အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အခန်း (၅၀၂) ခေါင်းတလား
သူ့စွန့်ပစ်ခံ ဉာဏ်ပညာက ခေါင်းတလားကို ထိမှန်သွားသည်။ သူ့တွက်ချက်မှုအရ သူ့ထူးခြားအံ့ဖွယ် စွမ်းအား သုံးပုံတစ်ပုံခန့်သည် လန်နီကို သတ်ဖို့ရာ လုံလောက်ပေသည်။ သို့သော်လည်း လက်ဝါးချက်က ခေါင်းတလားကို ထိမှန်သွားသည်နှင့် ပင့်ကူအိမ်သဖွယ် အနီရောင်အလင်းများ ပေါ်ထွက်လာသည်။
လက်ဝါးချက်နှင့် အနီရောင်အလင်း ထိပ်တိုက်တွေ့သွားသည့်အခါ စွမ်းအားလှိုင်း ပေါက်ကွဲမှုက ပတ်ဝန်းကျင်ထံ ပျံ့နှံ့လာသည်။
အနီရောင် ခေါင်းတလားက လိမ့်သွားပြီး မှေးမှိန်သွားသည်။
လန်နီက လက်ဝါးချက် စည်းတံဆိပ်၏ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရသည်။ သူက ကောင်းကင်ကို မျက်နှာမူလျက် မြေပေါ် လဲကျသွားသည်။ သူက မြေပေါ် ကျသွားသည့်အခါ သွေးတစ်ပွက် အန်လိုက်ရ၏။
ဘန်း
ခေါင်းတလားနှင့် လန်နီက တိုက်ခိုက်မှုကြောင့် အကာအရံမှ လွင့်စဉ်သွားကြသည်။
ဤသည်က အကာအရံ အလုပ်လုပ်ပုံဖြစ်၏။ ထွက်ဖို့ လွယ်ကူသော်လည်း ဝင်ရောက်ဖို့ ခက်ခဲလေသည်။
ထို့အပြင် သူတို့က လက်ဝါးချက်ကြောင့် ထိခိုက်ထားသေးသည်။ လက်ဝါးတစ်ချက်တည်းဖြင့် လန်နီအား ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က လက်အောက်ငယ်သား နှစ်ယောက်ကို အလွယ်လေး အနိုင်ပိုင်းလိုက်ကြသည်။ သူတို့က တစ်ပြိုင်နက်ဆိုသလို မော့ကြည့်လာကြ၏။
သူတို့ရှစ်စွင်းရဲ့ လက်ဝါး စည်းတံဆိပ် …
ဤသည်က လုကျိုးအနေဖြင့် စွန့်ပစ်ခံ ဉာဏ်ပညာကို အသုံးပြုသည့် ဒုတိယအကြိမ် ဖြစ်ပေသည်။ ပထမတစ်ကြိမ် အသုံးပြုစဉ်က လျန့်စီရင်စုမှ တိုက်ပွဲအတွင်း ဖြစ်၏။ သူက အပေါ်မှ ဆင်းလာစဉ် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ကွန်ဖြူးရှပ်ကျောင်းတော်၏ စွန့်ပစ်ခံ ဉာဏ်ပညာက အမြဲလိုလို အသုံးပြုသူ၏ လက်ဝါးများ ပူးကပ်ထားပြီး စွမ်းအားအကုန် သုံးဖို့ လိုအပ်လေသည်။ သို့သော်လည်း လုကျိုးက လက်ဝါးတစ်ချက်တည်းဖြင့် စွမ်းအားကြီးကြီးကို ထုတ်ဖော်နိုင်သည်။
ခေါင်းတလားက လွင့်စဉ်သွားသောကြောင့် ပတ်ချာယမ်းသွားသည်။ ထိုအရာက လင်းလက်နေခြင်း မရှိတော့ပေ။
သို့သော်လည်း လုကျိုးက စနစ်မှ အသိပေးချက်ကို မရသေးပေ။ ထိုအရာက သူ့အား ခေါင်းရှုပ်စေ၏။ သူ့ပွင့်ချပ်ငါးလွှာအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ထူးခြားအံ့ဖွယ် စွမ်းအားသုံးပုံတစ်ပုံခန့်ဖြင့် လန်နီကို သတ်ဖို့ လုံလောက်သင့်ပေသည်။
လန်နီက ဘယ်လိုလုပ် အသက်ရှင်နေတာလဲ …
လုကျိုးက ခေါင်းတလားနှင့် လန်နီအား ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း ခေါင်းတလားကို အမြင်ချည်းသက်သက်ဖြင့် မဆုံးဖြတ်နိုင်ပေ။
လုကျိုးက လေထဲမှ ခေါင်းတလားဆီ ပျံသန်းလာလိုက်သည်။ သူက လေထဲတွင် ရပ်တန့်ကာ သူ့ခြေထောက်အောက်မှ အပြာဖျော့ဖျော့ အလင်းတန်းကို ထုတ်ဖော်လိုက်ပြီး ခေါင်းတလားပေါ် တက်လိုက်သည်။
ဝုန်း
သူ့ခြေဖျားမှ ကောင်းကင်အလင်းတန်းလိုမျိုး လှိုင်းတွန့် ထလာသည်။
တခြားလူများလည်း ထိုမြင်ကွင်းကြောင့် ကြောင်အမ်းကုန်ကြ၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များလည်း အံ့အားသင့်နေကြသည်။ သူတို့က ဝေဟင်ထဲမှ ရှစ်စွင်းအား ကြည့်လိုက်ကြသည်။ သူတို့ရှစ်စွင်းက လှုပ်ရှားလိုက်ပြီဖြစ်၍ သူတို့အနေနှင့် ဘာမှလုပ်ဖို့ မလိုတော့ပေ။ သူတို့က ရှစ်စွင်း၏ စွမ်းအားစည်းတံဆိပ်အား ကြည့်ရသည်ကို နှစ်ခြိုက်ကြ၏။
လုကျိုးက ခေါင်းတလားပေါ် တက်ကာ အကာအရံထဲ ပြန်တွန်းလွှတ်လိုက်သည်။ ခေါင်းတလားက ယမ်းခါရင်း အကာအရံထဲ ပြန်ရောက်သွားသည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က လုကျိုး၏ အတွေးကို နားလည်ကြသည်။ သူတို့က တစ်ပြိုင်နက်ဆိုသလို လှုပ်ရှားကာ ခေါင်းတလားအား သူတို့စွမ်းအားဖြင့် ဖမ်းဆုပ်ထားလိုက်ကြသည်။
ထိုစဉ် ထျန်းကုံက ရုတ်ခြည်းဆိုသလို တောင်ပံများ ခတ်လာသည်။
ဖျပ်
နားကွဲလုမတတ် အသံကျယ်ကြီးနှင့်အတူ လေပြင်းများ ထွက်ပေါ်လာသည်။
လုကျိုးက လေထဲတွင် ရပ်နေလေ၏။
ပွင့်ချပ်နှစ်လွှာ ကျင့်ကြံဆင့်က အားနည်းလွန်းနေသည်။ လန်နီက နောက်ဆုတ်လိုက်ရင်း အတွင်းအင်္ဂါများမှ နာကျင်မှုကို တောင့်ခံလိုက်ရသည်။ ထို့နောက် သူက ထျန်းကုံဆီ ပျံသန်းသွားလိုက်သည်။ သူက ယခု စိတ်ဓာတ်ကျနေဟန်ပေါ်သည်။ သူ့အကြည့်များက သွေးဆာနေသည်။ သူက ထျန်းကုံကျောပေါ်တွင် ရပ်လိုက်ရင်း ဒေါသတကြီး အော်ပြောလိုက်သည် “ ဘာစောင့်နေတာလဲ။ သွားလေ ”
လေထုထဲ စူးစူးရှရှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ လန်နီ၏ အမိန့်အောက်တွင် ထျန်းကုံက တောင်ပံများခတ်ရင်း ပျံသန်းလိုက်သည်။
လန်နီက သူ့ဆီ လာနေသည့် လုကျိုးအား လှည့်ကြည့်လိုက်သည်။ သူက ချီသွေးကြောဆုံမှတ်များကို ထိကာ ပြောလိုက်သည်။ “ ခင်ဗျားက ပွင့်ချပ်ကိုးလွှာအဆင့် မဟုတ်ရင်တောင် အလွန်ဆုံး ပွင့်ချပ်ရှစ်လွှာအဆင့်ပဲ”
သူက စိတ်အေးသွားကာ ထျန်းကုံကျောကို အသာပုတ်ပေးလိုက်သည်။ “ ဒီတိုက်ပွဲကနေ ထွက်သွားပြီးတာနဲ့ တစ်နေ့ကျ ဘွန်အာမိသားစုက တာ့ယန်တစ်ခုလုံးကို ပြားပြားဝပ်အောင် လုပ်ပစ်မယ် ”
ထိုစဉ် သူ့နောက်မှ ဩဇာအာဏာအပြည့်ရှိသည့် အသံတစ်သံ ထွက်လာသည်။
“မင်းကို ငါ ထွက်သွားခွင့် ပေးလို့လား ”
လန်နီက စိတ်ထဲ တုန်လှုပ်သွားလေသည်။ သူက မျက်လုံးအပြူးသားဖြစ်သွားကာ နောက်လှည့်ကြည့်လာရသည်။ သူက လူအိုကြီး လုကျိုးသည် သူ့နောက်ကို နတ်ခြင်္သေ့စီးရင်း လိုက်လာသည်ကို မြင်လိုက်ရသည်။
လုကျိုးက လန်နီအား နတ်ခြင်္သေ့စီးနင်းရင်း အသက်ရှိုက်စာအနည်းငယ်အတွင်း ချဉ်းကပ်လာသည်။
“မြန်မြန်” လန်နီက ထျန်းကုံ၏ ခန္ဓာကိုယ်ကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
ထျန်းကုံက အစကတည်းက တောင်ပံများ ရှိထားသည့်အတွက် အရှိန်နှုန်း ပျံသန်းလိုက်သည်။ ထိုအရာက ဝေဟင်ထဲ ဥက္ကာပျံတစ်စင်း ဖြတ်သွားသလို ဖြစ်၏။ သို့သော်လည်း တစ်ဖက်က နတ်ခြင်္သေ့ ဖြစ်နေသည်။
နတ်ခြင်္သေ့က ထျန်းကုံထက် အရှိန်နှုန်း၊ ပေါ့ပါးသွက်လက်မှုတို့ကို မသာလွန်လျှင်ပင် အမှီလိုက်နိုင်လေသည်။
သူတို့က တူညီသည့် နှုန်းဖြင့် ပျံသန်းနေပါက ကွာဟချက်က အတူတူသာ ဖြစ်နေလိမ့်မည်။
လုကျိုးက နတ်ခြင်္သေ့ကျောပေါ်တွင် ရပ်နေရင်း ဘယ်လက်ဖြင့် မုတ်ဆိတ်သက်ကာ ညာလက်အား မြောက်လိုက်သည်။ သူက ရှေ့ကို လက်ညှိုးထိုးလိုက်သည့်အခါ ကနဦးချီ ထွက်ပေါ်လာသည်။ သူ့လက်ချောင်းကြားမှ အပြာရောင် အလင်းတန်း တောက်ပလာပြီး စွန့်ပစ်ခံ ဉာဏ်ပညာဟူသော စာလုံးများ ပေါ်ထွက်လာသည်။
သူက လက်ကို ဆန့်ထုတ်လိုက်သည်။
ဝှစ်
လက်ဝါးစည်းတံဆိပ် ပေါ်လာသည့်အခါ လေထုထဲ ဟိန်း၍ ထွက်ပေါ်လာသည်။
ထိုစဉ် လန်နီက ကနဦးချီအားလုံးကို ထုတ်ဖော်ကာ စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်၏။ သူ့လက်မောင်းကို ကြက်ခြေခတ်ပုံ ကာလိုက်စဉ် အစီအရင်သွေးကြော သင်္ကေတက သူ့အား ဒိုင်းကာသဖွယ်လို ကာကွယ်ပေးသွားသည်။
လုကျိုးက ထူးဆန်းသည်ဟု ထင်မိသည်။ အစီအရင်သွေးကြောက တာ့ယန်၏ ကွန်ဖြူးရှပ်အဖွဲ့အစည်းများ၏ အစီအရင်နည်းလမ်းကို အမှတ်ရစေသည်။ သို့သော်လည်း ယခု အရေးမကြီးပေ။
ထိုစဉ် ဧရာမ စွန့်ပစ်ခံ ဉာဏ်ပညာဟူသော စာလုံးကြီးက လန်နီနှင့် ထျန်းကုံဆီ ကျရောက်လာသည်။
လန်နီက မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ သူ့လက်မောင်းအထက်မှ အစီအရင်သွေးကြောက အက်သွားသည်။ ထိုအရာက စွန့်ပစ်ခံ ဉာဏ်ပညာကို မခုခံနိုင်ပေ။
ဝုန်း
လန်နီနှင့် ထျန်းကုံတို့ ပြုတ်ကျလာသည်။
ထိုစဉ် တောအုပ်အတွင်း လူတစ်စုက မော့ကြည့်လိုက်သည့်အခါ ထျန်းကုံက ပြုတ်ကျလာရင်း တောင်ပံခတ်နေသည်ကို မြင်လိုက်ရသည်။
“အစီအစဉ်အတိုင်း ဆက်လုပ် … ခေါင်းဆောင်ကို ကူပေးလိုက်ကြ ”
ကျင့်ကြံသူများစွာက တောအုပ်အတွင်း ဟိုဟိုဒီဒီ ပြေးလွှားကာ ထျန်းကုံ ကျဆင်းလာသည့် နေရာသို့ ရောက်လာကြသည်။
လုကျိုးက လက်ဝေ့လိုက်ပြီး နတ်ခြင်္သေ့အား ပြန်ခေါ်လိုက်သည်။ သူက ထျန်းကုံနှင့် လန်နီတို့ မြေပေါ် ကျရောက်သွားသည်ကို ကြည့်ရင်း နားရှုပ်နေမိသည်။
စနစ်ရဲ့ အသိပေးချက်လည်း မကြားပါ့လား … ထောင်ချောက်များလား
ကံကြမ္မာဆက်စပ် နှောင်ဖွဲ့မှုလား …
လုကျိုး စိတ်ထဲ ထူးထူးဆန်းဆန်း အခေါ်အဝေါ်တစ်ခု ပေါ်ထွက်လာသည်။ လန်နီက ခေါင်းတလား ယူလာရဲလောက်အောင် သတ္တိကောင်းပြီး ယုံကြည်ချက်ရှိနေသည်မှာ မဆန်းတော့ပေ။
ဉာဏ်များလိုက်တာ …
ကံကြမ္မာဆက်စပ် နှောင်ဖွဲ့မှုဆိုသည်မှာ တာ့ယန်တွင် စွမ်းအားဝေမျှသည့် နည်းလမ်း ဖြစ်၏။ ထို့နောက် စုန်းအတတ်ပညာနှင့် အသားတကျ ဖြစ်သွားသည်။
စီးဝူယာ့တစ်ယောက်က ချုပ်နှောင်ရေး မန္တန်မိစဉ်အခါက ကျူးဟုန်ကုန်းကို အသုံးချကာ သူ့ရှစ်စွင်းနှင့် ဆက်နွယ် နည်းစနစ်သုံးကာ လှည့်စားပြီး မန္တန်ချိုးဖောက်ဖို့ တွေးခဲ့သေးသည်။ ကွာခြားချက်က လန်နီသည် သူ့အသက်ကို ထျန်းကုံနှင့် ဆက်စပ်ထားခြင်း ဖြစ်၏။ တခြားနည်းဖြင့်ဆိုရလျှင် ထျန်းကုံ၏ အသက်ကလည်း လန်နီ၏ အသက် ဖြစ်ပေသည်။ ထျန်းကုံ အသက်ရှင်နေသရွေ့ သူက သေဆုံးမည် မဟုတ်ပေ။
“ပေါင်တစ်ထောင် ကျဆင်းခြင်း”
လုကျိုးက ဆင်းလာလိုက်သည်။
လန်နီက တိုက်ခိုက်စွမ်းရည် ပျောက်ဆုံးသွားပြီ ဖြစ်၏။ စွန့်ပစ်ခံ ဉာဏ်ပညာ၏ လက်ဝါးစည်းတံဆိပ် ရိုက်ခတ်မှုကြောင့် သူ့ခန္ဓာကိုယ် လုပ်ဆောင်မှုအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်ခံလိုက်ရသည်။
ဝုန်း
ထျန်းကုံက တောအုပ်အတွင်း ကျဆင်းသွားကာ ဖုန်လုံးများ ထလာစေသည်။
ဝှစ် ဝှစ် ဝှစ်
တောအုပ်အတွင်း အဝေးတစ်နေရာမှ ပုံရိပ်များစွာက ထျန်းကုံထံ မမြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ချဉ်းကပ်လာကြသည်။
လုကျိုးက အနီးအနား ဆင်းသက်လိုက်ပြီး လေထဲမှတဆင့် မြေပြင်ကို လေ့လာလိုက်သည်။ ဤသည်က အကောင်းဆုံး မြင်ကွင်း ဖြစ်၏။ သူက လှမ်းကြည့်လိုက်သည့်အခါ ပုံရိပ်တစ်ရာကျော်က မြောက်ဘက်မှ သိုသိုသိပ်သိပ် အနေအထားဖြင့် သူ့ဆီ ပျံသန်းလာနေသည်။
“ထောင်ချောက်လား” သို့သော်လည်း လုကျိုးက လန်နီသည် ကလိမ်ကျသည့်လူဟု မထင်မိပေ။
ဖုန်လုံးများက ငြိမ်သွားပြီ ဖြစ်၏။
ပုံရိပ်တစ်ရာကျော်က ဓားပျံများ စီးနင်းရင်း သူ့ဆီ ချဉ်းကပ်လာသည်။
လုကျိုးက ထျန်းကုံအား ကြည့်လိုက်၏။
လန်နီက လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်ပြီး ထျန်းကုံအပေါ် လက်တင်လိုက်သည်။ ထျန်းကုံ၏ နဖူးမှ အလင်းပျောက်လေး ပျံသန်းထွက်လာသည်။ သူက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ မောက်မာစွာ ပြုံးလိုက်သည်။ သူက လုကျိုးကို အနိုင်ယူနိုင်ခဲ့ပြီဟု တွေးနေသည်မှာ သိသာလှသည်။
လုကျိုးက သူ့ဆီ ပြေးလာနေသည့်လူများအား ကြည့်လိုက်သည်။ သူတို့က လန်နီ၏ ခန္ဓာကိုယ်အား သယ်ကာ နောက်ဆုတ်သွားကြသည်။ ထိုလူ တစ်ရာသည် မည်သည့်ဂိုဏ်းကမှ မသိသလို သူတို့ မိတ်ဆွေလား၊ ရန်သူလားပင် မသိပေ။
ဘယ်လိုဖြစ်ဖြစ်ပေါ့ …
လုကျိုးက လက်မြောက်လိုက်သည်။ ရုပ်ဖျက်ကတ် ထွက်လာလေ၏။ ကတ်ကို ခြေမွှလိုက်သည့်အခါ ခပ်ဖျော့ဖျော့ စွမ်းအားက သူ့လက်ဝါးမှ ထွက်ပေါ်လာသည်။
ဝှစ်
ပေ ၁၅၀ အမြင့်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်က ထွက်ပေါ်လာသည်။ အောက်ခြေရှိ ရွှေကြာက အသက်ဓာတ်ပြည့်ဝနေသည့်အလား တောက်ပနေသည်။ ထိုရွှေကြာဝန်းကျင်တွင် ပွင့်ချပ်ကိုးလွှာက တစ်သတ်မတ်တည်း အမြန်နှုန်းဖြင့် လှည့်ပတ်နေသည်။
လန်နီက ကျင့်ကြံသူပေါ်တွင် အသယ်ခံနေရင်း မျက်လုံးဖွင့်ကာ ကြည့်လာသည်။ ထို့နောက် သူက နှလုံးခုန်ရပ်တန့်သွားသလို ခံစားလိုက်ရ၏။
ပွင့်ချပ်ကိုးလွှာလား …
လုကျိုးက သူ့ရွေကြာစိတ်ဝိညာဉ်သဏ္ဌာန်အထက် ရပ်နေသည်။ ထိုဓားသမား အယောက်တစ်ရာ၏ ဇာစ်မြစ်က မည်သို့ပင်ဖြစ်စေကာမူ သူက အသံကို မြင့်ကာ အမိန့်ပေးလိုက်သည်။
“ တခြားမျိုးနွယ်ကို ရှင်းကြ ”
...
အခန်း (၅၀၃) ငါ မင်းကို သတ်ချင်ရင် မင်းအသက်ရှင်လို့မရဘူး
ဓားသမားတစ်ရာသည် အစက တာဝန်တစ်ခုပြီးမြောက်သွားသောကြောင့်ဖြတ်သွားတာပဲဖြစ်သည်။ ထျန်းကုံ၏အရွယ်အစားနှင့်အော်သံက သူတို့၏အာရုံစိုက်မှုကို ရသွား၏။ ထို့နောက် သူတို့သည် လက်ထဲတွင် ဓားကိုင်လျက် ရောက်လာတာပဲဖြစ်သည်။
ဓားသမားအယောက်တစ်ရာသည် ဧရာမတောင်ပံတစ်စုံဆင်းသက်လာတာကိုမြင်စဉ် သူတို့က မိုင်အနည်းငယ်အကွာ၌ ဖြစ်သည်။ လူအချို့က တိုက်ပွဲဝင်နေသောကြောင့် တတိယလူအနေဖြင့် တိုက်ပွဲကို အကျိုးအမြတ်ရရန် သူတို့မျှော်လင့်နေမိသည်။ သူတို့က ထျန်းကုံကို သူတို့အပိုင်ယူရန် စဉ်းစားထားတာ ဖြစ်သည်။ သို့သော် အခင်းဖြစ်ရာနှင့် တစ်မိုင်အကွာသို့ ရောက်သည့်အချိန်၌ ထျန်းကုံကို ဧရာမလက်ဝါးစည်းတံဆိပ်တစ်ခု ရိုက်ချလိုက်တာကို မြင်လိုက်ရသည်။ သူတို့က တိုက်ပွဲကို လေ့လာရန် ရပ်တန့်လိုက်စဉ် ထျန်းကုံနောက်ရှိ အဘိုးအိုကို တွေ့လိုက်ရ၏။
အဘိုးအို၏ဆံနွယ်ဖြူများက လေထဲလွင့်လူးနေပြီး လေထဲတွင်ရပ်နေလေ၏။ သူ၏အကြည့်တို့က စူးရှသည်။ သူက တာအိုဝတ်ရုံကို ဝတ်ထားလေ၏။ သူ၏ရောင်ဝါတစ်ခုတည်းကပင် သူတို့ကိုလေးစားကြောက်ရွံ့သွားစေရန်လုံလောက်သွားစေပြီဖြစ်သည်။
သုံးပေသောရေခဲသည် တစ်နေ့တည်းတွင် ဖွဲ့တည်ခဲ့တာ မဟုတ်ပေ။ ဤအရှိန်အဝါဖြင့်အဘိုးအိုသည် အားနည်းသူမဖြစ်နိုင်။
သို့သော် သူတို့က ရှေ့ဆက်ပျံသန်းမည့်အချိန်တွင် မြေပြင်ကနေ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာ၏။ ယင်းက ပေတစ်ရာ့ငါးဆယ်ခန့် မြင့်မားပြီး ပေလေးဆယ်ခန့် ကျယ်ဝန်း၏။ ပွင့်ချပ်ကိုးလွှာသည် ၎င်း၏ရွှေကြာနားတစ်ဝိုက် လည်ပတ်နေသည်။
ဓားသမားတစ်ရာက မှင်တက်သွားပြီးနောက် နေရာမှာတင် ကြက်သေသေကုန်သည်။
တစ်ချိန်တည်းတွင် သူတို့က အဘိုးအို၏အသံကိုကြားလိုက်ရတော့သည်။
“တခြားမျိုးနွယ်ကိုရှင်းကြ”
ပွင့်ချပ်ကိုးလွှာပြသမှုသည် လူတိုင်းကို ခြိမ်းခြောက်နိုင်၏။ သူတို့ သူပြောတာကိုနာခံရမည်။ မိတ်ဆွေဖြစ်စေ၊ ရန်သူဖြစ်စေ အရေးမကြီး သူတို့က ထျန်းကုံကိုဖမ်းရန် ချက်ချင်းလှုပ်ရှားလိုက်၏။
သူတို့သည် လုကျိုးညွှန်ပြသည့်ဖက်ကိုလှည့်ကြည့်လိုက်ရာ ထျန်းကုံလဲကျသည့် ဧရိယာဖက်ကနေ ကျင့်ကြံသူများစွာ ပျံထွက်လာတာကိုမြင်တွေ့လိုက်ရသည်။
အချိန်က လူကိုမစောင့်ပေ။ ခေါင်းဆောင်အကြီးအကဲက ပွင့်ချပ်ကိုးလွှာရွှေကြာကို လေးစားနေမိသည်။ သူက အကြည့်တို့ ပြောင်းလျက် နက်ရှိုင်းသောအသံဖြင့်ပြောလိုက်၏။ "တခြားမျိုးနွယ်ကိုဖြေရှင်း”
“တခြားမျိုးနွယ်သားတွေကို ဖြေရှင်းကြ”
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ဦး၏အမိန့်ကို မည်သူကများမနာခံရဲနေရဲမည်နည်း။
သူတို့၏သွေဖည်နေသောအတွေးကို ယခုအချိန်တွင် ထိန်းချုပ်ထားလိုက်မည်။
ဓားသမားတစ်ရာက သူတို့ပစ်မှတ်ရှိရာဆီသို့တဟုန်ထိုးဝင်သွားလိုက်ကြပြီး သူတို့ဓားဖြင့် ဓားကိုဆွဲကိုင်လျက် လိုက်သွားလိုက်ကြသည်။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူက သူတို့ကိုအကူအညီတောင်းနေရာ သူတို့စိတ်လှုပ်ရှားလာပြီး သူတို့အကောင်းဆုံးကြိုးစားချင်သည်။ ဤကဲ့သို့ခံစားချက်ကို သူတို့ယခင်က တစ်ခါမှမခံစားဖူးပေ။ ဓားသမားများက တခြားမျိုးနွယ်နောက် စိတ်အားထက်သန်စွာလိုက်နေကြသည်။ သူတို့က စွမ်းအင်ဓားများစွာကိုထုတ်လျက်ရှေ့သို့ဆက်လက်ပျံသန်းသွား၏။
သစ်ပင်များလဲပြိုကာ စွမ်းအင်ဓားထိခတ်မှုက လေထဲတွင်ပြန့်နေသည်။ သူတို့သည် ငါးတစ်အုပ်ကူးခပ်နေသည်နှင့်တူ၏။
လန်နီဘွန်အာက သူအလိုက်ခံနေရမှန်း သဘောပေါက်သွားချိန်၌ မျက်လုံးများပြူးထွက်လုနီးပါးဖြစ်လာသည်။ သူ့လူများကို ဆော်ဩနေစဉ် သူ့အသံထဲတွင် စိတ်ပျက်အားငယ်မှုတစ်စွန်းတစကိုကြားနိုင်သည်။ “ပြေး … မြန်မြန်”
မိစ္ဆာဝေဟင်မျှော်နန်းသခင်က အမှန်တကယ်ပွင့်ချပ်ကိုးလွှာအဆင့်တွင်ရှိသည်။ ၎င်းက အတုအယောင်မဟုတ်။ သူ မိစ္ဆာဝေဟင်မျှော်နန်းတွင် ရှိစဉ်က အဘယ်ကြောင့်များ သူ မတိုက်ခိုက်ခဲ့သနည်း။ သူ ဆော့ကစားခံလိုက်ရသည်လော ... ကြောင်က ကြွက်နှင့် ဆော့ကစားတာ နှစ်ခြိုက်ကြောင်း၊ ကြွက်ကိုမသတ်ခင် လက်သည်းနှင့်ပုတ်လေ့ရှိကြောင်း သူ ရုတ်တရက် အမှတ်ရသွားသည်။ ထိုကြွက်က တောင်ပံရှိလျှင်တောင် လွတ်မြောက်နိုင်မှာမဟုတ်ပေ။ သူ့ရင်ထဲ၌ ကူကယ်ရာမဲ့မှု၊ စိတ်ပျက်အားငယ်မှုတို့ နက်ရှိုင်းစွာ ပေါ်လာလျက် သူအသက်ရှုရ ခက်ခဲလာတော့သည်။ ထိုစဉ် သူ့ကိုသယ်လာသည့် ရောင်းရင်းများက ရုတ်တရက်ရှေ့ဆက်တိုးတာရပ်တန့်လိုက်၏။
လန်နီက မျက်မှောင်ကျုံ့ကာပြောလိုက်တော့သည်။ “မင်းတို့ ဘာကြောင့်ရပ်တန့်လိုက်တာလဲ”
လခွမ်းပဲ ... ဘာတွေတွေးနေလဲ။ သူ၏အဖွဲ့သားများက စိတ်ထဲကျိန်ဆဲနေကြသည်။
သူ့ကို သယ်လာသည့်သူက လက်ဆန့်ထုတ်ကာ လန်နီကို ပစ်ထုတ်လိုက်၏။ လေထဲတွင် အလင်းတန်း တစ်ချက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ထောက်ခနဲ ပြုတ်ကျသွားတော့သည်။
ထိုအဖွဲ့သားက ဘယ်ညာကြည့်လိုက်သည်။ ပြီးနောက် သူကလှည့်လာပြီး ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို မော့ကြည့်လိုက်၏။ ဆယ်စက္ကန့်က အမှန်ပဲဖြစ်သည်။ ရှည်သည်မဟုတ်၊ တိုသည်မဟုတ်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကိုမြင်သောအခါ အသက်ရှုနှုန်းက မြန်လာပြီး ကျိန်ဆဲတော့၏။ “မင်း ငါ့ကို ဒီလိုဆွဲသွင်းတာ ... သေစမ်း”
လန်နီသည် စွန့်ပစ်ခံဉာဏ်ပညာ၏ ရိုက်ချက်နှစ်ချက်ကြောင့် အတွင်းဒဏ်ရာ ရနေတာဖြစ်သည်။ ထျန်းကုံက သူ့အတွက် ဒဏ်ရာအများစု ခံပေးခဲ့သောကြောင့် သူ အသက်ရှင်နေတာဖြစ်သည်။ ကံကြမ္မာဆက်စပ်နှောင်ဖွဲ့မှုက ထိခိုက်မှုအားလုံးကို ထျန်းကုံဆီပြောင်းပေးလိုက်၏။ ထိုသို့တိုင် သူသေခါနီးနေပြီ ဖြစ်သည်။ သူ ပြုတ်ကျသည့်ဒဏ်ကိုပြင်းပြင်းထန်ထန်ခံနေရ၏။ သူ့နာကျင်မှုကို အော်ထုတ်ရန် နည်းလမ်း မရှိပေ။
သူက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဆိုတာ ငါ မသိခဲ့ဘူး။ သူ့ရဲ့ဘိုးဘေးချန်ထားခဲ့သည့် ခေါင်းတလားသည် မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာမဟုတ်ကြောင်း သက်သေပြခဲ့တာသိသာ၏။ ယင်းက မည်သို့ဖြစ်သွားသနည်း။
ထိုစဉ် ဓားသမားတစ်ရာက သူတို့ဓားများ ကိုင်ဆွဲလျက် အခင်းဖြစ်ရာနေရာသို့ရောက်လာသည်။
“အကြီးအကဲ ဒီလမ်းပါ။ ပစ်မှတ်ကို ရှာတွေ့ပါပြီ”
“တတ်နိုင်ရင် သူ့ကိုအရှင်ဖမ်း ... သူတို့ကို အရှင်ဖမ်း”
“နားလည်ပါပြီ”
လန်နီ၏အဖွဲ့သားများက ယခုအချိန်တွင် ဘာကိုမှဂရုမစိုက်တော့ပေ။ သူတို့က အံကြိတ်လျက် မြေပြင်ပေါ်တွင် လဲနေသောလန်နီကို လက်ညှိုးထိုးကာ ပြစ်တင်စွပ်စွဲသော လေသံဖြင့် ပြောလိုက်တော့သည်။ “ဒီကိစ္စကို မင်းဖာသာမင်းလုပ်တာ” ပြီးနောက် သူတို့က လှည့်ထွက်ပြေးသွားတော့၏။
သစ်ပင်များကြား၌ ဓားသမားများစွာက ဆင်းသက်လာသည်။ သူတို့က လန်နီကို သယ်လာခဲ့တာဖြစ်သည်။ ကျန်သည့်ဓားသမားများကလည်း ဆက်လိုက်ကြသည်။
ဓားသမားတစ်ရာက သူတို့ကို လိုက်နေကြလေသည်။ အော်သံများကိုလည်း ကြားနေရ၏။
တစ်ဖွဲ့က နောက်တစ်ဖွဲ့ကို အနိုင်ကျင့်ခြင်းသည် တုံးအရာရောက်သော်ငြား စိတ်ဝင်စားစရာကောင်းသည့်ကိစ္စပဲ ဖြစ်သည်။
လုကျိုးသည် လေထဲကနေ ကြည့်နေ၏။ သူက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လျက် လက်တစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။ ပွင့်ချပ်ကိုးလွှာအဆင့်က တကယ်အဆင်ပြေလိုက်တာ။
အချိန်ကိုက်က ပုံမှန်ပဲဖြစ်သည်။ ဓားသမားတစ်ရာသာ ယခုအချိန်၌မဖြတ်သွားလျှင် သူသည် တခြားမျိုးနွယ်အားလုံးကို သတ်ဖြတ်ရန်အတွက် အသေရိုက်ချက်ခြောက်ကတ်ကို သုံးရပေလိမ့်မည်။ ယခု သူ၏ကတ်များကို ချွေတာလိုက်နိုင်ပုံရ၏။
နာရီပေါင်းများစွာ ကြာသွားသည်ဟု ထင်ရပြီးနောက် ဓားသမားတစ်ရာက သူတို့ဓားများဖြင့် ပြန်ရောက်လာသည်။
သူတို့ထဲမှနှစ်ယောက်က ညှိုးရော်အားငယ်နေသောလန်နီကို သယ်လာသည်။ သူတို့က လေးထောင့်အစီအရင်တစ်ခုကို ခင်းကျင်းလျက် သူတို့အဆင့်ကို ပြထားသည်။
ဦးဆောင်လာသည့်အကြီးအကဲက သူတို့သေသေသပ်သပ် စီထားတာကိုမြင်သောအခါ သူ့ဝတ်ရုံကို အနည်းငယ်မြှောက်လျက် လေထဲသို့ပျံသန်းတက်ကာ လုကျိုးကို အရိုအသေပေးလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် လောင်ချန်းပေ့ ... ချန်းပေ့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ကျိချန်းပေ့လားဆိုတာ မေးလို့ရမလား”
လုကျိုးက သူ့ကိုကြည့်ပြီး တည်ငြိမ်စွာမေးလိုက်သည်။ “မင်း ငါ့ကိုသိလား”
လုကျိုး၏စကားများက သူ့အထောက်အထားများကို တိုက်ရိုက် အတည်ပြုသည့်ပမာ ကောင်းမွန်လှသည်။
ခေါင်းဆောင်အကြီးအကဲက လက်သီးဆုပ်မိုးကာအရိုအသေပေးလျက်ပြောလိုက်သည်။
“ကျုပ်က ချင်းယွင်ဓားဂိုဏ်းရဲ့ မာချင်းပါ ...နှုတ်ခွန်းဆက်ပါတယ် လောင်ချန်းပေ့ကျိ”
ကျန်သည့်သူများက တညီတညွတ်တည်း အရိုအသေပေးလိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် လောင်ချန်းပေ့ကျိ”
“ဒီကိုဘာကြောင့်ရောက်နေတာလဲ” လုကျိုးကမေးလိုက်၏။
“ဖန်းလိုင်ဂိုဏ်းက သူတို့ကျွန်းမှာ စားသောက်ပွဲတည်ခင်းလို့ ကျွန်တော်တို့ဖိတ်ကြားခံရတာပါ လောင်ချန်းပေ့ကျိ” မာချင်းက ရိုးရိုးသားသားပြောလိုက်၏။ သူ မလိမ်ညာရဲချေ။
“ဖန်းလိုင်ဂိုဏ်းလား” လုကျိုးသည် ခဏတာစဉ်းစားလိုက်သည်။ ဖန်းလိုင်ဂိုဏ်း၏သခင် ဟွမ်းရှစ်ကျဲက သိပ်မကြာခင်၌ ကျင်းစီရင်စုတွင် ရှိခဲ့သည်။ ဖန်းလိုင်ဂိုဏ်းက ယခုအချိန်တွင် ပြဿနာတက်နေသည်လော။
“ဖန်းလိုင်မျောလွင့်ကျွန်းက အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ ချင်းယွင်ဓားဂိုဏ်းက ဖန်းလိုင်ကျွန်းနဲ့ ဆက်ဆံရေး အမြဲတမ်း ကောင်းခဲ့တာကြောင့် ကူညီပေးတာသဘာဝပါပဲ”
လုကျိုးသည် ထိုစကားကိုကြားသောအခါ အချက်အလက် ထပ်မမေးတော့ပေ။ သူတို့အရေးကိစ္စက သူနှင့်မဆိုင်။
ထိုစဉ် မာချင်းက ကိုယ်တစ်ပိုင်းသေနေသော လန်နီကိုလက်ညှိုးထိုးပြလျက်ပြောလိုက်သည်။
"လောင်ချန်းပေ့ကျိ တခြားမျိုးနွယ်တွေကို ရှင်းထုတ်ပြီးပါပြီ။ ဒီလူတစ်ယောက်ပဲအသက်ရှင်တာပါ။ ဒါတောင် သူက နောက်ဆုံးထွက်သက်ရောက်နေတဲ့ပုံပဲ”
“သိပ်ကောင်းတယ်” လုကျိုးက တည်တည်ငြိမ်ငြိမ်မုတ်ဆိတ်သပ်လိုက်၏။ သူက ချီးကျူးလိုက်ပေသည်။
ချင်းယွင်ဓားဂိုဏ်းက ထိုစကားကိုကြားသောအခါပျော်ရွှင်သွားကြသည်။
မာချင်းက သူ၏လက်ချောင်းနှစ်ချောင်းကိုအနည်းငယ်လှုပ်ရှားလိုက်၏။ စွမ်းအင်ဓားက သူ့ရှေ့တွင် ပျံဝဲလာပြီးနောက် သူကပြောလိုက်သည်။ "ကျွန်တော်တို့မျိုးနွယ်က မဟုတ်တဲ့လူတိုင်းက စံသွေဖည်တဲ့လူပါ။ ဒီလိုလူမျိုးအတွက် ဒုက္ခခံစရာမလိုပါဘူး လောင်ချန်းပေ့ကျိ။ ရှင်းထုတ်လိုက်ပါ့မယ်”
သူ၏စွမ်းအင်ဓားသည် ဓားသွားငါးခုအဖြစ်ကွဲထွက်သွားပြီးနောက် လန်နီဆီ ချိန်ရွယ်လိုက်သည်။
မာချင်းက သတ်တော့မည့်အချိန်၌ လုကျိုးက ပြောလိုက်၏။ "ရပ်လိုက်"
“အမိန့်အတိုင်းပါ လောင်ချန်းပေ့” မာချင်းက သူ၏စွမ်းအင်ဓားများကိုပြန်ရုတ်သိမ်းလိုက်သည်။ သူ တစ်ချက်မှမလှုပ်ရှားရဲပေ။ ချက်ချင်းပင် အရိုအသေပေးလျက် ရှေ့ဆက်ညွှန်ကြားမှာကို စောင့်နေသည်။
“လို့လန်သားတွေက ကောက်ကျစ်ပြီး သဘာဝကိုက ယုတ်မာတယ်။ သူ့ကို အလွယ်တကူ သေခွင့်မပေးနိုင်ဘူး” လုကျိုးက ပြန်ပြောလိုက်သည်။
“မှန်ပါတယ် လောင်ချန်းပေ့။ ကျွန်တော် ဂရုမစိုက်ခဲ့မိတာပါ။ ကျွန်တော်က ဒီလိုရက်စက်တဲ့နည်းလမ်းကို ဘယ်လိုလုပ်လုပ်နိုင်ပါ့မလဲ” မာချင်းက လှည့်လာလိုက်၏။
“သူ့ကို ဓားအစီအရင်နဲ့သုတ်သင်မယ်”
လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။ ‘သူ့ကို အချိန်အတော်ကြာလိုက်ထားရတာ။ မင်းက သူ့ကို ခိုးဖို့ကြိုးစားနေတာလား’
ခြင်တစ်ကောင်က အသားတစ်စဖြစ်နေသေးသည်။
“ရပ်လိုက်” အသံတိုးလိုက်၏။
“ဟမ်”
ထိုစဉ် လုကျိုးက လက်ဝါးမြှောက်လိုက်သည်။
မာချင်းသည် ယင်းကိုမြင်သောအခါ လက်ဝေ့ယမ်းလျက်ပြောလိုက်၏။ "နားလည်ပါပြီ ... အားလုံးနောက်ဆုတ်ကြ”
“ဟုတ် ဟုတ် ဟုတ်” ချင်းယွင်ဓားဂိုဏ်းတပည့်များက ဇဝေဇဝါအမူအရာဖြင့် ဘေးသို့ပျံသန်းသွားသည်။
လုကျိုးက သူ၏ထူးကဲစွမ်းအားကိုထုတ်သုံးလိုက်၏။ လက်ချောင်းများကြား၌ ရွှေရောင်ရောင်ခြည် တောက်ပလာပြီးနောက် စွန့်ပစ်ခံဉာဏ်ပညာအတွက် သင်္ကေတများထပ်ပေါ်လာသည်။
မာချင်းက အက်ကွဲကွဲအသံဖြင့် တအံ့တဩထုတ်ပြောလိုက်သည်။ "စွန့်ပစ်ခံဉာဏ်ပညာလား"
ထိုစဉ် လန်နီ၏မျက်လုံးက ပွင့်နေပြီးဖြစ်သည်။ ချင်းယွင်ဓားဂိုဏ်း၏တပည့်နှစ်ယောက်က ပျံသန်းသွား၏။ လုကျိုးက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မာချင်းက မျက်မှောင်ကျုံ့လိုက်တော့၏။ “တကယ်ပဲ လို့လန်သားတွေက ကောက်ကျစ်တာကို”
လုကျိုးသည် အစက ထူးကဲစွမ်းအား၏သုံးပုံတစ်ပုံကို အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ ထိုသို့တိုင် လန်နီက ဤအခြေအနေထိ ထိန်းထားနေသေးဆဲဖြစ်တာကို သူ မြင်သည့်အချိန် သူ ဒေါသထွက်သွားတော့သည်။
“ငါ မင်းကို သေစေချင်ရင် မင်း အသက်ရှင်မှာမဟုတ်ဘူး”
စွန့်ပစ်ခံဉာဏ်ပညာ၏လက်ဝါးစည်းတံဆိပ်သည် အရွယ်အစားနှစ်ဆဖြစ်သွား၏။ ၎င်း၏အရှိန်က နှစ်ဆတိုးလာသည်။
အဝေးသို့ စတင်ထွက်ပြေးနေပြီဖြစ်သော လန်နီဘွန်အာက စတင်ကြောက်လန့်လာကာ သူက ပြောလိုက်၏။
“ဒါက ပွင့်ချပ်ကိုးလွှာအဆင့်လား” လက်ဝါးစည်းတံဆိပ်က သူ့ဆီသို့ပျံသန်းလာချိန် စိတ်ပျက်အားငယ်မှုနှင့် ကူကယ်ရာမဲ့မှုတို့က ရင်ထဲတွင်ပေါ်လာ၏။
ဖုန်း
လက်ဝါးစည်းတံဆိပ်သည် လန်နီ၏ခန္ဓာကိုယ်ပေါ်ပြင်းထန်စွာကျရောက်လာ၏။ သူ၏ မျက်နှာ၊ ခြေလက်တို့ကလည်း အပြာရောင်ချော်ရည်ကြောင့်တိုက်စားခံလိုက်ရတော့သည်။
...
အခန်း(၅၀၄) အနီရောင်ကြာ၏ ဒဏ္ဍာရီ
ချင်းယွင်ဓားဂိုဏ်းက တာအိုကျင့်ကြံရေးဂိုဏ်း ဖြစ်သော်လည်း ကွန်ဖြူးရှပ်ကျောင်းတော်နှင့် တာအိုအဖွဲ့အစည်းများက အမြဲလိုလို တစ်ယောက်နှင့် တစ်ယောက် နားလည်ပေးခဲ့ကြသည်။
မာချင်း သိထားသည့် စွန့်ပစ်ခံ ဉာဏ်ပညာက လုကျိုး ထုတ်သုံးသည့် စွန့်ပစ်ခံ ဉာဏ်ပညာနှင့် လုံးဝ ကွဲပြားနေသည်။ သူက လက်တစ်ဖက်တည်းဖြင့် ထုတ်သုံးနိုင်သည့်လူကို မမြင်ဖူးခဲ့ပေ။
အောက်မှဖြစ်စေ၊ အပေါ်မှ ဖြစ်စေ သို့မဟုတ် လက်တစ်ဖက်တည်းဖြင့် ဖြစ်စေ လုကျိုးအတွက် ကွဲပြားမှု မရှိပေ။ သူက ပစ်မှတ်ကို ထိမှန်ဆဲသာ ဖြစ်၏။ သူက ဘယ်လိုရိုက်ရိုက် ကိစ္စမရှိပေ။
လက်ဝါးချက် ထုတ်ဖော်လိုက်သည်နှင့် ပစ်မှတ်က လေထဲ ပြန့်ကျဲသွားသည့် အမှုန့်အထိ ဖြစ်သွားလိမ့်မည်။
တခြားမျိုးနွယ်စု၏ အရိပ်အယောင်ပင် မရှိတော့ပေ။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် သုံးထောင် ရရှိပါတယ်” (ကံကြမ္မာဆက်စပ် ပစ်မှတ်အတွက်လည်း အပါအဝင်)
လက်ဝါး စည်းတံဆိပ်က လွှင့်ပျယ်မသွားသေးပေ။ ထို့အစား ဆက်လက်၍ ပျံသန်းနေသည်။
ဝုန်း
သစ်ပင်များစွာက တစ်ချက်တည်းဖြင့် လဲကျသွားသည်။
ဖုန်လုံးများ ပျောက်ကွယ်သွားသည့်အခါ မြေပေါ်တွင် သိသာသည့် လက်ဝါးရာကြီးကို မြင်တွေ့နိုင်လေသည်။
တခြားလူများက အသက်ပင် ကျယ်ကျယ်မရှုရဲကြပေ။ အများစုက လက်ဝါးရာကို ကြည့်ရင်း ကြောက်ရွံ့နေကြပြီး မိစ္ဆာအိုကြီးကျိက မည်မျှအားကောင်းကြောင်း တွေးနေကြသည်။ သူတို့က နာမည်ကျော် မိစ္ဆာအိုကြီးကျိသည် ဒီလောက်ရက်စက်လိမ့်မည်ဟု မထင်ထားကြပေ။ ထင်ထားသည့်အတိုင်း မိစ္ဆာဝေဟင်မျှော်နန်းရှိ ဘယ်သူကမှ ကြင်နာတတ်သူများ မဟုတ်ကြပေ။
ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို သွားရောက်တိုက်ခိုက်စဉ်အခါက အသက်ရှင်ကျန်သူ မရှိသည်မှာ မထူးဆန်းတော့ပေ။ သူတို့က အမှန်တကယ် သက်ညှာမှု မရှိချေ။ သို့သော်လည်း သူတို့က ကျေနပ်သွားသည်ဟု ဆိုရမည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ယှဉ်လိုက်လျှင် ချင်းယွင်ဓားဂိုဏ်းက တခြားမျိုးနွယ်သားများကို ပို၍ စက်ဆုပ်၏။ မိစ္ဆာအိုကြီးကျိ၏ တိုက်ကွက်က အကုန်သတ်ဖြတ်ခဲ့သော်လည်း တခြားမျိုးနွယ်သားများ သေသွားသည်ကို ကြည့်ရသည်မှာ ကျေနပ်ဖွယ်အတိ ဖြစ်သည်။
လုကျိုးက လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက တိုက်ပွဲမှ များများစားစား မရပေ။ သူက လန်နီကို သတ်ဖို့ ထူးခြားအံ့ဖွယ်စွမ်းအားကိုပင် ကုန်အောင် သုံးလိုက်ရသည်။
ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ခြိမ်းခြောက်ဖွယ် သက်ရောက်မှုနှင့် လက်ဝါးချက်တို့ကြောင့် ချင်းယွင်ဓားဂိုဏ်း၏ ဓားသမားများက သူ့ထံ သစ္စာရှိမှု ပြလာကြသည်။ အကြောင်းအရင်းတချို့ကြောင့် မိစ္ဆာအိုကြီးကျိသည် သူတို့ထံ ရန်လိုနေခြင်း မရှိပေ။ သို့သော် သူတို့အနေနှင့် လေထုက ထူးဆန်းနေသည့်အတွက် နေရခက်သလို ခံစားနေရသည်။ ထိုအရာက သူတို့အား စိတ်လှုပ်ရှားလာစေပြီး တချို့က တုန်တုန်ယင်ယင်ပါ ဖြစ်နေကြသည်။
ခဏကြာ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ထိုလေထုကို လွင့်ပြယ်သွားစေသည့် လေပြေတစ်ချက် တိုက်ခတ်သွားသည်။
မာချင်းက လက်နှစ်ဖက်ယှက်ကာ “ ကျိချန်းပေ့ရဲ့ စွန့်ပစ်ခံ ဉာဏ်ပညာက ကျုပ်တို့အမြင်ကို ကျယ်စေတာပဲ”
“ ကျွန်တော်တို့အမြင်ကို ကျယ်စေခဲ့ပါတယ်” တခြားတပည့်များကလည်း ဘယ်လိုပြောရမည်ကို မသိသည့်အတွက် မာချင်း၏ စကားကိုသာ သံယောင်လိုက်လိုက်ကြသည်။
လုကျိုးက သူတို့အား တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် မုတ်ဆိတ်သပ်လိုက်ကာ “ငါက အကျိုးအကြောင်းမသင့်တဲ့လူ မဟုတ်ဘူး။ မင်းတို့ကလည်း တခြားမျိုးနွယ်စု သတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့တော့ မင်းတို့ဆီ သားရဲ ထျန်းကုံကို ပေးလိုက်မယ် ”
သက်ရှိ ထျန်းကုံက အကူအညီ ဖြစ်လာနိုင်သည်။ အသေကား အသုံးမဝင်ပေ။ တောအုပ်တစ်ခုလုံးကို တုန်လှုပ်နိုင်သည့် သားရဲကြမ်းကြီးတွင် မာကြောသော အသားများ ရှိမည်ဖြစ်ကာ အရသာရှိမည် မဟုတ်ပေ။ အဆိပ်ပင် ဖြစ်နေနိုင်သေး၏။ ထို့ကြောင့် အစားအစာအဖြစ် အသုံးမပြုနိုင်ပေ။
လုကျိုးက သူတို့ နားမလည်သည်ကို မြင်ကာ ထပ်ပြောလိုက်သည် “ထျန်းကုံက ကုန်းမြေရဲ့ သားရဲပဲ။ သူ့အလင်းတန်းက ဥက္ကာပျံလိုမျိုးပဲ။ ကောင်းကင်ထဲ ပေရာချီ မြင့်တယ်။ လေလို လှုပ်ရှားပြီးတော့ မိုးကြိုးလို အသံကျယ်တယ်။ ပြီးတော့ လျှပ်စီးလို တောက်ပတယ်။ သူ့အရေခွံက အားကောင်းတဲ့ ချပ်ဝတ်အဖြစ် အသုံးပြုနိုင်တယ်။ သူ့အရိုးတွေက မြေကမ္ဘာအဆင့်ပဲ။ အများစုက ဒီသားရဲကို ရဖို့ အိပ်မက်မက်နေကြတာ ”
မာချင်းက ထိုစကားများကို ကြားလိုက်သည့်အခါ ပျော်ရွင်သွားလေသည်။ သူ့အကြည့်များက တောက်ပလာပြီး အလျှင်အမြန် ဦးညွှတ်ကာ “ ကျိချန်းပေ့ရဲ့ ရှင်းပြမှုက ကျုပ်တို့ကို အမြင်ကျယ်သွားစေပါတယ်။ ရှင်းပြချက်ကို နားထောင်ရတာက စာအုပ်တွေ နှစ်ဆယ်ချီ ဖတ်တာထက် ပိုကောင်းပါတယ်။ ကျုပ်တို့က တုံးအပြီးတော့ မိုက်မဲတယ်။ ထျန်းကုံကို ကျုပ်တို့ဆီ ပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ”
တခြားလူများကလည်း လုကျိုး၏ စကားကို နားထောင်ပြီးနောက် အံ့ဩကုန်ကြသည်။ သူတို့က ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏ “ ကျိချန်းပေ့ကို ကျေးဇူးတင်ပါတယ် ”
“တင်း … လူ ၁၀၅ ယောက်ဆီမှ ယုံကြည်ကိုးကွယ်မှုကို ရရှိတဲ့အတွက် ကုသိုလ်ရမှတ် ၁၀၅၀ ရရှိပါတယ်”
ကိစ္စများက နောက်ဆုံးတွင် အဆုံးသတ်သွားလေပြီ။
ထိုစဉ် လုကျိုးက လျှို့ဝှက်ဆန်းကြယ် ခေါင်းတလားနှင့် လျှို့ဝှက်ကျမ်းများအကြောင်း အမှတ်ရလိုက်သည်။ သူက လက်ဝေ့လိုက်သည့်အခါ နတ်ခြင်္သေ့က ပေါ်ထွက်လာ၏။
လုကျိုးက နတ်ခြင်္သေ့ပေါ် ခုန်တက်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ချင်းယွင်ဓားဂိုဏ်းမှ လူများက ဦးညွှတ်လိုက်ကာ “လောင်ချန်းပေ့ ကောင်းကောင်းသွားပါ”
နတ်ခြင်္သေ့က မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များကြား ပျောက်ကွယ်သွားလေသည်။
မာချင်းက အဝေးကို လေးစားမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ရေရွတ်လိုက်၏ “ဒီခရီးက တကယ်တန်တယ်။ ငါကိုယ်တိုင် ပွင့်ချပ်ကိုးလွှာအဆင့် ပညာရှင်ကို မြင်လိုက်ရတယ် ”
တခြားလူများကလည်း သဘောတူစွာ ခေါင်းညိတ်ကြလေသည်။
……………………
လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာသည့်အခါ နေဝင်နေပြီ ဖြစ်၏။
တွမ့်မူရှန်းက အကာအရံ အပြင်ဘက်တွင် ရစ်သီရစ်သီ လုပ်နေရင်း သူ့ရှစ်စွင်း ပြန်အလာကို စောင့်နေသည်။ သူက နတ်ခြင်္သေ့ကို မြင်လိုက်သည့်အခါ ဦးညွတ်လိုက်ပြီး “ရှစ်စွင်း ”
လုကျိုးက နတ်ခြင်္သေ့ပေါ်မှ ခုန်ချလိုက်သည်။ သူက ငှက်မွေးလေးကဲ့သို့ ပေါ့ပါနေသလိုမျိုး လှုပ်ရှားလိုက်သည်။ သူက အကာအရံကို ဖြတ်လာကာ မေးလိုက်သည် “ အခြေအနေ ဘယ်လိုလဲ”
“တခြားမျိုးနွယ်စုနှစ်ယောက်ကို စစ်ရှစ်တိနဲ့ ကျွန်တော် ဖြေရှင်းလိုက်ပါပြီ။ ခရုလေးက နည်းနည်း တစ်မျိုး ဖြစ်နေပုံပဲ” တွမ့်မူရှန်းက ဖြေလိုက်၏။
“ငါ သွားကြည့်လိုက်မယ်” လုကျိုးက တောင်ဘက်မျှော်နန်းဆောင်ဆီ ပျံသန်းသွားလိုက်သည်။ သူ ရောက်သွားသည်နှင့် ရှောင်ယွမ်အာ အခန်းဆီ သွားလိုက်သည်။
အမျိုးသမီးကျင့်ကြံသူအများကြီးလည်း ရောက်နေကြလေသည်။
“မျှော်နန်းသခင် ”
“ရှစ်စွင်း”
တခြားလူများက လမ်းဖယ်ပေးလိုက်ကြသည်။ လုကျိုး ပေါ်ထွက်လာမှုက အားလုံးအား စိတ်အေးသွားစေသည်။
ရှောင်ယွမ်အာက သူ့ဆီ လျှောက်လာပြီး ပြောလိုက်သည် “ခရုလေးက တစ်ခုခု မှတ်မိလာပြီလို့ ပြောတယ် ”
လုကျိုးက ခရုလေးသည် ဒဏ်ရာရသွားသည်ဟု ထင်မိသွားသည်။ သူက အခန်းထဲ ဝင်လိုက်သည့်အခါ ခရုလေးက ထိုင်ခုံပေါ်တွင် မှီထိုင်နေရင်း လက်နှစ်ဖက်ဖြင့် ခေါင်းကိုင်ထားသည်ကို မြင်လိုက်ရသည်။ သူမက သိပ်ကြည့်ကောင်းမနေပေ။
လုကျိုးက ခရုလေးဆီ သွားကာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူက ပြောလိုက်၏။
“မင်း လက်ကို ပေး ”
“အွန်း ” ခရုလေးက နာခံသည်။
သူမ သွေးကြောကို စမ်းသပ်ပြီးသည့်နောက်တွင် လုကျိုးက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က အဆင်ပြေလေသည်။
လုကျိုးက ခရုလေးအား ကြည့်ရင်း ညင်သာစွာ မေးလိုက်သည်။ “ ဘာမှတ်မိသွားလို့လဲ”
ခရုလေးက ပြန်ဖြေလိုက်သည်။ “အနီရောင် … အနီရောင်ကြာ ”
လုကျိုး စိတ်ထဲ တစ်ခုခု ဖြစ်ပေါ်လာသည်။ သူက အံ့ဩသွားမိ၏။ သူက ခရုလေးအား မခြောက်လန့်လိုသည့်အတွက် အမူအရာကို အကောင်းဆုံး ကြိုးစားထိန်းထားရသည်။ သူက လက်တစ်ဖက်ကို မြောက်လိုက်သည်။
ဝှစ်
သူ့လက်ဝါးအထက် စိတ်ဝိညာဉ်သဏ္ဌာန် အသေးစားလေး ထွက်ပေါ်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် ရွှေကြာဝန်းကျင် ပွင့်ချပ်နှစ်လွှာ လှည့်ပတ်နေသည်။
မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့က ကြည့်လိုက်ကြပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
ရှစ်စွင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်အပေါ် ထိန်းချုပ်နိုင်စွမ်းက မြင့်မားတဲ့ အနေအထားကို ရောက်နေပြီ … သူ့အရည်အချင်းနဲ့ ပွင့်ချပ်အရေအတွက်ကိုတောင် အလွယ်လေး ထိန်းချုပ်နိုင်တယ်။
ပွင့်ချပ်တိုင်းကို ဖွဲ့စည်းဖို့က ကနဦးချီ ဖြုန်းတီးမှုသာ ဖြစ်၏။
လုကျိုးက ရွှေကြာကို လက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်သည် “ ကောင်မလေး ဒါက မင်းပြောတဲ့ ကြာနဲ့ တူလား ”
ခရုလေးက မျက်တောင်ခတ်ပြီး လေ့လာလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ “ အင်း ”
လုကျိုး လက်သီးဆုပ်မိသွားသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်လည်း ပျောက်ကွယ်သွား၏။ သူက ခွေးအိုကြီးတစ်ကောင်လို တည်ငြိမ်နေသော်လည်း အံ့အားသင့်မိဆဲ ဖြစ်၏။ ခရုလေး၏ စကားများက တစ်ယောက်ယောက်သည် အနီရောင်ကြာကို ကျင့်ကြံထားသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
“ဘယ်မှာလဲဆိုတာ မှတ်မိလား” လုကျိုးက မေးလိုက်သည်။
ခရုလေးက နှုတ်ခမ်းလေးစူကာ ခေါင်းအသာယမ်းလိုက်ရင်း “မသိဘူး ”
ထိုစဉ် မင်ရှစ်ရင်က ဖြတ်ပြောလိုက်သည်။
“ရှစ်စွင်း … သူမက အနီရောင်ကြာ ကျင့်ကြံတဲ့လူ ရှိတယ်လို့ ပြောနေတာလား။ အဲဒါ အမှန် မဟုတ်ဘူးမလား”
တွမ့်မူရှန်းက ခေါင်းညိတ်ကာ “ ဘယ်သူကမှ အနီရောင်ကြာကို မကျင့်ကြံဖူးဘူး …”
သို့သော်လည်း သူတို့က ရှစ်စွင်း၏ အပြာရောင်ကြာနှင့် အကာအရံ စွမ်းအားအကြောင်း အမှတ်ရသွားလေသည်။
သူက ပြောလိုက်၏။
“ လျှို့ဝှက်နည်းစနစ်တစ်ခုခုကြောင့် ဆင့်ကဲပြောင်းလဲသွားတာမျိုးလား”
သာမန်အခြေအနေအောက်တွင် ကနဦးချီမှ ဖြစ်ပေါ်လာသည့် စွမ်းအားများက ရွှေရောင် ဖြစ်၏။ မိစ္ဆာဇင်က အနီရောင် ပြောင်းသွားမည် ဖြစ်ပြီး ကုသခြင်းအတွက်မူ အစိမ်းရောင် ဖြစ်လေသည်။ အကာအရံစွမ်းအားကို စုပ်ယူလိုက်ခြင်းက အပြာရောင် ဖြစ်၏။ သို့သော်လည်း အနီရောင်ကိုတော့ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်လေသည်။
လုကျိုးက သူတို့မေးခွန်းကို ပြန်မဖြေပေ။ သူက စာအုပ်နှင့် ခေါင်းတလားကို အမှတ်ရသွားသည်။
မိန်းကလေးက လိမ်ညာနေတာ ဖြစ်နိုင်သလို အိပ်မက်မက်နေခြင်းလည်း ဖြစ်နေနိုင်သည်။ သူတို့က သူမစကားတစ်ခုတည်းအပေါ် ယုံကြည်၍ မရပေ။ သူတို့အနေနှင့် ခိုင်မာသည့် သက်သေလိုအပ်သည်။ သူက စာအုပ်ပေါ်ရှိ နောက်ဆုံးစာရွက်မှ စာတန်းကို အမှတ်ရလိုက်သည်။
ဒီလိုပဲ ဆက်ဖြစ်နေဖို့ မျှော်လင့်ပါတယ် … ဒီကမ္ဘာမှာ ပွင့်ချပ်ကိုးလွှာအဆင့် မရှိဖို့ မျှော်လင့်တယ်။ ပွင့်ချပ်ဆယ်လွှာအဆင့် မရှိဖို့ မျှော်လင့်တယ် …
ဒီစကားက ဘာအဓိပ္ပာယ်လဲ …
လုကျိုးက ခဏကြာ စဉ်းစားလိုက်ပြီးနောက် ခရုလေးအား ကြည့်ကာ ထပ်မေးလိုက်သည်။
“တခြားဘာမှတ်မိသေးလဲ”
“ ဘာမှမမှတ်မိဘူး “ ခရုလေးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။
“အတိတ်မေ့တာလား” လုကျိုးက ခန့်မှန်းလိုက်သည်။
ထိုစဉ် မင်ရှစ်ရင်က ဦးညွှတ်ကာ ပြောလိုက်သည်။ “ ရှစ်စွင်း ကျွန်တော်တော့ သူမကို အတိတ်မေ့တယ်လို့ မထင်ဘူး”
“ဟမ်”
“အတိတ်မေ့တဲ့လူ တစ်ယောက်က မှတ်ဉာဏ်ပျောက်သွားတာမျိုး ဒါမှမဟုတ် မှတ်ဉာဏ်စည်းပိတ်ခံလိုက်ရတာမျိုး ဖြစ်တာ။ သူတို့မှတ်ဉာဏ်တွေကို ပြန်ခေါ်ဖို့ ကြိုးစားတဲ့အခါ သူတို့ခေါင်းထဲ တုံ့ပြန်မှုတစ်ခုခု ဖြစ်လာစေတယ်။ ဒါပေမဲ့ သူမက ဒီမှာ ထိုင်နေပြီး ဘာသက်ရောက်မှုမှ မရှိဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
“ သူမက မနိုးထသေးတဲ့ အခြေအနေတစ်ခုခုမှာ ကျရောက်နေတယ် တူတယ် ”
“ဘာလို့ အဲလိုပြောတာလဲ” လုကျိုးကလည်း ထိုအကြောင်းကို တွေးမိသော်လည်း မသေချာပေ။
“ တချို့က ပင်ကိုစွမ်းရည်နဲ့ မွေးဖွားလာကြပြီးတော့ တချို့က ကျင့်ကြံလိုက်မှ သိလာကြတယ်။ နမူနာအနေနဲ့ဆိုရင် လျိုရှစ်မေ့လိုမျိုး ဒဏ္ဍာရီလာမျိုးနွယ်က သူတို့ရဲ့ ချီသွေးကြောရှစ်ခုကို သဘာဝအတိုင်း ပြန်လည်တည်ဆောက်နိုင်တယ်။ သူတို့က ပျက်စီးသွားတဲ့ ချီပင်လယ်ကိုတောင် ပြန်တည်ဆောက်နိုင်ကြတယ်” မင်ရှစ်ရင်က မေးပွတ်ရင်း ဆက်ပြောလိုက်သည်။
“သူမက သံစဉ်ကို ဘယ်လိုတီးမှုတ်ရတယ်ဆိုတာကို အမှတ်ရလာပြီးတော့ ကြာပွင့်ရဲ့ သွင်ပြင်ကို အမှတ်ရသွားခဲ့တယ်။ ကြည့်ရတာ သူမစိတ်ထဲ သတိရှိနေပုံပဲ ”
လုကျိုးက ခေါင်းညိတ်ကာ “သူမသာ စတင်ကျင့်ကြံလိုက်ပြီး အသိအာရုံစုစည်းခြင်း နယ်ပယ် ရောက်သွားရင် ပြန်သတိရလာမယ်လို့ ပြောချင်တာလား”
“ဟုတ်ပါတယ်။ တကယ်လို့ သတိရလာခဲ့ရင် သူမ ဝေဝါးနေတဲ့ မှတ်ဉာဏ်တွေက ကြည်လင်လာလိမ့်မယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
ကျင့်ကြံသူတစ်ယောက်အတွက် ခန္ဓာ တည်ဖွဲ့ခြင်းနှင့် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်တို့က ရုပ်ပိုင်းဆိုင်ရာနှင့် ဆက်နွယ်နေသည်။ အသိအာရုံစုစည်းခြင်း နယ်ပယ်မှစ၍ အသိစိတ်ကို လေ့ကျင့်ပေးခြင်း ဖြစ်၏။
မင်ရှစ်ရင် ပြောသည်က ချက်ကျလေသည်။ အနည်းဆုံးတော့ လမ်းကြောင်း ရှိလေသည်။ သူတို့က လမ်းကြောင်းပျောက်မနေတော့ပေ။
သို့သော်လည်း ခရုလေးက ခန္ဓာ တည်ဖွဲ့ခြင်းအဆင့်ကို ကျော်လွန်ကာ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့် နယ်ပယ်သို့ တန်းရောက်သွားသည့် ပြဿနာ ရှိနေသည်။ သူမ၏ ချီသွေးကြောများက အထိအခိုက်မခံနိုင်လျှင် မည်သို့ကျင့်ကြံနိုင်မည်နည်း။