အခန်း (၁၈)
Vol. 2 Ch. 18
ချူယောင်း စက်ဘီးစီး၍ ကျီရိုကိုရှာရန် မြို့ထဲသွားလိုက်သည်။ ကျီရို ပေးသော လိပ်စာအတိုင်း ချူယောင်း လမ်းကြားတစ်ခုပြီး တစ်ခုသွားပြီးနောက် တံခါးခေါက်လိုက်သည်။
လူငယ်လေးတစ်ယောက် တံခါးကိုလာဖွင့်ပေးပြီး "အစ်မ ဘယ်သူ့ကို ရှာတာလဲ"ဟု သေချာကြည့်ပြီး မေးသည်။
ချူယောင်း သူမလာရသည့်အကြောင်းအရင်းကို ပြောလိုက်၍ လူငယ်လေး သူမကို တံခါးဖွင့်ပေးလိုက်သည်။ ချူယောင်းဝင်လာ၍ ခြံထဲတွင် လူအုံနေသည်ကို တွေ့လိုက်သည်။
လူငယ်လေး အခန််းတစ်ခန်းကို ညွှန်ပြလိုက်သည်။ "သူတ်ို့အိမ်က ဒုတိယထပ်က အဲ့အခန်း"
ဒုတိယအထပ်က အတွင်းအကျဆုံးအခန်းဖြစ်သည်။ ချူယောင်း တက်သွားလိုက်ပြီး အခန်းတံခါးကိုခေါက်လိုက်သည်။ တံခါးဖွင့်ပေးသည်မှာ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမကို မျက်မှောင်ကြုတ်ကြည့်ပြီး မေးသည်။ "ဘယ်သူ့ကို ရှာတာလဲ?"
"မင်္ဂလာပါ။ ကျွန်မက ကျီရိုရဲ့ယောင်းမပါ" ချူယောင်း ပြန်ဖြေလိုက်သည်။
အမျိုးသမီးကြီးက သူမကိုကြည့်လိုက်သည်။ ဝပြီးကျေးရွာကလာသည်။ သူမ အိမ်ကို အကူအညီလာတောင်းတာဖြစ်မည်ဟုတွေးပြီး ပြန်ပြောသည်။ "သူမ အိမ်မှာ မရှိဘူး။ ညည်း မြန်မြန်ပြန်တော့"
"ကျွန်မ သူမနဲ့ လုပ်စရာတစ်ခုရှိလို့။ သူမ မရှိရင် ကျွန်မ ဒီမှာ စောင့်နေမယ်" ချူယောင်း ကျီရိုကို ပိုက်ဆံပြန်ပေးချင်၍ဖြစ်သည်။
ချူယောင်း သူမပြောသည်ကိုနားမထောင်သဖြင့် အမျိုးသမီးကြီး အော်ပြောသည်။ "ကျေးရွာက ဆင်းရဲတဲ့အမျိုးတွေက သူများကို အခွင့်ကောင်းယူဖို့ ရောက်လာတာပဲ"
အမျိုးသမီးကြီးက အကျယ်ကြီး အော်ပြောသဖြင့် အိမ်နီးချင်းများကြားသွားပြီး ဘေးသို့ရောက်လာကာ သူမကို ကူပြောနေလေသည်။ "ဟုတ်ပ။ ဒီလိုအမျိုးတွေက အိမ်လာတိုင်း ပစ္စည်းတွေအများကြီး ယူယူသွားကြတာ"
အမျိုးသမီးကြီးက အိမ်နီးချင်းနှင့် အတင်းတုတ်နေလေသည်။ ချူယောင်း မကြားချင်ယောင်သာ ဆောင်လိုက်သည်။ သူမလည်း ဒီမှာ အကြာကြီးနေမည် မဟုတ်ပါ။ ငွေပြန်ပေးချင်၍သာ။ ဒီအမျိုးသမီးကြီးကို ပေးလိုက်လျှင်လည်း ကျီရိုကို ပြန်ပေးမည့်ပုံမပေါ်။
ချူယောင်း မသွားသေးသည်ကိုမြင်၍ အမျိုးသမီးကြီး ဒီတစ်ယောက်က မျက်နှာပြောင်သည်ဟုတွေးပြီး အော်ရန်ပြင်လိုက်သောအခါ သူမမြေးမနှစ်ယောက်ထွက်လာသည်ကို တွေ့လိုက်သည်။
"အဘွား"ညီအစ်မ၂ယောက် သူတို့ အဘွားအသံကိုကြား၍ ထွက်လာခြင်းဖြစ်သည်။
အမျိုးသမီးကြီးမှာ သားယောင်္ကျားလေးများကိုသာ အလွန် အလေးအနက် ထားသူဖြစ်သည်။ သူမ မြေးမနှစ်ယောက်ကို မာန်နေလေသည်။ " နင်တို့အဘွားအနိုင်ကျင့်ခံနေရတာ မမြင်ဘူးလား? ဘာတွေလုပ်နေကြတာလဲ? အိမ်ရောက်ရင် အရိုက်ခံရမယ်။ တစ်နေ့တစ်နေ့ အလုပ်ကူရကောင်းမှန်းလည်းမသိဘူး"
ညီအစ်မ၂ယောက် တစ်ယောက်ကိုတစ်ယောက်ကိုကြည့်လိုက်သည်။ အကြီးဆုံးအစ်မ လီရွှယ်ရှင်းမှာ မဟုတ်မခံတတ်သူဖြစ်၍ ပြန်ပြောလိုက်သည်။ "ဘယ်သူက အဘွားကို အနိုင်ကျင့်နိုင်လို့လဲ? အဘွားသာ သူများတွေကို အနိုင်မကျင့်ရင် ရပြီ"
အမျိုးသမီးကြီးမှာ ဒီမြေးမ၂ယောက်ကို အစတည်းက ကြည့်မရသူဖြစ်၍ အခု သူမကို လွန်ဆန်သည်ကိုကြားကာ နှစ်ယောက်လုံး၏ နားရွက်ကိုဆွဲလိုက်ပြီး "ငါ ညည်းတို့နှစ်ယောက် ငါ့ကို လှောင်နိုင်သေးလား ကြည့်ဦးမယ်"
"ငါက ညည်းတို့အဘွား။ ငါ့ကိုအာခံတာဆိုတော့ နင်တို့မသိတတ်ဘူးဘဲ။ နင်တို့အမေ နင်တို့ကို ဘယ်လိုသင်ထားတာလဲ?" သူမ လိမ်ဆွဲထား၍ ကလေးနှစ်ယောက်နားရွက်မှာ နီရဲနေပြီဖြစ်သည်။
ကလေးနှစ်ယောက် သူတို့ပြန်ခုခံချင်ရင်တောင် မလုပ်နိုင်ပါ။ ဘေးမှ လူများကလည်း ကလေးတွေကို ဝိုင်းအပြစ်တင်သည်။ "ငယ်ငယ်လေးရှိသေးတယ်။ အဘွားကို ပြန်ပြောတတ်နေပြီ။ ကြီးလာရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ အိမ်ထောင်ပြုလို့ရမှာလည်း မဟုတ်လောက်ဘူး"
ဤစကားများက ကလေးနှစ်ယောက်နားရောက်သွားသည်။ ကျီရိုက ကလေးတွေကို ပြန်ခုခံရန် သင်ပေးထားသည်။ သို့သော် အခုကလေးနှစ်ယောက် သူတို့လုပ်တာမှားပြီလားဟု သံသယ ဝင်လာသည်။
အမျိုးသမီးကြီးမှာ သူတို့ကို မကြာခဏ ရိုက်လေ့ မာန်လေ့ ရှိသည်။ သူမသားရှိလျှင်တော့ အမျိုးသမီးကြီး ကလေးနှစ်ယောက်ကို ကောင်းချင်ယောင်ဆောင်သည်။
သူမချွေးမ ကျီရို အိမ်မှာ ရှိလျှင်တော့ သူမ သိပ်မလုပ်ရဲပါ။ ကျီရိုဗိုက်ထဲတွင် ကလေးရှိနေ၍ဖြစ်သည်။ အမျိုးသမီးကြီး မျက်လုံးထဲတွင် မြေးဖြစ်မည်ထင်၍ ကျီရိုကို နည်းနည်းကြင်နာရခြင်းဖြစ်သည်။
ကျီရို ကလေးနှစ်ယောက်ဆီမှ ပြန်သိရလျှင် သူတို့ကို ပြန်ခုခံရန်သင်ပေးသည်။ ကျီရို သူမယောက္ခမကို မေးသော်လည်း အမျိုးသမီးကြီးမှာ ဝန်မခံ၍ ကျီရို ဘာမှမတတ်နိုင်ဘဲ အခက်ကြုံနေရသည်။