← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

ကျီကျိုး စကားများက ကျန်းစန်းကို ခဏမျှ တွေးတောမိစေသည်။ သူ ဆံပင်အဝါရောင်နှင့် အာဟာရချို့တဲ့‌ကာ ဒီသုံးရက် မူးဝေနေသောလူငယ်ကို သူကြည့်လိုက်သည်။

"မိသားစုက ဘယ်မှာလဲ? အန္တရာယ်များလား? အန္တရာယ်များရင်တော့ ငါတို့မလုပ်ဘူး" ကျန်းစန်း တမင်တကာ ပြောလိုက်သည်။

ကျီကျိုး ခေါင််းခါလိုက်သည်။ သူ ကျန်းစန်း၏ အမူအရာကို သတိမထားမိပေ။ "အဲ့အိမ်မှာ အမျိုးသမီးတစ်ယောက်ပဲ ရှိတာ ပြီးတော့ ပိုက်ဆံအများကြီးရှိတယ်။ ခင်ဗျားတို့ ပိုက်ဆံအများကြီးရမှာ "

"ကောင်းပြီ။ ငါတို့ကို လိပ်စာပြော။ အချိန်ရောက်ရင် ငါတို့ အဲ့နေရာကို သွားလိုက်မယ်" ကျန်းစန်း လိပ်စာကို ကြားလိုက်ရသောအခါ သူခေါင််းငြိမ့်လိုက်သည်။ နောက်သူ နှုတ်ခမ်းတွင် အပြုံးကြီးကြီးတစ်ခု ပေါ်လာသည်ယး "မင်း ဒီငွေကို မျှယူချင်ရင်တော့ နောက်ဘဝမှ ရမယ်"

ကျီကျိိုး ဒါကို ကြားလိုက်‌သောအခါ နောင်တရသွားသည်။ "ကျွန်တော် ခင်ဗျားတို့ကို ပြောပြီးပြီ။ ခင်ဗျားတို့ ကျွန်တော့်ကို ပိုက်ဆံမပေးဘူးဆိုရင် ကျွန်တော် ခင်ဗျားတို့ကို ရဲတိုင်မယ်"

ကျန်းစန်း ခေါင်းညိတ်လိုက်သည်။ "ရဲတိုင်လို့ရတယ်။ ဒါပေမယ့် မင်းက ငါတို့ကို သွားဖို့ပြောထားတာဆိုတော့ မင်းလည်း ကြံရာပါပဲ"

ကျီကျိုး သူတို့ကို မယုံနိုင်စွာကြည့်ပြီး အလွန်စိတ်တိုနေသည်။ သို့သော် ဘာမှမတတ်နိုင်သဖြင့် ဒီအတိုင်း ထွက်သွားရတော့သည်။

ချူယောင်းက အရမ်းချမ်းသာသည်ကို ကျန်းစန်းကြား၍ သူ သူ့ညီငယ်များကို ခေါ်ကာ သွားခိုးချင်သည်။ ထိုမှသာ လူတိုင်း စားနိုင်မည်ဖြစ်သည်။

ဒါကြောင့် သူ ညီငယ်တွေ အားလုံးကို အမြန်စုလိုက်သည်။ သို့သော် သူတို့က တစ်ခါမှ မခိုးဖူးကာ မကောင်းတာလည်း ဘာမှမလုပ်ဖူး၍ သူတို့ ခိုးမည့်နေ့တွင် အလွန်စိတ်လှုပ်ရှားကြကာ ခြံအပြင်တွင် စကားတွတ်ထိုးပြောနေမိသည်။

ဟွမ်မောင် အစက သူ စကားပြောခဲ့သည်ကိုနောင်တရနေသည်။ သို့သော် သူတို့ အိမ်ထဲ စကားမပြောဘဲ ဝင်လျှင်တောင် သူတို့ကို လွယ်လွယ် တွေ့မည်ဖြစ်သည်။

ကျီနန်းဖုန်း ကျီကျိုးကို ကြည့်ရင်း ဟွမ်မောင်ကို ခေါ်လိုက်သည်။ "ငါ မင်းကို တစ်ခုခိုင်းစရာရှိတယ်။ မင်းတို့ကောင်းကောင်းလုပ်ရင် ငါ မင်းတို့ကို ပိုက်ဆံပေးမယ်"

ဟွမ်မောင် ပိုက်ဆံဆိုသည့် စကားကြား၍ "အစ်ကိုကြီး၊ အစ်ကို ပြောစရာရှိတာပြောပါ။ ကျွန်တော်တို့ လုပ်နိုင်တာဆို ကျွန်တော်တို့ အစ်ကိုကြီးကို ကူညီမယ်။ မလုပ်နိုင်ရင်လည်း ကျွန်တော်တို့အကောင်းဆုံးကြိုးစားပါမယ်"

"မင်းအစ်ကိုကြီးက အခုဆေးရုံမှာ" ကျီနန်ဖုန်း ဒီလို‌ ပြောင််းလဲလွယ်သော သူကို တစ်ခါမှ မမြင်ဖူးပေ။

ဟွမ်မောင် သူ၏ ဖရိုဖရဲဆံပင်ကို ကုတ်လိုက်သည်။

ကျီနန်ဖုန်း သူ့ဖရိုဖရဲဆံပင်ကို ဆွံ့အစွာကြည့်လိုက်ပြီး မျက်နှာခဏလွဲကာ ‌နောက် တစ်ချက်ကြည့်ကာပြောလိုက်သည်။ "သူ့ကို ငါ့အစား စောင့်ကြည့်ပေးထား။ သူ နေ့တိုင်း ဘာလုပ်တယ် ဘယ်သူတွေနဲ့ စကားပြောတယ်ဆိုတာ ငါ့ကို ပြော"

ကျီနန်ဖုန်း သူ့အိတ်ကပ်ထဲမှ တစ်ယွမ်ထုတ်ကာ ပြောလိုက်သည်။ "ဒါက စရံ။ အကုန်ပြီးရင် ငါ မင်းတို့ကို ဆယ်ယွမ်ပေးမယ်"

ကျီနန်ဖုန်း တစ်ယွမ်ကို ပစ်ပေးလိုက်ရာ ဟွမ်မောင် ချက်ချင်း ဖမ်းလိုက်ပြီး သတိမထားမိဘဲ တစ်ကိုက်ကိုက်ကြည့်ရန် ပြင်လိုက်သည်။

"ဒါက စက္ကူငွေ" ကျီနန်ဖုန်း သတိပေးလိုက်သည်။ နောက် သူ ဒီနေရာက ထွက်သွားသည်။

ဟွမ်မောင် ပိုက်ဆံရပြီဖြစ်၍ ပိုက်ဆံကို ပျော်ရွှင်စွာ ယူကာ သူ့အစ်ကိုကြီးကို ဆေးရုံတွင် သွားရှာလိုက်သည်။

"အစ်ကိုကြီး အဆင်‌ပြေလား? ဘာတို့ သူတို့က ဒီမှာမရှိကြတာလဲ?" သူ့အကိုကြီးကို တစ်ယောက်မှ စောင့်မ‌ပေး၍ ဟွမ်မောင် ဒေါသထွက်စွာမေးလိုက်သည်။

"မိသားစုတိုင်း အခက်အခဲရှိိလို့ပါ။ ပြီးတော့ ငါတို့နှစ်ယောက်လို တစ်ကောင်ကြွက်မဟုတ်ဘူး။ အိမ်မှာစောင့်နေတဲ့ မိသားစုဝင်တွေရှိလို့ ငါ သူတို့ကို ပြန်ခိုင်းလိုက်တာ" ကျန်းစန်း ဤအရာများကို ဂရုမစိုက်ပါ။

ဒါကို ကြား၍ ဟွမ်မောင် ခေါင်းညိတ်လိုက်သည်။ သူတို့က တကယ်ပင်ခက်ခဲ၍ သူ ဒီ‌အကြောင်းကို ဆက်မပြောတော့။" အစ်ကိုကြီး၊ ဒီမှာကြည့် တစ်ယွမ်"

"မင်း အဲ့ဒါ ဘယ်ကရတာလဲ?" တစ်ယွမ်က မများသော်လည်း ဟွမ်မောင်တွင် အရင်က တစ်ပြားမှ ရှိ‌မနေပါ။

"ဒါက ကျွန်တော်တို့ကို ဒီနေ့ခေါ်လာတဲ့ အကိုကြီးဆီက။ သူက ကျွန်တော်တို့ကို တစ်ခုအကူအညီတောင်းချင်လို့" ဟွမ်မောင်က ကျန်းစန်းကို ဘာဖြစ်ခဲ့သည်ကို ‌ပြောပြ၍ ကျန်းစန်း ခေါင်းညိတ်လိုက်သည်။ "ဥပဒေကို မချိုးဖောက်ဘူးဆိုရင် မင်းတို့ လုပ်လို့ရတယ်"

"အကိုကြီးကရော၊ အကိုကြီး ဘာလို့ မသွားချင်တာလဲ?" ဟွမ်မောင် သူ့အကိုကြီး မလုပ်ချင်ဟု ကြားသည်။

"ဒါက ပိုက်ဆံနည်းနည်းလေးပဲ။ ငါတို့က လူအများကြီးရှိတာ။ ပြီးတော့ သူတို့က ငါ့ထက် ပိုခက်ခဲပြီး သုံးစရာနေရာလည်း အများကြီးပဲ" ကျန်းစန်း ဆယ်ယွမ်ရနိုင်လျှင် လူတိုင်းလည်း မျှရကြကာ သူတို့ကိုကြည့်ပြီး သူ အလွန်ပျော်လေ့ရှိသည်။

သို့သော် အခု သူ သူတို့ကို ပိုက်ဆံရှာပေးနိုင်မည့်နည်းလမ်း မရှိ၍ သူ့ဝေစုကို သူတို့အား သူပေးသင့်သည်။

"မဟုတ်ဘူး။ အကိုကြီး၊ အကိုကြီးမပါဘဲ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်မှာလဲ? ထပ်မငြင်းပါနဲ့တော့။ အကိုကြီး မသွားရင်တောင် အကိုကြီး ဝေစုရမှာ " ဟွမ်မောင် ကျန်းစန်းပြောသည်ကို သဘောမတူပေ။ သူတို့က အတူတူဖြစ်၍ အ‌ကောင်းအဆိုး အတူတူမျှဝေကြရမည်။

ကျန်းစန်း စကားအနည်းငယ် ထပ်‌ပြောပေမယ့် ဟွမ်မောင်နားမထောင်သည်ကို မြင်၍ ဘာမှဆက်မပြောတော့ဘဲ မျက်လုံးမှိတ်ကာ ခဏအနားယူရန် တွေးလိုက်သည်။

ဟွမ်မောင် ထိုင်နေရင်း ပျင်းလာ၍ သူပြောလိုက်သည်။ "အကိုကြီး၊ အဲ့အကိုကြီးက အကိုကြီးကို တကယ်သေအောင် ရိုက်လိုက်တာပဲ။ အခုပိုက်ဆံအများကြီး ကုန်တော့မယ်"

ကျန်းစန်း မျက်လုံးမှိတ်ထားရင်း တံတွေးပြန်သီးတော့မလို ဖြစ်သွားသည်။ သူ ဆရာဝန်နှင့် ဆွေးနွေးပြီးရာ ဆရာဝန်က သူ ဒဏ်ရာပြင်းထန်စွာ ရသည်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်က အလွန်အားနည်း၍ ဖြစ်သည်ဟု ဆရာဝန်က ရှင်းပြသည်။ သို့သော် သူ ဤအကြောင်းများကို ပြော၍ မဖြစ်ပေ။ ဟွမ်မောင် သိလျှင် အာပြဲနှင့် သူ ကျန်းမာရေး မကောင်းသည့်အကြောင်း လျှောက်အော်ပြောမည်ဖြစ်သည်။

"အကိုကြီး၊ ဒီမှာနားနေလေ။ ကျွန်တော် အရင် လူသွားကြည့်လိုက်ရင်ရော" ဟွမ်မောင် ကျန်းစန်းကို မေးလိုက်သည်။ ကျန်းစန်း သူ့ကို မြန်မြန်သွားရန် လက်ရမ်းပြလိုက်သည်။

ဟွမ်မောင် ကျီကျိုးကို တစ်ချိန်လုံးလိုက်ကြည့်သည်။ ကျီကျိုး ကျောင်းဆင်းသောအခါ မိန်းမငယ်လေးတစ်ယောက်ကို အဖော်ပြုလမ်းလျှောက်ကာ နှစ်ယောက်သား လက်ကိုင်ထားကြသည်။

ဟွမ်မောင် သူတို့ကြားတစ်ခုခုဖြစ်နေသည်ကို မြင်၍ သူတို့နောက် တောက်လျှောက်လိုက်သွားလိုက်သည်။ သူ့ကို ဘယ်သူမှ သတိမထားမိကြပေ။

ကျီကျိုး ဟွမ်ရီယွင် ဟိုကြည့်ဒီကြည့်နှင့်နှုတ်ခမ်းစူနေသည်ကို မြင်သည်။ "ဒီပစ္စည်းတွေက တော်တော်ဆိုးတာ"

"ရီယွင်၊ ‌ကိုယ်တို့စုပေါင်းအဖွဲ့မှာက ဒီလိုပဲ။ ကိုယ်တို့နောက် မြို့ထဲသွားရင် ကိုယ်‌ မင်းကို ပိုကောင်းတာ သေချာပေါက် ‌ဝယ်ပေးမယ်" ကျီကျိုး သူမကို ချော့လိုက်ရာ ဟွမ်ရီယွင် စိတ်ကျေနပ်သွားသည်။

ကျီကျိုး ပြောသည်ကို ကြား၍ စျေးက ဝန်ထမ်းများ မျက်လုံးစောင်းကာ "မင်းတို့ မဝယ်ဘူးဆိုရင် မထိကြနဲ့။ ပိုက်ဆံရှိမရှိတောင် မ‌သေချာဘဲ ဟိုဟာမကြိုက် ဒီဟာမကြိုက်နဲ့။ မြို့သွားမယ်တောင် ပြောလိုက်‌သေး။ တစ်ချို့လူတွေက ကိုယ့်အကြောင်းကို ‌မသိကြဘူးဘဲ"

ဒီနေ့ခေတ် စျေးသည်များက စျေးဝယ်သူများကို ဘုရားသခင်လို မဆက်ဆံပါ။ တစ်ခုခုဆိုသည်နှင့် အလွန်စိတ်တိုကြသည်။

ဟွမ်ရီယွင်မိသားစုက သူမကို သူတို့ဘိုးဘေးကဲ့သို့ သဘောထား၍ အိမ်တွင် ဖူးဖူးမှုတ်ဆက်ဆံကြသဖြင့် အခုလို စျေးသည်များက ပြောသည်ကို သူမ သည်းမခံနိုင်ပါ။

"ရှင်တို့ ဘာမဟုတ်တာ ပြောနေတာလဲ? ကျွန်မက ဘာလို့ ပိုက်ဆံမရှိရမှာလဲ? ဒီိလိုအစုတ်အပြတ် စျေးက ဝန်ထမ်းကများ ဒီလိုပြောရဲတယ်။ အကိုကျိုး ကျွန်မကို မြန်မြန်ရှင်းပေး။ ကျွန်‌မ ဒါတွေ အားလုံးဝယ်မယ်" ဟွမ်ရီယွင် မျက်နှာသုတ်၊ ‌ခေါင်းပတ်၊ စာရေးကိရိယာရှိသမျှအကုန်ကို လက်ညှိုးထိုးပြလိုက်သည်။

ကျီကျိုး သူ့အိတ်ကပ်ထဲက ၅၀ဆင့်ကို ကိုင်ကြည့်လိုက်သည်။ သူ ဟွမ်ရီယွင်ကို ရေခဲချောင်း ဝယ်ကျွေးရန်ခေါ်လာခြင်းဖြစ်ကာ ၅၀ဆင့်နှင့် အများကြီးဝယ်၍ ရသည်။

ဟွမ်ရီယွင်က သေချာပေါက် စျေးက ပစ္စည်းများကို မကြိုက်သည်ကို သူသိသည်။ ထို့ကြောင့် သူ ကတိများပေးကာ ‌သူမကို ချော့ပြီး ရေခဲချောင်း ဝယ်‌ကျွေးရန်‌တွေးထားသည်။

ဟွမ်ရီယွင်လည်း သဘောတူပြီးဖြစ်ကာ အခုမှဘယ်သူက ဒီလိုဖြစ်မည်ဟု ထင်မည်နည်း? ကျီကျိုး ချွေးအေးများထွက်လာကာ ဟွမ်ရီယွင်လက်ကို ဆွဲပြီး" ရီယွင် ကိုယ် ဒီကပစ္စည်းတွေ ‌ကောင်းတယ်လို့မထင်ဘူး။ နောက်မှ မင်းကို မြို့ခေါ်သွားရင်ရော?"

"မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူးပေါ့။ နောက်မှ မြို့သွားမယ်ပြောနေ‌ရ‌သေးတယ်။ နောက်ဘဝမှ မြို့သွားမယ်ပဲ ပြောလိုက်ပါလား?" စျေးသည်စကားများကို ဟွမ်မောင် လက်ခုပ်တီးကာ အားပေးချင်မိသည်။ ‌

ကျီကျိုး ဘာလုပ်ရမည်မသိပေ။ ဟွမ်ရီယွင်က ဖိအားပေးလိုက်သည်။ "အကိုကျိုး၊ ညီမကို ပိုက်ဆံမရှိဘူးလို့ အပြောခံစေချင်တာလား?"

"ကိုယ်မှာ ၅၀ဆင့်ပဲပါလာတာ။ အဆောင်ကပိုက်ဆံ ယူမလာမိလို့"

ဒါကို ကြား၍ ဟွမ်ရီယွင် ချက်ချင်း ပေါက်ကွဲသွားသည်။ "အစ်ကို၊ ဘာဆိုလိုချင်တာလဲ? ညီမစျေးဝယ်မယ်ဆိုတာကို အစ်ကိုပဲ သဘောတူတာလေ။ ညီမကြိုက်တာဝယ်ဆို၊ အခုကျ ၅၀ဆင့်ပဲ ရှိတာဆိုတော့ အကို ဘာပြောချင်တာလဲ?"

စျေးက ဝန်ထမ်းများ ၅၀ဆင့်ပဲ ယူလာ၍ ရူးနေသည်လားဟု ဝေဖန်နေကြသည်။

ဟွမ်ရီယွင် စျေးသည်များအော်သည်ကို ကြားပြီး မျက်နှာနီရဲကာ ခြေဆောင့်ပြီး ပြေးထွက်သွားသည်။ ကျီကျိုး စျေးသည်များကို တစ်ချက် ရန်စောင်ကြည့်ပြီးနောက် သူမနောက်ကို ပြေးလိုက်သွားသည်။

ဟွမ်မောင်သာ သူတို့ထွက်သွားသည်ကို စိတ်လှုပ်ရှားပျော်ရွှင်စွာ ကြည့်‌‌ပြီးကျန်ခဲ့သည်။

စျေးဝန်ထမ်းများ ဟွမ်မောင်ကို ကြည့်ကာ "ဝယ်ချင်တာရှိရင် ဝယ်။ မတတ်နိုင်ရင် ထွက်သွားတော့"

ဒီစျေးသည်များက လူတိုင်းအား တစ်ပုံစံတည်းဆက်ဆံကာ ထို၂ယောက်ကိုပဲ အထင်သေးသည် မဟုတ်ဟု ဟွမ်မောင် စိတ်ထဲက တွေးလိုက်မိသည်။ ဟွမ်မောင် ဒီက ပစ္စည်းများကို သေချာကြည့်ကာ သူ့တွင် ၁ယွမ်ရှိ၍ အများကြီးဝယ်နိုင်သည်။ ထို့ကြောင့် သူ ရေခဲချောင်း၁ချောင်း ဝယ်ရန် ဆုံး‌ဖြတ်လိုက်သည်။

ရေခဲချောင်းက ချို၍ သူ စိတ်ကြည်သွားသည်။ သူ ရေခဲချောင်းစားရင်း ထိုနှစ်ယောက်နောက်လိုက်သွားလိုက်သည်။

သူတို့နှစ်ယောက် စျေးမှထွက်လာပြီး လမ်းပေါ်ပြေးလိုက်နေကြရာ လူတော်တော်များများ သူတို့ကို လက်ညှိုးထိုးနေကြသည်။ တစ်ချို့သူများ သူ့ကို မကောင်းသည့်လူဟု ပြောကြမည်ကို စိုးရိမ်၍ ကျီကျိုး အရမ်းမလိုက်ရဲပေ။

နောက် ဟွမ်ရီယွင် သူမနောက် ဘယ်သူမှလိုက်လာသည်ကိုမမြင်ကာ အပင်များသာတွေ့ရသည်။ ခဏကြာမှ ကျီကျိုး သူမကို မှီလာကာ သူတို့နှစ်ယောက် စကားပြောကြပြီး နှစ်ယောက်ဆက်ဆံရေး တစ်ဖန် ပြန်ကောင်းသွားကြသည်။

ဒါကို မြင်၍ ဟွမ်မောင် နားမလည်ကာ‌ ခေါင်းခါလိုက်သည်။ သူတို့ခုနကပဲ ရန်ဖြစ်နေကြသည်မလား? အခု ဘယ်လို ပြန်အဆင်ပြေသွားတာလဲ သူတို့က အမြဲ ဒီလိုဖြစ်နေလို့များလား?

ဟွမ်မောင် နားမလည်သော်လည်း သူလုပ်ရမည့်အတိုင်း သူတို့နှစ်ယောက်နောက် တာဝန်ကျေစွာလိုက်သွားလိုက်သည်။ သူတို့ ပန်းခြံတွင် တစ်ယောက်နှင့်တစ်ယောက် နမ်းနေသည်ကို မြင်၍ သူတို့ကိုကြည့်ပြီး ဟွမ်မောင် ကြက်သီးများထလာသည်။

ဒီနေ့ ဒီလူအား လိုက်ကြည့်သည်ပြီးလျှင် မနက်ဖြန် သူ တစ်ယောက်ကို တာဝန်ပြောင်းပေးရမည်။ ဒီ‌နှစ်ယောက်က အလွန်ရွံ့စရာကောင်းသည်။ ဘယ်လိုလုပ် နေ့ဘက်တွင် ဒီလိုအရာကို လုပ်နိုင်သည်နည်း?

ဒီဟွမ်ရီယွင်က တကယ်စကားပြောရခက်သည်ဟု ကျီကျိုး သူ့စိတ်ထဲ ညည်းတွားနေမိသည်။ သူမအိမ်ကြောင့်သာ မဟုတ်လျှင် သူ သူမနှင့် မရင်းနှီးချင်ပေ။

ကျီကျိုး ဘာတွေးနေသည်ကို မသိ၍ ဟွမ်ရီယွင် နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "အကိုက ဘာတွေးနေတာလဲ? ကျွန်မနဲ့ မပျော်လို့လား?"

ကျီကျိုး အားမလိုအားမရပြုံးလိုက်ပြီး "ဘယ်လိုဖြစ်နိုင်မှာလဲ ကိုယ် မင်းနဲ့ဆိုအပျော်ဆုံးပါ။ အိမ်က ကိစ္စတွေ တွေးမိသွားလို့ပါ"

"အကို့အိမ်မှာ ဘာဖြစ်လို့လဲ?" သူမကြောင့် မဟုတ်၍ ဟွမ်ရီယွင် ချက်ချင်းပျော်သွားသည်။

"ကိုယ့်မိသားစုနဲ့ အဆင်မ‌ပြေတဲ့ မရီးတစ်ယောက်ရှိတယ်။ ကိုယ် သူမ မကောင်းကြောင်း ပြောချင်တာတော့ မဟုတ်ပါဘူး" ကျီကျိုး ဒါကိုရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

ဟွမ်ရီယွင် ခေါင်းငြိမ့်လိုက်သည်။ "အစ်ကိုက သူများမကောင််းကြောင်းပြောတတ်တဲ့လူမဟုတ်ဘူးဆိုတာ ညီမသိပါတယ်။ ဒါကြောင့် ညီမကိုတော့ ပြောပြ"

"သူမက အိမ်က ပိုက်ဆံအကုန်ယူသွားတော့ ကိုယ့်မိဘတွေ အသီးအရွက်ပဲ ‌စားနိုင်တော့တယ်" ကျီကျိုး ပြောပြီးသောအခါ သက်ပြင်းအရှည်ကြီး ချလိုက်သည်။

ဟွမ်ရီယွင် အံ့သြသွားသည်။ "ဒီလိုမျိုး အရှက်မရှိတဲ့မိန်းမတွေ ရှိတယ်လား?"

All Chapters