← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

ကျီရို့အသုဘနေ့တွင် ချူယောင်း သွားလိုက်သည်။ သူမအိမ်ပြန်ရောက်ပြီး ဘဝကို ‌ကောင်းကောင်းမွန်မွန်နေရန် ဆုံးဖြတ်လိုက်သည်။ သူမမှာ တစ်ခြားရွေးချယ်စရာမရှိပေ။ သူမအားလျှင်သာ ကျီရို့သမီး၂ယောက်ကို သွားကြည့်ရန် တွေးလိုက်သည်။

ချူယောင်း မနက်စောစောအလုပ်သွား၊ နောက်ကျမှ ပြန်နှင့် လယ်အလုပ်သမားဘဝကို စတင်လိုက်သည်။ လီဝေ သူမဆီ ရောက်လာသောအခါ သူမ၏တိတ်‌ဆိတ်သောဘဝက ရပ်တန့်သွားသည်။

သူ သူမကို ဘာလုပ်ခိုင်းမလို့လဲဟု ချူယောင်း တွေးတောမိသည်။ သူ့ကို ရိုက်ပေးဖို့ သူမကို တောင်းဆိုမလို့များလား?

လီဝေ သူမဆီ စက်ဘီးစီး၍ ရောက်လာခြင်းဖြစ်သည်။ သူ့တစ်ကိုယ်လုံး ချွေးအပြည့်နှင့်ဖြစ်ပြီး ချူယောင်းကို ဖျော့တော့သောမျက်နှာနှင့် ကြည့်သည်။ ရွာမှလူများကြောက်လန့်သွားပြီး မြန်မြန်ပြောကြသည်။

"ချူယောင်း နင့်ခဲအို နင့်ကို အရေးတကြီးပြောစရာရှိလို့နေမယ်" ချူယောင်း သူမ၏ တူမ၂ယောက် တစ်ခုခုဖြစ်သည်ဟု စိုးရိမ်မိသွား၍ လီဝေကို မေးလိုက်သည်။"ဘာကိစ္စရှိလို့လဲ?" သူမ လီဝေကိုတော့ ကြည့်မရပါ။

"မင်း ငါ့သားကိုမြင်မိလား?" လီဝေ ပါးစပ်ဖွင့်သည်နှင့် ထိုသို့‌ပြောသည်။

ချူယောင်း သူဘာပြောသည်ကို နားမလည်ပါ။ " ကျွန်မ ရှင့်သား ဘယ်မှာရှိလဲဆိုတာ မသိဘူး"

"ငါ ဆေးရုံမှာ ရှိတဲ့နေ့တုန်းက ကလေးပျောက်သွားတာ။ မင်းမြင်မိသေးလား?" လီဝေ သူ့ဇနီး အသက်စွန့်၍ ခက်ခဲစွာမွေးထားရသောကလေးက ဒီလိုပျောက်သွားသည်ကို ယူကြုံးမရ။

"ကျွန်မ မမြင်မိဘူး။ ကျွန်မက ဘာလို့သိရမှာလဲ?" ချူယောင်း ထိုကလေးကို သတိမထားမိ၍ မမှတ်မိပါ။

လီဝေ ထိုသို့ကြားလိုက်ရ၍ သူ့ကမ္ဘာကြီးမှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ သူ မြေကြီးပေါ်ထိုင်ချကာ ‌ခေါင်းကို လက်ပေါ်တင်ပြီး ဆက်တိုက် ရေရွတ်နေလေသည်။ "ကလေးက ဘယ်ရောက်သွားတာလဲ? ငါ့ဇနီးကို အရမ်းအားနာတယ်"

"ငါ့ကလေး....ငါ့ကလေး" လီဝေတကယ်ယူကြုံးမရဖြစ်နေသည်။

"ရှင် ဘယ်အချိန်မှာ စပျောက်လဲဆိုတာ ကျွန်မကိုပြော။ ဘယ်နေရာမှာ ပျောက်တာလဲ?" ချူယောင်း သူ့အင်္ကျီကော်လံကို ဆွဲရင်း သေချာရှင်းပြရန် မေးလိုက်သည်။

လီဝေ သူ့မျက်ရည်များကို သုတ်လိုက်ပြီး "မနေ့ကပျောက်သွားတာ။ အမေ လမ်းလျှောက်ထွက်ရင်း ကလေးကို ခေါ်သွားတယ်။ ပြန်လာတော့ ကလေးပျောက်သွားတာ"

အဒေါ်တစ်ယောက်က မနေနိုင်ဘဲ မာန်လိုက်သည်။ "ကလေးက မွေးထားတာ ရက်ပိုင်းပဲရှိသေးတာကို အပြင်သွားတာ ခေါ်သွားစရာလား!!?"

တစ်လပင် မပြည့်သေးသော ကလေးများကို အပြင်ခေါ်မသွားသင့်ပါ။ ပူသောနေ့ဆိုလျှင် ကလေးအပူမိမှာစိုးရိမ်ရသည်။

လီဝေ ထိုစကားကိုကြားလိုက်သည့်အခါ ဘာပြန်ဖြေရမှန်းမသိတော့ပေ။ " ကျွန်တော်....ကျွန်တော့်အမေ...."

အချိန်အကြာကြီး ရေရွတ်နေ‌သော်လည်း သူ့ဆီက စကားတစ်ခွန်းမှ ထွက်မလာချေ။ ကလေးမနေ့က ပျောက်သွားသည်ဖြစ်၍ သူ့အမေ အလွန်စိတ်ပူကာ တစ်ညလုံးငိုနေလေသည်။ ကျီရိုနှင့် ချူယောင်းဆက်ဆံရေးကောင်းသည့်အကြောင်း သူ့‌အမေဆီက ကြားသဖြင့် သူ ဒီကို မနက်စောစောထွက်လာခြင်းဖြစ်သည်။

အရင်တစ်ခါ ချူယောင်း သူ့ကို ရိုက်သည်မှာ ကျီရိုအတွက် ကလဲ့စားချေခြင်းဖြစ်မည်ဟု သူတွေးလိုက်ပြီး အခုလည်း သူတို့က ကလေးကို ကောင်းကောင်းစောင့်မရှောက်နိုင်ဘူးဟု ထင်၍ ချူယောင်း ကလေးကို ခေါ်သွားခြင်းဖြစ်မည်ဟု ‌စဥ်းစားလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် မနက်စောစော ရောက်လာခြင်းဖြစ်ပေမယ့် ကလေးက ဒီမှာလည်း မရှိကြောင်း သူ မထင်မှတ်ထားပါ။

လီဝေက ရွာသားများဝေဖန်ကြသည်ကို ကြောင်တောင်တောင်နှင့် သူ မကြားရသလိုလုပ်နေသည်။

သူ နောက်ဘဝတွင် ဘယ်လိုမျက်နှာနှင့် ကျီရိုကို ရင်ဆိုင်ရမည်ကို မသိပါ။ သူ ဆေးရုံတွင် ချူယောင်းရိုက်သည်ကို ခံရသော်လည်း သူ ဂရုမစိုက်ပါ။ အကြောင်းမှာ ချူယောင်းက ကျီရိုအချစ်ရဆုံးမောင်၏ဇနီးဖြစ်သောကြောင့်ဖြစ်သည်။

အခု သူ သူ့ကလေးကိုလည်း ဆုံးရှုံးလိုက်ရသည်။ ကောင်းကင်က ပြိုလဲကျနေသည်ဟု ခံစားရသည်။ သို့သော်လည်း သူ သူ့အမေကို အပြစ်မတင်နိုင်ပါ။ သူ့အမေမှာ သူ့ကို ကြီးပြင်းသည်ထိ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

"မင်းအမေက တကယ့်ကို အားမကိုးရတာဘဲ။ ဘယ်လိုဖြစ်ပြီး ဒီလို လုပ်ရတာလဲ?" အမျိုးသမီးများသာ ဝေဖန်ကြသည်မဟုတ် အမျိုးသားများလည်း အခုကိစ္စက လူမဆန်ဟု ခံစားရသည်။

"ကျွန်တော် ဘာလုပ်ရမယ်မသိဘူး။ ခင်ဗျားတို့ရော ကျွန်တော့်ကလေးကို မြင်လိုက်ကြသေးလား?" လီဝေ အော်ငိုနေလေသည်။

ရွာသားများ မြန်မြန်ပြောလိုက်သည်။ "ဒါဆိုလည်း မြန်မြန် ကလေးကို သွားရှာလေ။ ဒီမှာငိုနေတော့ ဘာအသုံးဝင်မှာလဲ?"

"ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်တော်တို့ မြန်မြန် ကလေးကို ရှာရမယ်" လီဝေ ရွာသားများကိုခေါ်၍ ကလေးကို တူတူသွားရှာလိုက်သည်။

ချူယောင်း သူတို့နှင့် ရောယောင်လိုက်မသွားပါ။ အခုအရေးအကြီးဆုံးမှာ သူမ ကလေး ဘယ်လိုပျောက်သွားသည်ကို မသိပါ။

သူမ လီအဒေါ်ကို သွားရှာရန် တွေးလိုက်သည်။ ထို့‌ကြောင့် သူမ အဖွဲ့ခေါင်းဆောင်အိမ်မှ စက်ဘီးငှားလိုက်ပြီး မြို့သို့သွားလိုက်သည်။

All Chapters