← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ထိုအဒေါ်များက ကျီမိသားစု အကြီးဆုံးချွေးမ သူတို့ဘက် လျှောက်လာသည်ကို ကြည့်လိုက်ကြသည်။ သူမခါးကို လက်များဖြင့်ကိုင်ပြီး သူမဗိုက်ကလည်းအနည်းငယ်ထွက်နေသည်။

အဒေါ်များ သူမကို ကြည့်ရင်း ပြောနေကြသည်။ "သူမက ကိုယ်ဝန်ရှိနေတာများလား?"

"သူမက ကိုယ်ဝန်ရှိနေတဲ့ပုံပဲ။ ပြီးတော့ လမနုလောက်ဘူး" အဒေါ်တစ်ယောက်ကပြုံး၍ ပြောလိုက်သည်။

တစ်ခြားအဒေါ်များကလည်း ပြုံး၍ ‌ပြောကြသည်။ "ဒါဆိုရင်တော့ ငါတို့ နောက် မြောင်ချွေးဟွာကို ဂုဏ်ပြုစကား‌သွားပြောရမှာပဲ။ အထိမ်းအမှတ်အဖြစ်ချိုချဥ်တောင်းရမယ်"

"အမလေးတော်။ သူတို့မိသားစုက အရမ်းကပ်စေးနှဲတာ။ ချိုချဥ်တော့ ကျွေးမှာ မဟုတ်ဘူး။ ပြုံးဘဲ‌ပြမယ်" အဒေါ်တစ်ယောက်က ဝင်ပြောလိုက်၍ တစ်ခြားအဒေါ်များ ရယ်၍ ပြန်‌ပြောရင်း စကားကို အဆုံးသတ်လိုက်သည်။

ထိုစကားများကိုကြား၍ ချူယောင်းနှင့် လီထောင်းဟွာတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နှစ်ယောက်လုံး ဘာမှတော့မပြောပေ။ လီထောင်းဟွာ စပြောလိုက်သည်။ "ယောင်းမ၊ ဒါဆို ညီမ ပြန်နှင့်တော့မယ်"

ချူယောင်း လီထောင်းဟွာ ပြန်မှ သူမဘာသာ အလုပ်ပြန်စလုပ်တော့သည်။ သူမအလုပ်လုပ်ရင်း တစ်ဖန်ကြားပြန်သည်။ ဘေးမှအဒေါ်များက ပြုံး၍ ကျီမိသားစုအကြီးဆုံးသားကို ဂုဏ်ပြုစကားပြောကြသည်။

ကျီမိသားစုအကြီးဆုံးသား အိမ်တွင် အိမ်သာဝင်ပြီးမှ လာ၍ အနည်းငယ် နောက်ကျပြီးမှ ရောက်လာခဲ့သည်။ သူရောက်လာသောအခါ အဒေါ်များက သူ့ကို ဂုဏ်ပြုစကား‌ပြောနေကြသည်ကို မြင်၍ သူ သံသယဖြစ်စွာမေးလိုက်သည်။ "အဒေါ်တို့ ဘာလို့ ကျွန်တော့်ကို ဂုဏ်ပြုနေတာလဲ?"

အဒေါ်တွေက ပြုံးပြီး ပြောလိုက်သည်။ "မင်းက ခုထိ ဟန်ဆောင်နေတာပဲ။ မင်းဇနီးက ခုကိုယ်ဝန်ရှိနေပြီ။ ဒါကြောင့် ဂုဏ်ပြုတာပေါ့?"

ကျီမိသားစု အကြီးဆုံးသားက ဘာမဖြစ်သည့်ပုံပေါ်နေသည်။ သူ သတင်းကို ကြားလိုက်သောအခါ အထိတ်တလန့်ဖြစ်သွားပြီး အလွန်လည်း နာကျည်းသွားသည်။

အဒေါ်တွေက သူဘာမှပြန်မပြောဟု မထင်ထားကြပေ။ လူတိုင်း ‌ပြုံး၍ လျှောက်သွားကြပေမယ့် စိတ်ထဲတွင်တော့ ကျီမိသားစု အကြီးဆုံးသားကို ‌ပြောချင်နေကြသည်။ ဒီလိုမသိတတ်မည့်လူရှိမည်ဟု သူတို့ မထင်ထား။

ကျီမိသားစုအကြီးဆုံးသား သူ့ဇနီးအလုပ်လုပ်နေသောနေရာသွားကြည့်ပြီး သူမ၏အနည်းငယ်ထွက်နေ‌သောဗိုက်ကို ကြည့်လိုက်သည်။ သူ ဘာလို့အရင်က သတိမထားမိတာပါလိမ့်?

သူ သူ့ဇနီးကို ကိုယ်အလေးချိန်တက်လာသည်ဟုသာတွေးမိပြီး ကိုယ်ဝန်ရှိနေမည်ဟု မထင်ထားပေ။ သူမ သူ့ကို အချိန်အကြာကြီး ဖောက်ပြန်မည်ဟု ပို၍ မထင်မှတ်ထားမိချေ။ အစကတော့ သူ သူမကို အခုနေရာတွင်ပဲ ဒေါသထွက်လွန်း၍ ချက်ချင်း မေးခွန်းထုတ်ရန်တွေးလိုက်သည်။

သို့သော် သူစိတ်ထိန်းလိုက်ပြီး ဒီညတော့ သူမနောက်ကလိုက်ကြည့်ရမည်ဟု တွေးလိုက်သည်။ သူတို့ သူ့မျက်‌စိအောက်မှာ ဘယ်လိုဖောက်ပြန်သည်ကို သူမြင်ချင်သည်။

ကျီမိသားစု အကြီးဆုံးသား ညနေထိ စိတ်ရှည်စွာစောင့်သည်။ ကျီအမေ အလုပ်ဆင်းအိမ်ပြန်ရောက်သောအခါ လူအများ သူတို့ကို ဂုဏ်ပြုစကား‌ပြောနေကြ၍ သိသွားကာ ကျီအမေလည်း စိတ်ကောင်းဝင်နေသည်။

သူမချွေးမက ကိုယ်ဝန်ရှိနေမည်ဟု သူမ မထင်ထားပေ။ မြေးအကြီးဆုံးက အသက်ငယ်သေးသော်လည်း သူမ မြေးထပ်ချီရလျှင်လည်း အဆင်ပြေသည်။

မနက်က ဟင်းအနှစ်တစ်ပန်းကန်က အလကားဖြစ်မသွားပေ။ ကျီအမေ အိမ်သို့ ပြုံး၍ ပြန်သွားပြီး သူမသားအကြီးဆုံး မျက်နှာမည်းနေ၍ မနေနိုင်ဘဲ မေးလိုက်သည်။ " သားကြီး။ မင်း ဘာဖြစ်နေတာလဲ? ဘာတွေ မကျေနပ်လို့လဲ? မင်းမိန်းမက ခုကိုယ်ဝန်ရနေပြီမလား မင်းမပျော်ဘူးလား?"

ကျီအမေ သူမ အရူးကို မွေးထားသည်ဖြစ်ရမည်ဟု တွေးလိုက်သည်။ ချွေးမက ကိုယ်ဝန်ရှိနေသည်ကို သူမသားက မျက်နှာမည်းညစ်နေသည်။

"အမေ၊ ကျွန်တော် ဒီအတိုင်း...." ကျီမိသားစုအကြီးဆုံးသား ပြောရင်း စိတ်ညစ်သွားသည်။ အပြင်လူများကသာ သူ့ကိုပြောရုံမက အခု သူအိမ်ပြန်ရောက်သည်တောင် သူ့အမေက သူ့ကိုမာန်မည်ဟု မထင်ထားပေ။

သူ့မျက်လုံးထဲတွင် ထိုစကားများအားလုံးက သူ့ကို သရော်နေ‌ခြင်းဖြစ်သည်။ ဖောက်ပြန်ခံရသည့်သူ့ကို ဂုဏ်ပြုစကားပြောခြင်းက လှောင်ပြောင်နေသလိုပင်ဖြစ်သည်။

တစ်ခြားသူများက သူဖောက်ပြန်ခံရသည််ကို မသိကြပေ။ သူ ဂုဏ်ပြုစကားပြောသည်ကိုလည်း နားထောင်ရသည်။ သူဖောက်ပြန်ခံရပါသည်ဟုလည်း ပြော၍ မရချေ။ထိုသို့‌အနေအထားက သူပေါက်ကွဲထွက်တော့မလိုပင်။

"အမေ၊ အရင်ဟင်းသွားချက်တာပဲ ကောင်းပါတယ်။ တစ်နေကုန်သွားလိမ့်မယ်...." ကျီမိသားစုအကြီးဆုံးသား စကားကို ပြီးအောင်ပင် မပြောလိုက်ရပေ။

ကျီအမေ ခေါင်းညိတ်လိုက်သည်။ "အကြီးဆုံးချွေးမက ‌ကိုယ်ဝန်ရှိနေတာပဲ။ အမေဟင်းချက်ရမှာပေါ့" ကျီအမေ သူဘာလို့ စိတ်ညစ်နေသည်ကို မသိပါ။ သူမအတွက်ကတော့ မြေးရလာသည်က ပျော်ရွှင်စရာဖြစ်သည်။ သူမ ပျော်ရွှင်စွာ ဟင်းသွားချက်လိုက်သည်။

ကျီမိသားစု အကြီးဆုံးချွေးမ အိမ်ပြန်ရောက်သောအခါ သူမခင်ပွန်းကြောင်ရပ်နေသည်ကို တွေ့လိုက်သည်။ သူမ သွား၍ သူ့လက်ကို ဖက်လိုက်‌ပေမယ့် သူ သူမကို ဖယ်ထုတ်လိုက်သည်။

သူမ သူ့ကို နားမလည်နိုင်စွာကြည့်လိုက်သည််။ "ရှင်ဘာဖြစ်နေတာလဲ? ကျွန်မကို နေ့တိုင်း မျက်နှာရှုံ့မဲ့‌ပြနေတာပဲ"

ကျီမိသားစု အကြီးဆုံးသား လှောင်ပြုံးကာ ပြောလိုက်သည်။ "ကိုယ်တစ်နေကုန် ဘာလုပ်လို့လဲ? မင်းသာတစ်နေကုန် ဘာတွေလုပ်နေလဲ? လုပ်‌တာတွေမှအများကြီး"

ကျီမိသားစု အကြီးဆုံးချွေးမ သူမ ချူယောင်းအိမ်သွားပြီး ပိုက်ဆံခိုးသည်ကို သူသိသွားပြီဟုထင်၍ သူမ အလွန်ရှက်ရွံ့ကာ စကားဆက်မပြောရဲတော့ပေ။

ကျီမိသားစု အကြီးဆုံးသား ဘာမှထပ်‌မပြောတော့ဘဲ ထွက်သွားသည်။ ကျီမိသားစု အကြီးဆုံးချွေးမ သူ့နောက်က လိုက်မသွားရဲပေ။ ကျီလင်း သူထွက်သွားသည်ကို မြင်မှ ကျီမိသားစုအကြီးဆုံးချွေးမဆီသွားပြီး ပြောလိုက်သည်။ "ယောင်းမ၊ ညီမ ယောင်းမ ဒုတိယယောင်းမအိမ် သွားပြသာနာရှာတာ ဂရုမစိုက်ဘူး"

ကျီလင်း ထိုညက နေ့ဘက် ရေအများကြီး သောက်မိ၍ ညလယ်ထဖြစ်သည်။ ‌သူမ အခန်းထဲမှ ထွက်လာသောအခါ သူမယောင်းမ ခြံထဲမှ ခိုးကြောင်ခိုးဝှက်ထွက်လာသည်ကို တွေ့လိုက်သည်။

ကျီလင်း ဘာမှ ထပ်မစဥ်းစားဘဲ သူမနောက်မှ လိုက်သွားသည်။ သူမ ချူယောင်းအိမ်ဝင်သွားသည်မြင်မှ သူမ ပိုက်ဆံခိုးဖို့သွားသည်ဟု ကျီလင််းထင်လိုက်သည်။

ထိုအချိန်က သူမ အိမ်သာသွားချင်နေ၍ အိမ်သို့သာပြန်လာလိုက်ရသည်။ နောက်နေ့ ဘာမှမတွေ့သဖြင့် သူမယောင်းမ ခိုးတာအောင်မြင်သည်ဟု ကျီလင်း ခန့်မှန်းလိုက်သည်။

ပြသာနာ ဆိုးရွားလျှင်တောင် သူမ ခိုးတာမအောင်မြင်ဘဲ အဖမ်းခံရမည်ဖြစ်သည်။ ဒီလိုနှင့် ဘာမှမဖြစ်ဘဲ နှစ်ရက်ကုန်သွားသဖြင့် ကျီလင်း ကျီမိသားစုအကြီးဆုံးချွေးမကို လာရှာခြင်းဖြစ်သည်။

ကျီမိသားစုအကြီးဆုံးချွေးမ သူမ နှစ်ကြိမ်ထွက်သည်ကို ကျီလင်း တွေ့မည်ဟု မထင်ထားပေ။ လုံးဝမအိပ်လို့များလား?

"လင်းလင်း၊ အစ်မပြောတာနားထောင်။ အစ်မဒီတိုင်းသွားကြည့်တာလို့ ‌ပြောရင် ညီမ အစ်မကို ယုံမှာလား?" ကျီမိသားစု အကြီးဆုံးချွေးမ သူမ ချူယောင်းအိမ်တွင်အလုပ်လုပ်ရန်သွားသည်ဟု ရှင်းပြချင်သော်လည်း သူမလို အကြီးဆုံးချွေးမက ဒုတိယချွေးမအိမ်တွင် သွား၍ အလုပ်လုပ်သည်ဟု သတင်းပြန့်ရင်လည်း အဆင်မပြေပါ။

"ယောင်းမ ရလာတာ ညီမသိပါတယ်။ ကပ်စေးမနှဲပါနဲ့။ ညီမကို မျှပေးပါ။ ညီမအများကြီိး မလိုချင်ပါဘူး။ ဆယ်ယွမ်ပဲ‌ ပေးရင်ရပြီ" ချူယောင်းမှာ ရှိသည့်‌ငွေနှင့်သာဆိုလျှင် သူမယောင်းမ ယွမ်၁၀၀လောက်ခိုးနိုင်မှာသေချာသည်။ သူမ အများကြီးလည်းမလိုချင်ပါ။ ဆယ်ယွမ်နှင့်သာဆိုလျှင် သူမ စျေးတွင်အများကြီးဝယ်နိုင်သည်။

ဆယ်ယွမ်ဟု ကြားသောအခါ ကျီမိသားစုအကြီးဆုံးချွေးမ မေးပြုတ်ကျမတတ် အလွန်အံ့သြသွားသည်။ "ညီမ ဘာပြောနေတာလဲ? အစ်မက ဘယ်လို ညီမကို ဆယ်ယွမ်ပေးနိုင်မှာလဲ? ပြီးတော့ အစ်မဘာမှ မခိုးခဲ့ဘူး..."

ကျီလင်း ဒါကိုကြား၍ ဒေါသထွက်သွားသည်။ သူမယောင်းမက ဘာဆိုလိုချင်သည်နည်း? သူမယောင်းမ ငွေအများကြီး ခိုးခဲ့ပေမယ့် သူမကို ဆယ်ယွမ်ပင် ‌မပေးချင်ပေ။ "ယောင်းမ တကယ် ဒီလိုလုပ်မယ်ဆိုရင် ညီမ ညီမ မိဘတွေကို ပြောရလိမ့်မယ်"

ကျီလင်း သူမမိဘတွေကို ပြောရဲသည်မှာ သူတို့သာသိလျှင် သူမဘက်ကပါမှာ သေချာ၍ ဖြစ်သည်။ ကျီအဖေက အလွန်စည်းကမ်းကြီးသည့်သူဖြစ်သည်။ သူ့စိတ်ထဲ အမြဲ သူ့‌ကလေးများက လူတိုင်းထက် ပိုအရေးကြးသည်။ သူ့ကလေးတွေသာ မပါသေးသရွေ့ တစ်ခြားသူများကို မျက်နှာပေးနိုင်သည်။

ကျီမိသားစု အကြီးဆုံးချွေးမလည်း ဒါကို တွေးမိ၍ ထိုအချိန်ရောက်လျှင် သူမ တရားမျှတမှုရဖို့က အလွန်ခက်ခဲသွားမည်ဖြစ်၍ သူမ အခု ကျီလင်းကို ဖြောင့်ဖြရန်တွေးပြီး ပြောလိုက်သည်။ "လင်းလင်း၊ အစ်မ တကယ် ပိုက်ဆံမခိုးပါဘူး"

"ယောင်းမ ဒါဆိုလည်း ညီမ ‌အဖေနဲ့အမေကို သွား‌ပြောမယ်" ကျီလင်း ထွက်သွားတော့မည့်ဟန်‌ဆောင်လိုက်ပေမယ့် တကယ်က သူမ သူမယောင်းမ စကားများကို အနည်းငယ်ယုံသည်။ သို့‌သော် သူမ ပိုက်ဆံလည််းလိုချင်သည်။

ကျီမိသားစု အကြီးဆုံးချွေးမ ရှုံ့မဲ့၍ ပြောလိုက်သည်။ "အစ်မတကယ် ပိုက်ဆံမခိုးပါဘူး။ အစ်မ ညီမကို တစ်ယွမ်ပေးမယ်ဆိုရင်ရော?" သူမ တစ်‌ယွမ်ပေးမည်ဟု ပြောသည်က သူမအတွက် တော်တော်ခက်ခဲနေပြီဖြစ်သည်။

"ယောင်းမ ဒါက ဘာဆိုလိုချင်တာလဲ? တစ်‌ယွမ်ပေးပြီး သူတောင်းစားတွေကို နှင်ထုတ်သလိုမျိုး နှင်ထုတ်နေတာလား?" ကျီလင်း တစ်ယွမ်က နည်းသည်ဟု ခံစားရ၍ သူမ ထွက်သွားတော့မည်ဟန် ဟန်ဆောင်လိုက်သည်။

ကျီမိသားစုအကြီးဆုံးချွေးမ ရွေးချယ်စရာမရှိဘဲ ကျီလင်းကို ဖမ်းဆွဲထားလိုက်ရသည်။ "လင်းလင်း၊ အစ်မလက်ထဲ ဘယ်ပိုက်ဆံရှိမှာလဲ? အစ်မ ပိုက်ဆံတွေကို ညီမ တူအကြီးဆုံးအတွက် မုန့်ဝယ်ပေးဖို့ သိမ်းထားတာ"

"ယောင်းမ၊ ညီမ အများကြီး ဂရုမစိုက်ဘူး။ ညီမကို လှည့်စားရလွယ်တယ်လို့ အစ်မထင်ရင် ညီမ ညီမမိဘတွေကို သွားပြောမယ်" ကျီလင်း လျှော့မပေးရန် ဆုံးဖြတ်ထားသည်။

ကျီမိသားစု အကြီးဆုံးချွေးမ အံ့ကြိတ်တော့မတတ် ပြောလိုက်သည်။ "အစ်မ ညီမကို ၅ယွမ်ပေးမယ်။ အစ်မမှာ ၅ယွမ်ပဲရှိတယ်။ ညီမ မလိုချင်ရင်လည်း ညီမမိဘတွေကို သွားသာပြောတော့"

ကျီလင်း သူမ ၅ယွမ် ရတော့မည်ကြား၍ ချက်ချင်းပျော်သွားသည်။ သို့‌သော် ရုပ်တည်နှင့်သာပြောလိုက်သည်။ "ကောင်းပြီ။ နောက် ‌ကောင်းတာရှိရင်လည်း ညီမကို သတိရရမယ်နော်"

ကျီမိသားစု အကြီးဆုံးချွေးမ သူမအိတ်ကပ်ထဲ ပိုက်ဆံကို အချိန်အကြာကြီး ရှာလိုက်ပြီး စုကာ ကျီလင်းကို ပေးလိုက်သည်။ ကျီလင်း၏ ပျော်နေ‌သောမျက်နှာကို ကြည့်ပြီး သူမ အစိမ်းလိုက်ဝါးစားကာ မျိုချ‌ချင်နေသည်။

ကျီမိသားစု အကြီးဆုံးချွေးမနှင့် ကျီမိသားစုအကြီးဆုံးသား စိတ်မပါ၍ အခန်းသာ မြန်မြန်ပြန်လိုက်ကြသည်။ ကျီမိသားစု အကြီးဆုံးချွေးမ အခန်းထဲရောက်ရောက်ချင်း အိပ်ရာ‌ပေါ်လှဲလိုက်သည်။

သူမ နှလုံးသွေးထွက်နေသည်ဟု သူမခံစားရသည်။ ဒီ၅ယွမ်က သူမ အချိန်အကြာကြီး စုဆောင်းထားရခြင်းဖြစ်သည်။ သူမ အစက တစ်ယွမ်ကို သာ့‌ပေါင်အတွက်မုန့်ဝယ်ပေးပြီး ကျန်သည်ကို သူမမောင်ကို ပေးရန်တွေးထားသည်။ နည်းသော်လည်း သူမ မောင်အတွက််် အုတ်အချို့ဝယ်၍ရသည်။

ဘေးက ကျီမိသားစု အကြီးဆုံးသားကတော့ သူမ မစားနိုင်ဘဲ အခန်းပြန်ရောက်ရောက်ချင်း လှဲနေသည်ကို မြင်၍ မဲ့လိုက်သည်။ သူ ဒီညတော့ သေချာပေါက်သူတို့ကို ဖမ်းပြမည်။

ကျန်လူများ‌ကတော့ စားကောင်းနေတုန်းဖြစ်သည်။ အထူးသဖြင့် ကျီလင်း ဒီနေ့ ပိုစားနိုင်နေသည်။ သူမအိတ်ထဲ ၅ယွမ်ရှိနေပြီး မနက်ဖြန်ကျလျှင်လည်း ချူယောင်းကို တောင်းရမည်ဟု တွေးနေသည်။

သူမ ဒုတိယအစ်ကိုက သူမကို ကောင်းကောင်းဆက်ဆံပါသည်။ သူမဒုတိယအစ်ကိုကို ဆင်ခြေပေးလျှင် ချူယောင်း သူမကို ၁ဆင့် မှမပေးမည်ဟု လုံးဝမထင်ပါ။ ချူယောင်း သူမကို မပေးလျှင် သူမ ခြိမ််းခြောက်မည်။ ဝပြီး ရုပ်ဆိုးသော သူဖြစ်၍ သူမဒုတိယအစ်ကို အပြင်တွင် နောက်မိန်းမထားမည်ကို သေချာပေါက်စိုးရိမ်လောက်မည်။

ကျီလင်း လျှောက်တွေးမိရင်း သူမ စားရင်း အပြင်တွင်ပါ အော်ရယ်မိသွားသည်။ ကျီအဖေ သူမကို ကြည့်ပြီး ပြုံးကာမေးလိုက်သည်။ "စားစရာက အရသာရှိလို့လား? သမီးဘာလို့ ဒီလိုရယ်တာလဲ?!"

ကျီလင်း ခေါင်းခါလိုက်သည်။ "အဖေ့ကို မ‌ပြောပြဘူး"

ကျီအမေလည်း အလွန်ပျော်သွား၍ ပြောလိုက်သည်။ "သမီး အမေချက်တာကြိုက်ရင် နောက် အမေ သမီးတို့ဖို့ များများချက်ပေးမယ်..."

ကျီလင်း အကြောင်းပြချက်ကို ရှင်းမပြနေတော့ဘဲ ပန်းကန်ထဲက ထမင်းကိုသာစားပြီး ကုန်သောအခါ အခန်းထဲ ပြန်လိုက်သည်။ ကျီသာ့ပေါင်လည်း စားပြီး အပြင်ထွက်ဆော့သည်။

ကျီအဖေနှင့် ကျီအမေသာ ကျန်ခဲ့ပြီး သူတို့ဖြည်းဖြည်းစားနေကြသည်။ ကျီအမေ ပြုံး၍ ပြောလိုက်သည်။ "ချွေးမ ကိုယ်ဝန်ရှိနေပြီလို့ ကျွန်မ ကြားတယ်"

ကျီအဖေ ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ဒါဆို မင်း ပိုကူပေးလိုက်ပါဦး" သူ့မြေးအရင်းမဟုတ်၍ ကျီအဖေ သိပ်မတွေးပါ။

ကျီအ‌မေ နောက် ထပ်‌ပြောလိုက်သည်။ " အကြီးဆုံးသား တစ်ခုခုဖြစ်နေတယ်လို့ ကျွန်မထင်တယ်"

ကျီအဖေလည်း ဒါကို သတိထားမိ၍ ပြောလိုက်သည်။ "လူတိုင်း စိတ်အတက်အကျရှိတယ်မလား။ သူအလုပ်လုပ်တာအဆင်ပြေရင် ရပါပြီ" ကျီ‌အဖေအတွက်‌ကတော့ သူ့သားအရင်း မဟုတ်၍ သူ အခု ကျီမိသားစု အကြီးဆုံးသားကို အနည်းငယ်မှီခိုနေရသော်လည်း နောက် သူ့သားအငယ်ကိုပင်် မှီခိုရမည်။

"ကျွန်မ ရှင့်ကို သူနဲ့စကားပြောပြီး ဘာဖြစ်လဲ မေးကြည့်စေချင်တယ် " ကျီအမေ အတွက်‌ကတော့ သူမမွေးထား‌သော ပထမဆုံးကလေးဖြစ်၍ အလွန်စိတ်ပူသည်။

ကျီအဖေ သဘောတူလိုက်ပြီး စားပြီးနောက် ကျီမိသားစုအကြီးဆုံး သားအခန်းသွား၍ သူ့ကို ခေါ်လိုက်ကာ နှစ်ယောက်သား ခြံထဲ စကားပြောကြသည်။

All Chapters