အခန်း (၁၉)
Vol. 2 Ch. 19
ချူယောင်း ဆက်သည်းမခံနိုင်တော့ပေ။ သူမဘေးမှလူများအားလုံး ရန်ဖြစ်နေကြပြီး သူမကိုပင် ဂရုမစိုက်နိုင်အား။
ချူယောင်း လက်ဆန့်လိုက်ပြီး အမျိုးသမီးကြီးလက်ကို ဖမ်းဆွဲလိုက်သည်။ အမျိုးသမီးကြီးလက် ခဏ လှုပ်မရတော့။
"အား!"အမျိုးသမီးကြီး နာကျင်စွာ အော်နေလေသည်။ ခဏနားပြီး ထပ်အော်ပြန်သည်။ "လာကြပါဦး။ ဒီမှာ ဒီတစ်ယောက်က အဘွားအိုကြီးကို ရိုက်နေပါတယ်"
ချူယောင်း သူမလက်ကို လွှတ်လိုက်သည်။
ကျီရိုအိမ်ပြန်လာသောအခါ အောက်ထပ်ကလူတစ်ယောက်က သူမကို ပြောလိုက်သည်။ "ကျီရို နင်ပြန်လာပြီပဲ။ မြန်မြန် အိမ်ပြန်ပြီး ကြည့်လိုက်ဦး။ နင့်အိမ်မှာရန်ဖြစ်နေကြတယ်"
ကျီရို လှေကားကို မြန်မြန်တက်သွားလိုက်သည်။ သူမယောက္ခမ သူမကလေးတွေကို ရိုက်နေသည်ဖြစ်မည်ဟုတွေးပြီး သူမအင်္ကျီလက်ကို တင်လိုက်ကာ ပြန်လုပ်ရန်စဥ်းစားလိုက်သည်။
အမျိုးသမီးကြီး လက်အလွှတ်ခံရသောအခါ သူမလက်ကောက်ဝတ်မှာ အလွန်နာကျင်နေ၍ သေတော့မည့်ကဲ့သို့ ခံစားနေရသည်။ သူမ အသက်ကြီးမှ အငယ်တစ်ယောက်ကရိုက်သည်ကို မခံနိုင်ချေ။ သူမမြေကြီးပေါ်လှဲကာ လှိမ့်ပြီး အော်ပြောနေသည်။ "ဘုရားရေ မတရားလိုက်တာ။ လူကြီးတစ်ယောက်ကို ရိုက်ရဲတယ်။ ကြည့်ကြပါဦး"
"ငါ တော်လှန်ရေးကော်မတီမှာ သွားတိုင်မယ်။ တစ်ယောက်ယောက် ညည်းကို လာဖမ်းလိမ့်မယ်" အမျိုးသမီး ရုတ်တရက် တွေးမိသွားပြီး ချက်ချင်းထကာ ခြိမ်းခြောက်ပြောလိုက်သည်။
"ဒါဆိုလည်း သွားတိုင်ပါ" ချူယောင်း ဂရုမစိုက်ပါ။ သူတို့အပြောသာရှိသည်။ အမျိုးသမီးကြီးလက်တွင် ဘာဒဏ်ရာမှမရပါ။ ထိုအစား သူမကသာ သူမမြေးမနှစ်ယောက်နားရွက်ကို နီအောင်လုပ်ခဲ့သည်။
ချူယောင်း မကြောက်သည်ကိုမြင်၍ အမျိုးသမီးကြီး တုံ့ဆိုင်းသွားသည်။ သို့သော် ဘေးကရပ်ကြည့်သူများက ဂရုမစိုက်ပါ" မြန်မြန် လီအဒေါ် သွားတိုင်လိုက်ပါ"
အမျိုးသမီးကြီးလည်း တရားသွားစွဲရန် ဆုံးဖြတ်လိုက်ပြီး သွားရန် ပြင်လိုက်စဥ် ရုတ်တရက်ပေါ်လာသော ကျီရိုကြောင့် မသွားဖြစ်တော့။
ကျီရို မျက်နှာတည်နေကာ မေးလိုက်သည် "ဘာဖြစ်တာလဲ?"
သူတို့အမေပြန်လာသည်ကိုမြင်၍ ညီအစ်မနှစ်ယောက် ပြေးသွားကာ ကျီရိုကို ဖက်လိုက်သည်။ "အမေ၊ အဘွားက သမီးတို့ကို ရိုက်တယ်"
ကျီရို ထိုသို့ကြားလိုက်ရသောအခါ သူမဒေါသထွက်သွားသည်။ နှစ်အကြာကြီး လီအဒေါ်မှာ သူမကို မကြာခဏအနိုင်ကျင့်သည်။ သူမခင်ပွန်းမျက်နှာထောက်ပြီး သူမသည်းခံခဲ့ပေမယ့် သူမသမီးတွေကို အနိုင်ကျင့်ရင်တော့ သူမ သည်းမခံနိုင်ပါ။
"အမေ မြို့မှာ နေသားမကျရင်တော့ အမေ့ကို ပြန်ပို့ဖို့ အမေ့သားကို ပြောလိုက်ပါ့မယ်" ကျီရို လူအားလုံးရှေ့တွင်ပြောလိုက်သည်။
"ငါသူတို့ကို မရိုက်ပါဘူ။ သမီးအစား မြေးမတွေကိုဆုံးမနေတာ" လီအဒေါ် ကျီရိုပြောသလိုလုပ်ရဲမှန်း သိသည်။ သို့သော် ကျေးရွာမှာနေသည်က မြို့ပြလောက်မကောင်းပါ။ ပြီးတော့ သူမသာ ရွာကိုပြန်သွားလျှင် ထိုအသိအမျိုးသမီးများက သူမကို လှောင်ပြောင်လိမ့်မည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း လီအဒေါ် မြို့တွင် လာနေခဲ့ဖူးသည်။
ထိုအချိန်က လီအဒေါ် အလိုက်ကန်းဆိုးမသိဘဲ အိမ်မှာရှိသော စားစရာသောက်စရာအကုန်ကို သူ့သားပိုင်သည်ဟုဆိုကာ မီးနေသည် သူမချွေးမအတွက်ပင် တစ်ခုမှမထား။ သူမချည်းသာ အကုန်စားလိုက်သည်။
မီးတွင်းအတွင်း အာဟာရတစ်ခုမှမရဘဲ ပိန်လှီနေသော ကျီရိုမှာ မီးတွင်းပြီးနောက် ကလေးကိုခေါ်ပြီး ကွာရှင်းရန် ပြင်လိုက်သောအခါ ကျီရိုခင်ပွန်း လီဝေက သူ့အမေကို ရွာသို့ပြန်ပို့လိုက်သည်။
အခု ကျီရိုကိုယ်ဝန်ထပ်ရှိသောအခါ လီအဒေါ် အခွင့်ကောင်းပဲဟု တွေးပြီး ၃ ရက်ပြည့်တိုင်း မြို့တက်ကာ လီဝေကို တတိယမြောက်ကလေးဖြစ်၍ ပထမကလေး၂ယောက်လို မလွယ်ကူဘူးဟု အကြိမ်ကြိမ် ဖြောင့်ဖျသဖြင့် လီဝေ သူ့အမေ ကျီရိုကို ဂရုစိုက်ပေးရန်အတွက် နေရန် ခွင့်ပြုခြင်းဖြစ်သည်။
"ဒါဆိုလည်း အမေ သမီးရဲ့ကလေးတွေကို သင်ပြပေးဖို့ အပင်ပန်းမခံပါနဲ့။ အမေ့မှာ မြေးတွေ အများကြီးရှိတာ ယောင်းမနဲ့ အငယ်လေးတွေရဲ့ကလေးတွေက အမေသင်ပေးတာ စောင့်နေမှာ" လီအဒေါ် ပြောတတ်သလို ကျီရိုလည်း ပိုပြောတတ်သည်။
လီအဒေါ်လာတိုင်း ကျီရို သူမကို အရသာရှိသော စားစရာသောက်စရာများအမြဲပေးသည်။ အဝတ်ဝယ်ရန်အတွက်ပင် နှစ်စဥ် ပိုက်ဆံပိုပိုပေးလေ့ရှိသည်။ လီအဒေါ်ကို ကျီရိုကသာ တစ်နှစ်ပတ်လုံး ကျွေးမွေးထားသည်သာ။ သို့သော် လီအဒေါ်မှာ တကယ် စိတ်ယုတ်မာလှသည်။