← Chapters

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

Vol. 26 Ch. 254

သံမဏိနက် ရုပ်သေးရုပ်များမှာ မြင့်မားသော တောင်တန်းကြီးများအလား ရှေ့သို့ တိုးဝင်လာကြသည်။ ၎င်းတို့ထံမှ အဆုံးမဲ့ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေပြီး ကိုယ်ပေါ်မှ ယုတ်မာသော မိစ္ဆာဓာတ်များမှာ ပြင်းထန်သော လေမုန်တိုင်းတစ်ခုအဖြစ် ပေါင်းစည်းကာ လီဆုန်းလင်၏ ကျောပြင်ကို ရိုက်ခတ်သွားရာ သူ့မှာ အရှိန်ဖြင့် လဲကျမတတ် ဖြစ်သွားရသည်။

လီဆုန်းလင် ယိုင်နဲ့သွားပြီး မျက်ဝန်းများမှာ တုန်လှုပ်နေကာ ကြောက်ရွံ့မှုကြောင့် ကြွက်သားများမှာလည်း တောင့်တင်းနေတော့သည်။

“ဒီရုပ်သေးရုပ် တစ်ရုပ်တည်းကတင် ငါ့ကို အမှုန့်ခြေပစ်နိုင်တယ်။ ငါ သူတို့ရဲ့ တိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိဘူး...”

“...ဒါ... ဒါက တကယ့် ထိပ်တန်းပါရမီရှင်တစ်ယောက်ရဲ့ စွမ်းအားလား”

“ကွာခြားချက်က ပိုးစုန်းကြူးနဲ့ နေမင်းကြီး ရင်ဆိုင်တွေ့သလိုပါပဲလား”

ဤအခိုက်အတန့်တွင် လီဆုန်းလင်သည် ကျယ်ပြောလှသော ကောင်းကင်ကြီးကို မော့ကြည့်နေရသည့် ဖုန်မှုန့်လေးတစ်စကဲ့သို့ သူ့ကိုယ်သူ ခံစားလိုက်ရသည်။ သူက ဖုန်မှုန့်ဆိုလျှင် တစ်ဖက်လူက တိုက်တေနီယမ် တောင်ကြီးကဲ့သို့ မြင့်မားသည်။

လှုပ်ရှားမှုတစ်ချက်တည်းနှင့်ပင် စိတ်ပျက်အားငယ်မှုတို့က ဝင်ရောက်လာသည်။

လီဆုန်းလင် ခေတ္တမျှ ငိုင်ကျသွားသော်လည်း မိစ္ဆာကောင်များ၏ ဟိန်းဟောက်သံနှင့် ဒေသခံများ၏ အော်ဟစ်ငိုယိုသံများက သူ့စိတ်ဓာတ်ကို ပြန်လည် တင်းမာလာစေသည်။

“ငါ့ရဲ့ ပါရမီက မမြင့်မားဘူး။ ငါ့ရဲ့ ခွန်အားက အားနည်းနေပေမဲ့လည်း ငါ လူအချို့ကိုတော့ ကာကွယ်ပေးနိုင်ပါသေးတယ်။ ငါက တောင်ကြီးတစ်လုံး မဟုတ်ခဲ့ရင်တောင် သစ်ပင်တစ်

ပင်တော့ ဖြစ်နိုင်တာပဲ”

“ကာကွယ်စောင့်ရှောက်ခြင်းမှာ အဆင့်အတန်း ခွဲခြားထားတာ မရှိဘူး။ တပ်မှူးကြီးကို ကူညီပြီး ပြည်သူတွေကို ကယ်တင်ပေးနိုင်တာကလည်း ငါ့အတွက် ဂုဏ်ယူစရာပဲ”

“ငါလုပ်နိုင်တာက လူအုပ်ကြီးကို မြန်မြန်ဆန်ဆန် ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးဖို့ပဲ”

လီဆုန်းလင်မှာ ပို၍ မြန်မြန် ပြေးတော့သည်။

သူ၏ အဖွဲ့ဖော်တစ်ဦးက ဆဲပြောလိုက်သည်။

“တောက် ဒီမိစ္ဆာတွေက ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ရောက်လာရတာလဲ ဘာသတိပေးချက်မှလည်း မရှိဘဲနဲ့”

“အထူးတပ်မှူးကြီးသာ ဒီမှာမရှိရင် ငါတို့တွေအားလုံး ဒီနေရာမှာတင် အသတ်ခံရပြီးလောက်ပြီ”

"အမြန်ပြေးကြ မြို့လယ်ဘက်ကို ဦးတည်သွား ရေနဲ့ဝေးဝေးမှာနေကြ"

မြစ်ကြမ်းပြင်ထဲကနေ မိစ္ဆာကောင်ရေ တစ်သိန်းကျော်က ရုတ်တရက် ထွက်ပေါ်လာပြီး ကမ်းပါးနှစ်ဖက်စလုံးကို လှိုင်းတံပိုးတွေလို ရိုက်ခတ်နေကြသည်။

၎င်းတို့မှာ ကျင့်ကြံမှုအဆင့် ဒါမှမဟုတ် သွေးစွမ်းအင်ဆိုတာမျိုး မရှိကြသော်လည်း အလွန်မာကျောသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပြီး အင်အားအားဖြင့် သွေးစွမ်းအင် ၁ သိန်းဝန်းကျင်ခန့် ရှိကြသည်။ အရေအတွက်မှာလည်း သိပ်သည်းထူထပ်လွန်းသည်။

သူတို့က တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိပြီး အကြမ်းခံကြသည်။ ကြည့်ရသည်မှာ သစ်သားရုပ်တုများနှယ် ဖြစ်သော်လည်း အမှန်စင်စစ်တွင်မူ မီးနှင့်တိုက်ခိုက်လျှင်ပင် မတုန်လှုပ်ကြချေ။ လှုပ်ရှားမှုမှာလည်း အလွန်မြန်ဆန်ပြီး ဓားသွားကဲ့သို့သော လက်ချောင်းများဖြင့် ကမ်းပေါ်သို့ တက်လာကာ ရှင်းလင်းရေးတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေကြသည်။

ရှင်းလင်းရေးနှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များအတွက် ဖိအားမှာ အလွန်ကြီးမားသည်။ အထူးတပ်ဖွဲ့ဝင်များပင်လျှင် သွေးစွမ်းအင် ၆ သိန်းရှိသော သစ်သားမိစ္ဆာကြီးများ၏ ဝိုင်းရံမှုကို ခံနေရသည်။ ထိုမိစ္ဆာများ၏ ဒဏ်ရာပြန်လည်ကုသနိုင်စွမ်းနှင့် သန်မာသော ခန္ဓာကိုယ်တို့ကြောင့် လူတိုင်း အခက်တွေ့နေကြရခြင်းပင်။

သို့သော် ယခုမူ လီဆုန်းလင်သည် ရုတ်တရက် တစ်စုံတစ်ခုကို ကြိုတင်ခံစားလိုက်ရသည်။ နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းမှ ဤအထူးတပ်မှူးကြီးသာ မြစ်ကမ်းနားတွင် ရှိနေမည်ဆိုပါက မိစ္ဆာကောင်ရေ မည်မျှပင်များပြားပါစေ သူတစ်ယောက်တည်းနှင့်တင် အကုန်သုတ်သင်နိုင်လိမ့်မည်ဟူသော အသိပင်။

သူ့မှာ ဘာကြောင့် ဒီလိုခံစားချက်မျိုး ပေါ်လာရသလဲဆိုတာ သူကိုယ်တိုင်လည်း မသိပေ။ တကယ့်ကို ပြင်းထန်လှတဲ့ အလိုလိုသိစိတ်တစ်ခုသာ ဖြစ်သည်။ အကြောင်းမှာ ထိုစက္ကူရုပ်သေးရုပ်များ၏ ဟန်ပန်မှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းပြီး ရင်သပ်ရှုမောစရာ ဖြစ်နေသောကြောင့်ပင်။

လီဆုန်းလင်၏ အလိုလိုသိစိတ်မှာ မှန်ကန်သွားခဲ့သည်။ လူအုပ်ကြီးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေစဉ် သူသည် မြစ်ကမ်းပါးဘက်သို့ လှမ်းကြည့်လိုက်မိသည်။

တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံနှင့်တင် သူ့နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားပြီး တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားရသည်။

၄ မီတာခန့် ရှည်လျားလှသော မိုဓားကို ကိုင်ဆောင်ထားသည့် စက္ကူရုပ်စစ်သည်တစ်ဦးသည် ဓားကို စက်ဝိုင်းပုံစံ ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရုံဖြင့် သစ်သားမိစ္ဆာ ၁၀ ကောင်ကျော်၏ ခန္ဓာကိုယ်များကို စက္ကူဖြတ်သကဲ့သို့ အလွယ်တကူ ပိုင်းဖြတ်ပစ်လိုက်သည်။

စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ကို ဒုက္ခပေးနေပြီး ဒဏ်ရာပြန်လည်ကုသမှု မြန်ဆန်လှသော ထိုမိစ္ဆာကောင်များသည် ခါးလယ်မှနေ၍ အပိုင်းပိုင်း ပြတ်တောက်သွားကြရရုံသာမက ထူးဆန်းသော စွမ်းအင်တစ်ခုမှာလည်း ၎င်းတို့၏ ခါးတစ်ဝိုက်မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားပြီး မာကျောသော ကိုယ်ထည်များကို ခဏချင်းအတွင်း အရည်ပျော်ကျသွားစေတော့သည်။

လီဆုန်းလင်: “ဟူး...”

ဓားတစ်ချက်တည်းနဲ့တင် သစ်သားမိစ္ဆာ အကောင် ၂၀ က နေရာမှာတင် အပိုင်းပိုင်းပြတ်သွားတယ်ပေါ့။

ပြီးတော့ ဒဏ်ရာတွေကလည်း လုံးဝ ပြန်မဆက်နိုင်တော့ဘူး။

ရုပ်သေးရုပ် အကောင် ၅၀ သာ ဓားတစ်ချက်စီ ဝှေ့ယမ်းလိုက်ရင် မိစ္ဆာအကောင် ၁,၀၀၀ ကို အသာလေး နှိမ်နင်းနိုင်မှာပဲ အကယ်၍ မိစ္ဆာအကောင် တစ်သိန်းသာ စုဝေးနေမယ်ဆိုရင်တောင် ဒီရုပ်သေးတပ်မတော်က ဓားအချက် ၁၀၀ လောက် ခုတ်လိုက်ရုံနဲ့ အကုန်ပြတ်ပြီ

“ကြောက်စရာကောင်းလိုက်တာ ဒါက နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းက ထိပ်တန်းပါရမီရှင်ရဲ့ စွမ်းအားပဲ”

လီဆုန်းလင်၏ မျက်နှာတွင် အားကျစိတ်များ အထင်းသား ပေါ်လွင်နေသည်။

“ငါ့မှာသာ အဲဒီရုပ်သေးရုပ် တစ်ရုပ်စာလောက် ခွန်အားရှိခဲ့ရင် သိပ်ကောင်းမှာပဲ...”

သူသည် လူအုပ်ကြီးကို ဘေးကင်းရာသို့ ဆက်လက်ပို့ဆောင်ပေးလိုက်သည်။ ရွှီရန်၏ တိုက်ပွဲကို အဆုံးထိ ကြည့်ရှုချင်စိတ် ပြင်းပြနေသော်လည်း ပိုမိုများပြားသော ပြည်သူများကို ကယ်တင်ရန်အတွက် သူသည် စိတ်ကိုတင်းကာ မြစ်ကမ်းပါးဘက်မှ ပြတ်ပြတ်သားသား ကျောခိုင်းကာ ထွက်ခွာလာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် မြစ်ကမ်းနားတွင်မူ အကြီးစား သုတ်သင်ရှင်းလင်းမှုကြီး စတင်နေပြီ ဖြစ်သည်။

အပေါ်စီးမှ ကြည့်လိုက်မည်ဆိုပါက စက္ကူရုပ်သေးရုပ် အကောင် ၅၀ သည် မြစ်ကမ်းပါးတစ်လျှောက် မီတာ ၄၀ စီခြား၍ တန်းစီရပ်နေကြသည်။ ရေထဲမှ တက်လာသမျှ မည်သည့် သစ်သားမိစ္ဆာမဆို ကမ်းပေါ်ခြေချသည်နှင့်တစ်ပြိုင်နက် ခါးလယ်မှနေ၍ ပိုင်းဖြတ်ခြင်း ခံနေရသည်။

မြစ်ပြင်ပေါ်တွင် သစ်သားမိစ္ဆာအလောင်းပေါင်းများစွာမှာ အစုလိုက်အပြုံလိုက် မျောပါနေပြီး ၎င်းတို့ထံမှ ထွက်ပေါ်လာသော ကြက်သွေးရောင် အရည်များကြောင့် မြစ်ရေပြင်တစ်ခုလုံး နီရဲနေတော့သည်။

ရွှီရန်မှာမူ ကောင်းကင်ယံတွင် ဝဲပျံနေရင်း အောက်ခြေမှ စစ်တလင်းကို အေးအေးလူလူ စောင့်ကြည့်နေသည်။ သူသည် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့နှင့် ရှင်းလင်းရေးတပ်ဖွဲ့ဝင်များကို အန္တရာယ်ပေးနိုင်လောက်သည့် အားကောင်းသော မိစ္ဆာများကို လိုက်လံရှာဖွေနေခြင်းပင်။

ထိုသစ်သားမိစ္ဆာများထဲတွင် တိုက်ခိုက်ရေးစွမ်းအား ၆ သိန်းထက် ကျော်လွန်သောကောင်များမှာ အရေအတွက်အားဖြင့် နည်းပါးသော်လည်း ၁၆ ကောင်ခန့် ရှိနေပြီး ၄ ကောင်မှာမူ သွေးစွမ်းအင် ၈ သိန်းအထိပင် ရှိနေကြသည်။

၎င်းတို့သည် မြစ်ကမ်းပါးပေါ်သို့ အရှိန်အဟုန်ဖြင့် တွားတက်လာကြပြီး အထူးတပ်ဖွဲ့ဝင်များရှိရာဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

အထူးတပ်ဖွဲ့ဝင်များမှာ သူတို့ထံသို့ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား၏ အရိပ်အယောင်ကြီးမှာလည်း သူတို့၏ ဦးခေါင်းထက်တွင် ဝဲပျံလာတော့သည်။

“သွားပြီ ဒီမြစ်ထဲမှာ သွေးစွမ်းအင် ၈ သိန်းကျော်ရှိတဲ့ မိစ္ဆာတွေ ပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”

“မင်းတို့ နောက်ဆုတ်ကြ ငါပဲ တားထားမယ်”

“အဖွဲ့ခေါင်းဆောင် ခင်ဗျား သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ငါက ဒိုင်းဒြပ်စင်သုံးတဲ့သူပဲ၊ ခဏလောက်တော့ ထိန်းထားနိုင်ပါတယ်။ တပ်မှူးဟဲနဲ့ တပ်မှူး ယွမ်တို့ဆီကနေ အကူအညီ အမြန်သွားတောင်းကြစမ်း”

အထူးတပ်ဖွဲ့ခေါင်းဆောင်သည် အသက်ကိုပဓာနမထားဘဲ ရှေ့သို့တိုးထွက်လိုက်သည်။ သို့သော် သူ၏ ရှေ့မှောက်တွင်ပင် ရွှေရောင်အလင်းတန်းတစ်ခုမှာ လျှပ်စီးအလား ထွက်ပေါ်လာပြီး ထိုသစ်သားမိစ္ဆာကြီး၏ ခန္ဓာကိုယ်အတွင်းသို့ စူးဝင်သွားသည်ကို မြင်လိုက်ရသည်။

ထို့နောက်တွင်မူ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားတော့သည်။ အသားစများကြားမှ သွေးများမှာ ပန်းထွက်လာပြီး မြေပြင်တစ်ခုလုံး နီရဲသွားရသည်။

“ဟင် ဒါ... ဒါက...”

အဖွဲ့ခေါင်းဆောင်၏ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်နေမှုများမှာ ရုတ်တရက် ငြိမ်သက်သွားပြီး၊ သေတွင်းမှ ပြန်လည်လွတ်မြောက်လာသကဲ့သို့ ရင်ခုန်သံများ မြန်ဆန်သွားရသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်မိသည်။

“ဘယ်သူလဲ ဟိုဘက်က ရုပ်သေးရုပ်တွေကို ထိန်းချုပ်နေတဲ့ ဆရာကြီးလား”

“အထူးတပ်မှူးကြီး”

“အထူးတပ်မှူးကြီးက သွေးစွမ်းအင် ၈ သိန်းရှိတဲ့ မိစ္ဆာကြီးကို ချက်ချင်း သတ်လိုက်ပြီ”

“အထူးတပ်မှူးကြီးက သွေးစွမ်းအင် ၈ သိန်းရှိတဲ့ မိစ္ဆာကြီးကို ချက်ချင်း သတ်လိုက်ပြီ”

သူ၏ အဖွဲ့ဖော်များ၏ ဟိန်းဟောက်သံများမှာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားပြီး အားလုံး၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်တော့သည်။

“ဘာ... အထူးတပ်မှူးကြီးက...”

သူ ဘာဖြစ်သွားမှန်း သေချာမသိလိုက်ခင်မှာပင် စစ်တလင်းတစ်ခုလုံးတွင် ရွှီရန်၏ ပုံရိပ်မှာ လျှပ်တပြက် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ သွေးစွမ်းအင် ၆ သိန်းရှိသော သစ်သားမိစ္ဆာများသည် ရွှီရန်၏ လက်ချက်ဖြင့် တစ်ချက်တည်းနှင့်ပင် အသက်ပျောက်နေကြရသည်။ စက္ကူရုပ်သေးရုပ်များမှာလည်း မြစ်ရေပြင်ထက်၌ လမ်းလျှောက်လျက် ရွှီရန်၏ တိုက်စစ်နောက်သို့ တစ်ဟုန်ထိုး လိုက်ပါနေကြလေတော့သည်။

All Chapters