← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

လီဝေက ဒီနေ့ တစ်နေ့လုံး လိုက်ရှာနေပြီး လီအဒေါ်က ဒီအတိုင်း ထိုင်နေခြင်း‌ဖြစ်သည်။

"ဆက်ပြော" ချူယောင်း မည်သည့်အမူအရာကိုမျှ မပြ။ အခန်းကိုသာ ကြည့်လိုက်သည်။ ဧည့်ခန်းဖြစ်ပြီး ဆိုဖာအသေးတစ်ခုရှိသည်။ ဘေးတွင် ထမင်းစားပွဲနှင့် ‌ဘီဒိုများဖြစ်သည်။ ဘီဒိုတစ်ခုပေါ်တွင် ကျီရို၏ကမ္ဗည်းတိုင်ဖြစ်သည်။

"အဲ့ဒါပြီးတော့ အဒေါ် ပန်းခြံသွားပြီး.....ကလေးကို ပျောက်သွားတာ" လီ‌အဒေါ် ခဲယဥ်းလှစွာ ပြောလိုက်သည်။

"ဘာလို့ပျောက်သွားတာလဲ? အဒေါ်က အရင်က ပြောတတ်ပါတယ်။ အခုဘာလို့သေချာမပြောတာလဲ?" ချူယောင်း အသံမြှင့်လိုက်ပြီး သူမကို ခြောက်လိုက်သည်။

"အဒေါ် ဘယ်လိုပျောက်သွားမှန်းမသိဘူး.."လီအဒေါ် အမှန်အတိုင်း အကုန်မပြောရဲပါ။

ချူယောင်းလည်း သူမဒီလို ဆက်မေးနေ၍ မရမှန်းသိလိုက်သည်။ ထိုင်ခုံမှ ထလိုက်ကာ ထိုင်ခုံကို အဝေးသို့ပစ်လိုက်သည်။ ထိုင်ခုံမှာ ကြမ်းပြင်ပေါ်သို့ ကျ၍ တစ်စစီ ဖြစ်သွားသည်။

"အဒေါ် ပြောမှာလား"ချူယောင်း လီအဒေါ်ကို ကြည့်လိုက်သည်။

ထိုအခါမှ လီအဒေါ် ဘာဖြစ်ခဲ့သည်ကို သေချာပြောတော့သည်။

ချူယောင်း ဖြစ်ပျက်ခဲ့ပုံကိုကြား၍ ဘာမှမပြောတော့ပေ။ သူမ ဘီဒိုပေါ်က ကမ္ဗည်းတိုင်ကို ကြည့်၍ ညီမ အစ်မကို မကယ်နိုင်ခဲ့ပေမယ့် အစ်မကလေးကိုတော့ ပြန်ရှာပေးနိုင်ချင်တယ်ဟု ရေရွတ်လိုက်သည်။

ချူယောင်း သူမ ပစ္စည်းများကိုသာယူပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။

ထိုအခါမှ လီအဒေါ် သက်ပြင်းချရဲတော့သည်။ သူမ ကျီရိုပုံကိုကြည့်လိုက်ရင်း အော်ပြောနေလေသည်။"အဲ့ဒါ နင့်အမှား။ သေသွားတာတောင် ကလေးကို ကောင်းချီးပေးရကောင်းမှန်းမသိဘူး" ပြောပြီး လီအဒေါ် ခုံအကျိုးကို သိမ်းရန် ထလိုက်စဥ် မတော်တဆချော်လဲကာ ပြန်ထမရတော့ပေ။

ချူယောင်း လီအိမ်မှ ထွက်လာပြီးနောက် သူမ လီအဒေါ်ပြောသောလူများ၏ အိမ်သို့သွားလိုက်သည်။ ပထမအိမ်ရောက်သောအခါ အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ယောက် လက်ထဲတွင် မြေးဟုထင်ရသောကလေးကို ချီထားသည်။

"မင်္ဂလာပါ။ သမီး မနေ့က အဒေါ် ကလေးတစ်ယောက်နဲ့အမျိုးသမီးကြီးကို တွေ့သေးလား?"ဟု တံခါးဖွင့်သည်နှင့် ချူယောင်းတစ်ခါတည်း မေးလိုက်သည်။

ထိုအဒေါ် ခေါင်းငြိမ့်လိုက်ပြီး "ကလေးအကြောင်းမေးဖို့ရောက်လာတာလား"ဟု မေးလိုက်သည်။

ချူယောင်း ဟုတ်‌‌ကြောင်းဖြေ၍ ထိုအဒေါ် သူမမြင်ခဲ့သည်ကို ပြန်ပြောလိုက်သည်။ "အဲ့ဒီအမျိုးသမီးအိမ်သာသွားတော့ သူ့သားလို့ခေါ်တဲ့သူ ရောက်လာတယ်။ အဒေါ်တို့က သူ့သားကို မသိပေမယ့် သူပြောတာတွေက မှန်လို့ သူ့ကို ကလေးပေးလိုက်တာ" သူမ အနည်းငယ်အပြစ်ရှိသလိုခံစားရသည်။ ကလေးတွေ အခိုးခံရသည်ကိုကြားပေမယ့် မကြုံဖူးခဲ့၍ မထင်ထားခြင်းဖြစ်သည်။

"ဒါဆို အဲ့ဒီအမျိုးသား ဘယ်လိုပုံစံရှိတယ်ဆိုတာ အဒေါ်သိလား?"ချူယောင်း စျေးမှ ဝယ်လာသော စာရွက်နှင့် ဘောပင်ကို ထုတ်လိုက်သည်။

"ထိုလူက တွေ့နေကြမျက်နှာပုံစံနဲ့ပဲ။ နှုတ်ခမ်းမွေးနဲ့ ပြီးတော့ နည်းနည်းအသားမည်းတယ် မျက်ရစ်ကတော့တစ်ခုတည်းပါတယ်" ထိုအဒေါ် အချိန်အကြာကြီးစဥ်းစားပြီးနောက် ထိုအမျိုးသားပုံစံကို‌ပြောလိုက်သည်။

ချူယောင်း ပထမအိမ်မှထွက်ပြီးနောက် တစ်ခြားအိမ်တွေသို့ ဆက်သွားလိုက်သည်။ တစ်ခြားအိမ်တွေလည်း ထိုလူ့ပုံစံကို မှတ်မိသလောက်ပြောကြသည်။

ချူယောင်း သက်သေကိုယူပြီးနောက် ရဲစခန်းသို့ သွားလိုက်သည်။ ရဲတစ်ယောက်က ထိုအမှုကို စစ်ဆေးနေ၍ ချူယောင်း သူ့ကို သက်သေအပ်လိုက်သည်။

သူမ ဘူတာရုံသို့ တစ်ချက်သွားကြည့်ရန်လည်း တွေးထားသည်။ ကလေးပြန်ပေးဆွဲမှုဖြစ်၍ ကလေးကို အဝေးသို့ခေါ်သွားမည်မှာ သေချာသည်။ ညတွင်းချင်း ထွက်သွားသည်လားကိုတော့ သူမ မသိပေ။

ချူယောင်း ရှာရန်အခက်ဆုံးမှာ သူမ ကလေးရုပ်ကို မသိခြင်းဖြစ်သည်။ ကလေးက ရက်သားပဲရှိသေးသဖြင့် တစ်ရက်ပြီး တစ်ရက် ရုပ်ပြောင်း၍ သူမလည်း ကလေးကို ခဏသာမြင်ဖူးသည်။

သို့သော် ချူယောင်း ဘူတာသို့သွား၍ ကလေးချီထားသည့် သံသယဖြစ်ဖွယ်လူကို ရှာရန်စဥ်းစားထားသည်။

သူမ ဘူတာက ဝန်ထမ်းကို အရင်မေးကြည့်လိုက်သည်။ ဝန်ထမ်းက မမြင်ဖူးကြောင်း ဖြေသည်။

တစ်ချို့လူများက တိုက်ရိုက်ပင် ပြောသည်။ "ဘယ်သူက ဒီလို ကလေး‌ရက်သားလေးကို အပြင်ခေါ်မှာလဲ?"

ခရိုင်သို့ သွားသည့် ရထားတစ်စီးသာရှိသည်။ သူမလက်မှတ်ရုံသို့ သွား၍ တစ်နေ့လည်လုံးရှာပေမယ့် သံသယဖြစ်စရာ လူမတွေ့ပေ။ ချူယောင်းခရိုင်သို့ တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သွားကြည့်ပေမယ့်လည်း တစ်ယောက်မှမတွေ့ချေ။

သူမ ညဘက် ထွက်‌ပြေးမည်စိုးရိမ်၍ တစ်နေ့လုံး တစ်ညလုံး ဘူတာတွင်စောင့်ကြည့်နေပေမယ့် ကလေးချီထားသည့်သူတစ်ယောက်မှ မတွေ့ခဲ့ချေ။

နောက်နေ့မနက် ချူယောင်း ရွာသို့ပြန်ခဲ့သည်။ ရွာသားများလည်း ကူရှာပေး၍ တစ်ရက်ကုန်သွားပြီး ရှာမတွေ့သဖြင့် သူတို့လည်း အလုပ်ပြန်လုပ်ကြသည်။

ချူယောင်းကို မြင်၍ သူတို့တစ်ယောက်ပြီးတစ်ယောက်ပြောကြသည်။ "ငါတို့ မကူညီတာမဟုတ်ပါဘူး။ တစ်နေကုန်ရှာပေမယ့် ငါတို့မတွေ့လို့"

"လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ကလေးပြန်ရှာတွေ့ရင် လူတိုင်းကို ကျေးဇူးတင်ကြောင်း လာပြောလှည့်ပါမယ်" ချူယောင်း သူမကိုယ်တိုင်တောင် ထိုလူ၏ ပုံစံကလွဲ၍ ဘာမှမသိသဖြင့် တစ်ခြားသူများကို အပြစ်မတင်ရဲပါ။ ပြီးတော့ ထိုလူက မိတ်ကပ်လိမ်းထားသည်ဖြစ်မည်။

ချူယောင်း အိမ်ပြန်လိုက်ပြီး ဘယ်မှာထပ်ရှာရမည်ကို မသိပါ။ ရဲစခန်းက သဲလွန်စများမြန်မြန်တွေ့၍ ရှာတွေ့နိုင်ရန်သာ မျှော်လင့်ရသည်။ သူမလည်း နောက်ရက်တွေ ဆက်တိုက်ရှာပေမယ့် မတွေ့သဖြင့် ကျီရိုအုတ်ဂူသို့သွား၍ ကျီရိုကို တောင်းပန်လိုက်သည်။

"ညီမ ကလေးကို မရှာနိုင်လို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ညီမသေချာပေါက် ကလေးကိုရှာတာ လက်လျှော့မှာ မဟုတ်ပါဘူး" ချူယောင်း အားနာမိသည်။

ရှာရသည်မှာ အလွန်ခက်သည်။ ဘူတာမှာမပြောနှင့် မြို့ထဲတွင်ပင် ရှာမရပေ။ ထိုကလေးပြန်ပေးဆွဲသွားသောလူက မိတ်ကပ်လိမ်းထား၍‌ တစ်ကြောင်း၊ ကလေးက အရမ်းငယ်သေးကာ ဓာတ်ပုံလည်းမရှိသဖြင့် မှတ်မိရန် နည်းလမ်းမရှိ။

"အစ်မမောင်ကလည်း ဖုန်းမဖြေဘူး။ သူဘယ်တော့‌ ဖုန်းဖြေနိုင်မလဲဆိုတာ ညီမ မသိဘူး" အနည်းဆုံးတော့ ကျီနန်ဖုန်းက ဒီမှာကြီးပျင်းခဲ့သည်ဖြစ်၍ သူက ဒီနေရာကို သူမထက် ပိုရင်းနှီးသည်ဖြစ်သည်။

သူမက ဒီနေရာနှင့် မရင်းနှီးပါ။ သူမ မိဘများဘက်နှင့်လည်း ဆက်ဆံရေးမှာ အဆင်မပြေပါ။

"ဒါပေမယ့် အစ်မစိတ်မပူပါနဲ့။ ညီမ ကလေးကို ရှာတွေ့တာနဲ့ အစ်မကို လာတွေ့ပါမယ်" ချူယောင်း သူမ ဒီရက်ပိုင်းမှ ကိုယ်အလေးချိန် ကျသွားသည်ဟု ခံစားရသည်။ သူမ ဝနေသည်မှ သိသိသာသာပိန်သွားသလို ခံစားလိုက်ရသည်။

ချူယောင်း ထွက်သွားတော့မည်ကြံစဥ် လီဝေကို တွေ့လိုက်သည်။ လီဝေ သူ့လက်ထဲ ပန်းစည်းတစ်စည်းကို ကိုင်ထားသည်။

လီဝေ ချူယောင်းကို တွေ့လိုက်သောအခါ အနည်းငယ်လန့်သွားသည်။ ချူယောင်းက သူ့ကို အရင်တစ်ခါက ပြင်းပြင်းထန်ထန်ရိုက်ထား၍ ဖြစ်သည်။ လီဝေ နှုတ်ခမ်းတွန့်သွားပြီး ပြောလိုက်သည်။ "မင်းလည်း ဒီရောက်နေတာပဲ"

"ကလေးကိစ္စက ဘယ်လိုလဲ?" ချူယောင်း သူ့ကို ဖော်ရွေဖို့ စိတ်ကူးမရှိပါ။ အခုအခြေအနေကိုသာ သိချင်သည်။

လီဝေ ခေါင်းခါလိုက်သည်။ "ခရိုင်တစ်ခုလုံး ရှာပေမယ့် သဲလွန်စတောင် မတွေ့ရဘူး"

"ဒါဆို ရှင်အခု ဘာလုပ်မှာလဲ? ကလေးကို ဘယ်လိုရှာမှာလဲ?" ချူယောင်းက မပုပါ ထို့အပြင် ဝသည်။ လီဝေ့အရှေ့တွင် သူမပုံစံက ရှည်လျားပြီး သန်မာသည့်ပုံပေါ်သည်။

"ငါလည်း ဘာလုပ်ရမယ် မသိဘူး"လီဝေ အလုပ်ပြန်မလုပ်သည်မှာ ကြာပြီဖြစ်သည်။ အိမ်တွင် လူကြီး ကလေးတွေ ရှိ‌သေးသည်။ သူ့သမီးများ၏ စိုးရိမ်နေ‌သောအမူအရာကြောင့် သူအားတင်းထားသင့်သည်ဟု တွေးလိုက်သည်။

ဖြစ်နိုင်လျှင် သူ ကျီရို့သဘောကိုလည်း မေးချင်သည်။ သို့သော် သူ အခု ချူယောင်းကိုသာ ထပ်တွေ့ပြန်သည် "မင်းသွားတော့။ အရင်တစ်ခါ မင်းငါ့ကို ရိုက်တုန်းက ငါ ကျီရိုမျက်နှာထောက်ပြီး သည်းခံလိုက်တာ။ နောက်တစ်ခါဆို ငါသည်းခံမှာမဟုတ်ဘူး"

ချူယောင်း လီဝေခြိမ်းခြောက်သည်ကိုကြားလိုက်သည်။ ချူယောင်း လီဝေ့ကို မကြောက်ပေမယ့် သူမကိုယ်တိုင်လည်း ပြသာနာ အများကြီးဖြစ်စေခဲ့သည်။ သူမ ကျီရိုကို မကယ်တင်နိုင်ခဲ့ပေ။ ကျီရိုကလေးကိုလည်း ပြန်ရှာမတွေ့သေးချေ။

ချူယောင်း ဒီသရဲဘောကြောင်သည့်သူကို ကြည့်လိုက်ပြီး မသွားခင် ရွဲ့၍ပြုံးလိုက်သည်။

All Chapters