← Chapters

အခန်း (၂၅၅)

Vol. 26 Ch. 255

အခန်း (၂၅၅)

Vol. 26 Ch. 255

မြစ်ကမ်းပါးတစ်လျှောက်ရှိ စစ်တလင်း၏ ဖိအားများမှာ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း သွေးရောင်လွှမ်းသော လှိုင်းလုံးကြီးများအလား တဝုန်းဝုန်းနှင့် မြင့်တက်နေတော့သည်။

ဆယ်မိနစ်ခန့်မျှသော အချိန်အတွင်းမှာပင်

စစ်တလင်း၏ တစ်ဝက်ခန့်ကို ရွှီရန်တစ်ယောက်တည်းကပင် ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။ မိစ္ဆာအကောင်ရေ ၇ သောင်းမှ ၈ သောင်းခန့်မှာ အလောင်းများဖြစ်သွားကြပြီး မြစ်ရေပြင်ထက်၌ နိမ့်ချည်မြင့်ချည် မျောပါနေကြတော့သည်။

သွေးစွမ်းအင် ၆ သိန်းအထက်ရှိသော သစ်သားမိစ္ဆာထူးများမှာလည်း ရွှီရန်၏ လက်ချက်ဖြင့် အကုန်အစင် သုတ်သင်ခံလိုက်ရပြီဖြစ်ရာ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့နှင့် ရှင်းလင်းရေးတပ်ဖွဲ့တို့၏ အသက်အန္တရာယ်မှာ မြူခိုးများအလား ပျောက်ကွယ်သွားခဲ့သည်။

ရွှီရန်သည် လန်းဆန်းစေသော အဆောင်ငယ်နှစ်ခုကို သူ့ကိုယ်ပေါ်၌ ကပ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ တောက်ပနေပြီး အားရပါးရ တိုက်ခိုက်လိုက်ရသဖြင့် စိတ်ဓာတ်များမှာလည်း ပိုမိုတက်ကြွက စိတ်အားထက်သန်နေတော့သည်။

လီဆုန်းလင်မှာ စစ်သည်များနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး “အထူးတပ်မှူးကြီးခင်ဗျာ... မြစ်ကမ်းပါး ဘယ်ဘက်ခြမ်းက လူတွေကို အကုန်လုံး ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးပြီးပါပြီ” ဟု သတင်းပို့လိုက်သည်။

ရွှီရန်က မြစ်ပြင်ထက်၌ ဝဲပျံနေရင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ကာ “ကျန်နေတဲ့ကောင်တွေကတော့ လက်တစ်ဆုပ်စာလောက်ပါပဲ။ ကျန်တာကိုတော့ မင်းတို့ပဲ အပြီးသတ် ရှင်းလိုက်ကြတော့နော်”

လီဆုန်းလင်မှာ အိုးတိုးအောင့်တေ ဖြစ်သွားပြီး “ဒါပေမဲ့ တပ်မှူးကြီး... ရှင်းစရာ တစ်ကောင်မှ မကျန်တော့ဘူးလေ။ ခင်ဗျားပဲ အကုန်လုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်တာ မဟုတ်လား”

ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း “ဪ... အဲဒီလိုလား”

လီဆုန်းလင်က လေးလေးနက်နက်ဖြင့် “ဟုတ်ပါတယ်ခင်ဗျာ”

ရွှီရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အမှန်တကယ်ပင် ကမ်းနား၌ မိစ္ဆာအနည်းငယ်သာ ကျန်တော့ပြီး ကျန်တဲ့အကောင်များမှာ တစ်ဖက်ကမ်းသို့ ကူးခတ်ပြေးလွှားနေကြသည်ကို တွေ့လိုက်ရသည်။

ဒီနေရာမှာ သတ်ဖြတ်ခြင်းနတ်ဘုရား ကိုယ်တိုင် ရှိနေတာလေ... ဘယ်သူကများ ကိုယ့်

အသက်ကို အသေခံပြီး တိုးလာရဲဦးမှာလဲ။ ဟိုမှာကြည့်ဦရ... မိစ္ဆာတွေကို အသီးစိတ်သလိုမျိုး တစ်ချက်တည်းနဲ့ အတုံးအရုံး သတ်နေတာ။ အခုချိန်မှာ သူ့ရှေ့ကို တိုးသွားတဲ့သူရှိရင်တော့ အဲဒီလူက တကယ့် အရူးပဲ ဖြစ်ရမယ်။

“ကောင်းပြီ... ဒါဆို မင်းတို့ ဒီမြစ်ကမ်းပါး ဘယ်ဘက်ခြမ်းကိုပဲ ဆက်စောင့်ကြတော့။ ငါ ဟိုဘက်ကမ်းကို သွားပြီး သတ်လိုက်ဦးမယ်”

ရွှီရန်သည် တိမ်တိုက်များထဲသို့ ခုန်တက်သွားတော့သည်။

ယခုတစ်ကြိမ်တွင်မူ သူသည် မြစ်ကမ်းပါး ညာဘက်ခြမ်းကို စတင်ရှင်းလင်းတော့သည်။ မိစ္ဆာအကောင်ရေ ၇ သောင်း၊ ၈ သောင်းခန့်မှာ ထပ်မံ၍ အတုံးအရုံး လဲကျသွားရပြန်သည်။

မြစ်ကမ်းပါး စစ်တလင်းတစ်ခုလုံးတွင် မိစ္ဆာအကောင်ရေ နှစ်သောင်း၊ သုံးသောင်းခန့်သာ ကျန်ရှိတော့သည်။

စုံစမ်းစစ်ဆေးရေးနှင့် ရှင်းလင်းရေးတပ်ဖွဲ့မှ စစ်သည်များမှာ စစ်တလင်းအတွင်း ဟိုဟိုဒီဒီ လှုပ်ရှားနေသော စက္ကူရုပ်တပ်မတော်ကို ကြည့်ရင်း ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။

“တော်သေးတာပေါ့... အဲဒါ ငါတို့ဘက်က တပ်မှူးဖြစ်နေလို့”

သူတို့အားလုံး သက်ပြင်းချနိုင်ကြတော့သည်။ ဤအထူးတပ်မှူးမှာ အံ့ဩစရာကောင်းလောက်အောင် သန်မာလွန်းသည်။ လူတစ်ယောက်တည်းနှင့် စစ်သည်တစ်သန်းကို တားဆီးနိုင်စွမ်းရှိသည်။ မိနစ် ၃၀ အတွင်းမှာတင် သောင်းနှင့်ချီသော မိစ္ဆာများကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့သည်။ တစ်တပ်ဖွဲ့လုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ၏စွမ်းအား ဆယ်ပုံတစ်ပုံကိုပင် မမီနိုင်ကြချေ။

ကြောက်စရာကောင်းလိုက်တာ။

တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။

ဤလူငယ်သည် နောင်တစ်ချိန်တွင် ထိပ်တန်းစစ်သည်တော်ကြီး ဖြစ်လာမည်မှာ သေချာသည်။ တစ်နေ့နေ့တွင် နတ်ဘုရားတစ်ပါးပင် ဖြစ်လာနိုင်သည်။

...

အားလုံးမှာ ကောင်းကင်ယံတွင် ဝဲပျံနေသော လူငယ်လေးကို မော့ကြည့်လိုက်ကြသည်။ ရွှေရောင်နေခြည်မှာ သူ၏မျက်ခုံးတန်းများ၊ ဆံပင်နက်များနှင့် ထင်ရှားလှပသော မျက်နှာသွင်ပြင်များပေါ်သို့ ဖြာကျနေသည်။

ထိုစဉ် မြစ်ရေပြင်မှာ ရုတ်တရက် လှိုင်းထန်လာသည်။ ရွှီရန်မှာ ချက်ချင်းပင် သတိအနေအထားသို့ ပြောင်းလိုက်သည်။

အသေအချာကြည့်လိုက်သောအခါ တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့ ဖြစ်နေသည်။ သူတို့နှစ်ဦးမှာ ချောင်းတဟွတ်ဟွတ် ဆိုးလျက် မျက်နှာများ ဖြူလျော်ကာ အံ့အားသင့်ထိတ်လန့်နေသော အမူအရာများဖြင့် ရေပေါ်သို့ တက်လာကြသည်။

“နတ်ဘုရားသတ်အဖွဲ့အနေနဲ့ ရေအောက်ကို သွားပြီး စုံစမ်းတော့ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ထူးဆန်းတဲ့ ယွဲ့နယ်ပယ်အဆင့်ရှိ မိစ္ဆာတစ်ကောင်က ငါတို့ကို ရုတ်တရက် လုပ်ကြံတိုက်ခိုက်ခဲ့တယ်။ ငါနဲ့ တပ်မှူးဟဲတို့သာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မကာကွယ်ပေးနိုင်ခဲ့ရင် ဒီနေ့ မြစ်အောက်ခြေမှာတင် အသက်ပျောက်ခဲ့ရမှာပဲ”

ရွှီရန် မျက်မှောင်ကြုတ်လိုက်မိသည်။

“ယွဲ့နယ်ပယ်အဆင့်ရှိတဲ့ မိစ္ဆာ ဟုတ်လား”

“ဟုတ်တယ် တကယ့်ကို ကြောက်စရာကောင်းတာ။ ဘယ်ကနေ ရုတ်တရက် ထွက်လာမှန်းတောင် မသိလိုက်ဘူး”

ရွှီရန်က သူတို့ကို ကမ်းပေါ်သို့ လှမ်းကူပေးလိုက်သည်။ ထို့နောက် ကုသခြင်း အဆောင်

ငယ်တစ်ခုစီကို သူတို့၏ ပုခုံးပေါ်ရှိ ဒဏ်ရာများတွင် ကပ်ပေးလိုက်ရာ ဒဏ်ရာများမှာ တဖြည်းဖြည်း ပြန်ကျက်သွားတော့သည်။

“မြစ်အောက်မှာ ယွဲ့နယ်ပယ်အဆင့်ရှိတဲ့ မိစ္ဆာ ရှိနေတာလား အစွမ်းက ဘယ်လောက်အထိ ရှိမလဲ သွေးစွမ်းအင်နဲ့ တွက်ရင် ဘယ်လောက်လောက် ရှိမလဲခင်ဗျာ”

ရွှီရန်က စမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြနေသည်။ သူသည် ပါရမီအရိုးအဆစ်ကို ရရှိထားသည်မှာ မကြာသေးသဖြင့် တကယ့်ပြိုင်ဘက်ကောင်းတစ်ဦးနှင့် ယှဉ်ပြိုင်ရန် လက်ယားနေခြင်းပင်။

တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့သည် ရွှီရန်၏ ထူးခြားလှပသော အသွင်အပြင်ကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်ကြချေ။

“ရွှီရန်လေး... မင်းရဲ့ အဆောင်တွေကတော့ တကယ့်ကို အစွမ်းထက်တာပဲ အံ့ဩစရာကောင်းလောက်အောင် ထူးခြားတယ်”

ရွှီရန်က ပြုံးလိုက်ရင်း “အဆောင်အကြောင်း ခဏထားပါဦး။ မြစ်အောက်က မိစ္ဆာရဲ့ အစွမ်းကိုပဲ ပြောပြပါဦး”

“အဲဒီကောင်က ရွှေနက်ရောင် အစက်အပြောက်တွေ ပါတယ်။ ယွဲ့နယ်ပယ် အဆင့်

ထက်တောင် ကျော်လွန်နေပုံပဲ။ ခန့်မှန်းခြေ သွေးစွမ်းအင် ၁.၂ သန်းလောက် ရှိနိုင်တယ်။ အရှိန်ကလည်း အရမ်းမြန်ပြီး တစ်နေရာမှာ ပုန်းအောင်းနေတာ။ ဘယ်ကနေ ရုတ်တရက် ထွက်လာမှန်းတောင် မသိနိုင်ဘူး”

ရွှီရန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“သွေးစွမ်းအင် ၁.၂ သန်းလား... စမ်းသပ်ဖို့အတွက် အကောင်းဆုံးပဲ။ ကောင်းပြီ”

သူသည် မြစ်ရေပြင်ထက်၌ ဝဲပျံလိုက်သည်။ ကောင်းကင်ဘုံမျက်လုံးရတနာကို အသက်သွင်းလိုက်ရာ သူ၏မျက်ဝန်းများမှာ တောက်ပလာပြီး ရေနက်ပိုင်း မီတာနှစ်ရာအထိကို ကြည်လင်ပြတ်သားစွာ မြင်တွေ့လိုက်ရသည်။

ဟိုဘက်က မြစ်ကြမ်းပြင်မှာပဲ။

ထူးဆန်းသော အလင်းတန်းတစ်ခုမှာ ခေတ္တမျှ လက်ခနဲ ဖြစ်သွားပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် နောက်တစ်ကြိမ် ထပ်မံလက်လာပြန်သည်။

“ဟက်... မင်း ပုန်းနေတာကို ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေတာလား”

ရွှီရန်သည် အလေးအနက်ထားသော အမူအရာဖြင့် ရေအောက်သို့ တစ်ဟုန်ထိုး ငုပ်လျှိုးဆင်းသွားတော့သည်။

တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့မှာ ထိတ်လန့်သွားကြပြီး “ရွှီရန်လေး”

“သွေးစွမ်းအင် ၁ သန်းကျော်လေးပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ အောင်နိုင်သူအဖြစ် ကျွန်တော် ပြန်လာခဲ့ပါ့မယ်”

ရွှီရန်၏ အသံမှာ တည်ငြိမ်အေးဆေးလွန်းလှသဖြင့် သူပြောသည့်စကားမှာ ငြင်းပယ်ရန်မလိုသော အမှန်တရားတစ်ခုအလားပင်။

“မဟုတ်ဘူး ရေထဲမှာ တိုက်ခိုက်တာက ပညာရှိတဲ့ လုပ်ရပ်မဟုတ်ဘူး။ ငါတို့တောင် ရေထဲမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် ၅၀ ရာခိုင်နှုန်းတောင် မထုတ်နိုင်လို့ အရှုံးကြီးရှုံးပြီး ဒဏ်ရာတွေနဲ့ ပြန်တက်လာရတာ...”

သို့သော်လည်း သူတို့နှစ်ဦးမှာ ရွှီရန်ကို တားဆီးရန် အချိန်မမီတော့ပေ။ သူတို့ကိုယ်တိုင် ရေထဲသို့ လိုက်ငုပ်ရန် ပြင်လိုက်စဉ်မှာပင် ဘေးနားရှိ ရွှီရန်၏ ကိုယ်စားထိုး ရုပ်သေးရုပ် ထံမှ စကားသံ ထွက်ပေါ်လာသည်။

“အောက်ကို ဆင်းမလာကြပါနဲ့ဦး။ ကျွန်တော့်ရဲ့ တိုက်ပွဲကို အနှောင့်အယှက် ဖြစ်သွားလိမ့်

မယ်”

တပ်မှူးဟဲနှင့် တပ်မှူးယွမ်: “...”

ကလေးလေးရာ... မင်းက အသက် ၈ နှစ်ပဲ ရှိသေးတာလေ။ နည်းနည်းတော့ စိတ်စောလွန်းမနေဘူးလား ယွဲ့နယ်ပယ် အဆင့်ရှိတဲ့ ငါတို့တောင် မယှဉ်နိုင်တဲ့အရာကို မင်းက ဘယ်လိုလုပ်မှာလဲ။

သူတို့သည် မြစ်ရေပြင်ကို ကြည့်ရင်း စိုးရိမ်ပူပန်မှုများဖြင့် မျက်နှာပျက်နေကြရသည်။ “တကယ်ပဲ အဆင်ပြေပါ့မလား ရွှီရန်လေး”

ကိုယ်စားထိုး ရုပ်သေးရုပ်က ခေါင်းညိတ်ပြလျက် “စိတ်မပူပါနဲ့ အောက်မှာ ကျွန်တော် သတ်ခံလိုက်ရရင်တောင် ပြန်ရှင်လာလို့ ရပါတယ်” ဟု ပြောလိုက်သည်။

“အေးလေ... အဲဒါဆိုလည်း ဟုတ်ပါပြီ”

သူတို့နှစ်ဦးမှာ သက်ပြင်းချလိုက်ရင်း ရွှီရန် ရေထဲသို့ ငုပ်လျှိုးသွားသည့် နေရာကိုသာ စိုက်ကြည့်နေကြတော့သည်။

မြစ်မကြီး၏ အောက်ခြေတွင်မူ ရွှီရန်သည် သူ၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ ရေစီးကြောင်းနှင့် အသားကျအောင် လုပ်လိုက်သည်။ ရေအောက်တိုက်ပွဲက ကုန်းပေါ်ထက် အဆတစ်ရာ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ပြောကြတာလား။

မဖြစ်နိုင်တာ။

လွန်ခဲ့သော နှစ်အနည်းငယ်က ရေအောက် အသက်ရှူအောင့်ခြင်းစွမ်းရည် ပွင့်သွားကတည်းက သူသည် ဤမှော်စွမ်းရည်၏ တိုးတက်မှုအဆင့်ကို အဆက်မပြတ် မြှင့်တင်နေခဲ့ခြင်းပင်။ လေ့ကျင့်ရေးတာဝန်များကြောင့် လုံးဝမအားသည့် ရက်မျိုးမှလွဲ၍ သူသည် တစ်ရက်မှ မပျက်ကွက်ခဲ့ပေ။

ထို့ကြောင့်ပင်သူ၏ ရေအောက် အသက်ရှူအောင့်ခြင်း စွမ်းရည်မှာ တတိယအဆင့်ဖြစ်သော ရေနတ်ဘုရား၏ ကောင်းချီးသို့ ရောက်ရှိနေပြီဖြစ်ကာ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် အမှတ် ၂၀,၀၀၀ သာ လိုတော့သည်။

“ကဲ... မင်းက ဘယ်လိုမိစ္ဆာမျိုးလဲဆိုတာ ငါကြည့်ရသေးတာပေါ့။ ငါ့ရဲ့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားကို မင်း ခံနိုင်ရည်ရှိပါ့မလား”

ရွှီရန်က အေးစက်စွာ ရယ်မောလိုက်ရင်း ရေအောက်ရှိ သိပ်သည်းထူထပ်လှသော သစ်သားမိစ္ဆာများကို ငုံ့ကြည့်လိုက်သည်။ အကောင်ရေမှာ အလွန်ပင် များပြားသည်။ ပုစွန်စစ်သည်၊ ဂဏန်းစစ်သူကြီးများအလား သောင်းနှင့်ချီသော မိစ္ဆာအုပ်ကြီးမှာ ရေအောက်ကြမ်းပြင်တွင် ပြည့်နှက်နေသည်။ သူတို့၏ မြန်ဆန်လှသော ဒဏ်ရာကုသနိုင်စွမ်းမှာ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ကို ခေါင်းခဲစေခဲ့သော်လည်း ရွှီရန်အတွက်မူ ထိုမိစ္ဆာအုပ်ကြီးမှာ ထူးဆန်းသောအလင်းတန်း ထွက်ပေါ်နေသည့် နေရာကို ကာကွယ်ထားသော အတားအဆီးများမျှသာ ဖြစ်သည်။

All Chapters