← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

ချူယောင်း ကျီရိုဆုံးသည်ကို မဖြစ်စေချင်ပေမယ့်လည်းသူမ အခုဘာမှမတတ်နိုင်တော့ပါ။ သူမ အိမ်ကိုတစ်ယောက်တည်း လမ်းလျှောက်ပြန်ခဲ့သည်။ သူမမျက်လုံးထဲ မျက်ရည်များနှင့် လမ်းကိုပင် သေချာမမြင်နိုင်တော့ပေ။

ချူယောင်း အတွေးထဲ ဟာလာဟင်းလင်းဖြစ်နေပြီး လူ‌တစ်ယောက်က အကောင်းကြီး‌ကနေ ဆုံးပါးသွားသည်ကို မယုံနိုင်သေးချေ။

ချူယောင်း အိမ်ပြန်ရောက်ပြီး အိပ်ရာထဲတွင် လဲလျောင်းကာ မလှုပ်ချင်တော့ပေယး သူမ ဒီဘက်ခေတ်ကို ဘယ်လောက်ကြာကြာရောက်လာပြီး ကျီရိုက သူမပေါ် အရမ်းကောင်းခဲ့သည့်အကြောင်းများ ပြန်တွေးမိနေသည်။

အဖွဲ့ခေါင်းဆောင်အိမ်နှင့် ဝမ်အဒေါ်အိမ်မှာ သူမအပေါ်ကောင်းသော်လည်း သူတို့က အိမ်နီးချင်းများသာဖြစ်သည်။ သူတို့က ပိုဖော်ရွေပြီး သူမကို ကူညီချင်ရုံသာ။

ချူယောင်း မျက်ရည်များကို သုတ်လိုက်သည်။ ကျီရိုနှင့် သိသည်က မကြာသေး‌သော်လည်း သူမ ဒီခေတ်နှင့်အစိမ်းသက်သက်ဖြစ်နေချိန်တွင် တစ်ယောက်ယောက်က သူမကို ကြင်နာ၍ ထိုသူက သူမအတွက် အလွန်အရေးပါသည်ဟု သူမမှတ်ယူမိသည်။

ချူယောင်း အခုခေတ်ရောက်ပြီး သူမကြုံခဲ့ရသည်များကို တွေးရင်း မှေးခနဲ အိပ်ပျော်သွားရာ အိမ်တံခါးကို တစ်ယောက်ယောက်လာခေါက်မှ လန့်နိုးသွားသည်။

တံခါးအပြင်တွင် ရပ်နေသူမှာ အဖွဲ့ခေါင်းဆောင်၏ အကြီးဆုံးသားဖြစ်သည်။ ချူယောင်းတံခါးဖွင့်လိုက်သည်နှင့် အဖွဲ့ခေါင်းဆောင်၏အကြီးဆုံးသား သူ့ဘာသာစကားစလာသည်။ "မနေ့က ကျီရို ဆုံးတယ်လို့ ကျွန်တော်ကြားတယ်" ချူယောင်း ခေါင်းသာညိတ်လိုက်သည်။

အဖွဲ့ခေါင်းဆောင်၏ အကြီးဆုံးသား ဆက်ပြောလိုက်သည်။ "မရီး အစ်ကိုနန်ဖုန်းကို မြန်မြန်ပြန်လာဖို့ ပြောလိုက်ဦး"

ထိုအခါမှ ချူယောင်း ကျီနန်ဖုန်းရှိသည်ကို သတိရသွားသည်။ သူမခေါင်းထပ်ငြိမ့်ပြီး ပြန်ဖြေလိုက်သည်။ "အစ်မ သူ့ကို ဆက်သွယ်လိုက်မယ်"

အဖွဲ့ခေါင်းဆောင်၏ အကြီးဆုံးသား မပြန်ခင် သူလည်း ထပ်တူဝမ်းနည်းကြောင်း ပြောသွားသည်။

အဖွဲ့ခေါင်းဆောင်၏ အကြီးဆုံးသား ပြန်မှ ချူယောင်း ကျီနန်ဖုန်းစစ်တပ်ထဲ မသွားခင်က မူလပိုင်ရှင် သူ့ကို မဆက်သွယ်နိုင်မည်ကိုစိုးရိမ်၍ မူလပိုင်ရှင်အတွက် သီးသန့်ထားပေးခဲ့သော ဆက်သွယ်ရမည့်အချက်အလက်ကို ရှာတွေ့ခဲ့သည်။

ချူယောင်းလည်း သူမအိမ်ပြောင်းစဥ်က သူမနှင့် တစ်ပါတည်းယူခဲ့သည်။ သူတို့က ခင်ပွန်းနှင့် ဇနီးဖြစ်၍ တစ်သက်လုံး မဆက်သွယ်ဘဲ နေ၍မရပေ။ သူမ မည်သို့ဖြေရှင်းရမည်ကိုသာ စိုးရိမ်သည်။

စာရွက်ကိုကိုင်ပြီး ချူယောင်း အဖွဲ့ခေါင်းဆောင်အိမ်မှ စက်ဘီးငှားကာ မြို့သို့ သွားလိုက်သည်။ သူမ တယ်လီဖုန်းရုံသို့ ရောက်‌သောအခါ လူများထူထပ်နေကာ အစဥ်လိုက်တန်းစီထားသည်ကို တွေ့လိုက်သည်။

သူမ တစ်ခြားနေရာတွင် ဖုန်းခေါ်၍ ရ မရကို မသိပါ။ထို့‌ကြောင့် အခု သူမ တန်းစီ၍သာစောင့်လိုက်သည်။ သူမက အနောက်တွင် ဖြစ်ပြီး သူမရှေ့မှ လူများအားလုံး ‌အရေးကြီးသည့်လူများကိုသာ ခေါ်သည့်ပုံပေါ်၍ သူတို့ စကားများများစားစားမပြောကြ။

သူမ သည်းခံပြီး သူမအလှည့်ကို စောင့်လိုက်သည်။ သူမအလှည့် ရောက်သောအခါ စာရွက်ထဲကနံပါတ်အတိုင်း သူမ ခေါ်လိုက်သည်။

"ဟယ်လို၊ ကျွန်မ ကျီနန်ဖုန်းကို ရှာတာပါ"

တစ်ခြားတစ်ဖက်က ခဏမျှ‌ကြောင်သွားပြီး ပြန်ဖြေလိုက်သည်။ "ကျီနန်ဖုန်းနဲ့ ဘယ်လို တော်လဲ ခင်ဗျ" တစ်ဖက်အသံမှာ ယောင်္ကျားအသံဖြစ်သည်။

"ကျွန်မက သူ့ဇနီးပါ" ချူယောင်း ပြန်ဖြေပြီး နည်းနည်းတော့ မသက်မသာဖြစ်သည်။ အတိအကျပြောရလျှင် သူမ ကျီနန်ဖုန်းမျက်နှာကို မမြင်ဖူးပါ။ မူလပိုင်ရှင်မှတ်‌ဉာဏ်ထဲတွင်လည်း ကျီနန်ဖုန်းက ဝေဝါးနေသည်။

"ဟုတ်ကဲ့ပါခင်ဗျ။ ကျီခေါင်းဆောင်က စစ်ဆင်ရေးတစ်ခုသွားပါတယ်။ ဘာကိစ္စရှိပါလို့လဲခင်ဗျ? ကျီခေါင်းဆောင် ပြန်လာရင် ကျွန်တော်ပြန်ပြောလိုက်ပါ့မယ်"

"တစ်ခြားနည်းလမ်းနဲ့ သူ့ကိုဆက်သွယ်လို့ရသေးလား? သူ့အစ်မဆုံးသွားလို့။ မင်း သူ့ကို ပြောနိုင်မလား?" ချူယောင်း အလျင်လိုစွာပြောလိုက်သည်။

တစ်ဖက်က အမျိုးသားက ခဏတုံ့ဆိုင်းပြီးနောက် ပြန်ဖြေလိုက်သည်။ " ကျွန်တော် တတ်နိုင်သလောက် မြန်မြန်ပြန်ဆက်သွယ်‌ပေးပါ့မယ်"

"ကျေးဇူးအများကြီးတင်ပါတယ်။ ကျေး‌ဇူးပြုပြီး မြန်မြန် ပြန်ဆက်သွယ်‌ပေးပါ" ချူယောင်း သူ့ကို မြန်မြန်ပြောပေးဖို့ ထပ်ပြောချင်ပေမယ့် ဒီလိုကိစ္စဖြင့် သူတို့ အလုပ်ရှုပ်မခံလောက်၍ ထပ်မပြောဖြစ်တော့။

ချူယောင်း ဖုန်းကိုချလိုက်ပြီး သူမ ကျီနန်ဖုန်းပြန်လာမည်ဟုတော့ မထင်ပေ။ သူမ လီမိသားစုကို ကြည့်မရပေမယ့် ကျီရိုကို နောက်ဆုံးမြင်ချင်သေးသဖြင့် ‌သူမ ဆေးရုံသို့ တစ်ယောက်တည်း သွားလိုက်သည်။

သူနာပြုဆရာမက အလောင်းကို အိမ်ပြန်သယ်သွားသည်မှာ ကြာပြီဟု ‌ပြောသဖြင့် သူမလည်း ဆေးရုံမှာ ဆက်မနေတော့ဘဲ လီအိမ်သို့ လိုက်သွားကြည့်လိုက်သည်။

All Chapters