Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

လီအဒေါ် ထိုသို့အပြောခံလိုက်ရ၍ ဘေးက အမျိုးသမီးကြီးများ ကူပြောပေးနေလေသည်။ "နင့်အမေက နင့်ကို ကလေးတွေကို ကူသင်ပေး‌နေတာ။ သူမကို ပြန်ပို့စရာလား"

ကျီရို ထိုအိမ်နီးချင်းများကိုကြည့်ရင်း သူတို့အားလုံးမှာ သူတို့ချွေးမကို ပိုအနိုင်ကျင့်ကြသည့်သူများဖြစ်ကြောင်းသိသည်။

"ကျွန်မ ယောက္ခမဘာဖြစ်ဖြစ် ဒါကျွန်မတို့ အိမ်ကိစ္စပါ။ အဒေါ်တို့ ဂရုစိုက်စရာမလိုပါဘူး။ ဂရုစိုက်ချင်ရင်လည်း အဒေါ်တို့ ယောက္ခမတွေကို အိမ်ပေါ်ခေါ်ထားပါလား?"ကျီရိုမှာ မကောင်းသည့်ချွေးမမျိုး မဟုတ်သော်လည်း လီအဒေါ်မှာ တော်တော်စိတ်ပျက်စရာကောင်းပြီး နေ့တိုင်း သူမကလေးတွေကို တိတ်တိတ်လေးမာန်လေ့ရိုက်လေ့ရှိသည်။

ကျီရိုပြောတာကြားပြီး တစ်ချို့အမျိုးသမီးများ ဒေါသထွက်ကြသည်။ အသက်ပိုကြီးသော အမျိုးသမီးများကကျီရိုကို ပြောလိုက်သည်။ " ငါတို့အားလုံးက မိသားစုတွေဘဲ။ နည်းနည်းပြောလို့မရဘူးလား"

ကျီရို ကလေးနှစ်ယောက်ကိုခေါ်ပြီး အိမ်ထဲဝင်ရန် ပြင်လိုက်သည်။ " အဒေါ်တို့ သူများကိစ္စကို ဒီလောက်ဝင်စွက်ဖက်ချင်နေရင် ကျွန်မယောက္ခမကို အဒေါ်တို့အိမ်မှာ နေခိုင်းထားလို့ရတယ်! "

လီအဒေါ် ကျီရိုကိုကြောက်၍ ပြန်မပြောသည်မဟုတ်။ ကျီရိုဗိုက်ထဲတွင် သူမမြေးလေးရှိနေ၍သာ။ အကယ်၍ ဒီတစ်ခါလည်း မြေးမဟုတ်လျှင် သူမ သူမသားအား ကျီရိုကို ကွာရှင်းခိုင်းပြီး ပိုကောင်းတဲ့အသစ်တစ်ယောက်ရှာပေးမည်။

ကျီရို ထိုအိမ်နီးချင်းများနှင့် ဆက်မငြင်းချင်တော့ပါ။ သူမ ကလေးတွေနဲ့ အိမ်ထဲဝင်ရန် ပြင်လိုက်စဥ် အပြင်လူအုပ်တွင် ချူယောင်း မတ်တပ်ရပ်နေသည်ကို မြင်လိုက်သည်။

သူမ လျှောက်သွားလိုက်ပြီး ချူယောင်းလက်ကို ကိုင်လိုက်မှ နည်းနည်း နေပိုကောင်းသလို ခံစားလိုက်ရသည်။ " ညီမလေး ဒီကို ဘာလို့လာတာလဲ ?"

" အကြီးဆုံးအစ်မ၊ ညီမ အစ်မကို လာတွေ့တာ " ချူယောင်းက အကြီးဆုံးအစ်မဟုခေါ်လိုက်သဖြင့် ဒီလူတွေ ထပ်စပ်စုကြဦးမယ်ကိုကျီရိုသိ၍ ချူယောင်းကိုပြန်ပြောလိုက်သည်။ "ဒီမှာ လူတွေအများကြီးပဲ။ အပြင်သွားပြီး ပြောကြရအောင်"

ပြောပြီးနောက် ကျီရို ကလေး၂ယောက်ကို တူတူလမ်းလျှောက်ရန် ခေါ်လာလိုက်သည်။ ကလေးနှစ်ယောက်မှာ သူတို့နောက်ကလိုက်လာပြီး ငိုလည်းမငို ပြသာနာလည်းမရှာပါ။

သူတို့ အဝေးရောက်သွားမှ အဒေါ်တစ်ယောက်က လီအဒေါ်ကို အကြံပေးလိုက်သည်။ "အဘွားကြီး၊ ဒီချွေးမ တော်တော်ဆိုးတာ။ ပြန်လုပ်သင့်တယ်!"

လီအဒေါ် သူတို့ကို မျက်စောင်းထိုးလိုက်ပြီး "နင်တို့က ငါ ပြန်မလုပ်ချင်ဘူးထင်တာလား? သူမဗိုက်ထဲက ငါ့မြေးကြောင့် ငါ ဘာမှမလုပ်တာ"

"ယောင်္ကျားလေးလား မိန်းကလေးလားဆိုတာ ဘယ်လိုသိတာလဲ?" တစ်ယောက်က တိုးတိုးလေးမေးလိုက်သည်။

" ငါတို့ရွာမှာ အမျိုးသမီးတစ်ယောက်ရှိတယ် သူမက ဒီလိုအတွက်အချက် တိကျတယ်" လီအဒေါ် လက်မထောင်ပြီး သူတို့ကိုပြောလိုက်သည်။

"တကယ် အဲ့လောက်တိကျတာလား?" လီအဒေါ်ပုံစံကိုကြည့်ပြီး သူတို့ယုံသွားသည်။

"ရွာမှာ သူမခန့်မှန်းပေးလိုက်တာ အကုန်မှန်တယ်"လီအဒေါ်ပြောသည်မှာ တစ်ခုမှမဟုတ်ပါ။ ဒီအိမ်နီးချင်းများက သူမရွာမှမဟုတ်၍ သူမ လျှောက်ပြောနေခြင်းဖြစ်သည်။ သူမ မြေးချီနိုင်တော့မည်ဟုလည်း ထပ်ပြောလိုက်သည်။

"အရမ်းတိကျတယ်ဆိုရင် နင် ငါ့ကိုလည်း မိတ်ဆက်ပေး။ ငါ့အိမ်က ငါ့ချွေးမက ဟိုတစ်လောမှ ကလေးရတာ။ ဘာလေးလည်း ငါသိချင်လို့" ရပ်ကွက်ထဲက ယောက္ခမဆိုးဟု နာမည်ရသည့် နောက်အဒေါ်တစ်ယောက် မေးခြင်းဖြစ်သည်။

လီအဒေါ် ‌သဘောကောင်းသည့်ပုံစံနှင့် သဘောတူလိုက်သည်။ "ငါ နောက်တစ်ခါသွားတွေ့ရင် နင့်ဖို့မေးပေးမယ်"

"ငါ့ကိုရော"

"အလျင်မလိုကြပါနဲ့။ တစ်ယောက်ချင်းမေးကြပါ"လီအဒေါ်သူမကို လူတွေခြံရံဝိုင်းအုံနေသဖြင့် အလွန်သဘောကျနေသည်။

ဘာဘဲဖြစ်ဖြစ် သူမသားသည်လည်း စိတ်နူးညံ့သူဖြစ်သည်။ သူမ မြေးမရဘူးဆိုလျှင်လည်း ကျီရိုကို အိမ်မှနှင်ထုတ်ပြီး သူမသားကို ထပ်အိမ်ထောင်ချပေးမည်။ ဒါဆိုမြေးတစ်ယောက်ရမှာသေချာပြီး ပျော်စရာကောင်းလိမ့်မည်။