← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

ချူယောင်း လီထောင်းဟွာ၊ ကျီယွမ်တို့ နှစ်ယောက်နှင့် မနက်စောစော မြို့သို့သွားလိုက်သည်။ သူတို့ကို နှုတ်ဆက်သည့်သူများ ရှိလျှင် စကားအနည်းငယ်ပြန်ပြောလိုက်သည်။

"ယောင်းမ စျေးမှာ ဘာဝယ်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား?" ချူယောင်း စကားလည်းမပြော တစ်ယောက်တည်း လမ်းလျှောက်နေရပြီး အထီးကျန်နေသည့်ပုံပေါ်သဖြင့် လီထောင်းဟွာ သူမဘာသာ စကားစပြောလိုက်သည်။

"လက်ဆောင် အရင်သွားဝယ်လိုက်ဦးမယ်။ နောက် အစ်မတို့ ကိုယ့်ဘာသာ သွားတဲ့အချိန်ကျရင်တော့ အစ်မ အစ်မအကြီးဆုံးရဲ့ကလေးတွေကို သွားကြည့်ချင်တယ်" ချူယောင်းပြောပြီးသည့်နောက် လီထောင်းဟွာနားလည်သွားသည်။

ကျီယွမ် ဝင်ပြောလိုက်သည်။ "ဒါဆိုလည်း တူတူသွားကြမယ်။ အစ်မကျီရိုရဲ့ ကလေး အခြေ‌အနေဘယ်လိုရှိလဲဆိုတာ သိချင်တယ်။ အငယ်လေးကိုရော ရှာတွေ့ပြီလားမသိဘူး?"

ချူယောင်း ခေါင်းခါလိုက်သည်။ "အစ်မ ရဲစခန်းမှာသွားမေးမလို့"

သူတို့အတူတူ သွားလိုက်ကြသည်။ ရဲစခန်းကိုသွားပြီး မေးကြည့်ပြီးနောက် ကိစ္စက မတိုးတက်သေးကြောင်းသိလိုက်သည်။ ကလေးတစ်ယောက်ကို ရှာရသည်မှာ မလွယ်ကူကြောင်း ချူယောင်းသိသည်။ သို့သော် ကျီယွမ်နှင့် လီထောင်းဟွာက ချူယောင်းစိတ်ဓါတ်ကျမည်စိုးရိမ်၍ အားပေးကြသည်။ "ကလေးကို ရှာတွေ့မှာပါ"

သူမကလေးဆိုလျှင်တော့ ချူယောင်း နေ့ရောညရော ရှာမည်ဖြစ်သည်။ ကျီရိုက သူမအပေါ် တကယ်ကောင်းသည်ဖြစ်၍သူမ အခု ရှာနေခြင်းသာဖြစ်သည်။

"အစ်မ အဆင်ပြေပါတယ်။ သတင်းမကြားရသေးတော့ မျှော်လင့်ချက် ရှိပါသေးတယ်" ချူယောင်း ခေါင်းခါလိုက်ရင်း သူမအဆင်ပြေကြောင်း ပြောလိုက်သည်။

‌ချုယောင်း‌ စျေးတွင် သကြားလုံးတစ်ပေါင်၊ ဘီစကွတ်တစ်ပေါင်၊ နို့၂ဘူး ဝယ်လိုက်သည်။ ကျီယွမ်နှင့် လီထောင်းဟွာ ဝယ်သော်လည်း သူတို့ အနည်းငယ်သာ ဝယ်ကြသည်။

သူတို့ လီအိမ်‌သို့ တက်သွားရာ လှေကားထစ်တွင် သူတို့ လီမိသားစုအိမ်မှ ဆူညံသံများကြားလိုက်ရသည်။

ချူယောင်း ဒီလိုပတ်ဝန်းကျင်ကို အမုန်းဆုံးဖြစ်သည်။ သူမ ကလေး၂ယောက်ကိုသာ တွေ့စရာမရှိလျှင် သူမ ဒီကို လာမည်မဟုတ်ပါ။

ပစ္စည်းပြုတ်ကျသံများကြား၍ ကျီယွမ် မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သွားကာ တံခါးကို ခေါက်လိုက်သည်။ ခဏကြာသော် တံခါးကို အထဲမှ ဖွင့်ပေးသည်။

လီအဒေါ် ဝမ်းနည်းနေသောမျက်နှာဖြင့် တံခါးဖွင့်လာသည်။ သူမ တံခါးအပြင်က ချူယောင်းကို တွေ့သောအခါ ဒေါသတကြီးပြောလိုက်သည်။ "နင်က ဒီကိုဘာလို့လာတာလဲ?"

"ကျွန်တော်တို့ တူမတွေကို လာတွေ့တာ။ ကလေးနှစ်ယောက် ဘယ်မှာလဲ?" ကျီယွမ် ဤအမျိုးသမီးကြီးကို သဘောမကျပါ။ သူ ဤအမျိုးသမီးကြီးကို အကြိမ်ပေါင်းများစွာ မြင်ဖူးပေမယ့် တစ်ခါမှ ကြည့်ရအဆင်မပြေ။

"အဲ့ကလေးမနှစ်ယောက် အိမ်မှာမရှိဘူး။ မင်းတို့ ပစ္စည်းတွေချထားပြီး ပြန်လို့ရပြီ" လီအဒေါ် သူတို့လက်ထဲ ပစ္စည်းများ ကိုင်ထားသည်ကိုမြင်၍ ချထားရန် ပြောလိုက်သည်။

ကျီယွမ် ခေါင်းတိုးဝင်ကြည့်ရာ အသက်အတန်ရသော အမျိုးသမီးတစ်ယောက်က သူ့လက်တွင် ၇နှစ် ၈နှစ်အရွယ်ကောင်လေး တစ်ယောက်ကို ချီထားသည်ကို တွေ့လိုက်သည်။

တစ်ယောက်ယောက် ခေါင်းတိုးကြည့်နေသည်ကို မြင်၍ ထိုမိန်းမက ကျီယွမ်ကို ချေချေငံငံကြည့်ကာ "မြန်မြန်လုပ်။ အဘွားကြီး။ တံခါးပိတ်လိုက်တော့လေ။ ဒီလိုရှုပ်ရှုပ်ယှက်ယှက် လူတွေကို အဝင်ခံမလို့လား?" ဟု အော်ပြောလိုက်သည်။

လီအဒေါ် အလွန်ထိတ်လန့်သွားကာ ဘာမှမပြောတော့ဘဲ တံခါးကို ချက်ချင်း ပိတ်လိုက်သည်။ သူမ ထိုမိန်းမကို ကြောက်သည့်ပုံပေါ်သည်။

သူတို့သုံးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မကောင်းသည့်သူများ အပြစ်ဒဏ်ခံနေရပြီဟု တွေးမိလိုက်ကြသည်။ လီအဒေါ်၏ ဘဝက မလွယ်သည့်ပုံပင်။

"အဲ့တစ်ယောက်က လီဝေထပ်ယူလိုက်တဲ့ မိန်းမနေမယ်?" ကျီယွမ် ခေါင်းကုတ်ရင်း မေးလိုက်သည်။

ချူယောင်းနှင့် လီထောင်းဟွာ မသေချာသဖြင့် ခေါင်းသာခါလိုက်သည်။ သူတို့နှစ်ယောက်လည်းမသိပါ။

"အဲ့တစ်ယောက်က လီဝေထက် အများကြီးကြီးမယ့်ပုံပဲ။ သူ ဘာတွေးနေတယ်မသိဘူး။ အစ်မကျီရို ဆုံးတာ သိပ်မကြာသေးပေမယ့် နောက်မိန်းမထပ်ရနေပြီ" ကျီယွမ် လမ်းတစ်လျှောက် ကျီရိုကိုယ်စား အခဲမကျေဖြစ်နေသည်။

ချူယောင်း ‌ကလေးနှစ်ယောက်ကို မတွေ့ရသဖြင့် စိတ်မအေးပါ။ "သူတို့ကျောင်းသွားကြည့်ရအောင်"

သူတို့ ပစ္စည်းများကိုကိုင်ကာ ကျောင်းသို့သွားကြည့်လိုက်ကြသည်။ ကျောင်းအစောင့်ကို မေးရာ သူတို့ကို နာမည်စာရင်းရေးပြီးမှ ဆရာမကို သွားရှာရန်ပြောသည်။ သူတို့ နာမည်ရေးသွင်းပြီး ဆရာမကိုသွားရှာမှ ကလေးနှစ်ယောက် ယခင်လကစ၍ ‌ကျောင်းသို့ မလာကြောင်းသိလိုက်ရသည်။

ကလေးနှစ်ယောက်မှာ အိမ်တွင်ရော ကျောင်းတွင်ရော မရှိ။ ဘယ်သွားသည်ကို မသိပါ။

"ကျွန်တော်တို့ လီဝေစက်ရုံကို သွားရှာရင်ရော?" ကျီယွမ်အကြံပြုလိုက်သည်။

"သူဘယ်မှာလုပ်တာ မောင်လေးသိလား? သိရင် သွားကြည့်ကြရအောင်...." ချူယောင်း အလွန်စိတ်မအေးဖြစ်နေသည်။ တစ်ခုခုဖြစ်တော့မည်ဟုလည်း ခံစားနေရသည်။

"အထည်အလိပ်စက်ရုံလို့ ကျွန်တော်ကြားတယ်။ သွားကြည့်ကြမလား?" သူတို့် အထည်အလိပ်စက်ရုံသို့ သွားလိုက်ကြပြီး နာမည်စာရင်းပေးကာ ‌အစောင့်ကို လီဝေ့အားခေါ်ပေးရန်ပြောလိုက်သည်။

လီဝေ သူတို့ကို မြင်၍ စိတ်ရှုပ်သွားသော်လည်း သူ သွားတော့သွားကြည့်ရဦးမည်။ "ဘာကိစ္စရှိလို့လဲ?!"

သုံးယောက်ထဲမှ နှစ်ယောက်မှာ သူ့ကို အထင်သေးသည်။ တစ်ယောက်မှာ ချူယောင်းဖြစ်ပြီး နောက်တစ်ယောက်မှာ ကျီယွမ်ဖြစ်သည်။ ကျီယွမ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ကလေးနှစ်ယောက်ဘယ်သွားလဲ?"

"သူတို့က အိမ်မှာ မဟုတ်ဘူးလား?" သူတို့ ဒီလာပြီး ဤကဲ့သို့မေးခွန်းကို ဘာလို့မေးသည်ကို လီဝေနားမလည်နိုင်။

"ဘယ်လို အဖေလဲ? ကလေးနှစ်ယောက် ပျောက်နေတာကို ရှင်က မသိဘူးလား? သားငယ်လေးကိုလည်း ပျောက်ပြီးပြီ။ အခု ရှင့်သမီးနှစ်ယောက်လည်း ပျောက်နေတယ်။ ရှင်လုံးဝဂရုမစိုက်တာဘဲ!" ချူယောင်း သူ့ကို အမှိုက်စတစ်စကို ကြည့်သကဲ့သို့ကြည့်လိုက်သည်။

လီဝေ ထိုအကြည့်ကိုမခံနိုင်၍ အော်ပြောလိုက်သည်။ " ကလေးနှစ်ယောက်က ကြီးနေပြီပဲ။ ထပ်‌ပျောက်နိုင်မလား? ငါအလုပ်သွားရဦးမယ်။ မင်းတို့လို အလုပ်မရှိတာမဟုတ်ဘူး" ပြောပြီးနောက် သူ ထွက်သွားရန်ပြင်လိုက်သည်။

ချူယောင်း သူ့ကို ‌အနောက်မှ ကန်လိုက်သည်။ လီဝေ နေရာတွင်ပဲ မြေကြီးပေါ် လဲကျသွားသည်။ သူ့ကို ထူပေးရန် အကူအညီတောင်းချင်ပေမယ့် အကုန်ထွက်သွားကြပြီဖြစ်ရာ သူ့အနောက်တွင် တစ်ယောက်မှမရှိပေ။

အထည်အလိမ်စက်ရုံက ချောင်ကြသဖြင့် အစောင့်မှလွဲ၍ တစ်ခြားဘယ်သူမှ မရှိ။

လီဝေ ဒေါသတကြီး လျှောက်သွားလိုက်ပြီး အစောင့်ကို မေးလိုက်သည်။ "ဆရာ၊ ခုနက ကျွန်တော့်ကို တစ်ယောက်ယောက် ရိုက်တာမြင်လိုက်လား? ဆရာ ကျွန်တော့်အတွက် သက်သေလိုက်ပေးနိုင်မလား?" ‌လီဝေ ဒီတစ်ခါတော့ ရဲစခန်းသွားတိုင်ပြီး သူတို့ကို အလွတ်မပေးရန် စဥ်းစားလိုက်သည်။

အစောင့် ဤလူငယ်ကိုကြည့်လိုက်ရာ သူ ဒီလူငယ် နေ့တိုင်း အလုပ်ဝင် အလုပ်ဆင်းသည်ကို မြင်၍ ဤလူငယ်က စက်ရုံမှဖြစ်သည်ကို သိသော်လည်း ခုနက သူတို့စကားပြောသည်ကို သူကြားလိုက်သည်။

အစောင့် ခေါင်းသာခါလိုက်သည်။ "ဦးလေး မတွေ့လိုက်ဘူး။ ဘာဖြစ်လို့လဲ?!!

"ခုနက လူသုံးယောက်က ကျွန်တော့်ကို ရိုက်သွားတာ။ ကျွန်တော် ရဲစခန်းသွားတိုင်မလို့။ ဦးလေးသက်သေလုပ်ပေးနိုင်မလား?" လီဝေ လက်မလျှော့ပါ။

"ဒါလက်ခံလို့မဖြစ်ဘူး။ ဦးလေး မျက်လုံးနဲ့မှ မမြင်တာ။ လိမ်လည်ထွက်ဆိုတာ ဖြစ်သွားမှာပေါ့?" ဤလူငယ်က တာဝန်ယူမှုမရှိဘူးဟု အစောင့်ကြားလိုက်သည်။ ကလေးတစ်ယောက် ပျောက်သွားပြီး နောက်နှစ်ယောက်လည်း အခုပျောက်နေပေမယ့် ဒီလူငယ်က အလျင်မလိုပေ။

"လိမ်လည် ထွက်ဆိုတယ်လို့ ပြောလို့မရပါဘူး။ သူတို့တကယ် ကျွန်တော့်ကို ရိုက်သွားတာ" အစောင့် မြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေ လီဝေ ဂရုမစိုက်ပါ။ သူ့ကို သက်သေသာ လိုက်ပေးစေချင်သည်။ ပြောပြီးနောက် သူ သူ့အိတ်ကပ်ထဲမှ စီးကရက်ထုပ်လိုက်ပြီး တစ်ခုကို အစောင့်အား ပေးလိုက်သည်။

အစောင့် ခေါင်းပဲခါသည်။ "ဦးလေး တကယ် မမြင်တာ။ မင်းလည်း အလုပ်မြန််မြန််ပြန်လုပ်သင့်နေပြီ။"

အစောင့်၏ အလိုမတူမှုကို မြင်၍ လီဝေ စီးကရက်ကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး အစောင့်ကို စိတ်မရှည််စွာကြည့်လိုက်သည်။ နောက် သူရာထူးတိုးလျှင် အရင်ဆုံး ဤအစောင့်ကို အလုပ်မှ ထုတ်မည်။

အစောင့်က လီဝေဘာတွေးနေသည်ကို မသိသလို ချူယောင်းနှင့် တစ်ခြားသူများလည်း မသိပါ။ သူတို့သုံးယောက် ကလေးတွေကို မြို့ထဲ ပတ်ရှာကြသည်။

နောက်ဆုံး သူတို့ ကလေးနှစ်ယောက်ကို ပန်းခြံအသေးတစ်ခုက အမှိုက်ပုံးတွင် ရှာတွေ့သွားသည်။ ကလေးနှစ်ယောက် ချူယောင်းကို မြင်၍ အလွန်ပျော်သွားသည်။

လီထောင်းဟွာကို မည်သို့ခေါ်ရမည်မသိသဖြင့် "ဒါသမီးတို့အဒေါ်ထောင်းဟွာ‌" ကျီယွမ်‌ မိတ်ဆက်ပေးပြီးနောက် သူတို့အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။

"ဦးလေးနဲ့ အဒေါ်တို့က ဒီကို ဘာလို့လာတာလဲ?" အကြီးမလေး လီ‌ရွှယ်ရှင်းက မေးလိုက်သည်။ ဦးလေးနှင့် အဒေါ်ကို သူတို့သိသည်ဖြစ်ပြီး အမေကလည်း ဦးလေးနှင့် အဒေါ်က အလွန်ကောင်းသောသူများ ဖြစ်သည်ဟု ပြောသည်။

"အဒေါ်တို့ သမီးတို့ကို လာတွေ့တာ။ သမီးတို့နှစ်ယောက်က ဒီမှာဘာလို့ အမှိုက်လာကောက်နေတာလဲ? ကျောင်းကိုရော ဘာလို့မသွားတာလဲ? သမီးတို့ ကျောင်းမလာတာ ၁လလောက်ရှိပြီလို့ အဒေါ် ဆရာမဆီက ကြားတယ်" ချူယောင်း ကလေးနှစ်ယောက်ကို ခေါ်သွားကာ ပန်းခြံထဲက ထိုင်ခုံပေါ်တွင် ထိုင်စေသည်။

ကလေးနှစ်ယောက် အချင်းချင်းကြည့်လိုက်ကြပြီး ခေါင်းငုံ့သွားကြသည်။ ချူယောင်း သူတို့ဆံပင်ကို ညင်ညင်သာသာထိလိုက်ရင်း မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

လီရွှယ်ရှင်း ဖြေသင့် မဖြေသင့် အတွေးများနေပေမယ့် သူမက တည့်တိုးသမားဖြစ်၍ ခဏမျှတုံ့ဆိုင်းပြီးနောက် ပြောရန်ဆုံးဖြတ်လိုက်သည်။ "သမီးတို့မိထွေးက သမီးတို့စာသင်တာက ပိုက်ဆံဖြုန်းတယ်လို့ပြောပြီး သမီးတို့ကို ကျောင်းမသွားခိုင်းတာ"

"ဒါဆို သမီးတို့က ဒီမှာ ဘာလို့အမှိုက်ကောက်နေတာလဲ?"

"သမီးတို့အိမ်မှာဆိုရင် မိထွေးက သမီးတို့ကို လူပိုတွေလို့‌ပြောပြီး ပိုက်ဆံထွက်ရှာဖို့ပြောလို့ သမီးတို့ ထွက်ရှာပေမယ့် သမီးတို့က အရမ်းငယ်သေးတော့ အလုပ်မှာမကူနိုင်ဘူးဆိုပြီး ဘယ်သူမှ မခိုင်းချင်ကြဘူး" လီရွှယ်ရှင်းပြောပြီးနောက် လူကြီးများ၏ မျက်နှာကိုကြည့်လိုက်ရာ မျက်နှာမကောင်းကြသဖြင့် သူမ သူမညီမကို ပြန်ကြည့်လိုက်သည်။

သူမ ထိုစကားများ ပြောသင့် မပြောသင့်မသိပေမယ့် အခုအချိန်တွင် သူတို့ကို ကူညီဆုံးဖြတ်ပေးမည့်သူမရှိပါ။

"အမှိုက်ဘဆက်မကောက်နဲ့တော့ "ချူယောင်း ကြည့်မနေနိုင်တော့။ ကျီရို တန်ဖိုးထားချစ်မြတ်နိုးရသည့် ကလေးနှစ်ယောက်က ကျီရိုဆုံးသည်နှင့် အခုလိုအခြေအနေဖြစ်သွားသည်။

"အဒေါ်၊ သမီးတို့ အဆင်‌ပြေပါတယ်။ သမီးအစ်မနဲ့ သမီး တစ်နေ့ ၂ဆင့်ရှာနိုင်တယ်" လီရွှယ်ရူ ချိုသာစွာပြုံးပြလိုက်သည်။ ကလေးနှစ်ယောက်မျက်နှာမှာ ညစ်ပတ်မဲသဲနေသည်။

"ထောင်းဟွာ။ ကလေးနှစ်ယောက်နဲ့ ဒီမှာ ခဏနေပေးလိုက်ဦး။ ကိုယ် မရီးနဲ့ တိုင်ပင်လိုက်ဦးမယ်" ကျီယွမ်သက်ပြင်းချလိုက်ပြီး လီထောင်းဟွာကို ကလေးနှစ်ယောက်နှင့် နေရန်မှာလိုက်သည်။ လီထောင်းဟွာခေါင်းညိတ်လိုက်သည်။ သူမ လက်ကိုင်ပုဝါထုတ်လိုက်ကာ ကလေးနှစ်ယောက်မျက်နှာကို သေချာသုတ်ပေးလိုက်သည်။

ချူယောင်းနှင့် ကျီယွမ် သူတို့အချင်းချင်းမြင်နိုင်ပေမယ့် မကြားနိုင်လောက်သည့် မနီးမဝေးနေရာသို့ သွားလိုက်သည်။

" မရီး၊ ကျွန််တော်တို့ အခု ဘာလုပ်သင့်လဲ? ကလေးနှစ်ယောက်က အရမ်းသနားဖို့‌ကောင်းတယ်။ လျစ်လျူရှုထားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး" ကျီယွမ် သူ့အပေါ် ကျီရိုကောင်းပေးခဲ့သည်ကို မေ့မထားနိုင်ပါ။

ကျီယွမ်ကိုလည်း အိမ်တွင် သူ့မိဘများက မချစ်ကြပေ။ ကျီရိုက သူ့ထက် နှစ်အများကြီး ကြီးသည်ဖြစ်ပြီး သူသနားဖို့‌ကောင်းသည်ကိုမြင်၍ သူမ သူ့ကို သူမမောင်နှင့် ဆော့စေသည်။ သူမ သူတို့နှစ်ယောက်ကို သူမအလုပ်လုပ်ရာ ခေါ်သွားပြီး သူတို့က သူမဘေးဆော့ကြသည်။

သူတို့ မသိတတ်စဥ်က သူတို့ ဆော့သာဆော့ကစားကြ၍ နောက် သူတို့ အနည်းငယ်ကြီးပြီး သိတတ်လာသောအခါ ကျီရိုအလုပ်ကို ကူလုပ်ပေးကြသည်။ ကျီယွမ် အိမ်ထောင်ကျစဥ်က ကျီရို လက်ထပ်သွားခဲ့ပြီးဖြစ်သည်။ ကလေးနှစ်ယောက်နှင့် မိတ်မဆက်ဖူးသဖြင့် ကလေးနှစ်ယောက် လီထောင်းဟွာကို မသိကြခြင်းဖြစ်သည်။

"သူတို့မိသားစု ဘာပြောမလဲ အရင်သွားကြည့်ရအောင်။ ဖြေရှင်းချက် ကောင်း‌ကောင်းမပေးနိုင်ရင် အစ်မ ကလေးတွေကို ခေါ်သွားမယ်" ချူယောင်း စဥ်းစားပြီးပြီ။ ကလေးနှစ်ယောက်က အလွန်လိမ္မာသဖြင့် သူတို့ကို သူမအိမ်ခေါ်သွားရန် အဆင်ပြေသည်။ အဖော်အဖြစ်သဘောထား၍လည်း ရသည်။ ပြီးတော့ ကလေးနှစ်ယောက်ကလည်း သိပ်စားနိုင်သည်မှ မဟုတ်တာ။

"ဒါပေမယ့်..."ကျီယွမ် ချူယောင်း ကလေးနှစ်ယောက်ကို မွေးပေးထားရမည်ကိုလည်း အနည်းငယ်စိုးရိမ်သည်။

"ရှိတာ မရှိတာတွေးမနေနဲ့။ သူတို့ပြောတာကို အရင်နားထောင်လိုက်မယ်" ချူယောင်း သူမငွေမျက်နှာကြည့်နေမိသည်ဟု ခံစားလိုက်ရသည်။ သူမ ဒီရောက်လာပြီးမှ ဘာလို့ တစ်ခြားသူတွေဆီက ငွေမကြာခဏတောင်းနေမိသည်နည်း? တစ်ခြားနည်းလမ်းလည်းမရှိ၍ သူမ မတတ်နိုင်ချေ။

All Chapters