← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

ချူယောင်း ထိုင်ခုံပေါ် မှီနေကာ လုံးဝမလှုပ်ချင်တော့ပေ။ ကျီနန်ဖုန်းကတော့ ပန်းကန်များဆေးကာ ရေပူသွားတည်လိုက်သည်။ သူ ကလေးနှစ်ယောက်ကို ရေအရင်ချိုးရန် ပြောလိုက်ပြီး ရေသယ်ပေးလိုက်သည်။

ချူယောင်း‌ နေရာလွတ်ကရေ သုံးသည်ကို သိကြမည်စိုး၍ မသုံးရဲပေ။

ကလေးနှစ်ယောက် သူတို့ဘာသာ ရေချိုးကြသည်။ သူတို့ ဒီအိမ်ရောက်ပြီး နောက်တစ်နေ့ ချူယောင်း ရေချိုးပေးသည်မှ လွဲ၍ ကလေး‌နှစ်ယောက် နောက် သူတို့ဘာသာရေချိုးကြသည်။ ထို့ကြောင့် စိတ်ပူစရာမလိုပေ။

ဒီလိုဘဝက ကောင်းသည်ဟု ချူယောင်း တွေးသော်လည်း ကံမကောင်းစွာ ဒီလူက အိမ်တွင် ကြာကြာမနေဘဲ မကြာခင် ပြန်သွားရလောက်သည်။

ကျီနန်ဖုန်း ရေသယ်ပြီးပြန်လာမှ ချူယောင်း သူ့ကို ပြောလိုက်သည်။ "ကလေးနှစ်ယောက် ကျောင်းသွားရမယ်။ ရှင် မနက်ဖြန် သူတို့ကို ကျောင်းသွားအပ်ကြည့်ပါလား?"

ချူယောင်း အဖွဲ့ခေါင်းဆောင်ကို အမြဲမေးကြည့်ချင်ပေမယ့် သူမ တစ်ခါမှ မေးဖို့အခွင့်အရေးမရခဲ့ပေ။ ‌အခု ကျီနန်ဖုန်း ပြန်လာ၍ သူ့ကို ဖြေရှင်းခိုင်းရမည်။

"အဲ့အကြောင်းနဲ့ပတ်သက်ပြီး ကိုယ်မင်းကို ပြောချင်နေတာ" ကျီနန်ဖုန်း ရေပုံးကို ချထားလိုက်ပြီး ထိုင်ခုံတစ်ခုဆွဲယူကာ သူမရှေ့ထိုင်ကာ မျက်နှာကတော့တည်နေသည်။

သူ အရမ်းတည်နေသည်ကို မြင်၍ ချူယောင်းလည်း ပိုတည်တည်ငြိမ်ငြိမ် နေလိုက်သည်။ သူတို့် တစ်ယောက်နှင့် တစ်ယောက် ရုပ်တည်နှင့် ကြည့်နေကြကာ ချူယောင်း အခုက အနည်းငယ် ကြောင်တောင်တောင်နိုင်ကာ ရယ်စရာကောင်းသည်ဟု ထင်၍ ထ‌အော်ရယ်လိုက်သည်။

ကျီနန်ဖုန်းအမူအရာလည်း နူးညံံ့သွားကာ သူ ပြောလိုက်သည်။ "ကိုယ် မင်းကို မင်းအနာဂတ်အကြောင်း ပြောချင်လို့"

ချူယောင်းလည်း ဤကိစ္စက အလွန်အရေးကြီးသည်ဟု ခံစားရ၍ သူမ တည်ငြိမ်စွာပြောလိုက်သည်။ "ရှင်ပြောလေ။ ကျွန်မ နားထောင်မယ်"

"မင်း ကိုယ်နဲ့ စစ်တပ်ထဲ လိုက်ချင်လား?" ကျီနန်ဖုန်း မေးရာတွင် သူ့လေသံထဲ အနည်းငယ်မျှော်လင့်နေသည်ကို သိနိုင်သည်။

ချူယောင်း နားလည်သော်လည်း သူမ အလွန်တုံ့ဆိုင်းနေကာ ဘာပြန်ပြောရမည်မသိခဲ့ပေ။ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက အရမ်းမကောင်းသေးသည်က သိသာသည်။ စစ်တပ်ထဲ သွားပြီးမှ ပိုဆိုးသွားလျှင်ရော?

ပြီးတော့ ရထားစီးရသည်က လူကြပ်ပြီး မည်မျှနှေးသည်ကို ချူယောင်း တွေးမိပြီး သူမ ခေါင်းကိုက်လာသည်ဟု ခံစားရသည်။

"ကျွန်မ ဒါကို တွေးကြည့်ကြည့်မယ်" ချူယောင်း တိကျသော အဖြေမပေးပေ။ သူမ လုံးဝမစဥ်းစားဘူးဟု ထင်‌သွားအောင် မြန်မြန်လည်း မငြင်းချင်ပေ။

ကျီနန်ဖုန်း အနည်းငယ် စိတ်ပျက်သွားသော်လည်း သူနားလည်သည်။ သူ ဂေါ်ဖီထုပ်ကိုသာ ကူဆေးပေးလိုက်သည်။

ချူယောင်း ဒီနေ့ ဂေါ်ဖီထုပ်ဆေးရန် တွေးထားပြီး မနက်ဖြန်မနက် အချဥ်စိမ်ရန် စဥ်းစားထားသည်။ ဂေါ်ဖီထုပ်အချဥ်စိမ်က အရသာကောင်းသည်။

အသားနှပ်နှင့် အချဥ်စိမ်၊ ဝက်ကလီစာကြော်နှင့် အချဥ်စိမ်၊ အချဥ်စိမ်နှင့် လုပ်ထားသော ပေါက်စီ သူတို့အားလုံးက အလွန်အရသာရှိ၍ ချူယောင်း တွေးရင်း သရေယိုနေသည်။

သူမ လက်လှုပ်ရှားမှုက ဘယ်လောက်မြန်မြန် ကျီနန်ဖုန်းဂေါ်ဖီထုပ်ဆေးသည့် နှုန်းလောက်တော့ မမြန်ပါ။

"မနက်ဖြန် ကိုယ် မင်းအမေအိမ်သွားတာကို အဖော်လိုက်‌ပေးမယ်လေ?" ကျီနန်ဖုန်း ဤအ‌ကြောင်းကို ပြောချင်ပေမယ့် သူ အိမ်ပြန်ရောက်ပြီး နှစ်ရက်အတွင်း လုပ်စရာများရှိ၍ အခုမှ ပြောနိုင်သည်။

သူပြောသည်ကို ကြား၍ ချူယောင်း မူလပိုင်ရှင်မိသားစုအ‌ကြောင်းကို သတိရသွားသည်။ မူလပိုင်ရှင်မိသားစုအကြောင်းကို တွေးမိရုံနှင့် ခေါင်းကိုက်၍ ချူယောင်း ဤအကြောင်းကို ‌မတွေးဘဲနေခြင်းဖြစ်သည်။

သို့သော် သူတို့က မူလပိုင်ရှင်မိသားစုဖြစ်၍ သူမ သွားတော့ကြည့်ရဦးမည်။ သူမ တစ်ချိန်လုံးရှောင်လွှဲနေပေမယ့် မူလပိုင်ရှင်၏ မောင်ငယ်က ထိုနေရာတွင် ရှိသေးသဖြင့် သူမမသွားဘဲ နေ၍လည်း မဖြစ်သေးပေ။

ချူယောင်း သက်ပြင်းချကာ "ကောင်းပြီ။ ဒါပေမယ့် ကျွန်မ ကလေးနှစ်ယောက်ကိုတော့ ခေါ်မသွားဘူး" ထိုလူများကို သူတို့ဘာသာတောင် ရင်ဆိုင်ရခက်ခဲသဖြင့် ကလေးနှစ်ယောက်ကို ခေါ်သွားလျှင် ကလေးနှစ်ယောက်ကို စိတ်ပူနေရမည်ဖြစ်သည်။

ကျီနန်ဖုန်း ဘာမှမပြောပေ။ သူ မနက်ဖြန် ‌ကလေးနှစ်ယောက်အတွက် စားစရာများပြင်ထားပြီး အိမ်တွင်သာ ဆော့ခိုင်းမည်ဟုသာ ပြောသည်။

သူတို့နှစ်ယောက် ဂေါ်ဖီထုပ်တစ်အိုးကို ဆေးပြီးသောအခါ ကျီနန်ဖုန်း ချူယောင်းကို အမြန်နားခိုင်းလိုက်ကာ သူ့ဘာသာ ပစ္စည်းများသိမ်းလိုက်သည်။

အစက ကျီနန်ဖုန်း သူ့ဘာသာ ဂေါ်ဖီဆေးချင်ပေမယ့် ချူယောင်း ခွင့်မပြုပေ။ တော်တော်လည်း စောသေး၍ သူမ အိပ်မရမည့်အတူတူ ဂေါ်ဖီထုပ်ဆေးသည်က အကျိုးရှိသည်ဟု တွေးလိုက်သည်။ နေရာလွတ်က အစေ့များကလည်း တလောကမှ ပျိုးကျဲထား၍ ဘာမှ လုပ်စရာမလိုသေးချေ။

ချူယောင်း သန်းဝေကာ ကျန်သည်ကို ကျီနန်ဖုန်းနှင့် ပစ်ထားလိုက်သည်။ ကျီနန်ဖုန်း ပစ္စည်းများကို သေချာသိမ်းကာ ချူယောင်းကတော့ အိပ်ပျော်သွားပြီဖြစ်သည်။

ဤနေရာက သူမအရင်ဘဝထက် ပိုကောင်းသည်ဟု ခံစားရသည်။ သူမ အိပ်ရာစောစောဝင်လို့ရပြီး စောစောထရသည်။ သူမ အရင်ဘဝက အရုဏ်တက်သည်အထိ ဖုန်းသုံးကာ အိပ်ရာဝင်ဖို့သတိမရပေ။ အခုတော့ သူမ အိပ်ရာပေါ် ထိုင်ရုံနှင့် အိပ်ပျော်နိုင်သည်။

ကျီနန်ဖုန်း ပစ္စည်းများသိမ်းကာ အိပ်ရာဝင်ရန်ကြံစဥ် သူ ခြံအပြင်မှ အသံများကြား၍ တံခါးနောက် အမြန်ပုန်းလိုက်သည်။

လူတစ်ယောက်အထက်ရောက်လာ၍ သူတို့အိမ်ကို ဘယ်သူက ဒီလောက်စိတ်ဝင်စားသည်ကို သူနားမလည်ပေ။ ပြီးတော့ သူတို့က ညလယ် ဒီကို ရောက်လာကြသည်။

တံခါးအပြင်က လူက စတင်လှုပ်ရှားနေသည်ကို ကျီနန်ဖုန်း ‌သေချာကြားရသည်။

"ဒီမိသားစုက အရမ်းချမ်းသာတယ်လို့ ငါတို့ကြားတယ်။ ပြီးတော့ မိန်းမတစ်ယောက်ပဲ ရှိတာတဲ့" ဒါကို ပြောသည့်သူက နှုတ်ခမ်းမွှေးနှင့် လူလတ်ပိုင််းအမျိုးသားတစ်ယောက်ဖြစ်ကာ သူ့နောက်တွင် ညီငယ်များပါသည်။

ညီငယ်က သူ့အကိုကြီးကို ကြည့်ကာ "အစ်ကိုကြီး။ အဲ့ကောင်လေးက ဘာဆိုလိုချင်တာလဲ? သူလိမ်နေတယ်လို့ ကျွန်တော်ဘာလို့ တွေးမိနေတာလဲ?"

သူတို့ထဲက အစ်ကိုကြီးတစ်ယောက်အနေနှင့် သူ ဤနုံအသောညီငယ်များကို ကြည့်ကာ ခေါင်းခါလိုက်သည်။ "သူပြောတာမှန်မှန် မမှန်မှန် ငါတို့ ရောက်နေပြီးပြီ အခုမှ ပြန်သွားရမှာလား?"

ထိုညီငယ်များလည်း ခေါင်းလိုက်ခါသည်။ ခဏကြာရင်တော့ မှန်မမှန် သိနိုင်မည်။

"ကောင်းပြီ။ မင်းတို့ ဝင်သွားရင် လူတွေမနိုးအောင် အသံကိုတိုးနော်။ ငါတို့ပစ္စည်းပဲခိုးမှာ။ လူမခိုးဘူး" သက်လတ်ပိုင်းအမျိုးသား သတိထား၍ပြောလိုက်သည်။

သူတို့တံခါးကို တွန်းဝင်သွားရာ ရှေ့ကဦးဆောင်သောအမျိုးသားကို ကျီနန်ဖုန်း ခြံထဲ တစ်ခါတည်းရောက်အောင်ကန်လိုက်သည်။ နောက်က ခိုးဝင်မည့်ညီငယ်များ သူတို့အစ်ကိုကြီးပုံစံကို မြင်၍ ကြောင်သွားသည်။

ကျီနန်ဖုန်း သူတိို့ကို မကြည့်ဘဲ "မင်းတို့အရိုက်မခံချင်ဘူးဆိုရင် နံရံမှာ ထိုင်ထသွားလုပ်လို့ရတယ်"

ထိုစကားထွက်လာပြီးပြီးချင်း ထိုလူငယ်များ ချက်ချင်းနံရံသို့ပြေးသွားကာ သူတို့ သူတို့လက်ကို နံရံပေါ် အလွန်ယဥ်ကျေးသည့်ပုံစံ တင်လိုက်ပြီး ခေါင်းမော့ကာ ကျီိနန်ဖုန်းကို ကြည့်လိုက်သည်။

ကျီနန်ဖုန်း ပင်မအခန်းတံခါးကို သော့ပိတ်လိုက်ပြီး တစ်ယောက်ကို ညွှန်ပြနေကြသော လူတစ်စုကို ကြည့်လိုက်သည်။ "ငါ့ကိုပြော"

ကျီနန်ဖုန်းက အလွန်အားကြီး၍ ‌သူ့ဘေးက ခေါင်းဆောင် သွေးထွေး‌ထုတ်ရသည်။ "ဘာမှမပြောနဲ့"

ကျီနန်ဖုန်း ရိုးသားသောတစ်ယောက်ကို ရပ်ခိုင်းလိုက်ပြီး သူတို့ခေါင်းဆောင်ကို တစ်ဖန်ကြည့်လိုက်သည်။ "ဟုတ်ပြီ။ သူတို့ ဘာမှမပြောရဘူးဆိုရင် ခင်ဗျား သူတို့စပြောတဲ့အထိ ဒုက္ခနည်းနည်းခံစားရမယ်"

ကျီနန်ဖုန်း လက်သီးနှင့်ထိုးလိုက်ရာ ခေါင်းဆောင် တစ်ခါတည်း သွေးအန်ကာ ပါးစပ်က သွေးများအပြည်နှင့်ဖြစ်သည်။ ထိုလူငယ်များက တစ်ခါမှ ဒုက္ခမခံဖူးရာ ဤတစ်ခါက သူတို့ သူတို့ခေါင်းဆောင်နှင့် ပထမဆုံးလာခြင်းဖြစ်ပြီး ဘယ်သူက ဒီလိုဖြစ်မည်ဟု ထင်မည်နည်း?

ရိုးသား‌သောလူငယ်က မြန်မြန်ပြောလိုက်သည်။ "ကျွန်တော်တို့ ပြောချင်ပါတယ် ကျွန်တော်တို့ ပြောချင်ပါတယ်"

သူတို့ခေါင်းဆောင်လည်း ထပ်မခံနိုင်တော့၍ သူတို့ကို မမြင်‌ချင်ယောင်ဆောင်ကာ ပြောခိုင်းလိုက်သည်။

"မင်းတို့ပြောချင်တယ်ဆိုတော့ အကုန် ‌ဝန်ခံကြ" ကျီနန်ဖုန်း သူတို့ သူ့ကို မနိုင်သည်ကို သိသည်။ လူငယ်များလည်း ဒါကို ကောင်းကောင်းသိသည်။ အထူးသဖြင့် သူတိို့မျက်လုံးထဲ အလွန်ရဲရင့်သော ခေါင်းဆောင်က ပြန်တိုက်ခိုက်ဖို့ အားလုံးဝမရှိ၍ သူတို့ဆိုလျှင် ပိုမနိုင်နိုင်ပေ။

ရိုးသားသောလူငယ် လူတိုင်းကို ကြည့်လိုက်ရာ လူတိုင်းမျက်လုံးက အလွန်ရှုပ်ထွေးနေသည်။ သူ တံတွေးအသာမျိုချရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျွန်တော်တို့အားလုံး ခေါင်းဆောင်နောက်ကနေ ပစ္စည်းခိုးဖို့လိုက်လာတာ။ ဒီအိမ်မှာ အမျိုးသမီးတစ်ယောက်တည်းရှိပြီးတော့ သူမမှာ ပိုက်ဆံအများကြီးရှိတယ်လို့ ကျွန်တော်ကြားတယ်"

ကျီနန်ဖုန်း ဘာမှမပြောပေမယ့် သူ ဘာမှ ဖုန်းကွယ်မထားရဲပေ။ အစကနေအဆုံး အကုန်ပြောပြသည်။

ဤရိုးသားသောလူက သူ့နာမည်က ဝမ်ရုံဖြစ်ကာ ဒီနှစ်၂၅နှစ်ရှိပြီဖြစ်ပြီး သူ အိမ်ထောင်မပြုရသေးချေ။ သူ မိန်းမယူရန် လုံလောက်အောင် ချမ်းသာသည်။ သူ မိန်း‌ကလေးတစ်ယောက်ကို မျက်စိကျကာ သူတို့မိသားစုကလည်း သဘောတူသည်။

သို့သော်် နောက်နှစ်များတွင် သူ့အိမ်တွင် ကိစ္စတစ်ခုပြီးတစ်ခုဖြစ်ပျက်ခဲ့သည်။ သူ့မိဘများ တစ်ယောက်ပြီးတစ်ယောက် နေမကောင်းဖြစ်ပြီး သူ့အစ်ကိုနှင့် မရီးကလည်း တစ်ယောက်ပြီးတစ်ယောက်ဆုံးကြရာ သူ့မိဘများ၏ ဆေးဖိုးကုန်ကျငွေများ ပေးရန်ရှိသည်။ ထို့ကြောင့် သူရွေးချယ်စရာမရှိဘဲ ခေါင်းဆောင်နောက် လိုက်ရသည်။ သူတို့ခေါင်းဆောင်က စုပေါင်းအဖွဲ့ကလူမိုက်ဖြစ်သည်။

သူတို့ခေါင်းဆောင်က ရုံးဖွင့်ရက်များတွင် ခိုးကြောင်ခိုးဝှက် လုပ်သော်လည်း ဒုက္ခဖြစ်စေမည်ကိုတော့ ဘာမှမလုပ်ပေ။ သူတို့ မရှင်သန်နိုင်မှန်း သူတို့ခေါင်းဆောင်မြင်၍ သူတို့ကို ညီငယ်အဖြစ်လက်ခံခြင်းဖြစ်သည်။

အခုရက်ပိုင်း သူ့အမေရောဂါက ပိုပိုဆိုးလာသည်။ သူတို့ခေါင်းဆောင်က ဒီရက်ပိုင်း ကိစ္စကြီးတစ်ခုလုပ်စရာရှိသည်ဟု ပြော၍ သူလိုက်လာခြင်းဖြစ်သည်။

ဝမ်‌ရုံ ထပ်ပြောလိုက်သည်။ "ကျွန်တော် ဒီအကြောင်းတွေပဲ သိတာ။ တစ်ခြားဘာမှမသိဘူး"

ကျီနန်ဖုန်း မျက်ခုံးပင့်၍ ပြောလိုက်သည်။ "‌တစ်ခြားလူတွေ သိသလောက် ဆက်ပြော။ ‌တစ်ယောက်မှ မပြောဘူးဆိုရင် သူ ဆက်အရိုက်ခံရမယ်"

ဝမ်ရုံက သူတို့အစ်ကိုကြီးကို သစ္စာဖောက်၍ အဆင်ပြေသေးသည်ဟု တစ်ခြားလူများ အစကထင်ကြသည်။ သူတို့က သူတို့အကိုကြီးအပေါ် သစ္စာရှိသည်။ ဝမ်ရုံသာ သူတို့အစ်ကိုကြီးကို သစ္စာဖောက်သည့်အတွက် သူတို့ သူ့ကို တံတွေးနှင့်ထွေးကာ ရှုံ့ချသင့်သည်။

ကျီနန်ဖုန်း ဖြတ်သွားသည်ကို ကြည့်ပြီး တစ်ခြားလူငယ်တစ်ယောက် ဆက်သည်းမခံနိုင်တော့ဘဲ ‌သူလည်းပြောလိုက်သည်။ "ကျွန်တော်သိတယ်"

"ကျွန်တော် ကျွန်တော့်အစ်ကိုကြီးနား အမြဲနေတာ။ အစ်ကိုကြီးက ကျွန်တော် အသက်ရှင်ဖို့အတွက် တောင်းစားနေရတာကို မြင်လို့ ကျွန်တော့်ကို သူ့ဘေး နေ့တိုင်းခေါ်ထားပြီး စားစရာပေးတယ်"

သူ သူ့အစ်ကိုကြီးကို တစ်ကယ် ကျေးဇူးတင်သည်။ သူ့အစ်ကိုကြီးကြောင့်သာ မဟုတ်လျှင် သူ ငတ်သေမှာသေချာသည်။ "တစ်ယောက်က ကျွန်တော့်အစ်ကိုကြီးကို အမျိုးသမီးတစ်ယောက်တည်း ဒီမှာနေပြီးတော့ ပိုက်ဆံအများကြီးပိုင်တယ်လို့ပြောတယ်"

"အဲ့ဒီလူက ဘယ်သူလဲ? သူ့အသက်ကရော??" သူတို့ထပ်စကားတီးတိုးပြောကြမည်စိုး၍ ကျီနန်ဖုန်း တစ်ခါတည်းမေးလိုက်သည်။

"အဲ့ဒီလူက ရှီလျိုချီနဲ့တူတယ်။ ဒါပေမယ့် သူ့နာမည်ရော သူဘယ်မှာနေတာရော ကျွန်တော်မသိဘူး။ ဒါပေမယ့် သူကျောင်းတော့သွားတယ်" လူငယ် ထိုလူအကြောင်းကို ‌သေချာ ပြန်တွေးလိုက်သည်။ သူတို့အစ်ကိုကြီးက အဲ့ဒီလူအ‌ကြောင်းစိုးရိမ်၍ ထိုလူထွက်သွားမှ သူ့ကို နောက်လိုက်စေသည်။ သူ့မျက်လုံးနှင့် ထိုလူ ကျောင်းထဲ ဝင်သွားသည်ကို ‌မြင်လိုက်၍ သူကကျောင်းသားဖြစ်သည်ကိုသူခန့်မှန်းနိုင်သည်။

ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။ "ဒါဆို အခု မင်းအခြေအနေကိုပြော။ ဘာလို့နေ့တိုင်း အလုပ်မလုပ်ဘဲ ခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲ?"

အစက ကျီနန်ဖုန်း သူတို့ကို ရဲစခန်းပို့ရန် စီစဥ်ထားပေမယ့် ဝမ်ရုံ၏ စကားများကို ကြား၍ သူ အခွင့်အရေးတစ်ခါပေးရန် ဆုံးဖြတ်လိုက်သည်။

သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရဲတင်းစွာပြောလိုက်သည်။ "ဒါက ကျွန်တော်တို့စီးပွားရေး။ ကျွန်တော်တို့ ပြောနိုင်တာ အကုန်ပြောပြီးပြီ။ ကျွန်တော်တို့စီးပွားရေးကတော့ ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး"

ကျီနန်ဖုန်းလည်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ငါနဲ့ မဆိုင်ဘူးဆိုရင် ငါမင်းတို့ကို ရဲစခန်းပို့ရလိမ့်မယ်။ ငါလည်း မမေးချင်ပါဘူး"

ရဲစခန်းပို့မည်ကြား၍ သူတို့ခေါင်းဆောင်အမြန်တောင်းပန်လိုက်သည်။ "ကျွန်တော်တို့ လူတွေကို ဒုက္ခမပေးပါဘူး။ သူတို့မိသားစုက အခြေအနေမကောင်းလို့ ကျွန်တော် သူတို့ကို ပစ္စည်း‌ခိုးဖို့ခေါ်လာတာပါ"

ကျီနန်ဖုန်းလည်း သူတို့ လူတွေကို ဒုက္ခမ‌ပေးသည်ကို ကြား၍ အခွင့်အရေး ပေးချင်သည်။ သို့သော် အခု သူတို့က အခွင့်အရေးကို တန်ဖိုးမထားပေ။ "မင်းတို့မပြောချင်ရင် ရဲစခန်းကိုပဲ သွားကြတော့"

ကျီနန်ဖုန်း လှည့်ကြည့်လိုက်ရာ သူတို့လည်လိမ်ခံရသောကြက်ပေါက်များကဲ့သို့ အားလုံးတောင့်သွားကြသည်။

"မင်းတို့ပြောချင်ရင်လည်း မြန်မြန်‌ပြော။ မပြောဘူးဆိုရင်လည်း ရဲစခန်းသွားမယ်။ အချိန်မဖြန်းကြနဲ့"‌ သူတို့ အခန်းထဲက‌လူတွေကို နှိုးမိမည်ကို ကျီနန်ဖုန်း ထိတ်လန့်သည်။

"စကားပြောကြရအောင်" ဘေးမှသူတို့ခေါင်းဆောင်က ချောင်းဆိုးကာ ပြောလိုက်သည်။ "ငါတိို့ အကုန်ပြောပြပါ့မယ်။ သူတို့ကိုတော့ ရဲစခန်းမပို့ပါနဲ့။ ငါသွားလို့ရတယ်။ သူတို့တော့ သွားလို့မရဘူး"

တစ်ခြားသူများ သူတို့ခေါင်းဆောင်စကားကို ငြင်းချင်ပေမယ့် ဒီလူကျီနန်ဖုန်းကလည်း သူတိို့နိုင်သည့်အရာမဟုတ်၍ ကြောက်လန့်သည်။

All Chapters