← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

ဒါတွေအားလုံးပြန်တွေးပြီးနောက် ကျီနန်ဖုန်း သတိထားနေသော ချူယောင်းကို ကြည့်လိုက်သည်။ သူ တစ်ခြားဘာမှ မလုပ်နိုင်ပေ။ သူတို့နှစ်ယောက် လက်ထပ်ထားသည့်အချက်ကလွဲ၍ သူတို့ တစ်ယောက်နှင့် တစ်ယောက် လုံးဝမရင်းနှီးပါ။

ကျီနန်ဖုန်း စကားများစီပြီး တည်ငြိမ်စွာပြောလိုက်သည်။ "ကိုယ်စစ်ဆေးရေးက ပြန်လာပြီးပြီးချင်း တစ်ယောက်က မင်းကိုယ့်ကို ခေါ်တယ်လို့ ပြောလို့ ကိုယ်ညတွင်းချင်း ချက်ချင်းပြန်လာတာ"

ချူယောင်း တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "အစ်မကျီရိုအကြောင်းတင်မဟုတ်ဘူး။ ကျွန်မ ရှင့်တူမနှစ်ယောက်ကို ဒီခေါ်လာတာ"

သူ စိတ်အေးသွားကာ သက်ပြင််းချရင်း ကျေးဇူးတင်စွာ ပြောလိုက်သည်။ "မင်းကို ကျေးဇူးတင်ပါတယ်။ ဒီရက်တွေ မင်း ပင်ပန်းသွားပြီ"

ချူယောင်း သူမလုပ်သည်ကို တစ်ယောက်မှ နားမလည်ဟု ခံစားရပြီး အခုသူ၏ ကျေးဇူးတင်စကားက သူမလုပ်သည်ကို အသိအမှတ်ပြုသည့်လူများ ရှိသေးသည်ဟု ခံစားရစေသည်။

ချူယောင်း ကျီနန်ဖုန်းကို အနည်းငယ်ပြုံးပြကာ ပြောလိုက်သည်။ "ကျွန်မ ဘာမှ မလုပ်ပါဘူး"

"ပြီးတော့ ကလေးလေးကိစ္စလည်း ရှိသေးတယ်။ ကျွန်မ ကလေးကို ရှာ‌မတွေ့သေးဘူး" ဒါကို ပြောရင်း ချူယောင်း သူမ အ‌ကောင်းဆုံးမကြိုးစားခဲ့မိ၍ အနည်းငယ်ရှက်သွားသည်။

"မစိုးရိမ်ပါနဲ့။ ကိုယ် နောက် မြို့မှာ သူငယ်ချင်းတွေကို ရှာပြီး သူတို့နဲ့ နည်းလမ်းရှာကြည့်လိုက်မယ်" စစ်တပ်တွင် တာဝန်ထမ်းဆောင်ပြီး နောက် သူ လူများစွာနှင့် ဆုံခဲ့သည်။ ရဲဘော်ရဲဘက်ဟောင်းများလည်း ဒီနေရာတွင် ရှိသည်။

"ကောင်းပြီ" သူက ဒီကလူဖြစ်၍ အဆက်အသွယ်များရှိလောက်မည်ဟု ချူယောင်း သူမဘာသာ တွေးလိုက်သည်။

ကျီနန်ဖုန်း အိမ်တွင် အကြာကြီးမနေတော့ဘဲ မြို့သို့ တစ်ယောက်တည်း သွားလိုက်သည်။ အချိန်ကြာနေပြီ‌ဖြစ်၍ သူ ကလေးကို မြန်မြန်ရှာမှ ရမည်။

ချူယောင်း သူထွက်သွားမှ မီးဖို‌ချောင်ထဲမှ ရွှေဖရုံသီးများကို ထုတ်လာလိုက်သည်။ သူမ ဒီနေ့လို ‌ရာသီဥတု သာယာသောနေ့တွင် ရွှေဖရုံသီးများကို ‌အခြောက်ခံချင်သည်။

ကလေးနှစ်ယောက် အစက ခြံထဲတွင် ဆော့ကစားနေသော်လည်း ချူယောင်း ရွှေဖရုံသီးများ ရွှေ့နေသည်ကို မြင်သောအခါ သူတို့အမြန်ပြေးလာပြီး ကူမပေးလိုက်သည်။ ကလေးနှစ်ယောက် ရွှေဖရုံသီးရွှေ့သည့်နှုန်းက မမြန်ပေမယ့် သူတို့ကူညီပေးသည်ကို ချူယောင်း ကျေးဇူးတင်သည်။

မီးဖိုချောင်တွင် ဖရုံသီး၃လုံးပဲ ကျန်တော့သည်။ ချူယောင်း တစ်ခြားဖရုံသီးများကို စိတ်လိုက်သည်။ ဖရုံသီးတစ်လုံးစိတ်ပြီးသောအခါ လီထောင်းဟွာ ရောက်လာသည်။

လီထောင်းဟွာ အပြင်မှ ဝင်လာ‌သောအခါ ချူယောင်း ရွှေဖရုံသီး စိတ်နေသည်ကို မြင်၍ သူမ စနောက်ပြောလိုက်သည်။ "အစ်မ ရွှေဖရုံသီးခွဲချင်လို့ နားရက်ယူတာပဲ!"

လီထောင်းဟွာရောက်လာသည်ကို မြင်၍ ချူယောင်း လီရွှယ်ရှင်းကို လီထောင်းဟွာထိုင်ရန် ခုံတစ်လုံးအမြန်‌ယူစေလိုက်သည်။

လီထောင်းဟွာ ထိုင်ခုံကို ယူလိုက်ပြီး ပြောလိုက်သည်။ "ယောင်းမဆီမှာ ဓါးနောက်တစ်လက် ရှိသေးလား? ညီမ အစ်မကို ကူခြမ်းပေးမယ်လေ! ဘာလို့ ဒီမှာဖရုံသီးတွေအများကြီးရှိနေတာလဲ?"

လီထောင်းဟွာ နောက်ဆုံးစကားကို ဒီအတိုင်းပြောလိုက်ခြင်းဖြစ်သည်။ ချူယောင်း ဘယ်လိုပြောရင်ကောင်းမလဲ တွေးနေစဥ် လီထောင်းဟွာ ဆက်ပြောလိုက်သည်။ "အိမ်မှာ ဓါးမရှိလို့လား? ဒါဆိုလည်း ရွှယ်ရှင်းကို ညီမအိမ်မှာ ဓါးသွားယူခိုင်းလိုက်မယ်လေ"

ဆယ်နှစ်ကလေးများက အလုပ်ကြီးကြီးမားမားမလုပ်နိုင်သေး၍ တစ်ခြားအလုပ်များကိုသာ ကူလုပ်ပေးရလေ့ရှိသဖြင့် လီထောင်းဟွာ ကလေးများအား ကူညီခိုင်းသည်ကို ကျင့်သားရနေပြီဖြစ်သည်။

ချူယောင်း အမြန် လက်ရမ်းလိုက်သည်။ "အစ်မ လူအများကြီးမလိုပါဘူး။ အစ်မဘာသာ လှီးလို့ရတယ်"

"ယောင်းမ ရွှေဖရုံသီးတွေကို စိတ်ပြီး အခြောက်ခံဖို့ တွေးထားတာလား?" လီထောင်းဟွာ စိတ်ပြီးသားဖရုံသီးများကို သူမဘေးက ကျောက်တုံးကြီးပေါ်တွင် ဖြန့်လိုက်ပြီး နေရောင်ပြလိုက်သည်။ ချူယောင်း ထိုကျောက်တုံးကို သေချာဆေးပြီးဖြစ်သည်။

ထိုကျောက်တုံးကို ချူယောင်း အပြင်မှ ယူလာခြင်းဖြစ်ကာ ထိုကျောက်တုံးကို သူမအိမ်သယ်ရသည်က တော်တော် အားယူလိုက်ရသည်။ ကောင်းကောင်းအခြောက်ခံနိုင်ရန်သာ ချူယောင်း သယ်လာခြင်းဖြစ်သည်။ မဟုတ်လျှင် သူမ အားစိုက် သယ်မည်မဟုတ်ပါ။

"ဟုတ်တယ်။ အိမ်က ဖရုံသီးက နေရာအရမ်းယူလို့ အခြောက်ခံထားရင် နေရာလည်းပိိုမှာ ပြီးရင် တရုတ်နှစ်သစ်ကူးအတွက် ဟင်းတစ်ပွဲလည်းရတယ်" ချူယောင်း ခေါင်းငုံ့ကာ အလုပ်လုပ်နေရင်း လီထောင်းဟွာနှင့်လည်း စကားပြောနေသည်။

"ရွှေဖရုံသီးတွေကို နေလှမ်းပြီး ကြော်စားရင် အရသာအရမ်းရှိတာ" လီထောင်းဟွာ ဖရုံသီးအခြောက်အရသာကို တွေးရင်း သရေယိုလာသည်။

"အဲ့မှာမတ်တပ်ရပ်‌မနေနဲ့။ လာ ထိုင်နေ။ အစ်မ ‌အခြောက်လှမ်းပြီးရင် ညီမကို လာပေးမယ်" ချူယောင်း ‌သူမ နေအရမ်းပူနေမည်စိုး၍ နေရိပ်သောနေရာတွင် ထိုင်ရန် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ယောင်းမ " ရင်းနှီးသွားပြီးသည့်နောက် လီထောင်းဟွာ အားမနာတော့ပါ။

"ယောင်းမ ကြားပြီးပြီလား? ကျီမိသားစုမှာ ပြသာနာကြီးကြီးမားမားဖြစ်တာ" လီထောင်းဟွာ ဒီအကြောင်းကို သေချာပြောလိုက်သည်။ သူမက ချူယောင်းနှင့်ရင်းနှီး၍ ကျီမိသားစုကို အမြင်မကြည်ပါ။

"ဘာဖြစ်လို့လဲ?" ချူယောင်း ဒီနေ့တစ်နေကုန်အပြင်မထွက်၍ ဘာဖြစ်သည်ကိုမသိပါ။ မနေ့ညက ရွာတွင် တစ်ခုခုဖြစ်ပျက်ခဲ့သည့်ပုံပင်။

"ကျီအိမ်က ကြက်တစ်ကောင်လည်း ပျောက်သွားတယ်။ ပြီးတော့ ချွေးမလည်း ‌ပျောက်သွားတယ်ကြားတယ်" လီထောင်းဟွာ သူတို့အိမ်ကို သွားမေးသည်မဟုတ်ဘဲ ကြားသိရုံသာဖြစ်သည်။ တော်တော်များများပြောကြ၍ မှန်သည့်ပုံပေါ်ကာ သူမ ယုံမိသည်။

"ကြက်လည်းပျောက်တယ်။ ချွေးမလည်းပျောက်တယ်?" ချူယောင်း ဒီအကြောင်းကြားသောအခါ သူမ ဖရုံသီးစိတ်ဖို့ပင် စိတ်မဝင်စားတော့ပေ။ လီထောင်းဟွာကိုကြည့်ရင်း ကြက်ရော ချွေးမရောတူတူပျောက်သည်က ထူးဆန်းစရာကောင််းသည်ဟု သူမခံစားရသည်။

"ဘာဖြစ်တာလဲ အစ်မကို ပြောပြ" ချူယောင်း ဖရုံသီးများကို နေမလှမ်းချင်တော့ပါ။ ဖရုံသီးခြောက်က အတင်းပြောသည်ထက် ပိုမ‌ကောင်းပါ။

လီထောင်းဟွာ ချူယောင်းကို သူမသိသမျှပြောပြလိုက်သည်။ "ကျီမိသားစု အကြီးဆုံးချွေးမက လူပျိုကြီးနဲ့ဖောက်ပြန်တာကြောင့်လို့ပြောတယ်"

ချူယောင်း အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် မ‌သေချာလှစွာမေးလိုက်သည်။ "အဲ့လူပျိုကြီးက ရုပ်ဆိုးပြီး ညစ်ညစ်ပတ်ပတ်နေတာဆို။ သူမက သူ့ကို စိတ်ဝင်စားတယ်!! ဘာလို့လဲ?"

လီထောင်းဟွာ ခေါင်းခါလိုက်သည်။ "ဘယ်လိုသိမလဲ? သူမက အကြိုက်ထူးခြားတာနေမယ်?"

ချူယောင်း ဒါက ဖြစ်နိုင်သည်ဟု ထင်သည်။ အကြိုက်က မထူးဆန်းနေလျှင် ဘယ်သူက ထိုလိုလူနှင့် လုပ်မည်နည်း?!

လီထောင်းဟွာ ချူယောင်းကို ကြည့်လိုက်ရင်း ပြောလိုက်သည်။ "တကယ်က အစ်မ‌အကြောင်းပါ ပါတယ်"

"အစ်မပါ ပါတယ်?" ဒီဇာတ်လမ်းထဲက လူ‌တစ်ယောက်ဖြစ်သွား၍ ချူယောင်း အလွန်သိချင်သွားသည်။ ဒါက သူမနှင့် ဘာဆိုင်လို့များလဲ?

"ဟုတ်တယ်။ ကျီမိသားစုအကြီးဆုံးချွေးမနဲ့ လူပျိုကြီးကို ခေါ်မသွားခင်က အစ်မက လူပျိုကြီးကို သူမကိုအတင်းလုပ်ဖို့ပြောတယ်လို့ သူတို့ပြောတယ် ကြားတယ်"

"အစ်မက ရူးနေလို့ သူတို့နဲ့ ပတ်သက်ရမှာလား။ သူတို့က တကယ် သင်ခန်းစာမရသေးတဲ့ပုံဘဲ" ချူယောင်း သူတို့ကို ကိုယ်ချင်းမစာပါ။ နုံ‌အနေမှသာ သူတို့ကို သနားမည်ဖြစ်သည်။

"ဘာဘဲဖြစ်ဖြစ် အစ်မ အိမ်မှာနေရင်် ပိုဂရုစိုက်သင့်တယ်။ ကျီမိသားစုလည်း အကျင့်မကောင်း ချန်ရှောင်းယန်ရဲ့ မိဘအိမ်ကလည်း အကျင့်မကောင်းဘူး"လီထောင်းဟွာ ချူယောင်းကို တကယ်ဂရုစိုက်‌၍ ဤအကြောင်းကို သေချာပြောခြင်းဖြစ်သည်။ ချူယောင်းအိမ်မှာ တ‌စ်ယောက်တည်းဖြစ်၍ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သည်။

ချူယောင်း ခဏမျှ စဥ်းစားကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ "အစ်မသိပြီ"

"အစ်မ ညီမအိမ်မှာ လာအိပ်ရင်ရော?" လီထောင်းဟွာ ချူယောင်း တစ်ယောက်တည်းဖြစ်မည်ကို တကယ်စိုးရိမ်သည်။

"အစ်မက ညီမအိမ်လာအိပ်ရင် ကလေးနှစ်ယောက်ကရော?" ချူယောင်း ‌ပြောလိုက်သည်။

"ကလေးနှစ်ယောက်ကိုပါ အစ်မနဲ့ ခေါ်လာလိုက်‌ပေါ့။ ညီမအိမ်က အိပ်ရာက တော်တော်ကြီးတယ်" ကလေးနှစ်ယောက်ပိုလာသည်က ပြသာနာမဟုတ်ဟု လီထောင်းဟွာ ထင်သည်။

"ဒါဆို ကျီယွမ်က ဘယ်မှာ သွားအိပ်ရမှာလဲ?" သူမ သေချာ မတွေးတတ်သေးဘူးထင်၍ ချူယောင်း သူမကို မြင်သာအောင် သတိပေးလိုက်သည်။

"သူလား? သူ့ကို အခန်းစောင့်ခိုင်းလိုက်ပေါ့။ သူက ယောကျ်ားရင့်မာကြီးဆိုတော့ မကြောက်ပါဘူး" လီထောင်းဟွာ ဤအကြံက ‌ကောင်းသည်ဟု ထင်သည်။

"ညီမ စိတ်ပူစရာမလိုပါဘူး။ ပြီးတော့ ကျီယွမ်ကို အိမ်စောင့်ဖို့ပြောစရာလည်း မလိုဘူး" ချူယောင်း ကျီနန်ဖုန်းကိုလည်း အတွေးထဲ မထည့်ပါ။ သူက အိမ်ကို အားလပ်ရက်ခဏပြန်လာပြီး ရက်ပြည့်လျှင် ပြန်သွားမည်ဖြစ်သည်။

ချူယောင်း မလာချင်သည်ကို မြင်၍ လီထောင်းဟွာ ဖိအားမပေးတော့ပေ။ "ကောင်းပါပြီ။ အစ်မမှာ ကိစ္စတစ်ခုခုရှိရင် ညီမတို့ဆီလာဖို့ သတိရနော်"

ချူယောင်း သဘောတူ၍ လီထောင်းဟွာ စိတ်အေးသွားသည်။

နှစ်ယောက်စကားပြောနေ၍ ချူယောင်း ရွှေဖရုံသီးကို အကြာကြီး စိတ်နေရပြီး ၄ ၅လုံးသာ လှီးပြီးသည်။ နေကြောင့် မခြောက်လျှင် ‌ဖရုံသီး မှိုတက်မည်ဖြစ်၍ ပါးပါးလှီးအခြောက်ခံမှ အဆင်ပြေသည်။

ချူယောင်း လက်များ ထုံကျင်နေကာ သူမလက်ကောက်ဝတ်ကို နှိပ်လိုက်သည်။ ရာသီဥတုအခြေအနေအရ နေ့လည်စာကို ချက်ကာ သူမမှာနာရီမရှိ၍ အချိန်ကို ဒီအတိုင်း ခန့်မှန်းရသည်။

ကလေးနှစ်ယောက် ပဲစေ့ထွတ်နေ၍ ထိုပဲစေ့များကို ကြော်ရမည်။ ပဲ‌အခွံက အနည်းငယ်ကြွပ်ပြီး ငရုတ်မှုန့်ထည့်ကာ အိုးထဲတွင် မွှေ‌ကြော်ရမည်။

ဒီလိုဆိုလျှင် ပဲများက အလွန်အရသာရှိသည်။ ချူယောင်း ဂေါ်ဖီထုပ််ကိုလည်း ပူပူချဥ်ချဥ်ကြော်ထားကာ အာလူးများကို နုတ်နုတ်စင်းကြော်ထားသည်။ ဟင်းပွဲသုံးမျိုးဖြစ်၍ လူသုံးယောက်အတွက် လုံလောက်သည်။ သူတို့သုံးယောက် အများကြီး မစားနိုင်သော်လည်း ဒီဟင်းသုံးမျိုးက အရသာအလွန်ရှိ၍ သူတို့ တော်တော်များများ စားလိုက်ကြသည်။

ချူယောင်း စားပြီး မနားဘဲ ဖရုံသီး ဆက်လှီးလိုက်သည်။ ကလေးနှစ်ယောက်က ပန်းကန်များဆေးပေးသည်။

ချူယောင်း သူမလှီးနေရင်း လက်တကယ်နာလာသည်။ သူမ အနားယူရန်ကြံစဥ် သူမလက်က ဓါးကို တစ်ယောက်ကယူသွား၍ ချူယောင်း ထိုလူကို အလိုအလျောက် ထိုးမိမလိုဖြစ်သွားသည်။ သို့သော် သူမဆီက ဓါးကို ကျီနန်ဖုန်း ယူသွားခြင်းဖြစ်သည်။

ကျီနန်ဖုန်း သူမအလုပ်ကို လက်လွှဲယူလိုက်ပြီး ဖရုံသီးလှီးသည့်နှုန်းကလည်း အလွန်မြန်သည်။ ချူယောင်း မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ " ‌ကျွမ်းတာပဲ"

ကျီနန်ဖုန်းမော့ကြည့်ရာ သူမမျက်လုံးများက နူးညံ့မှုများ ပြည့်နေသည်ကို တွေ့လိုက်သည်။

ချူယောင်း သူနှင့် အကြည့်ဆုံသွား၍ တစ်‌ခြား‌တစ်နေရာသို့ အကြည့်လွှဲလိုက်သည်။

ကျီနန်ဖုန်း သူမ မသက်မသာဖြစ်နေသည်ကို သတိထားမိသည်။ သူက ချစ်ရေးချစ်ရာကိစ္စ စိတ်ဝင်စားသည့်သူမျိုးမဟုတ်သော်လည်း အခု သူမနှင့် နေ့တစ်ဝက်ပဲ ဖြတ်သန်းရသေးပေမယ့် သူ သက်တောင့်သက်သာရှိပြီး ငြိမ်းချမ်းသည်ဟု ခံစားရသည်။

ပြီးတော့ ဒီလို အေးချမ်းနေမှုက သူအမြဲတမ်းလိုချင်နေသောအရာဖြစ်သည်။ ကျီနန်ဖုန်း အဝေးသို့ကြည့်ရင်း သူတစ်သက်လုံး ဒီလို နေရလျှင် မဆိုးဟု တွေးမိသည်။

သူ သူမကို မကြည့်တော့မှန်း ချူယောင်းခံစားမိ၍ သူမ ကျီနန်ဖုန်းကို ကြည့်လိုက်သည်။ ဤလူက ကိုယ်ခန္ဓာတောင့်တင်းပြီး အချိုးကျသည်။ ကျယ်ပြန့်သော ပုခုံးနှစ်ဖက် သေးသောခါး။ သူက ၁.၉မီတာလောက်ရှည်သည်။ သူမဘေးတွင် ရပ်နေလျှင် သူ၏တည်ရှိနေမှုက သိသာသည်။

သိသာထင်ရှားသော မျက်နှာ ခန္ဓာကိုယ်အင်္ဂါရပ်များ နှင့် ညိုသောအသား‌အရေက ဒီလူကို ဆွဲဆောင်မှုရှိစေသည်။

ချူယောင်းလည်း တကယ်သက်တောင့်သက်သာခံစားရသည်။ သို့သော် သူက ဘယ်လိုလူစားမျိုးမှန်း သူမ မသိသေး၍သာ။ သူသာကောင်းလျှင် အချိန်တူတူ ကုန်ဆုံးရသည်က အဆင်‌ပြေသည်။

တစ်ခုသာ၊ သူမအခုပုံစံကို လူတွေ တန်ဖိုးမထားတတ်လောက်။ ချူယောင်း သူမအသားများကို ကိုင်ကြည့်ရာ အရင်ကထက်တော့ ပိုနည်းလာပုံပေါ်သည်။

ချူယောင်းကို သတိမထားမိဖို့က ကျီနန်ဖုန်းအတွက် မဖြစ်နိုင်ပေ။ သူ နှုတ်ခမ်းတင်းတင်းစေ့က ချူယောင်းကို မျက်နှာတည်နှင့်‌ ပြောလိုက်သည်။ "ဒါက အဆင်မပြေဘူးလို့ ကိုယ်မတွေးဘူး။ မင်း ကိုယ်အလေးချိန်ချစရာမလိုဘူး"

သူ ဒီ‌အကြောင်း ဘယ်လိုသိသည်ကို ချူယောင်း နားမလည်။ ချူယောင်း နားမလည်သည်ကို မြင်၍ ကျီနန်ဖုန်း သူမကို ရှင်းပြလိုက်သည်။ "အ‌ဖွဲ့ခေါင်းဆောင်ဇနီး ကိုယ့်ကို ‌ပြောလိုက်တာ"

လူတွေက သူမကို မေးကြသည်က ပုံမှန်လိုလိုဖြစ်သည်။ သူမ စိတ်ကြည်လျှင်် အမှန်အတိုင်းပြောပြီး သူမ စိတ်မကြည်လျှင် ဆင်ခြေလျှောက်ပေးလိုက်သည်။

သို့သော်ဒီကိစ္စက ရွာထဲတွင် ပြန့်သွားပြီဖြစ်ကာ ချူယောင်း သိပြီး၍ ခေါင်််းညိတ်လိုက်သည်။ "မစိုးရိမ်ပါနဲ့။ အရမ်းဝတာက ကျန်းမာရေးနဲ့ မညီညွတ်လို့ပါ။ ကျွန်မ အရမ်းပိန်အောင်လည်း လုပ်လို့မရပါဘူး"

ဘယ်မိန်းမက ဝသည်ကို ထိန်းထားချင်လို့လဲ? သူမ ဒီခန္ဓာကိုယ်နှင့် အချိန်တိုင်းမနေချင်ပါ။

"ကောင်းပြီ။ မင်းဘာသာ အဆင်ပြေသလိုချင့်ချိန်ကြည့်" ကျီနန်ဖုန်း အများကြီးမပြောတော့ပေ။ နောက် ထပ်ပြောလိုက်သည်။ "အဒေါ့်ကို စိတ်မဆိုးပါနဲ့။ မင်းကိုယ်‌အလေးချိန်ချတာ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်လို့ပြောတာပါ"

ချူယောင်း ခေါင်းခါလိုက်သည်။ "ကျွန်မက အမှားအမှန်မသိတဲ့ လူစားမျိုးမဟုတ်ပါဘူး။ အဒေါ်က ကျွန်မအပေါ် အရမ်းကြင်နာတာ။ သူတို့အကူအညီကြောင့်သာ ကျွန်မ အခုလိုအေးဆေးနေနိုင်တာ"

ချူယောင်း သူ့ကို အိမ်ခွဲနေစဥ်က အကြောင်းကို ပြောပြရန် မတွေးထားပါ။ သူက တူတူနေလို့ရမရ စစ်ဆေးကြည့်ရန်တွေးထားသည်။ သူက ကျီအိမ်ဘက်က ဟုတ်မဟုတ်သိရန်လည်း လိုသည်။

All Chapters