← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

ကျီရို ချူယောင်းကို အစိုးရပိုင် ဟိုတယ်ကို ခေါ်သွားသည်။ က‌‌လလေးနှစ်ယောက်မှာ သူတို့ဘေး လိမ္မာစွာ ထိုင်နေကြသည်။

ကျီရို မုန့်မှာလိုက်ပြီး ချူယောင်းကို မေးလိုက်သည်။ "ညီမလေး စားချင်တာရှိလား?"

ချူယောင်း ခေါင်းခါလိုက်သည်။ "ထွေထွေထူးထူး မရှိပါဘူး"

"ညီမ ဒီနေ့ စက်ဘီးပြန်လာပေးတာ။ အစ်မ စက်ဘီးသုံးစရာ လိုမှာစိုးလို့" ချူယောင်း စက်ဘီးကို ကျီရိုအိမ်ကဂိတ်တွင် သော့ခတ်ထားခဲ့သည်။

"စက်ဘီးအတွက်နဲ့ ဘာအလျင်လိုစရာရှိလို့လဲ? ညီမလေးအဆင်ပြေမှ ပြန်ပေးလို့ရတယ်" ကျီရို ဂရုမစိုက်ပါ။ သူမ ဘယ်နေရာဖြစ်ဖြစ် သွားရအဆင်ပြေသည်။

"အဲ့ဒါထက် ရွှယ်ရှင်းနဲ့ ရွှယ်ရူ သမီးတို့ အဒေါ်ကို မြန်မြန်နှုတ်ဆက်လိုက်ဦး"ချူယောင်း အိမ်ထောင်ကျစဥ်က ကျီရို ကလေးနှစ်ယောက်ကို ခေါ်သွားပေးဖူးသော်လည်း ကလေးနှစ်ယောက် မမှတ်မိတော့ပါ။

" မင်္ဂလာပါ အဒေါ် " ကလေးနှစ်ယောက် အဒေါ်ဟု ယဥ်ကျေးစွာ ခေါ်လိုက်သည်။

ချူယောင်း သူမတစ်ကိုယ်လုံး ရှာလိုက်ပေမယ့် ကလေးတွေကိုပေးစရာမရှိပေ။ သူမ တစ်ခုခုသယ်လေ့မရှိသောကြောင့်ဖြစ်သည်။ သူမ အရင်ဘဝက လူတွေနှင့် ပေါင်းသင်းမဆက်ဆံချင်သဖြင့် သူမ အိမ်မလည်ဖူးပါ။ထို့ကြောင့် သူမ ဘာမှဆောင်လေ့မရှိချေ။

ချူယောင်း သူမ နောက်တစ်ခါ မုန့်ဖြစ်ဖြစ် တစ်ခုခု ဆောင်ထားမည်ဟု တွေးလိုက်သည်။ မဟုတ်လျှင် ရှက်စရာကောင်းလိမ့်မည်။

"အဒေါ် ဒီနေ့ ဘာမှ မယူခဲ့ရဘူး။ ဒါကြောင့် အဒေါ် သမီးတို့ကို မုန့်ဖိုးပဲ ပေးလိုက်မယ်နော်"ချူယောင်း ပြောရင်း ကလေးတွေကို ၅ယွမ်စီ ထုတ်ပေးလိုက်သည်။ ထိုအခါ ကျီရို သူမကို ချက်ချင်းတားလိုက်သည်။ "တွေ့တွေ့ချင်း ဒီလောက် မုန့်ဖိုးပေးစရာမလိုပါဘူး"

"ညီမ ဒီနေ့ ဘာမှ ပါမလာလို့။ ဒါကြောင့် ကလေးတွေကို မုန့်ဖိုးပေးတာပါ။ ဝန်လေးစရာ ကိစ္စ မဟုတ်ပါဘူး အစ်မ" ချူယောင်း မုန့်ဖိုး အတင်းပေးနေလေသည်။

ကျီရို ချူယောင်းပြောသည်ကို သဘောမတူပါ။ "ညီမက ဘာမှယူလာစရာမလိုပါဘူး။ အစ်မတို့က တစ်မိသားစုတည်းပဲ။ ဒီလို သေချာခွဲခြားဖို့ မလိုပါဘူး။ မြန်မြန် ပိုက်ဆံပြန်ယူ"

ကျီရို စိတ်မပြောင်းသည်ကိုမြင်၍ ချူယောင်း ပိုက်ဆံပြန်သိမ်းလိုက်ရသည်။ ကလေးနှစ်ယောက် မုန့်ဖိုးပြန်သိမ််းခံလိုက်ရပေမယ့် ဝမ်းမနည်းဘဲ ချူယောင်းကိုပင် ပြန်၍နှစ်သိမ့်ပေးလိုက်သည်။ "အဒေါ်၊ သမီးတို့ မုန့်ဖိုးမလိုပါဘူး"

စားပြီး စျေးသို့သွား၍ ပစ္စည်းဝယ်ကာ သူတို့အိမ်ပို့ပေးမည်ဟု ချူယောင်း စိတ်ဆုံးဖြတ်လိုက်သည်။

"မြန်မြန်စားကြ။ စားပြီးရင် သမီးတို့ ကျောင်းပြန်သွားရဦးမယ်" မွန်းတည့်ချိန်ပင် ရှိပြီ။ ကလေးနှစ်ယောက်မှာ နေ့လည်စာ စားရန် ကျောင်းမှ အိမ်ပြန်လာခြင်းဖြစ်သည်။ သို့သော် လီအဒေါ်မှာ တစ်ခါမှ မချက်ပါ။

ရုံးဖွင့်ရက်များတွင် လီအဒေါ် ထိုအိမ်နီးချင်းအမျိုးသမီးများနှင့် လူတွေမကောင်း‌ကြောင်း ပြောလေ့ရှိသည်။ ကျီရိုက နေ့လည်စာမတိုင်မီ အိမ်မပြန်ပါ။ သူမ မွေးတော့မည်ဖြစ်၍ ဆရာဝန်က လမ်းများ‌များလျှောက်မှ ‌ပိုနေရကောင်းလိမ့်မည်ဟု အကြံပြုထားသည်။ သူမလည်း ကလေးနှစ်ခါမွေးဖူးသူဖြစ်၍ မွေးဖွားခါနီး လမ်းများများလျှောက်ခြင်းက ကလေးမွေးဖွားခြင်းကို အထောက်အကူပြုမှန်း သိသည်။

ဒီနေ့ ကျီရို အိမ်မှာမရှိ၍ ရန်ဖြစ်သည်ဖြစ်ပြီး ကံ‌ကောင်းစွာ ကျီရို အိမ်မြန်မြန် ပြန်ရောက်ခဲ့၍သာ။ မဟုတ်လျှင် ချူယောင်းစိတ်မထိန်းနိုင်ဘဲ ထိုအမျိုးသမီးကြီးကို ပညာပြမိလိမ့်မည်။

ကလေးနှစ်ယောက်လည်း အတန်းစတော့မည်ကို တွေးပြီး ပိုမြန်မြန်စားလိုက်ကြသည်။

သို့သော် လူကြီးနှစ်ယောက်ကတော့ အလျင်လိုစရာမရှိ၍ စားသည်မှာ သိပ်မမြန်ပေ။ "ယောင်းယောင်း၊ ညီမလေး ဒီနေ့ အိမ်မြန်မြန်ပြန်စရာလိုလား?

ချူယောင်း ခေါင်းခါလိုက်သည် "ညီမ ဒီနေ့ နားရက်တစ်ရက်ယူထားတယ်။ မမှောင်ခင် အိမ်ပြန်ရောက်ရင် ရပြီ"

သို့သော် သူမ ဝယ်စရာ အများကြီးရှိသည်။ အိုးခွက်ပန်းကန်၊ ဟင်းခတ်မှုန့်များ သူမ အရာအားလုံး ဝယ်ရန်လိုသည်။

ချူယောင်း ကျီရိုကို အိမ်ခွဲနေသည့်အကြောင်း ပြောလိုက်သည်။ ကျီရို လက်ခုပ်တီးကာ ပျော်သွားသည်။ "အိမ်ခွဲနေလိုက်တာကောင်းတယ်။ အဲ့အိမ်ကလူတွေက အဆင်မပြေဘူး" သူမနှင့် ကျီအိမ်ဆက်ဆံရေးမှာ အပေါ်ယံမျှသာ။ သူမ အိမ်ထောင်မကျခင် ထိုအိမ်တွင် နေခဲ့စဥ်က အာရုံတက်မှ မိုးချုပ်သည်အထိ မနားမနေ အလုပ်လုပ်ရသည်။

သူမ ထိုအရာအားလုံး သည်းခံခဲ့သည်။ သို့သော် သူမ အိမ်ထောင်စောစောပြုခဲ့ရသည်။ အကြောင်းမှာ ကျီ‌အဖေ၏ အဖိုးတန်သားလေး ကျီကျိုးမှာ အသည်းအသန်နေမကောင်းဖြစ်၍ မိသားစုမှာ ဆေးကုသစရိတ်မရှိသဖြင့် သူမကို အိမ်ထောင်ချပေးကြခြင်းဖြစ်သည်။

"ဒါဆို အစ်မ ညီမလေးနဲ့ စျေးလိုက်ဝယ်ပေးမယ်" ကျီရို‌ပြောလိုက်သည်။

ချူယောင်းလည်း သဘောတူလိုက်သည်။ ကျီရိုက ဤနေရာတွင် နေနေကျဖြစ်၍ သူမထက် ပိုသိလိမ့်မည်။

All Chapters