အခန်း (၅၂)
Vol. 4 Ch. 52
ကျီအဖေ ကျီမိသားစု အကြီးဆုံးသားကို ခေါ်လိုက်သည်။ ကျီမိသားစုအကြီးဆုံးသား သူ့အခန်းမှထွက်ကာ ကျီအဖေနှင့် စကားပြောရန် ခြံထဲသွားလိုက်သည်။
ကျီအဖေ ဆေးလိပ်သာသောက်နေပြီး အတော်ကြာမှ ပြောသည်။ "မင်းအမေက ခုတလော မင်းမူမမှန်ဘူးလို့ပြောတယ်။ ယောကျ်ားတစ်ယောက်က အမြဲသူ့ကိုယ်ပိုင်လုပ်စရာရှိတယ်လို့ အဖေတွေးလို့ သားကိုတော့ အပြစ်မတင်ပါဘူး"
ကျီအဖေ၏ စကားများက ကျီမိသားစု အကြီးဆုံးသား နောက်ဆုံးတော့ သူ့ကို နားလည်သည့်သူရှိသည်ဟု ခံစားရစေသည်။ သူခေါင်းညိတ်လိုက်သည်။ "အဖေ စိတ်မပူပါနဲ့။ အဆင်ပြေပါတယ်"
"ဒုတိယကလေးကိုတောင် သားလောက် မချစ်တာ သားလည်း သိတာပဲ" ကျီအဖေ သူ့သဘောကောင်းများကို ကျီမိသားစု အကြီးဆုံးသားနားလည်ရန် မျှော်လင့်သည်။
ကျီမိသားစုအကြီးဆုံးသား ခေါင်းညိတ်လိုက်သည်။ ထိုအကြောင်းကြောင့်သာ သူ ဤမိသားစုအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်ပေးနေခြင်းဖြစ်သည်။
သူ ကျီအိမ်ကို သူ့အမေနှင့် လာသည့်အချိန်ကို သူမှတ်မိနေသေးသည်။ သူ သူ့မျိုးရိုးနာမည်ကို မပြောင်းချင်ခဲ့ပေ။ ကျီအမေက သူ့မျိုးရိုးနာမည်ပြောင်းရန် မျှော်လင့်ပြီး သူကတော့ ကျီအဖေ သူ့ကို ဖိအားပေးရန် မလိုလား။
သူ ဒီအိမ်ရောက်လာပြီးတည်းက ကျီအဖေက သူ့အပေါ် တကယ်ကောင်းသည်။ သူ့၌ ကျီနန်ဖုန်း မရှိသောအရာများပင်ရှိသည်။ ကျီနန်ဖုန်းက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကျီရိုနောက်လိုက်ကာ အလုပ်ကူညီရပေမယ့် ကျီအဖေက သူ့ကို အဲ့အချိန်တုန်းက အမြဲဖက်ထား၍ ကျီနန်ဖုန်း သူ့ကို အားသာကျနိုင်သည်။
သူ ဤအရာများကို သူ့မျက်လုံးနှင့် မြင်ခဲ့သည်။ ကျီအဖေက သူ့ကို ကျီနန်ဖုန်းထက် ပိုကောင်းစွာ ဆက်ဆံခဲ့သည်။
"အဖေ ကျွန်တော် ဒါကို နှစ်ပေါင်းများစွာ သတိထားမိပြီးပြီ။ ကျွန်တော် အဖေ့ကို အဖေခေါ်တာမလို့ ကျွန်တော့်အဖေ အမြဲဖြစ်နေမှာပါ။ ဒုတိယညီနဲ့ တတိယညီက အဖေ့ကို မကြည့်ရင်တောင် ကျွန်တော် အဖေ့ကို ကျွန်တော့်တစ်ဘဝလုံး စောင့်ရှောက်ပေးမယ်" ကျီမိသားစုအကြီးဆုံးသား ကတိပေးလိုက်သည်။
ကျီအဖေ ခေါင်းညိတ်လိုက်သည်။ "သားက လူကောင်းလေးဆိုတာ အဖေသိပါတယ်။ မင်းဒုတိယညီက တစ်နှစ်ပတ်လုံးစစ်တပ်ထဲမှာ။ ပြီးတော့ အဲ့လိုမိန်းမ ယူထားတော့ သူ့ကို မှီခိုလို့မရဘူးဆိုတာ အဖေသိတယ်။ မင်းတတိယညီကလည်း အရမ်းငယ်သေးတယ်။ သူအိမ်ထောင်ရတာလည်း ကြည့်ကြည့်ရမယ်"
ကျီအဖေပြောပြီး ကျီမိသားစု အကြီးဆုံးသားကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ ကျီမိသားစုအကြီးဆုံးသားလည်း ယုံကြည်မှုရှိစွာ ပြန်ကြည့်လိုက်သည်။ "အဖေ စိတ်မပူပါနဲ့။ အဖေနဲ့ အမေက ဒီဘဝမှာ ကျွန်တော့်တာဝန်ပါ"
"ဟုတ်ပြီ။ အဖေ စိတ်မပူတော့ဘူး။ သားရောအဆင်ပြေလား?" ကျီအဖေ သနားချင်ယောင်ဆောင်ပြီး ကျီမိသားစုအကြီးဆုံးသား၏ ကတိကို ရလိုက်သည်။
ကျီမိသားစုအကြီးဆုံးသား ခေါင်းခါလိုက်သည်။ "ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်နောက်ကျ အဖေတို့ကို ပြောပြပါ့မယ်"
"ကောင်းပြီ။ ဒါဆိုလည်း အဖေစိတ်မပူတော့ဘူး" ကျီအဖေ ကျီမိသားစု အကြီးဆုံးသားပုခုံးကို ပုတ်လိုက်ပြီး ခဏထိုင်ကာ ဆေးလိပ်သောက်နေလိုက်သည်။ သောက်ပြီးမှ သူ့ဆေးတံပိုက်ကို ကိုက်ရင်း ထွက်သွားသည်။
ကျီမိသားစုအကြီးဆုံးသားလည်း ခဏထိုင်ပြီးနောက် အခန်းထဲ ပြန်လိုက်ရာ သူ့ဇနီးအိပ်မောကျနေသည်ကို တွေ့လိုက်သည်။ သူလည်း ဘေးတွင်လှဲလိုက်ပြီး အိပ်မပျော်မိစေရန် သတိထားလိုက်သည်။ မကြာမီ သူ့ဇနီး ထသည့်အသံကို ကြားရသည်။
အစက ကျီမိသားစုအကြီးဆုံးချွေးမ အိပ်ပျော်နေပေမယ့် သူ့ခင်ပွန်း အခန်းထဲပြန်လာမှ နိုးသွားခြင်းဖြစ်သည်။ သူမဗိုက်ဆာလောင်၍ အသံထွက်နေသည်။ သူမ ညကမစားခဲ့သည်ကို အခု နောင်တရနေသည်။
သူမ ဆာ၍ လှိမ့်လိုက် မှောက်လိုက်လုပ်နေကာ သူမဘေးက သူမခင်ပွန်း နိုးသွားမည်စိုး၍ သူမထလိုက်ပြီး မီးဖိုချောင်တွင် စားစရာတစ်ခုခုရှာလိုက်သည်။
ဘေးက ကျီမိသားစုအကြီးဆုံးသား အသံကို ကြားပေမယ့် အလျင်တလို မလှုပ်ရှားဘဲ အိပ်မောကျချင်ယောင်ဆောင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ သူ့ဇနီး တံခါးပိတ်သံကြားမှ မျက်လုံးဖွင့်လိုက်သည်။
နောက် သူအိပ်ရာက ထလိုက်ပြီး တံခါးနောက်တွင် ပုန်းလိုက်သည်။ သူတို့အခန်းနှင့် မဝေးသော မီးဖိုချောင်မှ အသံကြားရသည်။ သူ ထွက်မကြည့်ဘဲ တွေးလိုက်သည်။ သူမက လူပျိုကြီးအတွက် စားစရာပါ ယူသွားသည်လား? သူ သူ့ခေါင်းစိမ်း(ဖောက်ပြန်ခံရသည်)ရုံသာမက အခု စားစရာပါအခိုးခံရသည်ထင်၍ သူ အလွန်ဒေါသထွက်ကာ မီးဖိုချောင်သွားပြီး ဓါးနှင့် ထိုးပစ်လိုက်ချင်သည်။
ကျီမိသားစုအကြီးဆုံးချွေးမ မီးဖိုချောင်တွင် သူမဖို့စားစရာရှာမရသဖြင့် အလွန်ဒေါသထွက်ကာ မီးဖိုချောင်ကို ဖျက်ဆီးပစ်ချင်သည်။ သို့သော် လူတွေကို နှိုးမိမည်ကိုလည်း စိုးရိမ်သည်။
နောက်ဆုံး သူမ ထိုင်ခုံတွင်သာ စိတ်တိုစွာ ထိုင်ရင်း အံကြိတ်နေသည်။ ခဏကြာပြီး သူမ အိပ်ရန်ကြံလိုက်သည်။ သူမ အိပ်ပျော်သွားလျှင် ဗိုက်ဆာမည်ကို စိုးရိမ်စရာမလိုတော့။ သူမ ထလိုက်သောအခါ တစ်ခုကို သတိရသွားသည်။
လူပျိုကြီးက ဒီနေ့ ကြက်ကင်စားဖို့ သူမကို ဖိတ်ထားသည်။ ကျီမိသားစု အကြီးဆုံးချွေးမ နှုတ်ခမ်းသပ်လိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ သွားရန်ပြင်လိုက်သည်။ သူမ တံခါးကို ပိတ်ကာ ခြံထဲမှ လမ်းလျှောက်ထွက်သွားလိုက်သည်။
ကျီမိသားစု အကြီးဆုံးသား ချက်ချင်းလိုက်မသွားသေးဘဲ မီးဖိုချောင် အရင်သွားကြည့်လိုက်သည်။ မီးဖိုချောင်ကို လှန်လှောရှာထားသည်ကို မြင်မှ သူမ စားဖို့တစ်ခု ရှာပေမယ့် ရှာမတွေ့သည်ဖြစ်ရမည်ဟု စဥ်းစားလိုက်သည်။
ကျီအမေ ကျီမိသားစု အကြီးဆုံးချွေးမ ကိုယ်ဝန်ရသည်ကို ပျော်သော်လည်း သူမချွေးမဖို့ စားစရာချန်ထားမည်တော့မဟုတ်ပေ။
ကျီမိသားစုအကြီးဆုံးသား သူ့ဇနီးနောက်ကနေ ခွာလိုက်သွားရာ သူမနှင့် လူပျိုကြီး လယ်ကွင်းထဲ တူတူလျှောက်သွားသည်ကို တွေ့လိုက်သည်။ သူ လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး တွေ့ရာအုတ်ခဲတစ်ခဲကောက်ကာ နောက်ကလိုက်သွားလိုက်သည်။
ကျီမိသားစု အကြီးဆုံးချွေးမ အိမ်မှထွက်လာပြီး ရွာအဝင်သို့သွားလိုက်ရာ လူပျိုကြီးနှင့်ဆုံသည်။ လူပျိုကြီး သူမကို တွေ့လိုက်ရာ မျက်လုံးအရောင်လက်သွားသည်။ သူ သူမ လာမလာ အနည်းငယ် မသေချာခဲ့ပေ။
"မင်းရောက်လာပြီပဲ!" လူပျိုကြီး လက်များပွတ်သပ်ရင်း သူမဆီ သွားလိုက်သည်။
ကျီမိသားစုအကြီးဆုံးချွေးမ ကြက်အကြောင်းတွေးမိ၍ သူ့ကို ဖော်ရွေစွာပြောလိုက်သည်။ "ကြက်က ဘယ်မှာလဲ?"
"ကိုယ် လယ်ကွင်းထဲမှာ ထားထားတယ်" လူပျိုကြီး ညွှန်ပြရင်း ပြောလိုက်သည်။
ဆောင်းဦးလယ်ရိတ်သိမ်းချိန်ပြီး လယ်လှေ့ရာမှ လယ်ကွင်းတွေထဲ ကောက်ရိုးများအပြည့် ဖြစ်နေသည်။ ကောက်ရိုးများကို စုပုံထားရာ ရွာကကလေးများ ထိုကောက်ရိုးပုံများတွင် လှဲရသည်ကို သဘောကျသည်။ သူတို့အိမ်ပြန်လျှင်တော့ တစ်ကိုယ်လုံး ယားယံကြသည်။
ကျီမိသားစု အကြီးဆုံးချွေးမ ကြက်ဖွက်ထားရာသို့ လူပျိုကြီးနှင့် သွားလိုက်သည်။ ကောက်ရိုးထဲတွင် ကြက်တစ်ကောင်ရှိသည်။
ကျီမိသားစု အကြီးဆုံးချွေးမ ကြက်ကို ကောက်ကိုင်ရန်ပြင်လိုက်ပေမယ့် လူပျိုကြီး တားလိုက်သည်။ "မင်းအရင်က ကိုယ့်ကြက်ကို စားပြီးပြီ။ အခုနောက်တစ်ကောင်ထပ်စားချင်ရင်တော့ ဘယ်လွယ်မလဲ"
ကျီမိသားစု အကြီးဆုံးချွေးမ သူဆိုလိုချင်သည်ကို နားလည်သည်။ "ကျွန်မ ရှင်ကြက်ခိုးတာကို တိုင်ပြောမှာ မကြောက်ဘူးလား?" လူပျိုကြီး အော်ရယ်ပြီး သူမကို ဖမ်းကိုင်လိုက်သည်။
ကျီမိသားစုဘအကြီးဆုံးချွေးမ ခဏမျှ ရုန်းလိုက်ပြီးနောက် ထပ်မရုန်းတော့ပေ။ သူမ လာရန်တွေးလိုက်ကတည်းက တစ်ခုခုဖြစ်တော့မည်ကို သိသည်။ ခုရက်ပိုင်း အိမ်၌ နေ့တိုင်း သူမ စိတ်တိုနေရသည်။ အိမ်ကလူများကလည်း တစ်ယောက်မှ မကောင်းပေ။ သူမခင််ပွန်းကလည်း သူမကို အမြဲအမြင်မကြည်နေ။ သူမ လူပျိုကြီးနှင့်မှ ကြက်သားစားရသေးသည်။
ကျီမိသားစုအကြီးဆုံးချွေးမ ထိုင်လိုက်ကာ ပြောသည်။ "ရှင်က ငန်းသားစားချင်တဲ့ ဖားပဲ။ ရှင်က ဘာတွေ တော်နေလို့လဲ?"
"ငါက မင်းကို အတင်းဖိအားပေးတာမှ မဟုတ်တာ။ ငါစောင့်နေမယ်ပဲပြောတာ။ မင်းဘာသာမင်း လာတာလေ!" လူပျိုကြီးအနေနဲ့ မိန်းမများက တကယ်နားလည်ရခက်သည်ဟု ခံစားရသည်။ ဒီမိန်းမက အမျိုးမျိုးလှည့်စားနေသည်။
"ရှင် ချူယောင်းဆီကို သွားသင့်တယ်လို့ကျွန်မထင်တယ် "ကျီမိသားစု အကြီးဆုံးချွေးမက အရင်ရက်များက ချူယောင်း နှိပ်စက်သည်ကို မမေ့သေးပါ။
ဒါကို ကြား၍ ချူယောင်းကိုယ်ကို လူပျိုကြီးမျက်လုံးထဲပေါ်လာသည်။ သူမက အသားပိုဖြူပြီး ပိန်လာသော်လည်း ဒီလိုဝသောကိုယ်ကိုတော့ သူစဥ်းစား၍မရပေ။
"ရှင် သူမ ဝပြီး မလှတာကို ကြည့်မရတာ ကျွန်မသိတယ်။ ဒါပေမယ့် ရှင်သာ သူမကိုရရင် သူမလက်ထဲကပိုက်ဆံကို ရှင်ကြိုက်သလောက် သုံးလို့ရတယ်" ကျီမိသားစု အကြီးဆုံးချွေးမ ထိုငွေအကြောင်း တွေးမိနေတုန်းဖြစ်သည်။
လူပျိုကြီး သူမစိတ်ထဲဘာဖြစ်နေသည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် မြင်နိုင်သည်။ သူ့သွားဝါဝါများပေါ်အောင်ရယ်ပြီး သူမကို ကြည့်ကာ ပြောလိုက်သည်။ " ငါ ငွေအကြောင်း စဥ်းစားနေတယ်လို့မပြောနဲ့။ မင်းက အဲ့အကြောင်း စဥ်းစားနေတာမလား? မင်း ငါ့ကို ကူညီစေချင်တာလား? ဒါဆို ငါ့အတွက် ဘာအကျိုးအမြတ်ရမလဲ?"
"ရှင်က ဘာဖြစ်တာလဲ? ကျွန်မက ရှင့်အတွက် တွေးပေးတာပါ" ကျီမိသားစုအကြီးဆုံးချွေးမ မဝန်ခံချင်ပါ။ သူမ ငွေကိုသာ ဂရုစိုက်သော်လည်း ပေါ်တင်ပြော၍တော့ မကောင်းပေ။
"ဒီလိုဆိုရင် ငါမကူညီဘူး။ ငါ ဒီကြက်ကိုလည်းပြန်ယူမယ်" လူပျိုကြီး ဒီမိန်းမက စိတ်ကောင်းမရှိသည်ကို သိသည်။ သူမကို မကူညီရန် မတွေးထားသော်လည်း လွယ်လွယ်တော့ မဆုံးဖြတ်နိုင်။
"ဟုတ်ပြီ။ ဟုတ်ပြီ။ ကျွန်မ နားလည်တယ်။ ကြက်ကိုတော့ ပြန်ယူမသွားပါနဲ့" ကျီမိသားစုဘအကြီးဆုံးချွေးမစကားက အပြုသဘောဖြစ်သည်။ မနုံသည့်သူတိုင်းနားလည်နိုင်သည်။ လူပျိုကြီး ဒါကို ကြား၍ ပျော်သွားသည်။
ကျီမိသားစု အကြီးဆုံးသား လာစဥ် နောက်ဆုံးစကားကို ကြားလိုက်သည်။ ထိုနှစ်ယောက် နီးကပ်လာသည်ကို ကြည့်ရင်း သူ နှစ်ယောက်လုံးကို အုတ်ခဲနှင့် ထုရန် ရွယ်လိုက်သည်။
ရုတ်တရက် လက်တစ်ခုက ကျီမိသားစုအကြီးဆုံးသားပါးစပ်ကို အုပ်လိုက်ပြီး သူပုခုံးကို ရိုက်သဖြင့် သူမေ့လဲသွားသည်။ သူ့ကို သတိမေ့အောင်ရိုက်လိုက်သောသူက သူ့ကို ရှုံ့ချစွာကြည့်လိုက်ပြီးနောက် ထိုသူ ဖောက်ပြန်သောနှစ်ယောက် အသံကိုကြား၍ ရွံ့ရှာစွာပြုံးလိုက်သည်။
နောက် သူ ကျီမိသားစုအကြီးဆုံးသားကို ဆွဲခေါ်သွားပြီး ကောက်ရိုးပုံထဲ ပစ်လိုက်သည်။ ထိုအတွဲလည်း အသံကို ကြား၍ ကျီမိသားစု အကြီးဆုံးချွေးမ ထိတ်လန့်စွာမေးလိုက်သည်။ "ဘယ်သူလဲ?"
လူပျိုကြီးက ပြောလိုက်သည်။ "မင်းကလည်း အတွေးများနေတာပဲ။ ခုချိန်ညဘက် ဘယ်သူက လာနိုင်မှာလဲ?"
ကျီမိသားစုအကြီးဆုံးချွေးမလည်း သူမအတွေးများနေသည်ဟု စဥ်းစားလိုက်ပြီး ဆက်တွေးခြင်းကို ရပ်လိုက်သည်။
ထိုသူ ကျီမိသားစုအကြီးဆုံးသားကို ထားခဲ့ပြီးနောက် အမှောင်ထဲ ရွာသို့ဝင်ကာ အဖွဲ့ခေါင်းဆောင်ကို ရှာလိုက်သည်။
အဖွဲ့ခေါင်းဆောင် တစ်မိသားစုလုံးအိပ်မောကျနေပြီးဖြစ်သည်။ တစ်ယောက်ယောက် တံခါးခေါက်သံကိုကြား၍ အဖွဲ့ခေါင်းဆောင်သားထလိုက်ကာ တံခါးကို ဖွင့်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ ညဘက်ကြီး ပြသာနာရှာကြသည်ဟု တွေးနေပြီး မျက်လုံးများပွတ်သပ်ကာ တံခါးသွားဖွင့်လိုက်သည်။
တံခါးအပြင်က သူစိမ်းပုံစံကို မြင်ပြီး အဖွဲ့ခေါင်းဆောင်သားဘသေချာပြူးကြည့်ရာ အပြင်ကလူကို သေချာမြင်သွား၍ ပျော်ရွှင်စွာအော်လိုက်သည်။ "အစ်ကို ဘာလို့ ပြန်လာတာလဲ?"
"ဟုတ်တယ် အစ်ကိုပြန်လာတာ။ မြန်မြန်အဖွဲ့ခေါင်းဆောင်ကို ခေါ်လိုက်။ လယ်ထဲမှာ အစ်ကို တစ်ခုတွေ့လို့"
ထိုသူပြောလိုက်သည်က အဖွဲ့ခေါင်းဆောင်သားကို ချက်ချင်း မျက်လုံးကျယ်သွားစေသည်။ အဖွဲ့ခေါင်းဆောင်သား သူ့အဖေကို အမြန်ခေါ်လိုက်သည်။
အဖွဲ့ခေါင်းဆောင် ထလာသောအခါ ထိုသူကို မြင်၍ သူကြောင်သွားသည်။ သတင်းကိုကြား၍ သူ သူ့သားကို ရွာထဲက လူတွေခေါ်ရန်ပြောလိုက်သည်။
ချူယောင်းက ရွာ၌ချောင်ကျကျတွင်နေပေမယ့် သူမဘေးအိမ်တွင် ဝမ်အဒေါ်၏ ခင်ပွန်းရှိပြီး ဝမ်အဒေါ်၏ သားလည်း အိမ်တွင်ရှိသည်။ သူတို့ကို တစ်ယောက်ကလာခေါ်ကြသည်။
ချူယောင်းလည်း အသံကိုကြား၍ ရွာတွင် ဘာဖြစ်လို့လဲဟု စဥ်းစားနေမိသည်။ သို့သော် သူမကို လာမခေါ်သဖြင့် သူမနှင့်မဆိုင်လောက်ပေ။ သူမ နေရာလွတ်က အသီးအရွက်များကိုသာ မနက်ဖြန်် အချဥ်စိမ်ရန်အတွက် ခူးလိုက်သည်။
ဂေါ်ဖီထုပ်ကိုတော့ အချဥ်စိမ်ရမည်။ ဖရုံသီး သခွားသီးများကိုတော့ အခြောက်လုပ်ရမည်။ အသီးအရွက်များကို ဖယ်ထားပြီးနောက် သူမ အစေ့များကို ပျိုးကြဲရမည်။ သူမ မြေကြီးပေါ်လမ်းလျှောက်ရာ အလွန်ပင်ပန်း၍ တုန်ယင်နေသည်။ သို့သော် သူမ အသီးအရွက်များကို မီးဖိုချောင်တွင် သေချာခွဲထားရဦးမည်။ မဟုတ်လျှင် ကလေးနှစ်ယောက်ကို မနက်ဖြန် ရှင််းပြရန်ခက်သည်။
ဖြည််းဖြည်းစားလို့ရသည်များမှလွဲ၍ သူမ တစ်ခြားအရာများကို နေရာလွတ်ထဲ ပုံထားလိုက်သည်။ အချဥ်စိမ် အခြောက်ထားမည်များကို မီးဖိုချောင်ထဲ ထားလိုက်သည်။
တစ်ညလုံးပင်ပန်းနေသော ချူယောင်း အခန်းထဲရေချိုးပြီး ပြန်အိပ်ရန် တွေးလိုက်သည်။ နေရာလွတ်ကရေက သုံး၍ အဆင်ပြေသေးသည်။ ရာသီဥတုအေးလာလျှင်တော့ သူမ ရေချိုးရန် ရေပူတည်ရမည်။
ချူယောင်း မီးဖိုချောင်ထဲမှ ထွက်လာပြီး ခြံထဲသွားလိုက်သည်။ အရုဏ်တက်တော့မည်ဖြစ်၍ သူမ အခန်းပြန်ပြီး အိပ်ရန်ကြံလိုက်သည်။
သို့သော် ထိုအချိန်တွင် သူမ တံခါးခေါက်သံကြားလိုက်ရ၍ မျက်မှောင်ကြုတ်လိုက်သည်။ ရွာထဲ ဘာဖြစ်၍များလဲ? ကြီးကြီးမားမား ဖြစ်လို့များလား?
သူမ တံခါးသွားဖွင့်လိုက်ရာ သူစိမ်းအမျိုးသားတစ်ယောက် ခြံအပြင်တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်သည်။ ထိုအမျိုးသားက သူမကို ငေးကြည့်နေ၍ ချူယောင်း ထူးဆန်းသည်ဟု ခံစားရသည်။
ရုတ်တရက် ထိုအမျိုးသားက ပြောလိုက်သည်။ "ကိုယ်ပြန်လာပြီ"
လရောင်ကြောင့် သူမ ထိုအမျိုးသားပြုံးနေသည်ကို မြင်၍ သံသယဖြစ်စွာ မေးလိုက်သည်။ "ရှင်က ဘယ်သူလဲ?"
ထိုအမျိုးသားက နေရာတွင်ပင် ကြောင်အသွားခဲ့သည်။