အခန်း (၄၆)
Vol. 4 Ch. 46
ချူယောင်း စျေးသွားရန်ပြင်ပြီးနောက် ကလေးနှစ်ယောက်ကို သူမစျေးသွားမည့်အကြောင်း ပြောလိုက်သည်။ "သမီးတို့ အပြင်ထွက်ဆော့လို့လည်း ရတယ်။ သမီးတို့ မသိတာ ဒါမှမဟုတ် တစ်ယောက်ယောက်က သမီးတို့ကို အနိုင်ကျင့်ရင် အဒေါ် ပြန်မလာခင် သမီးတို့ ဦးလေးကျီယွမ်ဆီ သွားလိို့ရတယ် " ချူယောင်း သူတို့ကို မှန်ပေါင်းချောင်ထဲက ပန်းများကဲ့သို့ နေမထိ လေမထိ နူးနူးညံ့ညံ့မွေးဖို့ မတွေးထားပါ။
သူတို့ ဒီမှာနေမည်ဆိုလျှင် ရွာကကလေးများနှင့်အဆက်အစပ် ရှိရမည်။ မရင်းနှီးဘူးဆိုပြီး အပြင်မထွက်ဘဲ နေ၍မရပေ။
သူမ ပစ္စည်းများကိုသယ်ကာ မြို့သို့သွားလိုက်သည်။ သူမ လမ်းများများလျှောက်ခြင်းကို ကျင့်သားနေရပြီဖြစ်ကာ နေ၍ပင်ကောင်းသည်။
ချူယောင်း ဂျင်းဆင်းကို နေရာလွတ်တွင်သာ သိမ်းထားပြီး အပြင်သို့မထုတ်ပေ။ သူမလက်ထဲတွင် ယုန်မွေးနှစ်ခုကို ကိုင်ထားပေမယ့် ထိုအရာများကို အိတ်အကြီးနှစ်လုံးနှင့် ပတ်ထားသည်။ တစ်ချို့လူများက သူမကို စျေးသို့ ဘာလို့ အဝတ်စများ ယူသွားသနည်းဟု မေးကြသည်။
အခုက အလွန်စောနေသေးသည်။ သို့သော် သူမ ဒီနေ့ အလုပ်လုပ်ရမည်ဖြစ်၍ သူမ မြန်မြန်ပြန်ရမည်။ သူမ နောက်ကျမှပြန်လျှင် အလုပ်အမှတ်ရတော့မည် မဟုတ်ချေ။
ချူယောင်း စျေးတွင် လမ်းကြားလေးတစ်ခုကို ရှာတွေ့ကာ တစ်ယောက်က ခိုးကြောင်ခိုးဝှက်ဝင်သွားသည်ကို မြင်၍ သူမလည်း နောက်က လိုက်သွားလိုက်သည်။ ကျီယွမ်က သူမကို ဤလမ်းကြားအကြောင်း ပြောပြထား၍ သူမ နေရာကို ရှာတွေ့ခြင်းဖြစ်သည်။
သူမရှေ့က သက်လတ်ပိုင်း အမျိုးသားဖြစ်ကာ သူ့နောက်လိုက်လာသော ချူယောင်းကို မြင်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်းက ဘာလုပ်နေတာလဲ?"
ချူယောင်း ဖြည်းဖြည််းချင်း ပြန်ဖြေလိုက်သည်။ "ကျွန်မ ရောင်းချင်တာရှိလို့"
သက်လတ်ပိုင်းအမျိုးသားက မေးလိုက်သည်။ "မင်းဘာရောင်းတာလဲ? ငါလိုချင်တာရှိလား ကြည့်ကြည့်မယ်"
ချူယောင်း သူ့အား ယုန်မွေးနှစ်ခုကို ပြလိုက်ရာ ထိုသက်လတ်ပိုင်းအမျိုးသား စိတ်မဝင်စားစွာ ဆက်မေးလိုက်သည်။ "တစ်ခြားပစ္စည်းမပါတော့ဘူးလား?"
ချူယောင်း ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မမှာ ဂျင်ဆင်းတစ်ခုရှိတယ်။ ကျွန်မ မိသားစုကနေ အမွေရတာ..." ချူယောင်း ပြော၍ မပြီးသေးခင် သက်လတ်ပိုင်းအမျိုးသား ဖြတ်ပြောလိုက်သည်။
"ဂျင်ဆင်းက ဘယ်မှာလဲ? ငါအခု ယူလို့ရလား?" ဂျင်းဆင်းက ကျန်းမာရေးအတွက် ကောင်းသည်ဟု သက်လတ်ပိုင်း အမျိုးသား ကြားဖူးသည်။ သူ့အဖေက အသက်ကြီးလာပြီဖြစ်၍ သိပ်ကြာကြာနေရတော့မည်မဟုတ်ဟု ဆရာဝန်က ပြောသဖြင့် သူ တန်ဖိုးကြီး ကျန်းမာရေးအတွက် ကောင်းသည့်ပစ္စည်းများကို လိုက်ရှာနေခြင်းဖြစ်သည်။
"ဟုတ်ပြီ။ ကျွန်မ ပစ္စည်းတွေကို တစ်ခြားတစ်နေရာမှာ ထားထားတာ။ ရှင် လိုချင်ရင် ကျွန်မ သွားယူပေးမယ်။ ဒါပေမယ့် စျေးက" ချူယောင်း သူမဂျင်ဆင်းက စျေးအများကြီးမရှိကြောင်းသိသည်။
"စျေးက ပြသာနာမဟုတ်ဘူး။ မင်းသာ ငါ့ကို ငါလိုချင်တာယူလာပေးဖို့ပဲလိုတာ" သက်လတ်ပိုင်းအမျိုးသား လောလိုက်သည်။
ချူယောင်း ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ဒီအမွေးတွေကို ရောင်းရဦးမယ်။ ကျွန်မ ဒီအမွေးတွေအရင်ရောင်းပြီးမှ ဂျင်ဆင်း ပြန်ယူလာပေးမယ်လေ။ ရှင်အရင်ပြန်ပြီး နေ့လည်စာစားပြီးမှ ဒီပြန်လာရင်ရော" ချူယောင်း သူမသဘောထားကို အရင်ပြောလိုက်သည်။
သို့သော် ထိုသက်လတ်ပိုင်းအမျိုးသား အလိုမကျပေ။ "မင်း ယုန်မွေးလေးက ဘာရမှာလဲ? ငါယူပေးလိုက်မယ်။ ဘယ်လောက်လဲ"
"ကျွန်မကို ၂ယွမ်ပဲပေး" ချူယောင်း ဘယ်လောက်ရောင်းရမည်မသိပေ။ ဒီယုန်မွေးများက သူမဘာသာလုပ်ထားပြီး နည်းလည်းနည်းသည်။ ထို့ကြောင့် စျေးလျှော့ပြောလိုက်သည်။
ထိုအမျိုးသား ယုန်မွေးကို ယူလိုက်ပြီး ကြည့်ပင်မကြည့်ဘဲ ပိုက်ဆံပေးလိုက်ကာ မြန်မြန်လောလိုက်သည်။ "ငါ့ကို ဂျင်ဆင်း မြန်မြန်ပေး"
ချူယောင်း သူ့ကို ချောင်ကျသောနေရာခေါ်သွားလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မကို ဒီမှာ ခဏစောင့်။ ကျွန်မ ပစ္စည်းသွားယူလိုက်ဦးမယ်"
အမျိုးသားက လက်ဝေ့ရမ်းရင်း ပြောလိုက်သည်။ "မြန်မြန်သွား" အချိန်အကြာကြီးကြာမည်ဟု တွေးလိုက်သည်။ ချူယောင်း ပုံစံကို ကြည့်ရင်း ဂျင်ဆင်းက မြုပ်ထားကာ သေချာဖွက်ထားမည်ဟု ထင်ရသည်။
သို့သော် ချူယောင်း ခဏကြာပြီးနောက် ပြန်လာကာ လက်တွင်လည်း စက္ကူအိတ်သေးလေး ကိုင်ထားသည်။ အမျိုးသား ဂျင်းဆင်းဖြစ်ရမည်ဟု တွေးလိုက်သည်။
ချူယောင်း အိတ်ကို ဖွင့်ရင်း ပြောလိုက်သည်။ "ရှင် ဘယ်လောက်တန်လဲဆိုတာ မြင်နိုင်တာပဲ။ စျေးနည်းရင် ကျွန်မ မရောင်းဘူး။ စျေးအဆင်ပြေရင်တော့ ရောင်းမယ်"
ချူယောင်း စျေးကွက်စျေးကို မသိသဖြင့် မည်မျှရောင်းရမည်ကို သေချာမသိပေ။ သူမ ပစ္စည်းဝယ်လျှင်တောင် စျေးနည်းသည်ဟု ခံစားရသည်။
အဓိကအကြောင်းက သူမ အရင်ဘဝက ပစ္စည်းအားလုံး ၅၀ဆင့်မှ စသည်။ ဒီရောက်ပြီးမှ ဆင့်အနည်းငယ်နှင့် တော်တော်များများ ဝယ်၍ရသည်။ သို့သော် အရင်ဘဝကတော့ ၅၀ဆင့်ပစ္စည်းဆိုတာအလွန်ရှားပြီး စျေးဝယ်ထွက်လျှင် ရာချီထောင်ချီကုန်သည်။
သက်လတ်ပိုင်းအမျိုးသားလည်း စျေးကို မသိပါ။ ဒီဂျင်ဆင်းက သက်တမ်းနုပုံပေါ်သေးသော်လည်း သေချာထိန်းသိမ်းထားပုံရသည်။
"ငါ မင်းကိုယွမ်၂၀၀ပေးမယ်လေ။ မင်းဘယ်လို သဘောရလဲ?" အမျိုးသားစျေးခေါ်လိုက်သော်လည်း ချူယောင်း စျေးထပ်တိုးချင်လျှင် သူတိုးပေးရန် ဆန္ဒရှိသည်။ သို့သော် ချူယောင်း ခေါင်းငြိမ့်ကာ သဘောတူမည်ဟု သူ မထင်ထားပေ။
သူတို့နှစ်ယောက် ပိုက်ဆံနှင့် ဂျင်ဆင်းလဲလှယ်လိုက်ကြပြီး ဒီအမျိုးသမီးငယ်က စကားပြောရလွယ်သည်ဟု သက်လတ်ပိုင်း အမျိုးသားက ခံစားရ၍ သူ ယဥ်ကျေးစွာပြောလိုက်သည်။ "နောက် မင်းအိမ်မှာ ရောင်းရမထွက်တဲ့ပစ္စည်းရှိရင် ငါ့ဆီလာလို့ရတယ်"
ဤစကားက ချူယောင်းကို တစ်ခြားအရာများအကြောင်း တွေးမိသွားစေသည်။ နေရာလွတ်က အသီးအနှံများက ကြီးထွားမြန်၍ ရလာလျှင်လည်း သူတို့အကုန်မစားနိုင်ပါ။
"ရှင် အသီးအနှံတွေကို လက်ခံနိုင်လား?" ချူယောင်းမေးလိုက်သည်။
သက်လတ်ပိုင်းအမျိုးသားက သူမအိမ်က စားစရာများကို ရောင်းချင်သည်ထင်ကာ သိပ်မများလောက်ဟု ယူဆ၍ သူသဘောတူလိုက်သည်။ "မင်းယူလာရင် ငါလက်ခံပေးပါ့မယ်"
သက်လတ်ပိုင်းအမျိုးသားက ချူယောင်းကို လိပ်စာတစ်ခုပေးခဲ့၍ ချူယောင်း ဒီနေ့ကံကောင်းသည်ဟု ခံစားရသည်။ သူမ ရောင်းချင်သောပစ္စည်းများ ရောင်းထွက်သွားသော်လည်း သူမ ဝယ်စရာတော့ ကျန်သေးသည်။
သူမ လမ်းကြားထဲက စျေးသည်များဆီကို သွားလိုက်သည်။ သူတို့အားလုံး မြေပြင်တွင် စျေးတန်းများလုပ်ထားကြသည်။ ချူယောင်း သူမဆံပင်ကို ချည်ရန် ကလစ် ကြိုးများရှာလိုက်သည်။ သူမ ဆံပင်ကို အတိုထားထားသော်လည်း အခုဆောင်းတွင်းရောက်ပြီဖြစ်၍ အရှည်ထား၍ အဆင်ပြေသည်။ ပြီးတော့ ကလေးနှစ်ယောက်လည်း အရှည်ထား၍ရသည်။
ဝယ်ပြီးနောက် ချူယောင်း စျေးသည်ကို မေးလိုက်သည်။ "ဒီမှာ အသားရောင်းလား?"
စျေးသည်က လမ်းကြားအဆုံးကို ညွှန်ပြရင်း ပြောလိုက်သည်။ "ညီမ အထဲကို သွားကြည့်ကြည့်။ ဒါပေမယ့် အခုက အတော်နောက်ကျနေပြီဆိုတော့ ဘာမှမကျန်တော့တာလည်း ဖြစ်နိုင်တယ်"
ချူယောင်း လျှောက်သွားလိုက်ရာ အထဲရောက်လေ လမ်းကြားက ပိုပိုမှောင်လာသည်။ သူမ နောက်ဆုံး နေရာသို့ ရောက်သွားသောအခါ သားစိမ်းငါးစိမ်းသည်များ စသိမ်းနေပြီဖြစ်သည်။ "အသားတွေအားလုံးရောင်းကုန်သွားပြီလား?" ချူယောင်းမေးလိုက်သည်။
အသားရောင်းသူက သူမကို တစ်ချက်ကြည့်ပြီး "ညီမ အသားဝယ်ချင်ရင် စောစောလာရမှာ"
ချူယောင်း သူ့ဘေးက ဝက်ကလီစာများကို မြင်၍ "အစ်ကို ညီမကို အဲ့ကလီစာတွေ ရောင်းပေးနိုင်မလား?"
အသားရောင်းသူကြည့်လိုက်ရာ ဒီကလီစာများကို ဝယ်မည့်လူရှိမည်ဟု မထင်ထားပေ။ ဝက်ကလီစာများက အသားထက် ပိုစားကောင်းသော်လည်း အရသာမှုန့်ပိုလိုအပ်သည်။ အခုချိန်တွင် လူတိုင်း ဟင်းခတ်မှုန့် ဆီ ဆားများကို ဝယ်ရန် နှမြောကြသဖြင့် ကလီစာကို ဝယ်သည့်လူက မရှိသလောက်ရှားသည်။
"အားလုံးဘယ်လောက်လဲ?" ချူယောင်း ချက်စားနိုင်မည့် နည်းလမ်းကို သိသည်။
"အစ်ကိုက အစ်ကိုစားဖို့ သိမ်းထားတာ။ ညီမလိုချင်ရင်တော့ အားလုံးပေါင်း ၁ယွမ်ပဲပေး!"
ချူယောင်းအတွက် များသော်လည်း သူမ ဝယ်ချင်သည်။ သို့သော် ချူယောင်း အလိမ်ခံရသလို ခံစားရမည်စိုး၍ အသားရောင်းသူ ထပ်ပြောလိုက်သည်။ "ဒီကလီစာတွေက စားလို့ကောင်းပါတယ်။ အရသာမှုန့်တွေထည့်ဖို့ပဲ လိုတာ။ မဟုတ်ရင် အရသာက သိပ်မကောင်းလောက်ဘူး"
ချူယောင်း အသားရောင်းသူ၏ ကြင်နာမှုကို လက်ခံ၍ တခြားအကြောင်းများ မေးလိုက်သည်။ "အစ်ကို ကြက်ပေါက် ဘဲပေါက်ရောင်းတဲ့နေရာသိလား?" အသားရောင်းသူက ပြန်၍ ယဥ်ကျေးစွာဖြေသည်။ သူလည်း သူ့ယောက်ဖစီးပွားရေးကို ကူညီပေးချင်သည်။
"ဟုတ်ပြီ။ ညီမ ဘယ်အချိန်ရနိုင်မလဲ?" ချူယောင်း ကြက်ပေါက်များ မွေးချင်နေပြီဖြစ်သည်။ ရလျှင် နေရာလွတ်ထဲ လွှတ်ထားရမည်။
"နောက်သုံးရက်ကြာရင် ဒါပေမယ့် သူ့မိသားစုမှာ ကြက်ပေါက်တွေပဲ ရှိတာ။ ဘဲပေါက် ညီမ လိုချင်ရင်တော့ အစ်ကို မေးပေးမယ်။ မရှိရင်တော့ အစ်ကိုလည်း ဘာမှလုပ်မပေးနိုင်တော့ဘူး" အသားရောင်းသူက အလွန်ထက်သန်စွာ ပြောသည်။
"ကောင်းပြီ။ ရသလောက် ညီမဖို့ ကူရှာပေးထားပါ။ နောက်သုံးရက်နေရင် ညီမ ထပ်လာခဲ့မယ်။ ညီမကို အသားလည်း ချန်ထားပေးပါဦး" ချူယောင်း ပြောလိုက်သည်။
"ဟုတ်ပြီ၊ ညီမ အသားဘယ်လောက်လိုချင်လဲ?" အသားရောင်းသူ ချူယောင်းတောင်းဆိုသည်ကို နားထောင်ပြီး သူမဖို့အသားချန်ထားပေးရန် သဘောတူလိုက်သည်။
ချူယောင်း အသားရောင်းသူကို နှုတ်ဆက်လိုက်သည်။ သူမ အိုးတစ်လုံးဝယ်ရန် လိုသေးသည်။ အိမ်တွင် အိုးတစ်လုံးမှမရှိပါ။ ဝက်သားချက်ရန်အသာထား ဘာစားစရာမှ မချက်နိုင်ပေ။ အိမ်က ဒယ်စောက်က အိမ်ပိုင်ရှင် ချန်ထားခဲ့သည်ဖြစ်၍ သူမ နောက်ပြန်လျော်ပေးရမည်။
ချူယောင်း လမ်းကြားတောက်လျှောက် လျှောက်လာပေမယ့် အိုးရောင်းတဲ့သူ တစ်ယောက်မှ မတွေ့ပေ။ ဒီနေ့ ဟင်းချက်စရာအိုးမရှိလျှင် ဒီဝက်ကလီစာကို ယူသွားရန်မပြေပေ။
ချူယောင်း စိတ်ဓါတ်ကျနေပြီဖြစ်သည်။ သို့သော် အဘွားတစ်ယောက် သူမဘေးထိုင်ပြီး သက်ပြင်းချနေသည်ကို ကြား၍ သူမ ထိုအဘွားကို ကြည့်ရင်း မေးလိုက်သည်။ "အဘွားဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး။ အိမ်က ကိစ္စတွေက အတော်စိတ်ရှုပ်ဖို့ကောင်းလို့ပါ"
ချူယောင်း ဆက်မမေးတော့ဘဲ အိမ်သို့ပြန်ရန်သာတွေးလိုက်သည်။
သို့သော် အဘွားက သူမကို ရုတ်တရက်မေးလိုက်သည်။ "ကလေးမရော ဘာဖြစ်လို့လဲ? သမီး ဒီမှာဘာလို့ ထိုင်နေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သက်ပြင်းချနေရတာလဲ?"
ချူယောင်း သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
ထိုအခါ အဘွားမျက်လုံးများ ပြန်အသက်ဝင်လာပြီး "ကလေးမ။ အဘွားအိမ်မှာ အိုးနှစ်လုံးရှိတာနဲ့ အတော်ပဲ။ သမီးလိုချင်ရင် အဘွား တစ်လုံး ရောင်းပေးလို့ရတယ်"
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အဘွား" ချူယောင်း အဘွားနှင့် လိုက်သွားလိုက်သည်။ အဘွားက သူမကို တံခါးတွင် စောင့်ရန်မှာထားပြီး ခဏကြာသောအခါ ပြန်ထွက်လာပြီး မေးလိုက်သည်။ "ဒီအိုး။ သေးနေလား?"
အိုးက တကယ်သေးသော်လည်း အရမ်းတော့ မသေးပါ။ ချူယောင်း သူမအိမ်က မီးဖိုကို သေချာစဥ်းစားကြည့်ပြီး အံကိုက်ဖြစ်လောက်မည်ဟု စဥ်းစားလိုက်သည်။
ချူယောင်း ၈ယွမ်ကို ပျော်ပျော်ကြီး ပေးလိုက်သည်။ ဤခေတ်၌ မိသားစုတိုင်း တစ်အိမ်တစ်အိုးရှိကြသည်။ အဘွားက ဒီအိုးက သူတို့အိမ်တွင် သုံးပြီးဖြစ်၍ ၈ယွမ်နှင့်သာ ရောင်းလိုက်သည်။
ချူယောင်း အဘွားကို ကျေးဇူးတင်လိုက်ပြီး အိမ်သို့ အိုးနှင့် ဝက်ကလီစာတစ်ထုပ်နှင့် ပြန်လိုက်သည်။ အိမ်အပြန်တွင် ချူယောင်း ဝက်ကလီစာအိတ်ထဲကို ရေထည့်ပြီး သယ်သွားသည်။
သူမ အိမ်ပြန်ရောက်သောအခါ ကလေးနှစ်ယောက် ခြံကို တံမြက်စည်း လှည်းနေကြသည်ကို တွေ့သည်။ သူမ ပစ္စည်းများ ကိုင်ပြန်လာသည်ကို မြင်၍ သူတို့ ကူသယ်ပေးချင်ကြသည်။ "သမီးတို့ မ မနိုင်ဘူး။ သမီးတို့ ဘာလို့ထနေကြတာလဲ? ထပ်အိပ်ကြတာမဟုတ်ဘူး"
"အဒေါ် သမီးတို့ အိပ်မရတော့လို့ ထလိုက်တာ" လီရွှယ်ရှင်း တံမြက်စည်းကို ချထားရင်း ပြောလိုက်သည်။ သူတို့ တကယ်အိပ်၍ မရပေ။
"သမီးတို့ အိပ်မရရင် ဆော့လို့ရတယ်။ အဒေါ် အခု အလုပ်သွားတော့မယ်။ သမီးတို့ တခြားကလေးတွေနဲ့ဆော့ရင်ဆော့ ဒါမှမဟုတ် အိမ်မှာနေပြီး ဆော့လည်းရတယ်။ ဒါပေမယ့် သမီးတို့ လုံခြုံရေးကို ဂရုစိုက်ရမယ်နော် " ချူယောင်း အလုပ်မသွားခင် သူတို့ကို မှာစရာရှိတာမှာလိုက်သည်။