Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

ချူယောင်း လီအိမ်ရောက်‌သောအခါ လီအ‌ဒေါ်က သူမအခန်းထဲ လူတိုင်းကို ငိုပြနေသည်ကို တွေ့လိုက်ရသည်။

"ကျွန်မ ကလေးကို စွန့်ပစ်ချင်တဲ့ သဘောမျိုးမဟုတ်ပါဘူး။ ကျွန်မ တကယ့်ကို ဘာဖြစ်သွားမှန်းမသိတာပါ" လီအဒေါ် ပြောပြီးနောက် မျက်ရည်များ သုတ်လိုက်ပြန်သည်။

ဘေးတွင် ထိုင်နေသောသူများက လီအဒေါ်ကို သာမန်အချိန်တွေလိုသာ ပုံမှန်အတိုင်းကြည့်ရင်း ပြောလိုက်သည်။ "ငါတို့လည်း နင့်ကို အပြစ်မတင်နိုင်ပါဘူး"

"ဒါပေမယ့် ငါ့ဒုတိယမြောက်ကလေးက ငါ့ကို အပြစ်တင်တယ်" လီအဒေါ် သူမကိုယ်သူမ ရိုးသားသည့်ပုံလုပ််နေသည်။

ချူယောင်း တံခါးတွင် ရပ်နေရာ ဆက်နားမထောင်နိုင်တော့သဖြင့် သူမ တံခါးကို ဖွင့်လိုက်သည်။ အခန်းထဲက လူများ သူမကို ဝိုင်းကြည့်ကြသည်။

"မြန်မြန်ထပြီး အိမ်ပြန်တော့" ချူယောင်း ထိုတစ်ကြောင်းတည်းသာ ပြောလိုက်သည်။ ထိုလူများ အ‌ရင်တစ်ခါ သူမပုံစံကိုမြင်ဖူး၍ "ငါ အိမ်မှာ ဟင်းချက်ရဦးမည်"ဟု မြန်မြန်ပြောကာ ထွက်သွားကြလေသည်။

တစ်ယောက်ထွက်ပြီး နောက်တစ်ယောက် ထွက်သွားကြရာ နောက်ဆုံးအခန်းထဲတွင် လီအဒေါ်သာ ကျန်တော့သည်။ ထိုအိမ်နီးချင်းများထက် ချူယောင်းမည်မျှအားကြီးသည်ကို သူမ ပိုသိသည်။

နောက်ဆုံးအကြိမ်က ချူယောင်း သူမသားကို ဆေးရုံတွင် ရိုက်လိုက်သည်မှာ သူမသား ကောင်းကောင်းမလှုပ်နိုင်တော့သဖြင့် လီအဒေါ် သူမကိုမြင်သောအခါ ကြောက်လန့်သွားသည်။

"ကျွန်မ အဒေါ့်ကို မေးစရာရှိလို့ ဒီကိုလာတာ။ အဒေါ် အမှန်အတိုင်းဖြေပေးဖိို့ ကျွန်မ မျှော်လင့်ပါတယ်။ မဖြေဘူးဆိုရင်...."ချူယောင်းပြောရင်း ရယ်လိုက်သည်။ လီအဒေါ့်အတွက် ထိုအသံက အန္တရာယ်အပြည့်နှင့်ဖြစ်သည်။

"မေးလေ...."လီအဒေါ် ချူယောင်းကို ‌ကြောက်လန့်တကြားကြည့်လိုက်သည်။

ချူယောင်း ပြုံးပြလိုက်ပြီး "အဒေါ် ကလေးကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပျောက်သွားတာလဲ?"

လီအဒေါ် ချူယောင်း သူမကို ဤအ‌ကြောင်းမေးမည်ကို စဥ်းစားမိ‌သော်လည်း သူမ ချူယောင်းကိုကြောက်၍ အမှန်အတိုင်းပြောပြရန်ဝန်လေးသည်။

"အဲ့‌ဒီနေ့က အဒေါ် ကလေးကိုခေါ်ပြီး နေပူစာသွားလှုံတာ" အမှန်မှာ လီအဒေါ် ကလေးကို ကြွားချင်၍ ဖြစ်သည်။

ဤမြေးလေးမှာ မွေးကတည်းက နို့ရောင်လေးဖြစ်ပြီး နီနီရဲရဲ အရေပြားများတွန့်နေသည့် တစ်ခြားမွေးကင်းစကလေးများနှင့် မတူပါ။ ပြီးတော့ မွေးသည့်နေ့ပင် မျက်လုံးဖွင့်နိုင်သည်။ ထက်မြက်‌သောကလေး‌ဖြစ်၍ သူမ အပြင်ထုတ်ပြီး ကြွားသင့်သည်ဟု ခံစားရသည်။

မထင်မှတ်ထားသည်က ကလေးကို ကြွားရန်အပြင်ခေါ်သွားပြီးနောက် သူမဗိုက် မအီမသာဖြစ်လာခြင်းဖြစ်သည်။ သူမအသက်ကြီးလာပြီးနောက် မကြာခဏဗိုက်မသက်မသာ ဖြစ်လေ့ရှိသည်။

သူမ ဤနေရာတွင် အိမ်သာမသွားရဲပါ။ ထို့ကြောင့် ကလေးကို အိမ်ပြန်ခေါ်ရန်ပြင်လိုက်စဥ် သူမ ဆက်ထိန်းမထားနိုင်တော့ပေ။

လီအဒေါ်ပုံစံကို လူအများမြင်သွား၍ ကြင်နာတတ်သော လူတစ်ယောက်ကပြောလိုက်သည်။ "အမျိုးသမီးကြီး။ ခင်‌ဗျား အိမ်သာသွားချင်သွားလေ။ ကျွန်တော်တို့ ကလေးကို ခဏကြည့်ထားလိုက်ပါ့မယ်" လူတိုင်း တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြောလိုက်သည်။

လီအဒေါ် ဒီနားတွင်နေသော လူများကို အကြိမ်ပေါင်းများစွာ တွေ့ဖူးသည်။ ခဏတုံ့ဆိုင်းပြီးနောက် လီအဒေါ် ကလေးကို သူတို့ဆီ ခဏအပ်ထားလိုက်ပြီး အများသုံးအိမ်သာသွား၍ ပြန်လာသောအခါ ကလေးပျောက်သွားခြင်းဖြစ်သည်။

လီအဒေါ် အရမ်းစိတ်ပူသွားပြီး ချက်ချင်း ထိုလူများကို အလျှင်အမြန် ပြေး၍ ရှာလိုက်သည်။ သူတို့ လီအဒေါ်ကို တွေ့‌သောအခါ အကြောင်းအရာ တစ်မျိုးတည်းကိုသာ ပြောကြသည်။ "ကလေးက အဒေါ့်သား ခေါ်သွားတာမဟုတ်ဘူးလား?"

သူတို့အချင်းချင်း ပန်းခြံတွင်တွေ့ဖူး၍သာ သိကြသည်ဖြစ်၍ လီအဒေါ်၏ သားကို တကယ် မသိကြပါ။ ထိုလူက ကလေးနာမည်၊ လီအဒေါ်နာမည်၊ သူတို့ ဘယ်မှာနေသည်နှင့် အ‌ကြောင်းအရာများပြောပြ၍ သူတို့ ကလေးကို ထိုလူလက်ထဲ ပေးလိုက်ခြင်းဖြစ်သည်။

လီအဒေါ် ချက်ချင်းထိတ်လန့်သွားပြီး အိမ်သို့ အမြန်ပြန်လိုက်သည်။ လီဝေ အိမ်ပြန်ရော‌က်နေပြီဖြစ်သည်။ လီအဒေါ် အိမ်ကို လက်ဗလာနှင့် ပြန်လာ၍ လီဝေ သူ့ကလေးအကြောင်း မေးလိုက်သည်။ လီအဒေါ် ပြန်မဖြေရဲပေ။

နောက် လီဝေ သဘောပေါက်သွား၍ သူတို့၂ယောက် သွားရှာပေမယ့် ထိုလူများပြောသော ကလေးခေါ်သွားသည့်လူကို အသာထား၊ ကလေးကိုပင် ရှာမတွေ့ခဲ့ချေ။