← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

ရက်အနည်းငယ်ကြာသောအခါ ဆောင်းဦးလယ်ရိတ်သိမ်းချိန် ရောက်ရှိလာခဲ့သည်။ ကျီကျိုးလည်း မြို့မှ ပြန်လာတော့မည်ဖြစ်၍ ကျီမိသားစု အလွန်ပျော်ရွှင်နေသည်။ မနက်‌အစောကြီးတည်းက ကျီအမေ ရွာထိပ်တွင် မတ်တပ်ရပ်ကာ တစ်စုံ‌တစ်ယောက်ကို စောင့်နေလေသည်။

တစ်ခြားသူများမြင်သောအခါ သူတို့ မနေနိုင်စွာ မေးလိုက်သည်။ "အစ်မအငယ်ဆုံးသား ပြန်လာတော့မှာလား?"

ကျီအမေ သူမ၏ အလားအလာကောင်းသော အငယ်ဆုံးသားလေးကို တွေးမိ၍ သူမတစ်ကိုယ်လုံး တက်ကြွလန်းဆန်းနေသည်။ ဒီနေ့ သူမ သေချာ ဝတ်စားထားပြီး အဝတ်အစားများကလည်း အရင်ကထက် သပ်ရပ်နေသည်။ "ဟုတ်တယ်။ ပြီးတော့ ငါတို့အိမ်က ကျီကျိုးက ကျောင်းမှာ အတော်ဆုံးတွေထဲက တစ်ယောက်ပဲ"

တစ်ခြားလူများ ကျီအမေပြောသည်ကို ခေါင််းငြိမ့်လိုက်ကြသည်။ ထိုကလေးက ရွာ၌ရှိသော အထက်တန်း‌ ကျောင်းသားအနည်းငယ်ထဲက တစ်ယောက်ဖြစ်သည်။ သူက အခုအထက်တန်း ကျောင်းသားဆိုပေမယ့် ကောလိပ်ဆက်တက်မည်က သူတစ်ယောက်တည်းဖြစ်နိုင်သည်။

သူတို့မျက်လုံးထဲတွင် ကျီမိသားစုပြောသည်က ဖြစ်နိုင်သည်။ ရွာတွင် ကျောင်းသို့သွားသည့် လူသိပ်မများသဖြင့် အထက်တန်း ကျောင်းသားရှိသော ကျီမိသားစုပြောသည်က ယုံကြည်ဖွယ်ရာဖြစ်သည်။

"အစ်မအငယ်ဆုံးသား သေချာပေါက် အနာဂတ်မှာ အောင်မြင်မှာပါ" အခုခေတ် ကောလိပ်ကျောင်းသားဆိုသည်မှာ ရှေးခေတ်က စာမေးပွဲတွင် ပထမဆုရသော မိသားစုက ကလေးကဲ့သို့ဖြစ်သည်။

ချီးကျူးသည်များကို ကြား၍ ကျီအမေ အလွန်ပျော်သွားကာ ကျီကျိုးပြန်လာမည်ကို ပို၍ မျှော်‌လင့်စောင့်စားနေလေသည်။

ကျီအဖေလည်း ရောက်လာ၍ လမ်း‌တစ်လျှောက် လူအများက သူ့ကို နှုတ်ဆက်ကြသည်။ အရင်ရက်တွေကတော့ ကျီိမိသားစု ချူယောင်းကို ဆက်ဆံပုံံကြောင့် လူအများ သူတို့မိသားစုကို မြင်လျှင် ခေါင်းခါကာ ရှုံ့ချကြသည်။

နောက်မကြာမီ ရွာသားများ ကျီမိသားစုက အနာဂတ်ကောလိပ်ကျောင်းသားအကြောင်း တွေးမိသွားပြီး ကျီကျိုး ပြန်လာတော့မည်ကို သိ၍ သူတို့ ကျီမိသားစုကို ဆက်ဆံပုံက တစ်ယောက်ပြီး တစ်ယောက်ပြောင်းလဲသွားသည်။

ကျီအဖေလည်း အကြောင်းပြချက်ကို ခန့်မှန်းမိ၍ ဒီလူတွေကို စိတ်ထဲ အထင်သေးသည်။ သူ့မှာသာ ဒီလိုအလားအလာကောင်း‌သော သားသာမရှိလျှင် ဒီလူတွေ စိတ်ထား မြန်မြန်ပြောင်းမည်မဟုတ်ပါ။

ကျီအဖေရောက်လာပြီး ကျီအမေကိုကြည့်၍ မေးလိုက်သည်။ " သားလေး ပြန်မလာသေးဘူးလား?"

"‌ပြန်လာတော့မှာပါ။ ပုံမှန်အားဖြင့် ဒီအချိန်ပြန်လာနေကြ" ကျီအမေ ပြောပြီးနောက် သူမ ပုံရိပ်တစ်ခုကိုမြင်လိုက်သည်။

ပုံရိပ်တစ်ခုက အဝေးက လျှောက်လာသည်။ သူတို့နှစ်ယောက်လုံး သူတို့သားနှင့် တူသည်ဟုထင်၍ ရှေ့သို့သွား၍ တစ်ချက်ကြည့်လိုက်သည်။

တကယ်ပင် ကျီကျိုးဖြစ်သည်။ ကျီကျိုး ပြုံးကာ ‌သူတို့နားလျှောက်လာသည်။ "အမေ အဖေ ကျွန်တော်ပြန်ရောက်ပါပြီ"

ကျီ‌အဖေနှင့် ကျီအမေ သူတို့သားလက်ကို တစ်ယောက်တစ်ဖက်ကိုင်၍ အိမ်သို့ ပြန်သွားကြသည်။ ကျီမိသားစု အိမ်တွင် ခဏမျှ ပျော်ရွှင်စွာ စကားထိုင်ပြောပြီးမှ လယ်ထဲသွားကြသည်။

ချူယောင်း နေရမကောင်းပါ။ ဒီရက် သူမ ရာသီလာမည်ဟု ထင်မထားပေ။ သူမ မနက် နိိုးသောအခါ ခေါင်းကိုက်နေသည်။ သူမသောက်ရန် ကျီရိုနှင့် တူတူဝယ်ထားသော သကြားညို တစ်ခွက်ချက်ချင််း ဖျော်လိုက်သည်။

သူမသကြားညိုအရည်ကို ပန်းကန်လုံး အသေးတစ်ခွက်ခန့် သောက်လိုက်ပြီးနောက် ကြက်ဥ တစ်လုံးပြုတ်လိုက်သည်။

အိမ်တွင် ကြက်ဥများစွာမရှိပါ။ ဆောင်းဦးလယ်ရိတ်သိမ်းချိန်ပြီးလျှင် သူမ ကြက်ပေါက်စများ သွားဝယ်ရန် တွေးထားသည်။

ကြက်ဥစားပြီးနောက် ချူယောင်း ထိုင်၍ ခဏနားနေလိုက်သည်။ သူမကိုက်ခဲနေသည်က သက်သာမှ သူမ အလုပ်သွားရန် ပြင်လိုက်သည်။ သူမ ဒီနေ့ခွင့်ယူလျှင် ရနိုင်သည်။

သို့သော် ဆောင်းဦးလယ်ရိတ်သိမ်းချိန််က ဒီနေ့ စမည်ဖြစ်၍ ခွင့်ယူမည့်အကြောင်း စဥ်းစား၍မဖြစ်ပါ။ ချူယောင်း သက်ပြင်းချလိုက်ပြီးနောက် လယ်သို့အလုပ်လုပ်ရန်သွားလိုက်သည်။

လမ်းတွင် သူမ မထင်မှတ်ထားသောသူနှင့် တွေ့လိုက်သည်။ ထိုသူမှာ ကျီကျိုးဖြစ်သည်။ ကျီကျိုးက အခု ကျီမိသားစုနှင့် အလုပ်သွားလုပ်ရန် ဖြစ်သည်။ သူ ချူယောင်းကိုတွေ့သောအခါ နှုတ်ဆက်လိုက်သည်။ "မရီးလည်း အလုပ်သွားတော့မှာလား?"

ဒီတစ်ကြောင်းတည်းနှင့် ချူယောင်း တစ်ခုခုမှားနေမှန်း သိလိုက်သည်။ ဒီလိုချိုးနှိမ်ပြီး ယဥ်ကျေးသော အမူအရာကို ကြည့်ရုံနှင့် သူက ကောက်ကျစ်စဥ်းလဲမှန်း ချူယောင်း ခံစားလိုက်ရသည်။

သူပြန်ရောက်ပြီဆိုတော့ ချူယောင်းနှင့် ကျီမိသားစုအကြောင်း သူသိရမည်။ ဒီလို သူ ယဥ်ကျေးစွာနှုတ်ဆက်မည်ဟု မထင်ထားပါ။ ဒီလိုလူမျိုးက ကောက်ကျစ်စဥ်းလဲသည် ဖြစ်ရင်ဖြစ် မဖြစ်လျှင် မိသားစုကို မနှစ်သက်၍ ဖြစ်နိုင်သည်။

ချူယောင်း စကားမပြောသည်ကို မြင်၍ ကျီကျိုး စကားစ‌ပြောလိုက်သည်။ "မရီး မစိုးရိမ်ပါနဲ့။ ကျွန်တော်က အကြီးဆုံး မရီးလိုမဟုတ်ပါဘူး "

"အိုး ဒါဆိုလည်း မင်းမရီး ဘာမဟုတ်တာလုပ်လည်းပြောလေ" ဒီကျီကျိုးက ပါးစပ်ဖွင့်လိုက်သည်နှင့် ကျီချွေးမကိုသာ ပြောသွားသည်။ တစ်ခြား ကျီမိသားစုများကို ထုတ်မပြောချေ။ သူမ ထင်သည်က မှန်သည်ဟု ချူယောင်းခံစားရသည်။

"အကြီးဆုံး မရီးက မရီးကို ဘယ်လို မကောင်းပြောတာလဲ? ကျွန်တော်တို့ အားလုံးက မောင်နှမတွေပဲ။ ပြသာနာဖြစ်တာက ကျွန်တော်တို့ကို ပိုမကောင်းစေပါဘူး။ ကျွန်တော် အဖေနဲ့အမေကို ဖြောင့်ဖျပြီး မရီးကို လာပြောလှည့်ပါမယ်" ကျီ‌ကျိုးပြောသည့်ပုံက ဘယ်သူ့ကိုမှ မထိခိုက်စေချင်သည့်ပုံပင်။

ချူယောင်း ဒီလိုလူမျိုးနှင့် စကားပြောရမည်ကို အလွန်ပျင်းရိသည်။ ဒီကျီကျိုးက လှည့်ဖျားပြီး တစ်ခြားသူတွေကို အရူးများကဲ့သို့ သဘောထားသည့်သူမျိုးဖြစ်သည်။

ချူယောင်း သူ့ကို လျစ်လျူရှုနေသည်ကို ကျီကျိုးမြင်၍ ချူယောင်းအား စကားပြောသည်ကို ရပ်လိုက်ပြီး ကျီမိသားစု အကြီးဆုံးသားနောက် လိုက်သွားသည်။ ဤကျီညီအစ်ကိုနှစ်ယောက်မှာ ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ကျီကျိုးက သူဘာလိုချင်သည်ကို ငယ်စဥ်ကတည်းကပင် သိပြီး သူလိုချင်သည်ကိုလည်း ရကိုရရမည်။

ကျီမိသားစုတွင် သူအားကိုး၍ ရမည့်သူမှာ ကျီအဖေတစ်ယောက်တည်းသာ ရှိသည်။ သို့သော် ကျီအဖေက အသက်ကြီးလာပြီဖြစ်၍ ကျီမိသားစုကို ကြာရှည်စွာ မထိန်းချုပ်နိုင်တော့ပါ။ ထို့ကြောင့် သူ ထိုအစ်ကိုကြီးများနှင့် မရီးများကို နောင်တွင် အားကိုးရမည်ဖြစ်သည်။

သူ လူတိုင်းကို ရန်မလိုပါ။ သူအိမ်ပြန်ရောက်လာသောအခါ အိမ်အကြောင်း သူ့အဖေပြောပြ၍ သိသွားကာ သူအလွန် ဒေါသထွက်သွားသည်။ သူ့မျက်လုံးထဲတွင် အိမ်က ပိုက်ဆံအကုန်လုံးကို သူပိုင်သည်။

အိမ်၏ အခြေအနေက အလွန်ရှုပ်ထွေးသည်။ ကျီရိုက သူ့အဖေ၏ သမီးမဟုတ်သကဲ့သို့ ကျီမိသားစုအကြီးဆုံးသားကလည်း သားအရင်းမဟုတ်ပါ။ ကျီနန်ဖုန်းကို သားအရင်းဟု သူအရင်က ထင်ခဲ့သော်လည်း နောက်ပိုင်း သူ့အဖေ သူ့ကို မတော်တဆပြောမိ၍ သူအဖြစ်မှန်သိသွားသည်။

ထိုအခါမှ သူနှင့်ကျီလင်းသာ သူ့အဖေ၏ ကလေးအရင်းများဖြစ်သည်ကိုသိ၍ မိသားစုက ပိုက်ဆံအားလုံး သူပိုင်ရမည်ဖြစ်သည်။ ကျီလင်းကတော့ မိန်းကလေးဖြစ်၍ သူမ တစ်နေ့ လက်ထပ်ရမည်ဖြစ်သဖြင့် ခန်းဝင်ငွေအနည်းငယ်လောက်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။

ထို့ကြောင့် ကျီအိမ်က ပိုက်ဆံကို ချူယောင်းအား ခွဲပေးလိုက်ရသည်ကို သူသိသောအ‌ခါ အလွန်ဒေါသထွက်သွားသည်။ ငွေအကုန်လုံးက သူ့အပိုင်ဖြစ်သည်။

သူ ကောင်မလေးတစ်ယောက်နှင့် ကျောင််းတွင်စကားပြောဖြစ်သည်။ ထိုကောင်မလေးအိမ်က အလွန်ချမ်းသာသည်။ သို့သော် သူ့ကို တစ်ချိန်လုံး လျစ်လျူရှုထားသည်။

သူ ဆောင်းဦးလယ် ရိတ်သိမ်းချိန်အိမ်ပြန်လျှင် အိမ်ကပိုက်ဆံတောင်းပြီး ထိုကောင်မလေးဖို့ လက်ဆောင်များဝယ်ပေးပြီး ချော့ရန်တွေးထားသည်။ သို့သော် အိမ်ကပစ္စည်းများ မကောင်းတော့၍ လဲလိုက်ရသဖြင့် အိမ်တွင် ငွေမလည်ကြောင်း သူ့အဖေက သူ့ကိုပြောသည်။ ချူယောင်းကြောင့်ဟု ကျီကျိုးခံစားရသည်။

သို့သော် သူ လူတစ်ယောက်နှင့် တစ်ခါမှ ထိပ်တိုက်မဖြေရှင်းဖူးပါ။ သူ ကိစ္စများလုပ်ရာတွင် ပိရိရန်လိုသည်။

ကျီကျိုး သူ့ပုံရိပ်ကောင်းကို အမြဲထိန်းသိမ်းထားရန်ကြံရွယ်သည်။ ရွာသားများကိုတွေ့တိုင်း ဦးလေး အဒေါ်ဆိုပြီး ချိုသာစွာနှုတ်ဆက်သည်။

ချူယောင်း အကုန်လုံးကိုမြင်၍ တစ်ခုခုဖြစ်တော့မည်ဟု ခံစားရသည်။ ဤကျီကျိုးက ကျီမိသားစုတွင် ကိုင်တွယ်ရအခက်ဆုံးဖြစ်သည်။

ချူယောင်း သူမဘက်မှစ၍ ရန်မရှာသော်လည်း တစ်ခြားသူများက သူမကို ရန်လာရှာသည်ကိုလည်း သည်းမခံနိုင်ပါ။

ကျီကျိုး သူ့ပတ်လည်က လူတွေကိုကြည့်ပြီး လူတိုင်းကို ပြောလိုက်သည်။ "ဒီနေ့ လူတိုင်း အလုပ်ကြိုးစားကြတာပဲ။ ဒီလိုပူတဲ့နေ့မှာ ဆောင်းဦးလယ်ရိတ်သိမ်းနေရတာနဲ့ ကျွန်တော်တို့ အလုပ်ရှုပ်နေရတယ်"

လူတိုင်း ‌အော်ပြောလိုက်သည်။ "မပင်ပန်းပါဘူး။ သားလို အထက်တန်း ကျောင်းသားတောင် လယ်ထဲအလုပ်လုပ်တာပဲ။ ပြီးတော့သားက ခဲတံနဲ့အလုပ်လုပ်ရတာ။ အဒေါ်တို့ကတော့ လယ်အလုပ်ကို ရိုးနေပါပြီ"

လီထောင်းဟွာ ချူယောင်းဘေး ပြေးသွားလိုက်သည်။ "သူကို ကူလုပ်ပေးဖို့ ပြောနေတဲ့အတိုင်းပဲ"

ချူယောင်း လှောင်ရယ်လိုက်ပြီးနောက် လီထောင်းဟွာပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။ "မြန်မြန် အလုပ်ပြန်လုပ်ဦး။ အဖွဲ့ခေါင်းဆောင် လာရင် အမာန်ခံနေရမယ်"

ကျီကျိုး သူ့မျက်လုံးထောင့်ကနေ ချူယောင်းကိုမြင်လိုက်၍ ချောင်းဟန့်လိုက်ပြီးနောက် ကျယ်လောင်စွာပြောလိုက်သည်။ "ကျွန်တော့် ဒုတိယမြောက်မရီးက အိမ်ခွဲပြီးပြီ။ အိမ်က ကိစ္စတွေကို ကျွန်တော်သေချာမသိဘူး။ လူတိုင်းကူညီကြပါလို့ ကျွန်တော်မျှော်လင့်ပါတယ်"

နေမြင့်လာတော့မည်ကိုမြင်၍ အဘိုးအိုတစ်ယောက်က လူတိုင်းကို အလုပ်ပြန်လုပ်ကြရန် နှိုးဆော်လိုက်သည်။

သို့သော် ကျီကျိုး သူပြော၍ မပြီးသေးသဖြင့် လူတွေကို ပြန်မလွှတ်နိုင်သေးပါ။ သူ ဆက်ပြောလိုက်သည်။ "ကျွန်တော့်မရီးက မကောင်းတဲ့လူမျိုးတော့ မဟုတ်ပါဘူး။ ဒီအတိုင်း အပြောမတတ်တာပါ။ မရီးကို ခွင့်လွှတ်ပေးကြပါ"

"ဟုတ်တယ်။ အစ်မက စကားနည်းနည်းပဲ ပြောလိုက်တာပါ"

"ဒီအတိုင်း ‌လျှောက်ပြောလိုက်တာနေမယ်။ သူမက မကောင်းတာတော့ မဟုတ်ပါဘူး"

ကျီကျိုး၏ စကားအနည်းငယ်က အရင်ရက်များတွင်ရွာသားများ ကျီချွေးမအပေါ် မကောင််းမြင်သည်ကို ပျောက်စေနိုင်သည်။

ချူယောင်း သူတို့ပြောသည်ကို ကြား၍ ‌ကျယ်ကျယ်လောင်လောင် အော်ရယ်မိသွားသည်။

ကျီကျိုးနှင့် ရွာသားများ ချူယောင်းကို လှည့်ကြည့်လိုက်ကြသည်။ ကျီကျိုး ရောက်လာ၍ မေးလိုက်သည်။ "မရီး ဘာဖြစ်လို့လဲ?"

ချူယောင်း လှောင်ရယ်သည်က ကျီကျိုးကိုဖြစ်သည်။

ကျီကျိုး မသိသလိုသာ ဟန်ဆောင်လိုက်သည်။ သူ ရိုးသားချင်ယောင်ဆောင်ကာ ပြုံး၍ ချူယောင်းကို မေးလိုက်သည်။ "မရီး ကျွန်တော့်အကြောင်း ပြောပြီး ရယ်နေတာလား?"

"အစ်မက ကိုယ့်ကိုကိုယ် လှောင်ရယ်တာတော့ဖြစ်နိုင်မလား? တစ်ချို့လူတွေလည်း ကိုယ့်အ‌ကြောင်းကို သိသင့်ပါတယ်" ချူယောင်း ကျီကျိုး၏ ချောမောသော မျက်နှာကိုကြည့်ရင်း ရိုက်ချင်သည်ကို မနည်းသည်းခံနေရသည်။ ဒီလိုလူမျိုးက ရွာတွင် အနည်းနှင့်အများ နာမည်ကြီးသည်။ သူမသာ သူ့ကို ရိုက်လိုက်လျှင် လူအများကြီး သူမကို ကြည့်ရကြတော့မည်မဟုတ်ပေ။

"ကျွန်‌တော် မရီးပြောတာနားမလည်ဘူး။ ကျွန်တော်တို့က တစ်မိသားစုတည်းပဲ။ ပြောလို့မရတာရှိလို့လား?" ကျီကျိုး သူ့ကိုယ်သူ ငယ်ရွယ်၍ မသိတတ်ဟန်ဆောင်လိုက်သည်။

"မောင်လေးက အစ်မကို သေချာပြောခိုင်းမှတော့ အစ်မ စကားပြောကြမ်းသွားရင် အစ်မကို အပြစ်မတင်နဲ့နော်" ချူယောင်း သူမခေါင်းပေါ်က ကောက်ရိုးခမောက်ကို ချွတ်လိုက်သည်။ ဤခမောက်က ရွာတွင်လဲထားသည်ဖြစ်သည်။ မဟုတ်လျှင် ဒီလို ပူသောနေ့ကို မခံနိုင်ပါ။

"မရီးပြောသာပြောပါ။ ကျွန်တော်တို့က တစ်မိသားစုတည်းပဲ။ ပြောလို့ဆိုပြီး ကျွန်တော် အစ်မကို အပြစ်မတင်ပါဘူး" ကျီကျိုး သူတို့က တစ်မိသားစုတည်း‌ဖြစ်ကြောင်း ထပ်ခါထပ်ခါ ပြောနေလေသည်။

"မောင်လေးက အစ်မတို့က တစ်မိသားစုတည်းပဲလို့ပြောတယ်။ ပြီးတော့ အစ်မဘာပြောပြော အပြစ်မတင်ဘူးဆိုတော့ အစ်မကို သက်‌သေလိုက်ပေးပါ"

ချူယောင်း ထိုသို့ ပြောလိုက်သည်နှင့် လူတော်တော်များများ သက်‌သေလုပ်‌ပေးရန် လိုလားကြသည်။ ရွာကလူအများစု ဤအနာဂတ် ကောလိပ်ကျောင်းသားကို မျက်နှာလိုက်ချင်သော်လည်း သူတို့ သူတို့ရှေ့က စိတ်လှုပ်ရှားစရာကိုတော့ မကြည့်ပဲမနေနိုင်။

"ပထမဆုံး အစ်မထောက်ပြချင်တာက မောင်လေးက အိမ်ခွဲတဲ့အ‌ကြောင်းပြောတော့ အစ်မက အိမ်ခွဲဖို့ မပြောဖူးဘူး။ ယောက္ခထီးတို့ကသာ အစ်မကို အိမ်ခွဲစေချင်တာ" ချူယောင်းပြောပြီးသည်နှင့် ကျီမိသားစုဝင်များက ပြန်ငြင်းနေကြသော်လည်း သူတို့ကို ကျီကျိုး တားလိုက်သည်။

ကျီကျိုး သူ့မိသားစုပြောပုံအရ ဤမိန်းမက ရင်ဆိုင်ရခက်သည်ကို သိပြီးဖြစ်သည်။ သူ သူ့အိမ်ကို ပြန်မငြင်းခိုင်းသည်မှာ သူမပြောပြီးမှ ဖြေရှင်းရန် နည်းလမ်းရှာဖို့ တွေးထား၍ဖြစ်သည်။

"ဒုတိယအနေနဲ့ သူတို့ အစ်မကို အိမ်ခွဲစေချင်တာက သူတို့အစ်မကို သေလုနီးပါး ရိုက်ထားပြီး နောက်အစ်မ အိမ်ကိုလည်း တစ်စစီဖျက်ဆီးခဲ့လို့" ချူယောင်း သူမအင်္ကျီလက်ကိုတင်ပြလိုက်သည်။ အမာရွတ်များက အခုရက်ပိုင်းဆေးလိမ်းပြီးနောက် နည်းနည်းပျောက်ကင်းလာသည်။ ချူယောင်း နေ့တိုင်း စောင့်ကြည့်သဖြင့် အမာရွတ်အခြေအနေကို သိသော်လည်း တစ်ခြားသူများ မသိနိုင်ပါ။

"သူတို့ အစ်မကို ဒီလိုရိုက်ထားတာကိုကြည့်ဦး။ အစ်မ ရဲစခန်းသွားပြီး သူတို့ကို တိုင်ရင် ဘာဖြစ်မယ်လို့ မောင်လေးထင်လဲ? ပြီးတော့ မောင်လေး မောင်လေးက အစ်မကို မောင်လေးနဲ့ တစ်မိသားစုတည်းလို့ပြောပေမယ့် သူတို့ အစ်မကို ဒီလိုထိရိုက်ထားတာကို မောင်လေး မသိတာလား မသိချင်ယောင်ဆောင်နေတာလား?" ချူယောင်း ‌ထိုသို့ပြောလိုက်သည်။

တကယ်တော့ ချူယောင်း မူလပိုင်ရှင်အတွက် တရားမျှတမှုရစေရန် ရဲစခန်းသို့သွား၍ တိုင်ရန် အမြဲတွေးသည်။ သူမ မှတ်ဉာဏ်အရ ကျီမိသားစုက သူမကို ရိုက်သည်ဖြစ်‌သော်လည်း သူမဤခန္ဓာကိုယ်တွင် နေသည်က ကြာလာလေလေ ကိစ္စများက ထင်သလောက် မရိုးရှင်းဟု သူမ ခံစားလာရသည်။

သူမကိုယ်ပေါ်က ဒဏ်ရာများက ကျီမိသားစုနှင့် မဆိုင်သော်လည်း ကျီမိသားစုက တကယ်ပင် မူလပိုင်ရှင်ကို ရိုက်ခဲ့သည်။ ကျီမိသားစုကလည်း ကောင်းသည်မဟုတ်၍ သူမ သူတို့ကို အပြစ်လွှဲချမိသွားသည်ကိုလည်း သူမ ဂရုမစိုက်ပါ။

ကျီကျိုး အပြုံးကို မနည်းထိန်းထားရသည်။ နောက် သူ ချူယောင်းကို ပြောလိုက်သည်။ "ကျွန်တော် ဒီအ‌ကြောင်း တကယ် မသိလို့ပါ။ ကျွန်တော်သိရင် ကျွန်တော် သေချာပေါက်....."

All Chapters