Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ချူယောင်း သူမအိတ်ထဲမှ ပိုက်ဆံထုတ်လိုက်သည်။

သို့သော် ဝမ်အဒေါ် လက်ကာရင်း ငြင်းလိုက်သည်။ "အဒေါ် ပိုက်ဆံမလိုဘူး။ အကုန် အဒေါ့်ပစ္စည်းတွေချည်းပဲ"

ချူယောင်းခေါင်းခါရင်း ဝမ်အဒေါ်ကို ပိုက်ဆံအတင်းပေးလိုက်သည်။

သို့သော် ဝမ်အဒေါ်က မယူပေ။ "ဒီလောက်လေးအတွက်နဲ့ ပေးစရာမလိုပါဘူး။ သမီး ပိုက်ဆံပေးမယ်ဆိုရင် ပစ္စည်းတွေ ယူသွားစရာမလိုတော့ဘူး"

ချူယောင်း အနည်းငယ် ရှက််သွားသည်။ သို့သော် ဝမ်အဒေါ်မှာ ဆက်တိုက်ငြင်းနေ၍ သူမရွေးချယ်စရာမရှိတော့ပါ။ အခုညရောက်နေပြီဖြစ်၍ စျေးသို့ သွားရန်မဖြစ်နိုင်တော့။

"သမီးပိုက်ဆံ မပေးတော့ပါဘူး။ ကျေးဇူးတင်ပါတယ် ဝမ်အဒေါ်" ချူယောင်း တခြားနည်းလမ်းဖြင့်သာ ဝမ်အဒေါ်ကို ကျေးဇူးပြန်ဆပ်ရန် တွေးလိုက်သည်။

ချူယောင်း ပစ္စည်းများနှင့် အိမ်သို့ ပြန်သွားသည်။ သူမ မီးအလင်းရောင်မရသည်ကို ကျင့်သားမရပါ။ မှောင်မဲနေသည်ကို ကြည့်ရင်း သူမ အနီးမှုန်နေသည်ဟု ခံစားရသည်။

ချူယောင်း ပင်ပန်းနေပြီဖြစ်သည်။ သူမနေ့လည်က အဖွဲ့ခေါင်းဆောင်အိမ်တွင် စားခဲ့၍ အခု ပေါ့ပေါ့ပါးပါးချက်စားရန် စီစဥ်လိုက်သည်။

သူမ စားရန်ပြောင်းဖူးအနှစ်ချက်လိုက်သည်။ ပြောင်းဖူးပန်ကိတ် စားချင်ပေမယ့် သူမအကြာကြီးမချက်ချင်တော့၍ ပြောင်းစွပ်ပြုတ်အပျစ်သာ ချက်လိုက်သည်။

သူမ မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။ သို့သော် ပြောင်းအနှစ်မှာ အရသာမရှိ။ သူမလည်ချောင်းလည်း ခြောက်ကပ်နေလေသည်။ ချူယောင်း မနက်ဖြန် စျေးသို့သွား၍ ဟင််းခတ်မှုန့်များနှင့် လိုအပ်သည်များ ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

သူမ နေရာလွတ်က စမ်းချောင်းမှ ရေခပ်ပြီး ပြန်လာခဲ့သည်။ အိမ်တွင် ရေတွင်းမရှိပါ။ ထို့‌ကြောင့် သူမ တောင်ကျချောင်းမှ ရေခပ်ရန် တောင်သို့သွားရမည်။ ချူယောင်း သူမတွင် နေရာလွတ်ရှိသည့်အတွက် တော်သေးသည်။ မဟုတ်လျှင် သူမ ယနေ့ည တောင်သို့ ရေသယ်ရန် သွားရမည်ဖြစ်သည်။

ချူယောင်း နေရာလွတ်မှ ရေသယ်ပြီး ဆေးကြောစရာရှိသည်များကို ဆေးကြော၊ သုတ်စရာလိုသည့် စားပွဲ ခုံများကို သုတ်၊ သူမကိုယ်ပေါ်က အဝတ်များကိုလည်း လျှော်ပြီး ခြံထဲတွင် လှန်းထားလိုက်သည်။

ချူယောင်း ကျီအိမ်မှ စောင်၂ထည်ယူခဲ့၍ ညဘက်ခြုံစရာစောင်တော့ရှိသေးသည်။ တစ်ညလုံး အချိန်ကုန်သွားသည်။

သူမ မနက်စောစော အပြေးလေ့ကျင့်ရန် ထလိုက်သည်။‌ အိမ်ကိုပတ်ပြေးနေခြင်းသာ။ အခုအချိန်တွင် လူတော်တော်များများ အလုပ်သွားကြ၍ သူမကို စပ်စုမေးနေကြမည်စိုး၍ ဖြစ်သည်။

ရွာမှ လူအများစုမှာ စပ်စုရသည်ကို အလွန်သဘောကျကြသည်။ ချူယောင်း အိမ်ကို ခဏမျှ ပတ်ပြေးလိုက်သည်။ သူမကျန်းမာရေးကြောင့် နာရီဝက်ကျော်ပြေးပြီးနောက် သူမ အလွန်ပင်ပန်းနေပြီဖြစ်သည်။

သူမ အရင်ဘဝက နာရီဝက်လောက်မှာ မပြောပလောက်ပါ။ သူမ အခု ပိုလေ့ကျင့်ရမည့်ပုံပေါ်သည်။

"သမီး မနက်အစောကြီး ဘာလုပ်နေတာလဲ?" ဝမ်အဒေါ် ရေသွန်ရန် အိမ်အပြင်ထွက်လာချိန်တွင် ချူယောင်း အပြင်တွင် ပြေးနေသည်ကို မြင်၍ မေးလိုက်ခြင်းဖြစ်သည်။

"သမီးလမ်းလျှောက်နေတာ။ သမီးက အရမ်းဝတော့ ကိုယ်အလေးချိန်ချဖို့ လိုတယ်" ချူယောင်း ရှင်းပြရသည်ကိုသာ အလွန်‌ပျင်းသည်ဖြစ်ပြီး သူမ ဝသည်ကိုတော့ မရှက်ပါ။

"ခဏနေ သမီးအလုပ်လုပ်ရင် ချွေးအများကြီးထွက်မှာ" ဝမ်အဒေါ် ချူယောင်း ဘာကြောင့် အရမ်းဝရသည်ကို နားမလည်ပါ။ လူတိုင်း အလုပ်အရမ်းလုပ်ရသည်ဖြစ်၍ ဝသည့်လူရှားသည်။

"ဟုတ်ကဲ့။ သမီး ရေချိုးဖို့ အိမ်ထဲပြန်ဝင်တော့မယ်" ချူယောင်း နေ့တိုင်းအလုပ်သွားရန် တွေးထားသည်။ ဒီအလုပ်က ယာယီမျှသာ။ ကိုယ်အလေးချိန် ကျရုံသာမက စားဖို့လည်းရမည်။

ချူယောင်း ရေ‌ပူပူတည်ပြီး ရေချိုးရန်ပြင်လိုက်သည်။ အိမ်တွင် ထင်းသိပ်မရှိပါ။ သူမ အလုပ်မှပြန်လာပြီးနောက် ထင်းကောက်သွားရမည်။ မသွားလျှင် သူမ ဒီည ဟင်းချက်နိုင်မည် မဟုတ်ပေ။ သူမ စျေးဝယ်ရန်လည်းသွားရဦးမည်။

ချူယောင်း အဖွဲ့ခေါင်းဆောင်အိမ်သွားပြီး ခွင့်တစ်ရက်ယူရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူမ လုပ်စရာတော်တော်များများ မလုပ်လိုက်ရဘဲ နေမည်။ ကျီရို၏ စက်ဘီးကိုလည်း ကျီရိုကို ပြန်မပေးရသေးပါ။

ချူယောင်းရေချိုးပြီးနောက်် အဖွဲ့ခေါင်းဆောင်အိမ် ခွင့်တစ်ရက်တောင်းရန် သွားလိုက်သည်။ ထို့နောက် စျေးသို့ စက်ဘီးစီး၍ သွားလိုက်သည်။