Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ချူယောင်း ငွေယူကာ သူမအတွက် နေရာစီစဥ်ပေးမည့် အဖွဲ့ခေါင်းဆောင်ဆီသို့ သွားလိုက်သည်။ "အဲ့နေရာက ရွာအဆုံးမှာ။ သမီးနေချင်ရင် ငွေပေးစရာမလိုဘူး။ ပြင်ပြီးသာနေလိုက်"

သို့သော် ချူယောင်း နောက်ပိုင်းတွင် ပြသာနာတစ်ခုခု တက်မည်စိုး၍ တစ်နှစ်စာပေးပြီး နေရန် ဆုံးဖြတ်လိုက်သည်။

အဖွဲ့ခေါင်းဆောင် သူမပြောသည်ကို ကြား၍ သဘောတူလိုက်သည်။ ဘယ်သူမှမနေသည်မှာ ကြာလှပြီဖြစ်၍ တစ်နှစ် ၂ ယွမ်သာပေးရန်ပြောလိုက်သည်။

ချူယောင်း ကျီအိမ်မှ ထိုညတွင်ပင် ပြောင်းလိုက်သည်။ သို့သော် သူမ အ‌ဖွဲ့ခေါင်းဆောင်စီစဥ်ပေးသောအိမ်သို့ တန်းမသွားပါ။ ထိုအိမ်တွင် လူမနေသည်မှာကြာပြီဖြစ်၍ ချက်ချင်းနေရန်မဖြစ်နိုင်။

သူမ အဖွဲ့ခေါင်းဆောင်အိမ်မှ အမျိုးသမီးများနှင့်သာ ခဏကပ်နေရမည်။ ချူယောင်း သုံးလို့ရသေးသည့်ပစ္စည်းများကို သယ်၍ သူမဘာသာ ထွက်သွားလိုက်သည်။ သူမ မသွားခင် ကျီမိသားစုကိုကြည့်၍ ပြောလိုက်သည်။ "ကျွန်မကို ထပ်လာမနှောင့်ယှက်နဲ့....."

သူမကျောကိုကြည့်ပြီး ကျီမိသားစုဝင်အကုန်လုံး အလွန်ဒေါသထွက်နေကြသည်။

ချူယောင်း အဖွဲ့ခေါင်းဆောင်အိမ်တွင် တစ်ညအိပ်ပြီး နောက်နေ့ အာရုံမတက်ခင်ထကာ ဟင်းချက်သည်ကို ကူလိုက်သည်။ သူမ ထိုအိမ်မှ ထွက်မလာခင် ၁ယွမ်ပေးကာ သူမ အလကားမစားနိုင်ကြောင်း ရှင်းပြလိုက်သည်။ သူမကိုကြည့်ရင်း အဖွဲ့ခေါင်းဆောင်၏ ချွေးမက သိတတ်သည်ဟု ချီးကျူးနေသည်။

စားပြီးနောက် ချူယောင်း သူမပစ္စည်းများကို သယ်ကာ သော့တစ်ချောင်းနှင့် အိမ်ရှာထွက်ခဲ့သည်။ သူမ အိမ်တံခါးဖွင့်၍ ‌ဝင်ကြည့်သောအခါ အဆင်ပြေပုံပေါ်သော ခြံဝင်းလေးကို တွေ့လိုက်သည်။ ခြံထဲတွင် မက်မွန်ပင် တစ်ပင် စိုက်ထားသည်။

မက်မွန်ပင်တွင် အသီးများစွာရှိ၍ အသီးများမှာ ကျစ်ကျစ်လစ်လစ်ရှိပုံပေါ်သည်။ အပင်အောက်တွင် ကျောက်တုံးစားပွဲတစ်ခုရှိပြီး အသီးများက စားပွဲပေါ် ကြွေကျနေသည်။ မြေကြီးမှာ ရွှံ့ထူသည်။

ပင်မအခန်းတစ်ခန်းရှိပြီး ဘေးတွင် အခန်းတစ်ခန်းစီရှိသည်။ သို့သော် ဤအိမ်မှာ အိုဟောင်းနေပြီ ဖြစ်၍ ပြင်လျှင် ငွေတော်တော် ကုန်ကျမည်ဖြစ်သည်။

သူမရောက်ပြီးသိပ်မကြာခင် အဖွဲ့ခေါင်းဆောင်ပြင်ရန်လွှတ်လိုက်သော လူရောက်လာသည်။ ချူယောင်း သူ့ကို ယဥ်ကျေးစွာ ကျေးဇူးတင်လိုက်သည်။ မီးဖိုချောင်အပါအဝင် တစ်အိမ်လုံး ပြင်ရသည်။ ချူယောင််းငွေတော်တော်သုံးလိုက်ရသည်။ လာရောက်ကူညီသူများလည်းရှိ၍ တစ်နေ့တည်းပြီးသွားသည်။ ကျန်းထျန် ထိုညတွင်ပင် ပြောင်းနေလိုက်သည်။

လာရောက်ကူညီသောသူများမှာ ကျသင့်ငွေယူပြီး ပြန်သွားကြသည်။

ချူယောင်း သူမဗိုက်ကို ပွတ်လိုက်ပြီး သူမ‌အလွန်ဆာလောင်နေပြီဖြစ်သည်။ သူမ ကျီအိမ်က ထွက်လာစဥ်က စားစရာမယူခဲ့ရပါ။ သူမ စားစရာများအားလုံး မကောင်းတော့၍ လွှတ်ပစ်ခဲ့ရသည်။

သူမ ပိုက်ဆံယူလိုက်ပြီး အိမ်နီးချင်းအိမ်တွင် စားစရာလဲစားရန် တွေးလိုက်သည်။ သူမ အိမ်နီးချင်းအိမ်သို့ လမ်းလျှောက်သွားလိုက်ပြီး တံခါးခေါက်လိုက်သည်။ မကြာမီ အမျိုးသမီးတစ်ယောက် ထွက်လာသည်။

"ချူယောင်းမလား? သမီး ညဘက်ကြီး ဘာကိစ္စရှိလို့လဲ?" ထွက်လာသောသူမှာ သူမအရင်တစ်ခါ တွေ့ခဲ့သော ဝမ်အဒေါ်ဖြစ်သည်။ ချူယောင်း အံ့သြသွားပြီး ဝမ်အဒေါ်ဆိုလျှင် သူမကို စားစရာ လဲပေးမည်ဖြစ်‌ကြောင်း တွေးလိုက်သည်။ "သမီး စားစရာ လဲချင်လို့ပါ"

"သမီး အိမ်ခွဲလိုက်ပြီလား?"

"ဟုတ်ပါတယ်" ချူယောင်း ခေါင်းညိတ်လိုက်သည်။ တစ်ရွာလုံး ပြောနေကြမည်လား? တစ်နေကုန် အိမ်ပြင်နေ၍ လူတွေ မသိချင်ကြဘူးလားဟု သိချင်မိသည်။

"အဒေါ် အဒေါ့်သမီးဆီမှာ နေတိုင်းနေဖြစ်နေတာ။ အဒေါ့်သမီးက သားဝတုတ်လေး မွေးလို့။ အဒေါ် အိမ်ပြန်ရောက်တော့ သမီးအကြောင်း ကြားတယ်။ သမီး စားစရာလဲဖို့ လာတာလား?" ဝမ်အဒေါ် ပြောရင်းစားစရာရှာလိုက်သည်။ ချူယောင်းကို အိမ်ထဲ ဝင်စောင့်မလားဟု မေးလိုက်သည်။

အားနာ၍ ချူယောင်း ခြံထဲတွင်သာ ရပ်စောင့်နေလိုက်သည်။ ခဏကြာတော့ ဝမ်အဒေါ် ပစ္စည်းများကိုင်၍ ထွက်လာသည်။ "သမီး ဒီပြောင်းဖူးမှုန့်ရော အသီးအရွက်ခြောက် အချို့ရော ယူသွားလို့ရတယ်"