အခန်း (၂၄)
Vol. 2 Ch. 24
ချူယောင်း အလုပ်ဆင်းသောအခါ သူမ တောင်ထဲ သစ်ရွက်သစ်ဖု ရှာရန်် လီထောင်းဟွာနှင့် လိုက်သွားလိုက်သည်။ သူတို့သာ တောင်သို့ သွားကြသည်။
လီထောင်းဟွာ ရုံးဖွင့်ရက်များတွင် သူမနှင့် အတူ သွားမည့်သူ မရှိပေ။ ထို့ကြောင့် သူမ လီယွမ်ကိုသာ သွားရန်ခေါ်ရသည်။ သူတို့နှစ်ယောက် တောင်သို့ တူတူသွား၍ သစ်ဖုသစ်ဥ တူတူတူးကြသည်။
ချူယောင်း အိမ်သို့ပြန်၍ ခြင်းအသေးတစ်လုံး ယူကာ ပြန်ထွက်လာခဲ့သည်။
ချူယောင်းနှင့် လီထောင်းဟွာတို့ နှစ်ယောက် တူတူတောင်ပေါ်တက်ကြသည်။ ချူယောင်း လီထောင်းဟွာကို ကောင်းကောင်းမသိသဖြင့် ဘာပြောရမည်မသိပေ။
လီထောင်းဟွာကတော့ ထိုသို့် သိပ်ဂရုမစိုက်ပါ။ သူမ အကြောင်းအရာတစ်ခု ရှာ၍ စကားစလိုက်သည်။ "ယောင်းမ အိမ်မှာ တစ်ယောက်တည်းမလား။ ယောင်းမကြောက်ရင် ညီမဆီ လာလို့ရတယ်"
ချူယောင်း ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ညီမလေး"
သူတို့ နှစ်ယောက် သစ်ဖု သစ်ဥများတူးပြီး ခြင်းလေးထဲ ဖြည့်လိုက်ကြသည်။ ချူယောင်း လီထောင်းဟွာနှင့် အိမ်ပြန်ရန် ပြင်လိုက်သည်။
အပြန်လမ်းတွင် ချူယောင်း ရစ်ငှက်တစ်ကောင်ကို အမှတ်မထင်် တွေ့လိုက်သည်။ ရစ်ငှက်မှာ မြက်တောထဲတွင် လျှောက်သွားနေသည်။ "ကြည့်..." ချူယောင်း လမ်းဆက်လျှောက်နေသော လီထောင်းဟွာကို အမြန်ကိုင်လိုက်ပြီး ပြောလိုက်သည်။
လီထောင်းဟွာ ရပ်လိုက်ပြီး မလှုပ်ရဲတော့ချေ။ ချူယောင်း မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို ကောက်ပြီး ငှက်ရှိရာ လှမ်းပစ်လိုက်သည်။ ခဏကြာသောအခါ လီထောင်းဟွာ ငှက်မလှုပ်တော့ကြောင်း တွေ့လိုက်သည်။
ချူယောင်း ခြင်းကိုချထားလိုက်ပြီး သွားကြည့်လိုက်သည်။ ရစ်ငှက် မြေကြီးပေါ်တွင် လဲနေပြီဖြစ်သည်။ ချူယောင်း ငှက်ကို ကောက်ကိုင်လိုက်ပြီး "ဒီနေ့ကတော့ ဟင်းကောင်းစားရတော့မှာပဲ"
လီထောင်းဟွာ ချူယောင်း၏ လက်တည့်မှုကို လေးစားသွားသည်။
"အစ်မ ငှက်ကို သတ်ပြီးရင် ညီမကို တစ်ဝက်ပို့ပေးမယ်" ချူယောင်း လီထောင်းဟွာလည်း ဝေစုရသင့်သည်ဟု တွေးသည်။ လီထောင်းဟွာသာ သူမကို တောင်သို့သွားရန် မခေါ်ဘူးဆိုလျှင်် သူမလည်း လာဖြစ်မည်မဟုတ်ပါ။
လီထောင်းဟွာ လက်အမြန်ဝေ့ရမ်းရင်း ငြင်းလိုက်သည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ? ညီမတို့က အခွင့်အရေးယူသလို ဖြစ်သွားမှာပေါ့။ ယောင်းမအတွက်ပဲ သိမ်းထားလိုက်ပါ"
လီထောင်းဟွာ လက်မခံချင်ပါ။ ချူယောင်း သူမကို ထပ်ဖြောင့်ဖျသော်လည်း ငြင်းနေသေး၍ ချူယောင်း ထပ်မပြောတော့ပေ။
ချူယောင်း အိမ်ပြန်ရောက်သောအခါ သူမ ရစ်ငှက်ကို တစ်ခါတည်း သတ်လိုက်သည်။ သူမ နှစ်နှပ်စာ စားဖို့တွေးလိုက်သည်။ သူမ အသားတစ်ခါ စားတိုင်း သူမကိုယ်ပေါ်က သူမ၏အသားများကို မြင်ပြီး စားတော့မည်ကြံတိုင်း အနည်းငယ်တုန်လှုပ်ကာ မသက်မသာဖြစ်သည်။
သို့သော် အသားက ပါးစပ်ထဲဝင်သောအခါ မသက်မသာဖြစ်နေသော ခံစားချက်ကို ချက်ချင်းမေ့ပျောက်သွားသည်။ စားပြီးလျှင်တော့ ချက်ချင်း ပြန်သတိရသွားသည်။
ချူယောင်း သက်ပြင်းချလိုက်ပြီးနောက် ရစ်ငှက်အမွေးနှုတ်ရန် ရေပူပူတည်လိုက်သည်။ ထိုညက ချူယောင်းအိမ်တွင် ဟင်းနံ့မွှေးမွှေးပျံ့နေသည်။
ဘေးအိမ်တွင် နေသော ဝမ်အဒေါ်မိသားစုက စားရင်း အနံ့ရနေသဖြင့် သူတို့တံတွေးအသာမျိုချရသည်။ "ချူယောင်း ဘာတွေချက်လဲမသိ။ အရသာတော့ရှိမယ့်ပုံပဲ"
ဝမ်အဒေါ် အနံ့ကိုခံကြည့်ရင်း ပြောလိုက်သည်။ "အသားနှပ်ဖြစ်ရမယ်။ မြန်မြန် ထမင်းသာကုန်အောင်စားကြ"
ဝမ်အဒေါ်ပြောပြီး မကြာမီ သူမတံခါးခေါက်သံကြားလိုက်သည်။ ချူယောင်း တံခါးအပြင်တွင် အသားတစ်ခွက်နှင့် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ "အဒေါ် သမီး တောင်ကနေ ရစ်ငှက်ဖမ်းမိလာလို့ စွပ်ပြုတ်ချက်လိုက်တာ။ အဲ့ဒါ အဒေါ့်အိမ်က ကလေးတွေအတွက် တစ်ခွက် လာပို့တာ"
ဝမ်အဒေါ် အနည်းငယ်ရှက်သွားပြီး ချိုသာစွာ ပြောလိုက်သည်။ "သမီးစားဖို့ပဲ သိမ်းထားလေ။ အဒေါ်တို့ကို ပေးစရာမလိုပါဘူး"
"အသားမများပါဘူး။ ကလေးတွေမြည်းဖို့ စွပ်ပြုတ်အနည်းငယ်ပါဘဲ" ချူယောင်း ပို၍ ယဥ်ကျေးစွာ ဖြေလိုက်သည်။
ဝမ်အဒေါ်မိသားစုတွင် တကယ်ပင် မြေးများစွာရှိသည်။ သူမ သူမကလေးတွေအကြောင်း တွေးလိုက်ကာ ခုနကပင် အနံ့ရ၍ သရေယိုနေကြသဖြင့် သူမ ဒီတစ်ကြိမ်တော့ အမှန်ပင် မငြင်းနိုင်ပါ။
"ဒါဆိုလည်း အဒေါ် အားမနာတော့ဘူး" ဝမ်အဒေါ် ပန်းကန်လုံးကို ယူလိုက်ပြီး အထဲတွင် အသားများစွာ မြင်လိုက်သဖြင့် သူမ ပိုအားနာသွားသည်။
ချူယောင်း နောက်တစ်ခွက်ကို အဖွဲ့ခေါင်းဆောင်အိမ်ပေးလိုက်သည်။ အဖွဲ့ခေါင်းဆောင်မိသားစုက အကြာကြီးငြင်းပြီးမှ နောက်ဆုံးလက်ခံလိုက်သည်။ ချူယောင်း လီထောင်းဟွာကိုလည်း ပေးလိုက်သည်။ သူမ လိုက်ပို့ပေးပြီးနောက်် နောက်ဆုံး သူမ ညစာစားရန် အိမ်ပြန်ရောက်ရှိခဲ့သည်။