အခန်း (၅၄)
Vol. 5 Ch. 54
ကျီမိသားစု အကြီးဆုံးချွေးမ ပြောပြီးသောအခါ လူပျိုကြီး ချက်ချင်းမျက်နှာနီလာကာ ဒေါသထွက်စွာ ဆဲလိုက်သည်။ "မင်း၊ မကောင်းတဲ့မိန်းမ၊ မင်း ငါ့ဆီကို မင်းဘာသာလာတာလေ။ ငါ့ကို ဒီကြက်ဖမ်းပေးဖို့ မင်းပြောတာ။ မင်းပဲ ကြက်သားစားချင်လို့ဆို"
သတ်ထားသောကြက်က မြေကြီးတွင်ရှိသေးသည်။ ဘယ်သူ့အိမ်က ပိုင်သည်ကို အဖွဲ့ခေါင်းဆောင်မသိပါ။ "ဒီကြက်က ဘယ်သူ့အိမ်ကလဲ?"
"မပြောဘူးဆိုရင်လည်း တော်လှန်ရေးကော်မတီကိုသာ ပို့လိုက်"
လူပျိုကြီး ရွေးချယ်စရာမရှိဘဲ အလျင်အမြန် အော်ပြောလိုက်သည်။ "ကျီမိသားစုပိုင်တာ"
ကျီမိသားစု အကြီးဆုံးချွေးမပင်ကြောင်သွားသည်။ သူမ တစ်နေကုန် အိမ်တွင်လှဲနေပေမယ့် တစ်ယောက်ယောက်ကြက်ခိုးသည့်အသံကို မကြားမိပါ။
အိမ်ကလူတွေ ဘာလို့ ကြက်ပျောက်သည်ကို မသိကြသည်လဲ?
"မင်းဘယ်အချိန် ကြက်ခိုးတာလဲ?" တစ်ချို့လူများ သူတို့အိမ်က ကြက်ပျောက်မည်ကို စိုးရိမ်သည်။ လူပျိုကြီးက ဘယ်အချိန်ခိုးမည်ကို သူတို့မသိပေ။ ခုအချိန်တွင် အိမ်တိုင်း ပစ္စည်းအနည်းငယ်သာရှိသည်။ တန်ဖိုးကြီးပစ္စည်း များများစားစားမရှိချေ။ တန်ဖိုးကြီးပစ္စည်းများကိုလည်း သေချာသိမ်းထားပြီး အများစုကိုတော့ မသိမ်းထားကြပေ။
"ငါ နေ့ဘက် ကြက်ခိုးခဲ့တာ" လူပျိုကြီးပြောသည်ကို ကျီမိသားစုအကြီးဆုံးချွေးမ နားလည်သည်။ နေ့ဘက်တွင် ကျီအိမ်ကလူတိုင်း အလုပ်သွားကြ၍ ကျီသာ့ပေါင်သာ ကျန်သည်။ ကျီသာ့ပေါင်ကလည်း အများအားဖြင့် ဆော့ရန် အဖော်သွားရှာလေ့ရှိသည်။
"ဒါဆို မင်း ဒီကိစ္စကို ဖိအားပေးတာကို ဝန်ခံလား?" အဖွဲ့ခေါင်းဆောင် ကြက်ကိစ္စတော့ ရှင်းလင်းသွား၍ ဒီကိစ္စကို မေးရသည်။
လူပျိုကြီးလည်း ငိုချင်ယောင်ဆောင်ကာ "အဖွဲ့ခေါင်းဆောင်၊ ကျွန်တော် သူမကို တကယ်အတင်းလုပ်တာမဟုတ်ပါဘူး။ သူမ အရင် ကျွန်တော့်ကို လာမြူဆွယ်တာ"
"သူ့မှာ ပိုက်ဆံမှ မရှိတာ။ ကျွန်မက သူ့ကို ဘာလို့အရင် မြူဆွယ်ရမှာလဲ? ကျွန်မယောကျ်ားမိသားစုက သူ့ထက် ပိုကောင်းတာမလား?" ကျီမိသားစုအကြီးဆုံးချွေးမ ခါးထောက်ပြီး လူပျိုကြီးကို အော်လိုက်သည်။
"ရှင် အရှက်မရှိတဲ့ဖားပဲ။ နေ့တိုင်း ဘာတွေအိမ်မက်မက်နေတာလဲ။ ကျွန်မကို မစွပ်စွဲနဲ့။ ရှင်သာ ကျွန်မကို ဖိအားပေးတဲ့ အရှက်မရှိတဲ့သူ" ကျီမိသားစုအကြီးဆုံးချွေးမ ဝန်မခံပါ။
ဤနေရာတွင်ပဲ တစ်ယောက်နှင့်တစ်ယောက် လွှဲချပြီး အော်ငိုနှင့် ရန်ဖြစ်နေကြသည်။ နောက်ဆုံး အဖွဲ့ခေါင်းဆောင် ခေါင်းကိုက်လာ၍ အော်ပြောလိုက်သည်။ "အကုန်လုံး ပါးစပ်ပိတ်ထားကြတော့"
"ပြောစရာရှိလည်း တော်လှန်ရေးကော်မတီရောက်မှ ဆက်ပြောကြတော့။ သူတို့နှစ်ယောက်ကို ခေါ်သွားကြ" အဖွဲ့ခေါင်းဆောင် စိတ်တိုလာ၍ ဆက်နားမထောင်ချင်တော့ပေ။
"အဖွဲ့ခေါင်းဆောင်၊ စောင့်ပါဦး" ကျီမိသားစုအကြီးဆုံးချွေးမ သူမကို ဖမ်းရန်လာနေသော သူကို ကြည့်ရင်း အမြန်အော်ခေါ်လိုက်သည်။
"မင်း ဘာပြောချင်သေးလို့လဲ? မြန်မြန်ပြော" အဖွဲ့ခေါင်းဆောင် နေ့တိုင်း ပြသာနာရှာနေကြသော သူတို့ကို အလွန်မုန်းတီးနေပြီဖြစ်သည်။ အခုလည်း ညနက်ကြီး ကောက်ရိုးပုံလာနေရသည်။
အသက်ကြီးနေပြီးဖြစ်၍ သူ သုံးရက်တိုင်း အိပ်ရာဝင်နောက်ကျနေသည်က သူ့ကို ခုရက်ပိုင်း ပိုအိုသွားစေသည်ဟု အဖွဲ့ခေါင်းဆောင် ခံစားရသည်။
"ဒီလူပျိုကြီး ကျွန်မကို ဖိအားပေးတာ ချူယောင်းနဲ့ဆိုင်ပါတယ်" ကျီမိသားစု အကြီးဆုံးချွေးမ တော်လှန်ရေး ကော်မတီကို မသွားချင်ပါ။ ချူယောင်းရော လူပျိုကြီးရောကို တော်လှန်ရေးကော်မတီသို့ သူမ သွားစေချင်သည်။ သူတို့လွတ်သွား၍မရပါ။
အဖွဲ့ခေါင်းဆောင် ဒေါသထွက်စွာ အော်ရယ်လိုက်သည်။ ဒါက ဆင်ခြေဖြစ်ပြီး သူမ တစ်ခြားလူတစ်ယောက်ကိုပါ ဆွဲထည့်သည်။ "ငါ့ကို ပြော။ ဒါက ချူယောင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ?"
လူပျိုကြီး ကျီမိသားစု အကြီးဆုံးချွေးမစကားကိုနားထောင်နေလိုက်သည်။
"ချူယောင်းက သူ့ကို ကျွန်မကို မကောင်းကြံဖို့ပြောတာ။ ကျွန်မ ဒီကို စရောက်တုန်းက သူပြောတာကို ကြားလိုက်တယ်" ကျီမိသားစုအကြီးဆုံးချွေးမ မဆိုင်သည့် ချူယောင်းကို လွှဲချလိုက်သည်။
"လူပျိုကြီး။ မင်း ဘာပြောချင်လဲ?" အဖွဲ့ခေါင်းဆောင်က ကျီမိသားစု အကြီးဆုံး ချွေးမစကားကိုမယုံပါ။ သူတို့ ဒီရက်ပိုင်း ချူယောင်းကို ဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့် ကျီမိသားစု အကြီးဆုံးချွေးမလိမ်နေသည်ဟု အဖွဲ့ခေါင်းဆောင် ခံစားရသည်။
လူပျိုကြီး ခဏမျှငြိမ်သွားပြီးနောက် ကျီမိသားစုအကြီးဆုံးချွေးမစကားကိုသာ နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ "ချူယောင်းက ကျွန်တော့်ကို အရင်လာရှာတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော် အစကဒီလိုကိစ္စ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ချူယောင်းက ကျွန်တော် မလုပ်ဘူးဆိုရင် ကျွန်တော် ကြက်ခိုးတဲ့ကိစ္စ တိုင်ပြောမယ် ပြောလို့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘဲ လုပ်ရတာပါ"
ကျီနန်ဖုန်း အနောက်မှနေရင်း ဒီဟာသကို ကြည့်ပြီး သူ့နှုတ်ခမ်းများ မြောက်တက်သွားကာ သူရှေ့ထွက်ရန်တော့အစီအစဥ်မရှိသေးပေ။ ထိုအစား တစ်ခြားတစ်ဖက်သွား၍ ကျီမိသားစု အကြီးဆုံးသားကို နှိုးရန် ပါးရိုက်လိုက်သည်။
ကျီမိသားစု အကြီးဆုံးသားက သူ့ကို ဘယ်သူမေ့လဲအောင်ရိုက်သည်ကို မသိပါ။ သူနိုးလာသောအခါ ခေါင်းမကြည်သေး။ သို့သော် သူ တစ်ဖက်က အသံကြား၍ ကြောင်ကာ လျှောက်သွားကြည့်လိုက်သည်။ ဒီဖောက်ပြန်သည့် အတွဲကို မြင်၍ သူ လူကြားထဲ တိုးဝှေ့သွားလိုက်သည်။ လူတိုင်း သူ့ကို သတိထားမိသွားသည်။
အဖွဲ့ခေါင်းဆောင် ဤကိစ္စက ကျီမိသားစုအကြီးဆုံးသားအတွက် အလွန်ရှက်စရာကောင်းမည်ဟု ခံစားရ၍ သူ အားနာစွာမေးလိုက်သည်။ "သူတို့က ချူယောင်း ခိုင်းတာလို့ပြောတယ်။ ငါ အခုပဲ ချူယောင်းကို သွားမေးတော့မလို့"
ကျီမိသားစု အကြီးဆုံးချွေးမ သူမခင်ပွန်းကို မြင်လိုက်သောအခါ ထိတ်လန့်သွားပြီး သူမ စကားလည်းမပြောရဲ သူ့ကိုလည်း မကြည့်ရဲတော့ပေ။
ကျီမိသားစုအကြီးဆုံးသား သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "စစ်ဆေးစရာမလိုဘူး။ သူတို့နှစ်ယောက် ဖောက်ပြန်တာ ကျွန်တော်မြင်ပြီးပြီ"
ကျီမိသားစု အကြီးဆုံးသားစကားများက လူတိုင်းကို ရှက်သွားစေသည်။ သူဖောက်ပြန်ခံရ၍ လူတိုင်း သနားသွားကြသည်။ သူ့အတွက်ကတော့ အရှက်ရဖွယ်ဟုသာ ခံစားရသည်။
ကျီမိသားစု အကြီးဆုံးချွေးမ သူဒီကို ဘယ်တုန်းက ရောက်သည်ကို မသိပါ။ သူမနှလုံးပေါက်ကွဲတော့မည်ဟု သူမခံစားရသည်။
"ချန်ရှောင်းယန်။ မင်း ဘာပြောချင်သေးလဲ?" အဖွဲ့ခေါင်းဆောင် သူမကို ပြန်ငြင်းရန် အခွင့်အရေးတစ်ခုပေးလိုက်သည်။ သူမ ကျီမိသားစု အကြီးဆုံးသားကိုသာကြည့်ပြီး ဘာမှမပြောဘဲ အချိန်အကြာကြီးနေမှ နောက်ဆုံးပြောလာခဲ့သည်။ "ကျွန်မမှားတယ်ဆိုတာ ကျွန်မသိပါတယ်"
သူတို့ထွက်သွားပြီးနောက် ကျီမိသားစုအကြီးဆုံးသားနေရာတွင်သာ ရပ်ကျန်ခဲ့သည်။
ကျီနန်ဖုန်း လူအုပ်နှင့် လိုက်ပြန်သွားပြီဖြစ်သည်။ သူ မရှိတုန်း အိမ်တွင် ဘာဖြစ်ခဲ့သည်ကို သူ မသိပါ။ အဖွဲ့ခေါင်းဆောင် ထိုနှစ်ယောက်ကို ခေါ်သွားရန် ပြောလိုက်ပြီး သူ နောက်ကျန်နေကာ ကျီနန်ဖုန်းကို ပြောလိုက်သည်။ "သား နောက်ကျမှ ပြန်လာတာ။ ဘယ်စားရဦးမလဲ?"
ကျီနန်ဖုန်း မစားရသေးကြောင်း မပြောနိုင်ပါ။ တစ်ခြားသူများကို ခုလိုတော်တော်နောက်ကျနေမှ စားစရာကျွေးခိုင်းသည်က အလွန်အားနာစရာကောင်းပြီး မဖြစ်နိုင်ပါ။
"ကျွန်တော် အပြင်မှာ စားလာခဲ့ပြီ" ကျီနန်ဖုန်း အိမ်ပြန်ချင်ပေမယ့် အဖွဲ့ခေါင်းဆောင်က သူ့ကို တားလိုက်သည်။
"ဦးလေးကို ဘာလို့အားနာနေတာလဲ? ဘာလဲ? အပြင်မှာ အရာရှိကြီးဖြစ်သွားတော့ ဦးလေးကို အထင်သေးသွားပြီလား? "အဖွဲ့ခေါင်းဆောင်က သူ့အပေါ် အမြဲကောင်းသည်ဖြစ်ပြီး သူ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ရန်သွားစဥ်က သူအဆင်ပြေစေရန် အဖွဲ့ခေါင်းဆောင် သူ့ကို ပိုက်ဆံထုတ်ပေးသေးသည်။
အဖွဲ့ခေါင်းဆောင်က ထိုသို့ပြောလိုက်၍ ကျီနန်ဖုန်း ရွေးချယ်စရာမရှိဘဲ လိုက်သွားလိုက်သည်။ သူ အဖွဲ့ခေါင်းဆောင်အိမ် ရောက်သောအခါ အဖွဲ့ခေါင်းဆောင်က သူ့ကို စားရန် တစ်ခုခု ရှာပေးရန်ပြင်လိုက်ပေမယ့် အသံကြား၍ အဖွဲ့ခေါင်းဆောင်မိန်းမ နိုးလာသည်။
သူမ တံခါးဖွင့်လိုက်သောအခါ ကျီနန်ဖုန်းကို မြင်၍ အလွန်ပျော်သွားသည်။ သူမ အမြန် ခေါက်ဆွဲနှစ်ပွဲချက်ကာ ကြက်ဥနှစ်လုံးလည်းကြော်လိုက်ကာ ကျီနန်ဖုန်းကို ချပေးလိုက်သည်။
ကျီနန်ဖုန်းလည်း မငြင်းနိုင်၍ ယဥ်ကျေးစွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ အဒေါ်"
"သားက အဒေါ့်ကိုဘာလို့အားနာနေတာလဲ? မြန်မြန်စားကြည့်။ အရသာကို သားကြိုက်လားသိရအောင်လို့?" အဖွဲ့ခေါင်းဆောင်ဇနီး အခန်းထဲ ပြန်မဝင်သေးဘဲ စားပွဲတွင် ထိုင်ကာ စကားပြောနေလိုက်သည်။
ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။ "အရသာကောင်းတယ်။ ထင်ထားတဲ့အတိုင်းပဲ အဒေါ်ချက်တာက အရသာရှိတယ်"
"သားမိန်းမ ချက်တာ အဒေါ့်လက်ရာထက် ပိုကောင်းတယ်။ သား စားမကြည့်ရသေးဘူးမလား? "
ကျီနန်ဖုန်း ခေါင်းခါလိုက်သည်။ "အဒေါ့်ကို အမှန်အတိုင်းပြောရရင် ကျွန်တော်အိမ်မပြန်ရခင် ဦးလေးက ကျွန်တော့်ကို ဆွဲခေါ်လာတာ"
"ဒီကောင်လေးတော့။ မင်းအိမ်ပြန်ရင် ဗိုက်ဆာနေမှာစိုးရိမ်လို့။ သားသေချာပေါက် သားမိန်းမကို နှိုးမှာမဟုတ်ဘူး။ ဒါဆို တစ်ညလုံးဆာနေတော့မှာ။ ဦးလေးက သားအကြောင်း မသိတာမှတ်လို့" အဖွဲ့ခေါင်းဆောင််က သူ့အကြောင်းကို သေချာသိသည်။
ကျီနန်ဖုန်းလည်း ထိုသို့တွေးသည်။ သူပြန်သွားရင်တောင် ခြံကို ခုန်တက်ရန်တွေးထားပြီး ကျီမိသားစုကို အသိပေးရန် အစီအစဥ်မရှိပေ။ မနက်ဖြန်မှ ကိစ္စအားလုံးဆွေးနွေး၍ ရသည်။
"ရှင်တို့ ဒီည ဘာလို့ အပြင်သွားကြတာလဲ?"အဖွဲ့ခေါင်းဆောင်ဇနီး ဆူညံသံကိုကြား၍ လူတွေအများကြီး သွားကြသည့်ပုံပေါ်၍ သူမ သိချင်နေသည်။
ဒီအကြောင်းကို တွေးမိပြီး အဖွဲ့ခေါင်းဆောင် ခေါင်းကိုက်လာသည်။ စိတ်ရှုပ်စွာ သက်ပြင်းချရင်းပြောလိုက်သည်။ "ဒါက ... ချန်ရှောင်းယန်က လူပျိုကြီးနဲ့ ဖောက်ပြန်လို့"
အဖွဲ့ခေါင်းဆောင်ဇနီး ဒါကို ကြားတော့ မယုံနိုင်ခဲ့ပေ။ "ကျွန်မတို့ရွာက လူပျိုကြီး?"
အဖွဲ့ခေါင်းဆောင် ဒီအကြောင်းကို ပြောရသည်က သူ့ကိုအရှက်ရစေည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဒီလိုကိစ္စ သူ့ရွာတွင်ဖြစ်သည်ကို လူအများသိလျှင် သူ့ကို အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနှင့် လှောင်ပြောင်ကြမည်ဖြစ်သည်။
"အဲ့ဒီလူပျိုကြီးက များသောအားဖြင့် ဖရိုဖရဲနဲ့ပါ။ ပြီးတော့ ချန်ရှောင်းယန်က ချေးများတယ်မဟုတ်ဘူးလား?" အဖွဲ့ခေါင်းဆောင်ဇနီး ဒါကို လုံးဝ မယုံနိုင်ပေ။ ထိုလူပျိုကြီးက ညစ်ပတ်ပြီး ပစ္စည်းများခိုးရသည်အား သဘောကျသည်ကို သူမ မကြာခဏမြင်ဖူးသည်။
အဖွဲ့ခေါင်းဆောင် သူ့တူကို ဝေ့ရမ်းရင်း "ဟုတ်ပါပြီ။ သူတို့အကြောင်း ထပ်မပြောနဲ့တော့။ နန်ဖုန်း နားကြားရှက်လိမ့်မယ်"
ကျီနန်ဖုန်း ဘာမှ မတွေးပေမယ့် သူထုတ်တော့မပြောပေ။ အဖွဲ့ခေါင်းဆောင်ဇနီးလည်း ဤအကြောင်းကို ထပ်မပြောတော့ချေ။
"သားတို့ အိမ်ခွဲတာကို သားမသိသေးဘူးမလား?" ကျီနန်ဖုန်း မသိလောက်ဘူးထင်၍ အဖွဲ့ခေါင်းဆောင်ဇနီး ဒီအကြောင်းကို စပြောလိုက်သည်။ တော်ကြာ ခဏနေ သူ သူ့ဇနီး ရှာမတွေ့မှ ခက်မည်။
"ကျွန်တော် တကယ်မသိတာ။ အဒေါ် ကျွန်တော့်ကို ပြောပြနိုင်မလား?" ကျီနန်ဖုန်း ဤအကြောင်းကို တကယ်မသိ၍ အဖွဲ့ခေါင်းဆောင်ဇနီးသာ အခုမပြောမိဘူးဆိုလျှင် သူ သေချာပေါက် ကျီမိသားစုကို သွားရှာမှာဖြစ်သည်။
"အဲ့ဒါ မင်းမိဘတွေလုပ်တာပေါ့" အဖွဲ့ခေါင်းဆောင်ဇနီး ကျီအိမ်က မတရားလုပ်သည်ဟု အမြဲခံစားရသည်။ အခုပြောမိသွားရင်း သူမ သူတို့လုပ်သမျှအရာအားလုံး ပြောထွက်လာသည်။
ဒါကို ကြား၍ ကျီနန်ဖုန်း အံသြသွားသည်။ ကျီမိသားစုက ဘယ်လိုပုံစံဖြစ်သည်ကို သူသေချာသိသည်။ သူ စစ်သားအဖြစ် တာဝန်ထမ်းစဥ်က သူ လတိုင်း ကျီအိမ်ကို ငွေပို့ပေးသည်။ ထိုငွေက သူ့ကို ပျိုးထောင်ခဲ့သောစရိတ်အဖြစ် တောင်းသဖြင့် ထိုအချိန်က သူ ငွေအမြဲ ပို့ပေးသည်။
သူ အိမ်ထောင်ကျပြီးနောက် နောက် ကျီအိမ်ကို ငွေထပ်မပို့ဟု သူပြောခဲ့သည်။ ကျီအဖေ ဒါကို ကြား၍ စိတ်တိုသွားသည်။ သို့သော် ကျီနန်ဖုန်း ဒါကို အလေးအနက်မတွေးဘဲ လျစ်လျူရှုလိုက်သည်။ ဒီလူများက သူထွက်သွားသည့်နောက် ချူယောင်းကို အနိုင်ကျင့်မည်ဟု မထင်မှတ်ထားပေ။ သူ ချူယောင်းအပေါ် တာဝန်မကျေသလို ခံစားရသည်။ အံ့အားသင့်စရာကောင်းသည်က ချူယောင်းလည်း ငြိမ်မခံ၍ သူ အနည်းငယ်ခံစားရသက်သာသွားသည်။
"သားဇနီးက တကယ်ကောင်းတာပါ။ မင်းအစ်မ မတော်တဆဖြစ်တုန်းက မင်းအိမ်က တစ်ယောက်မှ ပေါ်မလာဘူး" အဖွဲ့ခေါင်းဆောင်ဇနီး မနေနိုင်ဘဲ ချူယောင်းကောင်းကြောင်းပြောပေးလိုက်သည်။ သူမ ချူယောင်းက တကယ်ကောင်းသည်ဟု ထင်သည်။ "သားမိန်းမကို ကောင်းကောင်းဆက်ဆံရမယ်နော် ကြားလား?"
"ကျွန်တော် သိပြီ" ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။
အဖွဲ့ခေါင်းဆောင်သက်ပြင်းချရင်း ပြောလိုက်သည်။ "မင်းအစ်မ တူမတွေနဲ့ တူအကြောင်းလည်းရှိသေးတယ်။ မင်းတူကိုလည်း ရှာမတွေ့သေးဘူး !"
ကျီနန်ဖုန်းလည်း ဤအကြောင်းကို အလွန်ဒေါသထွက်သည်။ သူ၏မွေးကင်းစတူလေးက သူပြန်မလာခင် ပျောက်သွားမည်ဟု မထင်ထားပေ။
သူ အိမ်တွင် ဖြေရှင်းရမည့်ကိစ္စများစွာရှိသည့်ပုံပေါ်သည်။ ကံကောင်းစွာဖြင့် ပိတ်ရက်ကကြာ၍ သူ ဤကိစ္စများဖြေရှင်းရန် အချိန်ရသည်။
ကျီနန်ဖုန်း ခေါက်ဆွဲပန်းကန်ကိုစားပြီးနောက် ထွက်သွားသည်။ အဖွဲ့ခေါင်းဆောင်ဇနီး သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ "သနားစရာကောင်းတဲ့ ကလေး"
အဖွဲ့ခေါင်းဆောင်လည်း နှုတ်ဆက်နေပြီး သက်ပြင်းချကာ အိပ်ရန် အခန်းပြန်ဝင်လိုက်သည်။
အဖွဲ့ခေါင်းဆောင်ဇနီးပေးလိုက်သော လိပ်စာဖြင့် ကျီနန်ဖုန်း အပြင်တွင် စုတ်ပြတ်နေပုံပေါ်သော အိမ်တစ်လုံးကို ရှာတွေ့သွားသည်။ သူ နံရံကို ကျော်တက်ပြီးဝင်ရန် တွေးလိုက်ပေမယ့် သူမကို ထိတ်လန့်စေမည်ကိုလည်း စိုးရိမ်၍ တံခါးတွင်သာ ညကိုကုန်ဆုံးရန်စဥ်းစားလိုက်သည်။
သို့သော် ကျီနန်ဖုန်း မီးဖိုချောင်မှ တစ်ယောက်ထွက်လာသံကို ကြားပြီး ထိုလူက တံခါးကို ကြည့်ရန် ခြံထဲလာသံကို ကြား၍ သူ တံခါးကို ခေါက်လိုက်သည်။
တကယ်တော့ သူ ဒီကို ပြန်မလာခင်က ချူယောင်းပုံစံကို ဝိုးတဝါးသာမှတ်မိသည်။ သူမကို ဘာကြောင့် သေချာမမှတ်မိသည်ကို သူစဥ်းစားမရပေမယ့် အခုတစ်ကြိမ် သူမ မျက်နှာကို မြင်လိုက်မှ သူမမျက်နှာကအလွန်ကြည်လင်သည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။
ချူယောင်းဆီက ထွက်လာသော ပထမစကားကသာ သူ့ကိုရောထွေးသွားစေခဲ့သည်။