလိုမျိုး ကျယ်ပြန့်လာသည်။

တောင်ပေါ်ရှိ သစ်ပင်များက ကြီးထွားလာပြီး ခြောက်သွေ့နေသော သစ်ပင်များကလည်း ပြန်လည်ရှင်သန်လာကြသည်။

ငှက်များနှင့် သားရဲများကလည်း သစ်ပင်များကြား စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေကြသည်။

တောင်ခြေရှိ အပင်များပင် ပြန်လည်စိမ်းစိုလာသည်။

နတ်ဆရာကြီး ပါမား နှင့် တိုက်ပွဲဖြစ်ထားခဲ့သော နေရာရှိ ခြောက်သွေ့နေသော သစ်ပင်များကလည်း အသက်ဓာတ်ပြန်လည် ပြည့်ဝလာကြသည်။

အရာအားလုံးက ပြန်လည်ရှင်သန်ကြီးထွားလာသည်။

……………….

တောင်ဘက်မျှော်နန်းဆောင်အတွင်း

မင်းသမီးယုံနဉ်က သူမခန္ဓာကိုယ်မှ မသက်မသာဖြစ်မှုကို တောင့်ခံထားရင်း အခန်းအတွင်းမှ ထွက်လာလေသည်။ သူမက အံ့ဖွယ်မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားပြီး နေရာမှာတင် ကျောက်ရုပ်နီးပါး ဖြစ်သွားလေသည်။ သူမက မျက်လုံးအဝိုင်းသားဖြင့် ရေရွတ်လိုက်၏။

“လှလိုက်တာ”

သူမက စီးဝူယာ့ဆီမှ မိစ္ဆာဝေဟင်မျှော်နန်းကို မထိပါးနိုင်ကြောင်း ပြောခဲ့ဖူးသည်ကို ကြားဖူးသည်။ သူက ရွှေနန်းဥယျာဉ်တောင်၏ မသန့်ရှင်းသော ကိစ္စများကိုပင် ပြောပြခဲ့ဖူးသည်။ သို့သော်လည်း သူမကိုယ်တိုင် မမြင်တွေ့ရဘဲ မည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း။ ယခု သူမက လက်တွေ့မြင်လိုက်ရလေပြီ။ သူမက ကြားထားသည့် ကောလာဟလများကို လျစ်လျူရှုထားလိုက်၏။ အကယ်၍ သူမ တတ်နိုင်လျှင် သူမ၏ မင်းသမီးတစ်ပါးအနေနှင့် အဆောင်အယောင်များအား စွန့်လွတ်ကာ ဒီနေရာတွင် ထာဝရနေသွားလိုမိသည်။

……………….…

ရွှေနန်းဥယျာဉ်တောင် ဝန်းကျင်ရှိ ကျင့်ကြံသူများက အံ့ဩလောက်ဖွယ် မြင်ကွင်းကို ကြည့်ဖို့ ရပ်လိုက်ကြသည်။

ထန်းကျီမြို့ရှိ မြို့သူမြို့သားများက လုပ်လက်စကို ရပ်ကာ အဝေးမှ အလင်းများအား လှမ်းကြည့်လိုက်ကြသည်။ သူတို့က သေချာမမြင်ရသေသာ်လည်း ရွှေရောင်နှင့်အပြာရောင် အလင်းတန်းများက တကယ်ကို ကြည့်ကောင်းလှသည်။ ဤတစ်ကြိမ် သူတို့က လန့်သွားရုံသာမက လေးစားမိသွားကြသည်။

…………………

စိတ်ဝိညာဉ်သဏ္ဌာန်လေးခု၏ အထောက်အပံ့ဖြင့် အပြာရောင်ကြာပွင့်ကြီးက မိစ္ဆာဝေဟင်မျှော်နန်း တစ်ခုလုံးကို ဖုံးလုမတတ် ဖြစ်နေလေပြီ။

မျှော်နန်းဆောင် လေးခုလုံး၌လည်း အပြာရောင်ကြာပန်း၏ စွမ်းအားများနှင့် ပြည့်နှက်နေ၏။

“ ကျုပ် တောင့်မခံထားနိုင်တော့ဘူး” ဟွားဝူတောက်က အရင်ပြောလာသည်။

“နည်းနည်းလေးပဲ ဆက်တောင့်ခံထား” လန်လော့က အားပေးလိုက်၏။

“ မျှော်နန်းသခင်က ဘယ်သူကို ကယ်ဖို့လုပ်နေတာလဲ။ ဒီလိုအထိ လုပ်ရအောင်အထိလေ ”

“ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့က မျှော်နန်းသခင်ကို ကူညီပေးဖို့ပဲ”

လေးယောက်သား အချင်းချင်းကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ သူတို့မျက်နှာအထက် ချွေးများ ထွက်နေသည်။ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို အချိန်ကြာကြာ ထိန်းထားခြင်းက ကိစ္စအသေးလေး မဟုတ်ပေ။ သူတို့က ဤမျှထိန်းထားနိင်သည်က အံ့မခန်း ဖြစ်နေလေပြီ။

ခဏအကြာတွင် အကြီးအကဲလေးယောက်က ယိမ်းယိုင်လာကြသည်။

“ ငါတို့တွေ အတူတူ နောက်ဆုတ်ကြမယ်” လန်လော့က ပြောလိုက်သည်။ သူတို့အတွက် ဆက်ထိန်းထားဖို့က များလွန်းနေသည်။ သူတို့ ထိခိုက်သွားနိုင်လေသည်။

“ကောင်းပြီ ”

လန်လော့၏ စိတ်ဝိညာဉ်သဏ္ဌာန်က အနည်းငယ် ပြောင်းလဲသွားသည်။

လုကျိုးက ဝေဟင်မှ အပြောင်းအလဲကို အာရုံခံမိကာ ထူးခြားအံ့ဖွယ်စွမ်းအားကို ထပ်မံ ပို့လွှတ်လိုက်သည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူက ထူးခြားအံ့ဖွယ် စွမ်းအား ပြတ်လပ်သွားတော့မည်။ အရာအားလုံးက နောက်ဆုံးအခြေအနေသို့ ရောက်နေလေပြီ။

သူက ထူးခြားအံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ တရားပြန်ထိုင်ရလိမ့်မည်။ သို့သော်လည်း အကယ်၍ ထိုမိန်းကလေးသာ သေသွားခဲ့လျှင် သူမ၏ လျှို့ဝှက်ချက်တွေလည်း သူမနှင့်အတူ သေဆုံးသွားလိမ့်မည်။

ဝှစ်

ထိုစဉ် ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားက အမြင့်ဆုံးအနေအထားသို့ ရောက်သွားသည်။

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက တစ်ပြိုင်နက် နောက်ဆုတ်လိုက်ကြသည်။ သူတို့က နောက်ဆုတ်လိုက်သည့်အခါ သူတို့ရှေ့တွင် ပွင့်ချပ်တစ်လွာ ပေါ်လာသည်။

“သူတို့က ပွင့်ချပ်ထွက်သွားပြီ”

“မဖြစ်နိုင်တာ … သူတို့က ပွင့်ချပ်ကို အတူတူထွက်လာကြတာပဲ”

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက ချက်ချင်းဆိုသလို ပွင့်ချပ်ထွက်လာကြသည်။

သူတို့က ယခုအခါ ပွင့်ချပ်တစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ဖြစ်သွားလေပြီ။

ကြည့်ကောင်းလိုက်တဲ့ မြင်ကွင်းပဲ …

ပွင့်ချပ်တစ်လွှာ ထွက်လာခြင်းက သူတို့ ထပ်မံ အားကောင်းလာကြောင်း ပြသနေသည်။

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက ပွင့်ချပ်ထွက်လာသည့်အတွက် ပိုကြီးမားလာကြသည်။ နဂိုဆယ်ပေ အမြင့်မှ ပေနှစ်ဆယ်အထိ ရောက်သွားသည်။

အကြီးအကဲလေးယောက်လုံးက ပျော်ရွင်သွားကြသည်။

“နောက်ထပ်လား” ဟွားဝူတောက်က တုံ့ဆိုင်းစွာ မေးလိုက်သည်။

သူတို့က အဆင့်တက်သွားပြီဖြစ်၍ ဆက်လုပ်ရမည် မဟုတ်ပါလော။

သို့သော် ကျော့ရှုယွီက ပြောလိုက်သည်။ “မလိုတော့ဘူး”

သူမက ဝေဟင်မှ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်ကာ ပြောလိုက်သည်။ “ မျှော်နန်းသခင်က ရပ်လိုက်ပြီ”

အခြားလူများလည်း ခံစားမိလိုက်ကြသည်။ အကယ်၍ မျှော်နန်းသခင်သာ ရပ်တန့်လိုက်လျှင် သူတို့အနေနှင့် ဆက်လုပ်နေဖို့ အဓိပ္ပာယ်မရှိတော့ချေ။

သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များ ပျောက်ကွယ်သွားသည်နှင့် အပြာရောင်ကြာပွင့်လည်း မြင်ကွင်းမှ လွင့်ပြယ်သွားသည်။

အကြီးအကဲလေးယောက်လုံးက ယိုင်တိုင်တိုင် ဖြစ်သွားကြသည်။ သူတို့က အဆင့်တက်သွားကြသော်လည်း သူတို့ခန္ဓာကိုယ်မှ ဝန်ထုပ်ပေါ့သွားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

“ ဒီမှာ ခဏနားရအောင်”

………………….

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့သည်လည်း အဆင့်တက်သွားကြသည်။ သို့သော်လည်း သူတို့အဆင့်က အံ့ဩစရာတော့ မဟုတ်ပေ။ သူတို့က နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်များကြား လူသစ်လေးသာ ဖြစ်၏။ သူတို့က ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်အား တစ်ပြိုင်နက် ဖွဲ့စည်းနိုင်ခဲ့ကာ သူတို့ကျင့်ကြံဆင့်က သက်တမ်ရင့် မျှော်နန်းဆောင်မှ အကြီးအကဲများနှင့် ကျင့်ကြံဆင့်တူနေသော်လည်း အင်အားကွာဟချက်က ကောင်းကင်နှင့် ငရဲ‌လောက် ဖြစ်နေသည်။

သူတို့အဆင့်တက်လှမ်းမှုများကို အပြာရောင်ကြာပွင့်က လွှမ်းမိုးသွားလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က တရားဝင် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်သို့ ရောက်သွားလေပြီ။

…………….…

တောင်ဘက်မျှော်နန်းဆောင်၏ အခန်းအတွင်း

အရာအားလုံးက တိတ်ဆိတ်နေသည်။

လုကျိုးက သူ လုပ်နိုင်သမျှ အားလုံး လုပ်ပြီးလေပြီ။ သူက မုတ်ဆိတ်သပ်လိုက်ကာ ခရုလေးအား ကြည့်လိုက်ပြီးနောက် လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်ကာ စမ်းသပ်လိုက်သည်။ သူက ခဏကြာ စမ်းသပ်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအပြုအမူကြောင့် မင်ရှစ်ရင်က ကြောက်ရွံ့သွားသည့်အလား ဒုန်းခနဲ ဒူးထောက်ကာ ပြောလိုက်သည်။ “ ကျွန်တော် အမှားလုပ်မိပါတယ်။ သူမကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး”

ရှောင်ယွမ်အာက ထိုအရာကို မြင်သည့်အခါ လက်မြောက်ကာ မျက်ရည်များကို သုတ်လိုက်သည်။

လုကျိုးက နှစ်ယောက်သားကို ကြည့်လိုက်ကာ ဆူလိုက်သည်။ “တိတ်တိတ်နေစမ်း ”

“အိုး ” နှစ်ယောက်က ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။

လုကျိုးက သူတို့ကို နားထောင်နေဖို့ အချိန်မရှိပေ။ သူက ခရုလေး၏ ခန္ဓာကိုယ်မှ ချီသွေးကြောရှစ်ခုက အပြည့်အဝ ဆက်သွားပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။ သူမ၏ စွမ်းအင်ဗဟိုချက်လည်း အသက်ဝင်လာသည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ” လုကျိုးက မှားမြင်နေတာလားဟု တွေးလိုက်မိသည်။ သူမအား ထပ်စမ်းသပ်လိုက်သည်။ သူ ထပ်စမ်းသပ်ပြီးသည့်နောက်တွင် ခရုလေးက ယခုအခါ ချီသွေးကြောငါးခု ဆက်နွယ်နေသည့် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ် ရောက်သွားကြောင်း အတည်ပြုလိုက်သည်။

သူက တကယ်ကို မသိတော့ပေ။ သာမန်ကျင့်ကြံသူတစ်ယောက်က ခန္ဓာတည်ဖွဲ့ခြင်း အဆင့်ကို အရင်ကျော်ဖြတ်ရလေသည်။ ကြွက်သား၊ အရိုးနှင့် အရွတ်များကို အရင်လေ့ကျင့်ပေးရသည်။ ခန္ဓာကိုယ်ကို ချီသွေးကြောရှစ်ခုအပါအဝင် အတွင်းအပြင် အကုန်လေ့ကျင့်ပေးရသည်။ အခြေအနေ ကိုက်ညီလာမှသာ ကျင့်ကြံသူတစ်ယောက်က စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်သို့ ရောက်နိုင်လေသည်။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အတွင်း ချီသွေးကြောငါးခု ဆက်နွယ်လိုက်ခြင်းက အာရုံခံနှုန်း ပိုကောင်းလာစေသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်က အခွံတစ်ခု ဖြစ်၏။ အခွံ၏ အရည်အသွေးကို မြင့်တင်လိုက်သည့်အခါ ကနဦးချီ သောင်းကျန်းမှုကို ပိုခံနိုင်ရည် ရှိလာလိမ့်မည်။ ကနဦးချီကို ကျင့်ကြံသူအား ကာကွယ်ပေးနိုင်သည့် စွမ်းအားအဖြစ် ဖွဲ့စည်းနိုင်သည်။ ဤသည်က ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ မည်သူကမှ ထိုအဆင့်ကို မကျော်ကြပေ။ သို့သော် ခရုလေးက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်သို့ အလွယ်တကူ ရောက်ရှိသွားလေသည်။

…

အခန်း (၄၉၅) အဆင့်ကျော်သူ

လုကျိုးသည် ခရုလေး၏ထူးကဲချီသွေးကြောရှစ်ကြောကို ကုသပေးရန် ကောင်းကင်ကျမ်းစာ၏ စွမ်းအားကို အကုန်အသုံးပြုခဲ့သည်။ သူတို့က မူလအခြေအနေကို ထိန်းထားနိုင်ရုံမျှသာရှိသည်။ သူမကို ခန္ဓာတည်ဖွဲ့ခြင်းအဆင့် သို့မဟုတ် ကျင့်ကြံနိုင်ရန် ကူညီပေးနိုင်တာမဟုတ်ပေ။ သူ၏စွမ်းအားကို ထပ်ကာတလဲလဲ အသုံးပြုခဲ့သောကြောင့် ထိုအကြောင်းကို ကောင်းကောင်းသိသည်။ သို့သော်ခရုလေးက အလွယ်တကူပင် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ သဘာဝကျကျဝင်ရောက်သွားခဲ့သည်။

လုကျိုးက မုတ်ဆိပ်သပ်လျက် ထိုအကြောင်းကိုတွေးနေ၏။ အဓိပ္ပာယ်ရှိသည်ဟု မထင်။ မည်သို့ ဖြစ်သွားသနည်း။

မင်ရှစ်ရင်က မြေပြင်ပေါ်တွင် ဒူးထောက်မြဲထောက်နေကာ စကားပြောရမှာကို စိုးရွံ့နေသည်။

တစ်ဖက်တွင်မူ ရှောင်ယွမ်အာက ငိုနေတာရပ်သွားတော့၏။ သူမ ယခုခရုလေးကိုကြည့်နေသည်။

လုကျိုးက သူ့တွင် နှစ်ပေါင်းထောင်ချီဗဟုသုတနှင့် အတွေ့အကြုံရှိသော်ငြား သူ့မေးခွန်းအတွက် အဖြေကိုရှာနိုင်ပုံမရ။ သူက မတ်တပ်ထရပ်ပြီး ရေရွတ်ပြောလိုက်၏။ "မယုံနိုင်စရာပဲ”

မင်ရှစ်ရင်က သူ၏ရှစ်စွင်းကို ဇဝေဇဝါမော့ကြည့်ပြီးမေးလိုက်သည်။ “ရှစ်စွင်း သူ ဘယ်လိုနေလဲ” သူသည် အိပ်ရာပေါ်တွင် လှဲနေသည့် ခရုလေးကိုကြည့်လိုက်သည်။ ခရုလေးက ယခုအချိန်၌ တည်တည်ငြိမ်ငြိမ်အသက်ရှူနေကြောင်း အာရုံခံမိသည်။ အသက်အန္တရာယ်ရှိပုံမရပေ။

မင်ရှစ်ရင်က သူ၏ဆရာမျက်မှောင်ကျုံ့ပြီး အတွေးနစ်နေတာကိုမြင်သောအခါ သူ့ဖာသာသူ ထရပ်ပြီး ခုတင်ဆီလျှောက်သွားကာ ခရုလေး၏လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်း တင်လိုက်၏။ သူ့မျက်လုံးများပြူးကျယ်သွားသည်။ ၎င်းကို မယုံနိုင်ဘဲ သွေးကြောကို ထပ်မံစစ်ဆေးလိုက်သည်။

“ဘုရားရေ ...” ရလဒ်က တူညီနေဆဲဖြစ်၏။ သူ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားသည်။ “စိတ်နက်နဲမှု ဉာဏ် ... ဉာဏ်အလင်းပွင့်ခြင်းလား” သူက နောက်သို့ခုန်မိသွားကာ သတိထားနေသော လေသံဖြင့်ပြောလိုက်၏။ “ရှစ်စွင်း သူက တခြားဂိုဏ်းက ပို့ပေးလိုက်တဲ့သူလျှိုလား။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ခွန်အားကိုတမင်တကာဖုံးကွယ်ထားတာလား”

လုကျိုးထံမှ အကြောင်းပြန်မှုကို မစောင့်ဘဲ မင်ရှစ်ရင်က ခေါင်းခါကာ သူ့အကြောင်းပြန်ချက်ကို ပြန်ငြင်းလိုက်သည်။ “မဟုတ်ဘူး ... စိတ်နက်နဲခြင်းဉာဏ်အလင်းပွင့်နယ်ပယ်တစ်ယောက်ကိုပို့တာ အဓိပ္ပာယ်မရှိဘူး”

ရှောင်ယွမ်အာက ထိတ်လန့်ပြီးဇဝေဇဝါြဖစ်သွားတော့၏။ “စစ်ရှစ်ရှိုး ... ခရုလေးကသေပြီလား”

“သူ မသေဘူး။ သူ အဆင်ပြေတယ်။ သူ အခု စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်မှာ”

မင်ရှစ်ရင်က ပြန်ပြောလိုက်သည်။

“စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းလား”

“စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကို ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ကို ဖြတ်မသွားဘဲ တန်းသွားတာ”

“…”

ခရုလေးသည် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ထဲဝင်ရောက်ပြီဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် လုကျိုးက ယခုအချိန်တွင်မထုတ်ဖော်နိုင်။ ယင်းက အမှန်တကယ် ထူးဆန်းလှ၏။ သူမသည် မော်ဒန်ကမ္ဘာမှ လာတာဆိုလျှင် အဆင့်ကျော်တက်တာဟူ၍ သတ်မှတ်၍ရသည်။ အမှန်တကယ်တော့ သူမသည် မော်ဒန်ခေတ်ရှိ အဆင့်ကျော်တက်သူများထက်တောင် ပိုကြောက်မက်ဖွယ်ကောင်းသည်။ အဆင့်ကျော်တက်သူက ကျန်သည့်ကျောင်းသားများနှင့် ယှဉ်လျှင် သင်ယူတာ ပိုမြန်ဆန်ရုံသာရှိသည်။ အထူးသဖြင့် သူတို့၌ အုတ်မြစ်တစ်ခုရှိသေးသည်။ အထူးသဖြင့် ခရုလေးက မည်သည့်နည်းနှင့်မဆို အခြေခံအုတ်မြစ် မရှိပေ။ သို့သော် သူမက ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ကို တိုက်ရိုက်ကျော်လျက် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ တန်းဝင်လာခဲ့သည်။ ထူးချွန်လှသည့် ပါရမီရှိသော ရှောင်ယွမ်အာတောင် ထိုကဲ့သို့ မဆောင်ရွက်နိုင်ပေ။

လုကျိုးက အတွေးနစ်နေစဉ် အကြီးအကဲလေးယောက်က ခြံဝန်းထဲ၌ပေါ်လာ၏။

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”

လုကျိုးက တွေးနေတာရပ်လိုက်၏။ သူက တည်ငြိမ်စွာပြောလိုက်တော့သည်။

“အားလုံးဝင်လာခဲ့ပါ”

အကြီးအကဲလေးယောက်က အခန်းထဲဝင်လာ၏။ သူတို့က ပတ်ဝန်းကျင်ကိုကြည့်ပြီး ဖြစ်ပျက်ခဲ့ပုံကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ တစ်ချိန်ထဲတွင် သူတို့ကအိပ်ရာပေါ်တွင် လှဲနေသော ခရုလေးကိုကြည့်လိုက်၏။

“ဘာဖြစ်သွားတာလဲ” ကျော့ယွီရှုက မေးကာ ဇဝေဇဝါဖြစ်သွားသည်။

“ကျုပ်ကို ပြောခွင့်ပေး ... ပြောခွင့်ပေး” မင်ရှစ်ရင်က လက်တစ်ဖက်မြှောက်လိုက်၏။ သူသည် ကိစ္စတစ်ခုကို ပြန်ပြောရမည့်အကြောင်းကို စိတ်အားထက်သန်ပုံရနေသည်။ သူက အကြီးအကဲလေးယောက်ရှေ့၌ရပ်ပြီး လည်ချောင်းရှင်းကာပြောလိုက်တော့သည်။

“ပါရမီရှင် ... ပါရမီရှင်တစ်ယောက် ... ပြိုင်ဘက်ကင်းပါရမီရှင်။ သူက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကိုတန်းရောက်သွားတာ။ ကျုပ်ကိုလူထူးလူဆန်းတစ်ယောက်လို ကြည့်မနေနဲ့”

“…”

သူ ဘာတွေပြောနေတာလဲ။ သူတို့က မင်ရှစ်ရင်၏စကားကို နားမလည်နိုင်ပေ။ မင်ရှစ်ရင်က စိတ်တည်ငြိမ်သွားပြီး ဖြစ်ပျက်ခဲ့တာကို ပြန်ပြောမှသာ သူတို့နားလည်သွား၏။ အားလုံးသည် တအံ့တဩဖြင့် စုတ်သပ်မိသွား၏။ ခန္ဓာတည်ဖွဲ့ခြင်းအဆင့်သို့ မဖြတ်ကျော်ဘဲ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းသို့ဝင်နိုင်သည့် ကျင့်ကြံသူတစ်ယာက်မရှိခဲ့ဖူးပေ။

အကြီးအကဲလေးယောက်က ခရုလေး၏ထူးကဲချီသွေးကြောရှစ်ကြောကို စစ်ဆေးရန် ခရုလေး၏ အိပ်ရာဘေးသို့လျှောက်လာ၏။

ဗဟုသုတကြွယ်ဝသော အကြီးအကဲလေးယောက်တောင် ဤထူးဆန်းသော ဖြစ်စဉ်ကြောင့် ဒွိဟဖြစ်နေသည်။ သူတို့နားမလည်နိုင်ပေ။

သူတို့အတွေးနစ်နေ၏။

လုကျိုးက မုတ်ဆိတ်သပ်လျက် အကြီးအကဲလေးယောက်ကိုကြည့်လိုက်သည်။ “အကြီးအကဲဖန် ... အကြံဉာဏ်ရှိလား”

“အမ်း” ဖန်လီထန်း၏ ရင့်ရော်သောမျက်နှာက ရှုံ့မဲ့သွားသည်။ သူကပြောလိုက်၏။

"အကြီးအကဲလန်သိမှာသေချာတယ်။ ကျုပ်ကိုယ်ကျုပ် အရှက်မခွဲတော့ဘူး”

လန်လော့က ဟွားဝူတောက်ကို လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

“အကြီးအကဲဟွား ဒီအဖြေကို ခင်ဗျားသိမှာ”

“ကျုပ်လား ... ဒီကိစ္စကို ချန်းပေ့ကျော့ဆီလွှဲထားလိုက်တာပိုကောင်းမယ်ထင်တယ်”

ဟွားဝူတောက်က အမြန်နောက်ဆုတ်လိုက်သည်။

ကျော့ယွီရှုက မျက်မှောင်ကျုံ့သွား၏။ ဒီအဘိုးကြီးသုံးယောက်က မိန်းမတစ်ယောက်ကို အနိုင်ကျင့်နေတာပဲ။ ဒါမျိုး ဘယ်လိုလုပ်နိုင်ရတာလဲ။ အရှက်မဲ့လိုက်ကြတာ ...

သို့သော် ကျော့ယွီရှုသည် ထိုအကြောင်းဘာမှမသိပေ။ ထို့ကြောင့် သူမက ပြောလိုက်၏။ “သူမက ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ကို မဖြတ်ကျော်ဖူးဘူးလို့ မထင်ဘူး”

ကျန်သည့်သူများသည် ထိုစကားကိုကြားသောအခါ ကျော့ယွီရှုကို ကြည့်လိုက်ကြသည်။

"ဘာကြောင့် ဒီလိုပြောတာလဲ” လုကျိုးက မေးလျက်မုတ်ဆိတ်သပ်လိုက်သည်။

ကျော့ယွီရှုက ဘေးဖက်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဆရာမတစ်ယောက်လေသံဖြင့် ပြောလိုက်သည်။

“သူ့ချီသွေးကြောတွေကို သမားရိုးကျမဟုတ်တဲ့နည်းတချို့နဲ့ ပြန်ထိန်းသိမ်းထားတာပဲ မျှော်နန်းသခင်။ ကျွန်မတို့လေးယောက်ဆီက စွမ်းအားပါထပ်ပေါင်းထည့်လိုက်ရင် ဒီလိုအခြေအနေတွေအောက်မှာ အချိန်တိုအတွင်း ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ကို ပြီးမြောက်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး”

“ဒါပေမဲ့ သူမ ခန္ဓာကိုယ်လုပ်ဆောင်ချက်က မသန်မာဘူး။ သေမျိုးတစ်ယောက်နဲ့မခြားဘူး”

မင်ရှစ်ရင်က ဝေခွဲမရဖြစ်နေသေးသည်။

“မျှော်နန်းသခင်ရဲ့စွမ်းအားနဲ့ ငါတို့ရဲ့စွမ်းအားတွေက တစ်ဖက်နဲ့တစ်ဖက် သဟဇာတဖြစ်ပြီးသား။ သူမ စွမ်းအင်ဗဟိုချက်ရဲ့ချီပင်လယ်ကို ငါတို့ဖွင့်ပေးလိုက်တဲ့အချိန် ငါတို့စွမ်းအားတွေက တစ်ခုနဲ့တစ်ခုတွန်းကန်တယ်။ ဒီရလဒ်ကို ဖြစ်လာစေတာပဲ” ကျော့ယွီရှုက လုကျိုးဖက်လှည့်ကာ လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။

“ဒါတွေအားလုံးက ကျွန်မရဲ့ထင်မြင်ချက်ပါပဲ”

“ဒီလိုအခြေအနေအောက်မှာ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကို ဝင်နိုင်ခဲ့တာ အသေးအမွှားလုပ်ရပ် မဟုတ်ဘူး”

ဖန်လီထန်းက ပြောလိုက်၏။

"ဒီလိုဆိုရင် ဒီမိန်းကလေးက နှစ်တစ်ထောင်မှာတစ်ခါပဲ ပေါ်လာတတ်တဲ့ ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ဖြစ်လောက်တယ်”

“တကယ်ပဲ” ကျော့ယွီရှုကပြော၏။

မင်ရှစ်ရင်က သူတို့ကိုစိတ်လေးသည့်ဟန်ဖြင့်ကြည့်ကာ ဆွံ့အသွား၏။ အချိန်အတော်ကြာ ပြောပြီးနောက် သူတို့သည်ပြောခဲ့သည့် တူညီသည့်ကောက်ချက်ချမှုဆီသာရောက်လာကြသည်။ ထိုစဉ် ဟွားဝူတောက်က ရှေ့တိုးပြီး အရိုအသေပေးပြီးပြောလာ၏။

“မျှော်နန်းသခင် သူ့ကိုတပည့်အနေနဲ့ ခေါ်ဖို့ဆန္ဒရှိပါတယ်။ ကျုပ် သိသမျှအားလုံး သင်ပြပေးပါမယ်။ ကျေးဇူးပြုပြီး ကျုပ်တောင်းဆိုချက်ကို လက်ခံပေးပါ မျှော်နန်းသခင်”

လန်လော့က ပြောလိုက်သည်။ "မင်းရဲ့လိပ်ခွံကျင့်စဉ်နဲ့ တိုက်ခိုက်ဖို့ မိန်းကလေးကို သင်ပေးမှာလား။ ဒီမိန်းကလေးက ကိုယ်ပျောက်တာအိုကျင့်စဉ်အတွက် သင့်တော်တယ်လို့ထင်တယ်။ သူက နောက်ထပ် ပွင့်ချပ်ရှစ်လွှာ ကိုယ်ပျောက်တာအိုလက်ရွေးစင်ဖြစ်လာစေရမယ်လို့ ငါ အာမခံတယ်”

ဖန်လီထန်းက မထောက်ခံသည့်ဟန်ဖြင့်ပြောလိုက်သည်။ “ကိုယ်ပျောက်တာအိုနဲ့ လိပ်ခွံကျင့်စဉ်က ကွာခြားချက်ကြီးကြီးမားမားမရှိဘူးလို့ ငါ ထင်တယ်။ သူ့ရဲ့ပါရမီနဲ့ဆို ငါနဲ့အတူ အထူးစွမ်းအင် စည်းတံဆိပ်တွေ သင်သင့်တယ်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူဖြစ်ဖို့က ဘာမှမဟုတ်ဘူး။ သူက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူဖြစ်လာဖို့ ငါ မျှော်မှန်းထားတယ်”

ကျော့ယွီရှုသည် မိစ္ဆာဝေဟင်မျှော်နန်းကို နောက်ကျမှ ဝင်လာတာဖြစ်သည်။ သို့သော် ခရုလေးကဲ့သို့ပါရမီရှင်လေးကို မြင်တွေ့ချိန်၌ သင်ပြပေးလိုစိတ်ပေါ်လာသည်။ သူမသည်လည်း အမျိုးသမီးတစ်ယောက်ဖြစ်၏။ ကွန်ဖြူးရှပ်လမ်းစဉ်၏ ခွဲခြားသည့်အမွေဆက်ခံခွင့်ကို မကျေမချမ်းဖြစ်ခဲ့တာဖြစ်သည်။ သူမသင်ယူခဲ့သမျှအရာအားလုံးကို အုတ်ဂူထဲယူသွားခဲ့လျှင် အချည်းအနှီးဖြစ်မည်ဟုခံစားမိသည်။ “ကျွန်မ ... ကျွန်မ...”

ကျော့ယွီရှုပြောတာမပြီးသေးခင် လုကျိုးက လက်တစ်ဖက်မြှောက်လျက်တည်ငြိမ်စွာ ပြောလိုက်သည်။ “တော်လောက်ပြီ” အခန်းက တိတ်ဆိတ်သွားတော့၏။

ဘာမှမသေချာသေးပေ။ ထိုသို့တိုင် သူတို့က အလားအလာရှိသောတပည့်တစ်ယောက်အတွက် တိုက်ခိုက်နေကြသည်။ လုကျိုးက အကြီးအကဲများကို ကြည့်လိုက်ချိန်၌ တစ်ယောက်မှစကားမပြောရဲတော့ချေ။

“ငါ သူ့အတွက် အစီအစဉ်ရှိပြီးသား။ ဒီနေ့ နားလိုက်ကြရအောင်” လေးယောက်သား အရိုအသေပေးပြီးနောက် တောင်ဖက်မျှော်နန်းကနေထွက်သွားသည်။

တောင်ဖက်မျှော်နန်းအပြင်ဖက်၌ လေးယောက်လုံးသက်ပြင်းချပြီး ခေါင်းခါလိုက်ကြ၏။

“သူလိုပါရမီရှင်တစ်ယောက်က ငါတပည့်ဖြစ်မလာတာ နှမြောစရာပဲ” ဖန်လီထန်းက သက်ပြင်းချလိုက်သည်။

“ဒီအကြောင်း ထပ်မတွေးရအောင် ... မျှော်နန်းသခင်အနားမှာ ရှိနေရင် ငါတို့အခွင့်အရေးရမှာ မဟုတ်ဘူး”

ကျန်သည့်သူများက ထိတ်လန့်သွား၏။ ယင်းက အဓိပ္ပာယ်ရှိသည်။ သူတို့ ထိုအချက်ကို မည်ကဲ့သို့ မေ့သွားရသနည်း။

အခန်းထဲတွင်ဖြစ်သည်။

လုကျိုးသည် ထိခိုက်ဒဏ်ရာမရှိသော ခရုလေးကိုကြည့်လိုက်၏။ အမှန်တကယ်တွင် သူက သူမကို သူ့တပည့်အနေဖြင့် လက်ခံရန် တွေးခဲ့သည်။ သို့သော် နောက်ထပ်တပည့်တစ်ယောက် လက်ခံခြင်းက သူ့အတွက် အကျိုးမရှိစေပေ။ အမှန်ကတယ်တော့ သူ့ကို စိတ်သွေဖည်မှုသာ ရှိစေလိမ့်မည်။

ကျိထျန်းတောက်၏ တပည့်လက်ခံသည့်အဆင့်အရတပည့်ကိုးယောက်သည် ကဗျာနှင့် တစ်နည်းနည်း သက်ဆိုင်နေသည်။ ဤနည်းအားဖြင့် ဒဿမမြောက်တပည့်၏အမည်က ခရုလေးဆိုလျှင် အရာအားလုံးက မူလအစီအစဉ်ကနေ သွေဖည်သွားမည်မဟုတ်ပါလော။

“သူ့ကို ဂရုစိုက်ထား” လုကျိုးက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ ရှစ်စွင်း”

လုကျိုးသည် ယခုအချိန်၌ ခရုလေးနောက်ရှိ ဆန်းကြယ်မှုများကို အာရုံစိုက်ရန်ဆုံးဖြတ်လိုက်သည်။ အမှန်တရားမျက်လုံးသည် အဘယ်ကြောင့်များ သူမကိုဖောက်မမြင်ရသနည်း။ သူမသည် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ မည်ကဲ့သို့တန်းဝင်သွားသနည်း။ သူမ မည်သည့်နေရာက လာသနည်း။ မည်သည့်နေရာကို သူမ သွားမည်နည်း။

နှစ်ရက်ကြာသွားပြီးနောက် ကျင်းစီရင်စု၏တိုက်ပွဲက စတင်တော့သည်။

ဖန်းလိုင်ဂိုဏ်း၏ ကူညီပေးမှုဖြင့် ငရဲဂိုဏ်းသည် ယွီကျန့်ဟိုင်၏ ဦးဆောင်မှုအောက်တွင် မြို့ကို အားကုန်သုံးတိုက်ခိုက်တော့သည်။

ဟွမ်းရှစ်ကျဲနှင့် ယွီကျန့်ဟိုင် ပွင့်ချပ်ရှစ်လွှာအကျော်အမော်နှစ်ဦးက ဟွားချုံးယန်နှင့်အတူ ကျန်သည့်ငရဲဂိုဏ်းအကျော်အမော်များနှင့်အတူ ကျင်းစီရင်စုကို တိုက်ခိုက်လေ၏။

ကျင်းစီရင်စုက ပရမ်းပတာဖြစ်နေသည်။

သုံးရက်မပြည့်မီ၌ ကျင်းစီရင်စု၏ မြို့စောင့်တပ်က နောက်ဆုတ်ရတော့သည်။

ငရဲဂိုဏ်းကအဟုန်မြင့်လာပြီး စစ်သူကြီးအိမ်တော်ကို သိမ်းပိုက်လိုက်သည်။

စစ်သူကြီး၏အိမ်တော်ထဲတွင်ဖြစ်သည်။

ယွီကျန့်ဟိုင်သည် ယခင်ကထက် စိတ်အခြေအနေပိုကောင်းနေ၏။ သူ့ဘေးရှိ ဟွမ်းရှစ်ကျဲကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုရှစ်ကျဲ။ ဒါကြောင့် ကျွန်တော်တို့တွေ ဝမ်ရှုကို အနိုင်ယူနိုင်ခဲ့ပြီ”

ဟွမ်းရှစ်ကျဲက လက်ဝေ့ယမ်းလိုက်သည်။ "ဒါ ဘာမှမဟုတ်ဘူး။ မင်းရဲ့မဟာအမှောင် ကောင်းကင် အောက်မေ့ရာနဲ့ ဂိုဏ်းချုပ်ယွီက ကျုပ်ကိုအမြင်ကျယ်စေခဲ့တာပဲ။ ဓားမော့တစ်ချက်ဝေ့ယမ်းပြီး မြေတွေကို လှုပ်ခါစေတဲ့နည်းလမ်းက အံ့ဩဖို့ကောင်းတယ်”

ယွီကျန့်ဟိုင်၏ကျင့်ကြံဆင့်နက်နဲသည်ဟု လူတိုင်းပြောကြသည်။ သို့သော် အနည်းစုသာလျှင် သူ လှုပ်ရှားတာကို မျက်မြင်တွေ့ဖူးတာဖြစ်သည်။

ကျင်းစီရင်စုရှိတိုက်ပွဲပြီးနောက် ဟွမ်းရှစ်ကျဲသည် သူက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် သူ့အတွက် ယွီကျန့်ဟိုင်ကို အနိုင်ယူရန်ခက်ခဲကြောင်းဝန်ခံရပေမည်။

“တောင်းဆိုချင်တာရှိရင် အစ်ကိုရှစ်ကျဲ ကျေးဇူးပြုပြီးလွတ်လွတ်လပ်လပ်ပြောပါ။ ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးကြိုးစားပါ့မယ်”

ဟွမ်းရှစ်ကျဲသည် အစကတောင်းဆိုချက်များစွာရှိခဲ့သည်။ သို့သော် ကျိထျန်းတောက်၏ ပွင့်ချပ်ကိုးလွှာရွှေကြာအကြောင်းစဉ်းစားမိသွားသောအခါ သူကပြောလိုက်၏။

"ငါ့ကိုကျေးဇူးတင်ဖို့ မလိုဘူး။ ငါတို့ကတစ်ယောက်နဲ့တစ်ယောက်ကူညီပေးတဲ့မိတ်ဆွေတွေ”

သူပြောပြီးသည်နှင့် ရုတ်တရက်ချောင်းဆိုးကာ သွေးအန်တော့သည်။

“အစ်ကိုရှစ်ကျဲ” ယွီကျန့်ဟိုင်က လှမ်းအော်လိုက်၏။

“ငါ အဆင်ပြေတယ် ... အဲ့ဒီဓားပြဝမ်ရှုက ငါ့ကို တိုက်ရိုက်အနိုင်မယူနိုင်တာနဲ့ ချုံခိုတိုက်ခိုက်တာ ယုတ်မာကောက်ကျစ်လိုက်တာ”

ထိုစဉ် ဟွားချုံးယန်က အိမ်တော်ထဲအမြန်ဝင်လာသည်။ သူက သူတို့နှစ်ယောက်ရှေ့ လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ အစီအရင်ထဲ အကုန်ရှာပြီးပါပြီ၊ ဓားပြအိုကြီးဝမ်ရှုက ထွက်ပြေးသွားပါပြီ”

ထိုစကားကို ကြားသောအခါ ယွီကျန့်ဟိုင်က နက်ရှိုင်းသောလေသံဖြင့်ပြောလိုက်သည်။

“မြို့ကို ပြောင်းပြန်လှန်ရမယ်ဆိုရင်တောင် ရအောင်ရှာ”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” ဟွားချုံးယန်က အရိုအသေပေးလိုက်၏။

ထိုစဉ် ကျင်းစီရင်စု၏အနောက်ပိုင်းလမ်းကြားက သံချပ်ကာဝတ်လူငါးယောက်က ပြေးနေ၏။

“စစ်သူကြီးဝမ် ... ဒီလမ်း။ သစ်ပင်ကြီးတွေကြားက လမ်းကြောင်းကို ဆက်ပြေးခဲ့မယ်ဆိုရင် မိုင်ငါးဆယ်အကွာမှာရှိတဲ့ ထျန်းကျန့်မြစ်ကို ရောက်လိမ့်မယ်။ အဲ့မှာလှေတစ်စင်းပြင်ထားတယ်”

အဖိုးအိုတစ်ယောက်သည် သူတို့ကြားတွင်ရှိနေ၏။ သူ၏သံချပ်ကာများထိခိုက်နေပြီး မျက်နှာက ဒဏ်ရာရထားသည်။ သူက ကျင်းစီရင်စုကိုစောင့်ကြပ်ပေးသည့် မဟာတပ်ဖွဲ့မှူးရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ကွန်ဖြူးရှပ်လမ်းစဉ်အကျော်အမော်စစ်သူကြီးဝမ်ရှုပဲဖြစ်သည်။

ဝမ်ရှုက ကျင်းစီရင်စုမြို့ကို တစ်ချက်ကြည့်လိုက်၏။ သူကခေါင်းခါကာပြောလိုက်သည်။ “ငါ လက်စားမချေရမချင်း အနားယူမှာနိုင်မှာမဟုတ်ဘူး”

ထိုသို့ပြောစဉ် သစ်ပင်ပေါ်ကနေသိမ်မွေ့ပြီး တည်ငြိမ်သော အသံတစ်သံထွက်ပေါ်လာသည်။

“ကျုပ် တောင်းပန်ပါတယ်”

All Chapters