အခန်း (၂၆)
Vol. 2 Ch. 26
သူမသား ဆိုးဆိုးရွားရွား အရိုက်ခံနေရ၍ လီအဒေါ် သူမလက်ထဲက ကလေးကို ချက်ချင်း တစ်ခြားတစ်ယောက်သို့ ပေးလိုက်သည်။ "ကျွန််မအစား ကြည့်ပေးဦး"
ထိုအမျိုးသား သဘောမတူခင် လီအဒေါ်က သူမလက်ထဲက ကလေးကို ပေးလိုက်ပြီး ပြေးသွားလိုက်သည်။ အရင်က သူမ ချူယောင်းကို ဆွဲထားနိုင်သေးသည်။ အခု ချူယောင်း အလွန်သန်မာနေ၍ သာမန်လူ ဖမ်းဆွဲထား၍ မရတော့ပေ။
ရန်ဖြစ်ပြီး ဆူညံနေ၍ မကြာမီ ချူယောင်း၊ လီအဒေါ်၊ လီဝေ ရဲစခန်းသို့ ရောက်သွားကြသည်။ ရဲများက သူတို့ကို သေချာကြည့်ပြီး "မြန်မြန် ၊သေချာဖြေကြ။ သေချာ မဖြေဘူးဆိုရင် ဒီည ဘယ်သူမှ မပြန်ရဘူး"
ချူယောင်းလည်း လီအဒေါ် ဖမ်းဆွဲထားသည်ကို ခံရသော်လည်း လီဝေမှာ မတူပါ။ သူ့တစ်ကိုယ်လုံး ဒဏ်ရာများနှင့်ဖြစ်သည်။
"ရဲမှူးကြီး၊ ကျွန်မသားကို ရိုက်တာ ဒီမိန်းမပါ။ သူမကို မြန်မြန်ဖမ်းလိုက်ပါ" လီအဒေါ် ချူယောင်းကို ညွှန်ပြလိုက်သည်။
လီဝေ သူ့အမေလက်ကို ကိုင်လိုက်ပြီး"အမေ၊ ပြသာနာမရှာပါနဲ့။ ရဲမှူးကြီး ကျွန်တော်တို့ တရားမစွဲတော့ပါဘူး"
ရဲက ထပ်ခါထပ်ခါမေးလိုက်သည်။ "ခင်ဗျားတို့ အမှုကိုရှေ့မဆက်တော့တာ သေချာပြီလား?"
"သား၊ မင်းရူးနေပြီလား ဒီမိန်းမကို ပိုက်ဆံလျော်ခိုင်းပြီး ထောင်ထဲလည်း ပို့ရမှာလေ"လီအဒေါ် လျှောက်သွားလိုက်ပြီး ချူယောင်းကို ဖမ်းဆွဲတော့မလို လုပ်လိုက်သည်။
"အမျိုးသမီးကြီး ခင်ဗျား သေချာစဥ်းစားပါ။ အခု ခင်ဗျား မှန်ပေမယ့် တခုခု လုပ်လိုက်ရင် ခင်ဗျားလည်းမမှန်တော့ဘူး" ရဲ ဖြောင့်ဖျလိုက်သည်။
လီဝေ ခေါင်းခါလိုက်သည်။ " ကျွန်တော်တို့ ဆက်တရားမစွဲပါဘူး။ ရဲမှူးကြီး၊ ကျွန်တော်တို့ ပြန်လို့ရပြီလား? ကျွန်တော့်ဇနီးနဲ့ ကလေးတွေ ကျွန်တော့်ကို စောင့်နေလို့ပါ"
ဒါကိုကြားပြီး ချူယောင်း အော်မရယ်ဘဲ မနေနိုင်ချေ။ အစက ချူယောင်း သူ့ကို မရိုက်ချင်ပါ။ သို့သော် သူမ သူတို့အိမ်မှ ထွက်မလာခင် ခြံထဲ လူတွေ ဆွေးနွေးနေသည်ကို ပြန်သတိရသွားသောကြောင့်ဖြစ်သည်။
"သွေးအများကြီးဆင်းမှ ဆေးရုံပို့တယ်လို့ကြားတယ်။ ဒါ ပြစ်မှုပဲ" ကျီရို ဆုံးသည့်သတင်းကြားမှ သူမ ထိုခြံထဲက လူတွေပြောသည်ကို ပြန်စဥ်းစားမိသွားသည်။
ချူယောင်း အော်ရယ်သံကို လီဝေ သတိထားမိသွားသည်။ လီဝေ သူမကို တစ်ချက်ကြည့်ပြီး တရားမစွဲရန်သာ ဆုံးဖြတ်လိုက်သည်။
သူနှင့် ကျီရိုဆက်ဆံရေးက မဆိုးလှပါ။ မဟုတ်လျှင် သူတို့ တတိယမြောက်ကလေး ယူဖြစ်ကြမည် မဟုတ်ပေ။ သို့သော် သူက သူ့သဘောဆန္ဒဟူ၍ မရှိ။ လူတိုင်းစကားကို နားထောင်သည်။
သူ့မိဘစကားလည်း အပါအဝင်ဖြစ်၍ သူ သူ့အမေစကားကို ဒီနေ့ နားထောင်လိုက်၍ဖြစ်သည်။ ကလေးတစ်ယောက် မွေးရန်အတွက်နှင့် ဆေးရုံသွားရန်မလိုဟု သူ့အမေက သူ့ကို ပြောသည်။ သူမလည်း ကလေးအများကြီး မွေးပြီး တစ်ခါမှ ဆေးရုံမသွားပေမယ့် အဆင်ပြေသည့်အကြောင်းလည်း ထပ်ပြောသည်။
ထို့အပြင် ကျီရိုအတွက်ကလည်း ပထမကလေးမဟုတ်ပါ။ ပထမကလေးသာ အန္တရာယ်များသည်ဟု လူတွေကပြောကြသည်ကိုလည်း ကြားဖူးပြီး သူ့အမေက သူ့ထက် အတွေ့အကြုံပိုရှိသဖြင့် လီဝေ သူ့အမေစကားကိုသာ ယုံရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ကျီရိုက တစ်ညလုံး ဒီအတိုင်းနေလိုက်ရပြီး တစ်ခုခုမှားနေသည်ဟု ခံစားမိပြီး လီဝေကို သူမအား ဆေးရုံခေါ်သွားပေးရန် တောင်းပန်ခဲ့သည်။ ပထမက လီဝေ သူ့အမေ မကျေနပ်မည်ကိုစိုးရိမ်၍ အချိန်ထပ်ဆွဲလိုက်ပြီး နောက်သူမ တကယ် လုံးဝမပြေတော့သည်ကို မြင်မှ သူမကို ဆေးရုံကိုပို့ပေးခြင်းဖြစ်သည်။
ဆေးရုံရောက်သောအခါ ကျီရို အခြေအနေမကောင်းပါ။ ဆရာဝန်က ကလေးကို ကယ်မလား လူကြီးကို ကယ်မလား ဟုမေးသောအခါ လီအဒေါ်က ကလေးကို ကယ်ပါဟု ပြောလိုက်သည်။ လီဝေ မဟုတ်ဘူး အမေကို ကယ်ပေးပါဟု တကယ် ပြောချင်ပေမယ့် သူ မပြောနိုင်ခဲ့ချေ။
ရဲစခန်းမှ ရဲများ သူတို့ကိုပြန်လွှတ်ရန် အချိန်သိပ်မကြာပါ။ ချူယောင်း သူတို့မျက်နှာကို မမြင်ချင်ပေ။ စက်ဆုတ်ဖွယ်ကောင်းသည်ဟု အမြဲခံစားရသည်။
သူတို့ ကျီရိုကို ကောင်းကောင်းမြှုပ်နှံပေးမည်ကိုသိ၍ သူမစိတ်အေးသွားသည်။ ကျီရိုလည်း သေလူဖြစ်၍ သူတို့မကြိုက်ပေမယ့်လည်း အပေါ်ယံတော့ ကောင်းကောင်း လုပ်ပေးမည်ဖြစ်၍ သူမ အိမ်သာပြန်လိုက်တော့သည်။
သူမ လမ်းလျှောက်ပြန်ရင်း သူတို့၂ယောက်စတွေ့စဥ်က ကျီရိုက အလွန်နွေးထွေးသည်။ ကျီရိုက ဒီကမ္ဘာတွင် သူမကို အရင်ဂရုစိုက်ပေးသော ပထမဆုံးလူဖြစ်သည်။