အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
အခန်း(၅၀၈) ငိုနေသော အနီရောင်ငါး
မာချင်းက ကျန့်လီကျစ် လက်ထဲမှ ရွှေရောင် ထိုက်ရွှီကြေးမုံကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျန့်လီကျစ်သည် ကျိထျန်းတောက်သည် အယောင်ဆောင်ဟု သေချာနေရသည့် အကြောင်းအရင်းအား စဉ်းစားနေမိသည်။
အကယ်၍ ဒီလိုသာဆိုလျှင် ဟိုတစ်ရက်က တခြားမျိုးနွယ်သားတွေကို သတ်လိုက်တဲ့ လူအိုကြီးက ဘယ်သူလဲ …
ဒီလူအိုကြီးက ဟိုနေ့ကလည်း သူ့ကိုယ်သူ ကျိထျန်းတောက်အဖြစ် ရုပ်ဖျက်ထားခဲ့တာလား …
သူက ခေါင်းယမ်းလိုက်သည်။
မဖြစ်သေးဘူး … ငါ ဟိုခွေးသား ကျန့်လီကျစ်လို လုပ်လို့ မဖြစ်ဘူး …
သူက အမှားမလုပ်မိကြောင်း သေချာနေသည်။ သူက ကိုယ်ပိုင်အကဲဖြတ်ချက်ကို ယုံကြည်လိုက်လျှင် ဆုံးရှုံးမှု ခံစားရမည် မဟုတ်ပေ။
ကျန့်လီကျစ်က လက်ထဲမှ ထိုက်ရွှီကြေးမုံကို မြောက်လိုက်သည်။
ကနဦးချီ ထွက်ပေါ်လာပြီး စွမ်းအားအဖြစ် ဖွဲ့စည်းသွားသည်။ ရွှေရောင်စွမ်းအားက ကြေးမုံအနား ရစ်ဝဲကာ တဝီဝီ အသံများ ထွက်လာသည်။ ကြေးမုံ၏ မျက်နှာပြင်ရှိ သွေးကြောများက စွမ်းအားစည်းတံဆိပ် ဖြစ်လာပြီး တညီတစ်ညွှတ်တည်း ပုံစံဖြင့် အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤသည်က တာအိုဂိတ်ပေါက် ရှစ်ခု အစီအရင်စည်းတံဆိပ်နှင့် ဆင်တူနေသည်။
ကျန့်လီကျစ်က ပြုံးကာ ရွှေရောင်ကြေးမုံကို ပြောင်းရွေ့လိုက်သည်။ တာအိုဂိတ်ပေါက် ရှစ်ခု အစီအရင်စည်းတံဆိပ်၏ အလင်းတန်းက လုကျိုးဆီ တည့်တည့်မတ်မတ် ဝင်ရောက်သွားလေသည်။
လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံအကြောင်း သိချင်နေမိ၏။ သို့သော်လည်း သူက မီးမောင်းထိုးခံထားရသည်အတွက် နေခက်နေမိသည်။ သူက မျက်မှောင်အသာကြုတ်လိုက်၏။
ထိုစဉ် ရွှေရောင် ထိုက်ရွှီကြေးမုံရှေ့တွင် ရွှေရောင်ကြာ တစ်ခု ပေါ်ထွက်လာသည်။ ပွင့်ချပ်နှစ်လွှာက ရွှေကြာတွင် ဝန်းရံလှည့်ပတ်နေသည်။
“ပွင့်ချပ်နှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ပဲ”
“သူက တကယ်ကို အယောင်ဆောင်ပဲ”
“ သူက အယောင်ဆောင်ဆိုရင်တောင် ငါတို့ ရင်ဆိုင်လို့ မဖြစ်တဲ့လူပဲ။ ပွင့်ချပ်နှစ်လွှာကလည်း အဆင့်မြင့် ပညာရှင်ပဲလေ ”
ဤနေရာတွင် လက်တစ်ဆုပ်စာမျှ ကျင့်ကြံသူများကသာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ဖြစ်ကြသည်။ ထိုလူအိုကြီးက အယောင်ဆောင် ဖြစ်နေလျှင်ပင် သူတို့က သူ့အား စိတ်အနှောင့်အယှက် မပေးရဲပေ။
ကျန့်လီကျစ်က ရွှေရောင်ထိုက်ရွှီကြေးမုံ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ သူက မာန်တက်စွာ ရယ်မောလိုက်သည်။
“ ကျုပ်က ထိုက်ရွှီကြေးမုံကို သုံးပြီး ဒီလမ်းတစ်လျှာက် အယောင်ဆောင်တွေကို သိလာရတာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်အဖြစ် အယောင်ဆောင်တာ အနည်းဆုံး သုံးယောက်လောက်ရှိတယ်”
သူက လက်သုံးချောင်း ထောင်ပြရင်း လူအုပ်ကြီးဘက် လှည့်ပြောလိုက်သည်။
မာချင်းက ထိုအရာကို ယုံကြည်မသွားပေ။ သူက လုကျိုးအား ကြည့်လိုက်ပြီးနောက် “အဓိပ္ပာယ်မရှိလိုက်တာ ကျန့်လီကျစ် … မင်းက အလိမ်အညာတွေနဲ့ အရူးလုပ်ချင်နေတာလား”
“အကြီးအကဲမာ အမှန်တရားက မျက်စိရှေ့မှာပါ ”
တခြားလူများက အချင်းချင်း ဆွေးနွေးကုန်ကြသည်။
ဟွမ်းကတော်၏ အမူအရာကလည်း သဘာဝမကျစွာ ဖြစ်သွားလေသည်။
အခုမှ ကျိထျန်းတောက်ရဲ့ အစစ်အမှန် အထောက်အထားကို ဘာလို့အာရုံစိုက်နေကြတာလဲ …
ကျန့်လီကျစ်က လုကျိုးအား ကြည့်လိုက်သည်။ သူက ယခင်လိုမျိုး လေးစားမှုမျိုး မရှိတော့ပေ။ သူက မကျေမနပ် ပြောလိုက်၏။
“ပွင့်ချပ်နှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ … တကယ်လို့ ကျုပ်ကို မယုံရင် သူ့ကို ကြေးမုံနဲ့ ထိုးပြလိုက်မယ်”
ကျန့်လီကျစ်နောက်ရှိ တပည့်တစ်ယောက်က ဝင်ပြောလိုက်သည်။
“ ရွှေရောင်ထိုက်ရွှီကြေးမုံက နတ်ဆိုး ထုတ်ဖော်ရေး ကြေးမုံအဖြစ် အသုံးပြုကြပါတယ်”
ဝှစ်
ရွှေရောင်ထိုက်ရွှီကြေးမုံက တာအိုဂိတ်ပေါက် ရှစ်ခု အစီအရင်စည်းတံဆိပ်ဖြင့် ထပ်မံ တောက်ပလာသည်။
ကျန့်လီကျစ်က လက်မြောက်လိုက်ပြီး အလင်းတန်းအား လုကျိုးထံ ချိန်ရွယ်လိုက်သည်။
အလင်းတန်းက လုကျိုးဆီ ကျရောက်လာသည့်အခါ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။
“ရိုင်းစိုင်းလိုက်တာ ”
သူ့လက်ဝါးမှ နာရီပြောင်းပြန်အတိုင်း လှည့်ပတ်သွားသည့် ရွှေရောင်ဝဲကတော့ ဖြစ်လာပြီး ဧရာမလက်ဝါး စည်းတံဆိပ်များ ထွက်ပေါ်လာသည်။
“ဟမ်”
ပထမတစ်ခုက စိန်စည်းတံဆိပ် ဖြစ်၏။ စွမ်းအား၊ ခွန်အား၊ သဟဇာတဖြစ်မှု၊ ကုသစွမ်း၊ အလိုလိုသိစိတ်၊ သတိရှိမှု၊ ဒိုင်းမေးရှင်း၊ ဖန်တီးမှုနှင့် အကြွင်းမဲ့မှု အစရှိသဖြင့် သင်္ကေတကိုးခု ထွက်ပေါ်လာသည်။ သူတို့က စည်းတံဆိပ်ဝန်းကျင် အစီအရီ ရှိနေပြီး ကျန့်လီကျစ်ဆီ ရွှေရောင်အလင်းတန်းဖြင့် တိုးဝင်သွား၏။
ဝုန်း
ထိုအရာကို မရှောင်နိုင်ပေ။
ပထမလက်ဝါးစည်းတံဆိပ်က ကျန့်လီကျစ်အား ကြောင်အမ်းသွားစေသည်။ သူက ယခုလက်ရှိ မင်သေသေနေမိ၏။ ဒုတိယမှ ကိုးခုမြောက်အထိ လက်ဝါးစည်းတံဆိပ်များက သူ့မျက်နှာနှင့် ရင်ဘတ်ထံ ကျရောက်လာကြသည်။ လက်ဝါးစည်းတံဆိပ်များ၏ အရွယ်အစားက သူ့အရပ်လောက် ဖြစ်၏။ ဤသည်က မကြီးလွန်းသလို မသေးလွန်းပေ။ လက်ဝါးစည်းတံဆိပ် တစ်ခုက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ နောက်ဆုံး လက်ဝါးစည်းတံဆိပ် ကျရောက်လာသည့်အခါ သူက ထိုနေရာမှာ မရှိတော့ပေ။ သူက အမှုန့်အဖြစ် လွင့်စဉ်သွားပြီး လေထဲ မျောလွင့်သွားပြီ ဖြစ်၏။ သူ့အရိပ်အယောင်ပင် မကျန်ရှိခဲ့ပေ။
ချွမ်
ရွှေရောင်ထိုက်ရွှီကြေးမုံက မြေပေါ် ပြုတ်ကျလာပြီး ကျောက်ပြားနှစ်ခု အက်ကြောင်းကြား လှိမ့်သွားပြီး အသံကျယ်ကြီး ထွက်လာသည်။ ထိုအရာက မရပ်တန့်ခင်အထိ တူညီသည့် နေရာမှာတင် လှည့်ပတ်ကာ ဝေ့နေသည်။
အသံက အားလုံး၏ နားထဲ အထီးကျန်လွန်းဟန်ပေါ်နေသည်။
ကြေးမုံက ဝေဟင်နှင့် မျက်နှာမူလျက် ရှိနေ၏။
ကမ္ဘာတွင် ဖော်မပြနိုင်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အဖြစ်အပျက်များကို ဖော်ညွှန်းဖို့ အကောင်းဆုံး စာလုံးက တိုက်ဆိုင်မှု ဖြစ်၏။
နေရောင်က ထိုက်ရွှီကြေးမုံအထက် တောက်ပနေသည်။ တာအိုဂိတ်ပေါက် ရှစ်ခု အစီအရင်စည်းတံဆိပ်က ဝေဟင်ထဲတွင် ပေါ်ထွက်လာသည်။ ထိုအရာက တုနှိုင်းမဲ့ တောက်ပလွန်းလှသည်။ ထို့နောက် မြင်ကွင်းရှိ လူအားလုံးကို ဖုံးလွှမ်းသွားလေ၏။ ကံကောင်းစွာဖြင့် နေရောင်သာ ရှိနေသည်။ မဟုတ်ပါက အားလုံး၏ ကျင့်ကြံဆင့် အစစ်အမှန်များကို ထုတ်ဖော်သွားလိမ့်မည်။
နေရာတစ်ခုလုံးက တိတ်ဆိတ်သွားလေသည်။ အားလုံးက ထိုက်ရွှီကြေးမုံကြောင့် အာရုံများသွားကြ၏။ ထို့နောက် သူတို့က ပြင်းထန်သည့် အကြည့်ဖြင့် လူအိုကြီးအား လှည့်ကြည့်လာကြသည်။
“တင်း … ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”
ကြည့်ရသည်မှာ လုကျိုး၏ စကားနှင့် ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်တို့က တခြားလူများကို ခြိမ်းခြောက်နိုင်လိုက်ဟန်ပေါ်သည်။
ရွှေရောင်ထိုက်ရွှီကြေးမုံလား … ထိုက်ရွှီကျောင်းတော်လား …
ပွင့်ချပ်နှစ်လွှာ သို့မဟုတ် ရှစ်လွှာဖြစ်ဖြစ် တစ်ဖက်လူတွင် ဘယ်လောက်ရှိရှိ ကိစ္စမရှိတော့ပေ။ အသေရိုက်ချက်ကတ်က သူတို့ကို အလွယ်လေး ကိုင်တွယ်နိုင်လေသည်။ အကယ်၍ ကျန့်လီကျစ်က ပထမဆုံးအကြိမ် ကြေးမုံအလင်းတန်းနှင့် ထိုးသည့်အချိန်က ရန်စနေခဲ့သည်ဆိုလျှင် ဒုတိယအကြိမ် ကျုးလွန်ခြင်းက ကိုယ့်သေတွင်းကို တူးလိုက်ခြင်းသာ ဖြစ်ပေသည်။
ကျန့်လီကျစ်နှင့် အတူပါလာသည့် ထိုက်ရွှီကျောင်းတော်မှ တပည့်များက ကြောင်အမ်းကုန်ကြသည်။ သူတို့က ကျန့်လီကျစ် ရပ်နေခဲ့သည့် နေရာမှာ ဗလာကျင်းသွားသည်ကို ကြည့်နေရင်း တံတွေးမျိုချလိုက်မိသည်။ သူ့ကို မတွေ့ရတော့ပေ။ သူတို့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။
ဒါက တကယ်ကြီး ကျိချန်းပေ့လား ….
အားလုံးက ယခု လူအိုကြီးအား ကြည့်လိုက်ကြသည်။
အမလေးလေး …
သူတို့က ဒူးများပင် တုန်ယင်လာကြသည်။
ထိုစဉ် ရှောင်ယွမ်အာ၏ ရယ်မောသံက တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်လေသည်။ သူမက ပြေးသွားပြီး ထိုက်ရွှီကြေးမုံကို ကောက်ယူလိုက်သည်။
“ ရှစ်စွင်း ဒီကြေးမုံက ပျော်စရာကောင်းမဲ့ပုံပဲ”
သူမက ကနဦးချီ ထည့်သွင်းလိုက်သည်။
ဝှစ်
ထိုက်ရွှီကြေးမုံ၏ အလင်းတန်းက ပင်လယ်မျက်နှာပြင်အထက် တောက်ပသွားသည်။
ဝူး
ပင်လယ်၏ ရေမျက်နှာြပင်က ထကြွလာကာ ရေ မြင့်တက်လာသည်။
ထူးထူးဆန်းဆန်း ဆူညံသံက အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။ ထိုအရာက သူတို့ တုန်လှုပ်နေသည့် အခြေအနေမှ ချက်ချင်း ဆွဲထုတ်လိုက်သလို ဖြစ်၏။ သူတို့က ဆူညံသံ ထွက်ပေါ်လာသည့် နေရာအား လှမ်းကြည့်လိုက်ကြသည်။
ရွှေရောင်ထိုက်ရွှီကြေးမုံက ဆက်လက် တောက်ပနေသည်။ အလင်းတန်းက ပင်လယ်ရေထဲ ထိုးဖောက်သွားလေ၏။
ကြည်လင်နေသည့် ရေများက ရုတ်ခြည်းဆိုသလို အနီရောင်ပြောင်းသွားကာ ပေငါးဆယ် အမြင့်ရှိ ဧရာမငါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ပါးဟပ်က ထိုက်ရွှီကြေးမုံ၏ အလင်းအောက်တွင် ကွဲကွဲပြားပြား တောက်ပနေသည်။
“ လော့ယွီ”
“အဲဒါ လော့ယွီပဲ ”
လူအုပ်ကြီးက တအံ့တဩ ရေရွတ်လိုက်ကြသည်။
လော့ယွီ ပေါ်ထွက်လာမှုက ကျန့်လီကျစ် သေဆုံးမှုအား မေ့လျော့သွားစေသည်။ သူတို့က ထိုလူအိုကြီးသည် ကမ္ဘာရှိ အဆင့်မြင့်ဆုံး ကျင့်ကြံသူ ဟုတ်ရဲ့လားဟု အတည်ပြုဖို့ပင် မေ့လျော့သွားကြသည်။
ရှောင်ယွမ်အာက ပျော်နေသည်။ သူမက ထိုက်ရွှီကြေးမုံအား ပင်လယ်ထဲ ထပ်မံ ချိန်ရွယ်လိုက်သည်။ သူမက ခရုလေးဘေးနား ပြေးသွားပြီး ခရုလေးကိုပင် ကစားဖို့ ခေါ်ခဲ့သေး၏ “ခရုလေး ကြည့်ကြည့် “
သို့သော်လည်း ခရုလေးက အာရုံထွေပြားနေဟန်ပေါ်သည်။ သူမက ရေရွတ်လိုက်၏ “အဲဒါက ဝမ်းနည်းနေပုံပဲ ”
“ဟမ် … ဘယ်လိုလုပ်သိတာလဲ” ရှောင်ယွမ်အာက မေးလိုက်သည်။
“ ခံစားမိတာ ”
“…”
ထိုစဉ် ထီးများနှင့် ရပ်နေသည့် ဟွမ်းကတော်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ရေထဲမှ လော့ယွီကို ကြည့်လိုက်ပြီးနောက် ကျွန်းအစွန်းမှ လုကျိုးအား ဦးညွှတ်လာသည်။
“ ရှင့်နည်းလမ်းတွေက ထူးခြားဆန်းကြယ်တယ်။ ဆရာကြီး ဒီအခြေအနေကို ကျေးဇူးပြုပြီး ကိုင်တွယ်ပေးပါဦး ”
ဝူ
ဖွီး
လော့ယွီက ရေမျက်နှာပြင်အထက် ရုတ်ခြည်း ထိုးခွင်းတက်လာသည်။ ပါးဟပ်က တောင်ပံအဖြစ် ဖြန့်ကျက်သွားသည်။ ရွှေရောင်နှင့် အနီရောင်အလင်းတန်းများ ရောယှက်သွားလေသည်။ ထိုအရာက ကျွန်း၏ အစီအရင်အောက် စက်ဝိုင်းပုံ လှည့်ပျံနေသည်။
ငါးက လေထဲတွင် ပျံသန်းနေလေ၏။
ကျင့်ကြံရေးလောကတွင် လော့ယွီက ပျံသန်းနိုင်သည်မှာ အများသိထားကြသည့် အသိတစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့အနေနှင့် ဤသို့ တစ်ကိုယ်လုံးမှ အလင်းများ ဖြန့်ကျက်ကာ ကြော့ရှင်းလှပနေသည်ကို ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
ဝုန်း
မျောလွင့်နေသည့် ကျွန်းက ဆယ်မီတာ ထပ်မံ နှစ်ဝင်သွားသည်။
ကျွန်း နစ်ဝင်သွားသည့်အခါ လော့ယွီက ကျွန်းတစ်လျှောက် ပဲ့တင်ထွက်သွားစေသည့် ငိုသံမျိုး ပေးလာသည်။
“သူက ငိုနေတယ်” ခရုလေးက သနားနေဟန်ပေါ်သည်။
မည်သူကမှ သတိမထားမိကြပေ။
လက်သီးအရွယ်အစားလောက် ရေစက်များက လော့ယွီ၏ မျက်ဝန်းမှ စိမ့်ထွက်လာသည်။ ထိုအရာက နောက်ဆုံးတွင် လေထဲ လေးကိုင်းသဏ္ဌာန် ဖြစ်ကာ ပင်လယ်ထဲ ပြန်စီးဝင်သွားသည်။ ထို့နောက် အစီအရင်အောက်မှ နေရာထဲ အရှိန်နှုန်းမြင့်မြင့်ဖြင့် ဆက်လက် ကူးခတ်သွားလေသည်။
“ မကောင်းဆိုးဝါး သားရဲကောင် … ဟွမ်းကတော် ဒါက အစီအရင်ကို ဖျက်ဆီးနေတာပဲ ဖြစ်မယ်။ ကျုပ်တို့ ဒီသားရဲကို အဝေးနှင်ထုတ်နိုင်မှ မျောလွင့်ကျွန်းက အဆင်ပြေလိမ့်မယ် ”
...
အခန်း (၅၀၉) မျောလွင့်ကျွန်းကို ကူထောက်ထားပေးခြင်း (အပိုင်း ၁)
အစွန်းနား၌ နီးကပ်စွာရပ်နေကြသည့် ကျင့်ကြံသူများက ကြိုးစားရန်စိတ်အားထက်သန်နေကြ၏။
ဟွမ်းသခင်မသည် မဆင်းသက်လာခင် ထီးများကနေ ပေါ့ပါးစွာခုန်ဆင်းလာ၏။ ထီးများကိုကိုင်ဆောင်ထားသည့် တပည့်များကလည်း သူမနောက်မှနီးကပ်စွာလိုက်ပါလာသည်။
လူအုပ်ကြီးသည်ဟွမ်းသခင်မအတွက်လမ်းဖယ်ပေးလိုက်သည်။
ဟွမ်းသခင်မက ကျွန်း၏အစွန်းဆီလျှောက်လာပြီးနောက် ပင်လယ်ထဲရှိလော့ယွီကိုကြည့်လိုက်သည်။
လော့ယွီကူးခပ်နေသောနေရာက အစီအရင်အောက်တွင်ဖြစ်သည်။
ထိုစဉ် ကျင့်ကြံသူများစွာက ဟွမ်းသခင်မကိုစတင်ဆော်ဩတော့သည်။
“အစီအရင်က ဒီလော့ယွီကြောင့်ထိခိုက်သွားတာပဲဖြစ်ရမယ်။ မျောလွင့်ကျွန်းကို အစီအရင်က ထိန်းထားပေးတာ။ ကျန်တဲ့ကျွန်းလေးကျွန်းက မျောလွင့်ကျွန်းကို အမှီပြုထားရတာ။ မျောလွင့်ကျွန်းမရှိတော့ရင် ဖန်းလိုင်ကျွန်းက သွားမှာပဲ”
“ဖန်းသခင်မ ကျေးဇူးပြုပြီး အမိန့်ပေးပါ”
ဟွမ်းသခင်မသည် သူတို့ကူညီလိုသော လုပ်ရပ်နောက်ကွယ်၌ သူတို့၏စိတ်ဆန္ဒများ သိုဝှက်ထားကြောင်းသိသည်။ ထို့ကြောင့် ယခုအချိန်တွင် သူမ၏တည်ငြိမ်မှုကို ဆုံးရှုံး၍မရ။ သူတို့တောင်းဆိုချက်ကို ချက်ချင်းသဘောတူ၍လည်းမရပေ။ သို့သော် ဖန်းလိုင်ကျွန်းကို မကယ်ပင်လျှင် အစီအရင်များပျက်စီးသွားခဲ့လျှင် ဖန်းလိုင်က အန္တရာယ်များလိမ့်မည်။
ထိုစဉ်က မာချင်းက ကျယ်လောင်စွာပြောလိုက်၏။
“ငါ သိသလောက်တော့ ငါတို့တွေ လောင်ချန်းပေ့ကျိကို အမြင်တောင်းခံသင့်တယ်”
မာချင်း၏စကားကိုကြားသောအခါ ကျန်သည့်သူများက သတိပြန်ဝင်လာ၏။ သူတို့သည် အစောတုန်းက မျက်မြင်တွေ့လိုက်တော့ တာအိုကိုးပါးဖြတ်တောက်ခြင်းလက်စည်းတံဆိပ်ကို အမှတ်ရသွားပြီးရင်ထဲ၌ အကြောက်တရားများထပ်မံပေါ်ထွက်လာသည်။ ဤသတိပေးချက်ဖြင့် သူတို့အားလုံးပါးစပ်ပိတ်ကာ လုကျိုးကိုကြည့်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းက တကယ်ကြီးမြတ်တဲ့ပုဂ္ဂိုလ်လား ...
ကျန်သည့်သူများ မည်သို့တွေးသည်ဖြစ်စေ၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၏စစ်ဆေးမှုရလဒ်က မည်သို့ပင်ဖြစ်စေ မာချင်းသည် သူ့ရှေ့ရှိအဘိုးအိုက မိစ္ဆာဝေဟင်မျှော်နန်းသခင်ဆိုတာယုံကြည်သည်။ အဘိုးအိုက ပွင့်ချပ်နှစ်လွှာကျင့်ကြံသူဟု ယုံကြည်နေကြသည့်သူများမှာ သူတို့ခေါင်းတိုက်မိထားတာ သို့မဟုတ် စိတ်လွတ်နေတာပဲဖြစ်ရမည်။ ပွင့်ချပ်နှစ်လွှာကျင့်ကြံသူသည် မျက်စိတစ်မှိတ်အတွင်း ထိုက်ရွှီကျောင်းတော်၏ မဟာအကြီးအကဲတစ်ယောက်ကို မည်ကဲ့သို့ဖြေရှင်းနိုင်မည်နည်း။ ယင်းက ဖြစ်တောင်ဖြစ်နိုင်မည်လော။
မာချင်းသည် ချင်းယွင်ဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူ၏စကားများက ကျန်သည့်သူများထက်ပိုပြီးလေးနက်သည်။
လုကျိုးက လက်ဆန့်တန်းကာပြောလိုက်သည်။ "ယွမ်အာ”
ရှောင်ယွမ်အာက သူ၏ဆရာဆိုလိုတာကို သဘောပေါက်သည်။ သူမသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို သူမရှစ်စွင်း၏လက်ထဲပေးလိုက်၏။
အလင်းက မှိန်ဖျော့သွားတော့သည်။
လုကျိုးက ထိုက်ရွှီကျောင်းတော်၏တပည့်များကို တစ်ချက်ကြည့်လိုက်ရာ သူတို့ကြောက်ရွံ့မှုကြောင့် နောက်ဆုတ်သွားစေ၏။
သူတို့၏မဟာအကြီးအကဲကျန့်လီကျစ်တောင် ဤအဘိုးအိုထံမှ ရိုက်ချက်တစ်ချက်တောင် ခံနိုင်ရည်မရှိပေ။ သူ မည်မျှ အားကောင်းကြောင်းမှန်းဆနိုင်ပေ၏။ သို့သော် သူတို့ ယခု ဝေခွဲမရဖြစ်ကုန်သည်။ ရွှေရောင်ထိုက်ရွှီကြေးမုံသည် သူ့ကို ပွင့်ချပ်နှစ်လွှာကျင့်ကြံသူဟု အဘယ်ကြောင့် ပြနေသနည်း။ သူတို့တင်မက ဤနေရာရှိ လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။ ရွှေရောင်ထိုက်ရွှီကြေးမုံက မလိမ်နိုင်ပေ။
လုကျိုးက နက်ရှိုင်းသောလေသံဖြင့်ပြောလိုက်သည်။
"အခုကစပြီး ရွှေရောင်ထိုက်ရွှီကြေးမုံက မိစ္ဆာဝေဟင်မျှော်နန်းပိုင်သွားပြီ”
“...”
သူ၏စကားများက အစွမ်းထက်ကာ ဧရိယာ၌ပြန့်သွားတော့သည်။
“တင်း ... ရွှေရောင်ထိုက်ရွှီကြေးမုံကိုရပါပြီ။ ပိုင်ရှင် လင်းရှင်း အသုံးမပြုခင် ပြန်လည်ကျင့်ကြံရန်လိုအပ်သည်”
ထိုပစ္စည်းသည် လုကျိုး၏ကျင့်ကြံဆင့်တိုးတက်အောင် အကူအညီမပေးနိုင်သော်ငြား စိတ်ဝင်စားစရာကောင်းသည်ဟု သူ ထင်သည်။
လင်းရှင်းက ထိုက်ရွှီကျောင်းတော်၏ကျောင်းအုပ်ဖြစ်သည်။ သူ၏မဟာအကန့်အသတ်က နီးကပ်နေပြီဟု ကောလာဟလရှိ၏။ ထိုသို့တိုင် သူ သေဆုံးသည့်သတင်းက မပြန့်သေးပေ။ သူ့အသက်ကိုထိန်းသိမ်းရန် ရွှေရောင်ထိုက်ရွှီကြေးမုံ၏အာနိသင်ကို သုံးထားသလားဆိုတာ သိချင်မိသည်။
“ဒါကို ဘယ်ကနေရလာတာလဲ”
ထောက်
ထိုက်ရွှီကျောင်းတော်၏တပည့်များက ချက်ချင်းပင်ဒူးထောက်လိုက်သည်။ သူတို့မျက်နှာ၌ ချွေးများ ပြန်နေတော့သည်။ သက်ညှာပေးရန်တောင်းဆိုတော့မည့်အချိန်တွင် ဘန်း ....
မျောလွင့်ကျွန်းက ထပ်မြှုပ်သွား၏။
“လောင်ချန်းပေ့ အခုက ထိုက်ရွှီကျောင်းတော်နဲ့အချင်းများရမဲ့အချိန်မဟုတ်ဘူး။ ကျေးဇူးပြုပြီး ဖန်းလိုင်ကိုကူညီပေးပါ။ မျောလွင့်ကျွန်းကိုကယ်ပေးမယ်ဆိုရင် ဖန်းလိုင်စာလိပ်ကိုပေးပါ့မယ်”
ဖန်းလိုင်ကောင်းကင်စာလိပ်လား ....
ရုတ်ရုတ်သဲသဲဖြစ်ရပ်ပေါ်လာပြီး လူအားလုံးက စတင်ဆွေးနွေးကြပြန်၏။
ဖန်းလိုင်ဂိုဏ်းသခင်၏ ကျင့်ကြံဆင့်တိုးတက်လာခြင်းမှာ ဖန်းလိုင်ကောင်းကင်စာလိပ်ကြောင့်ဟု ကောင်းကင်ကျမ်းစာကြောင့်ဟု ဆိုနိုင်ပေသည်။ ဆိုလိုသည်မှာ သူတို့၏အဆင့်အတန်းကို ယခုအနေထိရောက်အောင်မြှင့်တင်ပေးရာ၌ ကူညီပေးထားတာပဲဖြစ်သည်။ သို့သော် ၎င်းတွင်ပါရှိသော အကြောင်းအရာများ၏နက်နဲမှုကြောင့် မည်သူမှနားမလည်ပေ။ ဂိုဏ်းချုပ်ကို လက်ဆင့်ကမ်းပြီးနောက် ဖန်းလိုင်စာလိပ်သည် ယနေ့ထက်တိုင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့သည်။ ဖန်းလိုင်ကောင်းကင်ကျမ်းစာသည် ဖန်းလိုင်၏အုတ်မြစ်ဟု ဆိုလျှင် ချဲ့ကားပြောရာမရောက်ပေ။ ဟွမ်းသခင်က ၎င်းကိုကမ်းလှမ်းလာမည်က မထင်မှတ်ထားတာပဲဖြစ်သည်။
“မျောလွင့်ကျွန်းက မြှုပ်နေပြီး ဟွမ်းသခင်မက ရွေးချယ်စရာမရှိဘူး။ ဒါပေမဲ့ စာလိပ်တစ်လိပ်ပဲရှိတယ်။ ငါတို့ကျ ဘယ်လိုခွဲမလဲ”
ဝံပုလွေများ၏ရည်ရွယ်ချက်ကပိုမိုရှင်းလင်းလာတော့သည်။
“ဟွမ်းသခင်မက လောင်ချန်းပေ့ကျိကို အကူအညီတောင်းနေတာ မင်းကို မဟုတ်ဘူး။ မင်းကိုယ်မင်းထည့်မတွက်နဲ။"
“လောင်ချန်းပေ့က အကျော်အမော်တစ်ယောက်ဆိုတာအမှန်ပဲ။ ဒါပေမဲ့သူက လောင်ချန်းပေ့ ဟုတ်မဟုတ်ဆိုတာ မသိဘူးလေ၊ ကြည့်ရတာ မင်းက ရွှေရောင်ထိုက်ရွှီကြေးမုံအကြောင်း သိတာနည်းလွန်းတယ်။ အဲဒါ အလကားမဟုတ်ဘူး။ ဒီကမ္ဘာကြီးထဲက လိမ်ညာမှုအားလုံးကို ဖောက်မြင်နိုင်တယ်။ အမှားလုပ်မိဖို့ဆိုတာမဖြစ်နိုင်ဘူး”
“ဒါဆိုရင် ကိုးပါးဖြတ်တောက်ခြင်း လက်စည်းတံဆိပ်အကြောင်း မင်း ဘယ်လိုရှင်းပြမလဲ”
“ပွင့်ချပ်ရှစ်လွှာတာအိုပညာရှင်တစ်ယောက်တောင် ဒါမျိုးလုပ်နိုင်တယ်”
ဗုဒ္ဓ၏မဟာကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်ဖြစ်စေ၊ ကိုးပါးဖြတ်တောက်ခြင်းလက်စည်းတံဆိပ်ဖြစ်စေ၊ ဟွားဝူတောက်၏ သင်္တေကကိုးပါးလက်စည်းတတံဆိပ်ဖြစ်စေ သူတို့အားလုံးက ပွင့်ချပ်ရှစ်လွှာ ခမ်းနားသောကျင့်စဉ်များ ဖြစ်သည်။ သို့သော်ငြား ထိုကဲ့သို့အားကောင်းလှသည့် စွမ်းအင်စည်းတံဆိပ်များ ထုတ်ဖော်ရန်က ခက်ခဲလှ၏။ ထို့ကြောင့် ကျင့်ကြံသူများက အသုံးပြုခဲသည်။ ကိစ္စအများစု၌ ရလဒ်က ဒုက္ခခံရန်မတန်ပေ။
“ရှူး … မပြောနဲ့။ သူက အစစ်လို့ ငါထင်တယ်။ အသက်ရှင်ချင်ရင် ပါးစပ်ပိတ်ထားလိုက်”
“မင်းတို့တွေ ပွင့်ချပ်ရှစ်လွှာနဲ့ပွင့်ချပ်ကိုးလွှာကြားမှာ ကွာခြားချက်ကြီးကြီးမားမားမရှိဘူး”
“…” သူတို့သည် လက်ဝါးစည်းတံဆိပ်တစ်ခုတည်းဖြင့် လူသတ်နိုင်သည်။ ကွာခြားချက်မရှိပေ။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူကို အထင်သေးရန် မည်သူကများသတ္တိပေးခဲ့သနည်း။
အချို့က ယုံကြည်ကြပြီး ကျန်သည့်သူများက သံသယဝင်နေကြသည်။
ဟွမ်းသခင်မနှင့် မသက်ဆိုင် ... သူမက ဤအကြပ်အတည်းထဲမှဆွဲထုတ်ရန် တစ်စုံတစ်ယောက်ကို အကူအညီတောင်းချင်တာပဲဖြစ်သည်။ သူမက ထပ်ပြောလိုက်၏။
"ကျေးဇူးပြုပြီး တာဝန်ယူပေးပါ လောင်ချန်းပေ့”
လုကျိုးကကြော့ရှင်းသည့် ဟွမ်းသခင်မကိုကြည့်ပြီးပြောလိုက်သည်။
“ဟွမ်းရှစ်ကျဲက ပွင့်ချပ်ရှစ်လွှာအဆင့်ရှိတယ်။ သူ မလုပ်နိုင်ရင် ငါ လုပ်နိုင်မယ်လို့ ဘာကြောင့်ထင်နေတာလဲ”
ကျန်သည့်သူများက ဟွမ်းသခင်မကိုကြည့်လိုက်လေ၏။
ဟွမ်းသခင်မက အရိုအသေပေးကာပြောလိုက်သည်။ "ကျွန်မမှာရွေးချယ်စရာမရှိပါဘူး”
လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို မြှောက်လျက် ကနဦးချီတချို့သွင်းလိုက်သည်။ အလင်းတန်း တစ်ခုက ရွှေရောင်ထိုက်ရွှီကြေးမုံထဲကနေပေါ်ထွက်လာပြီး သူတို့လင်းထိန်သွားစေ၏။ အလင်းရောင် ဖြန့်ကျက်ခံထားရသည့်သူများနား၌ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာသည်။ အများစုက ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်များ ဖြစ်ပြီး လက်တစ်ဆုပ်စာသာလျှင် ပွင့်ချပ်တစ်လွှာနှင့် ပွင့်ချပ်နှစ်လွှာအဆင့် ရှိသည်။
ကျင့်ကြံသူအချို့သည် သူတို့၏ကျင့်ကြံဆင့်ကို ဖုံးကွယ်ရန် တမင်တကာရှောင်ကြ၏။ ဤနေရာရှိလူများကြား၌ ခမ်းနားသည့် ကျင့်ကြံသူများရှိနိုင်သူများသည်။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူများတောင်ရှိလောက်၏။ ဖန်းလိုင်ကောင်းကင်စာလိပ်၏ ညှို့ငင်မှုက ကြီးမားလှသည်။
လုကျိုးက လက်ဖဝါးမှောက်လိုက်သည်။
အလင်းက ပင်လယ်ပေါ်လင်းထိန်သွားစေသည်။ လော့ယွီက ပိုမြန်ဆန်စွာကူးခတ်နေ၏။
ထန်း
ဧရာမကျွန်းကြီးများမှ တစ်ကျွန်း၏ အရှေ့တောင်ထောင့်တနေရာမှ ချိန်းကြိုးများ၏ အသံကဲ့သို့ ပေါ်လာသည်။
ဖန်းလိုင်ကျွန်းသည် အသံကြောင့်လှုပ်ခါသွား၏။
လူတိုင်းက ယိုင်သွားကာ လဲကျလုနီးပါးဖြစ်သွားသည်။
ဟွမ်းသခင်မက မျက်မှောင်အနည်းငယ်ကျုံ့လျက်ပြောလိုက်သည်။ "ဒီကို ဖန်းလိုင်စာလိပ်ယူလာခဲ့”
“နားလည်ပါပြီ”
ကျွန်းပေါ်ရှိလူများသည် သူတို့မျက်နှာထက်၌ မျှော်လင့်စောင့်စားသည့် အမူအရာရှိနေသည်။ ဖန်းလိုင်ကောင်းကင်ကျမ်းစာက မည်သည့်ပုံဆိုတာ သူတို့မြင်ချင်နေသည်။
သိပ်မကြာမီ၌ ဖန်းလိုင်တပည့်တစ်ယောက်သည် သူ့လက်ထဲ၌ ကောင်းကင်ကျမ်းစာကို သယ်လာလျက် ကျွန်း၏အလယ်ဗဟိုကနေပျံသန်းလာတော့သည်။ သူတို့က မြေပြင်ပေါ် မဆင်းသက်ခင် လူအုပ်ကြီး၏ရှေ့တွင် ဖန်းလိုင်ကျင့်ကြံသူများထဲမှ တစ်ယောက်ကဒူးထောက်လျက် ဟွမ်းသခင်မအား ပေးလိုက်သည်။
“သခင်မ”
ဟွမ်းသခင်မကပြောလိုက်၏။ “ဖန်းလိုင်ပျက်စီးသွားရင် ကောင်းကင်ကျမ်းစာလည်း ဖျက်စီးခံရမှာ ပဲ” သူမသည် ၎င်းကို လက်တစ်ဖက်ဖြင့်ယူလိုက်သည်။ စာလိပ်အပြင်ဖက်၌ အစီအရင် ပုံသဏ္ဌာန်များရှိနေပြီးတမူထူးကဲသောပစ္စည်းဖြင့်ပြုလုပ်ထားတာသိသာ၏။ သူမသည် စာလိပ်ထဲ ကနဦးချီအချို့သွင်းလိုက်ရာ အစီအရင်များက လင်းထိန်လာသည်။
“အခု” ကျွန်းလေးကျွန်းကနေ လေချွန်သံများပေါ်ထွက်လာပြီးနောက် လူရိပ်သုံးရိပ်သည် ဟွမ်းသခင်မဆီချက်ချင်းပျံသန်းလာ၏။
ဖန်းလိုင်ဂိုဏ်းကို ဘယ်သူဂရုစိုက်လဲ။ ဘယ်သူက ဖန်းလိုင်ကို တကယ်ကယ်တင်ချင်တာလဲ။
ဟွမ်းသခင်မက မအံ့ဩပေ။ သူက လက်ဖက်ဖြင့်ဖိအားအချို့ကိုထုတ်ဖော်လိုက်သည်။ ကောင်းကင်စာလိပ်က သေတ္တာထဲပြန်ရောက်သွား၏။ ကလစ်ဟူသောမြည်သံဖြင့် ၎င်းသည် အပိတ်ခံလိုက်ရသည်။ မြေပြင်ကနေယူဆောင်သွားပြီး လေထဲသို့ပျံသန်းသွား၏။
ထီးများ ကိုင်ဆောင်ထားသည့် တပည့်များသည် ဟွမ်းသခင်မနောက်လိုက်ပြီး ကောင်းကင်ထဲ ပျံသန်းသွားကြသည်။
ဘန်း ဘန်း ဘန်း
လူရိပ်သုံးရိပ်က သွေးအန်ပြီးနောက်ပြန်လန်ကျသွား၏။
ကျန်ရှိသည့် ထီးကိုင်ထားသောကျင့်ကြံသူများက ဟွမ်းသခင်မကိုလိုက်စောင့်ပေးကြ၏။ သူတို့သည် လေထဲပျံဝဲနေသည်။ သူမက ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်၏။ “အစီအရင်ကိုအသက်သွင်း”
ကျွန်းလေးကျွန်းပေါ်ရှိအလင်းရောင်လေးကွင်းက တောက်ပလာသည်။ မျောလွင့်ကျွန်းကို အလယ်တွင်ထားလျက် အလင်းကွင်းများက ထူးခြားသောအစီအရင်တစ်ခုဖွဲ့တည်နေ၏။
မြင်ကွင်းတစ်ခုက ကောင်းကင်ကိုလွှမ်းခြုံထားသည်။ ဧရာမအရံအတားသည် ကျွန်းပေါ်ရှိလူတိုင်းကို ဧရာမလှောင်ချိုင်ပမာ အုပ်မိုးထား၏။
ချက်ချင်းပင် လှုပ်ရှားနေကြသည့် ကျင့်ကြံသူများက အရံအတားကို မှင်တက်နေသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။
တစ်စုံတစ်ယောက်က ရူးသွပ်စွာရယ်မောတော့သည်။ “ဒါဘာအသုံးဝင်လို့လဲ။ မျောလွင့်ကျွန်းပျက်စီးသွားတာနဲ့ အစီအရင်က အသုံးမဝင်ဖြစ်မှာပဲ”
တစ်စုံတစ်ယောက်ကတောင် လုကျိုးကိုအရိုအသေပေးပြီးပြောလိုက်၏။ “လောင်ချန်းပေ့ ဟွမ်းသခင်မကို ခင်ဗျားဆီအပ်ထားလိုက်မယ်။ ကျန်တဲ့သူတွေနဲ့ ကျုပ်တို့ထွက်သွားလို့ရတယ်။ ကောင်းကင်ကျမ်းစာစာလိပ်ယူလို့ရတယ် ဘာပြောမလဲ”
ဟွမ်းသခင်မသည် ဝေဟင်ကနေ သူတို့ကိုကြည့်လိုက်သည်။ ကျွန်းလေးကျွန်းပေါ်ရှိတိုက်ပွဲများက စတင်နေပြီဖြစ်၏။ ကျွန်းအတွက် သူမ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိသည်။
“မာချင်း ကျွန်မရဲ့ခင်ပွန်းက ရှင့်ကိုဖိတ်ခဲ့တာ ရှင်က ကျွန်မတို့ ပြိုလဲချိန်ရိုက်ချဖို့ကြိုးစားနေတာလား”
ဟွမ်းသခင်မက မာချင်းကိုကြည့်လိုက်သည်။
မာချင်းက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။ “လူတွေအားလုံးရပ်ကြ ... ချင်းယွင်ဓားဂိုဏ်းက တပည့်တွေ ငါ့အမိန့်ကိုနာခံကြ"
“ဟုတ်ကဲ့အကြီးအကဲ”
“ဖန်းလိုင်ကိုကာကွယ်ကြ”
ချင်းယွင်ဓားဂိုဏ်းမှ ဓားသမားတစ်ရာသည် တပြိုင်နက်တည်းလေထဲပျံသန်းလာ၏။
ကျွိ ကျွိ ကျွိ
သူတို့ဓားများကို ဆွဲထုတ်ပြီးလေထဲပျံဝဲနေစဉ် အခြေအနေကိုအမြတ်ထုတ်ရန်ကြိုးစားနေကြသော ကျင့်ကြံသူများဆီ ဓားများဖြင့်ချိန်ရွယ်ထား၏။
ဟွမ်းသခင်မသည် ထိုအရာကိုမြင်သောအခါ ဦးညွတ်လျက်ပြောလိုက်သည်။ "ဖန်းလိုင်က ချင်းယွင်ဓားဂိုဏ်းရဲ့အကူအညီကိုအမှတ်ရနေမှာပါ”
“ဟွမ်းသခင်မ အခု ဒါမျိုးလုပ်ရမဲ့အချိန်မဟုတ်ဘူး” ဖန်းလိုင်ဂိုဏ်း၏အကြပ်အတည်းသည် သူတို့တွေးထင်ထားသည်ထက် ပိုနေ၏။ နစ်မြှုပ်နေသော ဖန်းလိုင်ကျွန်းက တစ်ခုတည်းသော ပြဿနာမဟုတ်ပေ။ တိုက်ခိုက်ရန်အတွက် ဆာလောင်နေသော ဝံပုလွေတစ်အုပ်လည်းရှိသည်။
မာချင်းက လေထဲပျံတက်ကာပြောလိုက်၏။ “ဖန်းလိုင်ကိုရင်ဆိုင်ဖို့ လက်တစ်ချောင်းမြှောက်ရဲတဲ့သူတိုင်း ချင်းယွင်ဓားဂိုဏ်းရဲ့အသေသတ်ရန်သူဖြစ်ရမယ်” သူ့အသံလှိုင်းသည် ကျွန်းလေးကျွန်းနှင့်မျောလွင့်ကျွန်းပေါ်ပျံ့သွားတော့၏။
ကျွန်းလေးကျွန်းပေါ်ရှိ ဖန်းလိုင်တပည့်များကလည်း ထွက်ပေါ်လာပြီး ကျွန်းအထက်ပျံဝဲနေကြ၏။ မပျံနိုင်သည့် ကျန်ရှိသည့်တပည့်များကသာ မျက်နှာထက်တွင် ကြောက်လန့်အမူအရာဖြင့် နေရစ်ခဲ့လေသည်။ ကျွန်းမြှုပ်သွားလျှင် သူတို့သေရမည်။
“မာချင်း မင်း သူတော်ကောင်းယောင်ဆောင်နေတာရပ်လိုက်တော့။ မင်းက ပစ္စည်းတွေအားလုံးကို မင်းဖာသာမင်းယူဖို့ကြိုးစားနေတာမလား။ ဖြစ်နေတာတွေအားလုံးအတွက် ...”
“ငါတို့ကို ရင်ဆိုင်ဖို့ မင်းဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲဆိုတာကြည့်မယ်”
ကျန်သည့်ကျင့်ကြံသူများသည် သူတို့၏ဓားများနှင့် ဓားမော့များကို ဆွဲထုတ်လျက် ထီးကိုင်ဆောင်ထားသော ကျင့်ကြံသူများနှင့် လေထဲရှိချင်းယွင်ဂိုဏ်း၏တပည့်များကို ချိန်ရွယ်ထားကြသည်။
“လောင်ချန်းပေ့ ပြောသာပြောလိုက်ပါ။ ဖန်းလိုင်ကျွန်းရဲ့ရတနာတွေက ကျုပ်တို့အပိုင်ပဲ”
ကျင့်ကြံသူနှစ်ယောက်က လုကျိုးဆီလျှောက်လာ၏။
မာချင်းသည် လုကျိုးကို စိုးရိမ်ပူပန်သောအမူအရာဖြင့်ကြည့်လိုက်သည်။ သူက ကျန်သည့်သူများကို စိတ်မပူပေ။ တစ်ချိန်လုံးသိုသိုသိပ်သိပ်နေသော ဤအဘိုးအိုကို သူ စိတ်ပူနေတာဖြစ်သည်။ အဘိုးအို၏ရပ်တည်ချက်က ဖန်းလိုင်၏ရှင်သန်မှုကို အဆုံးအဖြတ်ပေးလိမ့်မည်။
လုကျိုးကမျက်မှောင်ကျုံ့လျက် လူအုပ်ကြီးကိုကြည့်လိုက်သည်။ သူက မုတ်ဆိတ်သပ်လျက် ပြောလိုက်တော့၏။ “မင်းတို့ရဲ့ ရွံ့အိုင်ထဲမှာ ငါပျော်နေတယ်လို့ ပြောခဲ့လို့လား"
ကျန်သည့်သူများက မှင်တက်သွား၏။
“လောင်ချန်းပေ့ ဖန်းလိုင်ကောင်းကင်ကျမ်းစာကိုမလိုချင်ဘူးလား”
ဘန်း
မျောလွင့်ကျွန်းက နောက်ထပ်ဆယ်မီတာမြှုပ်သွား၏။ အထက်ရှိအစီအရင်က ယိုယွင်းလာသည်။ တဖြည်းဖြည်းချင်း ဖိအားကိုတောင့်မခံနိုင်တော့ဘဲ ပြိုကွဲလာ၏။ ၎င်း၏စွမ်းအားများက ကြယ်အလင်းမှုန်များအဖြစ်ပျော်ဝင်သွားပြီး ကောင်းကင်ထဲ၌ ပျံ့သွား၏။
ဟွမ်းသခင်မက မျက်နှာမှုန်ကျသွားကာပြောလိုက်တော့သည်။ “မကောင်းတော့ဘူး”
...
အခန်း(၅၁၀) မျောလွင့်ကျွန်းကို ကူထောက်ထားပေးခြင်း (အပိုင်း ၂)
လုကျိုးက ရှောင်ယွမ်အာအား လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ယွမ်အာ ခရုလေးကို ကာကွယ်ထားလိုက်”
“ဟုတ် ရှစ်စွင်း စိတ်မပူပါနဲ့”
ခရုလေး တိမ်တိုက်ငှက်မွေး အဝတ်ကို ဝတ်ထားသည့်အပြင် သူမ၏ ကာကွယ်မှုပါ ထည့်ပေါင်းလိုက်လျှင် ကြီးမြတ်သည့် ကျင့်ကြံသူ မတိုက်ခိုက်လာမချင်း အန္တရာယ်ရှိမည် မဟုတ်ပေ။
အစီအရင် ပြိုကွဲသွားသည်နှင့် ဖန်းလိုင်ကျွန်း အဝေးမှ ကျင့်ကြံသူများစွာက ကျွန်းဆီ ပျံသန်းလာကြသည်။ ကောင်းကင်မှ ကြည့်လိုက်သည့်အခါ သူတို့က ပုရွက်ဆိတ်များလို ဖြစ်နေ၏။
ဟွမ်းကတော်က လက်ကို ဆန့်ထုတ်ကာ ကောင်းကင်ထံ ပစ်လွှတ်လိုက်သည်။ သူမက မျောလွင့်ကျွန်းပေါ်မှ ငုံ့ကြည့်လိုက်၏။ ထိုစဉ် သူမက လုကျိုးရှိနေသည့် ကျွန်းပေါ်တွင် ကျင့်ကြံသူပမာဏ နည်းပါးကြောင်း သတိထားမိသွားသည်။ အကာအရံ ပြိုကွဲသွားပြီဖြစ်၍ ကျွန်းလေးကျွန်း အပြင်ဘက် စောင့်ဆိုင်းနေသော ကျင့်ကြံသူများက ပုန်းအောင်းရာမှ ထွက်လာကာ လှုပ်ရှားလာကြသည်။
ကျွန်းတစ်ခုစီမှ ကျင့်ကြံသူရာချီထွက်ပေါ်လာသည်။
“ဖန်းလိုင်ကျွန်းက တပည့်တို့ … ရန်သူကို နှိမ်နင်းကြ”
“နားလည်ပါပြီ ”
ထီးကိုင်စွဲသည့် ကျင့်ကြံသူများက စတင် တိုက်ခိုက်လာကြသည်။ ထီးများက လေးဘက်လေးတန် ပျံ့နှံ့သွားလေသည်။
တိုက်ပွဲက စတင်၍ ကြမ်းလာသည်။
ဟွမ်းကတော်က မျောလွင့်ကျွန်းကို ကြည့်လိုက်ရင်း သက်ပြင်းအသာချလိုက်ကာ “ယောက်ျားရေ … ကျွန်မ ဒါပဲတတ်နိုင်တော့တယ်”
အစပိုင်းတွင် မျောလွင့်ကျွန်းက ကျွန်းလေးကျွန်းအထက် မီတာ တစ်ရာ မြင့်မားသော်လည်း လက်ရှိတွင် ပင်လယ်မျက်နှာပြင်မှ မီတာနှစ်ဆယ်သာ ကွာဝေးတော့သည်။
ထိုစဉ် မျောလွင့်ကျွန်းဘက်မှ အားပါးတရ ရယ်သံကြီး ထွက်ပေါ်လာသည်။
“ဟွမ်းကတော် သူများကို အပြစ်တင်မနေပါနဲ့။ ဒီလောကမှာ မိတ်ဆွေရင်းဆိုတာ မရှိဘူး။ ငါ့ညီအစ်ကိုတို့ ရှေ့တက်ကြ ”
ဖန်းလိုင်ကျွန်းသည် အမြဲတမ်းလိုလို ပြင်ပလောကမှ ဖယ်ရှားခံထားရပြီး တခြားလူများနှင့် ဆက်သွယ်ခဲလေသည်။ သူတို့တွင် အကူအညီတောင်းစရာ မိတ်ဆွေလည်း မရှိပေ။ အကယ်၍ ရှိလျှင်ပင် အရေးကြီးအချိန်မျိုး၌ နောက်ကျောဓားဖြင့် မထိုးပါဘူးဟု အာမ မခံနိုင်ပေ။
မာချင်းက လုကျိုးအား ကြည့်လိုက်သည်။ သူက လုကျိုးသာ တစ်ခုခု လုပ်နိုင်မည်မှန်း သိထားလေသည်။
“ကျိချန်းပေ့ ကျေးဇူးပြုပြီး တစ်ခုခု လုပ်ပေးပါဦး”
အကယ်၍ ဟွမ်းရှစ်ကျဲသာ ဒီနေရာမှာရှိလျှင်ပင် သူ့အနေနှင့် တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ပေ။
ကျွန်းလေးကျွန်းမှ တိုက်ခိုက်သံများလည်း ဆူညံနေသည်။
သေဆုံးနှုန်းကလည်း မြင့်တက်လာသည်။ အဆင့်နိမ့် ကျင့်ကြံသူအများစုက ပင်လယ်ထဲ ပြုတ်ကျသွားသောကြောင့် ပင်လယ်ပင် သွေးနီရောင် လွှမ်းသွားစေသည်။ မူလက သန့်ရှင်းနေသော ရေက ယခုအခါ အနီရောင်စွန်းသွားလေပြီ။
လုကျိုးက ရှောင်ယွမ်အာနှင့် ခရုလေးအနား ရပ်နေသည်။ သူ့တွင် အထွတ်အထိပ်သဏ္ဌာန်ကတ် မရှိဘဲ တခြားအသုံးအဆောင်ကတ်များနှင့် ထူးခြားအံ့ဖွယ် စွမ်းအားတို့ဖြင့် ဆာလောင်နေသည့် ဝံပုလွေများအား အနိုင်ယူနိုင်မည် မဟုတ်ပေ။ ထို့အပြင် ထိုလူများက လောဘကြောင့် ရူးသွပ်နေကြလေပြီ။ သူတို့က အကျိုးအကြောင်းကို ကျော်လွန်သွားပြီ ဖြစ်၏။ သူက ကျင့်ကြံသူအားလုံးကို တစ်နေရာမှာ မစုစည်းနိုင်သရွေ့ အားလုံးကို ထူးခြားအံ့ဖွယ်စွမ်းအားဖြင့် ရှင်းနိုင်မည် မဟုတ်ချေ။
ဝုန်း
မျောလွင့်ကျွန်းက ဆယ်မီတာ ထပ်နိမ့်လာသည်။
လုကျိုးက မော့ကြည့်လိုက်သည်။ မီတာ တစ်ထောင်ပတ်လည်ရှိသည့် ဧရာမကျွန်းကြီးက နေမင်းကို ဖုံးထားလေသည်။
အရမ်းနီးလွန်းနေသည်။ ဖိအားက အသက်ရှုဖို့ အခက်တွေ့စေ၏။
ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေသည့် ကျင့်ကြံသူများစွာက မျောလွင့်ကျွန်းဆီ ပျံသန်းလာကြသည်။
“မာချင်း … မင်း လူတွေကို အနောက်ဘက် ခေါ်သွားလိုက် ” လုကျိုးက အမိန့်ပေးလိုက်သည်။
မာချင်းက လုကျိုး စကားများ ကြားသည့်အခါ စိတ်အေးသွားလေသည်။ သူက တပည့်များကို ဦးဆောင်ကာ အနောက်ဘက်မှ ကျွန်းဆီ ဦးတည်လိုက်သည်။
ဓားအစီအရင် တစ်ထောင်ကျော်က ထိုထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေသည့် ကျင့်ကြံသူများထံ ပင်လယ်ထဲမှ ငါးအုပ်လို တိုးဝင်သွားသည်။
ဝေဟင်အထက် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားနေသည်။
ထိုစဉ် ဟွမ်းကတော်က မျောလွင့်ကျွန်းပေါ်တွင် ရပ်နေသည်။ သူမ၏ အမူအရာက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိ၏။
ထိုစဉ် လုကျိုးက မြေကို ဆောင့်ကန်ကာ မျောလွင့်ကျွန်းဆီ ပျံသန်းသွားလိုက်သည်။
လေထုထဲ ရုတ်ခြည်းဆိုသလို အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟွမ်းကတော် ခင်ဗျားက အရင်လို ဆွဲဆောင်မှုရှိနေတုန်းပါ့လား”
လုကျိုးက လှည့်ကြည့်လိုက်သည့်အခါ လူလတ်အရွယ် အမျိုးသားကို မြင်လိုက်ရသည်။ သူက ထိုလူထံ လက်ဝါးချက် ထုတ်လွှင့်လိုက်၏။
ဝုန်း
အပြာဖျော့ဖျော့ လက်ဝါးစည်းတံဆိပ်က လူလတ်အရွယ် အမျိုးသားထံ ထိမှန်သွားလေသည်။ သူက ပင်လယ်ထဲ ဗွမ်းခနဲ ပြုတ်ကျသွားလေသည်။
လုကျိုးက ပျံသန်းလာရင်း မျောလွင့်ကျွန်းသည် ဖရိုဖရဲ ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ဘယ်သူက ဘယ်ဂိုဏ်းကမှန်း ခွဲဖို့ မဖြစ်နိုင်လုနီးပါးပင် ဖြစ်၏။ အားလုံးက ကျွန်းကို တိုက်ခိုက်လုနေရင်း အလုပ်များနေကြသည်။
လုကျိုးက ဆက်တိုက်ပျံသန်းလာသည်။ အကယ်၍ ဖြစ်နိုင်ပါက သူ့အနေနှင့် ထူးခြားအံ့ဖွယ် စွမ်းအားကို မသုံးလိုပေ။ ပွင့်ချပ်နှစ်လွှာအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အောက် ကျင့်ကြံသူများကို သတ်ဖို့ ပြဿနာ မရှိပေ။
ဟွမ်းကတော်က ငုံ့ကြည့်လာသည်။ သူမက လုကျိုးသည် သူမထံ ပျံသန်းလာနေသည်ကို မြင်လိုက်သည့်အခါ မျက်နှာအထက် အံ့အားသင့်သွားသည့် အမူအရာ ပေါ်ထွက်လာသည်။ သူမက လုကျိုး၏ ရည်ရွယ်ချက်ကို မသေချာပေ။ ထို့ကြောင့် သူမက ကောင်းကင်စာလိပ် ကိုင်ထားသည့် လက်ကို မြန်မြန်မြောက်ကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
“ ကျွန်မ ထပ်ပြောမယ်။ မျောလွင့်ကျွန်း နစ်သွားတာနဲ့ ကောင်းကင်စာလိပ်လည်း ဖျက်ဆီးခံရမှာ”
ဖန်းလိုင် ကောင်းကင်စာလိပ်သည် သူမအသံလှိုင်းနှင့်အတူ အလင်းတန်းများ တောက်ပနေသည်။
“ဟွမ်းကတော် … ကောင်းကင်စာလိပ်က ငါ့ဟာပဲ”
“ငါ့ဟာ ”
နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများစွာသည် မျောလွင့်ကျွန်းထံ ပျံသန်းလာကြသည်။ အကယ်၍ အတိတ်မှာသာ ဖြစ်ပါက သူတို့သည် အနီးကပ်ဖို့ အခွင့်အရေးပင် ရမည် မဟုတ်ပေ။ သို့သော် အစီအရင်နှင့် အကာအရံ မရှိတော့ဘဲ မျောလွင့်ကျွန်းက ခုခံအားမဲ့နေလေသည်။
တစ်ချိန်တည်းဆိုသလို ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်များကလည်း ပေါ်ထွက်လာသည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
စိတ်ရှုပ်စရာပဲ …
သူက လက်ကို ပူးကပ်လိုက်သည့်အခါ အပြာရောင်အလင်းတန်း ထွက်လာသည်။
“ထွက်သွားစမ်း” လုကျိုးဆီမှ အသံလှိုင်းက ပတ်ဝန်းကျင်မှ လေထုထဲ ပဲ့တင်ထွက်သွားသည်။
ဤသည်က အပြောစွမ်းအား ဖြစ်၏။
အသံလှိုင်းက ကျင့်ကြံသူများစွာအား လေမုန်တိုင်းလို လွင့်စဉ်သွားစေသည်။ သူတို့က သွေးအန်လိုက်ရ၏။ အဝေးမှ ကြည့်ရှုနေသူများလည်း ကြောက်ကြောက်လန့်လန့် ဖြစ်သွားကြသည်။
“ဖန်းလိုင်ကျွန်းကို မေ့ထားလိုက်။ သူ့ကို ဖန်းလိုင် ကောင်းကင်စာလိပ်ကို ယူခိုင်းလိုက်တော့”
ကျင့်ကြံသူများက အရူးမဟုတ်ပေ။ သူတို့အနေနှင့် ကောင်းကင်စာလိပ်အတွက် ထိုသို့သော အားကောင်းသည့် ကျင့်ကြံသူမျိုးနှင့် မယှဉ်နိုင်ပေ။
ထိုစဉ် လုကျိုးက ဟွမ်းကတော်အနား ရောက်သွားသည်။ သူက လက်ကို ဆန့်ထုတ်ကာ အေးစက်စက် ပြောလိုက်သည်။
“ပေး”
ဟွမ်းကတော်က ဖြူဖျော့သွားပြီး ခန္ဓာကိုယ်က ကျောက်ရုပ်အလား ဖြစ်သွားသည်။
လုကျိုးက သူမ ထိတ်လန့်နေသည့် အမူအရာကို မြင်လိုက်သည့်အခါ ပြောလိုက်၏။ “ ကျုပ်နဲ့ဆိုရင် ဒါက အဆုံးသတ် မဟုတ်ဘူး”
သူ့လက်က ဟွမ်းကတော်ရှေ့ ဆန့်ထုတ်ထားဆဲ ဖြစ်၏။
သူမအနေနှင့် သတိထားသည်မှာ ပုံမှန်ဖြစ်လေသည်။ ပြောရလျှင် သူမအနေနှင့် ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူ မခွဲခြားနိုင်တော့ပေ။
ဟွမ်းကတော်က ဗြောင်းဆန်နေသည့် ကျွန်းလေးကျွန်းအား ကြည့်လိုက်သည်။ သူမက မျက်လုံးမှိတ်လိုက်သည့်အခါ မျက်ရည်က ပါးပြင်ပေါ် စီးကျလာသည်။ သူမက ကောင်းကင်စာလိပ်ကို လုကျိုးလက်ထဲ ထည့်ပေးလိုက်၏။
“တင်း ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ်ကို ရပါပြီ။ ဆုလာဘ် - ကုသိုလ်ရမှတ် သုံးထောင် ”
လုကျိုး ထင်ထားသည့်အတိုင်း ထိုအရာက ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ် ဖြစ်နေလေသည်။ လုကျိုးက လက်ဖြင့် ရိုက်ထုတ်လိုက်သည့်အခါ မြေကမ္ဘာစာလိပ်က ကြေမွသွား၏။ အပြင်ဘက် အဖုံးက အစအနဖြစ်သွားကာ လေထဲ လွင့်သွားသည်။
အားလုံးက အချိန်တစ်ခုအထိ ကြောင်အမ်းကုန်ကြသည်။
ကောင်းကင်စာလိပ်က ဖျက်ဆီးခံလိုက်ရပြီလား …
ဟွမ်းကတော်ကလည်း မျက်လုံးအပြူးသား ဖြစ်သွားကာ တုန်တုန်ယင်ယင်ဖြင့် မေးလာသည်။
“ဘ .. ဘာလို့လဲ”
လုကျိုးက သူ့ကိုယ်သူ ရှင်းပြမနေချင်ပေ။
ဖွင့်လှစ်ခြင်း မြေကမ္ဘာစာလိပ်က စနစ်ထဲ အလိုလိုပေါ်လာမည် ဖြစ်၍ ဒြပ်ထည်စာအုပ်အား သိမ်းဆည်းထားခြင်းက ပြဿနာ များပေသည်။
အစအနများက တောက်ပနေသည့် လိပ်ပြာများကဲ့သို့ လွင့်သွားကြသည်။
ဝုန်း
မျောလွင့်ကျွန်းက ရေမျက်နှာပြင်နှင့် ထိသွားလေပြီ။
ဧရာမလှိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏။
ရှောင်ယွမ်အာက ခရုလေးအား ဆွဲကာ လေထဲ ပျံသန်းလိုက်သည်။
မျောလွင့်ကျွန်းက ရေထဲ နစ်သွားသည်နှင့် လုကျိုးက သူ့ကာကွယ်ရေး စွမ်းအားကို အသက်သွင်းကာ ပင်လယ်ရေများကို ဖယ်ရှားလိုက်သည်။
သို့သော် နစ်မြှုပ်နေသည့် ကျွန်းက ဟွမ်းကတော်အတွက် ကုလားအုတ်ကျောရိုးကို ချိုးပစ်လိုက်သည့် နောက်ဆုံးကောက်ရိုးမျှင်ပမာ ဖြစ်နေသည်။ ဖန်းလိုင်ကျွန်း၏ မျှော်လင့်ချက်က ပျောက်ဆုံးသွားလေပြီ။
မျှော်လင့်ချက် မရှိဘဲ သူမ ဆက်အသက်ရှင်နေ၍ ဘာအကျိုးရှိမည်နည်း။
သူမ၏ ခင်ပွန်းကို မည်သို့ရင်ဆိုင်ရမည်နည်း။ သူမက သက်ပြင်းအသာချကာ ခုခံမနေတော့ပေ။
ထားလိုက်တော့ … သေခြင်းတရားက စိုးရိမ်ပူပင်မှုအားလုံးကို ချုပ်ငြိမ်းသွားစေမှာပဲ။
ပင်လယ်ရေ သူတို့ဆီ ဝင်လာသည့်အခါ လက်ဝါးစည်းတံဆိပ်က သူမအား အပေါ်သို့ လွင့်ထွက်သွားစေသည်။
“ ကျစ်” ဟွမ်းကတော်က တအံ့တဩ ရေရွတ်လိုက်သည်။ သူမက ပင်လယ်မျက်နှာပြင်အထက် ရောက်သွားကာ ငုံ့ကြည့်လိုက်သည့်အချိန် ကိုယ်ပိုင်ကာကွယ်ရေး စွမ်းအားဒိုင်းကာအတွင်း ရပ်နေသည့် လုကျိုးကို ပင်လယ်ရေများ ဝါးမျိုသွားလေသည်။
“လောင်ချန်းပေ့”ဟွမ်းကတော်က တုန်လှုပ်သွားသည်။ ထိုစဉ် သူမ၏ မျှော်လင့်ချက်က ပြန်လည် အသက်ဝင်လာသည်။ လောင်ချန်းပေ့က သူ့ဘေးကင်းမှုကိုပင် အမှုမထားဘဲ သူမအား ကယ်တင်ခဲ့လေသည်။ သူမက အသက်ကို အလကား စွန့်လွှတ်လိုက်လျှင် ကျေးဇူးကန်းသလို ဖြစ်ပေမည်။ သူမက ကနဦးချီအား လှည့်လည်ကာ မျောလွင့်ကျွန်း လှိုင်းများအောက် နစ်မြုပ်သွားသည်ကို ကြည့်နေလိုက်သည်။ သူမက အနည်းငယ် ကြောင်အအ ဖြစ်နေမိသည်။
“မျောလွင့်ကျွန်းက သွားပြီ .. ကျွန်းလေးကျွန်းလည်း မကြာခင် မြုပ်တော့မယ်။ မြန်မြန်လုပ်ကြ ”
သူတို့က မျောလွင့်ကျွန်း မြုပ်သွားသည့်အခါ ချင်းယွင်ဓားဂိုဏ်း၏ မာချင်းက ဓားများစီးနင်းထားသည့် သူ့တပည့်များကို ဦးဆောင်ကာ ကျွန်းလေးကျွန်းကို ငုံ့ကြည့်လိုက်သည်။
“ နှမြောစရာပဲ … ငါ တတ်နိုင်တာ လုပ်ခဲ့ရက်သားနဲ့ ”
“ ဟွမ်းကတော် … ကျုပ် စိတ်မကောင်းပါဘူး။ ကျွန်းသခင်ဟွမ်း ကျုပ်စိတ်မကောင်းပါဘူးဗျာ ”
ဟွမ်းကတော်က ဂရုမစိုက်တော့ပေ။
မင်းတို့ လိုချင်တာ ယူကြ … ပင်လယ်အောက်ခြေမှာ ရောက်သွားတာထက် မင်းတို့လက်ထဲ ရောက်သွားတာ ပိုကောင်းမှာပါ
ဝေဟင်အထက် ခရုလေးက နစ်မြုပ်သွားသည့် မျောလွင့်ကျွန်းကို ကြည့်နေရင်း ရေရွတ်လိုက်သည်။ “လော့ယွီ ”
ရှောင်ယွမ်အာက ပြောလိုက်၏။ “ရှစ်စွင်းက ဘယ်မှာလဲ”
သူမက ပျာယာခတ်နေသည်။ သူမက ပင်လယ်ထဲ ဆင်းကာ ရှစ်စွင်းကို ကယ်တင်လိုသော်လည်း သူမအနေနှင့် ခရုလေးအား တစ်ယောက်တည်း ထားခဲ့၍ မဖြစ်သေးပေ။
ငါ ဘာလုပ်ရမလဲ …
ရုတ်ခြည်းဆိုသလို မြေပေါ်မှ တာအိုဂိုဏ်းသားတစ်ယောက်က စွမ်းအားဓားများကို ထုတ်ဖော်လိုက်ပြီး ရှောင်ယွမ်အာဆီ ပြေးဝင်လာသည်။
“ခင်ဗျားက ငါတို့ထိုက်ရွှီကျောင်းတော်ရဲ့ အဖွဲ့သားတွေကို သတ်ခဲ့ပြီး ရွှေရောင်ထိုက်ရွှီကြေးမုံကို ယူသွားခဲ့တယ်။ ခင်ဗျားရဲ့ တပည့်ကို တန်ကြေးအဖြစ် ပြန်ပေးဆပ်ခိုင်းမယ်”
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား ….
အနီးအနားမှ ကျင့်ကြံသူများက လှည့်ကြည့်လာကြသည်။ သူတို့က ရုတ်ခြည်းဆိုသလို သဘောပေါက်သွားကြ၏။
ကျန့်လီကျစ်လို အကြီးအကဲတစ်ယောက်က ထိုက်ရွှီကြေးမုံကို သူနဲ့အတူတူ ယူလာပြီး လောင်ချန်းပေ့ကို မောက်မောက်မာမာတွေ ဘာလို့ပြောရဲမှာလဲ။