← Chapters

အခန်း (၅၉)

Vol. 5 Ch. 59

အခန်း (၅၉)

Vol. 5 Ch. 59

လီအဒေါ် နားမလည်သည်ကို လီဝေသိသော်လည်း ထပ်ရှင်းမပြချင်တော့ပေ။ သို့သော် သူသိချင်သေး၍ မေးလိုက်သည်။ "အမေ အဲ့လောက်အများကြီး ဘာလို့ ချေးတာလဲ?"

လီအဒေါ် တုံ့ဆိုင်းနေကာ အမှန်အတိုင်းလည်းမပြောချင်ပေ။ သူမ အလွန်အရှက်ရသည်ဟု ခံစားရ၍ဖြစ်သည်။

သူမသား မြို့တွင်နှစ်အများကြီး အလုပ်လုပ်နေပေမယ့် အိမ်မပိုင်သေးသည့်အပြင် အခုအလုပ်ပြုတ်မည်ဟု မထင်ထားပေ။

သူမ စိတ်ညစ်၍ အပြင် လေညှင်းထွက်ခံရာ လမ်းကြားတစ်ခုတွင် သူမကို ကောက်ကျစ်သောမျက်လုံးများနှင့် ကြည့်နေ‌သော လူငယ်တစ်ယောက်ကို တွေ့လိုက်သည်။

အစက သူမ ထိုလူငယ်နှင့် လိုက်မသွားချင်ပေမယ့် သူက စကားထပ်ပြောသည်။ "အဒေါ် အဲ့မှာတကယ်စိတ်ဝင်စားစရာရှိတယ်။ အဒေါ် ပိုက်ဆံရှာလို့ရတယ်"

ပိုက်ဆံရှာနိုင်မည်ကိုကြား၍ လီအဒေါ် မစိုးရိမ်တော့ဘဲ ထိုလူငယ်နောက် လိုက်သွားလိုက်သည်။ သူတို့ လမ်းကြားလေးထဲဝင်ကာ အိမ်အသေးတစ်လုံးထဲ ဝင်လိုက်သည်။ ထိုနေရာတွင် စားပွဲများခင်းကျင်းထားပြီး လူအများ လောင်းကစားလုပ်နေကြသည်။

ဒါကိုမြင်မြင်ချင်း လီအဒေါ် ချက်ချင်း ပြန်ဖို့လုပ်ရာ ထိုလူငယ်က သူမကို တားလိုက်သည်။ "အဒေါ် တစ်ချက်ကြည့်ကြည့်ပါဦး။ ဒါက ငွေရလွယ်တယ်"

ထိုစဥ်က လီအဒေါ် အသိဝင်နေသေးသည်။ "ဒါက လောင်းကစားလုပ်တာ။ ငွေရလွယ်ပေမယ့် ဆုံး‌ဖို့လည်းလွယ်တယ်။ ငါ့ကို မြန်မြန်ပြန်လွှတ်"

"အဒေါ် တစ်ချက်ကြည့်ပြီးမှ ပြန်မပြန်ဆုံးဖြတ်ပါ" လူငယ်က လီအဒေါ်ကို ကိုင်ထားပြီး လီအဒေါ်က ပြန်ချင်နေသည်။ သို့သော် တံခါးပိတ်လိုက်သည်မှာ ကြာပြီဖြစ်ကာ သူမ တံခါးဖွင့်မရ၍ တစ်ချက်လိုက်ကြည့်ကြည့်လိုက်ရတော့သည်။

စားပွဲတော်တော်များများက လောင်းကြေးထပ်နေသောသူများ နိုင်၍ ငွေတော်တော်ရနေသည်ကို မြင်ကာ လီအဒေါ် တက်ကြွလာပြီး သူမ ငွေရှာနိုင်လျှင် သူမသားကို ဝန်ပေါ့စေမည်ဟု တွေးပြီး သူမ ထပ်မတုံ့ဆိုင်းတော့ပေ။

မထင်မှတ်ထားစွာ သူမ ယွမ်၅၀၀ ရှုံးသွားသည်။ အစက သူမ အနည်းငယ်နိုင်သော်လည်း နောက် လောဘကြီးကာ ဆက်တိုက်ငွေချေး၍ လောင်ကြေးထပ်ပြီး ရှုံးကာ အကြွေးတင်သွားခြင်းဖြစ်သည်။

ထို့ကြောင့် သူမ ထိုအကြောင်းကို သူမသားကို မပြောချင်ပါ။ သူသာသိလျှင် သူမကို ပိုစိတ်ဆိုးမည်ကို ကြောက်သည်။

သူ့အမေက သူ့ကို မပြောပြ၍ လီဝေ ပိုစိတ်တိုနေသည်။

သို့‌သော် လီအဒေါ် အမှန်အတိုင်းမပြောဘဲ ပြောလိုက်သည်။"သားယောက်ဖက အပြင်မှာ အရာရှိကြီးဖြစ်နေပြီမလား? သူ့မှာ အသိရှိရင်ရှိမှာပေါ့။ သား သူ့ကို အကူအညီ သွားတောင်းပါလား?"

သူ့အမေ ဘယ်သူ့ကို အကူအညီတောင်းခိုင်းမှန်း လီဝေ မေးစရာမလိုဘဲ နားလည်သည်။ သူ မဲ့ပြုံးပြုံးလိုက်ပြီး "အမေက ကျွန်တော့်ကို တကယ်ကူညီချင်တာမဟုတ်ဘူးဘဲ။ သူ့ကိုသာ အကူအညီသွားတောင်းရင် သူ ကျွန်တော့်ကို သေအောင်ရိုက်မှာ။ အမေက အလုပ်တစ်ခုအတွက်နဲ့ ကိုယ့်သားကိုတောင် မလိုချင်တော့တဲ့ပုံပဲ"

တကယ်လည်း လီအဒေါ် ထိုသို့တွေးသည်ဖြစ်သည်။ သူမတွင် သားများစွာရှိ၍ တစ်ယောက်လျော့သွားသည်က ကိစ္စမရှိဟု တွေးသည်။ သို့‌သော် သူမသား သိသွားမည်ကိုလည်းစိုးရိမ်၍ အမြန်ပြောလိုက်သည်။ "‌အမေက သားအတွက် စဥ်းစားပေးတာပါ။ သား ရွာမှာ အလုပ်မလုပ်နိုင်မှာစိုးရိမ်လို့ပါ"

"ကျွန်တော် ရွာမှာအလုပ်မလုပ်နိုင်လည်း နေစရာအိမ်တော့ရှိတယ်။ ဒီအိမ်က တစ်ခြားသူပိုင်တာ။ ကျွန်တော်က ဘာလုပ်လို့ရမလဲ?" သူ သူ့အမေကို ဖြောင့်‌ဖြနေရသည်မှာ ‌အာခေါင်ခြောက်လှသည်။

"ဒါပေမယ့်..."လီအဒေါ် အခုထိ ရွာမပြန်ချင်သေး။

"ရတယ်။ အမေ မပြန်ချင်လည်း နေကျန်ခဲ့။ ကျွန်တော်တစ်ယောက်တည်း ရွာပြန်လိုက်မယ်" လီဝေ ဒါက ယုတ္တိမရှိသည်ကို သိသော်လည်း သူဆက်‌မပြောချင်တော့ပေ။ သူ့တွင် အခု အကြွေးများစွာ တင်နေပြီး မည်ကဲ့သို့ပြန်ဆပ်ရမည်ကိုလည်း မသိချေ။

လီအဒေါ် ဆက်မ‌ပြောရဲတော့ဘဲ အထုပ်ပြင်ရင်း အလုပ်ရှုပ်သွားသည်။ သူတို့ အထုပ်များကို အောက်ထပ်သို့ ရွှေ့ကြသည်။

သူမ အသက်ကြီးပြီဖြစ်၍ ‌အိပ်ရာခင်းကိုမရင်း လီဝေနောက်ကလိုက်ကာ မညည်းတွားဘဲ မနေနိုင်ချေ။ "မင်းမိန်းမက ပြန်လာပြီး ကူညီရကောင်းမှန်း မသိဘူးလား?"

"သူမ ပြန်မလာတော့ဘူး" လီဝေ သူ့အမေကို ပိုပိုစိတ်မရှည်တော့ပေ။ အရင်ကတော့ သူ သူ့အမေကို သိတတ်စွာ အကုန်‌ပြော‌ပြလေ့ရှိသော်လည်း အခု သူဘာမှမပြောချင်တော့ချေ။

"သား ဘာဆိုလိုချင်တာလဲ? သားတို့နှစ်ယောက်က အရမ်းအဆင်ပြေနေကြတာမလား? သူမက ဘာလို့ပြန်မလာရမှာလဲ?" လီအဒေါ် ထေ့ငေါ့ပြောလိုက်သည်။ သူမ ဒီလိုမိန်းမနှင့် သူမသားကို အိမ်ထောင်ချပေးမိသည်ကို နောင်တရနေသည်။

လီဝေ အေးစက်စက်နှင့်ပြန်ဖြေလိုက်သည်။ " သူမ နောက်ယောကျ်ားနဲ့ လိုက်ပြေးသွားပြီ"

ဒါကို ကြားလိုက်ရ၍ လီအဒေါ် ချက်ချင်း စိတ်လွတ်သွားကာ မျက်လုံးများမှောင်မည်းလာပြီး လှေကားထစ်တွင် တလှိမ့်ထိုးလိမ့်ကျသွားကာ ရှေ့က လီဝေကိုလည်း ဝင်တိုက်လိုက်သည်။

သားအမိနှစ်ယောက် လှေကားထစ်မှ တစ်ခါတည်းအောက်ထပ်ထိ ပြုတ်ကျသွားသည်။ သူတို့နှစ်ယောက်ကို အောက်ထပ်မှ အိမ်နီးချင်းများ တွေ့ကြသည်။

"သွေးတွေအများကြီးပဲ။ သူတို့ကို ဆေးရုံပို့ပေးလိုက်ကြဦး..." ခြံဝင်းထဲ ထိတ်လန့်ဆူညံသွားကာ ထိုသားအမိနှစ်ယောက်ကို ဆေးရုံသို့ ပို့လိုက်ကြသည်။ နောက် သူတို့မိသားစုကိုလည်း အကြောင်းကြားလိုက်သည်။

လီအဒေါ်၏ ခင်ပွန်းနှင့်သားများ ဆေးရုံသို့ရောက်လာကြသည်။ လီအဒေါ်၏ ခင်ပွန်းက ရိုးသားသည့်ပုံပေါ်ကာ သူတို့အ‌ခြေအနေကို ဆရာဝန်အား မေးလိုက်သည်။

"အဒေါ်က အသက်ကြီးပြီဆိုတော့ ဆေးရုံဆင်းရင် ဂျိုင််းထောက်သုံးရလိမ့်မယ်။ နောက်ပြန်ကောင်းသွားရင်တော့ အများဆုံး ‌လမ်းလျှောက်ရင် နည်းနည်းခက်တာပဲဖြစ်မှာပါ"

ဒါကို ကြား၍ လီအဒေါ်၏ခင်ပွန်း စိတ်အေးစွာသက်ပြင်းချလိုက်သည်။ သူမ အိပ်ရာထဲ လဲ‌မနေရဘူးဆိုလျှင် အဆင်ပြေသည်။

သူတို့က သူတို့သားများနှင့် ချွေးမများကိုသာ မှီခိုနေရ၍ အခု မြို့ကသားက အလုပ်ပြုတ်သွား၍ သူ့ဇနီးလည်း အခက်ကြုံမည်ဖြစ်ကာ သူတို့ စောင့်ရှောက်နိုင်မှာမဟုတ်။

လီအဒေါ်သာ အိပ်ရာပေါ် လဲ‌လျှင် သားနှင့်ချွေးမက တစ်ရက်နှစ်ရက် ညည်းတွားမည် မဟုတ်သော်လည်း တစ်လနှစ်လဆိုလျှင် ကြည်ဖြူမည်မဟုတ်တော့ကာ နှစ်အနည်းငယ်ကြာလျှင် သူတို့သေသေရှင်ရှင် ဂရုစိုက်ကြတော့မည်မဟုတ်ဟု ခန့်မှန်းနိုင်သည်။

ထို့ကြောင့် အခု ဘယ်သူမှတာဝန်မပိ၍ လီအဒေါ်၏ ခင်ပွန်းစိတ်အေးသွားခြင်းဖြစ်သည်။

"ဆရာ။ ကျွန်တော့်သားအခြေ‌အနေကရော သူဘယ်တော့ ဆေးရုံဆင်းရမလဲ?" လီအဒေါ်ပင် အခြေ‌အနေကောင်း၍ လူငယ်ဖြစ်‌သော လီဝေလည်း ဘာမှမဖြစ်လောက်ဟု သူ တွေးသည်။

ဆရာဝန် သူတို့သားအဖများကို တစ်ချက်ကြည့်ပြီး "ဦးလေးသားကတော့ ပိုအခြေ‌အနေဆိုးတယ်။ အခုထိ နိုးမလာသေးဘူး။ တကယ်လို့နိုးလာရင်တောင် ကောင်းကောင်းလှုပ်နိုင်မှာမဟုတ်ဘူး"

ဒါကို ကြား၍ လီမိသားစုဝင်များ‌ ကြောင်သွားကြသည်။ ဆရာဝန် သူတို့ကို သေချာရှင်းပြပေးလိုက်သည်။

ထိုအကြောင်းကြောင့် လီဝေနှင့်ပတ်သက်၍ ဘယ်လိုလုပ်ရမည်ကို မိသားစုဝင်များ နေရောညရော အငြင်းပွားကြသည်။ လီဝေ၏အစ်ကိုနှင့် မရီးများက သူ အိမ်ထောင်ကျပြီးဖြစ်၍ သူ့ဇနီးနှင့်သာ ပစ်ထားသင့်သည်ဟု ပြောကြသည်။

လီအဒေါ်က သူ့ဇနီးက သူ့ကို ထားခဲ့သည့်အကြောင်းပြောပြလိုက်၍ သူတို့ ဘာမှမတတ်နိုင်ဘဲ လီဝေကို အိမ်သို့သာ ပြန်ခေါ်သွားလိုက်ကြသည်။

သတင်းအမြဲနားစွင့်နေ‌သော ကျီနန်ဖုန်း ဒီသတင်းကိုကြား၍ သူတို့က သူတို့ဘာသာ ဒီလိုကြီးမားသည့်မတော်‌တဆဖြစ်ကြမည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့‌သော် ဤအကြောင်းအရာများက နောက်မှဖြစ်ပျက််သည်ဖြစ်သည်။ ထိုနေ့က ချူယောင်း လီအိမ်မှ ထွက်လာပြီး ကျီနန်ဖုန်းနှင့် လမ်းခွဲသွားချင်ပေမယ့် ကျီနန်ဖုန်းက သူမတစ်ယောက်တည်းဖြစ်မည်ကို စိုးရိမ်သည်။

သူတို့ အရောင်းအဝယ်လုပ်ရာ လမ်းကြားရောက်သောအခါ ချူယောင်း ကျီနန်ဖုန်းကို မှာလိုက်သည်။ "ရှင် ဒီမှာပဲ ကျွန်မကို စောင့်နေနော်။ ဒီကိစ္စကို တစ်ခြားသူတွေကို မပြောဘူးလို့ ကျွန်မ ‌သူဌေးကို ကတိပေးထားလို့်"

"မရဘူး။ ကိုယ်ပါ မင်းနဲ့လိုက်ဝင်မယ်။ ကိုယ် မလှမ်းမကမ်းနေရာမှာ ရပ်စောင့်နေမယ်" ကျီနန်ဖုန်း တစ်ဆင့်လျှော့ပေးသည်ဖြစ်ပြီး ထပ်လျှော့မပေးတော့မှန်း ချူယောင်းသိ၍ သူပြောသည်ကို သဘောတူလိုက်သည်။

သူတို့ လမ်းကြားထဲ အတူတူလျှောက်သွားလိုက်ပြီး တစ်နေရာတွင် အသားရောင်းသူ၏ စားပွဲတွင် အရိုးအနည်းငယ်ကျန်ကာ ဘေးတွင်လည်း ဝက်အသားအကြီးတစ်တုံး ဝက်ခြေထောက်တစ်ချောင်းရှိသည်ကို တွေ့လိုက်သည်။

ချူယောင်း ရောက်လာသည်ကို မြင်၍ အသားရောင်းသူ သူမကို အမြန်နှုတ်ဆက်လိုက်သည်။ "ညီမ လာ။ ညီမဖို့ အစ်ကို အသားချန်ပေးထားတယ်"

ဝက်သားအပြင်လည်း ဝက်ခြေထောက်လည်းရှိသည်ကို ချူယောင်းမြင်၍ ထပ်မေးလိုက်သည်။ "သူဌေးကို ကျွန်မ မေးထားတဲ့ ကြက်ပေါက်ဘဲ‌ပေါက်တွေရော?"

အသားရောင်းသူ ပတ်ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ရပ်နေသော ကျီနန်ဖုန်းမှ လွဲ၍ ဒီနေရာကို ဘယ်သူမှ သတိမထားမိပေ။

"ညီမ အဲ့ဒီလူကိုသိလား?" ‌အသားရောင်းသူ ကျီနန်ဖုန်းကို ညွှန်ပြလိုက်သည်။

"အို။ အဲ့ဒါ ကျွန်မခင်ပွန်း။ သူဌေး စိတ်ပူစရာမလိုဘူး" ချူယောင်း အာမခံပေး၍ အသားရောင်းသူ စိတ်အေးသွားကာ သူမကို အိမ်ထဲအမြန်ဝင်ရန် ဖိတ်လိုက်သည်။

သူတို့အိမ်ထဲ ရောက်သောအခါ ထောင့်တွင်ကပ်ထားသော ကြက်ပေါက်ဘဲပေါက်များကို အသားရောင်းသူ ချူယောင်းကို ကမ်းပေးလိုက်သည်။ "အဆင်ပြေလားကြည့်ကြည့်။ အိမ်ရောက်မှ တစ်ခုခုဆို ပြန်ပြောလို့မရဘူး"

ချူယောင်း ကြည့်ကြည့်ရာ အကောင်ပေါက်လေးများက ထွားကျိုင်းကာ ခုန်ပေါက်နေသည်ကို မြင်၍ သူမကျေနပ်သွားကာ ‌အကောင်ပေါက်ဖိုးကုန်ကျငွေရော အပြင်က ဝက်သားကုန်ကျငွေရောပေးလိုက်သည်။ "သူဌေး ကျွန်မကို ဝက်ခြေထောက်လည်း ရောင်းနိုင်မလား?"

"ရတယ်"

"ဟုတ်ပြီ။ ဒါဆို စားပွဲပေါ်က အရိုးတွေပါမကျန် ကျွန်မအကုန်ယူမယ်။" ချူယောင်း တစ်ခါတည်းနှင့် အများကြီးဝယ်လိုက်သည်။ နောက် ဘယ်သူမှ သတိမထားမိခင် ခြင်းထဲကြက်ပေါက်သုံး‌ကောင်ပဲ ချန်ကာ ကျန်သည်ကို နေရာလွတ်ထဲ ပစ်လိုက်သည်။ နောက် ခြင်းကို ပြန်ဖုံးလိုက်သည်။

ချူယောင်း ကျီနန်ဖုန်းကို အသားကူသယ်ပေးရန် ပြောလိုက်သည်။ အသားရောင်းသူ ကျီနန်ဖုန်းအတွက် အသားကို ထုပ်ပေးရင်း သူတို့နှစ်ယောက်ကို သေချာကြည့်ကာ နောက် ချူယောင်းကို ပြောလိုက်သည်။ "ဒီလိုချောမောခန့်ညားတဲ့ ခင်ပွန်းကိုရထားတာ ညီမ တော်တော်ကံကောင်းတာပဲ"

ချူယောင်း အနည်းငယ်ပြုံးကာ ပြောလိုက်သည်။ "ချီးကျူးတဲ့အတွက် ‌ကျေးဇူးတင်ပါတယ်" သူမကိုတော့ ဝသည်သာမြင်သည်ကို ချူယောင်း သိသည်။

ကျီနန်ဖုန်းက သူမအများကြီး ဝယ်သည်ကို ဘာမှ‌မပြောပေ။ တစ်ချိန်လုံး သူ့မျက်နှာက စိတ်မရှည်ခြင်းမျိုးမရှိ၍ ချူယောင်း သဘောတကျ ခေါင်းညိတ်လိုက်သည်။

နောက် ချူယောင်း သဘောအတိုင်း ကျီနန်ဖုန်း အိမ်ပြန်ပြန်ရောက်ရောက်ချင်း ဝက်ခြေထောက်အမွှေးများကို မီးမြိုက်လိုက်သည်။

ချူယောင်း ခြင်းထဲမှ ကြက်ပေါက်များကို ထုတ်လိုက်ရာ ကလေး‌နှစ်ယောက်အလွန်ပျော်ကြသည်။ ချူယောင်း သူတို့ကို တာဝန်ပေးလိုက်သည်။ "သမီးတို့ ဒီကြက်ပေါက်လေးတွေကို သေချာမွေးပေးရမယ်နော်။ အဒေါ်တို့ ကြက်ဥစားရဖို့က သမီးတို့တာဝန်ဖြစ်သွားပြီ"

"အဒေါ် စိတ်မပူပါနဲ့။ သမီးတို့ ဒီကြက်ပေါက်လေးတွေကို သေချာပေါက် ဥများများဥအောင် ‌စောင့်ရှောက်မှာပါ"

ကလေးနှစ်ယောက် စိတ်ဝင်တစားနှင့် ကြက်ပေါက်လေးများကို အိမ်က မ‌ကောင်းသည့် အသီးအရွက်များ ပစ်ကျွေးလိုက်သည်။ ချူယောင်း နေရာလွတ်မှ ဂေါ်ဖီများထုတ်ထားပြီး အချဥ်စိမ်မလုပ်ရ‌သေး၍ မ‌ကောင်းတော့သောဝါနေသော ဂေါ်ဖီများကို ကလေးများ ကြက်ပေါက်တွေကို ချကျွေးလိုက်သည်။

ကလေးနှစ်ယောက်လည်း သူတို့တာဝန် ပြီးသွားသည်ကို၍ ချူယောင်းလည်း ညစာစချက်လိုက်သည်။ သူမဝယ်လာသောဝက်သားကို အိုးထဲပစ်ထည့်ပြီး ရေနှင့်ခဏပြုတ်ကာ ပြန်ဆယ်၍ အတုံးသေး‌သေးလေးများတုံးလိုက်သည်။

ဝက်သားကို နှပ်ချက်မည်ဖြစ်ပြီး ဝက်ခြေထောက်ကိုလည်း ပဲပိစပ်ဖြင့် နှပ်ရန် တွေးထားသည်။

သို့သော် အိမ်တွင် ပဲပိစပ်မရှိ၍ ချူယောင်း ဖရုံသီးတစ်လုံးယူကာ ဘေးအိမ်က ဝမ်အဒေါ်ဆီက ပဲပိစပ်နှင့် လဲပြီး ပြန်လာလိုက်သည်။

ပဲပိစပ်နှင့် ဝက်ခြေထောက်တွဲ၍နှပ်သည်က အလွန်အရသာရှိသည်။ အနှစ်ကိုလည်း ထမင်းနှင့်စား၍ ပြေသည်။ ချူယောင်း တွေးပြီ သရေယိုနေသည်။

ထမင်း ကျက်တော့မည်ဖြစ်‌သော်လည်း ချူယောင်း ဘယ်အနှစ်နှင့် ထမင်းကို ရောရမည်ကို မသိ‌သေးပေ။ နောက် အနှစ်နှစ်မျိုးလုံးနှင့် ထမင်းရောလိုက်သည်။ ချူယောင်း ထမင်းရော ဝက်ခြေထောက် ဝက်သားများရောအများကြီးစားလိုက်သည်။

တစ်မိသားစုလုံး ပါးစပ်များတွင် ဆီများဖြင့်ပြည့်နေကာ ဤအချိန်တွင် ‌တစ်ယောက်ယောက်် သူတို့အိမ်ရောက်လာလျှင် သူတို့ပါးစပ်ကို ကြည့်ရုံနှင့် သရေယိုနိုင်သည်။

ကလေးနှစ်ယောက်လည်း တစ်ယောက် ထမင်းနှစ်ပန်းကန်စီစားကြကာ ကျီနန်ဖုန်းကတော့ ဟင်းပွဲများကိုပါ အပြတ်ဖြတ်စားလိုက်၍ တစ်မိသားစုလုံး ဗိုက်အင့်ကာ လှုပ်ပင်မလှုပ်နိုင်တော့ချေ။

All Chapters