အခန်း (၅၇)
Vol. 5 Ch. 57
ကျီနန်ဖုန်း သူပြန်လာသောအခါ ရွာသားများကို မပြောပါ။ အဖွဲ့ခေါင်းဆောင်မိသားစုသာ ဤအကြောင်းသိသည်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်မိသားစုကလည်း တစ်ခြားသူများအား မပြော၍ လူတော်တော်များများ မသိကြပေ။
ချူယောင်းလည်း ကျီမိသားစု ပြသာနာလာရှာမည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူမ ဘာမှမပြောပေ။ ချူယောင်းက အိမ်သို့ ဂျုံ ကြက်ဥများ သယ်လာ၍ ကျီမိသားစု ပြသာနာထပ်ဖြစ်ကြသည်။
နောက်ဆုံး ချူယောင်း ယူသွားသည်မှန်း သိသွားကြ၍ ဘယ်သူမှ လိုက်မတောင်းရဲချေ။ ဒီတစ်ခုက အရင်တစ်ခုထက် ပိုဆိုးသည်ဟု ကျီအဖေ ခံစားရသည်။
ကျီအမေလည်း ချူယောင်းကို ရန်မရှာရဲ၍ မသွားရဲ။ ကျီမိသားစု အကြီးဆုံးသားကတော့ အရာအားလုံးကို ဂရုမစိုက်တော့၍ မိသားစုကိစ္စများကိုလည်း ဂရုမစိုက်တော့။
ချူယောင်းက ပြသာနာများသည်ဟု ကျီလင်း ခံစားရသော်လည်း သူမ မနက်ဖြန် ပိုက်ဆံသွားတောင်းချင်သေးသည်။ အခု ဘယ်သူမှ ချူယောင်းကိုပြသာနာလာမရှာကြ၍ ချူယောင်း အိပ်ရာပေါ်တွင် လှဲနေရင်း အံ့သြနေသည်။
နောက်နေ့မနက် ချူယောင်း အိပ်ရာမှ ထသောအခါ ကျီနန်ဖုန်း အခန်းတံခါး ပွင့်နေသည်ကို တွေ့လိုက်သည်။ အိပ်ရာပေါ်တွင်ရော မီးဖိုချောင်တွင်ရော တစ်ယောက်မှ မရှိ။ ဒီလူ မနက်စောစောထသည့်ပုံသော်လည်း သူဘယ်သွားလည်း သူမ မသိပေ။
ချူယောင်း ဒီအကြောင်းအရာတွေကို ဂရုမစိုက်ပါ။ မနေ့က အချိန်ဖြုန်းပြီး ပြေးလည်း မပြေးဖြစ်၍ ဒီနေ့တော့ မနေ့ကလို လုပ်၍မရချေ။
ချူယောင်း ခြံထဲမှ ထွက်လာလာခြင်း သူမဆီလာသော ကျီလင်းကို တွေ့သည်။ ကျီလင်း ချူယောင်းကို ပြုံး၍ ကြည့်ပြီး ပြောလိုက်သည်။ "ယောင်းမ မနက်စောစော အပြင်ထွက်မလို့လား"
ချူယောင်း မျက်ခုံးပင့်ကာ သူမကို ကြည့်ရင်း ပြောလိုက်သည်။ "ဘာကိစ္စရှိလို့လဲ?"
"ယောင်းမ ဘယ်သွားမလို့လဲ? ညီမလည်း ယောင်းမနဲ့ သွားရမလား?" ကျီလင်း ချူယောင်းမေးခွန်းကို လုံးဝမဖြေပါ။ အရင်က မတည့်၍ အခု ချူယောင်းကို အတိုင်းအတာ တစ်ခုထိဖားရမည်ဟု တွေးလိုက်သည်။
ကျီလင်း မဖြေသည်ကို မြင်၍ ချူယောင်း ဆက်မပြောတော့ဘဲ သူမဘာသာ ပြေးလိုက်သည်။ ကျီလင်း နောက်ကမြန်မြန်လိုက်ပြီး လွယ်လွယ်လက်လျှော့ဖို့ မတွေးထားပါ။
အစက သူမ မနက်အလုပ်မသွားခင် ဒီကိုလာပြီး ပိုက်ဆံတောင်းမည်တွေးထားသည်။ ဒါမှ မနက်ဖြန်မနက် စျေးသို့စောစောသွားပြီး ပစ္စည်းများ ဝယ်၍ ရမည်။ သူမအချိန်အကြာကြီး လိုချင်နေသာ ပစ္စည်းများအကြောင်းကို တွေးနေသည်။ အခုတလော အသစ်များလည်း ရောက်လာပြီဟု သူမကြားသည်။
ဒါကို တွေးမိပြီး ကျီလင်း အားတက်ကာ အမြန်ပြေးလိုက်သည်။ သို့သော် ချူယောင်းကို ကျော်မပြေးနိုင်၍ နောက်ကနေသာ ဖြည်းဖြည်းချင်း ပြေးလိုက်နိုင်သည်။
ချူယောင်းက ပုံမှန်အတိုင်း ဆက်တိုက်ပြေးနေပြီး ချွေးစထွက်လာသည်။ ကျီလင်းကတော့ နောက်ကပင် ဖြေးဖြေးမလိုက်နိုင်တော့ပေ။ ချူယောင်းက တစ်နေကုန်လုပ်စရာမရှိ၍ ပြေးသာပြေးနိုင်သည်ဟု တွေးပြီး သူမစိတ်ထဲ ချူယောင်းကို မကျိန်ဆဲဘဲ မနေနိုင်။
သူမ ချူယောင်းနောက် မလိုက်နိုင်တော့၍ ချူယောင်းအိမ်သို့သာ လမ်းလျှောက်ပြန်လိုက်ရသည်။ သို့သော် တံခါးများ ခတ်ထား၍ အပြင်တွင်သာ စောင့်နိုင်သည်။
ကျီလင်း အစောကြီးထ၍ အနည်းငယ်အိပ်ချင်နေသည်။ တံခါးတွင်ရပ်ရင်း ခြံတံခါးကို မှီကာ ငိုက်နေသည်။ သူမ ခြံတံခါးကို မှီထားရခြင်းမှာလည်း အကြောင်းရှိသည်။
ချူယောင်းပြန်လာပြီး တံခါးဖွင့်လာလျှင် သူမ တံခါးကို မှီထား၍ ပြန်လာသည်ကို သိနိုင်သည်။ သို့သော် ချူယောင်း ပြန်မလာဘဲ ကျီနန်ဖုန်းသာ တောင်မှ ဖမ်းမိလာသော ရစ်ငှက်ကို ကိုင်ပြန်လာကာ တံခါးကို စောင့်နေသော ကျီလင်းကို တွေ့လိုက်သည်။
နောက် ကျီလင်း မနိုးခင် သူ ငှက်ကို သတ်လိုက်သည်။ အသံမထွက်မိအောင် သတိထားကာ စွပ်ပြုတ်ကို စတင်ချက်လိုက်သည်။
စွပ်ပြုတ်အနံ့က ခြံထဲ ပျံ့လာ၍ တံခါးကို မှီအိပ်နေသော ကျီလင်း အနံ့ရှူကာ မနက်စောစော ဒီလို ကြက်စွပ်ပြုတ်ချက်နေသောသူကို တိတ်တိတ်ကျိန်ဆဲလိုက်သည်။
ချူယောင်း စွပ်ပြုတ်ချက်သည်ဟု ကျီလင််းမထင်ရသည်မှာ တံခါးကို ခတ်ထားသော သော့ကို မဖွင့်ရသေးဘဲ ပြီးတော့ သူမ ဒီနေရာကိုစောင့်နေ၍ အသံလည်း မကြားရသဖြင့် ပြန်လာသေးသည့်ပုံမပေါ်ပေ။
ကျီနန်ဖုန်းကတော့ စွပ်ပြုတ်ပေါင်းသည်သာမက မနေ့ညက လုပ်ထားသော ခေါက်ဆွဲဖြင့် ခေါက်ဆွဲချက်လိုက်သည်။
ထိုအချိန်တွင် ချူယောင်းလည်း အပြင်မှ ပြန်လာ၍ တံခါးကို စောင့်နေသောကျီလင်းကို တွေ့လိုက်သည်။ "ခွေးကောင်းတွေဆိုတာ လမ်းပိတ်မရပ်ဘူး။ ညီမလေးမသိဘူးလား?"
"နင်က ငါ့ကို ပြောရဲတယ်။ ငါ့မိဘတွေကို တိုင်ပြောမယ်"
"ဒါဆိုလည်း တိုင်ပြောလိုက်။ နင့်မိဘတွေ ငါ့ကို ပြသာနာ ရှာရဲလားကြည့်ကြည့်မယ်" ချူယောင်းစကားများကြောင့် ကျီလင်း ပြောစရာရှာမရတော့ပေ။ ကျီလင်း ကြောင်နေတုန်း ချူယောင်း တံခါးကို ဖွင့်လိုက်သည်။ ကျီလင်း သူမလက်ကို ဖမ်းကိုင်လိုက်ရာ သူမ ညစ်ပတ်သောအရာက သူမကိုလာထိသလိုမျိုး ကျီလင်းလက်ကိုဖယ်လိုက်သည်။
"ပိုက်ဆံထုတ်ပေး" ဒါက သဘာဝကျသည့်အတိုင်း ကျီလင်း ပြောလိုက်သည်။ တစ်ခြားသူကို ပိုက်ဆံတောင်းရသည်က ရှက်စရာဟု သူမ မတွေးပါ။
"ငါက နင့်ကို ဘာလို့ ပိုက်ဆံပေးရမှာလဲ? နင့်က မျက်နှာကြီးလို့လား?" ဒီလိုပိုက်ဆံကို မျက်နှာပြောင်ပြောင်တောင်းရဲသည့်သူကို ချူယောင်းတစ်ခါမှ မမြင်ဖူးပါ။ သူမ ကျီလင်းကို ပြုံးရင်းပြောလိုက်သည်။ "ထွက်သွားတော့"
"ယောင်းမ ကျွန်မကို ပိုက်ဆံပေးရမယ်။ ကျွန်မကို ယောင်းမ ဘယ်လောက်အော်အော် ကျွန်မစိတ်ထဲ မထားပါဘူး။ ကျွန်မ အစ်ကိုကိုလည်း ပြန်မပြောပါဘူး။ ဒါပေမယ့် ယောင်းမ ကျွန်မကို ပိုက်ဆံမပေးရင် အစ်ကို့ကို လှမ်းခေါ်ရလိမ့်မယ်" ချူယောင်းက အရမ်းဝ၍ သူမကို ကျီနန်ဖုန်း မလိုချင်တော့မည်ကို အရမ်းကြောက်လောက်မည်ဟု ကျီလင်း ခန့်မှန်းလိုက်သည်။
"ဒါဆိုလည်း နင့်အစ်ကိုကို သေချာပေါက်ခေါ်ပြီး ငါ့အကြောင်းမကောင်းတာပြောလိုက်။ ဒါပေမယ့် အဲ့ဒါဆို နင်ငါ့ကို မရိုက်ရင်တောင် ငါ နင့်ကို သေချာပေါက်ရိုက်မှာ" ချူယောင်း ပြောပြီးနောက် ကျီလင်းသတိမထားမိသည်ကို အခွင့်ကောင်းယူကာ တံခါးကို ပိတ်လိုက်ပြီး သော့ခတ်လိုက်သည်။
ဒေါသထွက်သွားသော ကျီလင်းကတော့ အပြင်တွင်ခြေဆောင့်နေသည်။ ချူယောင်းက ရင်ဆိုင်ရခက်မည်ဟု သူမ မထင်ထားပေ။ ကျီနန်ဖုန်းနှင့် ခြိမ်းခြောက်၍လည်း မရပေ။ သူမ လမ်းလျှောက်ရင်း ကျိန်ဆဲနေလေသည်။ ချူယောင်း အသေဆိုးနှင့် သေပါစေဟု ကျိန်ဆဲရေရွတ်နေသည်။
ကျီနန်ဖုန်းကတော့ ဒါတွေကို မကြားပါ။ သူ မီးဖိုချောင်တွင် ခေါက်ဆွဲချက်နေပြီး အပြင်မှ အသံကြား၍ မေးလိုက်သည်။ "ခုနက ဘယ်သူလာတာလဲ?"
"ရှင့်ညီမ။ သူမကို ကျွန်မက ပိုက်ဆံပေးရမယ်ပြောတယ်။ ကျွန်မ မပေးရင် ရှင်နဲ့တိုင်ပြောမယ်ပြောတယ်" ချူယောင်း ဘာမှမဟုတ်သလိုပေါ့ပေါ့ပါးပါးပြောပြလိုက်သည်။ အိုးထဲက အသားနံံ့ရ၍ အလွန်ဆာလောင်ကာ ဗိုက်ကလည်း အသံထွက်နေပြီဖြစ်သည်။
"မင်း သူမကို ပြောစရာမလိုဘူး" ကျီနန်ဖုန်းလည်း ဒီမိသားစုကို တကယ်မတတ်နိုင်ပေ။
ချူယောင်း ခေါင်းညိတ်လိုက်သည်။ "ရှင် ဘယ်ကငှက်ဖမ်းမိတာလဲ?"
ကျီနန်ဖုန်း တောင်ကို ညွှန်ပြလိုက်သည်။ "ကိုယ်မနက်က ပတ်ကြည့်တုန်း တစ်ကောင်ဖမ်းမိတာ။ အဲ့ဒါကြောင့် ပြန်သယ်လာပြီး စွပ်ပြုတ်ချက်လိုက်တာ။ ခေါက်ဆွဲစွပ်ပြုတ်စားကြရအောင်?"
ချူယောင်း စားချင်ပေမယ့် ကိုယ်အလေးချိန်လည်း ချဖို့လိုနေသေးသည်။ စွပ်ပြုတ်အနံ့ရ၍လည်း သရေမကျဘဲ မနေနိုင်ချေ။ ကိုယ်အလေးချိန်ချရမလား ခေါက်ဆွဲစွပ်ပြုတ်စားရမလား နှစ်ခုကြား ဗျာများနေသည်။
"ကျွန်မ..." ချူယောင်း ငြင်းသည့်စကားမပြောနိုင်၍ မျက်လုံးထဲ မျက်ရည်များနှင့်သာ ခေါက်ဆွဲကို စားလိုက်သည်။ စားပြီးနောက် လေချဥ်တက်သည်။ "အရမ်းကောင်းတာပဲ"
"အသားစားပါလား? အဆီမပါတဲ့ ရစ်ငှက်အသား" ကျီနန်ဖုန်း သူမကို အသားစားရန် အားပေးလိုက်သည်။
ချူယောင်း တစ်မနက်လုံး သည်းခံနေရပြီး ထပ်စားခြင်းမှလည်း သူမကိုယ်ကို သည်းခံနေရသည်။ အခု သူမ အကြိမ်များစွာ ဖြောင့်ဖြခံရ၍ "ဒါဆို ကျွန်မ နည်းနည်းစားလိုက်မယ်။ ကျွန်မ နည်းနည်းစားရင် ကိစ္စမရှိလောက်ပါဘူး"
"ရပါတယ်။ မင်း အခုတလောအရင်ကထက် ပိုပိန်လာတာ" သူမက မနေ့ကထက် ပိုပိန်သည်ဟု ကျီနန်ဖုန်းခံစားရသည်။ ဘယ်လို ပိန်သွားသည်ကိုတော့ သူ မသိပေ။
ချူယောင်း ဤပြောင်းလဲမှု သေးသေးလေးကို သတိမထားမိချေ။ နေရာလွတ်စမ်းချောင်းရေက အသားအရေကို လှပစေရုံမက ခန္ဓာကိုယ်ကိုလည်း အဆိပ်အတောက်ထုတ်ပေးသည်။
ဒီခေတ်ဒီအခါတွင် ဝသည့်လူက ရှားသည်။ မူလပိုင်ရှင်မိသားစုက မချမ်းသာပါ။ သူမ မိဘများ စောစောကွယ်လွန်သွားကာ သူမနှင့်သူမမောင်ငယ်သာ ကျန်ခဲ့သည်။ သူတို့ သူတို့ဦးလေး အဒေါ်နှင့်နေရင်း နှစ်ယောက်အချင်းချင်း မှီခိုဖေးမကြရသည်။ သေချာပေါက် ဦလေးနှင့် အဒေါ်က သူတို့ကို ကောင်းကောင်းမဆက်ဆံပါ။
ဒီခန္ဓာကိုယ်ဝသည်က စားသည်မှာ များ၍မဟုတ်ဘဲ မောင်နှမနှစ်ယောက် တစ်ခါတလေမှ တစ်နပ်စားရပြီး ဆာလောင်နေ၍ မူလပိုင်ရှင်က မောင်ငယ်ကို တောင်ပေါ် မကြာခဏခေါ်ကာ အသိီးရိုင်းမျိုးစုံကို စားလေ့ရှိသည်။ မစားလျှင်လည်း ဆာလောင်နေမည်ဖြစ်၍ စားကြရသည်။ ခန္ဓာကိုယ်က အာဟာရမပြည့်ဝဘဲ အဆိပ်အတောက်များစွာလည်း စုပုံနေသည်။
နေရာလွတ်စမ်းချောင်းရေ၏ အဆိပ်အတောက်ထုတ်ပေးနိုင်သော အာနိသင်က အတော်ကောင်း၍ ချူယောင်း ခန္ဓာကိုယ် အရင်ကထက် ပိုကောင်းလာသည်။ အရင်ကဆိုလျှင် ခန္ဓာကိုယ်က တော်တော်အားနည်းသည်။
"ကျွန်မ နောက်ဆို ဒီလိုစားလို့မရဘူး" ချူယောင်း သူမဗိုက်ကို ပွတ်သပ်ရင်း သူမအရိုးများကို အပြစ်ရှိသလိုကြည့်ရင်း နောက် နည်းနည်းပဲ စားမည်ဟု ဆုံးဖြတ်လိုက်သည်။ ဘယ်လိုလုပ် သူမ မျက်တောင်တစ်ခတ်အတွင်း အများကြီးစားနိုင်ရသနည်း?
ကျီနန်ဖုန်း ပြုံး၍ပြောလိုက်သည်။ "ဟုတ်ပါပြီ။ နောက်မှ လျှော့စား" သူ အခုဒီလိုပြောလိုက်ပေမယ့် နောက် အမြဲ သူ ချူယောင်း ပိုစားဖို့ ဖြောင့်ဖြသည်ဖြစ်သည်။
"မင်း ဒီနေ့ ဘာလုပ်မှာလဲ?" ကျီနန်ဖုန်း မေးပြီးနောက် ခေါင်းငုံ့ကာ ပန်းကန်လုံးထဲမှ ခေါက်ဆွဲကို တစ်ကျိုက်စားလိုက်သည်။
"ဒီနေ့ ဖရုံသီးဆက်လှမ်းမယ် "ချူယောင်း မြို့သို့သွား၍ သူမမှာထားသော ကြက်ပေါက် ဘဲပေါက်များ သွားယူရန်တွေးထားသည်။
သို့သော် သူမ ကျီနန်ဖုန်းကို ကြက်ပေါက်ဘဲပေါက်များ အများကြီး လိုချင်သည်ဟု ပြောရန်မတွေးထားပေ။ သူမ တစ်ကောင်စ နှစ်ကောင်စကိုသာ အပြင်တွင်ထားပြီး ကျန်သည်ကို နေရာလွတ်ထဲ ပစ်ထားရန် တွေးထား၍ ဖြစ်သည်။
"ကိုယ် ဒီနေ့ မြို့ထဲ သွားမလို့။ မင်း ကိုယ်နဲ့ လိုက်ချင်လား?" ကျီနန်ဖုန်း မြို့သို့သွားရန်ပြောသည်။
ချူယောင်း မငြင်းတော့ဘဲ ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကျွန်မ ရှင်နဲ့ သွားမယ်လေ။ ကျွန်မ အရင်ရက်က ကြက်ပေါက်မှာထားတာ။ ကျွန်မ သွားယူရမယ်"
"ကောင်းပြီ" ကျီနန်ဖုန်း စစ်တပ်သွားမည့်အကြောင်း ပြောချင်ပေမယ့် ချူယောင်းက သေချာပေါက် အခု သွားချင်ပုံမပေါ်၍ သူနှုတ်ဆိတ်နေလိုက်သည်။
သူ နောက်မှ ထိုအကြောင်းပြောရန်တွေးထားပြီး အခု သူ့တူလေးကို ရှာမတွေ့သဖြင့် ခေါက်ဆွဲစားပြီး ပန်းကန်များကို မြန်မြန်ဆေးကာ မြို့သို့အမြန်သွားရန်လိုက်သည်။
ကလေးနှစ်ယောက် သူတို့ကို မျှော်ကြည့်ကြသည်။ ကလေးနှစ်ယောက်က မြို့တွင်ကြီးပြင်း၍ သူတို့ ကျီနန်ဖုန်းနှင့် ပုံမှန်အချိန်တွင် လိုက်လျှင် သူမ သူတို့ကို ခေါ်ချင်သည်။
သို့သော် သူမ ဒီနေ့ ကြက်ပေါက် ဘဲပေါက်များ သွားယူမည်ဖြစ်ပြီး လူမြင်မည်ကိုလည်း အကြောက်ဆုံးဖြစ်သည်။ ပြီးတော့ ကျီနန်ဖုန်းက ဘယ်သွားမည်မသိပေ။
ကျီနန်ဖုန်း ကလေးနှစ်ယောက်ကို တောင်းပန်လိုက်သည်။ "ဦးလေးနဲ့ အဒေါ်က ဒီနေ့ လုပ်စရာရှိလို့။ ဒါကြောင့် သမီးတို့ ခေါ်သွားဖို့ အဆင်မပြေလို့။ နောက်တစ်ခါ သေချာပေါက် သမီးတို့ကို ခေါ်မယ်နော်"
ကလေးနှစ်ယောက်ကလည်း အလွန်သိတတ်၍ ဘာမှမပြောပေ။ သူတို့ကို မှာသည့်အတိုင်း နားထောင်သည်။
ကျီနန်ဖုန်း ပန်းကန်များဆေးပြီးနောက် ကလေးနှစ်ယောက်အိမ်တွင် ဂရုတစိုက်နေရန် မှာခဲ့သည်။ နောက် သူတို့နှစ်ယောက် မြို့သို့တူတူသွားကြရာ ကျီနန်ဖုန်း လမ်းမပေါ်က သွားရန်တွေးလိုက်သည်။
"ရှင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ? သူတို့မြင်ရင် ရှင့်မိသားစု ပြသာနာလာရှာတော့မှာ ဒါဆို နေ့တိုင်း အိမ်မှာ အေးချမ်းမှာမဟုတ်တော့ဘူး" ချူယောင်း သူ့လက်ကို ဖမ်းကိုင်လိုက်ရာ ပူနေသော သူ၏ အညိုရောင်လက်ကို အယောင်ယောင်အမှားမှား ပြန်လွှတ်လိုက်သည်။
သူမ အရှက်ပြေ ချောင်းဟန့်လိုက်ပြီး "အဟမ်း။ ရှင့်မိသားစုက ပြသာနာရှာမှာ ကျွန်မကြောက်လို့ပါ။ ဘာမှမဖြစ်တာပိုကောင်းတာမလို့"
"ကောင်းပြီ။ ကိုယ် မင်းပြောတာ နားထောင်မယ်" ကျီနန်ဖုန်း ချူယောင်းကို လမ်းသေးလေးထဲ လျှောက်ရန် ခေါ်သွားလိုက်သည်။ ဒီလမ်းကလေးကို ချူယောင်းမသိပါ။ လမ်းကလေးတွင် လမ်းလျှောက်ရသည်က အလွန်တိတ်ဆိတ်သည်။
တစ်ခုသာ ဤလမ်းကျဥ်းကလေးက တောင်ကိုဖြတ်၍ သွားရသည်ဖြစ်သည်။ တော်သေးသည်က ချူယောင်းခွန်အားလည်း မဆိုးလှ၍ သူမ အရှေ့က လျှောက်သွားသော ကျီနန်ဖုန်းကို မှီနိုင်သည်။ သူတို့ မကြာခင် မြို့သို့ ရောက်သွားသည်။
ချူယောင်း သူနှင့် လမ်းခွဲရန်ပြင်စဥ် ကျီနန်ဖုန်း ပြောလိုက်သည် ။"မင်း လီဝေ မိသားစု ပြန်ဒုက္ခရောက်တာ သွားကြည့်ချင်လား?"
ထိုညက ချူယောင်း လီဝေမိသားစုက လုံးဝမကောင်းဟု ပြောသဖြင့် သူမ သွားကြည့်ချင်လောက်မည်ဟု ကျီနန်ဖုန်းထင်သည်။
တကယ်ပင် ချူယောင်း လီဝေမိသားစုဒုက္ခရောက်နေသည်ကို ကြား၍ မျက်လုံးများချက်ချင်းတောက်ပကာ ကျီနန်ဖုန်းကို အမြန် ဆွဲလိုက်ပြီး မေးလိုက်သည်။ "သူတို့အိမ် ဘာဖြစ်လို့လဲ? ရှင် တစ်ခုခုလုပ်ခဲ့လို့လား? ကျွန်မကို မြန်မြန်ပြောပြ"
"စိတ်မပူနဲ့။ ကိုယ် မင်းကို ပြမယ်" ကျီနန်ဖုန်း သူ့လက်ပေါ်က လက်ကလေးကို ဂရုမစိုက်မိအောင် သတိထားပြီး တစ်ခြားနေရာများကို ကြည့်နေလိုက်သည်။
"ဒါဆို အဲ့ကိုမြန်မြန်သွားကြရအောင်" ချူယောင်း ကြက်ပေါက် ဘဲပေါက်များအကြောင်း ဂရုမစိုက်တော့ပေ။ မကောင်းသောလူများ အပြစ်ပြန်ခံရသည်က စိတ်လှုပ်ရှားဖို့အကောင်းဆုံးဖြစ်သည်။
ကြက်ပေါက် ဝယ်သည်က အရေးကြီးလား? ဒါက ပိုအရေးကြီးသည်။ သူမ နောက် ကြက်ပေါက် ဘဲပေါက်များ မွေးနိုင်ပေမယ့် မကောင်းသောလူများ ပြန်ခံရသည်ကို မြင်လျှင် သူမ နေ့တိုင်း စိတ်ကြည်မည်ဖြစ်သည်။
သူမတစ်ကိုယ်လုံး ပျော်ရွှင်တက်ကြွနေသည်ကို မြင်၍ ကျီနန်ဖုန်း သူမကို ဒီခေါ်လာသည်က မှန်သည်ဟု သိလိုက်သည်။ "မစိုးရိမ်နဲ့။ စောပါသေးတယ်။ ကိုယ်တို့ဖြည်းဖြည်း သွားကြမယ်"
ချူယောင်းခေါင်းညိတ်လိုက်သည်။ ခဏကြာပြီးနောက် သူတို့ လီအိမ်တံခါးသို့ ရောက်သွားကြသည်။