← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

ကလေးနှစ်ယောက် ချူယောင်း‌မှာသည်ကို ရိုသေစွာလိုက်နာသည်။ ချူယောင်း ထွက်သွားပြီးနောက် လီရွှယ်ရှင်း သူမ ညီမလီရွှယ်ရူကို ခေါ်၍ ခြံထဲတွင် ဆော့နေလိုက်သည်။

အပြင်တွင် ကလေးမလေးတစ်ယောက် ရပ်ကာ ခြံအပြင်က တံခါးကို ခေါက်နေသည်။ လီရွှယ်ရူ တံခါးခေါက်သံကို ကြား၍ "အစ်မ၊ အပြင်မှာတံခါးခေါက်သံကြားတယ်"

လီရွှယ်ရှင်းလည်း ငြိမ်လိုက်ပြီး တံခါးအပြင်ကအသံကို သေချာနားထောင်လိုက်သည်။ "တစ်ယောက် တံခါးခေါက်နေတာပဲ။ အစ်မ သွားကြည့်လိုက်မယ်။ ညီမလေး ဒီမှာပဲ နေနော်"

လီရွှယ်ရှင်း သွား၍ တံခါးကို ဟကြည့်လိုက်ရာ မနေ့ကကလေးမလေးကို တံခါးအပြင်တွင် တွေ့၍ တံခါးဖွင့်ပေးလိုက်သည်။

လီရွှယ်ရှင်း စကားမပြောရသေးခင် ထိုကလေးမ အရင်စပြောလိုက်သည်။ "ငါ့နာမည်က ရှောင်းဟွာ။ နင်တို့နာမည်ကရော?"

လီရွှယ်ရှင်း သူမနာမည်ကို မိတ်ဆက်လိုက်ပြီး သူမညီမနာမည်ကိုလည်း ပြောလိုက်သည်။

"ငါတို့ တူတူ အပြင်မှာဆော့ကြမလား?" ကျီရှောင်းဟွာ ဒီညီအစ်မနှစ်ယောက်ကို မနေ့ကမြင်ပြီး သူတို့နှင့် တူတူဆော့ချင်၍ ဒီနေ့ သူတို့ကိုဆော့ရန် သူမ အရင်လာခေါ်ခြင်းဖြစ်သည်။

လီရွှယ်ရှင်းလည်း အိမ်တွင် ပျင်းနေပြီဖြစ်၍ သူမညီမကို ခေါ်၍ အပြင်ထွက်ဆော့ရန် တွေးလိုက်သည်။ ကျီရှောင်းဟွာ သူတို့ကို ကလေးအုပ်စုရှိသော ရွာအဝင်က သစ်ပင်ကြီးဆီသို့ ခေါ်သွားသည်။

ကလေးအများစုက ဤညီအစ်မကို မသိကြပေ။ တစ်ယောက်က မေးလိုက်သည်။ "ဘယ်သူတွေလဲ?"

"ငါကလီရွှယ်ရှင်း၊ ဒါက ငါ့ညီမ လီရွှယ်ရူ" သူတို့ သူတို့နာမည်ကို ထုတ်ပြောရသည်ကို အနည်းငယ်ရှက်သည်။အဘယ်ကြောင့်ဆိုသော် ကလေးအများစုနာမည်မှာ တ ရ အာ ယာ ကုံတန် နျိုတန် စသည်ဖြင့် နာမည်က ရိုးရှင်းကြသည်။

တဟူသာ သူ့ကိုယ်သူပုတ်ရင်း ပြန်မိတ်ဆက်လိုက်သည်။ "ငါ့နာမည်က တဟူ။ နာမည်က အရမ်း ကြောက်စရာကောင်းနေလား? အခုကစပြီး ငါ့ကို အစ်ကိုတဟူလို့သာ ခေါ်။ ငါ မင်းတို့အားလုံးကို ကာကွယ်ပေးမယ်"

လီရွှယ်ရှင်း ခေါင်းညိတ်လိုက်သည်။ "အစ်ကိုတဟူ"

တဟူက ကလေးအားလုံးထဲတွင် အသက်အကြီးဆုံးဖြစ်သည်။ အခုခေတ်တွင် ပိုက်ဆံအတော်‌အတန်ရှိလျှင် ကလေးတွေကို ‌ကျောင်းသို့ပို့ကြသည်။ တဟူသာ ‌ကျောင်းကို နှစ်အနည်းငယ်တက်ပြီး မသွားချင်သဖြင့် အိမ်တွင် ကလေးတစ်သိုက်နှင့် ဆော့နေခြင်းဖြစ်သည်။

လီရွှယ်ရှင်းနှင့် ကျီရှောင်းဟွာက အသက်တူသဖြင့် သူတို့ ပိုရင်းနှီးသွားကြသည်။ "ရှောင်းဟွာ၊ နင်ဘာလို့ ကျောင်းမသွားတာလဲ?" လီရွှယ်ရှင်း ကျီရှောင်းဟွာအသက်ကို သိပြီးနောက် မေးလိုက်သည်။

"ငါ့အဘွားက ငါ့ကို ကျောင်းကို မလွှတ်တာ။ ငါက မိန်းကလေးဆိုပြီး ငါ့အစ်ကို‌မောင်တွေကိုပဲ ကျောင်းသွားခိုင်းတာ" ကျီရှောင်းဟွာ သူမ ဒါကို ပြောစဥ် အနည်းငယ် ဝမ်းနည်းသွားသည်။ သူမ ကျောင်း‌သွားရသည်ကို သေချာပေါက် ‌သဘောကျသည်။

လီရွှယ်ရှင်း သူမ၌လည်း သားယောကျ်ားလေးကိုသာ ချစ်မြတ်နိုးသော အဘွားရှိသဖြင့် ခံစားချက်ကို နားလည်သည်။ "အခုက စပြီး တူတူကစားကြရအောင်!"

"နင်ရော ကျောင်းမသွားဘူးလား?" ကျီရှောင်းဟွာ အင်္ကျီတွင် အပေါက်အပြဲ ချုပ်ရာများမပါဘဲ သန့်ရှင်းသော အဝတ်များကို ဝတ််ထားသော သူမသူငယ်ချင်းအသစ်ကို ကြည့်လိုက်သည်။

လီရွှယ်ရှင်း သူမအဒေါ် သူမကို ပြောထားသည်ကို ပြန်စဥ်းစားကြည့်ပြီး သူမ သူမ‌အဒေါ်ကို ဒုက္ခမများစေချင်ပေ။ ကလေးနှစ်ယောက်ကို ပျိုးထောင်ရသည်က မလွယ်ပါ။

လီရွှယ်ရှင်း ခေါင်းခါလိုက်သည်။ ကျီရှောင်းဟွာအတွေး‌ကတော့ ဒီမှာမရှိတော့။ "တောင်ကို သွားကြရအောင်။ အသီးရိုင်းတစ်မျိုး အခုရင်မှည့်နေတာ ငါသိတယ်။ အဲ့ဒါက အရသာအဆင်ပြေတယ်"

လီရွှယ်ရှင်း သူမညီမကို ခေါ်၍ တောင်သို့ ‌ကျီရှောင်းဟွာနောက်က‌ လိုက်ခဲ့သည်။ တစ်ခြားကလေးများလည်း သူတို့နှင့် သွားကြသည်။ ကလေးတိုင်း တောင်ပေါ်တွင် စားစရာရှာချင်သည်။

လီရွှယ်ရှင်း ကျီရှောင်းဟွာကမ်းပေးသော ဆူးချွန်အလုံးအသေးကို ယူလိုက်သည်။ သူမ မယုံနိုင်ပေ။ "ဒါက စားလို့ရတယ်လား?"

အသီးတွင် ဆူးရှည်ရှည်များစွာ ရှိသည်။ ကျီရှောင်းဟွာ ခေါင်းညိတ်လိုက်သည်။ "စားလို့ရတယ်။ ဒါပေမယ့် နင်် အရင်ဆုံး ဆူးချွန်တွေကို ဖယ်ရမှာ။ ငါလုပ်တာကြည့်ကြည့်"

ကျီရှောင်းဟွာ အသီးက ဆူးများကို တုတ်တစ်ချောင်းနှင့် ဖယ်လိုက်ပြီး အထဲက အသီးကို ထုတ်လိုက်သည်။ တစ်ခြားကလေးများလည်း ဆူးတွေဖယ်ပြီး တစ်ခုလုံးကို သူတို့ပါးစပ်ထဲ ထည့်လိုက်ကြသည်။

လီရွှယ်ရှင်းလည်း လိုက်လုပ်ကြည့်လိုက်ပြီး ဆူးတွေကို ဖယ်ကာ သူမညီမကို အရင်မြည်းကြည့်ခိုင်းလိုက်သည်။ နောက် သူမဖို့ တစ်ခုလုပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

"မျိုမချနဲ့။ ခါးတယ် " ကျီရှောင်းဟွာ တစ်လုံးကို ဝါးကြည့်ပြီးနောက် ထွေးထုတ်လိုက်သည်။

လီရွှယ်ရှင်း ခဏမျှဝါးကြည့်ပြီး အစပိုင်း အနည်းငယ်ချိုသော်လည်း နောက်ပိုင်း ပိုပိုခါးလာသည်။

သို့သော်လည်း ရွာက ကလေးများအတွက် သူတို့ သကြားလုံးမစားနိုင်သဖြင့် ဒီတစ်ခုက အနည်းဆုံးအနည်းငယ် ချိုသေးသည်ဟု တွေးကာ ဆက်စားလိုက်သည်။

လီရွှယ်ရှင်း သူမညီမကို မေးလိုက်သည်။ "ညီမလေး စားချင်သေးလား?"

လီရွှယ်ရူ ခေါင်းညိတ်ကာ "အစ်မ၊ ညီမဘာသာလုပ်လိုက်မယ်" လီရွှယ်ရူ တစ်လုံးကို ခူးလိုက်ပြီး ဆူးများကိုဖယ်ကာ ပါးစပ်ထဲထည့်ဝါးလိုက်သည်။

ကလေး‌များ စားရသည်ကို ငြီးငွေ့လာကြသည်။ အသီးက အစသာချို၍ ပိုပို ခါးလာသည်။ ထွေးထုတ်လျှင်တောင် ပါးစပ်ထဲ အခါးအရသာကျန်ခဲ့သည်။ တော်တော်များများစားပြီးနောက် ခါးသည်က ပိုပိုစုလာကာ အစပိုင်းတွင်ပင် အနည်းငယ်ချိုသည်မထင်ရတော့။

တဟူ အကြုံပြုလိုက်သည်။ "အရင်ရက်က ဒီမှာ စပျစ်သီးရိုင်းရှိတယ်လို့ ငါကြားတယ်။ ဒါပေမယ့် ချဥ်တယ်လို့တော့ ပြောတယ်"

"သွားပြီး မြည််းကြည့်ကြရအောင်။ အခုဆို ချိုများနေမလား?" နျိုတန်လို့ခေါ်သော ကလေးက ပြောလိုက်သည်။ နျိုတန်က အလွန််လောဘကြီးသော ကလေးဖြစ်သည်။ ချဥ်လျှင်တောင် သူလက်မလျှော့ပါ။

ကလေးအားလုံး စပျစ်ရိုင်းများရှိရာနေရာ တူတူသွားကြသည်။ သူတို့ ဆော့ရင်းသွားကြသည်။ လမ်းတွင်အပင်များ တွေ့လျှင် သစ်ရွက်တစ်ရွက်ခူးကာ လက်တွင်ကိုင်ပြီး ဆော့ကြရင်း သူတို့နောက်ဆုံး စပျစ်သီးရိုင်းများနေရာ ရောက်သွားသည်။

လူတိုင်း သစ်ကိုင်းမှ တွဲလောင်းကျနေသော စပျစ်ရိုင်းများကို ကြည့်လိုက်ကြသည်။ စပျစ်သီးရိုင်းများက အရမ်းမြင့်သဖြင့် ဘယ်သူမှ မမီကြပေ။ သူတို့မှီရာ နိမ့်သည့်နေရာများကတော့ အကုန်ခူးပြီးကြပြီဖြစ်သည်။

တဟူ သူလမ်း‌တစ်လျှောက် ခူးလာသည်များကို ချထားလိုက်ပြီး တစ်ယောက်ကို သူ့အား ကြည့်ပေးရန် ပြောကာ အပင်ကို တက်ပြီး ပြောလိုက်သည်။ "မင်းတို့အောက်မှာ ကြည့်ထားကြ"

တဟူ အပေါ်ရောက်သောအခါ အကိုင်းတစ်ကိုင်းမှ စပျစ်သီးရိုင်းတစ်လုံးကို ခူးကာပါးစပ်ထဲထည့်ပြီး မြည်းကြည့်လိုက်သည်။ အောက်က ကလေးများ အော်ပြီး မေးလိုက်သည်။ "ချဥ်လား?"

တဟူ ခေါင်းခါလိုက်သည်။ "နည်းနည်းချဥ်ပေမယ့် ချိုလည်းချိုတယ်" တဟူ စပျစ်သီးများကို ပစ်ချပေးရာ ကလေးတိုင်း မြည်းကြည့်ကြရာ သူတို့ အရသာက မဆိုးလှဟု ခံစားရသည်။

ထို့ကြောင့် နျိုတန် အော်လိုက်သည်။ "မြန်မြန် ပို‌ခူးပေးဦး" ကလေးများတစ်ယောက်ကို တစ်ယောက်ကြည့်ရင်း "လူကြီးတွေ ရောက်လားမလားမသိဘူး"

"လူကြီးတွေလာလည်း ငါတို့ကို မမာန်ပါဘူး မင်းတို့က သတ္တိနည်းလိုက်တာ" ကုံတန် ဝင်ပြောလိုက်သည်။ သို့သော် မကြာမီ တခြားကလေးများ ရောက်လာကြသည်။ ထိုကလေးများက ရွာက တစ်ခြားကလေးအုပ်စုဖြစ်သည်။

တဟူ သူက ဒီကလေးအုပ်စုတွင် အကိုကြီးဖြစ်၍ သူ့ညီငယ်များ အစားအသောက်် လုံလုံလောက်လောက်စားသောက်နိုင်ရန် တာဝန်ယူရမည်ဟု တွေးသဖြင့် သူ စပျစ်ရိုင်းများကို ဟန်ပါပါ ဆက်တိုက်ခူးသည်။

"အောက်ဆင်းလာခဲ့" ကုံကျီဟု ခေါ်သောကလေးက တစ်ခြားကလေးအုပ်စု၏ ခေါင်းဆောင်ဖြစ်၍ သူ ဒီနေ့ သူ့ညီတွေကို စပျစ်သီးခူးပေးမည်ဟု သဘောတူထားသည်။

သို့သော် တစ်ခြားကလေးအုပ်စုက နေရာအရင်ဦးထားမည်ဟု မထင်ထား။ သူ ဒီနေ့ ဒီလူတွေကို မဆင်းခိုင်းနိုင်လျှင် သူ သူ့ညီငယ်တွေရှေ့တွင် နောက် ခေါင်းဖော်နိုင်မည်မဟုတ်ပါ။

"မင်းဆင်းခိုင်းတိုင်း ငါက ဘာလို့ချက်ချင်းဆင်းရမှာလဲ? မင်းက ဘာမို့လို့လဲ?" တဟူ ကုံကျီကို ‌အပင်ပေါ်ကနေ ရန်စလိုက်သည်။

ကလေးတစ်ချို့က ချက်ချင်းရန်ဖြစ်ကြသည်။ လီရွှယ်ရှင်း လီရွှယ်ရူကို မထိခိုက်မိစေရန် အနားခေါ်ထားလိုက်သည်။

နောက်ဆုံး ဒါက ပြသာနာမဟုတ်ဟု ကလေးခေါင်းဆောင်နှစ်ယောက် ခံစားမိ၍ သူတို့ရပ်လိုက်ကြသည်။ "နှစ်ယောက်လုံး တက်ကြရင်ရော"

သို့သော် ကျီသာ့ပေါင် မပျော်ပါ။ ကျီသာ့ပေါင် စပျစ်သီးခူးချင်သည်။ "ငါတက်ချင်တယ်"

"မင်းတက်ချင်တိုင်း တက်လို့ရမလား? အသာနေစမ်းပါ "ကုံကျီ သူ့ကျောကို ရိုက်လိုက်သည်။

ကျီသာ့ပေါင် ချက်ချင်းငိုချသည်။ "မင်း ငါ့ကိုရိုက်ရင် ငါ ငါ့မိဘတွေနဲ့ အဖိုးအဖွားတွေကို တိုင်ပြောမယ်" ကျီသာ့ပေါင်က အိမ်တွင် အလေးထားခံရသည်ကို သိကြ၍ ကလေးများ သူ့အိမ်ကို ကြောက်ကြသည်။ "ဒါဆိုလည်း မင်း‌အပေါ် တက်ခူး" ကုံကျီ ရွေးချယ်စရာမရှိတော့ဘဲ သူ့ကို အရင်တက်ခိုင်းလိုက်သည်။

ကျီသာ့ပေါင် အပင်ပေါ် တစ်ဆင့်ချင်းတစ်ဆင့်တက်သည်။ စပျစ်ပင်က သစ်ပင်ကြီးတစ်ပင်ကို တွယ်တက်ထား၍ လူ‌နှစ်ယောက်ကိုယ်ကို နိုင်နိုင်၍ ကလေးနှစ်ယောက်ကိုယ်ကတော့ အသာလေးဖြစ်သည်။

ကျီသာ့ပေါင် စပျစ်ခိုင်တွဲများမှ စပျစ်သီးများကို ဆက်တိုက်မြည်းကြည့်ပြီး ချဥ်လျှင် ပစ်ပစ်ချသည်။ အောက်က ကောက်သည့်လူရှိမရှိကို စိတ်မဝင်စားပေ။ အရသာပြေလျှင် သူအပင်ပေါ်ထိုင်ကာ ဆက်တိုက်စားပြီး အောက်ကကလေးများကို ဂရုမစိုက်ချေ။ ကျီသာ့‌ပေါင်နှင့် တူတူလာသောကလေးများ သူ့ကို အလွန်ဒေါသထွက်နေကြသည်။

"မင်းကဘာလို့ အရမ်းအရှက်မဲ့တာလဲ? ပြီးတော့ အိမ်ကိုလည်း အကုန်ပြန်ပြောတယ် "ကုံကျီ သူ့ကို အထင်သေးပေမယ့် ဘာမှမတတ်နိုင်ပေ။

တဟူ ကျီသာ့ပေါင်ကို ကြည့်ရင်း ခေါင်းသာခါလိုက်သည်။ သူ စပျစ်သီးများကို မြည်းကြည့်ပြီး အရသာရှိလျှင် အောက်က သူငယ်ချင်းများကို ပစ်ချပေးသည်။ တဟူ တော်တော်များများခူးပြီး၍ ဆင်းရန်ပြင်လိုက်သည်။

ကျီသာ့ပေါင်လည်း တော်တော်များများ စားပြီး၍ စပျစ်သီးခိုင်နှစ်တွဲကို ခူးလိုက်ကာ လက်တွင်ကိုင်ထားပြီး အိမ်သို့ ယူသွားရန် တွေးလိုက်သည်။ လက်တစ်ဖက်က စပျစ်သီးနှစ်ခိုင်ကို ကိုင်ကာ တစ်ဖက်က အပင်ကို ဖက်ရင်း ဆင်းလိုက်သည်။ ဆင်းရင်း ‌ခြေချော်ကာ ပြုတ်ကျသွားသည်။

ကျီသာ့ပေါင် သစ်ပင်ပေါ်မှ ပြုတ်ကျ၍ လူတိုင်းလန့်သွားသည်။ ပြုတ်ကျသည်က သိပ်မမြင့်‌သော်လည်း ခေါင်းထိမိ၍ သွေးထွက်သွားသည်။ သူ ခဏမျှ ကြောင်သွားပြီးမှ ရုတ်တရက် အော်ငိုလိုက်သည်။

ကလေးများကလည်း သူ့ခေါင်းက သွေးကို မြင်ပြီးလန့်ကာ ဘာလုပ်ရမည်ကို မသိပေ။

လီရွှယ်ရှင်းလည်း အလွန်ထိတ်လန့်နေသည်။ တစ်ယောက်မှ ဘာမှဆုံးဖြတ်မပေးကြ၍ သူ‌မ ဝင်ပြောလိုက်သည်။ "မြန်မြန် သူ့အိမ်ကို လာခေါ်ခိုင်းလိုက် "

လီရွှယ်ရှင်း ကျီသာ့ပေါင်က မည်သူဆိုသည်ကို သိ၍ သူ ပြင်းထန်စွာ ဒဏ်ရာရမည်ကို အလွန်စိုးရိမ်သည်။

ထိုအခါမှ တဟူလည်း အကြံရလာသည်။ "ကုံကျီ၊ မင်းနဲ့ နှစ်ယောက်လောက် တစ်ယောက်ယောက်သွားခေါ်လိုက်။ ငါတို့ သူ့ကို ဒီမှာကြည့်ထားလိုက်မယ်...."

ကုံကျီ ခေါင်းညိတ်လိုက်ပြီး ကလေးနှစ်ယောက်နှင့် တူတူသွားလိုက်သည်။ တခြားကလေးများက ကျီသာ့ပေါင်ကို ကြည့်ရန် ကျန်ခဲ့သည်။ ဒီလိုဖြစ်မည်ဟု မထင်ထား၍ သူတို့ စပျစ်သီးပင် မစားရဲတော့ပေ။

လီရွှယ်ရှင်းနှင့် လီရွှယ်ရူ အပါအဝင် ကလေးအားလုံး ကြောက်လန့်သွားကြသည်။ လီရွှယ်ရှင်းနှင့် လီရွှယ်ရူ သူတို့အဒေါ်ကို ပြသာနာဖြစ်စေမည်ကို စိုးရိမ်သည်။ လီရွှယ်ရူ သူ့အစ်မအင်္ကျီလက်ကို ဆွဲလိုက်ရင်း မေးလိုက်သည်။

"အစ်မ၊ ညီမတို့ ဘာလုပ်ကြမလဲ? အဒေါ် ညီမတို့ကို ဒေါသထွက်မှာလား?" လီရွှယ်ရှင်း မျက်နှာလည်းဖြူဖျော့နေကာ ခေါင်းသာခါလိုက်သည်ယူ "ညီမလေး မစိုးရိမ်နဲ့"

တစ်ခြားကလေးများ စိုးရိမ်ကြသော်လည်း တစ်ချို့က အလွန်ဒေါသထွက်ကြသည်။ "သူက ဘာမို့လို့? သူ့ဘာသာသူ ပြုတ်ကျတာ ဘယ်သူမှလည်း မတွန်းဘူး။ လူပါခေါ်ပေးရ‌သေးတယ်"

တဟူ ဒေါသထွက်နေသောကလေးများကို ပုတ်ရင်း ဖြောင့်ဖြလိုက်သည်။ "သူက ပေါက်ကရ ပြောနေတာပါ။ အိမ်ပြန်ပြီး အိမ်ကမိဘတွေကို သေချာပြောပြလိုက်။ တကယ်လို့ ရှင်းပြလို့မရလည်း အရိုက်ခံရရုံပါပဲ"

ကျီမိသားစုအကြီးဆုံး ချွေးမ မြန်မြန်ရောက်လာပြီး သူမသားခေါင်းက ဒဏ်ရာကိုကြည့်ရင်း ထိတ်လန့်စွာ သူ့ကို အမြန်‌ပြေးချီလိုက်သည်။ နောက် ကျန်သောကလေးတွေအကုန်ကို ကြည့်ပြီး အော်မာန်လိုက်သည်။ "နင်တို့မိဘတွေကို ငါ့စောင့်နေလို့ပြောလိုက်"

တဟူက အရိုက်ခံနေကျဖြစ်၍ သူ မကြောက်ပေ။ အရိုက်ခံရရုံသာဖြစ်ပြီး ရိုက်ပြီးလျှင် သူ့မိဘတွေက စိတ်မကောင်းဖြစ်သွားကြကာ သူ့ဖို့ ကြက်ဥများပြုတ်ကျွေးသည်။ ထို့ကြောင့် သူ့အတွက် အရိုက်ခံရသည်က မဆိုးလှချေ။

တစ်ခြားကလေးများကတော့ ထိုသို့မတွေး‌သော်လည်း သူတို့ ရွေးချယ်စရာမရှိ၍ အိမ်ကိုသာ အရင်ပြန်လိုက်ရသည်။

All Chapters