← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

ချူယောင်းနှင့် ကျီယွမ် ကလေးနှစ်ယောက်ကို လီအိမ်သို့ ခေါ်သွားလိုက်သည်။ လီအိမ်က ဤပန်းခြံနှင့် မဝေးပါ။ ကလေးနှစ်ယောက်မှာ လမ်းတစ်လျှောက် အလွန်စိတ်လှုပ်ရှားနေပုံပေါ်ကာ ချူယောင်းနှင့် လီထောင်းဟွာအင်္ကျီစများကို ကိုင်ထားသည်။

လီထောင်းဟွာ ကလေးတွေကို နှစ်သိမ့်ပေးလိုက်သည်။ “မစိုးရိမ်ပါနဲ့။ သူတို့တွေက သမီးတို့ကို မကြာခဏအနိုင်ကျင့်လို့လား?”

လီရွှယ်ရှင်း ခေါင်းငုံ့လိုက်ပြီး ဘာမှတော့ ထပ်မပြောတော့ပေ။ သူမအမေ ဆုံးသွားပြီးကတည်းက ထိုအိမ်က သူတို့အိမ်မဟုတ်တော့ပါ။

ချူယောင်း ခဏမျှတိတ်ဆိတ်နေပြီးနောက် ကလေးနှစ်ယောက်၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သညယ “သမီးတို့မှာ ပြောစရာရှိရင် ပြောလို့ရတယ်။ အဒေါ်တို့ သမီးတို့ကို ကူညီပေးမယ်”

လီရွှယ်ရှင်း သူမညီမလေးလက်ကို ကိုင်ပြီး ချူယောင်းကို ပြောလိုက်သည်။ “အဒေါ့်ကို ‌ကျေးဇူးတင်ပါတယ်။ ဦးလေးယွမ်နဲ့ ‌အဒေါ်ထောင်းဟွာကိုရော ကျေးဇူးတင်ပါတယ်”

ချူယောင်း ကလေးတွေခေါင်းကို ဖွဖွပုတ်လိုက်သည်။ သူတို့ လီအိမ်တံခါးသို့ ရောက်သောအခါ အသံက အရင်ကလို မဆူတော့ပေ။ ကျီယွမ် တံခါးခေါက်လိုက်သောအခါ တံခါးက အလွန်ဖြည်းညင်းစွာ ပွင့်လာသည်။တံခါးကိုအမျိုးသမီးတစ်ယောက် ဖွင့်ပေးခြင်းဖြစ်သည်။

အမျိုးသမီးက လူတိုင်းကို မာထန်ထန်ပြောသည်။ “နင်တို့က ဘယ်သူတွေလဲ? ငါ့အိမ်မှာ ဘာလာလုပ်နေကြတာလဲ?!”

သူမ ပြောပြီးနောက် ‌အနောက်က ညီအစ်မနှစ်ယောက်ကိုမြင်၍ မျက်နှာမည်းသွားကာ အော်‌ပြောလိုက်သည်။ “နင်တို့နှစ်ယောက်က အနောက်မှာ ဘာလုပ်နေတာလဲ? အိမ်ပြန်လာပြီး ဘာလုပ်မလို့လဲ? အိမ်မှာ နင်တို့ဆော့ဖို့ နေရာမရှိဘူး။ ညည်းတို့နှစ်ယောက်က တစ်နေကုန်စားဖို့ပဲ သိတယ်။ အပြင်ထွက်ခိုင်းလိုက်တာ ရှုပ်ရှုပ်ယှက်ယှက် လူတွေပြန်ခေါ်လာတယ်”

အမျိုးသမီးပြောပြီးနောက် ကလေးနှစ်ယောက်မှာ စကားပင်မပြောရဲကြတော့ပေ။ ချူယောင်း နောက်တွင်သာ ရပ်နေကြသည်။

“တော်တော့” ချူယောင်း အမျိုးသမီးကို တားလိုက်သည်။

အမျိုးသမီး ပို၍ မကျေမနပ်ဖြစ်လာသည်။ တကယ်တော့ သူမ ခုနက လီအဒေါ် ပြောပြ၍ ထိုလူများကိုသိသည်။ ဇနီးဟောင်း၏ မိသားစုများသာဖြစ်သည်။ သူမ ဒီအိမ်တွင် အိမ်ထောင်ကျပြီးတည်းက ဇနီးဟောင်းများ၏ ပုံများကို လွှတ်ပစ်လိုက်သည်။

“နင်တို့ တော် ဆိုတိုင်း တော် ရမှာလား! နင်တို့က ဘယ်သူတွေလဲ? ငါ့အိမ်လာပြီး လမ်းပိတ်နေရဲတယ်။ ငါ ရဲမခေါ်ရဲဘူးများထင်နေလား? ဒီလိုလူတွေကို ခေါ်လာတည်းဆိုတည်းက ညည်းတို့နှစ်ယောက်က ကောင်းကိုမကောင်းဘူး” သူမပြောပြီးနောက် ကလေးနှစ်ယောက်ကို ဆွဲ‌ခေါ်လိုက်ကာ ကလေးနှစ်ယောက် အော်ငိုသည်အထိ စွဲဆိတ်နေလေသည်။

ချူယောင်း အမျိုးသမီးကို တွန်းထုတ်လိုက်ပြီး ကလေးနှစ်ယောက်ကို ပြန်ဆွဲခေါ်ရာ ထိုအမျိုးသမီးက ပြောစကားနားမထောင်သဖြင့် ချူယောင်း သူမပါးကို ချလိုက်သည်။ “စကားပြောတာ နားမထောင်တတ်ဘူးလား?”

အမျိုးသမီးက မျက်နှာအရိုက်ခံလိုက်ရ၍ ဖူးရောင်လာကာ သူမမျက်နှာကို အုပ်ကိုင်လိုက်ပြီး အော်ပြောလိုက်သည်။ “နင်တို့က ဓါးပြတွေလား? သူများအိမ်လာပြီး လူတွေကိုရိုက်နေတယ်....”

“ခင်ဗျားအခုထိ ကျွန်တော်တို့ပြောတာနားမထောင်ဘူးဆိုတော့ နောက်ပါးတစ်ဖက်ပါ အရိုက်ခံချင်လို့လား?” ကျီယွမ် ဝင်အော်ပြောလိုက်မှ အမျိုးသမီး အော်တာရပ်သွားတော့သည်။

“နင်တို့က ဘာလုပ်ချင်နေကြတာလဲ?” သူမ သူတို့မဝင်နိုင်အောင် တံခါးကိုပိတ်ရပ်ထားဆဲဖြစ်သည်။

“အိမ်က လူတွေအားလုံးကို ပြန်ခေါ်လိုက်” ချူယောင်း သူမကို တွန်းဖယ်လိုက်ပြီးနောက် ကလေးနှစ်ယောက်ကို အိမ်ထဲခေါ်လာလိုက်သည်။

အမျိုးသမီး ဒါကိုကြား၍ မလှုပ်ရဲတော့ပေ။ အိမ်နီးနားချင်းများလည်း ရောက်လာကြပြီး တစ်ချို့က ဝင်ပြောကြသည်။ “ဝမ်ကွေ့ဟွား၊ ငါတို့ နင့်အစား ခေါ်ပေးရမလား?” အိမ်နီးနားချင်းတော်တော်များများ ဝမ်ကွေ့ဟွာကို သဘောမကျကြပေ။

သူမ ရွာတွင် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျပြီး သူမခင်ပွန်း ဆုံးပါးသွားသည့်အခါ သူမတစ်ယောက်တည်း ကလေးကို ပျိုးထောင်ခဲ့သည်။ နောက် သူမတစ်ယောက်တည်းမနေနိုင်သဖြင့် တစ်ခြားယောကျ်ားများနှင့်လည်း နေခဲ့သည်။ သို့‌သော် အရင်တလောက သူမ စျေးတွင် လီအဒေါ်နှင့် ဆုံခဲ့သည်။

မတော်တဆ ကူညီသလိုဖြစ်သွား၍ လီအဒေါ် သူမကို စိတ်ထားကောင်းသည်ဟု ထင်ခဲ့သည်ဖြစ်ရာ သူမကို မေးကြည့်၍ မုဆိုးမဖြစ်သည်ကို ကြားပြီး လီအဒေါ် အစက သိပ်သဘောမကျခဲ့။ သို့သော် လီအဒေါ် သူမ၏လေချိုသွေးမှုများနောက်ပါသွားပြီး အိမ်ထောင်ကျသွားလျှင် သူမကို ထိန်းနိုင်လောက်၍ အဆင်ပြေမည်ဟုထင်ခဲ့သည်။

ထို့‌ကြောင့် လီ‌ဝေနှင့် ဝမ်ကွေ့ဟွား မြန်််မြန်ယူဖြစ်သွားကြခြင်းဖြစ်သည်။ လက်ထပ်ပြီးနောက် ဝမ်ကွေ့ဟွား ပုံစံပြောင်းလဲသွားသည်။ သူမ လီအဒေါ်ကို နိုင်ရုံသာမက လီဝေကိုလည်း ထိန်းချုပ်နိုင်သည်။ ကလေးနှစ်ယောက်မှာလည်း အရိုက်ခံရရုံသာမက အမာန််ပါခံရသည်။ နေ့လည် သူတို့ကို အိမ်ပြန်ခွင့်မပြုဘဲ နေပူပူတွင် အပြင်မှာသာ ရှာစားခိုင်းသည်။ သူတို့ကို ညမှသာ တစ်နပ်‌ကျွေးသည်။

ကလေးတွေအမှိုက်ကောက်ပြီး ပိုက်ဆံပြန်ယူလာရသည်။ ပိုက်ဆံပါမလာသည့်နေ့ဆို သေချာပေါက် ရန်ဖြစ်သည်ကိုကြားရသည်။ အိမ်နီးချင်းများ ထိုအသံများကိုကြားရသော်လည်း ကလေးမနှစ်ယောက်ကို စားဖို့သာ တစ်ခုခုပေးနိုင်သည်။ တစ်ခြားဘာမှမကူညီနိုင်ပေ။

“ဒါဆို ကျွန်မတို့ ကျေးဇူးတင်ပါတယ်” လီထောင်းဟွာ သူတို့ကို ‌ကူညီပေး‌သော အိမ်နီးချင်းများကို ကျေးဇူးတင်လိုက်သည်။

လူတစ်စု အခန်းထဲဝင်လာသဖြင့် ဝမ်ကွေ့ဟွား သူတို့ကို ‌ထရိုက်တော့မည်ဟန်ကြည့်နေသည်။

လီဝေနှင့် လီအဒေါ် အလျင်အမြန် ပြန်ရောက်လာသည်။ လီအဒေါ်က ‌ဝမ်ကွေ့ဟွားသားနှင့် စျေးသို့သကြားသွားဝယ်ရခြင်းဖြစ်သည်။ လီအဒေါ်က ဝမ်ကွေ့ဟွားခေါ်လာသော ကလေးကို ကြည့်မရပါ။

သို့သော် ဝမ်ကွေ့ဟွား သူမကို အကြိမ်ပေါင်းများစွာ ရိုက်နှက် အနိုင်ကျင့်ပြီးသည့်နောက် သူမ ဘာမှပြန်မလုပ်ရဲတော့ပေ။ သူမ ဤသားအမိကို အလွန်မုန်းတီးသည်။ အခု သူမစျေးသွား‌သောအခါ တစ်ယောက်ယောက်က အိမ်တွင် သူမအရင်ချွေးမ၏ မိသားစုများရောက်လာသည်ဟု ပြောပြီး လာခေါ်သည်။

လီအဒေါ် ပထမတော့ မဖြစ်နိုင်ဟုထင်သော်လည်း သူမ သူတို့အပေါ် မျှော်လင့်ချက်ထားသည်။ ထို့ကြောင့် သူတို့ကို မြင်သောအခါ သူမပြုံးပြီး ပြောလိုက်သည်။ “ခမည်းခမက်‌တွေ ရောက်နေတာပဲ” သူမအစက စိတ်မရှည့်သည့်ပုံပေါ်နေသော်လည်း အခု အမူအရာက ‌ပြောင်းသွားသည်။

ဒီအမျိုးသမီးကြီး ‌မျက်နှာပြောင်းလွယ်လှသည်ဟု ချူယောင်း ခံစားလိုက်ရသည်။ လီအဒေါ်စကားများကိုကြား၍ တစ်ဖက် ဝမ်ကွေ့ဟွား သူမကို မျက်စောင်းထိုးလိုက်သော်လည်း လီအဒေါ် အခု မကြောက်တော့ပေ။

အိမ်နီးချင်းများက ချူယောင်းနှင့် တစ်ခြားသူများက သူတို့အတွက် ဖြေရှင်းပေးမည်ဟု ပြော၍ဖြစ်သည်။ ချူယောင်းက သူတို့အပေါ် ဘာလို့ ကြင်နာရသည်ကိုတော့ သူမမသိ။

လီဝေလည်း မကြာခင် အိမ်ပြန်ရောက်လာခဲ့သည်။ ချူယောင်းတို့ကို မြင်သောအခါ ချူယောင်း သူ သတိမထားမိခင် သူ့ကို ထပ်ရိုက်မည်ကိုစိုးရိမ်သည်။ သူ ချူယောင်းကိုတော့ တကယ်ကြောက်သည်။ “မင်းတို့ဘာလို့ ငါ့အိမ်ကို ရောက်လာတာလဲ?” လီဝေ အရင်ပြောလိုက်သည်။

“ကျွန်မ ဒီနေ့ ရှင်းစရာရှိလို့လာတာ။ ကျွန်မ အစ်မကျီရိုဆုံးသွားတာနဲ့ပဲ ရှင် ကလေးနှစ်ယောက်ကို လျစ်လျူရှုလိုက်လို့မရဘူး” ကျီယွမ်နှင့် သူမ တစ်ယောက်က လူကောင်းလုပ်၍ တစ်ယောက်က လူဆိုးလုပ်မည်ဟု တိုင်ပင်ထားကြသည်။

“ကလေးနှစ်ယောက်ကို ငါတို့ဘယ်မှာ ပစ်ထားလို့လဲ? သူတို့ အိမ်မှာမစားရလို့လား မအိပ်ရလို့လား?” လီဝေ သူတို့ပေါက်ကရပြောနေသည်ဟု ခံစားရသည်။ ကလေးနှစ်ယောက်က ‌ကောင်းကောင်းအိပ် ကောင်း‌ကောင်းစားရသည်မလား?

လီဝေ ကလေးနှစ်ယောက်ကို ဘယ်တုန်းကမှ မထိန်းဖူးပါ။ သူအလုပ်သွား အလုပ်ဆင်းတိုင်း ကလေးနှစ်ယောက်က အိမ်တွင်ရှိသည်။ နေ့တိုင်း ကလေးတွေကို စားလို့ကောင်းလား? အိပ်ရင်ရော အိပ်မက်မက်လားဟု မေးရမည်လား?

“ရှင် ဘာတွေဖြစ်နေလဲဆိုတာ မသိတဲ့ပုံပဲ။ ရှင့်မိန်းမကို ပြောခိုင်းကြည့်ပါလား?” ချူယောင်း သူ့အသုံးမကျမှုကို ဒေါသထွက်နေသည်။

လီဝေ ဆိုလိုသည်ကို နားမလည်သဖြင့် ဝမ်ကွေ့ဟွားကို မေးလိုက်သည်။ “အိမ်မှာ ဘာဖြစ်လို့လဲ?”

ဝမ်ကွေ့ဟွား လီဝေ့ကို ဖက်ကိုင်ထားပြီး ပြောလိုက်သည်။ “ ကလေးနှစ်ယောက်ကို နေ့ဘက် အပြင်ထွက်ခိုင်းလိုက်တာပါ။ အိမ်က ကျဥ်းကျဥ်းလေးရယ်။ ကလေးနှစ်ယောက်ကလည်း ငယ်သေးလို့ အပြင်ထွက်ဆော့ခိုင်းလိုက်တာ”

သဘာဝကျသည်ဟု တွေးကာ လီဝေ ခေါင်းငြိမ့်လိုက်သည်။ “ကလေးနှစ်ယောက်ကို အပြင်ထွက်ဆော့ခိုင်းတာပဲ။ ဘာဖြစ်လို့လဲ?”

“ဒါဆို ကလေးနှစ်ယောက်က ဘာလို့ ကျောင်းမသွားရတာလဲ? မနက်စာနဲ့ နေ့လည်စာရော ဘာလို့မကျွေးရတာလဲ? ဘာလို့ အမှိုက်ကောက်ခိုင်းရတာလဲ?” ကျီယွမ်၏ ဆက်တိုက်မေးခွန်းများကြောင့် လီဝေကြောင်သွားသည်။

ဝမ်ကွေ့ဟွား လီဝေ့ကို ဆွဲ၍ ပြောလိုက်သည်။ “အိမ်မှာ မိသားစုဝင်အများကြီးကို ထောက်ပံ့ထားရတာ။ မိန်းကလေးနှစ်ယောက်က ဘာအတွက်စာသင်ရမှာလဲ သူတို့က နောက် အိမ်ထောင်ပြုမှာပဲကို၊ ယောကျ်ားတွေးကြည့်ပါဦး?”

လီဝေ ဒီအကြောင်းများကို တကယ်မသိပါ။ သူလည်း ဒီလိုကိစ္စက ဘာမှမဟုတ်လှဟုတွေးကာ ခေါင်းငြိမ့်ရင်းပြောလိုက်သည်။ “ဟုတ်တယ်။ သမီးနှစ်ယောက်ကို မွေးရတာမလွယ်ဘူး”

“ဒါဆိုဘာလို့ ညစာပဲစားရတာလဲ?” သူဘယ်လောက် စိတ်ထားကောင်း‌ကောင်း ဒီလူတွေက သူ့ကို ဒေါသအလွန်ထွက်အောင်လုပ်နိုင်သည်ဟု ကျီယွမ်ခံစားရသည်။

ချူယောင်းကတော့ ဤနှစ်ယောက် တကယ်လိုက်ဖက်သည်ဟု ခံစားရသည်။ သူတို့သာ အတူတူမဟုတ်ဘူးဆိုလျှင် တရားမျှတမှုမရှိသလိုဖြစ်သွားလိမ့်မည်။

“ကလေးနှစ်ယောက်က ဘယ်လောက်စားနိုင်လို့လဲ ပြီးတော့ အိမ်က လူတွေအကုန်လုံး အလုပ်လုပ်ကြရတာ။ ကလေးတွေက ညစာပဲစားရင်ရပါပြီ” ဝမ်ကွေ့ဟွား သူမ မမှန်တာတစ်ခုမှ မလုပ်မိဟု ခံစားရသည်။ တစ်နေ့တစ်နပ်ပင် မကျွေးသော တစ်ခြားမိထွေးများနှင့် နှိုင်းယှဥ်လျှင် သူမကမှ တော်ပါ‌သေးသည်။

ကြည့်နေကြသော အိမ်နီးချင်းများပင် သက်ပြင်းချမိကြသည်။ ကလေးနှစ်ယောက်က ခက်ခက်ခဲခဲ နေနေရသည့်ပုံပေါ်သည်။

“ဒါဆို ရှင်တို့မိသားစုလည်း ဒီနေ့ကစပြီး တစ်နေ့ တစ်နပ်ပဲစားကြတော့၊ ဘာမှထပ်စားမနေကြနဲ့။ ကျီယွမ် သူတို့ အိုးတွေခွက်တွေကို ရိုက်ခွဲလိုက်” ချူယောင်းပြောလိုက်သည်။

ကျီယွမ် ချက်ချင်းလုပ်ရန်ပြင်လိုက်သည်။ လီဝေ သူတို့တကယ် လုပ်ရဲမှန်းသိသဖြင့် သူ ကျီယွမ်ကို ပြေးဖမ်းလိုက်သည်။

“မင်းတို့ ဒီလို သူများအိမ်လာပြီး ရိုက် ‌မာန်လို့မရဘူး။ ငါ ရဲခေါ်ပြီး မင်းတို့ကိုဖမ်းခိုင်းမယ်” လီဝေအော်ပြောလိုက်သည်။

လီအဒေါ်လည်း သူတို့ပြောသည်ကို ကြား၍ စိတ်ညစ်သွားသည်။ သူမအတွက် ဆုံးဖြတ်ပေးမည်ဟု ထင်ခဲ့သော်လည်း အခု အိမ်က ပစ္စည်းများရိုက်ခွဲမည်ဆိုလျှင်တော့ မဖြစ်ပါ။

“စကားနှင့်ပြောလို့ရရင် စကားနဲ့ပဲပြောကြပါ။ ဒီလိုရိုက်ခွဲစရာမလိုပါဘူး” လီအဒေါ် ဖြောင့်ဖြလိုက်သည်။

ကျီယွမ် ခဏရပ်ပြီး ပြောလိုက်သည်။ “ဒီလိုဆိုလည်း ခင်ဗျားတို့ ဘာလုပ်ပေးမလဲ?”

လီဝေ ဒီလိုကိစ္စများကို တကယ်ဂရုမစိုက်ပါ။ မိသားစုကလည်း အမြဲဆူညံသည်ဖြစ်သည်။ သူ ဝမ်ကွေ့ဟွားကို လက်ထပ်ထားသည်မှာ မကြာသေး၍ သူတို့နှစ်ဦးဆက်ဆံရေးက ကြင်စဦးကဲ့သို့ဖြစ်သည်။

“ငါ ငါ့ဇနီးသည်ကို ဖြောင့်ဖြလိုက်ပါ့မယ်။ မင်းတို့လည်း မြန်မြန် ပြန်ကြတော့။ သူများအိမ်တစ်နေကုန် လာနေပြီး ပြသာနာမရှာကြနဲ့” လီဝေပြောလိုက်သည်။

ဝမ်ကွေ့ဟွား သူမအရိုက်ခံလိုက်ရသည်ဖြစ်၍ ဝင်ပြောလိုက်သည်။ “လွယ်လွယ်ပြန်လို့တော့မရဘူး။ နင်တို့ ငါ့ကို ဒီနေ့ ရိုက်သွားတာ ငါ့ကို လျော်ကြေးပေးရမယ်”

ချူယောင်း ဝမ်ကွေ့ဟွားဆီ လျှောက်သွားလိုက်ပြီး သူမပါးကို ထပ်ရိုက်လိုက်သည်။ “ဟုတ်လား?”

ဝမ်ကွေ့ဟွား သူမကို ဒီလို ထပ်ရိုက်ရဲမည်မှန်း မထင်ထားပါ။ သူမလည််း ပြန်ရိုက်ရန် လက်ရွယ်လိုက်စဥ် သူမ ထပ်အရိုက်ခံလိုက်ရ၍ သူမပါးနှစ်ဖက်လုံး ဖူးရောင်သွားပြီး စကားပင် သေချာမပြောနိုင်တော့ပေ။

“ထပ်ပေးစေချင်သေးလား?” ချူယောင်းမေးလိုက်သည်။

ဝမ်ကွေ့ဟွား သူမစကားမဆုံးခင် ချူယောင်းလက်ထပ်မြှောက်လာသည်ကို မြင်၍သူမ အမြန်ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး..... မဟုတ်ဘူး.... ထပ်မလိုချင်တော့ပါဘူး”

“ရှင်ကရော? ရှင် ဘာဆက်လုပ်မှာလဲ?” ချူယောင်း သူမအလွန်ကြင်နာနေသည်ဟု ခံစားရသည်။ သူမ ရွာကရွာသားများအတွေးကို ဂရုစိုက်နေ‌သေးသည်မှာ သူမ ထိုနေရာတွင် နေရဦးမည်ဖြစ်‌သော‌ကြောင့်ဖြစ်သည်။ သူမ ကျီအမေနှင့် ဘယ်လောက်ရန်ဖြစ်ဖြစ် ကျိုးကြောင်းစပ်ဆက်အောင်တော့ သူမ ပြန်ဖြေရှင်းသည်။

သို့သော် အခု သူမ အကြောင်းပြချက် သုံးစရာမလိုဟု ခံစားရသည်။ သူမ ပြသာနာကို မြန်မြန်နှင့် သူမစိတ်တိုင်းကျ ဖြေရှင်းနိုင်သည်။

All Chapters