အခန်း (၉)
Vol. 1 Ch. 9
ကျီအမေနှင့် ကျီအဖေ ဝင်လာ၍ ကြည့်လိုက်သောအခါ အမှန်ပင် ချူယောင်း စွပ်ပြုတ်ချက်နေကြောင်း တွေ့လိုက်သည်။
ချူယောင်း သူတို့ရောက်လာသော်လည်း မတုန်လှုပ်ပါ "ကျွန်မ အစောကြီးနိုးနေလို့ " သူမနှုတ်ဆက်စကားပြောသလို ပြောလိုက်ပြီး ခေါင်းငုံ့၍ သူမစွပ်ပြုတ်ကိုသာ သောက်လိုက်သည်။
" မင်း ဘယ်က ကြက်သားရတာလဲ?" ကျီအဖေ ခြံထဲမှ ကြက်မွှေးများကို လက်ညှိုးထိုးရင်း သူ ချူယောင်း အိမ်ကကြက်ကို သတ်လိုက်သည်ကို မယုံနိုင်။
"ကြက်ခြံထဲက ဖမ်းမိတာဖြစ်နိုင်တယ် " ချူယောင်း ပန်းကန်လုံးထဲမှ စွပ်ပြုတ်သောက်ပြီး၍ အသားကိုကိုက်စားရန်ပြင်လိုက်သည်။
ကျီအမေ သေချာစကားမပြောနိုင်သေး၊ သူမအတတ်နိုင်ဆုံး"ငါတို့ကိုကြက်ပြန်ပေး "ပြောရင်း ပန်းကန်လုံးကိုလုရန် သွားလိုက်သည်။
ချူယောင်း သူမပန်းကန်လုံးကို ပေးရန်စိတ်ကူးမရှိ၍ ကျီအမေကို ရှောင်လိုက်သည်။
" ငါတို့မိသားစုမှာ မင်းလို သူခိုးချွေးမတစ်ယောက်ရှိတယ်။ ငါတို့ မင်းကို မင်းအမေအိမ် ပြန်အပ်သင့်နေပြီ?"ကျီအဖေ အလွန်စိတ်တိုနေပြီဖြစ်သည်။ ဒီမိန်းမက စိတ်မမှန်၊ ကြာရင်ပိုဆိုးမည်။
" ဒီလိုလုပ်လို့မရဘူး။ ကျွန်မနဲ့ ကျီနန်ဖုန်းမင်္ဂလာပွဲလုပ်ခဲ့တာ။ လက်ထပ်မှတ်ပုံတင်ရှိတဲ့အတွက်ကြောင့် တရားဝင်တယ်။ ကျွန်မကို မောင်းထုတ်ရင် ကျွန်မ ရှင်တို့ကို တရားစွဲမယ်" ချူယောင်း သူတို့ကိုအရင်ဆုံးခြောက်လိုက်သည်။
" ငါတို့မိသားစုက နင့်လို ချွေးမကို ကျွေးမထားနိုင်ဘူး။ ငါ ဒုတိယမြောက်သားကို နင်နဲ့ကွာရှင်းခိုင်းမယ်"
ကျီအဖေ၏ နောက်တွင်ရှိသော ကျီလင်းကတော့ ပြောနေသည်များကို ဂရုမစိုက်ဘဲ စွပ်ပြုတ်ခပ်ရန် ကြောင်အိမ်မှ ပန်းကန်လုံးတစ်ခုကို တိတ်တိတ်လေးယူလိုက်သည်။
"ဒါက ယောက္ခမတွေ ဆုံးဖြတ်ပေးလို့မရပါဘူး" ချူယောင ကျောက်ခဲတစ်တုံးကို ကောက်လိုက်ပြီး ကျီလင်းလက်ကို ပစ်လိုက်သည်။
"အား......"ကျီလင်း နာကျင်စွာအော်လိုက်သည်။ ကျီအဖေ သူ့သမီးရှိရာ အမြန်သွား ကြည့်လိုက်သည်။
ကျီအမေ ချူယောင်းဆီ သွားလိုက်ပြီး" မြန်မြန် အသားပြန်ပေး" ဟု ပြောလိုက်ပြီး ဆံပင်လှမ်းဆွဲရန်ပြင်လိုက်သည်။
"ယောက္ခမ သွားကျွတ်သွားတာကို မေ့သွားတာလား? ဒါမှမဟုတ် သွားတစ်ခုမှမကျန်ချင်တော့တာလား?" ချူယောင်း အလွန်ချိုသာစွာ ပြုံးပြလိုက်သည်။ သို့သော် ကျီအမေ မျက်လုံးထဲတွင် ခြိမ်းခြောက်သော အပြုံးဖြစ်သည်။
ကျီမိသားစုမှာ ခြိမ်းခြောက်ချင်သော်လည်း တစ်ခုမှအရာမရောက်၍ သူတို့ ပြန်သာသွားတော့သည်။ ချူယောင်း ပျော်ရွှင်စွာ မီးဖိုချောင်ထဲမှာ ကြက်စွပ်ပြုတ်တစ်အိုးလုံးကို စားလိုက်သည်။
စားပြီးနောက် ချူယောင်း အခန်းထဲတွင် လှဲ၍ တွေးနေလိုက်သည်။ သူမ ကိုယ်အလေးချိန် ကျဖို့လိုသေးသည် ဒီလိုဆက်စားနေ၍ မဖြစ်သေးပေ။
သို့သော် ယခုမှာ သူမဆာတိုင်း အမြဲမစားနိုင်။
ချူယောင်း ကျီမိသားစု ဘာတွေးနေသည်ကို နားမလည်။ သို့သော် သူမ ဒီနေ့ ဆေးရုံသွားစရာရှိသည်။ ချူယောင်း ဆေးရုံမသွားမီ ကိုယ်ဝန်နှင့် အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့သည်။
ချူယောင်း ဒီအမျိုးသမီးကို သိသော်လည်း မူလပိုင်ရှင်နှင့် ကျီနန်ဖုန်း လက်ထပ်ထားသည်မှာ တစ်လခန့်သာရှိသေးသည်။ ကျီနန်ဖုန်းက မင်္ဂလာဆောင်သည့်နေ့တွင်ပင် စစ်ဆင်ရေးအတွက် အိမ်မှထွက်သွားသဖြင့် သူတို့နှစ်ဦး စကားသေချာပြောချိန်ပင် မရလိုက်။
ကျီနန်ဖုန်း၏ အကြီးဆုံးအမ ကျီရိုက မူလပိုင်ရှင်ကို ကြည့်ရှုစောင့်ရှောက်ပေးသည်။ ကျီရိုလက်ထဲတွင် ပစ္စည်းများစွာရှိသည်ကို ကျီအမေမြင်၍ ယူချင်သည်။
"ဘာဖြစ်တာလဲ?"
"မတွန့်တိုပါနဲ့!....."ကျီအမေ ချူယောင်း ခြံထဲတွင်မတ်တပ်ရပ်နေသည်ကိုမြင်၍ ဆက်မပြောရဲတော့ဘဲ ကျီရိုလက်ထဲက ပစ္စည်းများယူရန်သာသွားလိုက်သည်။
ကျီရို သူမကို မပေးပါ။ "ဒါက အမေ့အတွက် မဟုတ်ဘူး။ သမီးယောင်းမကို လာကြည့်တာ"
"ဒီမှာရှိတဲ့လူတိုင်းက အတူတူပဲမလား? အမေတို့အားလုံး တစ်မိသားစုတည်းပဲ" ကျီအမေ ဒီလင်ပါသမီးကို အမြဲကြည့်မရပါ။ ဟုတ်ပါသည်။ ကျီရိုက သူမအရင်ယောင်္ကျားမှ ပါလာသည်ဖြစ်ပြီး အမေအရင်းမိသားစုပင်မရှိဘဲနှင့် ကျီရိုဒီလို ခေါင်းမာစရာအကြောင်းမရှိပါ။
"မလိုပါဘူး" ကျီရို ကျီအမေနှင့် ပြိုင်ငြင်းချင်စိတ်မရှိ။ ကျီမိသားစုက လူများနှင့်လည်း စကားမပြောချင်ပါ။
ကျီရို ချူယောင်းလက်ကို ကိုင်လိုက်သည်။ "ညီမလေး ဒီနေ့မနက် ဘာမှမစားရသေးဘူးမလား? အမ မုန့်တွေယူလာတယ်" ကျီရို ချူယောင်းကို အခန်းထဲခေါ်လာလိုက်ပြီး တံခါးကိုတင်းတင်းပိတ်လိုက်သည်။ "အစ်မမှာ မုန့်တွေအများကြီးပါလာတယ်။ ညီမလေး စားကြည့်"
ချူယောင်း ခေါင်းညိတ်ကာ "ကျေးဇူးတင်ပါတယ်"ဟုပြောလိုက်သည်။