← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

လီရွှယ်ရှင်းနှင့် လီရွှယ်ရူ အိမ်သို့ပြန်ရောက်‌သောအခါ သူတို့ ချူယောင်းနှင့် ဆုံသည်။ ချူယောင်း ကလေးနှစ်ယောက် ထူးထူးဆန်းဆန်း ပြုမူနေသည်ကို မြင်ပေမယ့် သူတို့လည်း သူတို့လျှို့ဝှက်ချက်ရှိမှာပဲဟုတွေးပြီး သူတို့ကို စမမေးပေ။

အိုးက အခုမှ ဝယ်ထားပေမယ့် အချိန်အကြာကြီး သုံးပြီးဖြစ်သည်။ ချူယောင်း အိုးကို သေချာသန့်စင်ပြီး နေ့လည်စာအတွက် ဆန်ပြုတ်ချက်ရန် ဆုံးဖြတ်လိုက်သည်။

သူမ အိုးထဲတွင် ဆန်တစ်ခါတည်း ပြုတ်ချက်လိုက်သည်။ အစက သူမ ဆန်ပြုတ်နှင့် သခွားသီးစားရန် တွေးထားပေမယ့် ရုတ်တရက် သူမ သခွားသီးမစားချင်တော့သဖြင့် မနေ့က လင်ဇီးမှိုအကျန်ကိုသာ ငရုတ်ကောင်းမှုန့် ထည့်ပြီး ကြော်လိုက်သည်။

ချူယောင်း ဆန်ပြုတ်ရသောအခါ ကလေးနှစ်ယောက်ကို စားရန်ခေါ်လိုက်သည်။ လီရွှယ်ရှင်း ချူယောင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

သူတို့ညီအစ်မနှစ်ယောက် ဒီရောက်လာပြီးမှ မတော်တဆများစွာ ဖြစ်ခဲ့သည်။ သူတို့ အိမ်ကအိုးကို ပျက်စီးစေရုံသာမက အခု သူတို့ ကျီသာ့ပေါင်နှင့် ပြသာနာဖြစ်သည်။ လီရွှယ်ရှင်း ချူယောင်း စိတ်ဆိုးမည်ကို ကြောက်၍ စားရန် မထိုင်ရဲပေ။ လီရွှယ်ရူလည်း သူမနောက်တွင် ရပ်နေပြီး မလှုပ်ရဲချေ။

"ဘာဖြစ်လို့လဲ? သမီးတို့ တစ်ခုခုလုပ်ထားလို့လား?" သူတို့ ထိုင်မစားရဲသည်ကို မြင်၍ ချူယောင်း မေးလိုက်သည်။

"အဒေါ် သမီးတို့ ပြသာနာထပ်လုပ်မိပြီ ထင်တယ်" လီရွှယ်ရှင်း ချူယောင်းကို စိုးရိမ်စွာ ကြည့်လိုက်သည်။

ချူယောင်း ပြုံး၍ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "သမီးတို့ ရန်စတာမဟုတ်ရင် အဒေါ် စိတ်မဆိုးပါဘူး"

ဒါကို ကြား၍ တစ်ချိန်လုံးစိုးရိမ်နေ‌သော လီရွှယ်ရှင်း သက်ပြင်းချနိုင်သွားသည်။ ခေါင်းခါလိုက်ပြီးပြောလိုက်သည်။ "သမီးတို့အမှားမဟုတ်ဘူး"

"ဒါဆို အဒေါ်ကို ဘာဖြစ်တာလဲ ပြောပြ" ချူယောင်း သူမလက်ထဲက တူကို ချထားလိုက်ရင်း သူတို့ပြောသည်ကိုနားထောင်လိုက်သည်။

လီရွှယ်ရှင်း သူမကို ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။ "သမီးတို့ ပြသာနာစမရှာပါဘူး။ ပြီးတော့ ကျီသာ့ပေါင်ကလည်း သူ့ဘာသာ သစ်ပင်ပေါ်က ပြုတ်ကျတာ "

"ဒါဆိုလည်း သမီးတို့ ဘာတွေစိတ်ပူနေတာလဲ?" ချူယောင်း ကလေးနှစ်ယောက်ကို ထိုင်ရန် ခေါ်လိုက်ပြီး ပြောလိုက်သည်။ "ဒီလိုလူတွေအကြောင်း စိုးရိမ်မနေနဲ့။ သမီးတို့ ရန်စတာလည်း မဟုတ်ဘူး။ အစက အဆုံး သမီးတို့နဲ့ ဘာမှ မဆိုင်တာ" ကလေးနှစ်ယောက်လည်း အခုမှ စိတ်အေးသွားသည်။

စားပြီးနောက် သူတို့အပြင်ထွက်ဆော့လျှင် ကျီမိသားစုက သူတို့ကို ပြသာနာရှာမည်ကို စိုး၍ ချူယောင်း မှာလိုက်သည်။ "သမီးတို့ ဒီနေ့အပြင်ထွက်‌မဆော့နဲ့တော့။ တံခါးလာခေါက်ရင်လည်း ဖွင့်မပေးနဲ့နော်..."

လီရွှယ်ရှင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ အဒေါ်" ချူယောင်း ထွက်သွားပြီးနောက် လီရွှယ်ရှင်း အိမ်ကို အနည်းငယ် သန့်ရှင်းလိုက်ပြီး လီရွှယ်ရူကို ခေါ်ကာ ခြံထဲတွင် စာရေးလေ့ကျင့်လိုက်သည်။

ချူယောင်း လယ်ထဲရောက်သောအခါ လီထောင်းဟွာ ကျီယွမ်ကို ရေလာပို့ပေးပြီးနောက် သူမနှင့် စကားလာပြောသည်။ "ချန်ရှောင််းယန် ပြန်ရောက်ပြီလို့ညီမကြားတယ်"

ချူယောင်း ဒီနာမည်ကို ကြား၍ ဘယ်သူ့ကို ပြောနေမှန်းမသိ။ သူမ မှတ်ဉာဏ်တွင်လည်း ထိုသူ မရှိပေ။" ချန်ရှောင်းယန်ဆိုတာ ဘယ်သူလဲ?" ချူယောင်း မသိသဖြင့် မေးလိုက်သည်။

လီထောင်းဟွာလည်း ချန်ရှောင်းယန်‌အကြောင်းကို ပြောပြလိုက်သည်။

"ကျီသာ့ပေါင် အကြောင်းရော ညီမ ဘာကြားလဲ?" သူတို့အပုတ်ချမည်စိုး၍ ချူယောင်း အခြေ‌အနေကို သိချင်သည်။

"သူ့ခေါင်းမှာ ပတ်တီးနဲ့။ ကျီသာ့ပေါင်က သူ့ဘာသာလမ်းလျှောက်နိုင်တယ်ဆိုတော့ ပြသာနာကြီးကြီးမားမားမရှိလောက်ဘူး" ကျီသာ့ပေါင်က သူ့လက်ထဲတွင် တစ်ခုခုစားနေသည်ကို လီထောင်းဟွာမြင်လိုက်ရ၍ သူစားနိုင်နေသဖြင့် ဘာမှမဖြစ်လောက်ဟု သူမ တွေးလိုက်သည်။

ချူယောင်း ခေါင်းညိတ်လိုက်သည်။ ပြသာနာကြီးကြီးမားမားမရှိပေမယ့် ကျီမိသားစုအကြီးဆုံးချွေးမက ရန်ရှာမှာသေချာသည်။

ချူယောင်း အိမ်ပြန်ရောက်သောအခါ သူမ ဝက်ကလီစာများကို ကိုင်ရမည်။ စား၍ ‌ကောင်းသော်လည်း အလုပ်‌တော့ ရှုပ်လှသည်။ သူမကို ကူညီမည့်ကလေးနှစ်ယောက်ရှိသော်လည်း အခုကသန်းခေါင်ရောက်နေပြီဖြစ်၍ သူမ သန်းဝေရင်း ပြောလိုက်သည်။ "မနက်ဖြန်မှချက်တော့မယ်"

သူတို့ညဘက်တွင်နည်းနည်းပဲ စားနိုင်သည်။ ရေခဲသေတ္တာလည်း မရှိသဖြင့် သူမ အကုန်လုံးကို တစ်ခါတည်း ကိုင်ထားရမည်။ ချူယောင်း ဝက်အဆုတ်ကို နှပ်စားရန် တွေးထားပြီး ကျန်သည်ကို ကျပ်တင်ခြောက်လုပ်ထားရမည်။

ချူယောင်း ဝက်အူများကို ကျပ်တင်ရန် ကြံထားသော်လည်း ဝက်အသည်းနှင့် ဝက်နှလုံးကို မနက်ဖြန် စွပ်ပြုတ်လုပ်စားရန် ပြင်ထားလိုက်သည်။

သူတို့အိပ််ရာဝင်မည့်အချိန်တွင် တစ်ယောက်ယောက်က ခိုးဝင်သည့်အသံမျိုးကို အပြင်မှ ကြားလိုက်ရ၍ ချူယောင်း ကလေးနှစ်ယောက်ကို တိုးတိုးမှာလိုက်သည်။ "သမီးတို့မြန်မြန် အခန်းပြန်ပြီး အိပ်ကြ‌တော့။ အဒေါ် သွားကြည့်လိုက်ဦးမယ်"

ချူယောင်း အသံလားရာသွားကြည့်ရာ တံခါးတွင်မတ်တပ်ရပ်နေ‌သော ကျီမိသားစု အကြီးဆုံးချွေးမကို တွေ့လိုက်သည်။ ကျီမိသားစု အကြီးဆုံးချွေးမ သူမကို ဒီလိုလွယ်လွယ်နှင့် ရှာတွေ့မည်ဟုမထင်ထားပေ။

"ယောင်းမက ညီမကို ညလယ်ကြီးလာရှာတာပဲ?" ချူယောင်း ရွဲ့ပြောလိုက်သည်။

ကျီမိသားစုအကြီးဆုံးချွေးမ ပြုံးပြရင်း ပြောလိုက်သည်။ "အစ်မ ညီမကို ညဘက်လာတွေ့တာ"

" ယောင်းမက ညဘက်မှန်းသိသေးတာပဲ။ ညီမက ယောင်းမ မသိဘူးထင်နေတာ!"

"ဘယ်လိုဖြစ်နိုင်မှာလဲ? မှောင်နေပြီဆိုတော့ အစ်မ အရင်ပြန်နှင့်တော့မယ်။ အိပ်ဖို့အချိန်ရောက်ပြီ" ကျီမိသားစုအကြီးဆုံးချွေးမ ‌လှည့်ပြီးပြန်ရန်ကြံစဥ် ချူယောင်း ဖမ်းဆွဲခြင်းကို ခံလိုက်ရသည်။

"ယောင်းမက ပြန်ချင်ရင် ဘယ်လွယ်ပါ့မလဲ" ချူယောင်း သူမကို အိမ်ထဲ ဆွဲခေါ်လိုက်ပြီး သူတို့နှစ်ယောက် မီးဖိုချောင် သွားလိုက်သည်။

ချူယောင်း ရေထဲက ဝက်ကလီစာများကို ကြည့်လိုက်သည်။ သူမ ကိုင်ပြီးသွား၍ စိတ်တော့မကောင်း။ သို့သော် ပြသာနာမရှိပါ။

"ညီမ ယောင်းမကို ဒီဝက်ကလီစာတွေကို ဆေးပေးစေချင်တယ် " ချူယောင်း ဝက်ကလီစာများကို ညွှန်ပြရင်း ပြောလိုက်သည်။

ကျီမိသားစုအကြီးဆုံးချွေးမ ဘယ်လိုပြန်ငြင်းရမည်ကို စဥ်းစားနေပေမယ့် ချူယောင်းအကြည့်ကြောင့် သူမ ကြောက်လန့်သွားသည်။ ထို့ကြောင့် ထိုအရာများကို ဆေး‌ရန် ထိုင်လိုက်ရသည်။ သူမ ရေထဲက ဝက်ကလီစာများကို ကြည့်လိုက်ရာ သန့်ရှင်းပြီးသည်ကို တွေ့လိုက်သည်။

"ညီမ ဒီဝက်ကလီစာတွေကို ဆေးကြောပြီးပေမယ့် တချို့နေရာတွေက နည်းနည်းမသန့်သေးဘူး။ ယောင်းမ ထပ်ဆေးကြောပေးဖို့ ညီမမျှော်လင့်ပါတယ်။ တကယ်လို့ မသန့်ရှင်းတဲ့နေရာ နည်းနည်းလေးကျန်ရင် ယောင်းမ .... နောက်ဆက်တွဲကတော့ တော်တော်ပြင်းထန်လိမ့်မယ်" ချူယောင်း သူမကို ကြည့်လိုက်သည်။

"ဆိုလိုချင်တာက အစ်မ ဒါတွေဆေးပြီးရင် ပြန်လို့ရပြီပေါ့?" ကျီမိသားစုအကြီးဆုံး ချွေးမ မေးလိုက်သည်။ သူမ မလှုပ်ရဲသဖြင့် ခြံထဲတွင်သာ ထိုဝက်ကလီစာများကို ဆေးကြောရသည်။ အလင်းရောင်လုံးဝမရှိသောကြောင့် သူမ ‌လရောင်နှင့်သာ ကလီစာများ သန့်ရှင်းခြင်းရှိမရှိ ပြူးပြဲကြည့်ရသည်။

ဝက်ကလီစာများကို ဆေးကြောပြီးသည့်နောက် တခြားအရာများကိုလည်း ဆေးကြောရသည်။ ချူယောင်း သူမ ဆေးကြောနေသည်ကို ကြည့်လိုက်သည်။ ကျီမိသားစုအကြီးဆုံးချွေးမ တစ်ကိုယ်လုံး ပင်ပန်းနေရုံသာမက မျက်လုံးများ‌လည်း အလွန်ညောင်းကာ ဝေဝါးနေသည်။

"ညီမ ညဘက် သေချာမမြင်ရတော့ ယောင်းမ သေချာဆေးလားမမြင်ရဘူး။ ယောင်းမ ဒါလုပ်ပြီးသွားတယ်ဆိုလည်း တခြားအလုပ်တွေ ကူလုပ်ပေးလို့ရတယ်" ချူယောင်းပြောသည်ကို ကျီမိသားစုအကြီးဆုံးချွေး မေးခွန်းပြန်မထုတ်နိုင်ချေ။ ချူယောင်း ပြောပြီးနောက် လိုက်ကြည့်လိုက်သည်။

"ညီမ ခြံထဲမှာ ကြက်သွန်နီ ကြက်သွန်ဖြူ စိုက်ဖို့တွေးနေတာ။ ယောင်းမက ညဘက် လုပ်စရာမရှိဘူးဆိုတော့ ညီမအစား မြေပေါက်ပေးပါဦး!"

ဒါကိုကြား၍ ကျီမိသားစုအကြီးဆုံးချွေးမ မကြားချင်ဟန်ဆောင်ကာ "အခုတော်တော်နောက်ကျနေပြီဆိုတော့ အစ်မ အိပ်ရတော့မှာ အစ်မပြန်နှင့်မယ်နော်" ပြောပြီး ချူယောင်းကို မကြည့်ဘဲ ပြန်ရန်ပြင်လိုက်သည်။

"အစ်မ ပြန်လို့မရဘူးလို့ ညီမပြောထားတယ်လေ။ အစ်မ သွားချင်တယ်ဆိုရင် သွားနိုင်မလား ကြည့်ကြည့်မယ်!" ချူယောင်း လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်ကို ကျီမိသားစုအကြီးဆုံးချွေးမမြင်၍ အမြန်သဘောတူလိုက်သည်။ "ဟုတ်ပြီ အစ်မ အခုပဲ မြေပေါက်လိုက်မယ်"

ကျီမိသားစုအကြီးဆုံးချွေးမပေါက်ပြားကိုင်ပြီး မြေကြီးပေါက်သည်ကို ချူယောင်း စောင့်ကြည့်လိုက်သည်။ အိမ်က ပေါက်ပြားက ဒီနေ့ အလုပ်ပြီး ပြန်အပ်ရန်မေ့ခဲ့ခြင်းဖြစ်သည်။ အစက ချူယောင်း ပြန်အပ်ရန်မေ့ခဲ့သည်ကို နောင်တရကာ စားပြီး အပ်ရန်သွားပေမယ့် ဂိုဒေါင်တွင် လူတစ်ယောက်မှမရှိသဖြင့် သူမ ပြန်ယူလာရသည်။

မထင်ထားဘဲ ပေါက်ပြားက အခုအသုံးဝင်သွားသည်။ ချူယောင်း အိပ်ချင်စိတ်မရှိ ကျီမိသားစုအကြီးဆုံးချွေးမကို စောင့်ကြည့်ရန် ‌သူမဘေးတွင် ခြင်ဆေးထွန်းကာ ခြံထဲတွင် ထိုင်နေလိုက်သည်။

သို့သော် ကျီမိသားစု အကြီးဆုံး ချွေးမဘေးတွင် ဘာမှမရှိသဖြင့် ညဘက်‌မြေပေါက်ရသည်က နေ့ဘက်လောက်မပူသော်လည်း သူမတစ်ကိုယ်လုံး ခြင်ကိုက်ရာများဖြင့် ဖုံးနေသည်။ မကြာခဏ သူမ အားမလိုအားမရ ကုတ်ခြစ်နေရသည်။

"ယောင်းမ မြန်မြန်လုပ်ပြီး အလုပ်ကို အပြီးသတ်သင့်ပြီ။ မဟုတ်ရင် မနက်ဖြန် ညီမ အလုပ်နောက်ကျလိမ့်မယ်" ချူယောင်း လကို တစ်ချက်ကြည့်ပြီး ကျီမိသားစုအကြီးဆုံးချွေးမကို သတိပေးလိုက်သည်။

ကျီိမိသားစု အကြီးဆုံးချွေးမက လောဘကြီးသည့်လူစားမျိုးဖြစ်သည်။ ချူယောင်း ရိုက်လျှင် မည်မျှနာသည်ကို သူမ သိသော်လည်း သူမ မတတ်နိုင်ဘဲ ဒီကို ညဘက် ပစ္စည်းခိုးရန်ရောက်လာသည်။

သူမမိဘအိမ်က သူမကို လောနေပြီး သူတို့က ပိုက်ဆံအ‌ကြောင်းကိုသာ ဂရုစိုက်သည်။ သို့သော် သူမမိဘများ နေရာတကာ တောင်းပန်ပြီး ပိုက်ဆံလိုက်ချေးနေသည်ကို တွေးပြီး သူမ မသက်မသာခံစားရသည်။

သူမ ကျီအဖေကို ပိုက်ဆံချေးရန် တောင်းသော်လည်း ကျီအဖေ ကြားပြီးပြီးချင်း မျက်နှာပြောင်းကာ ဘာမှထပ်နားမထောင်တော့ဘဲ ရန်သာဖြစ်ရပြီး သူမထပ်လုပ်နိုင်တာလည်း ဘာမှမရှိပေ။

သူမ ဒီနေ့အကြောင်းကို တွေးမိသော်လည်း သူမ ချူယောင်းကို အခွင့်ကောင်းယူ၍မရသလို သူမ ချူယောင််းဆီက ငွေလည်း မချေးနိုင်လောက်ချေ။ ထို့ကြောင့် အိမ်ကလူအားလုံး အိပ်မောကျနေစဥ် ကျီအ်ိမ်မှ သူမဘာသာထွက်လာလိုက်သည်။

သူမ ချူယောင်းအိမ်ကို လရောင်ဖြင့် လမ်းလျှောက်လာခဲ့သည်။ ခြံထဲတွင် စကားပြောသံမကြားရပေ။ မီးဖိုချောင်တွင်လည်း တစ်ယောက်မှ ရှိသည့်ပုံမပေါ်၍ သူမကို မိမည်ဟု မထင်ထားချေ။ သူမ အခုနောင်တရနေပြီဖြစ်သည်။

ချူယောင်းကတော့ ကျီမိသားစုအကြီးဆုံးချွေးမကို ဂရုမစိုက်ပါ။ အပြင်တွင် နေရသည်က အေးသည်ဟုပင် ချူယောင်း ခံစားရသည်။

သို့သော် ထိုအချိန်တွင် အခန်းထဲတွင် နားနေသော ကလေးနှစ်ယောက်ထွက်လာပြီး လီရွှယ်ရှင်း စိုးရိမ်စွာမေးလိုက်သည်။ "အဒေါ် အဆင်ပြေရဲ့လား?" လီရွှယ်ရှင်း ကျီမိသားစုအကြီးဆုံးချွေးမကို ကြည့်ပြီး ပြောလိုက်သည်။ "သမီး ဒီမှာစောင့်ကြည့်နေပေးမယ်လေ?" ညီအစ်မနှစ်ယောက် အခန်းထဲတွင် ချူယောင်းပြောနေသည်ကို အကုန်ကြားပြီးဖြစ်သည်။

ချူယောင်း ခေါင်းခါလိုက်သည်။ "အဒေါ် သမီးတို့ကို မလိုဘူး။ ပြီးတော့ သမီးတို့ သူမကို မနိုင်ဘူး" ကလေးနှစ်ယောက်ကို ခဏဖျောင့်ဖျပြီးမှ သူတို့အခန်းပြန်အိပ်ကြသည်။ ထိုအချိန်တွင် ကျီမိသားစုအကြီးဆုံးချွေးမ မတ်တပ်ရပ်ရင်း အိပ်ငိုက်နေသည်။

ချူယောင်း သွားလိုက်ပြီး သူမလက်ကို ပုတ်လိုက်ရာ လန့်ပြီး မြေပေါ်လဲကျသွားသည်။ "မြန်မြန် အလုပ်လုပ်ဦး။ ယောင်းမ ဒီနေ့ ကောင်းကောင်းမလုပ်ဘူးဆိုရင် ညီမ အစ်မကို အိမ်မပြန်ခိုင်းဘူး" ချူယောင်း အကြောဆန့်ပြီး အရင်နေရာတွင် ပြန်ထိုင်ကာ သူမကို စောင့်ကြည့်လိုက်သည်။

ကျီမိသားစု အကြီးဆုံးချွေးမ အိပ်ချင်မူးတူးနှင့် မြေပေါက်နေရင်း အာရုံတက်ချိန်သို့ တဖြည်းဖြည်းရောက်လာသည်။ "အစ်မ ဒီကမြေအားလုံးကို ပေါက်ပြီးပြီ။ အစ်မ ပြန်အိပ်လို့ရပြီလား?"

ချူယောင်း ကြည့်လိုက်ရာ တကယ်ပင် အာရုံတက်ချိန်ရောက်တော့မည်ဖြစ်၍ "ဟုတ်ပြီ။ အစ်မပြန်လို့ရပြီ။ ဒါပေမယ့် အစ်မ ညကျရင် ပြန်ဆက်လုပ်ရမယ်။ အစ်မ မလာရင်တော့ ညီမ ပြသာနာရှာရမှာပဲ"

ကျီမိသားစုအကြီးဆုံးချွေးမ ဒီနေ့ပြန်ပြီး နောက်တစ်ကြိမ် ဒီကို သေချာပေါက် မလာတော့ဟု တွေးထားပေမယ့် ဒုတိယစာကြောင်းကြားပြီး သူမ မလာ၍ ပြသာနာဖြစ်လျှင် ကျီအဖေ ဒေါသထွက်မှာသေချာသည်။

ကျီမိသားစုအကြီးဆုံးချွေးမ သန်းဝေရင်း အိမ်သို့လမ်းလျှောက်ပြန်လိုက်သည်။ သူမ အိမ်ပြန်ရောက်‌သောအခါ ကျီအမေ ထလာသည်နှင့်တိုးပြီး သူမပုံစံကို မြင်၍ ကျီအမေ မေးလိုက်သည်။ "နင်က ညဘက် သူခိုးလုပ်မလို့လား?" သူမ အိပ်ချင်နေပြီဖြစ်၍ သေချာမကြားကာ လက်‌သာဝေ့ရမ်းရင်း အခန်းထဲပြန်လိုက်သည်။

ကျီအမေက သူမနောက်မှ အော်ပြောလိုက်သည်။ "မြန်မြန် မနက်စာချက်တော့" သူမ တံခါးသာပိတ်၍ အိပ်ရာပေါ်လှဲကာ အိပ်မောကျသွားသည်။

ဘေးက ကျီမိသားစု အကြီးဆုံးသားနိုးသွားသည်။ သူ မနေ့ည တရေးနိုးထစဥ် သူမကို မတွေ့ပေ။ သူမ အခု ပြန်လာမည်ဟု မထင်ထား။ ညက သူမဘာလုပ်နေလဲကိုလဲ သူ မသိပါ။

ကျီမိသားစုအကြီးဆုံးသား သူမအဝတ်အစားများကို တစ်ချက်ကြည့်လိုက်ရာ ရွှံ့များဖြင့် ဖုံးနေသည်ကို တွေ့ပြီး သူ ခန့်မှန်းကြည့်ကာ မျက်နှာ ရှုံ့မဲ့သွားသည်။ သူ သူမကို နှိုးပြီး မေးချင်ပေမယ့် နောက်ဆုံး သည်းခံလိုက်သည်။

All Chapters