အခန်း (၅၆)
Vol. 5 Ch. 56
ကျီနန်ဖုန်း တိတ်ဆိတ်နေပြီးမှ ဖရုံသီးကိုလှီးရင်းပြောလိုက်သည်။ " မင်း အရင်ရက်ပိုင်း ခက်ခဲနေမှာပဲ။ အခု မိသားစုက အိမ်ခွဲနေပြီးပြီဆိုတော့ မင်း အသွားအပြန်လုပ်စရာမလိုတော့ဘူး "
ကျီနန်ဖုန်း စကားများက ချူယောင်းကို ပိုသက်တောင့်သက်သာ ခံစားရစေကာ သူမစိတ်ကြည်လာသည်။ သူမ ကျီနန်ဖုန်းကို ဖရုံသီးဆက်လှီးပေးရန် မှာထားလိုက်ပြီး သူမ ဖရုံသီးပန်ကိတ်လုပ်ရန်တွေးလိုက်သည်။
ကလေးနှစ်ယောက် မီးဖိုချောင် လိုက်လာပြီး လီရွှယ်ရှင်း စိတ်ပူ၍ မေးလိုက်သည်။ "အဒေါ်၊ သမီးတို့ကို ကူစေချင်လား?"
" သမီးတို့ ကူတာမလိုသေးဘူး။ သမီးတို့ ဖရုံသီးပန်ကိတ်စားဖူးလား?" ချူယောင်း သူမလက်များကိုဆေးကာ ကြမ်းပြင်ပေါ်က ဖရုံသီးအသေးတစ်လုံးကို ယူလိုက်သည်။ အသေးဖြစ်၍ တစ်ခါတည်း အကုန်ချက်၍ အဆင်ပြေသည်။
ကလေးနှစ်ယောက် ခေါင််းခါလိုက်သည်။ "သမီးတို့မစားဖူးဘူး"
"သမီးတို့ဦးလေး မနက်က ဖရုံသီးတစ်လုံးလုံးချက်လိုက်လား?" ချူယောင်း မနက်က သူမစားခဲ့သော ဖရုံသီးဆန်ပြုတ်ကို ရုတ်တရက် သတိရသွား၍ ဖရုံသီးကျန်သေးလျှင် ထိုအကျန်ကိုသာ သုံးရန်တွေးထားသည်။
"သမီးမသိဘူး။ သမီး ဦးလေးကို သွားမေးလိုက်ဦးမယ်" လီရွှယ်ရှင်း မီးဖိုချောင်မှ ထွက်လာပြီး မေးပြီးနောက် ပြန်လာလိုက်သည်။ ချူယောင်း သူမကို ဘာဖြစ်လို့လဲမေးရန်ကြံစဥ် ကျီနန်ဖုန်း နောက်ကလိုက်လာသည်ကို တွေ့လိုက်သည်။
ကျီနန်ဖုန်း လျှောက်လာလိုက်ရင်းပြောသည်။ "မင်း ဖရုံသီးကို ဘာလုပ်ချင်လို့လဲ?" သူ ကြောင်အိမ်ရှေ့သွားလိုက်ပြီး အထဲမှ ဖရုံသီးတစ်ခြမ်းကို ထုတ်လိုက်သည်။
"ကျွန်မ ဖရုံသီးပန်ကိတ်လုပ်ချင်လို့" ချူယောင်း ပြောရင်း စိတ်လှုပ်ရှားလာသည်။ သူမ ဖရုံသီးကို ယူလိုက်ကာ အစိတ်ကြီးကြီးများများစိတ်လိုက်ပြီး အိုးထဲ ထည့်ပေါင်းလိုက်သည်။
သူမ အရင်က လဲထားသော ကောက်ညှင်းမှုန့်များကို ယူလိုက်သည်။ လဲထားသော ကောင်ညှင်းမှုန့်ကို စားရန်နှမြောနေပြီး သူမလည်း ဘာလုပ်စားရမည်ကို မသိပါ။
အခု သူမ ကောက်ညှင်းမှုန့်နှင့် ဖရုံသီးပန်ကိတ်လုပ်ရန် တွေးထားသည်။ အစာမရှိသော်လည်း ဖရုံသီးပန်ကိတ်ရိုးရိုးက အရသာရှိသည်။
ချူယောင်း ပေါင်းပြီးသား ဖရုံသီးနှင့် ကောက်ညှင်းမှုန့်ကို တူတူ ဆုပ်နယ်လိုက်သည်။ ဆုပ်နယ်ပြီးသားအရောကို အပိုင်းသေးသေးလေးများ လုပ်ပြီးနောက် အိုးထဲ ဆီထည့်ကာ ချူယောင်း အပိုင်းလေးများ ထည့်ကြော်လိုက်သည်။
အညိုရောင်သန်းသွားသော ပန်ကိတ်ကို သယ်ကာ ဆီစစ်ပြီးနောက် အိုးထဲ နောက်တစ်ခုကြော်ရန်ထပ်ထည့်လိုက်သည်။
သူမ ကလေးနှစ်ယောက်အတွက် နှစ်ခုယူကာ ပြောလိုက်သည်။ "သမီးတို့ မြည်းကြည့်ပါလား?"
ကလေးနှစ်ယောက် ပန်ကိတ်ပူပူကို ကိုက်ကြည့်ကြ၍ ချူယောင်းသူတို့ကို သတိပေးဖို့မေ့သွားသည်ကို သတိရသွားသည်။ "ဂရုစိုက်ဦး။ အရမ်းပူတယ်"
ကလေးနှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ "အဒေါ် အရသာရှိတယ်။ အရမ်းပူတာတစ်ခုပဲ"
"ဒါဆို ဂရုစိုက်နော်။ သမီးတို့ အပူမလောင်စေနဲ့" အရသာရှိသည်ကြား၍ ချူယောင်း ဆက်ကြော်လိုက်သည်။
"သမီးတို့ဦးလေးကို တူတူလာစားဖို့ပြောလိုက်ဦး" ချူယောင်း ဖရုံသီးပန်ကိတ်ကို ထမင်းစားပွဲယူသွားရန် သူတို့ကို မှာလိုက်သည်။
လီရွှယ်ရှင်း ပန်ကိတ်ကို ထမင်းစားပွဲပေါ် ယူသွားလိုက်ပြီး လီရွှယ်ရူကို ကျီနန်ဖုန်းအား ခေါ်စေလိုက်သည်။ လီရွှယ်ရူ ဖြေးဖြေးလမ်းလျှောက်ရင်း လက်ထဲကပန်ကိတ်ကိုစားဖို့ကိုလည်း မမေ့ပေ။
သူမ ကျီနန်ဖုန်းဆီ ရောက်သောအခါ သူမပါးစပ်ထဲ ပြည့်နေ၍ ကျီနန်ဖုန်း သူမပြောသည်ကို သေချာမကြားရ။ ကျီနန်ဖုန်း ပြုံးကာ သူမခေါင်းကို ပုတ်၍ ပြောလိုက်သည်။ "သမီးအဒေါ်က ဦးလေးကို ခေါ်တယ်လို့ပြောချင်တာလား?"
လီရွှယ်ရူ ခေါင်းညိတ်လိုက်သည်။ ကျီနန်ဖုန်း ထလိုက်ပြီး သူမလက်သေးသေးကို ကိုင်ကာ ပြောလိုက်သည်။ "အရမ်းအရသာရှိလို့လား? ပါးစပ်ထဲ ပလုတ်ပလောင်းနဲ့"
ကျီနန်ဖုန်း မီးဖိုချောင်ထဲ လျှောက်သွားရာ လီရွှယ်ရှင်းက သူ့ကို ပန်ကိတ်စားရန် ပြောလိုက်သည်။ ကျီနန်ဖုန်း မြည်းကြည့်ရာ တကယ်အရသာရှိသည်။ ပန်ကိတ်ကို တစ်ကိုက်နှင့် ကုန်အောင်စားလိုက်ပြီး လက်ဆေးကာ ပန်ကိတ်နောက်တစ်ခုကို ယူကာ ချူယောင်းကို ခွံကျွေးလိုက်သည်။
ချူယောင်း ပန်ကိတ်များကို ဆက်ကြော်နေတုန်းဖြစ်ရာ ရုတ်တရက် ပန်ကိတ်တစ်ခုက သူမမျက်လုံးထဲ ပေါ်လာသည်။ လက်ပိုင်ရှင်က မည်သူဆိုသည်ကို ချူယောင်း မော့ကြည့်စရာမလိုပေ။ အိမ်တွင် ကလေးနှစ်ယောက်ကလည်း အဲ့လောက်မရှည်ပါ။
ချူယောင်း အနည်းငယ် ရှက်သော်ငြားလည်း သူမ တစ်လုတ်တည်းနှင့် စားနိုင်ကြောင်း ဟန်မဆောင်လိုက်ပါ။ သူမ ဖရုံသီးပန်ကိတ်ကို မစားရသည်မှာ တော်တော်ကြာနေပြီဖြစ်၍နေမည်။ ပန်ကိတ်က လုံးဝမအီဘဲ အရသာရှိသည်။
ချူယောင်း ပန်ကိတ်ကို မြန်မြန်ပြီးအောင်ကြော်ရန်ပြင်လိုက်စဥ် ကျီနန်ဖုန်း သူမကို တားလိုက်သည်။ "မင်းသွားစားနှင့်။ ကိုယ်ကြော်လိုက်မယ်။ မင်း ဘေးမှာနေပြီး ကိုယ့်ကို လိုတာပြောပြ"
ချူယောင်း သူမလက်ထဲက တူကို ကျီနန်ဖုန်းကို ကမ်းလိုက်သည်။ ကျီနန်ဖုန်း တူကို ယူလိုက်ပြီး ပန်ကိတ်ကို ကျွမ်းကျင်စွာ လှန်လိုက်သည်။
ချူယောင်းကြည့်ပြီး ဘာမှစိတ်ပူစရာမလို၍ ပန်ကိတ်ကိုသာ ပျော်ပျော်ရွှင်ရွှင် စားလိုက်သည်။ ပန်ကိတ်အနည်းငယ် စားပြီးနောက် သူမ အနည်းငယ်ပျင်းသွားကာ ပန်ကိတ်ကြော်သည့်အလုပ်ကို ပြန်လက်လွှဲယူချင်သည်။
ကျီနန်ဖုန်း လက်ဝေ့ရမ်းရင်း "ကြော်တာပြီးဖို့ မလိုတော့ဘူး။ မင်း မစားချင်တော့ဘူးဆိုရင် ထိုင်ပြီး ခဏနားနေ"
ချူယောင်း ထိုင်ပြီး ကလေးတွေစားသည်ကိုသာ ကြည့်နေလိုက်သည်။ ကလေးနှစ်ယောက်လုံး သူတို့မျက်နှာတွင်အပြုံးများရှိနေ၍ ချူယောင်းလည်း မနေနိုင်ဘဲ ပြုံးမိသည်။
ကျီနန်ဖုန်း ပန်ကိတ်ကို ကြော်ပြီးသောအခါ ချူယောင်းခွဲဝေလိုက်ပြီး တစ်ချို့ကို တစ်ခြားသူများအား ပေးရန်ကြံလိုက်သည်။ သူတို့အချင်းချင်း ပစ္စည်းအပြန်အလှန်ပေးလိုက်ယူလိုက်နှင့် ထိုမှသာ ဆက်ဆံရေးက အမြဲ ကြာရှည်မည်ဖြစ်သည်။
ချူယောင်း သူမဘာသာသွားမပို့ချင်ပေမယ့် ကျီနန်ဖုန်းက တစ်ချိန်လုံး ပန်ကိတ်များကြော်နေရ၍ သူ့ကို သွားပို့ခိုင်းလို့မဖြစ်ပေ။ ပြီးတော့ သူ စားရန်အချိန်မရသေးချေ။
ချူယောင်း အရင်ဆုံး သူမအိမ်ဘေးက ဝမ်အဒေါ်ကို အရင်ပေးလိုက်သည်။ ဝမ်အဒေါ် ဒီအရာများကိုမြင်၍ ပျော်ရွှင်စွာ ပြောလိုက်သည်။ "အဒေါ့်အိမ်မှာကတည်းက အနံ့ရနေတာ။ သမီးတို့ လူငယ်တွေက ဘယ်လိုလုပ်စားရမှန်း တကယ်သိတာပဲ"
ဝမ်အဒေါ် ပြောပြီးနောက် ချူယောင်းကို ခဏစောင့်ရန်ပြောသဖြင့် ဝမ်အဒေါ်က သူမကို တစ်ခုခုပြန်ပေးချင်မှန်း ချူယောင်းသိသည်။ သူမ ဝမ်အဒေါ်ကို မစောင့်တော့ဘဲ အဖွဲ့ခေါင်းဆောင်အိမ်သို့ အရင်သွားလိုက်သည်။ အဖွဲ့ခေါင်းဆောင်အိမ်ကို သွားသောအခါ ကျီမိသားစုအိမ်ကို ဖြတ်သွားရကာ တစ်မိသားစုလုံးဆူညံနေပြီး သူမကို ဘယ်သူမှ အာရုံမရချေ။
ချူယောင်းလည်း သူတို့အိမ်ကို သိပ်ဂရုမစိုက်ဘဲ အဖွဲ့ခေါင်းဆောင်အိမ်သာ အရင်သွားပို့လိုက်သည်။ နောက် လီထောင်းဟွာအိမ်သို့ သွားလိုက်သည်။
လီထောင်းဟွာ အညိုရောင်ဖရုံသီးပန်ကိတ်ကို ကြည့်လိုက်သည်။ "ဒါက ဖရုံသီးပန်ကိတ်လား? အနံ့ကမွှေးပြီး အရသာရှိမယ့်ပုံပဲ။ ညီမ အရင်က မစားဖူးဘူး"
"ဒါဆို ညီမ အခု စားကြည့်။ ညီမစားပြီး ကြိုက်ရင် အစ်မ နောက် ထပ်လုပ်ပေးမယ်" ချူယောင်း လီထောင်းဟွာကို ဒီကမ္ဘာတွင် သူမ၏အကောင်းဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးပြီဖြစ်သည်။ ဤကမ္ဘာတွင် သူမ၏သူငယ်ချင်းကောင်းဆိုသည်ကလည်း များများစားစားမရှိချေ။ ထိုအထဲတွင် လီထောင်းဟွာက အငယ်ဆုံးဖြစ်ပြီး လီထောင်းဟွာနှင့် စကားပြောရသည်ကို သူမတော်တော် သဘောကျသည်။
"ကျေးဇူးတင်ပါတယ်။ ယောင်းမ။ ယောင်းမကြောင့်သာမဟုတ်ဘူးဆိုရင် ညီမ အရသာရှိတဲ့စားစရာတွေ စားဖူးမှာမဟုတ်ဘူး" လီထောင်းဟွာ ချူယောင်းကို ရယ်၍ ကြည့်လိုက်သည်။
ချူယောင်း ကြာကြာမနေဘဲ အိမ်သို့ပြန်လိုက်သည်။ အပြန်လမ််းတွင် ကျီအမေနှင့် ဆုံမည်ဟု မထင်ထားချေ။ ကျီအမေ တံခါးဝတွင် ရပ်ကာအကုန်လုံးကို အော်ဆဲနေသည်။ အခုချူယောင်းကို မြင်၍ သူမ ဆဲနိုင်မည့်လူလာပြီဟု တွေးလိုက်သည်။
"တစ်ချို့အရှက်မရှိတဲ့ကောင်မတွေကတော့ တကယ်အရှက်လုံးဝမရှိတာ။ သူတို့မိဘတွေကတောင် သူတို့ကို ကြည့်မရတာ။ ငါသာ သူတို့မိဘဆိုရင် ရေတွင်းထဲ ပစ်ချပြီး ရေထဲနှစ်လိုက်ပြီ " ကျီအမေ ချူယောင်းကို ကြည့်ရင်း အော်နေလေသည်။
သူမကို ပြောသည်မှန်း ချူယောင်း မသိပေ။ သူမ လျှောက်သွားလိုက်ပြီး ပတ်ကြည့်ရာ ဘယ်သူမှ မတွေ့၍ သူမကို ပြောမှန်းသိလိုက်သည်။
သူမ ကျီအမေကို ကြည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။ "အဒေါ် ဆက်ဆဲနေရင် အဒေါ်ပါးစပ်ကို အဒေါ် မလိုချင်တော့လို့များလား?"
သူမလက်ထဲက ခြင်းမှ ဆီနံ့ပြင်းပြင်းရ၍ ကျီအဒေါ် ခြင်းကို မနေနိုင်ဘဲ လှမ်းဆွဲလိုက်သည်။ အထဲကို ဖွင့်ကြည့်ရာဘာမှမတွေ့ပေ။
ချူယောင်း ခြင်းကို ပြန်ဆွဲမယူဘဲ မီးဖိုချောင်သို့တစ်ခါတည်းသွားလိုက်ကာ ပစ္စည်းများ ရိုက်ခွဲလိုက်သည်။ ကျီအိမ်တွင် တစ်ယောက်မှ မရှိပေ။ လူတိုင်း ကျီအမေကြောင့် စိတ်ညစ်၍ တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်၍ နေကြသည်။
ကျီအမေ ချူယောင်း မီးဖိုချောင်ထဲ ပြေးသွားသည်ကို မြင်၍ ခြင်းကို ချကာ မီးဖိုချောင်သို့ ပြေးလိုက်သွားလိုက်သည်။ ပစ္စည်းများ ရိုက်ခွဲနေသည်ကို မြင်၍ ပြေးတားလိုက်သည်။
ချူယောင်း ဘာမှဂရုမစိုက်ချေ။ ကြောင်အိမ်သော့ကို ဖျက်လိုက်ရာ အထဲတွင် ဂျုံ ကြက်ဥများသိမ်းထားသည်။ ချူယောင်း ကြက်ဥများကို ပန်းကန်လုံးထဲ ထည့်လိုက်ပြီး ဂျုံအိတ်ကို ယူကာ ထွက်သွားလိုက််သည်။
ကျီအမေ သူမ လိုက်ချင်ရင်တောင် လိုက်မမှီပါ။ ချူယောင်း တံခါးက ခြင်းကို ကောက်လိုက်ပြီး ခြင်းထဲ ပစ္စည်းများထည့်ကာ ပြေးသွားလိုက်သည်။
ကျီအမေ တံခါးတွင် ဖင်ချထိုင်ကာ အော်ငိုနေလေသည်။ အခု သူမ ဘာမလုပ်နိုင်ပေ။ လိုက်လည်း မဖမ်းရဲ။ အဘယ်ကြောင့်ဆိုသော် လိုက်မှီလျှင်တောင် ချူယောင်းက ပိုအားကြီးလောက်သည်။
တစ်ခြားလူများ ကျီအမေ၏ ဤပုံစံကို ကျင့်သားရနေပြီဖြစ်သည်။ လူတိုင်း ကိုယ်ချင်းစာသော်လည်း အနည်းငယ်သာ ဖြောင့်ဖြနိုင်သည်။ ရေရှည် ဘယ်သူမှ အားမပေးနိိုင်ချေ။
ချူယောင်း အိမ်သို့ ခြင်းတစ်လုံးနှင့်ပြန်လာပြီး ခြင်းထဲမှဂျုံ ကြက်ဥများထုတ်လိုက်သည်။ သူမ ပန်ကိတ်လေးသွားပေးရုံနှင့် ဂျုံ ကြက်ဥများရလာ၍ ကျီနန်ဖုန်း အလွန်သိချင်သွားသည်။
ချူယောင်း သူသံသယဖြစ်နေသည်ကို မြင်၍ "ကျွန်မ ဒါတွေအားလုံးကို ရှင့်အိမ်က ရလာတာ။ ရှင့်အမေက တံခါးမှာကျွန်မကို အော်ဆဲနေလို့ ကျွန်မ သူတို့အိမ်ကဂျုံနဲ့ ကြက်ဥတွေ ပြန်ယူလာတာ။ သူမ ကျွန်မကို နောက်တစ်ကြိမ် ထပ်အော်ရဲရင် ကျွန်မ သူမအိမ်ကကြက်မကြီးကို သတ်စားမယ်"
ကျီနန်ဖုန်း အမူအရာ ချက်ချင်း ဖြေလျှော့သွားပြီး အနည်းငယ်ပြုံးကာ ပြောလိုက်သည်။ "မင်း လုပ်တာမှန်ပါတယ်"
"ရှင်ပြောတာ ထူးဆန်းတာပဲ။ ရှင့်မိသားစုက ရှင့်အပေါ် မကောင်းဘူးလား?" ကျီနန်ဖုန်းက အိမ်တွင် ကောင်းကောင်း မနေခဲ့ရသည်ကို သူမ သိသော်လည်း ဒီလို စစ်တပ်ထဲတွင် နှစ်အများကြီး တာဝန်ထမ်းဆောင်ပြီး အိမ်ခဏပြန်လာသောသားကို အနည်းနှင့်အများ အပေါ်ယံ ကောင်းကောင်းဆက်ဆံကြမည်မှာ သေချာသည်။
အပေါ်ယံ ကောင်းကောင်းမဆက်ဆံလျှင်တော့ သူတို့မိသားစုက တော်တော်ငွေမက်သည်ဖြစ်ရမည်။ အနည်းဆုံး သူတို့ သူမအိမ်လာပြီး ကောင်းတာတစ်ခုခု တောင်းမည်မှာ သေချာပေမယ့် အခုထိ ပေါ်မလာသေးပေ။
ကျီနန်ဖုန်း မျက်မှောင်ကြုတ်ကာ ကျီမိသားစု၏ အခက်အခဲများကို စဥ်းစားမိပြီး ခေါင်းကိုက်လာ၍ သူ့နဖူးကို နှိပ်ကာပြောလိုက်သည်။ "တကယ်တော့ အဖွဲ့ခေါင်းဆောင်ကလွဲပြီး ကိုယ်ပြန်လာတာ ဘယ်သူမှမသိဘူး"
ချူယောင်း ဒီလိုဖြစ်မည််ဟု မထင်ထား၍ အလျင်အမြန်မေးလိုက်သည်။ "ဒါဆို ရှင် သူတို့ကို ဘယ်လို ရှောင်လိုက်လဲ? ဒီနေ့မြို့သွားပြီး အိမ်ဘယ်လိုပြန်လာတာလဲ?"
"မနက်က ဘယ်သူမှ မအားတုန်း ကိုယ်မြို့ကိုသွားလိုက်တာ။ အဲ့အချိန်က တော်တော်များများ လယ်ထဲမှာ။ ကိုယ်နေ့လယ်ပြန်လာတော့ တကွေ့တပတ် ပတ်ပြန်လာတာ" နေ့လယ်တွင် တစ်ယောက်ယောက် အိမ်မှာနားနေမည်ကို ကျီနန်ဖုန်းလည်း စိုးရိမ်သည်။
ချူယောင်း သူ့ကို လက်မထောင်ပြီး ချီးကျူးလိုက်သည်။
" တစ်ယောက်မှ ရှင့်အပေါ် ကောင်းမှ မကောင်းတာ။ ဒီလိုဆိုလည်းကောင်းတာပဲ။ မင်းကို နေ့တိုင်း ပြသာနာ လာမရှာလောက်တော့ဘူး"
"ကောင်းပြီ။ ကျွန်မ ဒီနေ့ ဂျုံနဲ့ ကြက်ဥတွေ အလကားရလာတာ။ ဒီည ခေါက်ဆွဲလုပ်စားကြမယ် " ချူယောင်း ခေါက်ဆွဲလုပ်စားရန် ဆုံးဖြတ်လိုက်သည်။
ကလေးနှစ်ယောက် ဒါကို ကြား၍မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်သည်။ သူတို့ပါးစပ်က ဆီများပင် မသုတ်ရသေးချေ။ "အဒေါ်က အရမ်းသဘောကောင်းတာပဲ"
"ဒါဆို သမီးတို့အတွက် အရသာရှိတာလုပ်မကျွေးရင် အဒေါ်က မကောင်းတော့ဘူးပေါ့" ချူယောင်း စိတ်ဆိုးချင်ယောင်ဆောင်လိုက်၍ ကလေးနှစ်ယောက် အမြန်ချော့လိုက်သည်။ "အဒေါ်က နေ့တိုင်း သဘောကောင်းပါတယ်"
ချူယောင်းလည်း သူတို့ကို စနေ၍ တကယ်စိတ်မဆိုးပါ။ ထို့နောက် ပန်ကိတ်များကို သိမ်းလိုက်သည်။ "ပန်ကိတ်တွေက ကောက်ညှင်းမှုန့်တွေနဲ့ လုပ်ထားတာ။ အစာမကြေဖြစ်လိမ့်မယ်။ ဒါကြောင့် နည်းနည်းပဲစား" ကလေးနှစ်ယောက်လည်း သဘောတူလိုက်သည်။
ကျီနန်ဖုန်းလည်း ပန်ကိတ်များစားပြီးနောက် ဖရုံသီးများကိုဆက်လှီးလိုက်သည်။ မှောင်လာပြီဖြစ်၍ သူ မြန်မြန်စိတ်လိုက်သည်။ ဒီနေ့မခြောက်လျှင်လည်း ဆက်လှမ်းထားမည်ဖြစ်သည်။ မနက်ဖြန်နေထွက်လာလျှင် ဆက်ခြောက်မည်။ ဒီမနက် လှီးလိုက်သည်များလည်း မခြောက်သေးပါ။
ချူယောင်း ည ခေါက်ဆွဲစားရန်တွေးထား၍ သူမ ခေါက်ဆွဲဂျုံနယ်ရာတွင် မတော်ပေမယ့် သူမ အားသန်မာ၍ သူမ ခေါက်ဆွဲကို မြန်မြန် ဆုပ်နယ်လိုက်သည်။
ခေါက်ဆွဲကို အိုးထဲထည့်ချက်လိုက်ပြီး ပြန်ဆယ်ကာ အရသာမှုန့်များထည့်ကာ ဆီပူပူလောင်းလိုက်သည်။
ချူယောင်း ဝက်အသည်းကို ငရုတ်မှုန့် ငရုတ်ကောင်းမှုန့်များဖြင့် ကြွပ်ကြွပ်ကြော်ကာ ခေါက်ဆွဲပန်းကန်ထဲ ဝက်အသည်းကြော်ကိုထည့်လိုက်သည်။ စားသည့်လူတိုင်း ချွေးများထွက်ကြသည်။
ကျီနန်ဖုန်းကတော့ စားနိုင်၍ တစ်ပန်းကန်လုံးနှင့် မဝ၍ နောက်တစ်ပန်းကန် တောင်းလိုက်သည်။
ချူယောင်း ခေါက်ဆွဲအများကြီးလုပ်ထားပေမယ့် ပန်းကန်လေးလုံးစာသာ ချက်လိုက်သည်။ ဒီအတိုင်းထားလျှင် ပွကုန်မည်စိုးပြီး ချက်ချင်းပြုတ်ပြီးစားရလည်းလွယ်၍ ပိုမချက်ခြင်းဖြစ်သည်။
ကျီနန်ဖုန်း သူမ ပိုမချက်ထားသည်ကို စိတ်ထဲမထားပါ။ သူ့ဘာသာထပ်လုပ်ပြီး စားကာ ဒီတစ်ခါတော့ ဗိုက်အင့်သွားပြီဖြစ်သည်။