← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

ကျီနန်ဖုန်းက သူတိို့ကို အခွင့်အရေးပေးသည်ကို ထိုလူငယ်များသိ၍ သူတို့ သူတို့အခြေ‌အနေအကြောင်း အမြန်ပြောပြကြသည်။

လူငယ်တွေအားလုံး ဖိအားပေးခံရ၍ ဒီလိုလုပ်ကြရခြင်းဖြစ်သည်။ ကျီနန်ဖုန်း နားလည်သော်လည်း "မင်းတို့ ငါနဲ့ ရဲစခန်းကို လိုက်ရဦးမယ်။ ဘယ်နှရက် နေရမလဲဆိုတာတော့ မင်းတို့အားလုံးပြောတဲ့အပေါ် မူတည်တယ်"

လူတိုင်း ဒါကိုကြား၍ သူတို့လှည့်စားခံလိုက်ရသည်ဟု ခံစားရ‌သော်လည်း သူတို့ ကျီနန်ဖုန်းကို ဘာမှ မလုပ်နိုင်ပေ။

"ဒါပေမယ့် မင်းတို့‌ကို သတင််းပြောတဲ့သူအ‌ကြောင်း ငါ့ကို ‌သေချာ‌ပြောရမယ်။ မင်းတို့ ငါ့ကို သေချာပြောပြတယ် ပြီးတော့ မင်းတို့ ဒီိလိုထပ်မလုပ်တော့ဘူးဆိုရင် ငါ မင်းတို့ကို ရဲစခန်း ပို့မပို့ ပြန်စဥ်းစားပေးမယ်"

သူတို့‌ပြောသည့်စကားများအရ သူတို့က အခုမှ လူသစ်ဖြစ်ရာ ဘာမှမခိုးရ‌သေးမှန်း သိလိုက်ရသည်။

ခိုးခဲ့သော တစ်ဦးတည်းသောသူမှာ သူတို့ခေါင်းဆောင်ဆိုသောတစ်ယောက်ဖြစ်သည်ဖြစ်သည်။ ခေါင်းဆောင်နောက်လိုက်‌သည့် လူငယ်ပင် တစ်ခါမှ မခိုးဖူးချေ။

သူတို့ခေါင်းဆောင်က လူတိုင်း ဒုက္ခရောက်နေကာ စားဖို့မတတ်နိုင်ကြ၍ သူတို့ကို ခေါ်ထားခြင်းဖြစ်သည်။

သူတို့ ကျီနန်ဖုန်း စကားများကြောင့် ပြန်မျှော်လင့်ချက်ရှိလာသည်။

"ငါပြောတဲ့အတိုင်း ငါလုပ်မှာပါ။ ဒါပေမယ့် မင်းတို့ နောက် ဒီလိိုထပ်လုပ်လို့မရဘူး။ မင်းတို့ ထပ်လုပ်ရင်် ငါ မင်းတို့ကို ယာယီဖမ်းလို့ရတယ်" သူတို့အများစုက ‌အတော်ငယ်သေးသည်ကို ကျီနန်ဖုန််းမြင်သည်။

သူတို့အားလုံး အလွန်လျင်မြန်စွာ ခေါင်းညိတ်ကြသည်။ နောက် သူတို့ ခြံထဲမှာနေကာ ဘယ်မှ ထွက်မပြေးရဲပေ။ အဘယ်ကြောင့်‌ဆိုသော် ကျီနန်ဖုန်းက သူတို့နှင့် စုပေါင်းအဖွဲ့သို့ အရုဏ်တက်တွင် သွားမည်ဟု ပြောထား၍ ဖြစ်ရာ သူတို့ အခု ထွက်ပြေးလျှင် သူ ရဲခေါ်မှာ သေချာသည်။

သူတို့ အားလုံးမကောင်းတာ ဘာမှမလုပ်ဖူး၍ သူတို့ မရဲတင်းကြပေ။ ရဲစခန်းဆိုသည့်အသံကြားသည်နှင့် သူတို့ ကြောက်လန့်ကြသည်။ သူတို့ အခု ဘယ်လိုထွက်သွားရဲမည်နည်း? အခု သူတို့ထွက်သွားလျှင် သူတို့ပြန်အဖမ်းခံရပါက ပိုဆိုးရွားလိမ့်မည်။

ပြီးတော့ သူတို့ ဘယ်ကို သွားနိုင်လို့လဲ? တစ်နေ့ရှာတွေ့မှာဖြစ်သည်ဟု သူတို့အားလုံးတွေးကြသည်။

ကျီနန်ဖုန်း ထွက်သွားပြီးနောက် လူတိုင်း သူတို့ခေါင်းဆောင်ဆီ သွားကာ သူ့ကို နွေးထွေးစွာမေးလိုက်သည်။ "အစ်ကိုကြီး။ အဆင်ပြေရဲ့လား အစ်ကိုကြီး နာနေလား?"

"မင်းတို့ ခုနက ဘာလို့ပါးစပ်ပိတ်မထားကြတာလဲ?!" ခေါင်းဆောင် သူတို့ကို အလွန်မုန်းနေသည်ဖြစ်သည်။ သူတို့က မလုပ်ရဲ၍ သူ အစတည်းက သူတို့ကို ခေါ်မလာသင့်ပေ။

"အစ်ကိုကြီး။ အစ်ကိုကြီး ဒဏ်ရာရထားတာကိုကြည့်ဦး။ ပြီးတော့ ကျွန်တော်တို့ အမှားကိုပြင်ဆင်ရင် ဘာမှမလုပ်ဘူးပြောတယ်လေ!" လူငယ်‌တစ်ယောက်‌ပြောလိုက်သည်။

ခေါင်းဆောင် စိတ်အရမ်းတိုကာ မျက်နှာနီရဲနေသည်။ "မင်းတို့က ဘာသိကြလို့လဲ? မင်းတို့မလုပ်တော့ရင်လည်း ငါကထပ်လုပ်မှာ!"

"ခိုးရင် အချိန်တိုင်း အရိုက်ခံရမှာ။ အကြိမ်အနည်းငယ်အရိုက်ခံရင် သေသွားလောက်တယ်" ဒါကိုပြောသောလူက ဆံပင်ဝါဝါနှင့်တစ်ယောက်ဖြစ်သည်။ သူ့ဆံပင်က ဆေးဆိုးထားသည်မဟုတ်ဘဲ အာဟာရချို့တဲ့သောကြောင့်ဖြစ်သည်။ သူပြောလိုက်သည်က ခေါင်းဆောင်ကို တစ်ဖန်သွေးအန်စေသည်။

ခေါင်းဆောင် သူ့ကိုယ်သူ ပြန်သုံးသပ်နေသည်။ သူ ဒီလိုညီငယ်တွေကို ဘာလို့လက်ခံထားမိသည်နည်း? သူတို့ စကားပြောလျှင် သူ့ကို စိတ်တိုအောင်လုပ်နိုင်သည်။

"အစ်ကိုကြီး၊ ဟွမ်မောင်‌‌ပြောတာက အဓိပ္ပါယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့အလုပ်က အရမ်းအန္တရာယ်များတယ်။ အဖမ်းခံရရင်လည်း ရဲစခန်းခေါ်သွားခံရမှာ" ကျီနန်ဖုန်းကို တွေးမိတိုင်း လူတိုင်း အနည်းငယ်ထိတ်လန့်သည်။

"မင်းတို့အားလုံး..." ခေါင်းဆောင် သူတို့ကို ရွံ့စွာကြည့်လိုက်ကာ နောက် သက်ပြင်းချလိုက်သည်။

သူ သူ့ခေါင်းပေါ်က လကို မော့ကြည့်ကာ "ဒါပေမယ့် ငါဘာလုပ်နိုင်‌သေးလို့လဲ?" သူ့ကို ကျန်းစန်းဟု နာမည်ပေးရခြင်းမှာ မိသားစုတွင် သူက သုံးယောက်မြောက်ကလေးဖြစ်၍ဖြစ်သည်။ တတိယကလေးကို မမျှော်လင့်ထားပေ။ ကျန်းစန်းမိသားစုက အလွန်ဆင်းရဲသည့်အပြင် ကလေးများလည်း ထပ်ထပ်မွေးကြသည်။

အကြီးဆုံးနှင့် ဒုတိယကလေးမွေးသောအခါ မိဘများအလွန်ပျော်ရွှင်ကြသည်။ သူတို့အတွက် သားနှစ်ယောက်က လုံလောက်ပြီဖြစ်သည်။ သို့သော် ထိုသားများ အသက်ပိုကြီးလာသောအခါ မိသားစုက ပိုပိုဆင်းရဲလာသည်။

မိဘများ တွေးကြည့်ပြီး အစ်ကိုနှစ်ယောက်အတွက် ညီမနှစ်ယောက်မွေးမည်ဟု လွယ်လွယ်‌တွေးကြသည်။ ထိုမှသာ ခန်းဝင်ငွေရမည်ဟု တွေးကြသည်။ ထိုအတွေးရပြီး မိဘများ ကျန်းစန်းကို မွေးဖြစ်သွားကြသည်။

ကျန်းစန်းမွေးပြီးနောက် မိဘများ အလွန်ဒေါသထွက်ကြကာ သူတို့က သူစားရ မစားရဂရုမစိုက်ကြပေ။ သို့သော် ကျန်းစန်းအသက်ရှင်ကာ သူ့မိဘများကလည်း ကလေးပိုပိုမွေးကြသည်။ ၇ယောက် ၈ယောက်မွေးရာ အားလုံး ယောကျ်ားလေးများဖြစ်သည်။

မိဘများ သူတို့‌သေသည်အထိ မိန်းကလေး လုံးဝမမွေးခဲ့ပေ။ အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကိုမှာ အိမ်ထောင်မပြုရသေးဘဲ ကျန်ညီငယ်များမှာလည်း စားဖို့ပင် အနိုင်နိုင်ဖြစ်သည်။

သူတို့မိဘများ‌ဆုံးပြီးနောက် ညီအစ်ကိုများ ပိုခက်ခဲကြသည်။ သူတို့မိသားစုက ညီအစ်ကိုအချင််းချင်း ရန်သူဟု သတ်မှတ်ကြကာ တစ်ယောက်နှင့် တစ်ယောက် ဖေးမမှုမရှိကြချေ။ ထို့ကြောင့် ကျန်းစန်း သူ့မွေးရပ်မြေမှ ထွက်လာကာ ခြေဦးတည့်ရာလျှောက်သွားလိုက်သည်။

ဒီရောက်ပြီးသည့်နောက် ကျန်းစန်း သူ့ကိုယ်သူ မှီခိုကာ နေခွင့်ရသည့်အထိ တစ်ချိန်လုံး ဒီနေရာတွင်နေခဲ့သည်။ သို့သော် သူ့တွင် ဘာအရည်အချင်းမှမရှိ အဆက်အသွယ်လည်း မရှိ၍ အလုပ်လည်း အဆင်မပြေပေ။

နောက်ဆုံး သူ ခိုးကြောင်ခိုးဝှက် အလုပ်သာ လုပ်နိုင်သည်။ အစက သူစားဖို့ရရန် အမှိုက်‌ကောက်သော်လည်း နောက် သူ တော်တော်များများကို သနားမိသည်။ ဥပမာအားဖြင့် သူနှင့်ခေါ်လာ‌သောကလေးများ၊ အနိုင်ကျင့်ခံရသော ကလေးမလေးများကို သူကျွေးထားသည်။ အစက သူ ကလေးတွေကိုသာခေါ်ကျွေးထားသော်လည်း နောက် အရွယ်ရောက်ပြီးသူများကိုလည်း အနည်းငယ် ကူညီရာမှ လူတော်တော်များများ သူ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။

သို့သော် သူ ခေါင်းဆောင်မဖြစ်ချင်ပါ။ သူ စားဖို့လုံလောက်ချင်ရုံနှင့် ထိုလူများစားဖို့လုံလောက်လျှင် သူကျေနပ်ပြီဖြစ်သည်။ ဒီမှာပိုက်ဆံအများကြီးရှိသည်ကို ကြား၍ သူ သူ့ညီငယ်တွေကို ခေါ်ကာ ခိုးရန်လာခြင်းဖြစ်သည်။

လူ မထိခိုက်‌စေရန်လည်း သူတွေးသည်။ အနည်းငယ်သာ ယူလျှင်ဤလူဆင်းရဲများ ရှင်သန်ရန်လုံလောက်သည်။ ဤလူများထဲတွင် ဟွမ်မောင်သာ မိသားစုတွင် တစ်ယောက်တည်းသောသူဖြစ်သည်။ သူ ဟွမ်မောင်ကို ရှာတွေ့စဥ်က ဟွမ်မောင်က စားဖို့ပင်မတတ်နိုင်ချေ။ ဟွမ်မောင်အိမ်ကို သူ့ဦးလေးနှင့် ဒေါ်လေးက ယူထားသည်ဖြစ်သည်။ အခက်အခဲ အနည်းအများရှိကြကာ သူတို့ လမ်းကြိုလမ်းကြားထဲနေပြီး ရှင်သန်ရန် ခက်ခက်ခဲခဲကြိုးစားရကြသည်။

"အစ်ကိုကြီး ခိုးတာရပ်ကြရအောင်။ ကျွန်တော်တို့ လုပ်စရာမရှိလည်း အမှိုက်ကောက်လို့ရတယ်။ အမှိုက်ကောက်ပြီး နည်းနည်းတော့ စားရပါတယ်" ဟွမ်မောင် သွားများမရှိသော သူ့ပါးစပ်ကို ဟကာရယ်လိုက်သည်။

တစ်ခြားလူများက ကျန်းစန်းကို ဤသို့တွေး၍ ဖြောင့်ဖြကြသည်။ သူတို့ရင်ထဲလည်း ရုန်းကန်နေကြသည်။ သူတို့ အမှိုက်‌ကောက်၍ အသက်ရှင်၍ ရလျှင် ခိုးသည်ကို နောက် ထပ်မလုပ်ချင်တော့ပေ။

သူတို့ ဒီမလာခင်က လူတိုင်း လာရမလာရ ဆက်တိုက် တွေးမိနေကာ ခြံထဲဝင်သောအခါ လူတိုင်း စိတ်လှုပ်ရှားကြသည်။

သို့သော် ရုတ်တရက် ကျီနန်ဖုန်းက သူတို့ကို ရဲစခန်းပို့မည်ဟုပြောကြသောအခါ လူတိုင်း ကြောက်‌ပေမယ့် သိပ်စိတ်လှုပ်မရှားတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ နောက် ဒီလိုထပ်လုပ်ကြမည် မဟုတ်တော့၍ ဖြစ်သည်။ သူတို့ ဒါကိုသေချာတွေးမိသွား၍ သူတို့နောက်ထပ်မလုပ်နိုင်တော့ဟု သိသွားကြသည်။

ကျန်းစန်းလည်း အတွေးပြိုင်နေသည်။ သူလည်း ခိုးသည်ကို မလုပ်ချင်ပေမယ့် သူ အသက်ရှင်ချင်သေးသည်။

သို့သော် ထွက်ပြေးသည့်အကြောင်း စဥ်းစားရသည်က အသုံးမဝင်ပါ။ သူ့ကို ခဏအတွင်း ထိုသူကဖမ်းနိုင်လျှင် သေချာပေါက် ရဲစခန်းသို့လည်း အပို့ခံရလိမ့်မည်။

ရာသီဥတုက ညဘက်ပိုအေးလာကာ ဤလူများ ခြံထဲ တုန်ယင်နေကြသည်။ ချူယောင်း အရုဏ်တက် အိမ်သာသွားသောအခါ ခြံထဲက လူတစ်စုကို ပြူးကြည့်လိုက်သည်။

ရုတ်တရက် သူမ တံခါးမှားဖွင့်မိသည်လားဟု တွေးမိသွားသည်။ ဘာလို့ အိမ်ထဲ လူအများကြီး ရောက်လာသည်နည်း?

ထိုလူများ ချူယောင်းကို မြင်၍ ပြုံးဖြီးပြလိုက်သည်။ "မင်္ဂလာပါ၊ ရဲဘော်ရဲဘက်"

"မင်္ဂလာပါ၊ ရှင်တို့က" ချူယောင်း အတော်ကြာကြောင်သွားသည်။

ကျီနန်ဖုန်း အခန်းထဲမှ ထွက်လာပြီး ချူယောင်းဆံပင်ကို ပွတ်သပ်လိုက်သည်။ ချူယောင်း ကျီနန်ဖုန်း အပြုအမူကို နားမလည်ပေမယ့် ကျီနန်ဖုန်းက သူမကို ရှင်းမပြပေ။ "ကိုယ် ဒီလူတွေကို စုပေါင်းအဖွဲ့ကို ပို့လိုက်ဦးမယ်။ ကိုယ်ပြန်လာရင် မင်းကို အကုန်ရှင်းပြမယ်"

"ကောင်းပြီ" ချူယောင်း ခေါင်းသာညိတ်လိုက်သည်။ နောက် သူတို့ကျောကိုကြည့်ကာ ထူးဆန်းသည်ဟု ခံစားရပြီး သေချာရှင်းမပြတတ်ပေ။

ကျီနန်ဖုန်း ထိုလူတွေကို လမ်းကြားလေးတစ်လျှောက် ဦးဆောင်ခေါ်သွားလိုက်သည်။ လမ်းက မြက်များနှင့်ပြည့်ကာတစ်ယောက်မှ ဤလမ်းကို မလာမှန်း သိသာသည်။ ကျီနန်ဖုန်းသာ အခုရက်ပိုင်း ဤလမ်းက လျှောက်သည်။

ဤလမ်းက အလွန်ကျဥ်းမြောင်းပြီး ဝမ်ရုံနှင့် ဟွမ်မောင်က ကျန်းစန်းကို ‌တွဲမပေးထားသည်။ သူတို့သုံးယောက် လုံးဝ လမ်းလျှောက်ရမပြေပေ။ ဝမ်ရုံသို့မဟုတ် ဟွမ်မောင် တစ်လှည့်စီ မြောင်းထဲ ပြုတ်ကျကြသည်။

အလယ်က ကျန်းစန်းသာ ဘာမဖြစ်ပေ။ သို့သော် အမြဲတမ်း သူ့ဘေးက တစ်ယောက်က မြောင်းထဲပြုတ်ကျ၍ သူလည်း မကြာခဏလိုက်ယိုင်သည်။

သူ့စိတ်ထဲ သူတစ်ယောက်တည်းကိုသာ ချန်ထားသည်က ပိုကောင်းသည်ဟု ထင်သည်။ သူ ဒီလိုပြင်းထန်သည့်ဒဏ်ရာရနေသည့်တောင်မှ ဒီလိုဆက်ဆံခံရသေးသည်။ ကံတရားက သူ့အပေါ် တကယ်တရားမမျှတဟု ခံစားရသည်။

ကျန်းစန်း သူဘယ်လောက် မတရားခံရသည်ဟုပြော‌ပြော သူ့ဘေးက‌ နှစ်ယောက်လောက် မဆိုးလှပေ။ သူတို့နှစ်ယောက်ခြေက ရွှံ့များကြောင့် အ‌လေးတုံးနှင့် လျှောက်နေသလို ခံစားရစေသည်။

ထို့ကြောင့် သူတို့နှစ်ယောက် ခြေလှမ်း ၂လှမ်းလှမ်းပြီး‌တိုင်း သူတို့ခြေထောက်က ရွှံ့များကို စတင်ဖယ်သည်။ ကျန်းစန်း သူတို့နှစ်ယောက်ကြောင့် အလွန်စိတ်ရှုပ်နေကာ နောက်ဆုံး သည်းမခံနိုင်တော့၍ သူတို့နှစ်ယောက်ကို ဖယ်ကာ သူ့ဘာသာ ဖြည်းဖြည်းချင်းလျှောက်လိုက်သည်။

ဝမ်ရုံနှင့် ဟွမ်မောင် ဘာဖြစ်သည်ကို နားမလည်ပေ။ ထို့ကြောင့် သူတို့ ကျန်းစန်းနောက်အမှီ‌လိုက်ကာ "အစ်ကိုကြီး၊ ကျွန်တော်တို့ အစ်ကိုကြီးကိုကူညီတာကို မပျော်ဘူးလား?"

ကျန်းစန်း သူတို့ကို မဲ့ကာပြုံး၍ ကြည့်လိုက်သည်။ "ပျော်ပါတယ်"

ကျီနန်ဖုန်း ဒါကို တွေ့ပေမယ့် အရေးမကြီး၍ သူ သူတို့ကို စုပေါင်းအဖွဲ့၏ နံပါတ်တစ် အလယ်တန်းကျောင်းသို့ ခေါ်သွားသည်။

တစ်ယောက်က ကျန်းစန်းကို ဆေးရုံပို့ပြီးသွားပြီဖြစ်သည်။ ကျီနန်ဖုန်း ဟွမ်မောင်ကို ‌ကျောင်းဂိတ်သို့ခေါ်သွားကာ စောင့်နေလိုက်သည်။ လူအများကြီးထွက်လာပြီး ကျီကျိုးထွက်လာမှ ဟွမ်မောင် ညွှန်ပြလိုက်သည်။

ဟွမ်မောင် ကျီကျိုးကို ညွှန်ပြရင်း "အဲ့ကောင်လေး"

ကျီနန်ဖုန်း အစောကြီးကတည်း ကျီကျိုးဟု ခန့်မှန်းပြီးပြီ။ ကျီကျိုးကို ကြည့်လိုက်ရုံနှင့် ဘာတွေးနေသည်ကို သူသိနိုင်သည်။ ကျီကျိုးက ကျီအဖေကဲ့သို့ ကောက်ကျစ်စဥ်းလဲသည်။

ကျီကျိုး အိမ်မှ ကျောင်းသို့ပြန်ရောက်သောအခါ သူ ချူယောင်းကို ဖြေရှင်းရမည့်နည်းလမ်းကို စဥ်းစားနေကာ သူ ကြာကြာစဥ်းစားလေ ပိုခက်ခဲသည်ဟု ခံစားရလေဖြစ်သည်။

သူ အကြံကောင်းတစ်ခုမှ ထွက်မလာခဲ့ပေ။ နောက်ဆုံး သူ ကျောင်းဘေးက လူဆိုးတွေကို မြင်မှ ကျီကျိုး ရုတ်တရက် အကြံကောင်းတစ်ခုရလာသည်။

ထို့ကြောင့် သူ အရင် ကျန်းစန်းကို ရှာပြီး ပြောလိုက်သည်။ "ကျွန်တော်မှာ ‌ငွေရဖို့ နည်းလမ်းကောင်းရှိတယ်။ အစ်ကို လုပ်ချင်လား?"

တကယ်က ကျန်းစန်းတွင် တော်လှန်ရေးကော်မတီ၌ သူငယ်ချင်းမရှိပေ။ သူ တော်လှန်ရေးကော်မတီ၏ အာဏာကို အသုံးချကာ သူ၌ သူငယ်ချင်းများရှိသည်ဟု ပြောပြီး ထိုမှသာ တစ်ယောက်မှ သူတို့ကို စောင့်ကြည့်မနေကြမည်‌ဖြစ်၍ဖြစ်သည်။

"ဘာအကြံလည်း မင်းပြောလို့ရတယ်။ ငါတို့လုပ်မလုပ်‌ကတော့ ငါတို့သဘော" ကျန်းစန်း ဒီကောင်လေးဘဝင်မြင့်နေသည်ကို နားမလည်ပေ။ မသိသည့်လူများဆိုလျှင် သူ့ကိို ချမ်းသာသည့်မိသားစုက သခင်လေးဟု ထင်နိုင်သည်။

ကျန်းစန်း ဒီကောင်လေးဖိနပ်ကိုသာ မမြင်ဖူးဆိုလျှင် သူလည်း ထိုသို့တွေးမည်ဖြစ်သည်။

"ကျွန်တော် အရမ်းချမ်းသာတဲ့မိသားစုကို သိတယ်။ ခင်ဗျားတို့ သွားပြီးပိုက်ဆံယူပေးတာနဲ့ ကျွန်တော် ခင်ဗျားတိို့ကို ဆယ်ရာခိုင်နှုန်းပေးမယ်"ကျီကျိုး ဂုဏ်ယူစွာ လက်တစ်ချောင်းကို မြောက်လိုက်သည်။

ထိုလက်ကို ကျန်းစန်း တခါတည်း ရိုက်ချိုးပစ်ချင်သည်။ ဒီလူက ဘာကို ဂုဏ်ယူနေတာလဲ? ကျောင်း ရက်အနည်းငယ်သွားရုံနဲ့ သူက ဆရာကြီးတစ်ယောက် ဖြစ်သွားတာမလို့လား? ဒီလိုတွေးပြီးမှ ကျောင်းသွားသည်က သူတို့ထက်စာလျှင်တော့ ပိုကောင်းပါသေးသည်ဟု ကျန်းစန်း ခံစားလိုက်ရသည်။

All Chapters