Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

စားပြီးနောက် ကလေးနှစ်ယောက် ကျောင်းသို့တိုက်ရိုက်သွားလိုက်သည်။ ကျီရို စျေးသို့ ချူယောင်းကိုခေါ်သွားလိုက်သည်။ ချူ‌ယောင်း နေ့စဥ်သုံးပစ္စည်းများကို ဝယ်လိုက်ပြီး နောက် ဘီစကွတ်နှင့် သကြားလုံးများကိုပါ ဝယ်လိုက်သည်။

ချူယောင်း မေးလိုက်သည်။ "အသားကျန်သေးလား?"

"အသားက ရောင်းကုန်သွားတာ ကြာလှပြီ။ အခု အရိုးသနည်းနည်းပဲ ကျန်တော့တယ်" စျေးသည်က ‌မာထန်ထန် ပြန်ပြောလိုက်သည်။

"ယောင်းယောင်း၊ အသားက ခုချိန် ကုန်နေကျ။ ညီမလေး အရိုးဝယ်ပြီး စွပ်ပြုတ်လုပ်စားပါလား? ညီမလေးခဲအို နားရက်ကျ အစ်မ ညီမလေးကို အသားပို့ပေးဖို့ ပြောလိုက်မယ်" ကျီရိုမွေးရက်မှာနီးနေပြီဖြစ်သည်။ အရင်ရက်တွေက သူမ ချူယောင်းကို အရမ်းစိုးရိမ်သဖြင့်တစ်ယောက်တည်း စက်ဘီးစီး၍ သွားကြည့်ခြင်းဖြစ်သည်။ အခုတော့ သူမ သိပ်မသွားရဲပါ။ ကလေးအနေအထားပြောင်းပြီး မွေးရခက်မည်ကို စိုးသည်။

"အစ်မ၊ ညီမ အသားမလိုပါဘူး။ အရိုးပဲ ဝယ်သွားလိုက်မယ်"ချူယောင်း အရိုးဝယ်ပြီး ပေါင်းကာ စွပ်ပြုတ်လုပ်စားရန် တွေးထားသည်။

စျေးသည်က အရိုးအားလုံးကို ချူယောင်းအတွက် ထုပ်ပေးလိုက်သည်။ အရိုးမှာ အသားထက် စျေးသက်သာ၍ အရိုးအားလုံးပေါင်းမှ ၅၀ဆင့်သာ ကုန်ကျသည်။

ပစ္စည်းအကုန် မ ရသည်မှာ အားတော်တော်သုံးရသည်ဖြစ်သော်လည်း ချူယောင်းမှာ အားသန်မာသည်။ ဒီခန္ဓာကိုယ်ကလည်း အဆီတော်တော်များသဖြင့် လေ့ကျင့်ပေးသင့်သည်။

ချူယောင်း လိုအပ်သည်များဝယ်ပြီး၍ အိမ်ပြန်ရန် ပြင်လိုက်သည်။ "ညီမ မနက်ဖြန် အလုပ်သွားရမှာဆိုတော့ အရင်ပြန်‌နှင့်တော့မယ်၊ အစ်မ"

"ညီမလေးလည်း ဒီနေ့ စိတ်ရှုပ်သွားမှာပဲ" လီအဒေါ်က အိမ်မှာ ရှိ၍ အမြဲ ရန်ဖြစ်နေကျဖြစ်နေသည်။ ဒီနေ့ ချူယောင်းပါ ရန်ပွဲထဲ ပါသွားကောင်းပါသွားနိုင်သည်။

ချူယောင်း ခေါင်းသာခါလိုက်သည်။ "ဒါတွေက ကလေးနှစ်ယောက်အတွက်။ အစ်မ သူတို့ဖို့ ယူသွားပေးပါဦး"

ချူယောင်း သူမဝယ်လာသော ဘီစကွတ် သကြားလုံးများကို ကျီရိုအားပေးလိုက်သည်။ ကျီရို မယူဘဲ ပြန်ပြောလိုက်သည်။ "ညီမလေး ဘာလို့ ဝယ်တာလဲ? အိမ်မှာအများကြီးရှိတယ်"

ကျီရိုက သားယောင်္ကျားလေးကိုသာ ချစ်သည်မဟုတ်။ သူမ၏ကလေးများကို အလွန်ချစ်သူဖြစ်သည်။ အိမ်တွင် ဘီစကွတ် မုန့် အမြဲမပြတ်ပါ။ သို့သော် သူမ အခုတလော ဝယ်ထားသည်များ ပျောက်ပျောက်သွားသည်။ ‌

လီအဒေါ် စားလိုက်သည်ကို ကျီရို သိသည်။ သူမသားပိုက်ဆံဖြစ်၍လည်း ကျီရို သိပ်ဂရုမစိုက်ပါ။ သို့သော် လီအဒေါ်က သူမစားတိုင်း ဒီမြေးမတွေသာ ကောင်းတာစားရသည်ဟုဆိုကာ ရွာမှ သူမ မြေးစားဖို့ပါ ပို့ပို့ပေးနေခြင်းဖြစ်သည်။ အဲ့လိုအချိန်တိုင်း ကျီရို လီ‌အဒေါ်နှင့် ရန်ဖြစ်ရလေ့ရှိသည်။ သူတို့ ရန်တော်တော်ဖြစ်ကြသည်။

"အစ်မအိမ်မှာ ရှိလည်း ညီမက အဒေါ်အနေနဲ့ ပေးတာ။ အစ်မအကြီးဆုံး မယူဘူးဆိုရင် ညီမ စိတ်ဆိုးရလိမ့်မယ်" ချူယောင်း လက်ထဲမှ မုန့်များကို ချထားလိုက်ပြီး ပြန်ယူဖို့ စိတ်ကူးမရှိပါ။

ကျီရို မငြင်းနိုင်တော့သဖြင့် ယူလိုက်ရသည်။ "ဒါဆိုလည်း ‌ကလေးတွေအစား အစ်မကဘဲ ကျေးဇူးတင်ပါတယ်"

"အစ်မအကြီးဆုံး ညီမကိုအရင်တစ်ခါက ကူညီထားတဲ့ ပိုက်ဆံရှိသေးတယ်။ ညီမ ဒီနေ့ အဲ့ဒီပိုက်ဆံလာပေးတာ" ချူယောင်း ကျီရိုကို ပိုက်ဆံ‌ပေးလိုက်သည်။ အတင်းထိုးပေးလျှင်လည်း ကျီရို ချော်လဲမည်ကိုစိုးရိမ်သည်။

ကျီရို ငွေပြန်လက်မခံပါ။ ချူယောင်း အလကားမယူချင်သဖြင့် နောက်မှ ကျီရိုဆီ မကြာခဏ သွားလည်ကာ လိုအပ်သည်များကို ဝယ်ပေးမည်ဟု တွေးလိုက်သည်။

"စက်ဘီး ပြန်စီးသွား။ အရိုးတွေအများကြီးနဲ့ အိမ်ပြန်ရတာခက်လိမ့်မယ်" ကျီရို စိတ်ပူစွာ ပြောလိုက်သည်။

"ညီမပဲ စက်ဘီးယူထားလို့ ဘယ်ဖြစ်မလဲ? ခဲအိုနဲ့ တစ်ခြားလူတွေလည်း စီးဖို့ရှိမှာပေါ့" ချူယောင်း စက်ဘီးကို ယူမထားချင်ပါ။

ကျီရို ချူယောင်းကို ထပ်ဖြောင့်ဖျသော်လည်း နောက်ဆုံး အတင်း ဖိအားမပေးတော့ပါ။

ချူယောင်း ကျီရိုကို နှုတ်ဆက်ပြီး အိမ်သို့ ပြန်လိုက်သည်။ မနေ့ညက အိမ်ကို အကြမ်းဖျင်းသာ ရှင်းရသေးသည်။ ဒီနေ့ ညစာ မစားခင် ထပ်ရှင်းရမည်။