← Chapters

အခန်း (၂၅၈)

Vol. 26 Ch. 258

အခန်း (၂၅၈)

Vol. 26 Ch. 258

ညစ်ညမ်းမှုတွေက စတင်သန့်စင်လာပြီဖြစ်ပေမဲ့ အရှိန်ကတော့ သိပ်မမြန်ဘူး။

“ဟိုထူးဆန်းတဲ့ အနီရောင်အလင်းတန်းက အတိအကျပြောရရင် ဘာကြီးလဲ”

“စောစောက ငါ ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို ပစ်လွှတ်တုန်းက အဲဒီအလင်းတန်းကို တည့်တည့်မပစ်ဘဲ ရှောင်ပစ်ခဲ့တာ။ သဲလွန်စတစ်ခုခု ကျန်ခဲ့အောင်လို့ပေါ့...”

“ဒါပေမဲ့ အခုတော့ ဒီလျှို့ဝှက်ဟင်းလင်းပြင်ထဲမှာ ဘာမှမရှိတော့ဘဲ ဗလာကျင်းနေပါလား...”

“တစ်နေရာရာမှာ ထပ်ပုန်းနေတာများလား”

ရွှီရန်က အေးစက်စွာ ပြုံးလိုက်ရင်း ကောင်းကင်ဘုံမျက်လုံးရတနာကို ထပ်မံအသက်သွင်းလိုက်ပြန်သည်။

“ဟုတ်ပါပြီ... ပုန်းနေတာပဲ။ ဟင်းလင်းပြင်ထဲမှာ နောက်ထပ် ဟင်းလင်းပြင်အလွှာတစ်ခု ထပ်ရှိနေသေးတာကိုး။ ဟားဟား... တကယ့်ကို ဂရုစိုက်လွန်းတဲ့ကောင်ပဲ”

ရွှီရန်၏ လက်ဖဝါးပေါ်တွင် ဖျက်ဆီးခြင်း ကပ်ဘေးအလင်းများ စုစည်းလာသည်။ သူသည် ထိုနေရာဆီသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ရာ ပုန်းကွယ်နေသော ဟင်းလင်းပြင်အလွှာမှာ အမှုန့်ခြေဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။

သူသည် လက်ကိုလှမ်းဆွဲလိုက်ရာ ထူးဆန်းသော သစ်ကိုင်း တစ်ခုကို ဆွဲထုတ်မိသည်။ ထိုသစ်ကိုင်းသည် ၅ စင်တီမီတာ၊ ၆ စင်တီမီတာခန့်သာ ရှည်လျားပြီး သန္တာကျောက်တန်းအသေးစားလေးနှင့် တူနေသည်။ အရောင်မှာမူ နက်မှောင်သော အပြာရောင်ဖြစ်ပြီး သန့်စင်သော ပင်လယ်ရေများကို ခဲသွားအောင် လုပ်ထားသည့်အလားပင်။

“ဒီအရာမှာ ပုံရိပ်ယောင်လှိုင်းထန်မှုတွေ ရှိနေတာပဲ။ ဒါပေမဲ့ ဒါက ကိုယ်ကိုကိုယ် ပြန်ပွါးနိုင်စွမ်းရှိတယ်။ ပွားတဲ့အကြိမ်ရေ များလာလေလေ ပွားလိုက်တဲ့ မိစ္ဆာတွေရဲ့ အစွမ်းကလည်း မြင့်တက်လာလေလေပဲ”

“အစပိုင်းမှာ သွေးစွမ်းအင် ၁ သိန်းရှိတဲ့ မိစ္ဆာ၊ နောက်တော့ ၂ သိန်း၊ ၄ သိန်း၊ ၆ သိန်း၊ ၈ သိန်း... အဲဒီလိုမျိုး တိုးလာတာပေါ့”

“တကယ့်ကို ထူးဆန်းတာပဲ ရန်ငြိုးဖွဲ့နတ်ဘုရားဂြိုလ်ပေါ်က အရာတွေက အမြဲတမ်း ဒီလိုပဲ ကြောက်စရာကောင်းပြီး အဓိပ္ပာယ်မရှိတာတွေချည်းပဲ။ ဒြပ်ထုတည်မြဲမှု နိယာမတွေကိုပါ လုံးဝချိုးဖောက်နေတာပဲလား...”

ရွှီရန်က ခေါင်းကို ခါယမ်းလိုက်ပြီး လက်ထဲရှိ ထူးဆန်းသော သန္တာသစ်သားတုံးလေးကို လှည့်ပတ်ကြည့်ရှုနေမိသည်။

ထိုစဉ် သူ၏စိတ်ထဲတွင် သတိပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဝါးမြို၍ရသော အရင်းအမြစ်တစ်ခုကို ရှာဖွေတွေ့ရှိကြောင်း အတည်ပြုပြီး ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရား၏ အဖော်သစ်သားကို ဝါးမြိုခြင်းဖြင့် ၎င်း၌ပါဝင်သော စွမ်းအင်များကို နတ်ဘုရားမူလဓာတ်နှင့် ဂုဏ်သရေရှိ ရွှေရောင်သွေးအဖြစ် ပြောင်းလဲနိုင်သည်။

ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်မိသည် “ဒီလို အခွင့်အရေးမျိုးတောင် ရတာလား တိုက်ရိုက် ဝါးမြိုလို့ရတယ်ပေါ့ နတ်ဘုရားမူလဓာတ်နဲ့ ရွှေရောင်သွေးအဖြစ် ပြောင်းလဲပေးမယ် ဟုတ်လား”

“နတ်ဘုရားမူလဓာတ်ကိုတောင် ပြောင်းလို့ရတယ်ပေါ့လေ”

ရွှီရန်က သဘောကျစွာ ရယ်မောလိုက်သည်။

“ဝါးမြိုစမ်း”

သူသည် ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။

နတ်ဘုရားမူလဓာတ် ၀.၅ စက်နှင့် ဂုဏ်သရေရှိ ရွှေရောင်သွေး ၁ စက် ရရှိသည်။ ဂုဏ်သရေရှိ ရွှေရောင်သွေးကို ကျင့်ကြံမှုအဆင့် မြှင့်တင်ရန် သို့မဟုတ် ဂုဏ်သရေရှိ ဓမ္မအသွင်သဏ္ဌာန်ကို ပေါင်းစည်းရန် အသုံးပြုနိုင်သည်။ ရွှေရောင်သွေး တစ်စက်သည် သွေးစွမ်းအင် ၁၀,၀၀၀ အထိ မြှင့်တင်ပေးနိုင်သည်။

“အင်း... အခုအချိန်မှာ ရွှေရောင်သွေးကို သုံးပြီး သွေးစွမ်းအင်ကို မြှင့်တင်တာက အကောင်းဆုံး ရွေးချယ်မှုပဲ”

“သွေးစွမ်းအင် ပိုများလေလေ ဖျက်ဆီးခြင်းနယ်ပယ် ရဲ့ ဖိနှိပ်မှုစွမ်းအားက ပိုတိုးလာလေလေပဲ။ အချိန်ပိုကြာကြာ ထိန်းထားနိုင်သလို ဖျက်ဆီးခြင်းတံဆိပ် တွေကိုလည်း ပိုပြီး အထပ်ထပ် ထပ်နိုင်မှာပဲ”

ရွှီရန်က ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ ကျင့်ကြံမှုအဆင့်ပင်။

ရွှေရောင်သွေး တစ်စက်က သွေးစွမ်းအင် ၁၀,၀၀၀ နှင့် ညီမျှသည်ဆိုပါက နှစ်စက်ဆိုလျှင် သူ၏ သွေးစွမ်းအင်က ချက်ချင်းပင် ၁ သိန်း (100,000) ကျော်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး နယ်ပယ်အသစ်တစ်ခုသို့ ခြေလှမ်းလှမ်းနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် တွန့်ဆုတ်မနေတော့ဘဲ သူသည် ဂုဏ်သရေရှိ ရွှေရောင်သွေးတစ်စက်ကို ထုတ်ယူလိုက်သည်။

တောက်ပလှသော ထိုရွှေရောင်အရည်သည် ရွှီရန်၏ လက်ဖဝါးပေါ်တွင် ကြယ်တစ်လုံးအလား လည်ပတ်နေပြီး ၎င်း၏ ရွှေရောင်အလင်းတန်းမှာ တောက်လောင်နေသော ကြယ်တာရာတစ်ခုကဲ့သို့ပင်။ ၎င်းတွင် ဖန်တီးမှုဆိုင်ရာ စွမ်းအင်များ ကိန်းအောင်းနေကာ အားကောင်းလှသော သက်စောင့်အားစွမ်းအင်များမှာလည်း တရိပ်ရိပ် ထွက်ပေါ်နေသဖြင့် ကြည့်ရသူကို မိန်းမောတွေဝေသွားစေနိုင်သည်။

“တကယ့်ကို ရတနာပဲ။ ဂုဏ်သရေရှိ ရွှေရောင်သွေးဆိုတဲ့ နာမည်နဲ့ လုံးဝထိုက်တန်တယ်”

“ဒါက အနန္တကပ်ဘေး မီးလျှံနဲ့ အဆင့်အတန်းချင်း တူညီတဲ့ ရတနာပဲ”

“ကောင်းပြီ... ချက်ချင်းပဲ အသွင်ပြောင်းစမ်း”

ရွှီရန်သည် ထိုရွှေရောင်သွေးစက်ကို သူ၏ရင်ဘတ်အတွင်းသို့ ခပ်ဖွဖွလေး ရိုက်သွင်းလိုက်သည်။ သေးငယ်လှသည်ဟု ထင်ရသော ထိုရွှေရောင်သွေးစက်မှာ ချက်ချင်းပင် တစ်ဟုန်ထိုး စီးဆင်းသွားသော ရေတံခွန်ကြီးအလား ပြောင်းလဲသွားပြီး ရွှီရန်၏ သွေးကြောမျှင်များအတွင်း၌ စီးဆင်းသွားတော့သည်။ အကြိမ် ၃၀ ခန့် လှည့်ပတ်ပြီးနောက်တွင်မူ ရွှီရန်၏ ကျင့်ကြံမှုစွမ်းအားမှာ တစ်ဟုန်ထိုး မြင့်တက်လာပြီး ၉၀,၀၀၀ အမှတ်သို့ ရောက်ရှိသွားတော့သည်။

နေလို့ကောင်းလိုက်တာ။

တကယ့်ကို သက်သောင့်သက်သာရှိပြီး စွမ်းအင်တွေ ပြည့်ဝသွားသလိုပဲ။

ရွှီရန်မှာ အလွန်ပင် ကျေနပ်အားရနေသည့် ပုံစံရှိသည်။

“ကျင့်ကြံမှု တိုးတက်လာတာက အရမ်းကို သန့်စင်ပြီး ထူထဲလွန်းတယ်။ ဒါက တစ်လကြာအောင် အပင်ပန်းခံ လေ့ကျင့်လိုက်ရတာနဲ့ ညီမျှတယ်။ တကယ့်ကို ဇိမ်ကျလှချည်လား”

ရွှီရန်သည် တောက်ပစွာ ပြုံးလိုက်မိသည်။ ထိပ်တန်း ရန်ငြိုးဖွဲ့နတ်ဘုရားထံမှ ရရှိသော ဤလက်ဆောင်အတွက် တကယ်ကို ကျေးဇူးတင်ရပေမည်။ ၎င်းက သူ့ကို တစ်လစာ ကျင့်ကြံချိန်တွေကို သက်သာစေခဲ့သည်။

ရွှီရန်၏ မျက်ဝန်းများမှာ စူးရှတောက်ပလာပြီး သူ၏နှလုံးသားထဲတွင် လောဘ အနည်းငယ်ပင် စတင်အမြစ်တွယ်လာတော့သည်။

“အကယ်၍သာ ဒီလို အဖော်သစ်သားတွေကို နောက်ထပ် အပိုင်းအစအချို့ ထပ်ရှာတွေ့နိုင်ရင် သိပ်ကောင်းမှာပဲ”

“အများကြီးတောင် မလိုပါဘူး။ ဆယ်ခုလောက်ဆိုရင် ရွှေရောင်သွေး ၁၀ စက်၊ နတ်ဘုရားမူလဓာတ် ၅ စက် ရမှာဖြစ်တဲ့အတွက် ဒုတိယမြောက် မြင့်မြတ်သောဝိညာဉ်ကိုတောင် မွေးမြူနိုင်တော့မှာ”

“ဒီမြစ်အောက်ခြေမှာ အခြားအဖော်သစ်သားတွေ ရှိနေဦးမှာပဲ။ အကုန်လုံးကို ဆွဲထုတ်ပြီး ဝါးမြိုပစ်ရမယ်”

ရွှီရန်အတွက်မူ ထိုအဖော်သစ်သားများကို ရယူခြင်းမှာ လမ်းဘေးမှ ကျောက်ခဲကောက်ရသလိုပင် လွယ်ကူသည်။

တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့ကဲ့သို့ ယွဲ့နယ်ပယ် ပညာရှင်ကြီးများပင် မအောင်မြင်နိုင်ခဲ့သော အရာမှာ သူ့အတွက်မူ လက်တစ်ဖျစ်စာ အလုပ်မျှသာ။

ပထမဦးစွာ စက္ကူရုပ်တပ်မတော်ကို လမ်းရှင်းခိုင်းပြီးနောက် သူကိုယ်တိုင်က ကိုယ်ပျောက်

အတတ်မှန်သမျှ အကုန်သုံးကာ ဘေးမှကပ်၍ ဖျက်ဆီးခြင်းနယ်ပယ်ကို ဖြန့်ကျက်ပြီးနောက် ဖျက်ဆီးခြင်းတံဆိပ်များကို အထပ်ထပ် တပ်ဆင်မည်။ ဤနည်းဖြင့် မိနစ် ၂၀ ခန့်အတွင်းမှာတင် အစောင့်မိစ္ဆာကြီးကို အသာလေး သတ်ဖြတ်နိုင်မည် ဖြစ်သည်။

လျှို့ဝှက်ဟင်းလင်းပြင်ထဲမှ ရန်ငြိုးဖွဲ့နတ်ဘုရား အဖော်သစ်သားကို ရယူရခြင်းမှာ တကယ့်ကို သက်သောင့်သက်သာရှိသည်။

သစ်သားတစ်ပိုင်းလျှင် ရွှေရောင်သွေး ၁ စက်နှင့် နတ်ဘုရားမူလဓာတ် ၀.၅ စက်..

ဒါက တစ်သက်စာအတွက် တစ်ခါတည်းနဲ့ အပြတ်အသတ် အကျိုးရှိမဲ့ အစီအစဉ်ကြီးပဲ။

“ကဲ... အချိန်မဆွဲနဲ့တော့ မြန်မြန်လုပ်ရအောင်”

ရွှီရန်၏ ကိုယ်ပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဝန်းရံနေတော့သည်။ သူသည် သေဆုံးသွားသော သစ်သားမိစ္ဆာကြီးအတွက် ဝမ်းနည်းနေရန် အချိန်မရှိချေ။ ၎င်း၏ အလောင်းတစ်ဝက်ကို ဆွဲယူကာ ရေပြင်ကို ခွဲလျက် ရုတ်တရက် အထက်သို့ ခုန်တက်လိုက်တော့သည်။

ဤအခိုက်အတန့်တွင် တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့မှာ မြစ်ကမ်းပါးပေါ်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြရသည်။

“သူ ဘာလို့ အခုထိ ပြန်မတက်လာသေးတာလဲ”

“မိနစ် ၃၀ တောင် ရှိသွားပြီ။ တစ်ခုခုများ မှားယွင်းသွားလို့လား”

“ကိုယ်စားထိုးရုပ်သေးက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား မဖြစ်နိုင်လောက်ပါဘူးနော် တူလေး ရှောင်ရန်က အသက် ၈ နှစ်ပဲ ရှိသေးတာလေ။ ဘယ်လောက်ပဲ ပါရမီထူးထူး သူ့ရဲ့ သွေးစွမ်းအင်က ငါးသောင်းထက် ကျော်နိုင်ပါ့မလား”

“ဟူး...”

သူတို့နှစ်ဦးမှာ စိုးရိမ်စိတ်ဖြင့် သက်ပြင်းကို အခါခါ ချနေကြသည်။

“ငါတို့ အောက်ကိုဆင်းပြီး သွားကြည့်မှ ဖြစ်တော့မယ်”

“ဟုတ်တယ် သွားကြည့်ရမယ်”

တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့သည် ဆက်လက်၍ မစောင့်နိုင်ကြတော့ပေ။ ကိုယ်စားထိုးရုပ်သေး၏ စကားကိုလည်း ယုံကြည်ရန် ခဲယဉ်းနေသဖြင့် သူတို့နှစ်ဦးမှာ ရုတ်တရက် ထရပ်လိုက်ကြကာ မြစ်မကြီးထဲသို့ ခုန်ချရန် ပြင်လိုက်ကြသည်။ ယွဲ့နယ်ပယ် မိစ္ဆာများကို အသေအလဲ တိုက်ခိုက်ပြီး ရွှီရန်ကို ကယ်ထုတ်ရန် ဆုံးဖြတ်လိုက်ကြခြင်းပင်။

All Chapters