← Chapters

အခန်း (၄၅)

Vol. 4 Ch. 45

အခန်း (၄၅)

Vol. 4 Ch. 45

ကလေးနှစ်ယောက် လင်ဇီးမှိုတစ်ခြင်းကို ယူသွားပြီး လီထောင်းဟွာ အိမ်သွားလိုက်သည်။ သူတို့မသွားခင် ချူယောင်း လီထောင်းဟွာအိမ်ကို ညွှန်ပြပေးလိုက်သည်။

ကလေးနှစ်ယောက်ကို တစ်ခုခုမသိတာရှိလျှင် ရွာသားများကို မေးရန်မှာလိုက်သည်။ ရွာတွင် ကြင်နာတတ်သူများလည်းရှိပါသည်။ သူတို့နှစ်ယောက်ရွာကို ရောက်ပြီးကတည်းက အပြင်ထွက်လေ့မရှိသဖြင့် ဒီတစ်ခါက သူတို့ကို လေ့ကျင့်ပေးရာလည်းရောက်သည်။

လီရွှယ်ရူ စိုးရိမ်စွာ မေးလိုက်သည်။ "အစ်မ၊ အဒေါ်က သမီးတို့ကို စိတ်မဆိုးဘူးမလား?"

လီရွှယ်ရှင်း သူမညီမလက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။ "အဒေါ်က စိတ်မဆိုးပါဘူး။ အဒေါ်က အရမ်းသဘောကောင်းတာ။ ဒါကြောင့် အစ်မတို့လည်း သူမကို ကောင်းကောင်းဆက်ဆံပြီး နောက်ကျေးဇူးဆပ်ရမယ်နော်"

လီရွှယ်ရူ ခေါင်းညိတ်လိုက်သည်။ သူတို့အမေလည်းဆုံးသွားကာ သူတို့အဖေကလည်း သူတို့ကို ဂရုမစိုက်ပါ။ ထို့ကြောင့် သူမ သူမအစ်မပြောသမျှအကုန် နားထောင်မည်။

"မောင်လေးရော။ မောင်လေးကိုရော ရှာတွေ့မှာလား?"

လီရွှယ်ရှင်း လီရွှယ်ရူ၏ စိုးရိမ်နေသော မျက်လုံး‌များကို မကြည့်နိုင်သဖြင့် နေရာလွှဲကြည့်ကာ ပြန်ဖြေလိုက်သည်။ "အစ်မတို့ မောင်လေးကို ‌ကျိန်းသေပေါက်ရှာတွေ့မှာပါ"

လီရွှယ်ရူ သူမအစ်မပြောတာမှန်သည်ဟု အမြဲတွေးသဖြင့် အခု စိတ်အေးသွားသည်။

သူတို့နှစ်ယောက် ချူယောင်း ပြလိုက်သောလမ်းအတိုင်း လျှောက်သွားလိုက်သည်။ အခုချိန်တွင် အိမ်တိုင်း ဟင်းချက်နေကြသည်ဖြစ်သည်။ ညဘက်မှောင်လျှင် ဟင်းချက်ရခက်၍ကြောင့် ဖြစ်သည်။

ထို့ကြောင့် လမ်းတွင် လူများများစားစားမရှိဘဲ ကလေးအချို့သာ လမ်းတွင်ဆော့ကစားနေကြသည်။ လီရွှယ်ရှင်း ခြင်းကို မြေကြီးပေါ်ချလိုက်ပြီး ကလေးတစ်ယောက်ကို မေးလိုက်သည်။ "အဒေါ်ထောင်းဟွာ ဘယ်မှာနေလဲသိလား?"

ထို‌ကလေးက နှာချေးတွဲလောင်းနှင့်ဖြစ်ကာ တစ်ကိုယ်လုံးလည်း ညစ်ပတ်နေပြီး လီရွှယ်ရှင်းကို တစ်ချက်မျှသာကြည့်ပြီး သူမကို လုံးဝလျစ်လျူရှူထားသည်။ ထို့ကြောင့် လီရွှယ်ရှင်း တစ်ခြားကလေးများကို ‌ထပ်မေးရဦးမည်။

ကလေးမလေးတစ်ယောက်က သူတို့ဆီလာကာပြောခဲ့သည်။ "အစ်မတို့ အဒေါ်ထောင်းဟွာကို ရှာတာလား?"

"ဟုတ်တယ်။ သူတို့အိမ်က ဘယ်မှာလဲ?" လီရွှယ်ရှင်းကို ကျီရို သေချာသင်ထားသဖြင့် သူမ တစ်ခြားသူများအား မေးခွန်းသေချာမေးရမည်ကို သိသည်။

"သူတို့အိမ်က အဲ့မှာ" ကလေးမလေးက အိမ်တစ်အိမ်ကို ညွှန်ပြလိုက်ပြီး ထိုအိမ်ဟု ပြောပြလိုက်သည်။

လီရွှယ်ရှင်း ကလေးမလေးကို ကျေးဇူးတင်လိုက်ပြီး သူမညီမကို ခေါ်ကာ လီထောင်းဟွာအိမ်သွားလိုက်ပြီး တံခါးခေါက်လိုက်သည်။ တံခါးဖွင့်ပေးသူမှာ လီထောင်းဟွာရော ကျီယွမ်ရော မဟုတ်ပါ။

လီထောင်းဟွာ၏ ယောင်းမ မာအမျိုးသမီးဖြစ်သည်။ သူမလည်း ကျီရိုနှင့် အကြိမ်ပေါင်းများစွာ ဆုံဖူး၍ ဤကလေးမနှစ်ယောက်ကို သိသည်။ "သမီးတို့ ဘယ်သူ့ကို ရှာတာလဲ?"

"သမီးတို့ အဒေါ်ထောင်းဟွာကို ရှာတာပါ" လီရွှယ်ရှင်း ပြောပြီးပြီးချင်း မာအမျိုးသမီးက လီထောင်းဟွာနာမည်ကို ခေါ်လိုက်သည်။

လီထောင်းဟွာ အထဲမှထွက်လာပြီး ကလေးနှစ်ယောက်ကို မြင်၍ အလျင်အမြန်ပြောလိုက်သည်။ "သမီးတို့ အိမ်ထဲဝင်ပြီး ထိုင်ကြ"

လီရွှယ်ရှင်း ခေါင်းခါလိုက်သည်။ "အဒေါ်၊ သမီးတို့မထိုင်တော့ဘူး။ သမီးအဒေါ်က ဒီလာပြီး ပစ္စည်းလဲခိုင်းလို့"

လီရွှယ်ရှင်း ကမ်းပေးလိုက်‌သော ခြင်းကို လီထောင်းဟွာယူလိုက်ပြီး ကြည့်ကြည့်လိုက်သည်။ "ဒါ သမီးတို့ တောင်ပေါ်က ခူးလာတာလား? လတ်ဆတ်တဲ့ပုံပဲ။ သမီးတို့ ဘာနဲ့ လဲချင်တာလဲ?"

လီထောင်းဟွာ အလွန်သဘောကျသွားသည်။ သူမ ဒီနေ့ စားချင်စိတ်မရှိတာနှင့် အခု မ‌မျှော်လင့်ဘဲ လတ်လတ်ဆတ်ဆတ် စားစရာရသည်။

"အဒေါ်က သခွားသီးတွေနဲ့ လဲချင်တယ်လို့ပြောတယ်။ များစရာတော့မလိုဘူးတဲ့" ဒုတိယ‌စာကြောင်းမှာ ချူယောင်း မှာထား၍ လီရွှယ်ရှင်း သေချာမှတ်ထားသည်။

"ဟုတ်ပြီ။ အထဲဝင်ပြီး အဒေါ့်ကို ခဏစောင့်ဦး။ အဒေါ် သခွားသီး သွားခူးလိုက်ဦးမယ်" လီထောင်းဟွာ သူတို့ကို အထဲမြန်မြန်ဝင်ရန် ပြောလိုက်သည်။ လီရွှယ်ရှင်း လီထောင်းဟွာ ကိုယ်ဝန်ရှိနေသည်ကို သိ၍ သူမအမေလည်း ကိုယ်ဝန်ကြောင့် ဆုံးသွားသည်ကို သတိရသွား၍ ဆက်ပြောလိုက်သည်။ "သမီးတို့လည်း အဒေါ်နဲ့လိုက်မယ်လေ"

ကလေးတွေ ဆော့ချင်၍ဟု လီထောင်းဟွာ တွေးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်ပြီ။ သမီးတို့လည်း အဒေါ်နဲ့ သွားလို့ရတယ်"

ကလေးနှစ်ယောက်နှင့် လီထောင်းဟွာ အိမ်ကစိုက်ခင်းထဲ သွားကြသည်ကို ကြည့်ရင်း မာအမျိုးသမီးခေါင်းခါကာ ဟင်းချက်နေသော ကျန်းအဒေါ်ကို ပြောလိုက်သည်။ "ကလေးနှစ်ယောက်က ချူယောင်းအိမ်မှာပဲ နေတယ်ကြားတယ်"

ကျန်းအဒေါ် အတင်းတုတ်ရသည်ကို မကြိုက်သလို နားထောင်ရသည်ကိုလည်း မကြိုက်ပါ။ သို့သော် သူမ လူတွေ အမြင်မကြည်သည်ကိုလည်း မခံနိုင်သဖြင့် ခေါင်းသာခါလိုက်ပြီး သူမကို ပြောနေသော မာအမျိုးသမီးကို ပြန်ဖြေလိုက်သည်။ "ကျွန်မ အဲ့လိုကိစ္စတွေဘယ်လိုသိမလဲ?"

"ကလေးနှစ်ယောက်က နောက် ချူယောင်းနဲ့ပဲ နေရမယ်ကြားတယ်။ နင်ပြောကြည့် နင်သာဆို အဲ့လိုပြသာနာအရှုပ်ခံမှာလား?" မာအမျိုးသမီး ချူယောင်းကို သနားနေသည့်ပုံထင်ရသော်လည်း တကယ်က သူမသာဆို မကူညီဘူးဟု တွေးနေသည်ဖြစ်သည်။

ကလေးနှစ်ယောက်က အဖေမရှိ။ အမျိုးမရှိတာမှမဟုတ်တာ။ သူတို့ဘယ်လောက် အခြေအနေဆိုးဆိုး အဒေါ်က ‌မွေးစရာမလိုပေ။ မာအမျိုးသမီးသာ ထိုသို့တွေးသည်မဟုတ်။ ရွာက လူတော်တော်များများလည်း ချူယောင်း အကောင်းလုပ်သည်ဟု မထင်ကြပေ။ အခုကောင်းချင် ကောင်းနေလောက်ပေမယ့်‌လည်း ကလေးအရင်းရလာလျှင် မကောင်းလောက်တော့ချေ။

ချူယောင်း ထိုအကြောင်းအရာများကို မသိသလို သူမ သိလျှင်လည်း ဂရုမစိုက်ပါ။ ဘယ်လိုဖြစ်ဖြစ် ဒီလူများ အားနေသောကြောင့်သာဖြစ်သည်။ မနက်ဖြန် အလုပ်စလုပ်လျှင် သူတို့ တနေကုန် စကားပြောနိုင်တော့မည်မဟုတ်။

လီထောင်းဟွာ ကလေးနှစ်ယောက်ကို စိုက်ခင်းသို့ခေါ်သွားသည်။ စိုက်ခင်းတွင် အသီးအနှံအပြည့်စိုက်ထားသည်။ လီထောင်းဟွာ သခွားသီးနှစ်လုံး ချက်ရန်အနေတော် ရွှေဖရုံသီးအသေးတစ်လုံးခူး‌လိုက်သည်။ နောက် အရွက်များနှင့် ငရုတ်သီးအနည်းငယ်လည်း ခူးလိုက်သည်။

"သမီးတို့အဒေါ်ကို အိမ်မှာစားစရာမရှိရင် အဒေါ့်အိမ်အချိန်မရွေး လာခူးလို့ရတယ်လို့ ပြောလိုက်နော်" ကျီယွမ် သေချာစိုက်ပျိုးထားသဖြင့် တစ်ရွာလုံးတွင် ဤစိုက်ခင်းက အကောင်းဆုံး ကိုယ်ပိုင်စိုက်ခင်းဖြစ်သည်။

ကလေးနှစ်ယောက် ပျော်ရွှင်စွာ သဘောတူလိုက်ပြီးနောက် အသီးအရွက်များနှင့် ပြန်လိုက်သည်။ သူတို့အိမ်ပြန်မရောက်ခင် လမ်းတွင် လီရွှယ်ရှင်း တစ်ခုကိုသတိရသွားသည်။ "အိမ်က အိုးက ပျက်စီးသွားတော့ ဟင်းတွေချက်လို့ရမှာမဟုတ်ဘူး။ အစ်မတို့က အိုးကို ဖျက်ဆီးလိုက်တော့ နောက်ချက်ရခက်တော့မှာ" လီရွှယ်ရှင်း နောက်ဘယ်လိုစားရမည်ကို အလွန်စိုးရိမ်သည်။

ကလေးနှစ်ယောက် အိမ်ကို စိတ်ဓါတ်ကျစွာ ပြန်သွားကြသည်။ သူတို့ ပြန်ရောက်သောအခါ ယုန်ကင်ရတော့မည်ဖြစ်သည်။ ကလေးနှစ်ယောက်၏ စိတ်ဓါတ်ကျနေသည့်အမူအရာကိုမြင်၍ ချူယောင်းစိုးရိမ်စွာ မေးလိုက်သည်။ "သမီးတို့ ဘာဖြစ်လို့လဲ?"

ကလေးနှစ်ယောက် ခေါင်းခါရင်းပြောလိုက်သည်။ "သမီးတို့ ပစ္စည်းတွေ လဲလာတယ်။ ဒါပေမယ့် အိမ်မှာအိုးမရှိတော့ သမီးတို့ ဘယ်လိုချက်ကြမလဲ?"

" ချက်တဲ့အကြောင်း စိုးရိမ်မနေနဲ့။ အဒေါ်ကို သခွားသီးအကုန်လုံး ကူဆေးပေးထားပေး" ချူယောင်း သူတို့အတွက် လုပ်စရာရှာပေးလိုက်ပြီး အာရုံလွှဲပေးလိုက်သည်။

ချူယောင်း ကင်ထားသော ယုန်အ‌ရေပြားက အနည်းငယ် အဝါရောင် သန်းကာ အနံ့ကလည်းအလွန်မွှေးသည်။ ချူယောင်း မီးဖိုချောင်ကို သေချာပိတ်ထားပြီးဖြစ်သည်။ သူမ ချက်တိုင်း မီးဖိုချောင်တံခါးအပြင် ပြတင်းပေါက်များပါမကျန် အကုန်တင်းကြပ်စွာ ပိတ်ထားသည်။

ရွာကလူများအနံ့ရပြီး စားချင်ကြမည်ကို စိုးရိမ်သည်။ ခုက အသားစားရန် ခက်ခဲသဖြင့် လူတိုင်း အသားနေ့တိုင်းမစားနိုင်ကြပေ။ သူမ ဒီရောက်ပြီးတည်းက အသားစားရသည့် အရေအတွက််က အလွန်နည်းသော်လည်း ရွာက တစ်နှစ်လျှင် အသားတစ်ကြိမ် နှစ်ကြိမ်သာစားကြသော လူအများစုနှင့် ယှဥ်လျှင် သူမ စားသည်က အကြိမ်တော်တော်များသည်။ ထို့ကြောင့် သူမ ပြသာနာမရှာချင်ပါ။

ယုန်အသား အညိုရောင် ရောက်သည်ထိ ကင်ပြီး ချူယောင်း ကလေးတွေကို အသားတစ်စဖဲ့ပြီး မြည်းကြည့်စေလိုက်သည်။ ကလေးနှစ်ယောက် မြည်းကြည့်ပြီး ခေါင်းညိတ်ကြသည်။ "အဒေါ်၊ ဒီယုန်သားက တကယ်အရသာရှိတယ်"

"ယုန်ကင် အရသာက ပို‌ကောင်းလား နေ့လည်က ယုန်ကြော်က ပိုကောင်းလား?" ချူယောင်း အလွန်ခက်ခဲသော မေးခွန်းကို မေးလိုက်သည်။ သူမကိုယ်တိုင်လည်း အဖြေမထွက်ပေ။

ကလေးနှစ်ယောက်က အစပ်အရသာပိုကြိုက်သဖြင့် သူတို့ ခဏမျှစဥ်းစားပြီးနောက် သူတို့ ယုန်ကြော်ကို ရွေးရန် ဆုံးဖြတ်လိုက်သည်။

"တကယ်တော့ အဒေါ်လည်း ယုန်ကြော်က အရသာပိုကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီယုန်ကင်အနံ့က အရမ်းမွှေးတယ်လို့ သမီးတို့ မထင်ဘူးလား?" ချူယောင်း ယုန်ကင်အနံ့ကို ရှူကြည့်ရင်း အလွန်မွှေးသဖြင့် သူမ သရေယိုမတတ် ဖြစ်နေသည်။

သူမ ဒီနေ့ မချက်နိုင်သဖြင့် သူမ အစောပိုင်းက ကန်စွန်းဥအချို့ကို မီးဖိုထဲ ပစ်ထည့်ထားသည်။ ကန်စွန်းဥကို ခဏ‌အအေးခံပြီး အခွံခွာလိုက်သည်။ အခွံက မည်းနေပြီး အသားကတော့ ကိုက်လျှင် အလွန်ချိုမြသည်။

စားနေသောကလေးနှစ်ယောက်မှာ ပြုံးနေကြသော်လည်း သူတို့မျက်နှာတွင် အသားမရှိကြ။ ဒီလိုကလေးငယ်‌ငယ်လေးတွေ အလွန်ပိန်နေသည်ကို ချူယောင်း မမြင်နိုင်၍ သူတို့ကို နောက် ပြည့်ပြည့်ဖောင်းဖောင်းဖြစ်အောင် ကျွေးမည်ဟု ဆုံးဖြတ်လိုက်သည်။

ကန်စွန်းဥစားပြီးနောက် သူတို့ ယုန်ကင်စစားကြသည်။ ယုန်အရေပြားက တူးနံ့အနည်းငယ်ရကာ ဆွဲစားရသည်။ အထဲက အသားကတော့ အလွန်နူးညံံ့သည်။

သူတို့တော်တော်များများ စားပြီးကြပြီဖြစ်ရာ အအီပြေ သခွားသီး လှီးထားသည်များတောင် တစ်ခုမှမကျန်ပေ။ သူတို့သုံးယောက်စားနိုင်ကြသည်ဟု ချူယောင်း ခံစားရသည်။

ညစာစားပြီး၍ ပန်းကန်များဆေးပြီးနောက် ကလေးနှစ်ယောက်လည်း ရေချိုးလိုက်ကြသည်။ ချူယောင်း သူတို့ကို ‌ဂျီးသေချာတိုက်ရန် မှာလိုက်သည်။ ရာသီဥတုက အလွန်ပူသဖြင့် နေ့လည်က ရေချိုးလျှင်တောင် ညကျချွေးထွက်သည်။

ချူယောင်း နေရာလွတ်တွင်သာ ရေချိုးရန်တွေးလိုက်သည်။ သို့‌သော် မီးဖိုချောင်တွင် ရေချိုးဟန်ဆောင်ပြီး နေရာလွတ်သို့ ဝင်လိုက်သည်။

သူမ နေရာလွတ်ထဲ ဝင်ဝင်ချင်းစလုပ်သည်က ရေချိုးခြင်းမဟုတ်ဘဲ အစေ့များကို အရင်ပျိုးကြဲလိုက်သည်။ နေရာအများကြီးရှိ၍ အစေ့အများကြီး ကြဲလိုက်သည်။ အစက အိပ်ရာမဝင်ခင် မြေဆက်ဖော်ရန် တွေးထားပေမယ့် အညှောင့်ပေါက်များက ကြီးထွားနေပြီဖြစ်သဖြင့် သူမ ထပ်မစိုက်လျှင် အရမ်းနောက်ကျသွားမည်။

သူမ မီးဖိုချောင်တွင် အဝတ်လဲချင်ယောင်ဆောင်ပြီး အပြင်ထွက်လိုက်ရာ ကလေးနှစ်ယောက် သူမကို စောင့်နေသေးသည်ကို တွေ့လိုက်သည်။ "သမီးတို့ ဘာလို့ အိပ်ရာမဝင်သေးတာလဲ?"

"အဒေါ်၊ သမီးတို့ ဒီနေ့အတွက် တောင်းပန်ပါတယ်" ကလေးနှစ်ယောက် ပြိုင်တူပြောလိုက်ကြသည်။

ချူယောင်‌ ခေါင််းခါလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ‌အဒေါ်တို့က မိသားစုပဲကို။ မြန်မြန် အခန်းထဲပြန်ပြီးနားကြတော့" ကလေးနှစ်ယောက် အခန်းထဲ ပြန်အိပ်ကြမှ ချူယောင်းလည်း သူမအခန်းပြန်ကာ နေရာလွတ်ထဲ ဝင်လိုက်သည်။ သူမ အညှောင့်ပေါက်များကို ဆွဲနှုတ်ပြီး ဘေးတွင်ထားလိုက်သည်။

နောက် ဘေးက စပါးခင်းတွင့် အညှောင့်ပေါက်များကို စိုက်လိုက်သည်။ ချူယောင်း တစ်ညလုံး စိုက်နေလိုက်သည်။ သူမ အညှောင့်ပေါက်အားလုံးစိုက်ပြီးသောအခါ ရေချိုးပြီး နေရာလွတ်ထဲတွင် အဝတ်လဲလိုက်သည်။

အပြင်က ကောင်းကင်က မှောင်နေသေးသည်ကို မြင်လိုက်သည်။ နေရာလွတ်က အချိန်က ပြောင်းမပြောင်းတော့မသိပေမယ့် တိရစ္ဆာန်များ အပင်များတော့ ရှင်သန်နိုင်သည်။

သူမ ဤအရာများအကြောင်းကို မသိပေ။ လွန်ခဲ့သောရက်က သစ်တောထဲ ပစ်ထည့်ထားသော ယုန်များ ထွားနေပြီးလားကိုလည်း မသိပါ။ သူမ ဆက်မစဥ်းစားရန်ဆုံးဖြတ်လိုက်သည်။ နောက်ထပ် အများကြီး မွေးရန်ရှိသေးသည်။ မနက်ဖြန် ကြက်ပေါက် ဘဲပေါက်များကို ဝယ်ရမည်ဖြစ်ကာ နေရာလွတ်စမ်းချောင်းတွင် ငါးမွေးနိုင်မလားကိုလည်း ကြည့်ရမည်။

သူမ ဝက်များကို မွေးချင်ဆုံးဖြစ်သည်။ သို့သော် ဝက်‌ပေါက်ဝယ်ရမည့်နေရာကို မသိသဖြင့် သူမ ‌လက်လျှော့ထားခြင်းဖြစ်သည်။

သူမ နောက်တစ်နေ့ မနက်စော‌စောထပြီး ကလေးနှစ်ယောက် မနိုးခင် သူမ အိမ်ကမြေအိုးဖြင့် ဆန်ပြုတ်ချက်လိုက်သည်။ ဆန်ပြုတ်ကို မီးနွေးနွေးဖြင့် တည်ထားလိုက်ပြီး သူမ အိမ်ကို ပတ်ပြေးလိုက်သည်။

သူမ အပြေးလေ့ကျင့်ပြီးနောက် ဆန်ပြုတ်လည်း ရပြီဖြစ်သည်။ ဆန်ပြုတ်က အလွန်ပျစ်သဖြင့် တစ်ယောက် တစ်ပန်းကန်လုံးနှုန်းဆိုလျှင် ထမင်းစားသည်နှင့်ညီမျှသည်။ ဆန်ပြုတ်အပြင် ကန်စွန်းဥလည်းရှိသည်။

အိုးမလိုဘဲ ချက်နိုင်မည့်အစားအစာအတွက် ချူယောင်း အချဥ်စိမ်များကို လတ်တလော စားရန်တွေးထားလိုက်သည်။

သူမ လုပ်စရာအများကြီး ရှိသေးသည်ဟု ခံစားရသည်။ ကလေးနှစ်ယောက် အိမ်ကို ခေါ်မလာစဥ်က သူမ အလုပ်လုပ်သည်နှင့် အိပ်သည်ကလွဲ လုပ်စရာမရှိ။ အခု ‌ကလေးတွေကို ပျိုးထောင်ရသည်က မလွယ်ကြောင်း သူမခံစားရသည်။

All Chapters