← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

ကျီမိသားစု အကြီးဆုံးသား သူ့ဇနီးကို သံသယဝင်နေ၍ စားနေသည့်အချိန်တွင်ပင် သူမကို စိုက်ကြည့်နေသည်။

ကျီိမိသားစု အကြီးဆုံးချွေးမ တရေးအိပ်ပျော်သွားပြီး သူမ နိုးလာသောအခါ မျက်လုံးသေချာမပွင့်‌သေး။ ကျီအမေ သူမနောက်မှ ကျိန်ဆဲနေသည်။ "ငါ ဒီလို ပျင်းတဲ့မိန်းမကို မတွေ့ဖူးဘူး။ သားနဲ့ ယောကျ်ားက ထမင်းစားဖို့စောင့်နေပြီ။ အခုတော့ သူမ အိပ်နေတာကိုပဲ ကြည့်နေရတယ်"

"အရှက်မရှိတဲ့ ကောင်မ။ ထမင်းစားပွဲမှာဆိုရင်လည်း စားဖို့ပဲ သိတယ်" လူတိုင်း ကျီအမေ မာန်နေသည့်သူကို သိသော်လည်း ကျီမိသားစုအကြီးဆုံး ချွေးမသာ အခုထိနိုးမလာသေးချေ။

ကျီအမေ ခဏမျှမာန်ပြီးနောက် ဆက်မမာန်တော့ပေ။ သူမက မျက်နှာလည်းပြောင်ကာ ကြားလည်းမကြားသဖြင့် အချိန်ကုန် လေသာကုန်သည်။

သို့သော် ထမင်းစားပွဲတွင်တော့ ကျီအမေ ကျီမိသားစုအကြီးဆုံး ချွေးမကို လုံးဝ ကြည့်မရပေ။ ဒီနေ့ သူမဘာသာ ချက်လိုက်ရသည်။ မဟုတ်လျှင် တစ်မိသားစုလုံးငတ်တော့မည်။ ထို့ကြောင့် သူမ ကျီမိသားစုအကြီးဆုံး ချွေးမကို ‌ထမင်းစားပွဲတွင် ရန်ရှာလိုက်သည်။

သူတို့မိသားစုမနက်စာက အများအားဖြင့် ရိုးရှင်းသည်။ ကျီမိသားစုအကြီးဆုံးချွေးမ အချဥ်စိမ်စားချင်လျှင် ကျီအမေ အချဥ်စိမ်ပါသော ပန်းကန်ကို ဖယ်လိုက်သည်။

ကျီမိသားစု အကြီးဆုံးချွေးမ သူမ ဘယ်လောက်နုံနေနေ တစ်ခုခုမှားနေသည်ဟု ပြောနိုင်သည်။ သူမ စားပွဲကို ကြည့်လိုက်ရာ ကျီအဖေ၊ ကျီလင်းနှင့် ကျီသာ့ပေါင်မှ လွဲ၍ တစ်ခြားသူများက သူမကို ထူးဆန်းစွာကြည့်နေသည်။

သူမ ဘာလို့ သူတို့က ဒီလိုကြည့်နေမှန်းမသိပေ။ သို့သော် မကြာမီ အလုပ်သွားရတော့မည်ဖြစ်၍ သူမ ဒီအကြောင်းကို ကြာကြာ စဥ်းစားချိန်မရှိပေ။ သူမ သန်းဝေခြင်းကိုလည်း မရပ်နိုင်ချေ။

ကျီမိသားစုအကြီးဆုံးသား မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဇနီး မနေ့ညက ဘယ်သွားသည်ကို မသိသဖြင့် သူ ဒီနေ့ စောစောအိပ်ရာမဝင်ဘဲ သူမ ဘယ်သွားမည်ကို ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

ကျီမိသားစုအကြီးဆုံးချွေးမ လယ်ထဲရောက်သောအခါ ချူယောင်းနှင့်ဆုံသည်။ ချူယောင်းက သူမကို ပြုံးပြရင်းပြောလိုက်သည်။ "ယောင်းမ ညကျ ညီမအိမ်လာခဲ့နော်။ ယောင်းမ မလာရင် ညီမလာခဲ့မယ်" ကျီမိသားစုအကြီးဆုံးချွေးမ အံကြိတ်ပြီး သူမ ပြောချင်သည်များကို မျိုသိပ်ထားလိုက်ရသည်။ သူမ အလုပ်မြန်မြန်လုပ်ပြီး အိမ်ပြန်ကာ ညကျစောစောအိပ်ရမည်။

ကျီမိသားစုအကြီးဆုံးသား သူ့ဇနီးကို တောက်လျှောက်လိုက်ကြည့်ရာ သူမ ချူယောင်းနှင့် ရယ်ပြီးပြောနေကြသည်ကို တွေ့သည်။ သူတို့ ဘာပြောသည်ကို မသိသော်လည်း ချူယောင်းအကြောင်းမဟုတ်ဟု သူထင်သည်။

ကျီမိသားစု အကြီးဆုံးချွေးမ မြန်မြန်အလုပ်လုပ်ပြီး အလုပ်ဆင်းသောအခါ အိမ်အမြန်ပြန်ပြီး ရေချိုးကာ အိပ်ရာပေါ် အိပ်ရန်လှဲလိုက်သည်။

ကျီမိသားစုအကြီးဆုံးသားနှင့် တခြားသူများက သူမထက် နောက်ကျမှ ပြန်လာကာ ကျီမိသားစုအကြီးဆုံးသား သူ့အခန်းထဲဝင်ရာတွင် ရေကွက်ကို တွေ့လိုက်ပြီး သူ့ဇနီး အိပ်ရာပေါ်တွင် အိပ်နေသည်ကို တွေ့လိုက်သည်။

သူ့စိတ်ထဲ ထူးဆန်းနေပြီး သိချင်နေသည်က ပိုပို ပြင်််းထန်‌လာသည်။ ဒီလိုအလုပ်က မြန်မြန်ပြန်ပြီး ရေချိုးကာ အခန်းပြန်အိပ်နေလျှင် ဘယ်သူမဆို သိချင်ကြမည်မလား? ကျီမိသားစုအကြီးဆုံးသား အိပ်ရာပေါ်တွင် ကြောင်၍ ထိုင်နေပြီး အပြင်မှ ဆူညံသံကြားမှ ပြေးထွက်ကြည့်လိုက်သည်။

ကျီအမေအော်နေ၍ ဆူညံနေခြင်းဖြစ်သည်။ "မင်းမိန်းမ ဘယ်မှာလဲ?" ကျီမိသားစု အကြီးဆုံးသား စားချင်စိတ်မရှိသဖြင့် သူလက်ဝေ့ရမ်းရင်း အားအင်ချိနဲ့စွာပြောလိုက်သည်။ "အမေ အရင်ဟင်းချက်လိုက်ပါ။ သူမက နည်းနည်းနေမကောင်းလို့်ပါ"

"သူမက နေမကောင်းတာနဲ့ပဲ ငါ့လို လူအိုက သူမကို ‌နေ့တိုင်း စောင့်ရှောက်ပေးရမှာလား? ငါရော နေမ‌ကောင်းဖြစ်ရတော့မလား?" ကျီအမေ အိမ်အလုပ်ကို မလုပ်သည်မှာ ကြာပြီဖြစ်သည်။ ပြီးတော့ အခု သူမ အလုပ်ကပြန်လာ၍ အနည်းငယ်ပင်ပန်းနေသဖြင့် အခုဟင်းချက်ရမည်ကို ပိုမလုပ်ချင်။

" ဟုတ်ပြီ။ ချွေးမက နေမကောင်းဘူးဆိုရင် နားပါစေ။ မင်းတို့ အမေကို ဒီနေ့ ချက်ခိုင်းလိုက်" တံခါးတွင်ထိုင်နေ‌သော ကျီအဖေ ဝင်ပြောသဖြင့် ဘယ်သူမှ မငြင်းဆန်ရဲကြတော့။ ကျီအမေ ပါးစပ်က ပေါက်ပေါက်ဖောက် ရေရွတ် ကျိန်ဆဲနေပေမယ့် သူမ ဟင်းချက်ရန်လုပ်ရသည်။ ကျီလင်းသာ အိမ်က နေ့တိုင်း ဆူညံနေသည်ကို စိတ်ကုန်နေသည်။

ကျီမိသားစု အကြီးဆုံးချွေးမကတော့ ဒီအကြောင်းများကို မသိပါ။ သူမ နိုးသောအခါ မှောင်နေပြီး လူတိုင်း အိပ်မောကျနေကြပြီ ဖြစ်သည်။ သူမ မျက်လုံးဖွင့်ကာ အမှောင်ထဲ ထလာလိုက်သည်။ သူမ မီးဖိုချောင်တွင်ရှာကြည့်ရာ စားရန်ဘာမှမတွေ့ချေ။ ကြောင်အိမ်ကိုပင် တင်းကြပ်စွာပိတ်ထား၍ သူမ စားစရာရှာခြင်းကို လက်လျှော့လိုက်သည်။ သူမ မျက်နှာသစ်ပြီး ချူယောင်းအိမ် လမ်းလျှောက်သွားလိုက်သည်။

ချူယောင်း ခြံထဲတွင် ‌အ‌ကြောဆန့်နေသည်ဖြစ်သည်။ ချူယောင်း ဒီကိစ္စက ရှုံး‌သည်ကို ခံစားရသည်။ သူမ တစ်ခြားသူတွေကို နှိပ်စက်ချင်သည်နှင့် သူမကိုယ်တိုင်လည်း ညဘက်ကောင်းကောင်း မအိပ်ရပေ။ ဒီကိစ္စက ကြာကြာဆက်လုပ်၍ မရသဖြင့် သူမ ကျီမိသားစုအကြီးဆုံးချွေးမကို မနက်ဖြန် လာခိုင်း၍ မရတော့ပေ။

ကျီမိသားစု အကြီးဆုံးချွေးမ ချူယောင်းကို မြင်သောအခါ သူမ ‌ဖားလိုက်သည်။ "ယောင်းယောင်း။ အိမ်မှာ စားစရာရှိလား?"

ချူယောင်း မျက်ခုံးပင့်ရင်းမေးလိုက်သည်။ "ဘာလို့လဲ? ယောင်းမ၊ ယောင်းမက မနေ့က ကျွန်မကို သေဖို့ ‌ဆုတောင်းနေပြီး ဒီနေ့ကျ ဘာလို့ကျွန်မနဲ့ ဆက်ဆံရေးကောင်းချင်သွားရတာလဲ?"

ကျီမိသားစု အကြီးဆုံးချွေးမ မျက်နှာ ဖြူလိုက် နီလိုက်နှင့် ခဏကြာမှ သူမ ရှက်ရွံ့ဒေါသထွက်စွာ ပြောလိုက်သည်။ "အဲ့ဒါက အစ်မ အိမ်မှာ ဘာမှမစားခဲ့ရလို့လေ"

‌ချူယောင်း သူမကို မျက်လုံးမှေးကြည့်ရင်း "ဒါဆို ယောင်းမက ကျွန်မကို အပြစ်တင်နေတာလား?"

"ဒါဆိုလည်း ယောင်းမ အလုပ်မြန်မြန်လုပ်လေ။ စောစောပြီးရင် ယောင်းမ စောစောပြန်ရင်ပြန်နိုင်မှာပါ!" ချူယောင်း ကျီမိသားစု အကြီးဆုံးချွေးမကို ဟိုဟာလုပ် ဒီဟာလုပ်နှင့် ခိုင်းလိုက်သည်။

ကျီမိသားစု အကြီးဆုံးချွေးမ ခေါင်းအလွန်မူးနေပြီဖြစ်သည်။ သူမ အလုပ်ပြီးသောအခါ ချူယောင်း သူမကို အရုဏ်တက်တွင် ပြန်ရန်ပြောလိုက်သည်။ "ယောင်းမ ဒီကို ထပ်လာစရာမလိုတော့ဘူး"

ချူယောင်း ဒီလိုကိစ္စက သူမကိုယ်တိုင်ကိုပါ နှိပ်စက်နေသလိုဖြစ်သည်။ သူမ အခန်းပြန်ပြီး အိပ်ရဦးမည်။

ချူယောင်း စကားများကို ကြား၍ ကျီမိသားစုအကြီးဆုံးချွေးမ အိပ်ချင်နေသည်က ချက်ချင်းပျောက်သွားသည်။ သူမ မနက်ဖြန် ဒီလာစရာမလိုတော့သဖြင့် သူမ ကောင်းကောင်းအိပ်လို့ရပြီဖြစ်သည်။

ကျီမိသားစုအကြီးဆုံးချွေးမ ပျော်ရွှင်စွာ လမ်းလျှောက်ပြန်သွားသည်။ အပြန်လမ်းတွင် သူမ ရွာက လူပျိုသိုးကြီးနှင့် တွေ့သည်။ သူက ရွာတွင် အသက်အကြီးဆုံးလူပျိုကြီးဖြစ်ကာ ဒီ‌နှစ်် အသက်၄၂နှစ်ရှိပြီဖြစ်သည်။

"ရှင့်လက်ထဲမှာ ဘာကိုင်ထားတာလဲ၊ အဘိုးကြီး?" ကျီမိသားစုအကြီးဆုံးချွေးမ ထိုလူကြီးခိုးကြောင်ခိုးဝှက်လုပ်နေပြီး လက်ထဲတွင်ကိုင်ထားသည်ကလည်း ကြက်ဟုထင်ရသည်။

လူပျိုကြီး ဒီလောက်‌အစောကြီး ထမည့်လူရှိမည်ဟု မထင်ထားပေ။ အခုက အရုဏ်တက်ပင် မရောက်သေးပါ။ သူ သူဖမ်းလာသောကြက်ကို နောက်တွင်ဖွက်လိုက်ပြီး တခြားလက်တစ်ဖက်ကို ဝေ့ရမ်းရင်း ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ မင်းက ဘာလို့အစောကြီး ထနေတာလဲ? သူခိုးလား?"

လူပျိုကြီးက သူခိုးလူပြန်ဟစ်သည့်ပုံစံဖြင့် သူအရင် စွပ်စွဲလိုက်လျှင် သူ့ကို မိမှာမဟုတ်ဟု ခန့်မှန်းလိုက်သည်။

သို့သော် ကျီမိသားစုအကြီးဆုံးချွေးမက ရှက်တတ်သည့်သူမဟုတ်ပေ။ ပြောရဲဆိုရဲသည့်သူဖြစ်၍ သူမ လူပျိုကြီးနောက်က ကြက်ကို မြင်ပြီးဖြစ်၍ပြောလိုက်သည်။ "ကျွန်မ ရှင့်နောက်က ကြက်ကို မမြင်ဘူး မထင်နဲ့။ ရှင်် အဲ့ကြက်ကို ဘယ်က ခိုးလာတာလဲ?"

လူပျိုကြီး ဖုံးမထားနိုင်တော့သဖြင့် ပြုံး၍ ပြောလိုက်သည်။ "ငါ ကြက်ကို တစ်နေရာက ယူလာတာ။ မင်းမြင်သွားပြီဆိုတော့ ငါနဲ့ တူတူစားပါလား?"

ကျီမိသားစုအကြီးဆုံးချွေးမ သူ့ကို လှန့်ပြီး ကြက်ကို သူမ ယူရန်တွေးထားပေမယ့် အခုလို တူတူစားဖို့ပြောမည်ဟု မထင်ထားပေ။ သူမ ခဏမျှတုံ့ဆိုင်းပြီးနောက် သ‌ဘောတူလိုက်သည်။

"ဒါဆို ရှင် ဘယ်မှာချက်မှာလဲ?" ကျီမိသားစုအကြီးဆုံးချွေးမ ကြက်သားအရသာကို တွေးကြည့်ပြီး သူမ ကြက်သားအရသာကို မစားရသည်မှာကြာနေပြီဖြစ်၍ ဒါကိုတွေးမိပြီး သူမ သရေမယိုဘဲ မနေနိုင်။

လူပျိုကြီးက ကျီမိသားစု အကြီး‌ဆုံးချွေးမကိုယ်လုံးကိုယ်‌ပေါက်ကို ကြည့်ပြီး မျက်လုံးများတောက်ပသွားကာ "ငါ့အိမ်သွားပြီး ကြက်သား‌ပေါင်းစားရအောင်။ ကင်စားတာထက် ပေါင်းစားတာပိုကောင်းပါတယ်။ ပေါင်းပြီးရင် အရည်‌လည်း သောက်လို့ရတယ်"

လူပျိုကြီးစကားများက ကျီမိသားစု အကြီးဆုံးချွေးမကို တုံ့ဆိုင်းစေပြီး သူမ ကြက်အ‌ကြောင်းတွေးကာ လူပျိုကြီး၏ ရွံ့ရှာဖွယ်အကြည့်‌အကြောင်းလည်း စဥ်းစားနေရသည်။

လူပျိုကြီး သူမတုံ့ဆိုင်းနေသည်ကို မြင်၍ "မဟုတ်‌သေးပါဘူး။ မင်းက ဘာတွေတွေးနေတာလဲ? ငါက မင်းလို ကလေးတစ်ယောက် မွေးထားတဲ့သူကို မကြိုက်ပါဘူး။ ငါကြိုက်ရင်တောင် ဖွံ့ဖွံ့ထွားထွားအမျိုးသမီးတွေကိုပဲ ကြိုက်မှာ"

"အမလေး။ ရှင်က အဲ့လိုမိန်းကလေးတွေကို ကြိုက်တယ်ပြောလည်း သူတို့က ရှင့်ကို မကြိုက်ပါဘူး။ ကျွန်မကိုကြည့်နေတဲ့အကြည့်နဲ့ ပေါက်ကရလျှောက်ပြောရဲ‌သေးတယ်" ကျီမိသားစုအကြီးဆုံးချွေးမ ချက်ချင်း ဒေါသထွက်သွားပြီး လူပျိုကြီးကို အော်‌လိုက်သည်။

လူပျိုကြီးကတော့ စိတ်မဆိုးဘဲ ဆက်ပြောလိုက်သည်။ "မင်းပြောတာလည်း မှန်ပါတယ်။ ဒါဆိုလည်း ကြက်သွားပေါင်းရအောင်။ မဟုတ်ရင် အရုဏ်တက်လို့ တစ်ခြားလူတွေမြင်ရင် ‌မကောင်းဘူး"

ကျီမိသားစုအကြီးဆုံးချွေးမ ဒါက အဓိပ္ပါယ်ရှိသည်ဟုတွေးကာ ခေါင်းညိတ်ပြီး သူ့အိမ်သို့ လိုက်သွားလိုက်သည်။ လူပျိုကြီး၏အိမ်မှာ ဖရိုဖရဲ တဲအိမ်လေးဖြစ်ပြီး အနံ့ပေါင်းစုံကလည်း ထွက်နေ‌သေးသည်။

"ရှင် အခန်းကို နည်းနည်း သန့်ရှင်းရေးလုပ်ပါလား? ညစ်ပတ်နေတာကြည့်ဦး။ ပိုးကောင်တွေလည်း အပြည့်ပဲ" အိမ်က ပစ္စည်းအများစုက မှိုတက်နေ၍ သူမ အော့အန်ချင်သလိုပင် ခံစားရသည်။

လူပျိုကြီး သူမက အပိုလုပ်သည်ဟု ခံစားရသည်။ ဒါက ပိုးကောင်တွေပဲမလား ရွာကလူတွေ မမြင်ဖူးသည်လည်း မဟုတ်။ သူ ထိုသို့ တွေးပေမယ့်လည်း တံမြက်စည်းတစ်ချောင်းယူ၍ ပိုးကောင်များကို အပြင်သို့ ထုတ်လိုက်သည်။ "မြန်မြန် အချိန်ဆွဲမနေနဲ့။ အာရုံတက်တော့မယ်"

ကျီမိသားစုအကြီးဆုံးချွေးမ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ။ ရှင့်အိုးတွေ ပန်းကန်လုံးတွေကို မြန်မြန်ထုတ်" ကြက်ကို သတ်ပြီးသည့်နောက် မြန်မြန်ကိုင်လိုက်ပြီး နှစ်ယောက် ပူးပေါင်းလုပ်သဖြင့် မြန်မြန်ပေါင်းဖြစ်သွားသည်။ မကြာမီ ကြက်သားအနံ့ထွက်လာသည်။

သူမ လူပျိုကြီးကို မြန်မြန် တံခါးပိတ်ခိုင်းလိုက်သည်။ "တံခါးမြန်မြန်ပိတ်။ ပြတင်းပေါက်တွေလည်း ပိတ်ရမယ်။ အနံ့ရရင် တခြားသူတွေ လာလိမ့်မယ်" တခြားလူတွေ လာလျှင် သူတို့နှစ်ယောက်ကို မြင်ကြမည်ကို သူမ ကြောက်သည်။

သို့သော် လူပျိုကြီးက တစ်ခြားသူတွေ သူတို့ကို မြင်သည်ကို လိုချင်သည်။ ကျီမိသားစု အကြီးဆုံးချွေးမ သိသွားမည်ကိုလည်း သူစိုးရိမ်သဖြင့် သူ စကားနားထောင်ပြီး တံခါးသွားပိတ်လိုက်သည်။

ကျီမိသားစု အကြီးဆုံးချွေးမ ကြက်‌ပေါင်းရသည်ကို စောင့်ရင်း လူပျိုကြီးကို ရွံ့စွာကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ ‌ခဏအိပ်လိုက်ဦးမယ်။ ဘာမှခိုးဖို့မစဥ်းစားနဲ့။ ကျွန်မကို ထိဖို့လည်း မကြိုးစားနဲ့"

"ငါ မင်းကို မကြိုက်ပါဘူး"

"ကြက်ပေါင်း ရှိသေးတယ်!" ကျီမိသားစု အကြီးဆုံးချွေးမက စိုးရိမ်စွာ ပြောလိုက်သည်။

လူပျိုကြီး မဲ့ပြောလိုက်သည်။ "ကြက်က ကျက်မှမကျက်သေးတာ။ ငါက ဘာလုပ်လို့ရမလဲ?"

ကျီမိသားစု အကြီးဆုံးချွေးမ ထိုင်စရာနေရာရှာလိုက်ပြီး စိုးရိမ်မှုမရှိဘဲ အိပ်မောကျသွားသည်။ သူမ လူပျိုကြီး အိပ်ရာတွင် မလှဲရဲအေ။ သန့်ရှင်းထားသည်မှာ မကြာသေးသဖြင့် ညစ်ပတ်နေသေးသည်ဟု ခံစားရသေးသည်။

လူပျိုကြီးက အစက သူမနှင့် အဝေးတွင်ထိုင်နေသော်လည်း သူ တဖြည်းဖြည်း သူမကို ချည်းကပ်သွားသည်။ သူမကတော့ ဘာမှမသိဘဲ အိပ်မောကျနေသည်။

ကျီမိသားစု အကြီးဆုံးသား အိပ်ရာမှ ထလာသောအခါ သူ့ဇနီးမရှိတော့သဖြင့် သူအတော်နောက်ကျသွားသည်ဟု ခံစားရသည်။ သူလည်း တစ်နေကုန် အလုပ်များစွာ လုပ်နေရသဖြင့် အိပ်မောကျသွားပြီး ပြန်မနိုးတော့ပေ။

ကျီမိသားစု အကြီးဆုံးသား အလွန်နောင်တရနေသည်။ အခု သူ့ဇနီးပြန်မလာသေးသဖြင့် သူ လိုက်ရှာချင်၍ အဝတ်လဲပြီး အပြင်ထွက်သွားသည်။

သူ ရွာတစ်လျှောက်လိုက်ရှာပြီး မတွေ့သဖြင့် သူပြန်ရန်တွေးစဥ် သူ့ဇနီး လူပျိုကြီးအိမ်မှထွက်လာကာ တံခါးတွင် သန်းဝေရင်း ခိုးကြောင်ခိုးဝှက်ထွက်လာသည်ကိုတွေ့လိုက်သည်။

ကျီမိသားစု အကြီးဆုံးချွေးမကတော့ သူမယောက်ျားကို မတွေ့ပေ။ သူမအိပ်ရာနိုးလာသောအခါ အနည်းငယ်နေကောင်းသွားသည်။ သူမ ကြက်စွပ်ပြုတ်အနံ့ကြောင့် နိုးလာခြင်းဖြစ်ပြီး လူပျိုကြီးက သူမအဝေးတစ်နေရာတွင် ထိုင်နေသည်ကို တွေ့သည်။

သူမ ကြက်စွပ်ပြုတ်ကို ကြည့်လိုက်သည်။ ကြက်စွပ်ပြုတ်က အချိန်အကြာကြီးပေါင်းထားပြီး ဖြစ်၍ သူမ လျှာသပ်ပြီးပြောလိုက်သည်။ "ကျွန်မတို့ စစားကြရင်ရော?"

သူမ မကျိန်ဆဲဘဲ မနေနိုင်ပေ။ "ရှင် မိန်းမ မရတာလည်း မထူးဆန်းတော့ဘူး။ ရှင် နေ့တိုင်း အရမ်းပျင်းရိနေတာ။ ဒီပန်းကန်လုံးမှာလည်း ဆီတွေနဲ့ ညစ်ပတ်နေတာပဲ"

All Chapters