အခန်း (၃၃)
Vol. 3 Ch. 33
ချူယောင်း နေရာလွတ်ကို ဝင်သွားလိုက်သည်။ အထဲတွင် သစ်တောတစ်ခုအပြင် မြေပြန့်လွင်ပြင်နှင့် စမ်းချောင်းတစ်ခုလည်းရှိသည်။
မြေပြန့်ကိုကြည့်ရင်း ချူယောင်း အတွေးတစ်ခုရသွားသည်။ ခြံထဲတွင် ပေါက်ပြားဟောင်းတစ်ခုရှိသည်ကို ချူယောင်း သတိရသွားသည်။ သုံး၍ရ မရတော့မသိ ချူယောင်း ပေါက်ပြားကို ထုတ်ကြည့်လိုက်ရာ ပေါက်ပြားမှာ အလွန်ဟောင်းနေပြီး သံချေးပင်တက်နေသည်။
ချူယောင်း ပေါက်ပြားသံချေးတက်လည်း ဂရုမစိုက်ပါ။ သူမ သံချေးကို တတ်နိုင်သလောက် ချွတ်ပြီး ပေါက်ပြားကို နေရာလွတ်ထဲ ယူလာလိုက်သည်။
သူမ ပေါက်ပြားနှင့် စမ်းချောင်းဘေးက မြေပြန့်ကို ပေါက်လိုက်သည်။ သူမ ဤနေရာတွင် အပင်စိုက်ဖို့ကြံရွယ်ထားပြီး အသီးအရွက်များ ဆန်များကြီးထွားလာလျှင်ကောင်းမည်။
စမ်းချောင်းနှင့် နီးနေသရွေ့ ရေကို လွှဲပို့လို့ရသဖြင့် ဤမြေပြန့်တွင် စပါးစေ့များပျိုးကျဲကာ စပါးခင်းအဖြစ်ပြောင်းနိုင်သည်။ သို့သော် သူမဤနေရာလွတ်က လယ်စိုက်ရာတွင် အသုံးပြုနိုင်သည်လားကိုတော့ သူမမစမ်းသပ်ရသေးပါ။
ထို့ကြောင့် သူမ မြေကို သိပ်မပေါက်ထားလိုက်ပေ။ နည်းနည်း ထိိုးဆွပြီးနောက် သူမ နေရာလွတ်မှ ထွက်လာခဲ့သည်။
လှုပ်ရှားလိုက်ရသည်က များ၍ ချူယောင်း တစ်ကိုယ်လုံးချွေးအပြည့်ရွှဲကာ လန်းလန်းဆန်းဆန်း မရှိတော့ပေ။ သူမ ရေချိုးရန် ရေပူပူ တည်လိုက်မည်တွေးစဥ် အိမ်တွင် ထင်းမရှိတော့သဖြင့် သူမတောင်ပေါ်တက်၍ ထင်းကောက်ရဦးမည်ဖြစ်သည်။
သူမ စိတ်ညစ်သွားကာ နေရာလွတ်က စမ်းချောင်းသို့သာ ကိုယ်လက်သန့်စင်ရန် သွားလိုက်သည်။ ချူယောင်းသုံးလိုက်သောရေမှာ အားလုံးမည်းသွားသည်။ တော်သေးသည်က စမ်းချောင်းက ရေစီးသန်သဖြင့် သူမ ကိုယ်လက်သန့်စင်ထားသော ရေညစ်ညစ်မှာ ရေစီးနှင့်အတူ မျောပါသွားသည်။
ရေချိိုးပြီးနောက် ချူယောင်း လန်းဆန်းသွားသည်။ စမ်းချောင်းကရေ အေးမည်စိုးသော်လည်း သူမ ရေပူပူမတည်လိုက်ပေ။ ချူယောင်း ကိစ္စတော်တော်များများ သေချာလုပ်သော်လည်း တစ်ချို့ကိစ္စများကိုလည်း သူမ စတင်ပျင်းရိလာသည်။
သို့သော် နောက်ပိုင်း ချူယောင်း နေရာလွတ်ကစမ်းချောင်းရေကိုသာ သုံးရန်ဆုံးဖြတ်လိုက်သည်။ ရေက ကြည်လင်နေပြီး သူမ ရေအရသာကို မြည်းကြည့်စဥ်က တောင်ကျရေထက်ပင် ပိုကောင်းပြီး ချိုမြသည်။
သူမ ရေချိုးပြီး အများကြီး နေရကောင်းသွားသဖြင့် သူမတစ်ရေးလောက် အရင်အိပ်လိုက်ပြီး နောက်နိုးလာလျှင် သူမ အစေ့အနည်းငယ် သွားချေးမည်။ ပြီးလျှင် သူမ လုပ်ထားသော နေရာလွတ်က မြေကွက်တွင် စိုက်ရန်တွေးလိုက်သည်။ ထိုမြေကွက်မှာ အလွန်သေးငယ်သဖြင့် အစေ့များများမလိုပါ။
ချူယောင်း အိပ်ရာပေါ်လှဲ၍ တစ်ရေးအိပ်မည်ကြံလိုက်သော်လည်း အိပ်မပျော်ပေ။ ထိုအစား သူမ ဟိုလှည့်ဒီလှည့်ဖြင့် ကျီရိုအကြောင်း စဥ်းစားမိသွားသည်။ ကျီရိုမှာ အလွန်သနားစရာကောင်းသည်။ သူတို့ထပ်တွေ့၍ မရတော့သဖြင့် သူမ ဘာမှ လုပ်မပေးနိုင်တော့ပေ။
သူမ ရက်နည်းနည်း ထပ်စောင့်ပြီး ကလေးတွေကို သွားကြည့်ရန် တွေးလိုက်သည်။ တစ်ခါတည်း ရဲစခန်းသို့သွား၍ အခြေအနေကိုလည်း မေးကြည့်ရမည်။ အငယ်ဆုံးကလေးနှင့် ပတ်သက်၍ သဲလွန်စ တစ်ခုခုရပြီလားဟုလည်း မေးရမည်။
ချူယောင်း ကိစ္စတစ်ခုပြီးတစ်ခုတွေးရင်း အိပ်ပျော်သွားသည်။ ရုတ်တရက် တစ်ယောက်ယောက်က သူမကို အပြင်မှ အော်ခေါ်နေ၍ သူမနိုးသွားသည်။
ချူယောင်း သန်းရင်း ဖိနပ်စီးလိုက်ပြီးနောက် အပြင်ထွက်ကြည့်ရာ ကျီချွေးမက အပြင်တွင်ရပ်နေသည်ကို တွေ့လိုက်သည်။
ချူယောင်း မျက်နှာချိုသာနေသည်က လုံးဝရပ်သွားသည်။ ကျီချွေးမ ဆိုလျှင် ပြသာနာပဲရှိ၍ သူမခေါင်းခါပြီး ပြန်အိပ်ရန်ပြင်လိုက်သည်။
သို့သော် ကျီချွေမက သူမကို မြင်၍ အလျင်အမြန်ပြောလိုက်သည်။ "ချူယောင်း ခဏစောင့်ပါဦး"
ချူယောင်းအိမ်တွင် နံရံများရှိသော်လည်း နံရံများက လူအရပ်ထက်မြင့်ပြီး ခြံတံခါးကလည်း ကျိုးပဲ့နေလေသည်။ ထို့ကြောင့် အတွင်းအပြင်မြင်နိုင်သည်။
သူမ ပြင်ရန်စဥ်းစားစဥ် သူမတွင် ငွေအနည်းငယ်သာရှိ၍ သူမ ငွေမလောက်မည်စိုး၍ ပြင်ရန်ချင့်ချိန်နေရသည်။ ပြီးတော့ သူမလည်း သန်မာသဖြင့် သာမန်သူများ သူမကို မရိုက်နိုင်ပါ။ ထို့ကြောင့် သူမ အခုထိ တံခါးကို မပြင်ရသေးပေ။
ချူယောင်း ဘာမှလုပ်မရသဖြင့် တံခါးကိုဖွင့်ပေးလိုက်ပြီး စိတ်မရှည်စွာ မေးလိုက်သည်။"ရှင်က ဘာလုပ်စရာရှိလို့လဲ?"
သူမ တစ်ခုခုရှိ၍ဖြစ်မည်ဟု ချူယောင်းခံစားလိုက်ရသည်။ သူမက ပိုဖော်ရွေလေ ပြသာနာက ပိုကြီးလောက်မည်။ ကျီချွေးမက စကားကို ဟိုရောက်ဒီရောက်နှင့် ရှေးဟောင်းနှောင်းဖြစ်များပါ ပြန်ပြောနေလေသည်။
ချူယောင်း သူမကို ဝင်ခွင့်မပြုပေ။ တံခါးကို ပိတ်ထားပြီး ပြုံးကာ ပြောလိုက်သည်။ "ကျွန်မတို့မှာ ဘာမှ ပြောစရာမရှိဘူး။ ရှိရင်တောင် ရန်ငြှိုးပဲရှိတယ်" ပြောပြီးနောက် ချူယောင်း အင်္ကျီလက်ကို တင်လိုက်ပြီး အမာရွတ်များကို ပြလိုက်သည်။
ကျီချွေးမက အလွန်အရှက်ရနေပုံပေါ်သည်။ "ဒါတွေအားလုံး အတိတ်ကပါ။ အစ်မဒီနေ့ ညီမဖို့ ကြက်ဥတွေယူလာပေးတယ်။ ညီမက ကြက်မမွေးတော့ ကြက်ဥ ဘယ်စားနိုင်မလဲ"
ချူယောင်း သူမပေးသော ကြက်ဥရော ခြင်းရောယူထားလိုက်သည်။ ပြန်ပေးဖို့ အစီအစဥ်မရှိပေ။
"ခြင်း..."ကျီချွေးမ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောရင်း ပြန်လိုချင်သည့်ပုံနှင့် ခြင်းကိုညွှန်ပြနေသည်။
"ဘယ်ခြင်းလဲ?" ချူယောင်း သူမကိုပြုံး၍ ပြန်ကြည့်လိုက်သည်။
သို့သော် ကျီချွေးမ အံကြိတ်ပြီး ခေါင်းခါလိုက်ကာ ပြန်ပြုံးပြလိုက်သည်။ "အစ်မ အထဲဝင်ပြီး ခဏထိုင်ဦ်းမယ်"
သူမ ဒီလိုလုပ်လေ ချူယောင်း ပို၍စိတ်ဝင်စားလေဖြစ်သည်။ ချူယောင်း သူမကို ဝင်ခွင့်သာပြုလိုက်ပြီး သူတို့နှစ်ယောက် ခြံထဲထိုင်လိုက်ကြသည်။
ချူယောင်း သူမအတွက်သာ ထိုင်စရာရှာလိုက်ပြီး အေးသောနေရာတွင် ထိုင်လိုက်သည်။
ကျီချွေးမက ချူယောင်း သူမအတွက် နေရာရှာပေးမည့်ပုံမပေါ်၍ သူမဘာသာ ရှာထိုင်လိုက်သည်။
ကျီချွေးမက အရင်ဆုံး ရွာကအကြောင်းပေါင်းစုံကိုပြောနေပြီး ချူယောင်းကတော့ ဘာမှပြန်မပြောပါ။
"ညီမ ကြားပြီးပြီလား?" ကျီချွေးမက လတ်တလောနာမည်ကြီးနေသော အတင်းအဖျင်းကို စပြောနေလေသည်။
ချူယောင်း ဘာမှပြန်မပြောပေ။
ကျီချွေးမ ရှက်လာသလို ခံစားရသည်။ သို့သော် ဆက်သာပြောလိုက်သည်။ "ရွာက ချန်မိသားစု ချွေးမ ကိုယ်ဝန်ရှိပေမယ့် အာဟာရချို့တဲ့ပြီး ကိုယ်ဝန်ပျက်ကျသွားတယ်တဲ့"
ချူယောင်း ကျီချွေးမကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမဘေးက မြက်များကိုငုံ့ကြည့်လိုက်သည်။ ကျီချွေးမ ပြန်သွားလျှင် သူမ ဒီမြက်တွေကို ရှင်းမည်ဟု တွေးလိုက်သည်။
"ချူယောင်း နားထောင်နေလား?" ကျီချွေးမ မေးခွန်းမေးနေပေမယ့် သူမကို တစ်ယောက်မှ မဖြေသည်ကို တွေ့လိုက်သည်။
ချူယောင်း သူမပြောနေသည်များကို နားထောင်ရန် အလွန်ပျင်းရိသည်။ သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။ "ရှင့်မှာ ပြောစရာရှိရင် မြန်မြန်ပြော။ ဘယ်လိုဖြစ်ဖြစ် ကျွန်မ ကူညီမှာ မဟုတ်ဘူး"
သူမ တစ်ခုခုကြောင့်လာသည်ကို ချူယောင်းသိသည်။ မဟုတ်လျှင် သူမကိုယ်တိုင်လာပြီး ကြက်ဥများလည််းယူလာမည် မဟုတ်ပါ။ ကျီမိသားစုဝင် အားလုံး တစ်ကိုယ်ကောင်းဆန်သည်။
ကျီချွေးမက သူမပထမတစ်ကြောင်း ပြောလိုက်ရုံနှင့် ချူယောင်း သူမကို ကူညီလောက်မည်ဟု ထင်ခဲ့သည်။ သို့သော် ဒုတိယတစ်ကြောင်း ရောက်သောအခါ ဘာမှမထူးခြားသေးသဖြင့် သူမနောက်တစ်ခုထပ်ပြောရန်ပြင်လိုက်သည်။
"ရှင် တိုက်ရိုက်မပြောဘူးဆိုရင်ပြန်လို့ရပြီ" ချူယောင်း ရွာက အသက်ကြီးကြီးဆရာဝန်ကိုသာ အခု အမာရွတ်ပျောက်ဆေး သွားမေးရန်တွေးလိုက်သည်။ သူမပြန်လာလို့ ရာသီဥတု အရမ်းမပူလျှင် သူမ ခြံထဲကမြက်တွေကို ရှင်းရမည်။
ကျီချွေးမက သူမ အခုမပြောလျှင် အခွင့်အရေးမရှိတော့မည်ကို သိ၍ ချက်ချင်းပြောလိုက်သည်။ "တကယ်တော့ အစ်မ မိဘဘက်က ယောင်းမ ကိုယ်ဝန်ရသွားလို့"
"ချူယောင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါပြီ။ သူမကိုယ်ဝန်ရှိတာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ? ကျွန်မ ကလေးရတာမှ မဟုတ်တာ"
ကျီချွေးမ မျက်စောင်းထိုးလိုက်သည်။ နင်က ဘယ်လိုရမှာလဲ? မဟုတ်တာတွေမပြောနဲ့ဟု တွေးလိုက်သည်။ သို့သော်သူမ အခုအဲ့လိုပြန်မပြောရဲပါ။ သူမ ချူယောင်းကို ပြောစရာကျန်သေးသည်။
"အစ်မ မိဘအိမ်က ကလေးအများကြီးပဲ။ မောင်ငယ် ညီမငယ်တွေလည်း အများကြီးပဲ။ အကြီးဆုံးယောင်းမက ကိုယ်ဝန်ရလာတော့ အိမ်က ငွေလိုလာတော့ အစ်မကို ပြောပြတာ" ကျီချွေးမက သူမစကားများက သိသာလုံလောက်ပြီဟု တွေးလိုက်သည်။ ချူယောင်း သူမကို ငွေချေးပေးသင့်ပြီ။
သို့သော် ချူယောင်း ပုံမှန်လမ်းကြောင်းအတိုင်းမလိုက်ပါ။ သူမ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ အိမ်လည်း ပိုဆောက်သင့်တယ်။ ဒီလိုဆိုရင် ရှင်တို့ မြန်မြန်ငွေရှာပြီး ရှင့် အမေအိမ်ပို့ပေးလိုက်လေ"
ကျီချွေးမက ချူယောင်းပြောသည်ကို ကြားပြီးနောက် ဘာဆက်ပြောရမည်ကို မသိတော့ဘဲ ကြောင်သွားသည်။ နောက် ထပ်ပြောလိုက်သည်။ "အစ်မ ဘယ်လောက်ရှာရှာ အဆင်မပြေတာ ကြာပြီ"
"ဒါဆို ရှင် ဘာလို့ပြောနေသေးလဲ? ကျွန်မကို ဒါတွေလာပြောတော့လည်း ကျွန်မ ဖြေရှင်းပေးလို့ရတာမှ မဟုတ်တာ။ ရှင့်ဘာသာ ဖြေရှင်းဖို့နည်းလမ်းမြန်မြန်ရှာရမှာလေ"
ချူယောင်း သူမလက်နှင့်သာ သူမကိုယ်သူမ ယပ်ခတ်နေလိုက်သည်။ အပြင်က တကယ်ပင်ပူသည်။ တောင်နှင့်ကပ်နေ၍လားတော့မသိ အခန်းကတော့ အေးသော်လည်း အပြင်တွင် ထိုင်သည်မှာ ကြာသောအခါ အနည်းငယ်ပူလာသည်။
ကျီချွေးမက ချူယောင်း ဟန်ဆောင်နေသည်ဟုလည်း မမြင်၍ သူမသာ အရူးတစ်ယောက်လို ဖြစ်နေသည်။ သို့သော် သူမ လက်သီးကျစ်ကျစ်ဆုပ်ပြီး သည်းခံကာ ဆက်ပြောလိုက်သည်။ "အစ်မ ညီမဆီက ပိုက်ဆံနည်းနည်းလောက် ချေးချင်တာပါ။ ညီမ ပိုက်ဆံရထားတာ မကြာသေးဘူးမလား။ အစ်မကို အဲ့ဒါချေးပေးပါ။"
ကျီချွေးမ ပြောသည်ကို နားထောင်ပြီး ချူယောင်း အော်မရယ်ဘဲ မနေနိုင်ပေ။ သူမ ကျီချွေးမ မျက်နှာကို သေချာကြည့်လိုက်ရာ ကျီချွေးမ တုန်ယင်နေသည်ကို တွေ့လိုက်သည်။
ကျီချွေးမ သူမရင်တုန်နေသည်ကို မရပ်နိုင်ပါ။ သူမ ပိုက်ဆံပဲ ချေးတာပါ။ ချူယောင်း သူမကို မရိုက်လောက်ဘူးမလား?
ချူယောင်း သူမကို မရိုက်ပါ။ ပြုံးကာပြောလိုက်သည်။ "ကျွန်မ ရှင့် မျက်နှာဘယ်လောက်ကြီးလဲ သိချင်တယ်။ ရှင့် မျက်နှာက ကြီးတယ်မလား?"
ကျီချွေးမ ချူယောင်းပြောသည်ကို နားမလည်ပါ။ သူမမျက်နှာကို ထိကြည့်ပြီး သူမက အရမ်းကြည့်ရမကောင်းသော်လည်း သူမ ချူယောင်းမျက်နှာထက်တော့ သေးပါသည်။
"အစ်မမျက်နှာက မကြီးပါဘူး။ ညီမ ဘာဆိုလိုချင်တာလဲ?" ကျီချွေးမ နားမလည်နိုင်စွာ မေးလိုက်သည်။
"ရှင့်မျက်နှာက မကြီးဘဲနဲ့ ကျွန်မဆီက ပိုက်ဆံချေးရဲတယ်လား? ကျွန်မက ရှင့် မျက်နှာကြီးတယ်ထင်လိုက်တာ။ မကြီးရင် ဒီက မြန်မြန်ထွက်သွားတော့" ချူယောင်း သူမဘေးက တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး မျက်နှာလည်း ရုတ်ချည်းပြောင်းလိုက်သည်။
ဒါကိုမြင်ပြီး ကျီချွေးမ အံ့သြသွားသည်။ လူတစ်ယောက်က စာအုပ်လှန်သလို မျက်နှာပြောင်းမြန်နိုင်သည်လား? သူမ ထိုင်ခုံမှထလိုက်ကာ အော်ပြောလိုက်သည်။ "ငါက နင့်ဆီက ငွေပဲချေးတာ။ ပြီးတော့ နင့်မှာ ငွေအများကြီးရှိတာပဲ။ ငါ့ကို ချေးလိုက်ရတော့ ဘာဖြစ်သွားမှာမလို့လဲ?"
"ကျွန်မပိုက်ဆံကို ရှင့် ဘာလို့ချေးရမှာလဲ? ဘာလဲ ရှင်က အရှက်မရှိလို့လား? ရှင်က ကျွန်မအိမ်လာပြီး ချေးရဲတယ်ဆိုတော့ တကယ်သတ္တိရှိတာပဲ။ နောက် ကျွန်မ အိမ်မလာနဲ့" ဒီလို သူများဆီက ပိုက်ဆံချေးရဲပြီး မှန်ကန်သည်ဟု ထင်သည့်လူမျိုး ရှိမည်ဟု ချူယောင်း မထင်ထားပေ။
ကျီချွေးမ ချူယောင်းကို အလွန်ဒေါသထွက်နေသည်။ ချူယောင်း တံမြက်စည်းကိုင်ပြီး သူမဆီလာသောအခါ ပြေး၍ ပုန်းလိုက်ပြီး ပြောလိုက်သည်။ "နင် ငါ့ကို နည်းနည်းချေးလို့မရဘူးလား? ငါ့အကိုမှာ ပိုက်ဆံရှိရင် သူ သေချာပေါက် နင့်ကိုပြန်ပေးမှာပါ"
"ကောင်းပြီ။ ဒါဆိုလည်း ကျွန်မ ဒီနေ့ တစ်ယွမ်ချေးပေးလိုက်မယ်။ မနက်ဖြန် ရှင့်အကိုကို အတိုးနဲ့ ပေါင်းယွမ်၁၀၀ ပြန်လာပေးခိုင်းလိုက်။ မနက်ဖြန် လာမပေးနိုင်ရင် ကျွန်မ သူနဲ့ ဖြေရှင်းမယ်" ချူယောင်း တံမြက်စည်းနှင့် လိုက်မရိုက်တော့ဘဲ သူမအကြံကို ပြောပြလိုက်သည်။
ကျီချွေးမ ကြား၍ စိတ်တိုသွားသည်။ "နင်က ငွေတိုးချေးတဲ့သူလား?မနက်ဖြန် ငါက နင့်ကို ယွမ်၁၀၀ ပြန်ပေးရမယ်ဆိုတော့ အဲ့အစား ငါ့ကို ဓါးပြတိုက်သွားပါလား?"
"ကျွန်မ ဓါးပြတိုက်တတ်ရင် ရှင့်ကို ငွေချေးနေမလား? ဘာအိမ်မက်တွေ မက်နေတာလဲ? ပြီးတော့ ၁ယွမ်ကလည်း ပိုက်ဆံ မဟုတ်လို့်လား?" ချူယောင်း နည်းနည်းလေးမှ လျှော့မပေးပါ။
ကျီချွေးမ ချူယောင်းကို ဘယ်လိုမှ ပြောမရသဖြင့် စိတ်တိုစွာ အော်ပြောလိုက်သည်။ "ညည်းက အရှက်မရှိဘူးဘဲ။ ဘာမှမပေးဘဲနဲ့ သူများဆီက ယွမ်၁၀၀လိုချင်တယ်။ အရူးမ။ ငါထင်တယ် ညည်းက..." ကျီချွေးမ အစက အပြင်လူများ ကြားအောင် သူမပိုကျယ်ကျယ် အော်ဆဲပြီး တစ်ခြားသူများကို ချူယောင်း အရှက်မရှိသည်ကို မြင်အောင်ပြချင်သည်။ သို့သော် သူမ စကားမဆုံးမီ ချူယောင်းက သူမကို တံမြက်စည်းနှင့် ရိုက်သည်။
ချူယောင်း ကျီချွေးမ စိတ်မရှည်တော့သဖြင့် တစ်ခါတည်း ရိုက်လိုက်သည်။ ကျီချွေးမ အရိုက်ခံလိုက်ရသဖြင့် နာသွားသည်။ သူမကို ချူယောင်းအိမ်အထိ လိုက်ရိုက်မည်စိုး၍ ကျီချွေးမ ဆက်မပြောရဲတော့ပါ။ သို့သော် သူမ မပြန်ခင် ချူယောင်းကို ညည်းစောင့်နေဟူသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။